အပိုင်း၁၆၀
Viewers 32k

Chapter 160

Chapter 160

- ဖွင့်ပြောလာသည်အား ငြင်းပယ်လိုက်ခြင်း




ဟယ်ချောင်စီရင်စုတွင်ရှိသော ချင်ဖုန့်အိမ်တော်က မှန်ကန်သောလမ်းကြောင်းပေါ်ရောက်သွားပြီဖြစ်ရာ ကျန်းကျန့်က ဖူချောင်တွင်ချင်ဖုန့်အိမ်တော်အား စတင်ပြင်ဆင်လေ၏။သူ့လူများ ပြုလုပ်ထားသည့် အစိမ်းရောင်အုတ်များကို အတော်များများစုဆောင်းထားသည်။လက်ရှိချင်ဖုန့်အိမ်တော်က ကျန့်မိသားစုအိမ်ဟောင်းကိုသုံးထားခြင်းဖြစ်သော်လည်း ဖူချောင်တွင်မူ အဆောက်အအုံသစ်ဆောက်လိုက်သည်က ပိုကောင်းမည်။


ဖူချောင်တွင် ချင်ဖုန့်အိမ်တော်တစ်ခု ဆောက်ရန်အတွက် ကျန်းကျန့်က သူ့စိတ်ကူးနှင့်ကိုက်ညီမည့် ဖျော်ဖြေရေးအဆောက်အအုံတစ်ခုဆောက်ရန် ငွေကြေးအကုန်အကျခံပြီး လက်သမားများအား ငှားရမ်းခဲ့သည်။သူက လမ်းစလိုက်သည်နှင့် ကျန့်ရီအားအရင်ပြောပြမည်ဖြစ်ကာ ထိုသူ့အား မတူညီသည့် ကဗျာဆန်ဆန်နာမည်မျိုး ပေးခိုင်းမည်ဖြစ်သည်။ကျန်းကျန့်က ချင်ဖုန့်အိမ်တော်တွင် အချိန်တော်တော်များများကုန်ဆုံးနေသော်လည်း သူ၏ကိုယ်ပိုင်ကိုယ်ရံတော်လုပ်ငန်းကိုလည်း မမေ့ချေ။


ယခုမူ ရာသီဥတုက အေးအေးလာပြီဖြစ်၍ ကိုယ်ရံတော်လုပ်ငန်းက ပိုဆိုးမသွားပဲ သာလွန်ကောင်းမွန်လာ၏။


သာမန်ပြည်သူများက နှစ်သစ်အား ဆင်နွှဲရာတွင် ထိုသူတို့က အဝတ်အစားများနှင့်အသားများဝယ်ကြမည်ဖြစ်ရာ ချမ်းသာသည့်သူများကပိုတတ်နိုင်ပေမည်။မကြာမီနှစ်များတွင် မည်သည့်ကုန်ပစ္စည်းဖြစ်ဖြစ် ရောင်းကုန်၏။


ဟယ်ချောင်စီရင်စုရှိ အသေးစားလုပ်ငန်း စီးပွားရေးသမားအများစုက လုပ်ငန်းအချို့လုပ်ရန် ထွက်သွားကြပြီးဖြစ်သည်။အတိတ်တွင် ထိုသူတို့က လှေလှော်ပေးရန် လူငှားလေ့ရှိသော်လည်း သိပ်မကြာမီက သူတို့မှာ ပိုက်ဆံအနည်းငယ် သုံးလိုက်ရုံနှင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ သင်္ဘောကြီးစီးပြီး တဲအိမ်လေးတွင်လည်း အအေးဒဏ်လေဒဏ်မခံရပဲ လိုက်ပါနိုင်၏။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ ငှားထားသည့်လူများလွန်း၍ ကျန်းကျန့်၏သင်္ဘောများပင် မလောက်တော့။နောက်ပိုင်း ကျန့်ရီက သင်္ဘောနှစ်စင်းငှားပေးလိုက်၍သာ သူ့အား အနည်းငယ်စိတ်သက်သာရစေသည်။


ယခုအခါ အလွန်သိသာထင်ရှားသည့် "ကျန့်"ဆိုသည့်အလံက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏သင်္ဘောတိုင်းတွင် ချိတ်ထားကာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏အလုပ်သမားများအားလုံးက တူညီဝတ်စုံများဝတ်ထားကြသည်။ဤနည်းဖြင့် ဟယ်ချောင်စီရင်စုရှိလူများက ကိုယ်ရံတော်လုပ်ငန်းအား ပိုပိုသိလာကြလေ၏။


