အပိုင်း၁၀၉
Viewers 14k

Chapter 109

Chapter 109


အခု ယင်းကျောင်းနဲ့ သူ ထိတွေ့လို့လည်းမရဘူးလေ သူ့ကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး ယင်းကျောင်းက ရုပ်ရှင်ရုံထဲမှာ နှစ်နာရီလောက်ကြာအောင် မျက်လုံးပိတ်ပြီး ဘယ်လိုလုပ် နေနိုင်ပါ့မလဲ...


ကျင်းစစ်သည် ခေါင်းလှည့်ကာ ဟယ်ကျိုးအား မေးလိုက်လေသည် " ယင်းကျောင်းရော သွားမှာလား..." 


ဟယ်ကျိုး အတော်ကြာတွေးနေလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည် " သူလည်း လိုက်လောက်မှာပါ"


သူတို့သည် အစ်ကိုကျောင်းနှင့် အတူတူ ရုပ်ရှင်ရုံသို့ မသွားဖူးပေ။ ပြောသည်မှာ သူ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ရတာ ကြိုက်သည်ဟုပင်။ သို့သော် ယခုအကြိမ်တွင် သူသည် ပါတီတက်ရန် သဘောတူလိုက်သောကြောင့် ရုပ်ရှင်ရုံသို့လည်း လိုက်လောက်လေသည်။


" သူမလိုက်ဘူး"


ဟယ်ကျိုးနှင့် ဖမ်ချန်းချန်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ကျင်းစစ်သည် မျက်လုံးကို မှိတ်ကာ ရှက်ရွံမှုများသည် အဆင်မပြေမှုများကို သည်းခံရင်း ပြောလိုက်လေသည် " ငါ သူနဲ့ တူတူ အဲ့ဇာတ်ကားကို သွားကြည့်မလို့"


ယင်းကျောင်း မငြင်းနိုင်လောက်မည်စိုးသောကြောင့် ကျင်းစစ် ငြင်းလိုက်လေသည်။


"အိုး အဲ့လိုလား" ဟယ်ကျိုးသည် အမှန်ဖြစ်လောက်မည်ဟု ယုံကြည်သောကြောင့် စိတ်မဝင်စားဟန် ပြောလိုက်လေသည် " အိုကေ ဒါဆို တခြားတစ်ခုခု ပြောင်းရအောင် စိတ်ကူးယဥ် ဇာတ်လမ်းမျိုးတွေလည်း ကောင်းတာပဲ"


ကျင်းစစ်၏ နားများသည် နီရဲနေပြီး ပြောလိုက်လေသည် " အဲ့ဒါရောပဲ... အဲ့တာကိုလည်း ငါ ယင်းကျောင်းနဲ့ တူတူကြည့်ဖို့ လုပ်ထားတာ"


ဟယ်ကျိုး, ဖမ်ချန်းချန်း : "..."


ဟယ်ကျိုးသည် ကျင်းစစ်ကို ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။ အစ်ကိုစစ်က ဘယ်လို ရုပ်ရှင်ဇာတ်လမ်းမျိုးကြီးတွေကို ကြိုက်တာတုန်း... ဒါမှမဟုတ်... အစ်ကိုကျောင်းရဲ့ အကြိုက်တွေနဲ့ လွှမ်းမိုးခံလိုက်ရတာလား...


ဒါပေမဲ့ မရီးက အတိုင်းအဆမရှိပါ့လား


ဟယ်ကျိုးသည် ဖုန်းကို အောက်သို့ချလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည် " ဒါဆိုလည်း ကျွန်တော်တို့ မသွားတော့ဘူး ရုပ်ရှင်ကြည့်ရတာ အရမ်းလည်း စိတ်ဝင်စားဖို့ မကောင်းပါဘူး ဂိမ်းပဲကစားကြတော့မယ်"


ကျင်းစစ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဟယ်ကျိုးကို ဆောရီးဟု ပြောပြီးသောအခါ စာဖတ်ရန် ရှေ့သို့ ပြန်လှည့်သွားလေသည်။


နောက်ဘက်တွင် ဟယ်ကျိုးနှင့် ဖမ်ချန်းချန်းသည် စားပွဲခုံအောက်တွင် ဖုန်းများဖြင့် စာရိုက်ကာ တိုးတိုးတိတ်တိတ် ပြောနေကြလေသည်။


[ဦးလေးဟယ်] : အစ်ကိုစစ်က ကြွားနေတာလား...ငါ ရုတ်တရက်ကြီး ကြောက်တောင်လာပြီ...


