Chapter 161
- ဖွင့်ပြောလာသည်အား ငြင်းပယ်လိုက်ခြင်း
ဟယ်ချောင်စီရင်စုရှိ ရာဇဝတ်ရုံးတရားသူကြီးက လုပ်ငန်းရှင်များထံမှ လာဘ်စားငွေများယူပြီး လောဘတက်လေသည်။
ကျန်းကျန့်တွင် ထိုအရာမျိုးမရှိ ..ရေကြည်လျှင် ငါးရှိမည်မဟုတ်။အချို့အရာရှိများက ပိုက်ဆံအတွက်နှင့် မိသားစုကြီးများက လူများအား ဖိနှိပ်ရာတွင် ကူညီပေးသည်။သားသတ်သမားများပင်လျှင်...။ကျန်းကျန့်က တော်ဝန်သံတမန်က ထိုအရာရှိများအား ဖမ်းဆီးပေးနိုင်မည်ဟု မျှော်လင့်မိသည်။
ကျန့်ရီအား ချန်ထားခဲ့ကာ ကျန်းကျန့်က အိမ်ပြန်ရန်ပြင်သော် ရုတ်တရက် ရပ်သွားရသည်။
ကျန်းကျန့်အား တားလိုက်သည့်သူက ရှန်းအန်ရှင်းပင်။ထိုသူက သူ့ရှေ့တွင်ရပ်နေပြီး အံတင်းတင်းကြိတ်ကာဆိုသည်:
"ကျန်းကျန့်...ခင်ဗျားကိုပြောစရာရှိတယ်"
ကျန့်ရီက ယန့်ကျီမြစ်တောင်ပိုင်းတွင် အခက်အခဲမရှိနေနိုင်၏၊သို့သော်လည်း ရှန်းအန်ရှင်းနှင့်ဖုန်ကျင်းယွမ်တို့က မတူပေ။အချိန်တိုအတွင်း မြို့တော်သို့ပြန်သွားရမည်ဖြစ်သည်။
ရှန်းအန်ရှင်းက ဤရက်များအတွင်း ကျန်းကျန့်နှင့်ဆုံရန် အခွင့်အရေးရှာမရဖြစ်နေသော်လည်း သူက ကျန်းကျန့်အား ပိုပိုပြီး စိတ်ဝင်စားလာသည်။
သူက လွှတ်ပေးလိုက်ချင်စိတ်မရှိချေ။
သူက ကျောက်ကျင်းကောထက် နေရာတိုင်းသာနေတာကို ကျန်းကျန့်က ဘာလို့သူ့ကို ကြည့်တောင်မကြည့်ရတာလဲ..သူ့မျက်စိထဲမှာ ကျောက်ကျင်းကောကပဲ ကောင်းနေတာလား။
ရှန်းအန်ရှင်းက လိုချင်စိတ်ကြီးမားလာ၏။သို့သော်ငြား သူသာ ရှုံးမယ့်ရှုံး သူ့ထက်နေရာတိုင်းနိမ့်ကျနေတဲ့လူကို ဘယ်လိုလုပ်ပြီး ရှုံးချင်မှာလဲ။
သူက အသက်ငယ်ငယ်နှင့် ပညာကောင်းကောင်းတတ်ထားသူဖြစ်၍ အပြင်းအထန်နည်းလမ်းများအား မသုံးနိုင်သော်လည်း စမ်းကြည့်ချင်သေးသည်။
“မင်း ဘာပြောစရာရှိလို့လဲ"
ကျန်းကျန့်က ဤရက်များအတွင်း သူ့အိမ်သို့ ရှန်းအန်ရှင်းမလာသဖြင့် စိတ်တည်ငြိမ်နေပြီး ရှန်းအန်ရှင်းအား မျက်နှာချင်းဆိုင်မေးလိုက်သည်။
“တခြားတစ်နေရာရာမှာ ပြောရအောင်"ရှန်းအန်ရှင်းက ဆိုလိုက်သည်။
“ဒီနေရာမှာလည်း ရတယ်..မင်းမပြောချင်ရင် အိမ်ပြန်တော့မယ်"ကျန်းကျန်က ဆိုလိုက်သည်။
ဘေးတွင်လည်း မည်သူမှမရှိ၍ ရှန်းအန်ရှင်းက အံတင်းတင်းကြိတ်ပြီး နောက်ဆုံး ပြောလိုက်တော့သည်:
"ကျန်းကျန့်...ကျွန်တော် ခင်ဗျားကို အရမ်းလေးစားတယ်..ကျွန်တော်.."
