အပိုင်း၁၀၈
Viewers 12k

Chapter 108

Chapter 108


ကျင်းစစ်၏ မျက်နှာသည် နီရဲသွားပြီး အမှတ်တမဲ့ ဘယ်ညာ ကြည့်လိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်လေသည် " မဟုတ်ဘူး အဆင်ပြေတယ်"


" ကိုယ် မင်းအနားကို ကပ်လို့ ရမှာ မဟုတ်ဘူး ဆိုတော့ ကိုယ်စာလုပ်တာကိုပဲ အာရုံစိုက်ထားရမယ်" ယင်းကျောင်းသည် သူ၏ ဖုန်းကို ထုတ်ကာ ကျင်းစစ်ရှေ့သို့ တွန်းပေးလိုက်လေသည်


 " ကိုယ့်ရဲ့ ဖုန်းကို ကိုယ့်အတွက် သိမ်းထားပေးမလား..."


ကျင်းစစ်သည် တခဏမျှ အေးခဲသွားလေသည် " မဟုတ်သေးပါဘူး မင်းက ဖုန်းကြည့်ရတာ ကြိုက်တယ်လေ"


နောက်ပြီး... သူလည်း ယင်းကျောင်းနဲ့ ညဘက်မှာ တိတ်တဆိတ် ဆက်သွယ်ချင်သေးတယ်လေ 


"အခုရက်ပိုင်း ကိုယ်က ညဘက် အဆောင်မှာပဲ နေမှာ အချိန်ရှိရင်လည်း ကိုယ်မင်းကို လာရှာမယ်လေ " ကျင်းစစ် ဘာကိုတွေးနေသည်ကို သိလိုက်ရသောအခါ ယင်းကျောင်း၏ နှလုံးသားသည် နူးညံ့ပျော့ပျောင်းသွားပြီး ဝန်လေးနေမိသည်


 " မင်းအပြင် ကိုယ့်မှာ အဆက်အသွယ် လုပ်ရမယ့်လူ မရှိဘူး"


"လျှို့ဝှက် နံပါတ်က မင်းရဲ့ အခုမွေးနေ့ သတင်းတစ်ခုခု ရှိရင်လည်း ပြန်လာပြောလို့ရတယ်လေ မင်းမလာချင်လဲ ကိစ္စ မရှိပါဘူး ကိုယ့်ကို ပြောပြစရာ မလိုဘူး" 


ယင်းကျောင်းသည် မျက်ခုံးပင့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည် " အထဲမှာ ရှိတာတွေ အကုန်ကြည့်လို့ရတယ် စိတ်မပူပါနဲ့ အထဲမှာ မကောင်းတဲ့ ရုပ်ရှင်ကားတွေ မရှိဘူး မင်းအကြောင်းတွေပဲ ရှိတာ"


ကျင်းစစ်သည် ဆို့နင့်သွားလေသည်

 " အရေးကြီးတဲ့ ကိစ္စဆိုရင် ဘယ်လိုလုပ်မလဲ..

 "


ယင်းကျောင်းသည် ထိုင်ခုံကို ပျင်းရိစွာ မှီထားပြီး သူ့ကို အပြုံးဖြင့် ကြည့်ကာ ပြောလိုက်လေသည် " အိုကေ စိတ်ပူမနေနဲ့ ကိုယ့်မှာ မင်းထက် အရေးကြီးတာ မရှိဘူး"


ကျင်းစစ်၏ နားရွက်ဖျားများသည် ရုတ်တရက် နီရဲသွားလေသည်။ သူသည် ခေါင်းငြိမ့်ပြလိုက်ကာ ဖုန်းကို ယူလိုက်လေသည်။


ယင်းကျောင်း ထွက်သွားသောအခါ ကျင်းစစ်တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။ ယင်းကျောင်သည် သူ၏ ဖုန်းအားကျင်းစစ်ကို ပေးရသည့်အကြောင်းမှာ လက်ဦးမှုယူကာ သူ၏ လျှို့ဝှက်ချက်များကို ကျင်းစစ်ရှေ့တွင် ဖော်ပြလိုက်သည်နှင့် တူညီကြောင်းကို ကျင်းစစ် ရုတ်တရက် နားလည်သွားလေသည်။