[ဖမ်ချန်းချန်း] : မဟုတ်လောက်ပါဘူး


[ဦးလေးဟယ်] : ဒါဆို အစ်ကိုကျောင်းကို ငါတို့နဲ့ ဘာလို့ ရုပ်ရှင်ကြည့်ခွင့် မပေးတာလဲ... ငါတို့က ဟိုနေရာက ကလူ၏မြူ၏ လုပ်တတ်တဲ့ မိန်းမတွေလည်း မဟုတ်ဘူးလေ 


[ဖမ်ချန်းချန်း] : ငါလည်း မသိဘူးလေ


[ဦးလေးဟယ်] : အရေးတော့မကြီးပါဘူး ငါလည်း အဲ့လောက်သွားချင်နေတာ မဟုတ်ဘူး ပျင်းလို့ ဘာလုပ်ရမယ်မှန်းမသိလို့သာ


[ဦးလေးဟယ်] : ဒါပေမဲ့ သူတို့ ကွဲနေတာမလား?


[ဖမ်ချန်းချန်း] : အင်း...သူတို့ကွဲနေတဲ့ပုံလည်းမပေါ်ဘူး


[ဦးလေးဟယ်] : မင်းပဲ သူတို့ကွဲနေတာလို့ ပြောခဲ့ပြီး အခုကျတော့ အဲ့လို မဟုတ်ပြန်ဘူးတဲ့ 


[ဖမ်ချန်းချန်း] : ငါလည်း နားမလည်ဘူးလေဟ


[ဦးလေးဟယ်] : မေ့လိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာက မင်းကိစ္စလည်း မဟုတ်ဘူးလေ


ယင်းကျောင်းသည် သန့်စင်ခန်းမှ ပြန်လာသောအခါ ဟယ်ကျိုးသည် သူ့ကို ထိုအကြောင်းအား တိတ်တိတ်လေး ပြောလိုက်လေသည်။


ယင်းကျောင်းသည် သူတို့ရုပ်ရှင်ရုံကို သွားမည်အား မသိခဲ့ပေ။ အကယ်၍ သွားရမည်ဆိုလျှင်လည်း သူ့တွင် ငြင်းရန် အကြောင်းပြချက်များရှိလေသည်။ ငါးနှစ်ကြာသည်အထိတိုင် သူသည် ၎င်းအား ဖုံးကွယ်ထားနိုင်လေသည်။


သို့သော် သူကြိုက်နှစ်သက်သူထံမှ ဂရုစိုက်ခံရခြင်းသည် သူ၏ ခံစားချက်များကို ကောင်းမွန်စေပြီး သူ၏ နှလုံးသားသည် အပျော်များဖြင့် ပြည့်နှက်ကာ လျှံကျနေလေသည်။


ကျင်းစစ်နားမှာ သင်္ချာကို ကြိုက်တဲ့ သူတွေ ရှိတော့ရော ဘာဖြစ်လဲ... သူ့ထက်ပိုတော်တော့ရော ဘာလုပ်ရမှာလဲ...


သူတို့ခွဲနေရရင်တောင် ကျင်းစစ် ဂရုစိုက်တဲ့လူက သူတစ်ယောက်တည်းရယ်


ယင်းကျောင်းသည် ကျင်းစစ်၏ နောက်ဘက်မှ မြင်နေရသော ခေါင်းလေးကို သူ၏မေးအား လက်ဖြင့်ထောက်ကာ ကြည့်နေရင်း မနေနိုင်ဘဲ ရယ်လိုက်မိလေသည်။