“အဲ့ဒီတော့..."ကျန်းကျန့်က ရှန်းအန်ရှင်းအား ကြည့်လိုက်သည်။ဒီလူက ကျန့်ရီလိုမျိုး သူနဲ့ပူးပေါင်းချင်တာလား။
“ကျွန်တော်.....ကျန်းကျန့်..ခင်ဗျားသာ ကျောက်ကျင်းကောနဲ့မဆုံခဲ့ရင် ကျွန်တော့ကို လက်ထပ်မှာလား"
ရှန်းအန်ရှင်းက လွှတ်ခနဲထွက်သွားပြီး ကျန်းကျန့်အား စိုးရိမ်တကြီးကြည့်လာ၏။
ကျန်းကျန့်မှာ မေ့လဲသွားမတတ်ဖြစ်သွားရသည်။
ခေတ်သစ်အချိန်၌ သူ့တွင် အချစ်ရေးအတွေ့အကြုံမရှိခဲ့ဖူးဘူးဟု ပြော၍ရသည်။စစချင်းတွင် သူ၏လိင်စိတ်တိမ်းညွတ်မှုအား မသိခဲ့ရာ လူမှန်နေရာမှန်လည်း မရှာတွေ့ခဲ့။
သူက သူ့၏ကျန်သက်တမ်းတစ်လျှောက်လုံး အတူရှိနေပေးမည့်သူကိုသာ ရှာချင်မိသည်။သို့သော်လည်း ထိုလောကတွင် လူများက အပျော်သဘောသာ။
ထို့ပြင် သူက လူများနှင့်ဆက်ဆံရေးမကောင်း၍ လူမှန်နေရာမှန် မဆုံဖူးခြင်းဖြစ်မည်။
သူက ဖွင့်ပြောခံရဖို့ထားလို့ လူမှန်နေရာမှန်ပင် မတွေ့ဖူးချေ။သူ့အချစ်ကိုလည်း မည်သူ့ကိုမှ ဝန်မခံဖူးပေ။
ယခင်က တစ်ခါမှမကြုံဖူးသော်လည်း ဤနေရာသို့ရောက်လာပြီးသည့်နောက်...။
သူ၏စိတ်နှင့် ကျောက်ကျင်းကောအား လိုက်ပိုးခဲ့သော်ငြား ဤသို့ဖွင့်ပြောခံရခြင်းအား တစ်ခါမှမကြုံဖူးချေ။
လျူချမ်ချမ်နှင့်ကျောက်လင်ရှီးတို့ပင် ဤအကြောင်းများ မပြောကြချေ။
ဤသို့ကြုံရခြင်းက ကျန်းကျန့်အတွက် ပထမဆုံးအကြိမ်ဖြစ်၍ သူက မေ့လဲမတတ်ဖြစ်သွားသော်လည်း ချက်ချင်းပြန်ဖြေလိုက်သည်:
"မထပ်ချင်ဘူး"
ထိုအရာမျိုးက ကျန်းကျန့်အတွက် အရေးမပါဟု ယူဆမိသည်။သူက ကျောက်ကျင်းကောအား ယူပြီး ကျန်သည့်သက်တမ်းတစ်လျှောက်အတူတူရှိမည်ဟု စီစဥ်ထားပြီးဖြစ်၍ အခြားတစ်ယောက်အကြောင်း မည်သို့မှစဥ်းစားမည်မဟုတ်။
သင့်မှာ ဇနီးတစ်ယောက်ရှိပြီးလျှင် အခြားတစ်ယောက်အကြောင်းစဥ်းစားနေရန် ဘာကြောင့် လိုမည်နည်း။
ကျန်းကျန့်က ရက်ရက်စက်စက်ငြင်းလိုက်၍ ရှန်းအန်ရှင်းက ပို၍ရှက်သွားရသည်။သူက ကျန်းကျန့်အတွက် မာနပင်ခဝါချထားရသော်ငြား ပက်ပက်စက်စက်အငြင်းခံလိုက်ရသည်။