“ကျုပ်ကြားတာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေက ပိုက်ဆံအများကြီးရှာနိုင်တယ် ဆိုလား"


“အရင်က ကျုပ်တို့လမ်းကြားမှာ စာမသင်ဖူးတဲ့ လူတစ်ယောက်ရှိတယ် ..ဒါပေမယ့် သူ့အဖိုးဆီကနေသင်ပြီး စာနည်းနည်းတတ်သွားပြီးတော့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှာ အလုပ်သွားလုပ်တာ..အခုဆို သူက တစ်လ ငွေတုံးလေးတုံးရှာနိုင်နေပြီ"


“ဘာ....ငွေတုံးလေးတုံး မကဘူးနော့..ကျန့်ပေါင်နင်ကိုပြောတာဟုတ်...အရင်တုန်းကတော့ သိတဲ့အတိုင်း ပြည့်တန်ဆာတွေကို ပုံတွေဆွဲပေးပြီး ပိုက်ဆံရှာတာလေ..အခုတော့ သင်္ဘောတက်နေတာတဲ့ တစ်လကို ငွေတုံးငါးတုံးအပြင် အပိုဆုကြေးတွေလည်း ရနေတာ..သူ့မိသားစုက ခက်ခဲခဲ့ပေမယ့် အခုတော့ အဲ့ကလူတိုင်း အဝတ်အစားသစ်တွေဝတ်ထားကြတာရောလား..."


“ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းပိုင်ရှင်က ကြားရသလောက် သခင်လေးကျန့်မိတ်ဆွေတဲ့...ချင်ဖုန့်အိမ်တော်ကလည်း သူတို့နှစ်ယောက်ဖွင့်ထားတာလေ..ဒါက ရွှေဥ,ဥတဲ့ကြက်တွေပဲဖြစ်မယ်..သူဘယ်လောက်ငွေရှာနိုင်မှန်း မသိတော့ဘူး"

. . .

ဟယ်ချောင်စီရင်စုရှိလူတိုင်းက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်း ပြောနေကြ၏။


စုန့်လီက စစချင်းတွင်ရပ်နေပြီး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမကောင်းကြောင်း ပြောကြမည်ဟုမျှော်လင့်ထားသော်လည်း အဆုံးတွင်ဒေါသတို့ထွက်လာရသည်။


ထိုအချိန် တစ်ယောက်ယောက်က သူ့အား မြင်သွားလေ၏။


“စုန့်လီ..စုန့်လီ..အဲ့မှာရပ်လိုက်စမ်း"ထိုလူက အော်လိုက်ပြီး စုန့်လီအားထိုးလိုက်သည်။


"စုန့်လီ..မင်းနဲ့ငါ့မှာ ရန်ငြှိုးရန်စမရှိပါပဲ ဘာလို့ ငါ့ကိုလိမ်ခဲ့ရတာလဲ..အဲ့လိုအလုပ်မျိုးကို အလကားသက်သက်ဆုံးရှုံးသွားရပြီကွ"


စုန့်လီမှာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူသစ်ခေါ်ချိန် ကျန့်ပေါင်နင်သာမက အခြားသူများပါ စည်းရုံးခဲ့လေ၏။


ထိုအချိန်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှာ ဂုဏ်သတင်းမကြွယ်သေး၍ စုန့်လီ၏စည်းရုံးမှုကြောင့် လူအများစုက သိပ်မစဥ်းစားကြပဲ ထိုအလုပ်အား လက်လျော့ခဲ့ကြသည်။သို့သော်ငြား လက်ရှိကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ဖွံ့ဖြိုးတိုးတက်လာမှုအား မြင်သော် သူတို့က စုန့်လီအား မကျေမနပ်ဖြစ်လာကြသည်။


ထိုလူက စုန်လီအားဆွဲကာ အကြိမ်အနည်းငယ်ထိုးလိုက်ပြီး အေးစက်စက်နှာမှုတ်ကာ လှည့်ထွက်သွားလေသည်။


စုန့်လီကအထိုးခံလိုက်ရကာ မျက်နှာညိုမဲသွားသော်ငြား သူဘာမျှမတတ်နိုင်ချေ။သူက နာကျင်နေသောရင်ဘတ်အား အုပ်ကိုင်ရင်း အိမ်ပြန်သွားလိုက်သည်။