ကျင်းစစ်၏ နှလုံးသားသည် ချိုမြိန်ကာ နွေးထွေးသွားပြီး သူ၏ နှလုံးသားထဲမှ အနည်းငယ်လစ်ဟာနေမှုသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။


တနင်္ဂနွေနေ့တွင် လီကျိုးသည် အဝတ်ခြောက်ခံသည့် နေရာတွင် တာဝန်ကျပြီး ကျင်းစစ်သည် ကျန်းမာရေးကော်မတီ၏ မျက်နှာသာပေးမှုဖြင့် အတန်းကို ကြမ်းတိုက်ရန် တာဝန်ကျလေသည်။ 


"တကယ်လဲမှာလား အစ်ကိုစစ်" လီကျိုးသည် တံမြက်စည်းတံအား ကျင်းစစ်ကို ရှက်ရွံ့စွာ ပေးလိုက်လေသည် " ဒိတိုင်းပဲ ထားလိုက်ပါ့လား?"


"အဆင်ပြေပါတယ်" ကျင်းစစ်သည် သူ့ကို ပြုံးပြလိုက်ပြီး တံမြက်စည်းတံကို ယူကာ အဝတ်အခြောက်ခံသည့် ခြံဆီသို့ သွားလေသည်။ 


ကျောင်းသည် စဖွင့်ကာစ ဖြစ်သောကြောင့် အဝတ်လှမ်းသည့် ခြံထဲတွင် လှမ်းထားသောအဝတ် မများသေးပေ။ သူ၏ အမြင်အာရုံသည် ရှင်းလင်းနေသောကြောင့် အကြည့်တစ်ချက်ဖြင့်ပင် သူသည် လေထဲတွင် လွင့်နေသော အမှိုက်စများကို တွေ့နိုင်လေသည်။


အဝတ်ခြောက်ခံသည့်နေရာအားတာဝန်ကျသော ကောင်လေးများသည် အလွန်မကျေမနပ်ဖြစ်နေကြလေသည်။ ကျင်းစစ်သည် သူနှင့် ယင်းကျောင်း အတူရှိနေခဲ့သော နေရာအား ကြည့်လိုက်ပြီးနောက် ကိုယ်ကိုကိုင်းကာ စတင် သန့်ရှင်းရေး လုပ်လေသည်။


သူ့တွင် အစွဲလမ်းလွန်သောရောဂါ ( OCD) ရှိသောကြောင့် သူလှဲသော နေရာသည် အခြားသူများထက် ပိုသန့်ရှင်းလေသည်။ တန်းခွဲ 7 မှ ကောင်လေးများသည် အံ့အားသင့်သွားလေသည်။ သူတို့သည် အစတွင် ပျင်းရိနေသော်လည်း ကျင်းစစ်နှင့် ယှဥ်လိုက်သောအခါ သူတို့သည် ရှက်ရွံ့မှုကို ခံစားလိုက်ရသောကြောင့် စတင်၍ ကြိုးကြိုးစားစားလုပ်လေသည်။


အဝတ်အခြောက်ခံသည့် ခြံဘေးတွင် ကန်တင်းသို့ သွားသော လမ်းမကြီး ရှိလေသည်။ ပထမနှစ် မိန်းကလေးအများစုသည် သစ်ရွက်ခြောက်များကို သန့်ရှင်းရေးလုပ်နေကြလေသည်။ ထိုထဲမှ တစ်ယောက်သည် လှပသောကြောင့် ဝူဝေ့ချန်းသည် ထိုနေရာသို့ အကြိမ်ရေများစွာ ကြည့်နေလေသည်။


"ဟေး အစ်ကိုစစ် အဲ့ကောင်မလေးက ကြည့်ကောင်းတယ်နော် ကျွန်တော် သူမနဲ့ ဆက်သွယ်ဖို့ နံပါတ်ကို ရနိုင်မယ်ထင်လား?"