ဆရာလျှိုသည် နှောင့်နှေးမနေဘဲ အတန်းထဲသို့ ဝင်လာပြီး လုံခြုံရေးစည်းကမ်းများကို ထပ်၍ပြောပြပြီး ညနေကိုယ်ပိုင်စာကြည့်ချိန်တွင် ပြန်လာရင် မလိုကြောင်း ပြောပြီး သွားခွင့် ပေးလိုက်လေသည်။


ယင်းကျောင်းနှင့် ဟယ်ကျိုးသည် ကျောင်း၏ ဂိတ်ပေါက်မှ ထွက်သွားကြပြီး ကျင်းစစ်နှင့် လီကျိုးသည် ကန်တင်းတွင် စားပြီးသောအခါ အပြင်ဘက် ရေချိုးဆောင်သို့ သွားကြလေသည်။ လီကျိုး၏ အံ့အားသင့်သော အကြည့်အောက်တွင် သူ တစ်ယောက်ခန်းကို တောင်းလိုက်ပြီး ရေချိုးပြီးသောအခါ အဆောင်သို့ပြန်ပြီး အိပ်လေသည်။


လေ့ကျင့်ရေးစခန်းတွင် ကျင်းစစ်သည် အမှန်တကယ် ပင်ပန်းသောကြောင့် ပြန်လာပြီး ရက်များစွာ ကြာသည့်တိုင် သူ ပြန်လည်ကောင်းမွန်လာသည်ဟု မခံစားရဘဲ ယခုရက်များတွင် အိပ်ရေးမဝသလို ခံစားနေရလေသည်။


ခေါင်းအုံးနှင့် ထိသည်နှင့် အိပ်ပျော်သွားကာ အိမ်မက်ထပ်မက်ပြန်သည်။


ထိုအိမ်မက်ထဲတွင်လည်း သူနှင့် ယင်းကျောင်းသည် ချစ်သူများပင်။


သူတို့သည် အထက်တန်း ပထမနှစ်တည်းက တစ်ယောက်နှင့်တစ်ယောက် သိနေကြပြီး သိပ္ပံကို ​အတူတူ ရွေးချယ်ကာ တူညီသော တက္ကသိုလ်သို့ သွားခဲ့လေသည်။


သူတို့၏ တက္ကသိုလ် ဒုတိယနှစ်မရောက်ခင်အထိ အရာအားလုံးသည် အဆင်ပြေနေသေးသည်။


"မင်း စိတ်ချလက်ချ သေလို့ရပြီ အခုကစပြီး မင်းပိုင်သမျှက ငါ့အပိုင်တွေ ဖြစ်သွားပြီ ယင်းကျောင်း အပါအဝင်ပေါ့"


သူ၏ သေဆုံးရသည့်အကြောင်းအရင်းအား အိမ်မက်မမက်သေးသော်လည်း ယခုအကြိမ်တွင် ကျင်းစစ်သည် သူ့အား အနားကပ်ကာ ရက်စက်စွာ ကျိန်ဆိုနေသော လူ၏ မျက်နှာကို မြင်လိုက်ရတော့သည်။ ၎င်းသည် ချောင်းအန်ယန်းပင်။


ကျင်းစစ်သည် သူ၏ အိမ်မက်များမှ လန့်နိုးလာသောအခါ သူသည် ချွေးအေးများဖြင့် စိုရွှဲနေပြီး ရုတ်တရက် ထထိုင်လိုက်ကာ အသက်ကို အလုအယက် ရှူနေရလေသည်။


သူသည် ယင်းကျောင်းအား လေ့ကျင့်ရေးစခန်းသို့မသွားမှီ ဘူတာရုံတွင် နှုတ်ဆတ်ခဲ့ခြင်းကို ကြုံဖူးနေသလို ခံစားခဲ့ရကြောင်း မှတ်မိလေသည်။


အဲ့ဒါက သူမက်ဖူးတဲ့ အိမ်မက်လိုပဲ


အတန်းမစခင်တွင် သူသည် ယင်းကျောင်းအား နေ့လည်တွင် တွေ့ရန် ပြောခဲ့ပြီး ... ထို့နောက်တွင် သူတို့ တစ်ယောက်ကို တစ်ယောက် ထပ်၍ မတွေ့ရတော့ပေ။