“ရှင်ဘယ်ရောက်နေတာလဲ..အပြင်မှာ အလုပ်တစ်ခုမရှာနိုင်တာတောင် အိမ်မှာကျ အလုပ်တစ်ခုမှမလုပ်ဘူး...ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ"စုန့်လီ၏ဇနီးက စုန့်လီအား မကျေမနပ်ကြည့်လာ၏။


"အစတုန်းကတော့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ကောင်းပါတယ်ဆိုပြီး လက်မှတ်တောင်ထိုးထားသေးတယ်...ဒါပေမယ့် တခြားတစ်ယောက်က စကားလေးနည်းနည်းပြောလိုက်တာနဲ့ မသွားတော့ဘူးပေါ့


"


“မင်းကို ငါမပြောခဲ့ဘူးလား..အဲ့ကျန်းကျန့်က လူကောင်းမဟုတ်ပါဘူးဆို"စုန့်လီက ပြောလိုက်သည်။


“သူက လူကောင်းမဟုတ်လဲ ဘာဖြစ်လဲရှင့်...ပိုက်ဆံတော့ပေးမှာပဲလေ..ပြောရရင် အဲ့ကျန်းချောင်ရှန့်ကမှ လူကောင်းမဟုတ်တာ"စုန့်လီ၏ဇနီးက ကျန်းချောင်ရှန့်အား မကျေမနပ်ဖြစ်နေ၏။


စုန့်မိသားစုက ချမ်းသာကြွယ်ဝသော်ငြား အရမ်းကြီးမဟုတ်ချေ။ဖေဖေစုန့်နှင့်မေမေစုန့်တို့က စုန့်လီကိုသာမွေးခဲ့၍ ကလေးအနည်းငယ်ရှိကာ အကုန်အကျနည်းခဲ့သည်။သို့ကြောင့် ငွေစုရ လွယ်သွားသည်မဟုတ်ပါလား။


တကယ်တမ်း စုန့်မိသားစုက အရမ်းချမ်းသာသည့်မိသားစုမဟုတ်ရာ စုန့်လီကလည်း ကျန်းချောင်ရှန့်အား ကူညီနိုင်ရုံလောက်သာ ပြည့်စုံသည်။သို့သော်ငြား ကျန်းချောင်ရှန့်ကဖြင့်...။သူ့တွင် စုန့်လီပေးသော ပိုက်ဆံများနှင့်ပစ္စည်းများအားလုံးယူနိုင်သည့် မျက်နှာရှိလေ၏။


“ငါ့သူငယ်ချင်းကို အဲ့လိုမပြောနဲ့"စုန့်လီက ဒေါသတကြီး ပြောလာ၏။


“ပြောမှာပဲ..ဘာဖြစ်ချင်သလဲ"စုန့်လီ၏ဇနီးက ပြောလိုက်သည်။


စုန့်လီမှာ စိတ်ဆိုးလွန်း၍ သူ့မိန်းမမျက်နှာအား ရိုက်ချလိုက်လေ၏။


“ဟုတ်ပြီ ..စုန့်လီ..ငါ့ကိုရိုက်မှတော့ နင်နဲ့လည်းမနေတော့ဘူး"စုန့်လီ၏ဇနီးကလည်း အရိုက်ခံရပြီးနောက် အလွန်ဒေါသထွက်သွားလေ၏။သူမက ချက်ချင်းပင် အိမ်ထဲဝင်ပြီး ပစ္စည်းများသိမ်းဆည်းကာ မိဘအိမ်ပြန်ရန် လုပ်တော့သည်။


စုန့်လီ၏မိခင်က အမြန်ရောက်လာပြီး တားရန်ကြိုးစားသော်ငြား စုန့်လီက ဆွဲထားလေ၏။


"သူမသာ သွားချင်နေရင် သွားခိုင်းလိုက်...အဲ့လိုမိန်းမမျိုးဆိုမှတော့ မတတ်နိုင်ဘူး"


တကယ်တမ်း စုန့်လီမှာ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။သို့သော်လည်း သူပိုပြီးဝမ်းနည်းလေလေ အမှားအားဝန်ခံချင်စိတ်မရှိကာ သူမှန်သည်ဟုပင် ယုံကြည်သည်။


မေမေစုန့်အား သူမသားကတားထားသော်ငြား အမှန်လည်း သူမက မဖျောင်းဖျချင်ပေ။ဤလက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်က မိဘအိမ်ပြန်သွားပါက သေချာပေါက် အငြင်းခံရမည်ဖြစ်ပြီး သူမလည်း ရက်အနည်းငယ်အတွင်း ပြန်လာမည်ဖြစ်သည်။