ကျင်းစစ်သည် မကြည့်ဘဲ ဆက်၍ သန့်ရှင်းရေး လုပ်ရင်း ပြောလိုက်လေသည် " ဒါဆိုလည်း သွားလေ ငါမင်းရဲ့ ပစ္စည်းတွေကို ကိုင်ပေးထားမယ်"


"မကိုင်နဲ့" ဝူဝေ့ချန်းသည် အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။ ထိုသို့သောအရာကို ပထမဆုံးအကြိမ် လုပ်ရန်အတွက် ကျင်းစစ်ကိုပါ ဆွဲခေါ်နေလေသည် " အစ်ကို ကျွန်တော်နဲ့ အဖော်လိုက်ပေး သူမသာ အစ်ကို့ကို သိရင် အစ်ကို့ကို တွေ့ရတဲ့အတွက် ပျော်မှာပဲလေ ကျွန်တော့်အတွက် လိုက်ပေးပါနော်"  


ကျင်းစစ်သည် အလုပ်တဝက်တပျက် ဖြစ်နေသောကြောင့် မထားခဲ့ချင်ပေ။ သို့သော် ဝူဝေ့ချန်း စိတ်လှုပ်ရှားနေသည်ကို တွေ့သောအခါ သူသည် ခေါင်းသာ ငြိမ့်ပြနိုင်လေသည်။ သူသည် တံမြက်စည်းကို ကိုင်ထားရင်း ဝူဝေ့ချန်းနှင့်အတူ လျှောက်သွားလိုက်လေသည်။


သို့သော် ဝူဝေ့ချန်းသည် ကံဆိုး၏။ သူ မိန်းကလေးအနားသို့ မရောက်သေးခင် ယင်းကျောင်းသည် ဘတ်စကတ်ဘောကွင်းမှ လျှောက်လာနေလေသည်။


သူက အရပ်ရှည်ပြီး ကြည့်ကောင်းလေသည်။ လက်ထဲမှ တံမြက်စည်းတံဖြင့်ပင်  ချောမောနေပြီး မိန်းကလေးအများစု၏ အာရုံကို ဆွဲဆောင်နိုင်သွားလေသည်။ အထူးသဖြင့် ဝူဝေ့ချန်း ကြိတ်ကြိုက်နေသော မိန်းကလေးပင်။ သူမ၏ မျက်နှာသည် အနီရောင် ပြောင်းလဲသွားလေသည်။


ပိုးပန်းမှုပင် မဖြစ်မြောက်သေးချိန်တွင် ဝူဝေ့ချန်း၏ သတ္တိသည် ပျောက်ကွယ်သွားလေသည်။ ရှေ့သို့ နာကျင်နေသောအမူအရာဖြင့် ကြည့်နေပြီး သူ၏ နှလုံးသားထဲမှ သမင်လေးသည် ချက်ချင်း သေဆုံးသွားလေသည်။


သူ ရှုပ်ထွေးနေသော အမူအရာဖြင့် သက်ပြင်းချလိုက်လေသည် " အစ်ကိုကျောင်းက တကယ့်ကို... နောက်ကျပြီး မရောက်ဘဲ စောပြီး ရောက်လာတာပဲ..."


ကျင်းစစ်သည် ရယ်ချင်နေသည့်ပုံဖြင့် သူ့ကို ကြည့်လိုက်လေသည်။ ထိုမိန်းကလေးသည် ယင်းကျောင်းဆီသို့ လျှောက်သွားကာ ရှက်ရွံ့နေသည့်ပုံဖြင့် စကားပြောသည်ကို သူတွေ့လိုက်ရလေသည် " အတန်းဖော် ငါတို့ရဲ့ အမှိုက်အိတ်က အရမ်းလေးလို့ ငါတို့အစား ကူသယ်ပေးပါ့လားဟင်"


ကျင်းစစ်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အိတ်၏ သုံးပုံတစ်ပုံပင်မရှိသေး၍ ပြားချပ်နေသော မြေပြင်ပေါ်မှ အမှိုက်အိတ်ကို ကြည့်လိုက်လေသည်။


မိန်းကလေး သုံးယောက်ပင်မပြောနှင့် တစ်ယောက်တည်းဖြင့်ပင် သယ်နိုင်လေသည်။


ဒါဆို သူတို့က... ယင်းကျောင်းနဲ့ စကားပြောဖို့ အခွင့်အရေးကို သိသိသာသာကြီးကို ရှာတာလား?