ကျင်းစစ် အိပ်ယာထဲမှ ထလိုက်ပြီး ဓါတ်ဆားရည်ဘူးကို ယူလိုက်ကာ ပါးစပ်အပြည့်နှစ်ငုံ သောက်လိုက်လေသည်။


လီကျိုးက အဆောင်ထဲတွင် မရှိပေ။ သူ တစ်ပတ်လုံးတွင် နေ့တစ်ဝက်သာ အားလပ်ချိန် ရသောကြောင့် ၎င်းအားအလွန်တန်ဖိုးထားပြီး ထိုအချိန်တွင် သူ၏ ညီမနှင့်အတူ ဂိမ်းမြို့တော်သို့ အရုပ်ကောက်ရန် သွားလေသည်။ ထို့ကြောင့် သူ၏ ရေချိုးခန်းသုံး ပစ္စည်းများကို ကျင်းစစ် ပြန်ယူလာခဲ့ရလေသည်။


ရေအေးအေးက သူ၏ လည်ချောင်းမှတဆင့် ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားကာ တသိမ့်တိမ့်တုန်သွားပြီး ကျင်းစစ်၏ နှလုံးခုန်နှုန်အား တည်ငြိမ်သွားစေသည်။


သူ အိပ်ယာလက်ရမ်းကို မှီထားရင်း အိပ်ယာဘေးတွင် မတ်တတ်ရပ်နေကာ အအေးဓါတ်ကို ခံစားလိုက်ရပြီး သူ၏ လက်ချောင်းများသည် တုန်ယင်သွားလေသည်။


ယခင်တစ်ခေါက်တွင် သူသည် ယင်းကျောင်း၏ ကောလိပ်မှ တစ်ပိုင်းတစ်စကိုသာ အိမ်မက်မက်ခဲ့သော်လည်း ယနေ့တွင် သူသည် သူတို့နှစ်ယောက်တွေ့ဆုံရာမှ ချစ်သူဖြစ်သည်အထိ ဖြစ်စဥ်တစ်ခုလုံးနီးပါးကို အိမ်မက်မက်ခဲ့လေသည်။


၎င်းသည် အရမ်းထင်ရှားပြီး ယုတ္ထိရှိကာ အိမ်မက်နှင့်ပင် မတူဘဲ နောက်ထပ် ဘဝတစ်ခုကဲ့သို့ပင်။


အိမ်မက်ထဲတွင် သူသေသွားသည်အထိ ယင်းကျောင်းသည် သူတို့နှုတ်ဆက်ခဲ့သည့်နေရာတွင် ရပ်စောင့်နေသေးကြောင်းကို တွေးလိုက်မိသောအခါ ကျင်းစစ်၏ နှလုံးသားသည် အပ်များဖြင့် ထိုးစိုက်ခံရသလို ဆိုးဆိုးဝါးဝါး နာကျင်လာလေသည်။


သူသည် လက်ကိုတင်းတင်းဆုပ်ထားကာ သူ့ကိုယ်သူ အသိမပျောက်သွားစေရန် ဖိအားပေးလိုက်လေသည်။


ထိုမတိုင်ခင်တွင် ကျင်းစစ်သည် သူမည်သူဖြစ်ကြောင်းကို သံသယမဝင်ခဲ့ဘဲ သူသည် ဝတ္ထုကမ္ဘာထဲသို့ အမှတ်တမဲ့ ရောက်ရှိလာသူဟုသာ ထင်ခဲ့လေသည်။


သို့သော် ယခုအိမ်မက်သည် ထိုသို့မဟုတ်ကြောင်း သူ့ကို နားလည်စေလိုက်သည်။


၎င်းမှာ သူသည် ကူးပြောင်းလာသလို မဟုတ်ဘဲ ပြန်လည်ရောက်ရှိလာသလိုပင်။


ကျင်းစစ်၏ မျက်စံအိမ်များသည် အနည်းငယ် ကျယ်လာပြီး အိပ်ယာပေါ်သို့ ထိုင်ရက်ကျသွားကာ သူ၏ လက်ထဲမှ ဓါတ်ဆားရေဘူးကို အတော်ကြာသည်အထိ ကိုင်ထားလိုက်ပြီး သူ၏ အခြေအနေကို အနည်းငယ် တည်ငြိမ်သွားစေရန် ထပ်သောက်လိုက်လေသည်။