ကျန်းကျန့်က ဤကမ္ဘာပေါ်တွင် မမောနိုင်မပန်းနိုင် သူ့မကောင်းကြောင်းပြောနိုင်သည့် စုန့်လီကဲ့သို့လူမျိုးရှိမည်ဟု ထင်ပင်ထင်မိမည်မဟုတ်။


ထိုအချိန်တွင် သူက ကျန့်ရီအား ပေါင်းခံအရက်ကြောင်း ပြောနေခြင်းဖြစ်သည်။


နောက်ဆုံးအကြိမ် ကျန်းကျန့်က ထိခိုက်ဒဏ်ရာရသူများ၏ ဒဏ်ရာများအား အရက်နှင့်ပိုးသတ်ပေးပြီးနောက် ဤကမ္ဘာရှိအရက်က အရည်အသွေးမမြင့်ကြောင်း သိသွားသည်။ထိုအချိန်က သူက သိပ်မစဥ်းစားမိသော်ငြား ဖူချောင်ရှိချင်ဖုန့်အိမ်တော်အကြောင်းပြောကြရာတွင် အမှတ်ရလာ၏။သို့သော်လည်း သူက အရက်ပေါင်းခံနည်းအား မသိသဖြင့် သူ့အကြံအား ကျန့်ရီသို့ပြောပြရုံသာတတ်နိုင်သည်။


“အဲ့လိုက တကယ်လုပ်လို့ရတယ်ပေါ့"ကျန်းကျန့်ပြောသည်အားကြားသော် ကျန့်ရီက တစ်ခဏမျှစိတ်လှုပ်ရှားသွားသည်။


“မနက်ဖြန်ထိ စောင့်အုံး..တစ်ယောက်ယောက်ကို စမ်းလုပ်ကြည့်ခိုင်းလိုက်မယ်...ကျန်းကျန့်..မင်းမှာ တကယ်ကို စိတ်ကူးစိတ်သန်းပေါတာပဲ..ဒီအရက်ကိုသာ လုပ်ပြီးရင် ငါတို့နောက်ထပ် ပိုက်ဆံရှာနိုင်မယ့်နည်း ရှိလာမှာပေါ့"


တချီရှိအချို့နေရာများက စားသောက်ရန်မလုံလောက်မည်စိုး၍ ကိုယ်ပိုင်အရက်ချက်ခြင်းအား တားမြစ်ထားသော်လည်း ယန့်ကျီမြစ်တောင်ပိုင်းတွင်ဖြင့် ထိုအမိန့်မရှိချေ။ရှိလျှင်တောင် မည်သူမှဂရုစိုက်ကြလိမ့်မည်မဟုတ်။


“ဒါဆို တစ်ယောက်ယောက်က အရက်ချက်ပေးဖို့ ချင်ဖုန့်ကိုလာမှာပေါ့"


ကျန်းကျန့်က ပျော်ရွှင်နေ၏။ကျန့်ရီက သေချာပေါက် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်သည်။သူလုပ်ချင်သည့်အရာများက သူနှင့်မကိုက်သော်ငြား ကျန့်ရီက အမြန်လေးလုပ်ပေးနိုင်၏။


“အဲ့ဒါအတွက်တော့ သံသယမရှိပေမယ့်...."ကျန့်ရီက ကျန်းကျန့်အား မရေရာသောအကြည့်နှင့် ရုတ်တရက်ကြည့်လာ၏။


“ဘာကိစ္စရှိလို့လဲ"ကျန်းကျန့်က မေးလိုက်သည်။


“ဖူချောင်က ချင်ဖုန့်အိမ်တော်ကို နည်းနည်းနောက်ကျမှဖွင့်ရမယ်လို့ ခန့်မှန်းရတာပဲ"ကျန့်ရီက ခါးသက်သက်ပြုံးလိုက်သည်။


"ဒီအတောအတွင်း တော်ဝန်သံတမန်က ယန့်ကျီမြစ်တောင်ပိုင်းကို လာမှာ..သူက အရမ်းကို တိကျလွန်းတယ် အဲ့တာတွေမကြိုက်လောက်ဘူး..ငါတို့သာ ဆူဆူညံညံလုပ်ရင် သူက ငါ့ရဲ့ဒုတိယဦးလေးဆီ တည့်တည့်သွားမှာပဲ"