ဝူဝေ့ချန်းသည် ကျင်းစစ်နားသို့ ကပ်ကာ ချဥ်တူးစွာ ပြောလိုက်လေသည် "အဲ့ကောင်မလေးက လှတယ်ဆိုတော့ အစ်ကိုကျောင်းက လက်ခံမှာ ဟုတ်တယ်မလား... ပြီးရင် ဆက်သွယ်ဖို့တောင် နံပါတ်ချင်းလဲချင် လဲဦးမှာ"


ကျင်းစစ်၏ တံမြက်စည်းသည် ဝူဝေ့ချန်း၏ အပေါ်ပိုင်း ရှူးဖိနပ်ပေါ်သို့ မတော်တဆ လှဲမိသွားလေသည်။


"တောင်းပန်ပါတယ်" 


"ရပါတယ် ကိစ္စမရှိဘူး"


အရှေ့နားတွင် ယင်းကျောင်းသည် အိတ်ကို လက်ညှိုးထိုးလိုက်လေသည် "ဒါလား?"


မိန်းကလေးများသည် ခေါင်းငြိမ့်ပြလိုက်လေသည် "ဟုတ်တယ်"


"အိုး" ယင်းကျောင်းသည် သူ့တို့နားမှာ လျှောက်လာရင်း တည်ငြိမ်စွာ ပြောလိုက်လေသည် " အဲ့ဒါဆို ခဏလောက်နားပြီး ထပ်သယ်ကြည့်လိုက် ငါကတော့ မင်းတို့ အလုပ်ကို လုပ်မပေးနိုင်ဘူး"


သူ ပြောပြီးသည်နှင့် ကျင်းစစ်ဆီသို့ လျှောက်လာကာ သူ၏ လက်ထဲမှ တံမြက်စည်းလှဲတံကို လုယူလိုက်လေသည်


 " ဘယ်သူက မင်းကို ဒီလိုမျိုးအလုပ်ကို ခိုင်းတာလဲ... ဘယ်လောက်တောင် ကျန်သေးလဲ...ကိုယ်ဆက်လုပ်လိုက်မယ်..."


မိန်းကလေးများ အုပ်စု : " ??? "


မိန်းကလေး သုံးယောက်၏ ကြောင်တောင်တောင် အကြည့်အောက်တွင် ယင်းကျောင်းသည် တံမြက်စည်းလှဲတံ နှစ်ခုကိုကိုင်ထားရင်း လျှောက်သွားကာ  သူ၏ ဂုဏ်သတင်းကျော်ကြားမှုကို  ဖုံးကွယ်ထားလေသည်။


နောက်ဘက်တွင် ဝူဝေ့ချန်းသည် သူ၏ ကျောပြင်အားကြည့်ကာ အံ့အားသင့်နေလေသည်။ သူ ကျင်းစစ်ကို တိုးတိုးလေး ကပ်ပြောလိုက်လေသည်


" ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်လေး ဖြောင့်မတ်တယ်လို့ ထင်တာ အစ်ကိုကျောင်းကိုတော့ သံမဏိလို ဖြောင့်မတ်မယ် ထင်မထားဘူး"


ကျင်းစစ် : " ... "


ဝူဝေ့ချန်းသည် ကျင်းစစ်၏ မျက်နှာပေါ်မှ အမူအရာကို သတိမထားမိဘဲ ဆက်ပြောလေသည် " ကျွန်တော်တို့ အစ်ကိုကျောင်းက ဒီလို ခွဲခွဲခြားခြား လုပ်နိုင်တာပဲ အခြားအတန်းအတွက် အလုပ်မလုပ်ပေးဘူးလို့ စိတ်ပိုင်းဖြတ်ထားပုံ ရတယ် အရမ်းလှတဲ့ ကောင်မလေးတောင် ချွင်းချက်မဟုတ်ဘူး"


ကျင်းစစ်သည် မျက်နှာကို ငုံ့ကာ ပြုံးလိုက်ပြီး သူ၏ခြေလှမ်းများသည် သူ့အလိုလို မြန်လာလေသည်။


"ဟေး အစ်ကိုစစ် ကျွန်တော့်ကို စောင့်ဦး" ဝူဝေ့ချန်းသည် သူ့ကို ခြေနှစ်လှမ်းလောက်ဖြင့် အမှီလိုက်ကာ အဝတ်အခြောက်ခံသည့် ခြံထဲသို့ ဘေးချင်းယှဥ်လျှောက်သွားရင်း သက်ပြင်းချလိုက်လေသည် " ဒါပေမဲ့ အစ်ကိုကျောင်းက အစ်ကို့အပေါ်ကိုတော့ တော်တော်ကောင်းတာ"


ကျင်းစစ်၏ နှလုံးခုန်နှုန်းသည် အနည်းငယ် မြန်ဆန်နေပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကွေးတက်သွားကာ အင်း လို့အသံပြုလိုက်လေသည်။


အဝတ်အခြောက်ခံသည့် ခြံထဲတွင် ယင်းကျောင်းသည် မိန်းကလေးဆောင်အစွန်ဘက်သို့ လက်ညှိုးထိုးပြကာ ကျင်းစစ်ကို မေးလိုက်လေသည် " မင်းလုပ်ရမှာက ဒီဘက်ပိုင်းလား..."