ထို ဝတ္ထုထဲတွင် ချောင်းအန်ယန်းသည် ပြန်လည်မွေးဖွားလာပြီးနောက် ပြန်လည်တိုက်ခိုက်နိုင်လာပြီး သူ၏ နားတစ်ဖက်ပေါ်မှ မှဲ့နီလေးကဲ့သို့ မှဲ့လေးသည် ချောင်းအန်ယန်း၏ နားပေါ်တွင် တစ်ပုံစံတည်း ပေါ်လာလေသည်။


ချောင်းအန်ယန်းသည် ပြန်လည်မွေးဖွားလာသော်လည်း သူ၏ အဆင့်များသည် အောက်ခြေမှ တက်မလာပေ။ သို့သော် ကျင်းစစ်၏ နားပေါ်တွင် ရှင်းလင်းနေပြီး ဘာမျှ ရှိမနေပေ။


အိမ်မက်ထဲတွင် ချောင်းအန်ယန်း ပြောခဲ့သော စကားကို တွေးမိသောအခါ ကျင်းစစ်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး သူ၏ အသက်ရှူသံများသည် ပိုမို မြန်ဆန်လာလေသည်။


သူသည် အခြားကမ္ဘာသို့ မည်သို့ ရောက်လာကာ မည်သို့ ပြန်သွားရမည်ကို မသိပေ။ ဝတ္ထုထဲတွင် ဘာဆက်ဖြစ်မည်ကိုလည်း မသိပေ။ သို့သော် ချောင်းအန်ယန်းသည် အချို့သောနည်းလမ်းများကို သုံးပြီးသူ့၏ ဘဝကို ဖျက်ဆီးပြီး သူ့နေရာတွင် အစားထိုးရန်လုပ်ခဲ့သည်မှာ အသေအချာပင်။


ကျင်းစစ်၏ ကျောသည် နံရံတွင် ကပ်နေပြီး သူ၏ မျက်လုံးများသည် နီရဲနေလေသည်။ အစတည်းက ယင်းကျောင်းနဲ့ ငါက ချစ်သူတွေ ဖြစ်ခဲ့တာ


သူ ဤနေရာသို့ ရောက်လာခြင်းမှာ မတော်တဆလဲမဟုတ်သလို ဘုရားသခင်၏ လှည့်ကွက်လည်း မဟုတ်ပေ။ ကံတရားကြောင့်သာ ဖြစ်၏။


ရုတ်တရက် ကျင်းစစ်သည် ယင်းကျောင်းအား အလွန်တွေ့ချင်လာလေသည်။ သူသည် ဖုန်းကို စမ်းကာ ယူလိုက်ပြီး wechat မှ ယင်းကျောင်းဆီသို့ စာပို့လိုက်လေသည်။ 


သူ၏ ခေါင်းအုံးအောက်ရှိ တစ်စုံတစ်ခုသည် တုန်ခါလာသောအခါ ကျင်းစစ်သည် ကြက်သေသေသွားပြီးနောက် ယင်းကျောင်း၏ ဖုန်းသည် သူ့ဆီတွင် ဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်လေသည်။


သူလှမ်း၍ ဖုန်းကိုထုတ်ယူလိုက်ပြီး လက်ထဲတွင် ကိုင်ထားကာ ဖြည်းဖြည်းချင်း ပွတ်နေလေသည်။


ညနေခင်းပင် ဖြစ်နေပြီး မီးရောင်များသည် အိပ်ခန်းထဲတွင် ဖွင့်မထားသောကြောင့် အနည်းငယ် မှောင်နေပြီး အနက်ရောင် ဖုန်းသည် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့မတတ်ပင်။


ကျင်းစစ်သည် ၎င်းကို ကိုင်ထားပြီး နားလည်ရခက်စွာပင် သက်တောင့်သက်သာ ခံစားလိုက်ရလေသည်။။