“ကျောက်ကျင်းကောက ကောင်းလို့လား"
သူက မမေးပဲမနေနိုင်တော့:"သူက သိသိသာသာကို မအပ်စပ်တာလေ..သူက လှည့်စားခဲ့တာ"
“ငါမင်းကို ရိုက်ချင်လာအောင် လာမလုပ်နဲ့"
ကျန်းကျန့်က ရှန်းအန်ရှင်းစကားများအား ဖြတ်ပြောလိုက်သည်။
"ကျောက်ကျင်းကောကို ငါ့လောက်ကောင်းကောင်းသိတဲ့သူမရှိဘူး..ငါ့မျက်စိထဲမှာတော့ သူကအကောင်းဆုံးပဲ"
ကျန််းကျန့်က ဤသို့ပြောလိုက်ချိန် သူက အရမ်းဒေါသထွက်နေပြီး စကားဆုံးသည်နှင့် ရှန်းအန်ရှင်းအား အေးစက်စက်ကြည့်လိုက်သည်။:
"ရှန်းအန်ရှင်း...မင်းကဒီလိုလူမျိုးမှန်း မသိခဲ့ဘူး..အခုတော့အနာဂတ်မှာ မင်းနဲ့ဝေးဝေးနေတာ ပိုကောင်းမှန်းသိသွားပြီ..ငါ့ဆီလည်း ထပ်မလာနဲ့တော့"
ကျန်းကျန့်က ရှန်းအန်ရှင်းစကားပြောရန်ပင် မစောင့်တော့ပဲထွက်သွားလေ၏။
ရှန်းအန်ရှင်းက သူ့ရှေ့တွင် ကျောက်ကျင်းကောမကောင်းကြောင်းပြောခဲ့သော်လည်း အခြားတစ်ခုခုမလုပ်လာ၍ ရိုက်မပစ်ခြင်းဖြစ်သည်။သူက အနာဂတ်တွင် ဤလူနှင့်ဝေးဝေးနေရန်ဆုံးဖြတ်လိုက်သည်။
“ကျန်းကျန့်"ရှန်းအန်ရှင်းက ထပ်ခေါ်လိုက်သော်လည်း ကျန်းကျန့်ခြေလှမ်းများက တုံ့ဆိုင်း၍ပင်မသွားချေ။
သူက မျက်လုံးထောင့်များအား အင်္ကျီလက်နှင့်သုတ်လိုက်ရာ အင်္ကျီမှာ စိုစွတ်သွားကြောင်း တွေ့လိုက်ရသည်။
ရှန်းအန်ရှင်းက လမ်းကြားလေးထဲ ကြာကြာနေရန် မျက်နှာမရှိ၍ လှည့်ထွက်သွားလေ၏။သူထွက်သွားပြီးနောက် လမ်းထောင့်နားမှ လူနှစ်ယောက်ပေါ်လာ၏။
တစ်ယောက်က ဖုန်ကျင်းယွမ်ဖြစ်ကာ ကျန်တစ်ယောက်က မြို့တော်မှခေါ်လာခဲ့သည့် ဖုန်ကျင်းယွမ်၏လူဖြစ်သည်။
“ဒီရက်ထဲ ရှန်းအန်ရှင်း တစ်ခုခုဖြစ်နေပါတယ်လို့ ပြောခဲ့ပေမယ့် သူ့မှာဒီစိတ်ထပ်ရှိနေမယ်လို့ မထင်ထားဘူး"ဖုန်ကျင်းယွမ်က ဆိုလိုက်သည်။
“သခင်ကြီး..သူက ကျန်းကျန့်ရဲ့အထောက်အပံ့ကိုရဖို့ကြိုးစားနေတာလား"ဖုန်ကျင်းယွမ်၏လူက မေးလိုက်သည်။