ကျင်းစစ်သည် ခေါင်းငြိမ့်လိုက်ပြီး နံရံတွင် ယင်းကျောင်းမှီထားသော တံမြက်စည်းတံကို ယူကာ သူ့ဘေးနားသို့ လျှောက်လာလေသည်။


ယင်းကျောင်း ရယ်လိုက်ကာ သူ့ဆီသို့ လက်ဆန့်တန်းပေးလိုက်လေသည် " ဒီကို ယူလာခဲ့ ကိုယ်လုပ်ပါ့မယ်လို့ ပြောတာကို အဲ့တာကို ယူပြီးဘာလုပ်မလို့လဲ..

"


"တူတူလုပ်ရအောင်" ကျင်းစစ်သည် သူ၏ လက်ကိုရှောင်လိုက်ပြီး ကိုယ်ကိုကိုင်းကာ အမှိုက်အိတ်ကို လှဲလိုက်ရင်း ခိုင်ခိုင်မာမာ ပြောလေသည်


 " လူနှစ်ယောက်ဆိုရင် ပိုပြီးမြန်မြန် ပြီးတယ်လေ" 


ကျင်းစစ်သည် သူ၏အလုပ်အားလုံးကို ယင်းကျောင်း တစ်ယောက်တည်းကို တာဝန်လွှဲမည်ကို မဟုတ်ကြောင်းကို ယင်းကျောင်း သိလေသည်။ သူ အနည်းငယ်ကူကယ်ရာမဲ့သွားပြီး အနည်းငယ်နွေးထွေးသလို ခံစားလိုက်ရကာ ကျင်းစစ်အား အမှိုက်နည်းသောနေရာသို့ အတင်းသွားခိုင်းလိုက်လေသည်။ 


တန်းခွဲ 7 မှ စုစုပေါင်းလူလေးယောက်သည် အဝတ်အခြောက်ခံသည့် နေရာတွင် တာဝန်ကျပြီး လူအများစုသည် အတွင်းအပြင်ကို သန့်ရှင်းရန် တာဝန်ကျလေသည်။


သူတို့နှစ်ယောက်သည် စကားကောင်းကောင်း မပြောရသည်မှာ ရက်အနည်းငယ် ကြာပြီ ဖြစ်ကာ ယင်းကျောင်းသည် အကြာကြီးထိန်းမထားနိုင်တော့ပေ။ ဝူဝေ့ချန်းသည် သူနှင့် အဝေးတွင် ရောက်နေသည်ကို တွေ့သောအခါ သူသည် မထိန်းနိုင်ဘဲ ကျင်းစစ်ကို စနောက်လိုက်ပြန်သည်။


သူသည် တံမြက်စည်းလှဲတံကို မြေပြင်ပေါ်တွင် ထောင်ကာကိုင်ထားရင်း ကျင်းစစ်ဘက်သို့ ကြည့်ကာ အပြုံးဖြင့် ပြောလိုက်လေသည် " ကျင်းရှန် ကိုယ်ကြားတာတော့ မင်းကအဝတ်အခြောက်ခံတဲ့ ခြံထဲမှာ အလုပ်လုပ်ရတာ ကြိုက်တယ်ဆို အမှန်ပဲလား?"


ကျင်းစစ်သည် မွန်းကျပ်သွားပြီး ရှက်ရွံ့သွားလေသည်။


ယင်းကျောင်းသည် ပြုံးလိုက်လေသည်။ သူ၏ မျက်နှာသည် တည်တည်ငြိမ်ငြိမ်ပင် " ကိုယ် မင်းကို မေးတာကို ဘာလို့ဘာမှ မပြောတာလဲ?"