ကျန့်ရီက မြို့တော်တွင်နာမည်ကြီးသော တော်ဝန်သမိုင်းဆရာကျိုးက တော်ဝန်သံတမန်အဖြစ် ယန့်ကျီမြစ်တောင်ပိုင်းသို့ လာမည်ဖြစ်ကြောင်း သတင်းရထား၏။


ဤတော်ဝန်အမှုထမ်းကျိုး၏အမည်က ကျိုးမောင်ဟယ်ဖြစ်သည်။သူက ပြည်သူများ၏တရားမျှတမှုအား ဖြေရှင်းပေးသည့်နေရာတွင် ကျော်ကြားလေ၏။


တချီတွင် သူမပါဝင်ရဲသည့် အရာဟူ၍မရှိကာ ဧကရီမယ်တော်ကြီးမှစ မြို့စောင့်တပ်သားများထိ အားစိုက်ကာ ပါဝင်ပေးသည်။


ဤအတွက်ကြောင့် သူက နှစ်ကြိမ်ရာထူးအချခံရဖူးပြီး အကျဥ်းထောင်ထဲသို့ တစ်ကြိမ်အပို့ခံရဖူးသည်။


ကျန့်မိသားစု အားထားရသည့် ဧကရီမယ်တော်ကြီးက အုပ်ချုပ်ရေးပိုင်းများတွင် ပါပါတတ်ကာ သူ့အား အမြင်မကြည်သော်လည်း စာသင်သားအများစုက ကျိုးမောင်ဟယ်အားသဘောကျကြသည် သူက သန်မာပြီး ဖြောင့်မတ်သည့်သူဟု သိကြ၍ပင်။ထို့ကြောင့် သူက ဧကရီမယ်တော်ကြီး(ကော)အား ဒေါသထွက်စေလျှင်ပင် ထိုမယ်တော်က သူ့အား ဘာမျှမလုပ်နိုင်ချေ။သူသာ ကျိုးမောင်ဟယ်အား တစ်ခုခုလုပ်လိုက်လျှင်လည်း သစ္စာရှိအမှုထမ်းတစ်ယောက်အား ရက်စက်မိ၍ အပြစ်တင်ခံရမည်ဖြစိသည်။


သို့သော်လည်း ဧကရီမယ်တော်ကြီးက သူ့အား မမြင်ချင်၍ အကြောင်းရှာကာ ယန့်ကျီမြစ်တောင်ပိုင်းသို့ ပို့လိုက်ခြင်းဖြစ်သည်။


“ဒီလူက ကြားရတာ ကောင်းမယ့်ပုံပါ"ကျန်းကျန့်က ဆိုလိုက်သည်။ဤရှေးခတ်တွင် ဖြောင့်မတ်မှန်ကန်သည့် အရာရှိများရှိသေး၍ သူက ထိုလူများအား အလွန်လေးစားမိသည်။


“မင်းသူနဲ့မဆုံသေးလို့ပါ..."ကျန့်ရီက ဆိုလိုက်သည်။


"သူက သက်ကယ်မိုးပေါ်က ကျောက်တုံးလိုပဲ..မာကျောတယ်..သူ့အကြောင်းထားလိုက်တော့..ဘာပဲဖြစ်ဖြစ် ငါတို့နဲ့မှမဆိုင်တာ..."


ထိုသို့သောလူမျိုးက စိတ်ကုန်အောင်မလုပ်နိုင်သလို ကျေနပ်အောင်လည်း မလုပ်ပေးနိုင်ချေ။ကျန့်ရီ ထိုလူအား ရှောင်ရန်ဆုံးဖြတ်ထားသည်။


မည်သို့ဆိုစေ ကျိုးမျိုးရိုးနှင့်လူက ယန့်ကျီမြစ်တောင်ပိုင်းတွင် တစ်ချိန်လုံးနေနိုင်မည်မဟုတ်၍ သူက အရက်တစ်ချို့သောက်လိုက်ပြီး နှစ်သစ်အား ဆင်နွှဲလိုက်သည်။ထို့နောက် အခြားအရာများအကြောင်း စဥ်းစားနေလိုက်၏။


ကျန့်ရီကလည်း ထိုအကြောင်းမပြောတော့၍ ကျန်ကျန်ကလည်း လွှတ်ထားလိုက်သည်။သို့သော်လည်း ဤလူက ယန့်ကျီမြစ်တောင်ပိုင်းမှ လူယုတ်မာများအား ဖမ်းပေးနိုင်ရန် သူ မျှော်လင့်မိသည်။