“သေချာပေါက်မဟုတ်ဘူးပ"ဖုန်ကျင်းယွမ်က ဆိုလိုက်ပြီး:"သူက ရူးနှမ်းနေတဲ့ ကလေးတစ်ယောက်သာသာပဲ..အရည်အချင်းမရှိတာကို အပြင်ထွက်စီးပွားရေးလုပ်ချင်နေတာလေ"
“အိမ်ရှင် သခင်ကြီးကျန့်က သူ့ကိုဆို ဘက်လိုက်ပြီးတော့ ကျွန်တော်တို့ ဝမ်လုံလုပ်ငန်းကိုကျ အမြင်မကြည်တော့ အနာဂတ်မှာ ဖွံ့ဖြိုးကြီးထားလာဖို့ အကျိုးမရှိတော့ဘူး"ဖုန်ကျင်းယွမ်ဘေးရှိလူက ထပ်ပြောလာ၏။ ဖုန်ကျင်းယွမ်သည်လည်း ဤလူပြောသည့်အရာအား သိပါသည်။ သူက ကျန့်ရီက ရှန်းအန်ရှင်းအား ပိုသဘောကျသည်ဟုထင်သည်က ထိုသူပါဝင်လာစေရန် သူ့ကိုပါသုံးလိုက်ခြင်းကြောင့်ပင်။
ကျန့်ရီက သူတို့နှစ်ယောက် အချင်းချင်းဟန်ချက်ညီမည်ဟု မျှော်လင့်ထား၍ သူက ရှန်းအန်ရှင်းအား သေချာပေါက် ထောက်ပံ့ပေးရမည်ဖြစ်သည်။သူက ဤအကြောင်းနှင့်ပတ်သတ်၍ ဘာမျှမလုပ်နိုင်သော်ငြား ထိုအခြေအနေအား လက်သင့်မခံချင်။
ရှန်းအန်ရှင်းက အတွေ့အကြုံမရှိသူဖြစ်သော်လည်း နှစ်ပေါင်းများစွာအတွေ့အကြုံရပြီးသည့်အခါ...။သူအရွယ်မရောက်လာသည်က ဖြစ်နိုင်မည်လား။
ရှန်းအန်ရှင်းတွင်လည်း သူနှင့်မကျေပွဲရှိလေသည်။ရှန်းမိသားစုသာ အနာဂတ်တွင် ကြီးပွားချမ်းသာလာပါက သူက သူ၏ဝမ်လုံအသင်းအား ဆန့်ကျင်လာမည်ဖြစ်သည်။ဖုန်ကျင်းယွမ်က ဤအခြေအနေအား မြင်ရန်တွန့်ဆုတ်နေမိသည်။
“ငါ သူ့ကို ကြီးပွားတိုးတက်လာဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး"ဖုန်ကျင်းယွမ်က သူ့လူယုံအား ကြည့်ကာ ပြောလိုက်သည်။"ငါမင်းကို ဟယ်ချောင်စီရင်စုမှာ လူရှာခိုင်းလိုက်မယ်..မင်းရှာခဲ့မလား"
“သခင်ကြီး ကျွန်တော်မျိုး လူခုနစ်ယောက်ရှစ်ယောက်လောက်ရှာပြီးပါပြီ"ထိုလူက ပြောလိုက်သည်။
“သူတို့က မင်းဘယ်သူလဲမသိဘူးမလား"ဖုန်ကျင်းယွမ်က ထပ်ပြောလိုက်သည်။
“သူတို့ကိုရှာဖို့ အခြားသူတွေကို ခိုင်းထားတာမို့ ကျွန်တောမျိုးရဲ့ ရင်းမြစ်ကိုမသိပါဘူး"
.