ယင်းကျောင်းသည် ရည်ရွယ်ချက်ရှိရှိ မေးနေခြင်းကို ကျင်းစစ် သိသောကြောင့် သူ၏ ပါးများသည် ပူနွေးသွားလေသည်။


 ငါဘာပြောရမှာလဲ...ငါကြိုက်တာက ဒီနေရာ မဟုတ်ဘဲ ဒီနေရာမှာ ရှိခဲ့တဲ့ အဓိပ္ပါယ်လို့လား...


"မင်းဘာလို့ ကြိုက်တာလဲလို့..." ယင်းကျောင်းသည် ရှုပ်ထွေးနေသယောင် ဟန်ဆောင်လိုက်ပြီး ပြင်းပြင်းထန်ထန် အနိုင်ကျင့်လေသည်


 " ဒီနေရာက လူခြေတိတ်တော့ ဒီနေရာက မင်း မဟုတ်တာလုပ်ဖို့ ပိုသင့်တော်လို့လား..."


ကျင်းစစ်သည် သူ၏ စကားကြောင့် ရှက်သွားလေသည် "ကောကော..."


"ဟမ်?"


"မင်း..." ကျင်းစစ်သည် သူ၏ ခေါင်းကို အနည်းငယ်စောင်းကာ နူးညံ့စွာ ပြောလိုက်လေသည် " ဘာလို့လဲဆိုတာ မင်းသိပါတယ်"


ယင်းကျောင်းသည် သူ၏ ရှက်နေသော ပုံစံလေးကို ကြည့်လိုက်ရင်း သူ့နှလုံးသားသည် အရည်ပျော်ကျတော့မလို ခံစားနေရသည်။ သူ၏ ဆုကို လက်ခံရန် စတိတ်စင် ပေါ်သို့ တက်ရသည့်နေ့တွင် သူသည် တင်းမာခပ်ထန်နေကာ အနည်းငယ်ပင် မပြုံးပေ။ သို့သော် သူ၏ထိုကဲ့သို့သော နူးညံ့မှုနှင့် ရှက်ရွံ့မှုများကို ယင်းကျောင်း ရှေ့တွင်သာ ပြလေသည်။


သူ့ကို ထိတွေ့လိုမရတာ တော်တော် ဆိုးတာပဲ


ယင်းကျောင်း နောင်တရစွာ သက်ပြင်းချလိုက်လေသည်။ မဟုတ်ပါက သူတို့၏ ပထမဆုံးအနမ်းအား ယခုနေရာတွင် ထပ်မံပြုလုပ်ရန် အဆင်ပြေမည်ပင်။ 


ကျင်းစစ်သည် မှတ်ဥာဏ်ကောင်းသောကြောင့် ထိုအချိန််က သူ၏ လျှာကို ဆန့်ထုတ်လိုက်ချိန်တွင် သူ၏လျှာအား ကိုက်မိခြင်းကို ရှင်းရှင်းလင်းလင်း မှတ်မိမည်ပင်။


"မင်းက ငတုံးလေးလား..." 


ယင်းကျောင်းသည် သူ၏ အိတ်ကပ်ထဲမှ အုန်းသီးချိုချဥ်ကို ယူလိုက်ကာ ကျင်းစစ်ကို အသားချင်း မထိစေရန် သတိထားကာပေးလိုက်လေသည် 


" ကိုယ်က မင်းရှေ့မှာလေ အဲ့ဒါကို ဘာလုပ်ဖို့ ဒီအဝတ်ခြောက်ခံတဲ့ နေရာမှာ စောင့်နေတာလဲ..."


သူ၏ နှုတ်ခမ်းတွင် ကောက်ကျစ်သော အပြုံးဖြင့် ကျင်းစစ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည် " ကိုယ့်ဆီက အနမ်းကို လိုချင်လို့လား..."