ထိုအရာသည် ယင်းကျောင်း နေ့စဥ်သုံးသောအရာဖြစ်ပြီး သူ၏ အငွေ့အသက်များကို ခံစားရလေသည်။


အတော်ကြာ၍ စိတ်တည်ငြိမ်သွားသောအခါ ကျင်းစစ်သည် ယင်းကျောင်း ဖုန်းကို ဖွင့်လိုက်ပြီး wechat ကိုဖွင့်ကာ သူအခုလေးတင်ပို့ထားသာ မက်ဆေ့ချ်ကို ဖျက်ပစ်ရန် ပြုလုပ်လိုက်ချိန်တွင် သူ၏ အကြည့်များသည် အပေါ်မှ chat ပေါ်သို့ ရောက်သွားပြီး ဂရုမက်ဆေ့ချ်ထဲတွင် မထင်မှတ်စွာ သူနှင့်ဆိုင်သော အကြောင်းအရာကို တွေ့လိုက်ရလေသည်။


[ဦးလေးဟယ်] : မင်းက နေ့တိုင်းကြွားနေတော့တာပဲ အစ်ကိုစစ် ဒီအကြောင်းကို သိလား...


သူသည် ယင်းကျောင်း၏ ဖုန်းကို ယူထားသည်မှာ ကြာပြီဖြစ်သော်လည်း ကျင်းစစ်သည် ၎င်းအားတမင်တကာ ယူမကြည့်ခဲ့ပေ။


သူသည် မသိစိတ်အရ group chat ကိုဖွင့်လိုက်မိပြီး စကားပြောမှတ်တမ်းကို ဆွဲလိုက်ကာ ဟယ်ကျိုး ဘာကို ဆိုလိုသည်အား သိချင်နေလေသည်။


ထို့နောက်တွင် သူဘယ်တုန်းကမျှ မသိခဲ့သော ကမ္ဘာတစ်ခုသည် သူရှေ့တွင် ပေါ်လာလေသည်။


သူတို့ ရည်းစားဘဝ၏ တိုးတက်မှု တစ်ခုချင်းစီအားတွေ့လိုက်ရပြီး ကျင်းစစ်၏ ယင်းကျောင်းအတွက် လုပ်ပေးသမျှကို ယင်းကျောင်း ကြွားထားလေသည်။


မက်ဆေ့ချ်အားလုံးသည် အရိုက်ခံရရန်အတွက် တောင်းဆိုမှုများသာ ဖြစ်သော်လည်း ကျင်းစစ်ကို ထိန်းမရနိုင်စွာ ပျော်ရွှင်စေလေသည်။


ယင်းကျောင်းက သူ့သူငယ်ချင်းတွေရှေ့မှာ ငါ့ကို ဒီလို ဖော်ပြသဘောထားခဲ့တာလား...


ကျင်းစစ်၏ ပါးများသည် ပူနွေးလာပြီး သူ၏ နာမည်အား search box တွင် နှိပ်ကာ ရှာလိုက်ပြီး ပေါ်လာသည်များကို တစ်ခုချင်း နှိပ်ကြည့်နေလေသည်။


သူ မက်ဆေ့ချ်တစ်ခုကို တွေ့သောအခါ သူ၏ လက်ချောင်းထိပ်များသည် ရုတ်တရက် ရပ်တန့်သွားလေသည်။


လကုန်ရက်တွင် ကျင်းပသော ပါတီသည် သူထင်ထားသော အတန်း၏ ပုံမှန် ညစာစားပွဲ မဟုတ်ခဲ့ပေ။ ယင်းကျောင်းသည် သူ အိမ်မပြန်ချင်သည်ကို သိသောကြောင့် သူ့အတွက် တမင်တကာ ပွဲကို လုပ်ပေးခဲ့ခြင်း ဖြစ်နေသည်။


ကျင်းစစ်၏ မျက်ခမ်းများသည် နီရဲလာပြီး မျက်နှာကို အုပ်ရန် လက်ကို မြှောက်လိုက်သော်လည်း သူ၏ ပေါ်နေသော နှုတ်ခမ်းထောင့်များသည် ကွေးတက်နေလေသည်။