“ကောင်းတယ်..မင်းလူနည်းနည်းရှာပြီး နောက်တစ်ခါ ရှန်းအန်ရှင်း တစ်ယောက်တည်းအပြင်ထွက်ရင် ပြန်ပေးဆွဲလိုက်..သူက ကောတစ်ယောက်မို့ အဲ့လူတွေကို ကောင်းကောင်းခံစားစေမှာပါ"
ဖုန်ကျင်းယွမ်က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
သူ့အပြုအမူက မည်သို့အန္တရာယ်များနေပါစေ ဖုန်ကျင်းယွမ်က ကြင်နာတတ်သူမဟုတ်ကာ တစ်ဖက်တွင်လည်း သူ့သားအား ဤသို့ဖြစ်လာရန် သင်ပေးလိမ့်မည်မဟုတ်။
သူသာ ရှန်းအန်ရှင်းကိုသတ်လိုက်လျှင် ကျန့်ရီက သေချာပေါက် ဤကိစ္စအားဖော်ထုတ်မည်ဖြစ်၍ သူဝင်မပါပဲ အခြားသူများအား လုပ်ခိုင်းခြင်းဖြစ်သည်။
ရှန်းအန်ရှင်း၏စိတ်နှင့်သာဆို သူက ဤကိစ္စအား လူသိခံရဲမည်မဟုတ်ပဲ အံတင်းတင်းကြိတ်ကာ မြိုသိပ်ထားရမည်ပင်။အနာဂတ်တွင်ဖြင့် မပြောနှင့်တော့။
ယေကျာ်းတစ်ယောက်အား ချစ်မိသွားပြီးနောက် ရှန်းအန်ရှင်းက တစ်ချိန်လုံးဤစိတ်သာရှိနေမည်ဖြစ်ပြီး သူသာမသန့်ရှင်းတော့ပါက အသက်ရှင်ချင်မည်မဟုတ်ချေ။
ဖုန်ကျင်းယွမ်က ရှန်းအန်ရှင်းကဲ့သို့လူများအား သဘောမကျသော်လည်း ရှန်းအန်ရှင်းက ထိုလူမျိုးဖြစ်နေ၍ ဝမ်းသာမိသည်။
“ဟုတ်ကဲ့ပါ..သခင်ကြီး"ဖုန်ကျင်းယွမ်ဘေးရှိလူက ပြန်ဖြေလိုက်သည်။
“မရင်းနှီးတဲ့နေရာကို လာရတာဆိုတော့ သခင်လေးရှန်းက လူခေါ်လာဖို့တောင်သိမှာမဟုတ်ဘူး..ဟားဟား.."ဖုန်ကျင်းယွမ်က ခေါင်းခါလိုက်ရင်း ရှန်းအန်ရှင်းက ရိုးစင်းလွန်းသည်ဟု ခံစားမိသည်။
ဖုန်ကျင်းယွမ်၏ရက်စက်သည့်စိတ်အကြာင်း သူတို့နှစ်ယောက်သာသိမည်ဖြစ်ပြီး ကျန်းကျန့်ပင် စဥ်းစားမိမည်မဟုတ်ချေ။ထိုအချိန် ကျန်းကျန့်က အိမ်ပြန်ရောက်နေပြီဖြစ်ပြီး ကျောက်ကျင်းကောအား ပြောလိုက်သည်:"ကျင်းကော..အနာဂတ်မှာ ရှန်းအန်ရှင်းနဲ့ဝေးဝေးနေနော်.."
“ဘာဖြစ်လို့လဲ"ကျောက်ကျင်းကောက စဥ်းစားမရမေးလာ၏။ဤရက်များအတွင်း ရှန်းအန်ရှင်းနှင့်ပတ်သတ်မှုမရှိတော့ကာ ကျန်းကျန့်ကလည်း ရှန်းအန်ရှင်းအကြောင်း မပြောခဲ့သော်လည်း ..ရုတ်တရက်ကြီး ဒီနေ့မှ သူ့အကြောင်း ထပြောရတာလဲ။
“သူစိတ်က မရိုးရှင်းဘူး"ကျန်းကျန့်က ဆိုလိုက်သည်။ယခင်က ရှန်းအန်ရှင်းမှာ ကျောက်ကျင်းကောအား နေ့စဥ် လာတွေ့သော်ငြား သူ့စိတ်ထဲကအရာအကြောင်း မသိခဲ့ချေ။
ရှန်းအန်ရှင်းသာ ကျောက်ကျင်းကောကို သူ့၏ဝန်ခံချက်အကြောင်းပြောလိုက်လျှင် ကျောက်ကျင်းကောက စိတ်ညစ်သွားမည်ဖြစ်၍ သူ့အား ထိုသူနှင့်သတိထားနေရန် ပြောထားခြင်းဖြစိသည်။ .