ယင်းကျောင်း၏ မျက်ဝန်းများသည် အနည်းငယ် ရှည်လျားပြီး သူ၏ မျက်နှာပေါ်တွင် အမူအရာမဲ့နေချိန်၌ သူသည် မာနကြီးကာ စော်ကားရန်စရန် ခက်ခဲပုံ ပေါ်လေသည်။


သူ၏ အကြည့်များနှင့် ဆုံသောအခါ ကျင်းစစ်၏ နှလုံးသားသည် တဒုတ်ဒုတ်ခုန်သွားပြီး သူ၏ လည်ဂုတ်သည် ထုံကျင်သွားလေသည်။


"လိုချင်တာလား မလိုချင်တာလား..." ယင်းကျောင်းသည် ဆက်လက်၍ ဖိနှိပ်ရင်း ထိန်းချုပ်ထားကာ မေးလေသည်။


ကျင်းစစ်သည် သူ၏ ရှက်ရွံ့မှုများကို ခုခံလိုက်ကာ ခေါင်းငြိမ့်ပြလိုက်၏။


ငါတကယ် အဲ့အကြောင်းကို တွေးနေခဲ့တာ


ကျင်းစစ်သည် ယင်းကျောင်းကို နမ်းရသည်ကို အလွန်ကြိုက်လေသည်။ ထိုအချိန်တွင် သူတို့၏ အသက်ရှူသံများသည် ရောထွေးနေပြီး သူတို့၏ နှုတ်ခမ်းများနှင့် သွားများသည် အလွန်နီးကပ်နေကာ လေပင်မတိုးနိုင်ပေ။


သူတို့သည် ပွေ့ဖက်ခြင်း သို့မဟုတ် နမ်းခြင်းကို မပြုလုပ်ရသည်မှာ ရက်အတော် ကြာပြီဖြစ်ပြီး ယင်းကျောင်း တစ်ယောက်တည်းသာ ခံစားနေရခြင်း မဟုတ်ပေ။


ယင်းကျောင်းသည် မတတ်နိုင်ဘဲ စိတ်ထဲတွင် သူ့ကိုယ်သူသာ ဆူပူလိုက်လေသည်။ သူသည် ကျင်းစစ် နာခံမှုရှိရှိ တုံ့ပြန်သည်အား တောင့်မခံနိုင်ပေ။ သူသည် ကျင်းစစ်ကို တွေ့သည့်အချိန်တိုင်း ပို၍ နက်နက်ရှိုင်းရှိုင်းသာ ပတ်သက်ချင်ပြီး သူအနိုင်ကျင့်နေချိန်တွင် ကျင်းစစ် နာခံမှု ရှိမရှိကို ကြည့်ချင်လေသည်။ 


သူ၏ အတွေးများကြောင့် သူသည် ပူလောင်လာလေသည်။ ယင်းကျောင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အနည်းငယ် အက်ရှရှအသံဖြင့် ပြောလိုက်လေသည်


 "အိုကေ ကိုယ်မင်းကို မစတော့ဘူး အလုပ်လုပ်ရအောင်"


သူတို့နှစ်ယောက်သည် နောက်ဆုံးအဆင့်မှ လွဲ၍ အရာအားလုံးကို ပြုလုပ်ခဲ့လေသည်။


ကျင်းစစ်သည် ယင်းကျောင်း၏ လက်ရှိအခြအနေကို တွေ့သောအခါ တံမြက်စည်းကို ခပ်တင်းတင်း ကိုင်လိုက်ရင်း အံကြိတ်ကာ ပြောလိုက်လေသည်


 " ကောကော မင်း...မင်း ငါ့ကို ပြီးတဲ့အထိစောင့်..."


"မင်း ဘာတွေတွေးနေတာလဲ?" ယင်းကျောင်းသည် ချိုချဥ်ခွံကို ခွာလိုက်ရင်း ချိုချဥ်ကို ပါးစပ်ထဲသို့ ပစ်ထည်လိုက်ပြီး သူ့ကို ဆက်ပြောခွင့် မပြုပေ " ကိုယ် မင်းနဲ့ အတူရှိနေတာက အဲ့ကိစ္စတစ်ခုတည်းကြောင့်လို့ ထင်နေတာလား..."


သူသည် ချိုချဥ်ခွံအား အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး အလေးအနက် ပြောလိုက်လေသည် " စိတ်ဖိစီးခံမနေနဲ့ အဲ့အကြောင်းကိုလည်း မတွေးနဲ့ မင်းရှိနေသ၍ ဘာမှ အရေးမကြီးဘူး"


ကျင်းစစ် ဆို့နင့်သွားပြီး ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်လေသည်။


"နောက်ပြီးတော့..."