____


အခြားတစ်ဖက်ရှိ Yueweixuan ၏ အခန်းတစ်ခုတွင် ယင်းကျောင်းသည် ဟယ်ကျိုး ပေးသော မွေးနေ့ ကိတ်မုန့်ကို ငြင်းလိုက်ပြီး ဘဲသားဂေါ်ဖီချဥ် ဟင်းချိုခွက်အားယူလိုက်ပြီး ဖြည်းဖြည်းချင်း သောက်နေလေသည်။ 


သူနှင့် မျက်နှာချင်းဆိုင်တွင် ကျန့်ချွယ်သည် ယုန်ခေါင်းအစပ်ကို ကိုက်စားနေရင်း ပြောလိုက်လေသည် " ငါတို့ ဘီယာအနည်းငယ်ကိုပဲ သောက်ထားတာ ကျန်တာတွေကို ပြန်သွင်းလို့ ရမလားမသိဘူး"


ဖမ်ချန်းချန်းသည် ဗလာဖြစ်နေသော အမူအရာဖြင့် ပြောလိုက်လေသည် " ဖြစ်နိုင်တာပဲလေ"


ယင်းကျောင်း သူ့ကိုလှည့်ကြည့်လိုက်လေသည် " မင်းသောက်လို့ မကုန်ရင် ဘာလုပ်မလို့လဲ..."


ကျင်းစစ်နှင့် အတော်ကြာအတူရှိနေပြီးနောက် သူ့တွင်လည်း ကျင်းစစ်၏ အမူအကျင့်များကို မသိသာစွာဖြင့် စတင်လုပ်လာလေသည်။


"အဲ့အကြောင်းမပြောနဲ့" 


သူတို့တွင် အူလုံ လက်ဖက်ရည် ရှိတော့မည်ဟု တွေးလိုက်ချိန်တွင် ဟယ်ကျိုးသည် သူ၏ အပျော်များကို မထိန်းနိုင်ဘဲ ပြောလိုက်လေသည် " ကျွန်တော်တို့က အစ်ကို အစ်ကိုကျောင်းနဲ့ လမ်းခွဲလိုက်ပြီလို့ ထင်နေတာ နောက်ပြီးရင်တော့ အစ်ကို့ကို မူးအောင်လုပ်ပြီး မေးမယ်ပေါ့"


( Eng T/ n : အူလံုဆိုတာ အနက်ရောင် လက်ဖက်ရည်တဲ့ ဟယ်ကျိုးက ယင်းကျောင်းကို လမ်းခွဲတယ်ထင်လို့ အူလုံလက်ဖက်ရည်နဲ့ နှိုင်းလိုက်တာလား မသိဘူး)


ယင်းကျောင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ ထိုကဲ့သို့သော စကားမျိုးကို မကြားနိုင်တော့ပေ။


သူတို့တွင် ရွေးချယ်စရာ မရှိတော့ဘဲ ထိုသို့လုပ်ရမည်ဆိုလျှင် သူနှင့် ကျင်းစစ် လမ်းခွဲရမည် ဖြစ်လေသည်။ ထို့အပြင် သူသည် လက်ဦးမှုယူကာ လမ်းခွဲမည်ပင်။


"လမ်းခွဲတယ်" ဆိုသော စကားကို ကြားရသည့်အချိန်တိုင်း နာကျင်ရလေသည်။


သူ ဟင်းချိုခွက်ကို ချလိုက်ပြီး ခေါင်းငုံ့ကာ ဘီယာ တစ်ငုံ သောက်လိုက်လေသည်


 " ရူးနေလား... ငါတို့ အဆင်ပြေနေတာပဲလေ ဘာလို့ လမ်းခွဲရမှာလဲ?"


"ဒါဆို ဘာလို့ ရုတ်တရက်ကြီး ထိုင်ခုံနေရာလဲတာတုန်း..." 