ကျောက်ကျင်းကောက ခေါင်းညိမ့်ပြလာပြီး ပြောလိုက်သည်:"ကျန်းကျန့်...ဆယ်ရက်လောက်နေရင် ကျွန်တော့်အမေက ၅၀ပြည့်တော့မှာ..ကျွန်တော့်အဖေက သူမအတွက် တစ်ခုခုလုပ်ပေးချင်လို့"
ကျောက်ဖူကွေ့က လွန်ခဲ့သောနှစ်အနည်းငယ်က အသက် ၅၀ပြည့်ပြီး သူ့မွေးနေ့တွင် ကြက်ဥတစ်လုံးသာစားခဲ့ရ၍ ကျောက်လျူက ကံကောင်းပေ၏။သူက ဤနှစ်မှ အသက်၅၀ပြည့်သော်ငြား ကောင်းမွန်သည့်ဘဝတွင်နေရလေသည်။
“ကျန်းကျန့်...ကျွန်တော်တို့ဓလေ့အတိုင်းဆို ကျွန်တော့အမေကို ဝက်လက်သည်းရယ်၊ကြက်တစ်ကောင်၊ငါးတစ်ကောင်နဲ့ခေါက်ဆွဲတစ်အိတ်ဝယ်ပေးရမှာရယ်"ကျောက်ကျင်းကောက ထပ်ပြောလိုက်သည်။
.
ဟယ်ရှီရွာဘက်တွင် လူအချို့က မွေးနေ့ကျင်းပသောအခါ ဆွေမျိုးမိတ်ဆွေများက တစ်ခုခုပို့ပေးကြ၏။ပိုက်ဆံမရှိသူများက ကြက်ဥများနှင့်မုန့်နှစ်များယူလာနိုင်ပြီး ပိုက်ဆံရှိသူများက ကြက်များဝက်များဝယ်ပေးနိုင်၏။
“ကောင်းပြီလေ..ဒါဖြင့် အဆင်သင့်လုပ်ထားလိုက်မယ်"ကျန်းကျန့်က ပြုံးလိုက်ပြီး ကျောက်လျူအား မျက်နှာလုပ်ရန် ဝက်တစ်ကောင်သတ်လိုက်သည်က အကောင်းဆုံးဖြစ်မည်ဟု တွေးမိသည်။
ဝက်တစ်ကောင်နှင့် မပြီးနိုင်သေး။လက်သည်းများ ဖြတ်ပြီးသည်နှင့် ကျန်သည်အား စားသောက်တန်းသို့ပို့ပေးနိုင်၏။
ဒါနဲ့ ဝက်လက်သည်းတွေကို သိမ်းထားရမယ်..သူအဲ့တာကို ကြိုက်တယ်။
ညနေခင်းတွင် ကျန်းကျန့်နှင့်ကျောက်ကျင်းကောက ဟယ်ရှီရွာသို့ ပုံမှန်အတိုင်းပြန်လာခဲ့သည်။
ဤရက်များအတွင်း သူက စီရင်စုမြို့တော်တွင် နေ့သာနေပြီး ညတွင်ပြန်လာ၏။တစ်ခါတစ်ရံက သူက စီရင်စုမြို့တွင် နေ့ဝက်သာနေသော်လည်း ဟယ်ရှီရွာအား အိမ်အဖြစ်သတိရနေဆဲဖြစ်သည်။
ကျန်းကျန့်နှင့်ကျောက်ကျင်းကောအား မြင်ပြီးနောက် ကျောက်လျူက ချက်ချင်းကြိုဆိုလာသော်ငြား ကျန်းကျန်အား ဦးဆုံးအာရုံမထားချေ။
“မြေးလေးမင်ကျူး...ဘွားဘွားက အရမ်းလွမ်းနေတာ.."ကျောက်လျူက အနီးရောက်လာသည်နှင့် ကျောက်မင်ကျူးအား ပွေ့လိုက်သည်။
ကျောက်မင်ကျူးကလည်း အဘိုးအဘွားများအား လွမ်းနေသည်ဖြစ်၍ လက်ဆန့်လာ၏။
ဖူချောင်ရှိချင်ဖုန့်အိမ်တော်က အလျင်မလို၍ ကျန်းကျန့်က သက်သက်သာသာပင်။နောက်တစ်ရက်တွင် စီရင်စုမြို့၌ ဘာမျှလုပ်စရာမရှိ၍ ထိုသို့မသွားတော့ပဲ သူ့လူများလေ့ကျင့်နေသည်အား သွားကြည့်လိုက်သည်။