ကျင်းစစ် မော့ကြည့်လိုက်လေသည်။


ယင်းကျောင်းသည် စိတ်တိုစွာ ပြုံးလိုက်ပြီး ခပ်အုပ်အုပ်အသံဖြင့် ပြောလိုက်လေသည် " အဲ့ဒါက အခုရောနောက်ရော မင်းအပိုင်ပဲ ဒီေကာက မင်းအတွက် ထိန်းသိမ်းထားပေးထားမှာ"


ကျင်းစစ်သည် ကြက်သေသေသွားပြီး အသိပြန်ဝင်ချိန်တွင် သူ၏ လက်ထဲမှ တံမြက်စည်းတံသည် မြေပြင်ပေါ်သို့ အသံကျယ်ကျယ်ဖြင့် ပြုတ်ကျသွားလေသည်။


သူ ရှက်ရွံ့နေသွားပြီး ဘောလုံးလေးသကဲ့သို့ ကျုံ့သွားသည်ကို တွေ့သောအခါ ယင်းကျောင်း နံရံကိုမှီရင်း အရိုင်းဆန်စွာ ရယ်လိုက်လေသည်။


သန့်ရှင်းရေးလုပ်ခြင်းသည် ထင်ထားသည်ထက် စောပြီးသွားလေသည်။ နေ့လည်မတိုင်ခင်တွင် တန်းခွဲ 7 ၏ တာဝန်အားလုံးကို ပြီးဆုံးသွားလေသည်။


တမနက်ခင်းလုံး အလုပ်လုပ်ပြီးသောအခါ ကျောင်းသားတိုင်းသည် ပင်ပန်းနွမ်းလျနေလေသည်။ ထို့အပြင် သူတို့တွေ နေ့လည်အားလပ်ချိန်ရှိ၏။ ထိုအခိုက်အတန့်တွင် သူတို့၏ နှလုံးသားသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားလေသည်။ အတန်းထဲတွင် စာလုပ်နေသူ တစ်ယောက်မျှပင် မရှိပေ။ သူတို့သည် စားပွဲခုံတွင် လှဲနေကာ ဆရာလျှို၏ အတန်းမရှိကြောင်း ကြေငြာမည်ကို စောင့်နေရင်း စကားတိုးတိုးပြောနေကြလေသည်။ 


ဟယ်ကျိုးသည် သူ၏ ဖုန်းကိုကိုင်ထားရင်း ဖမ်ချန်းချန်းအား တက်တက်ကြွကြွ ပြောလိုက်လေသည် " စောသေးတယ် အချိန်လည်း ရှိတယ်ဆိုတော့ နေ့လည်စာစားပြီးရင် ရုပ်ရှင်သွားကြည့်ကြမလား..." 


အရှေ့ဘက်မှ ကျင်းစစ်၏ နားရွက်များသည် ရုတ်တရက် ထောင်တက်သွားလေသည်။


ဖမ်ချန်းချန်း၏ နွေးနေ့သည် ယနေ့တွင် ဖြစ်ကြောင်းနှင့် သူသည်လည်း သူတို့နှင့် ညစာသွားစားမည် ဖြစ်ကြောင်း ယင်းကျောင်းသည် သူ့အားမနေ့က ပြောပြခဲ့လေသည်။


ရုပ်ရှင်...


ဟယ်ကျိုးက ဆက်၍ ပြောနေတုန်းပင် " ဒီအပစ်အခတ် ဇာတ်ကားက rating အရမ်းမြင့်တယ် ငါတို့ အဲ့တာ သွားကြည့်ကြမလား? ကြည့်ပြီးရင် Yueweixuan ကိုသွားကြမယ်လေ"


အပစ်အခတ်ဇာတ်ကား ? !


ကျင်းစစ် စိုးရိမ် ပူပန်သွားလေသည်။ 


ယင်းကျောင်းသည် သိက္ခာကို ဂရုစိုက်ပြီး သူ၏ သွေးမြင်လျှင် မူးလဲတတ်သောအကျင့်ကို ကျင်းစစ်မှ လွဲ၍ မည်သူမျှ မသိပေ။ ဖမ်ချန်းချန်းရဲ့ မွေးနေ့ပွဲပါတီကို အကုန်လုံး သွားကြမှာဆိုတော့ အဲ့အချိန်ကျရင် သူ မငြင်းနိုင်ရင် ဘယ်လိုလုပ်မလဲ...


ငါ လိုက်သွားသင့်လား...


ထိုအတွေးရောက်လာသည်နှင့် ကျင်းစစ် ငြင်းပယ်လိုက်လေသည်။