ကျန့်ချွယ်သည် သိချင်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သောကြောင့် အခွင့်အရေးရချိန်တွင် ချက်ချင်း မေးလိုက်လေသည် " နောက်ပြီးတော့ အစ်ကိုက အဲ့နေ့က အေးစက်စက်နဲ့ တစ်ညလုံး တိတ်ဆိတ်နေတာလေ"


သူပြောပြီးသောအခါ သူရုတ်တရက် အလင်းပေါက်သွားလေသည် " မဖြစ်နိုင်တာ အစ်ကိုကျောင်း မင်း အစ်ကိုစစ်နဲ့ စကားများပြီးတော့ အစ်ကိုစစ် လာချော့မှာကိုစောင့်ဖို့ အိမ်ကနေ ထွက်ပြေးခဲ့တာလား?"


ဟယ်ကျိုးသည် ကြက်သားအစပ်ကို ပလုတ်ပလောင်းစားနေရင်း ချောင်းဆိုးသွားပြီး ဖမ်ချန်းချန်း၏ မျက်နှာပေါ်သို့ စင်တော့မလိုပင် ဖြစ်သွားလေသည်။


ယင်းကျောင်းသည် သူ့ကို မော့ကြည့်လိုက်လေသည်


 " မင်းရဲ့ အတွေးအခေါ်တွေကလည်း မင်းရဲ့ အမှတ်တွေလိုပဲ အရမ်းအားနည်းတာပဲ"


သူ နောက်ထပ် ဘီယာ တစ်ငုံကို သောက်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်လေသည် " မင်းစကား ပြောတော့မယ်ဆိုရင် မင်းရဲ့ညာလက်က အသားမာတွေကို အရင်ကြည့် တကယ်ကို မင်းက စင်ဂယ်ဆိုရင် ချစ်သူတွေကြားက အခြေအနေကို ခန့်မှန်းဖို့ မလုပ်နဲ့ အိုကေ..."🌚


ကျန့်ချွယ် : "..."


ကျန့်ချွယ် အလွန်စိတ်ဆိုးသွားကာ နှလုံးကို ​သွေးမလျှောက်သည့် ရောဂါကိုပင် ခံစားရတော့မတတ် ဖြစ်သွားကာ အသက်ရှူကြပ်နေရင်း သရော်လိုက်လေသည် " ဟားဟား မင်းက ကြမ်းတမ်းနေသေးတာပဲ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့က အခြေအနေ အတိအကျကို သိတာ မဟုတ်ဘူး"


ဟယ်ကျိုးသည်လည်း ကမန်းကတမ်း ခေါင်းငြိမ့်လိုက်လေသည် " ဟုတ်တယ် အမှန်ပဲ"


"ပြောတာမှန်တယ် ချီးကျူးပါတယ်" ယင်းကျောင်းသည် သူ၏ အင်္ကျီလက်များကို ခေါက်တင်လိုက်ကာ လက်ကောက်ဝတ်မှ သူ၏ စုံတွဲလက်ပတ်ကို ပြလိုက်ရင်း ပြုံးလိုက်လေသည်


 " ဒီနေ့လည် ဘာလို့ ငါတို့ ရုပ်ရှင်မကြည့်ရတာလဲဆိုတာကို မင်းကို ပြန်သတိပေးဖို့ လိုလား..."


ကျန့်ချွယ် ဆို့နင့်သွားကာ စကားမပြောနိုင်တော့ပေ။ 


ယင်းကျောင်း ရယ်ရင်းခေါင်းငုံ့ကာ ဆက်စားနေချိန်တွင် ဖမ်ချန်းချန်းက ရုတ်တရက် ပြောလိုက်လေသည် 


" မင်းမှာ ပြောစရာရှိရင် ပြောပါ ပြသနာ ရှာမနေနဲ့"


ဟယ်ကျိုး ကြက်သေသေသွားလေသည် 


" ဘယ်လို ပြသနာမျိုးလဲ..."


.......


စာရေးသူမှာ ပြောစရာ ရှိပါတယ် :


ပြဇာတ်ရုံငယ်ထဲတွင် ~


အစ်ကိုကျောင်း : ငါတို့ ထိတွေ့လို့ မရသေးပေမဲ့လည်း ငါ ကျင်းစစ် အတွက် ထိန်းသိမ်းပေးထားတယ် သူ အနာဂါတ်မှာ အရည်ညှစ်စက်လေးဖြစ်လာမှာကို စောင့်နေတာ