သူက အခြားသူများအား လက်ဆင့်ကမ်းလေ့ကျင့်ခိုင်းထားသော်လည်း အချိန်ရလျှင်ရသလို သွားသွားကြည့်သည်။
ကျန်းကျန့်က သူ့လူများလေ့ကျင့်နေသည်အား သွားတွေ့သောအခါ ကျောက်မင်ကျူးကိုပါ ခေါ်သွားပြီး သူမအား ယှဥ်ပြလေ၍ ကျောက်မင်ကျူးက တစ်ခစ်ခစ်ရယ်မောလေသည်။
နေ့လည်၌ ကျန်းကျန့်က သူ့သမီးအား အိမ်ပြန်ရန်ခေါ်သွားသော်ငြား လမ်းတစ်ဝက်တွင် မမျှော်လင့်ပဲ ရှန်းအန်ရှင်းနှင့်ထပ်တွေ့ရမည်ဟု မထင်ထားခဲ့ချေ။
ရှန်းအန်ရှင်း၏ပုံစံက စိတ်လွတ်နေသည့်ပုံပင်။သူက ကျန်းကျန့်အား တွေ့သော် အပြေးရောက်လာ၏။"ကျန်းကျန့်...ကျန်းကျန့်..."
ကျန်းကျန့်က တမင်သက်သက် ရှောင်လိုက်ပြီး မျက်မှောင်ကြုပ်ကာ မေးလိုက်သည်
:"ဒီမှာ ဘာလုပ်နေတာလဲ"သူ မနေ့က ရှင်းရှင်းလင်းလင်းပြောပြီးပြီဖြစ်သော်လည်း ရှန်းအန်ရှင်းက ဘာကြောင့် သူ့အား ပြန်လာရှာသနည်း။
“မင်းကိုပြောစရာ ဘာမှမရှိဘူး..ငါသွားတော့မယ်"ကျန်းကျန့်က ရှန်းအန်ရှင်းအားပြောကာ မြန်မြန်ထွက်သွားတော့သည်။သူက ကျောက်ကျင်းကောအထင်လွဲမှာမျိုး မလိုချင်ပေ။
ကျန်းကျန့်ထွက်သွားသည်အား ကြည့်ရင်း ရှန်းအန်ရှင်းမျက်နှာထက် မကျေနပ်သည့်ပုံပြလာ၏။
“သခင်ကြီးရှန်း...အဆင်ပြေရဲ့လား"ကျန့်ပေါင်နင်က ရှန်းအန်ရှင်းအားမြင်သော် စိုးရိမ်တကြီးမေးလာ၏၊
“အဆင်ပြေတယ်"ရှန်းအန်ရှင်းက ဘာမှမဖြစ်ကြောင်း တိုးတိုးပြောသော်လည်း ကြည့်ရသည်က အဆင်ပြေပုံမရချေ။
“သခင်ကြီးရှန်း..စီရင်စုမြို့ကိုပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ခေါ်ပေးရမလား"ကျန့်ပေါင်နင်က ထိုလူများအကြောင်းစိတ်ပူကာ ထပ်မေးလိုက်သည်။
ရှန်းအန်ရှင်းက ခေါင်းခါပြသော်ငြား ကျန့်ပေါင်နင်က စိတ်ပူနေဆဲဖြစ်၏
"ကျွန်တော်က စီရင်စုမြို့ကို သွားတော့မှာ အတူတူလိုက်ခဲ့ရင်ကော..သခင်ကြီးရှန်းက ကောမို့လား..တစ်ယောက်တည်းအပြင်သွားရင် မလုံခြုံလောက်ဘူး..."
ကျန့်ပေါင်နင်က အတိတ်တွင် အမျိုးသမီးများနှင့်ထိတွေ့ဆက်ဆံဖူး၍ ရှန်း၏အကြောင်းကိုလည်း သိပေ၏။
ကျန့်ပေါင်နင်က သာမန်အတိုင်းပြောလိုက်သော်ငြား ရှန်းအန်ရှင်းကမူ တောင့်ခဲသွားရသည်။