အပိုင်း၁၁၀
Viewers 14k

Chapter 110

Chapter 110


ဖမ်ချန်းချန်းသည် အတော်ကြာ တုံ့ဆိုင်းနေပြီး ပြောလိုက်လေသည် " လိုင်းပေါ်က လောင်းကစားတွေအကြောင်းကို တနေ့က အစ်ကိုကျောင်း ကျွန်တော့်ကို မေးတယ်" 


ထိုအချိန်တွင် ပြင်းပြင်းထန်ထန် အရိုက်ခံထားရသော ကျန့်ချွယ်သည်ပင် ခေါင်းမော့လိုက်လေသည်


 " အစ်ကိုကျောင်းကလား..."


"မင်း ဘာတွေတွေးနေတာလဲ ငါ အဲ့ဒါတွေ လုပ်မယ်ထင်နေတာလား... ငါက သတင်းမှာတွေ့လိုက်လို့ ဒီတိုင်းပဲ မေးလိုက်တာ" 


ယင်းကျောင်းသည် တူဖြင့် ငါးနှင့် ဂေါ်ဖီထျဥ်ကိုယူကာ သူ့ပန်းကန်ထဲသို့ ထည့်လိုက်လေသည်။ သူ ထိုအခွင့်အရေးကို ယူလိုက်ပြီး သူ၏ မျက်လုံးထဲမှ အေးစက်မှုများကို ဖုံးကွယ်ရန် ခေါင်းငုံ့ကာ ကိုက်စားလိုက်လေသည်။ 


ပြန်လည်မွေးဖွားလာပြီးနောက် ချောင်းအန်ယန်း နောက်ဆုံးလိုချင်ခဲ့သည့်အရာမှာ သူ၏ ယခင်ဘဝအခြေအနေမျိုးသို့ ကျရောက်ခြင်းပင်။


သို့သော် လောင်းကစားသည် ဤကမ္ဘာတွင် ဖြတ်တောက်ရန် ဒုတိယအခက်ဆုံးသောအရာပင်။ ထိုကဲ့သို့သော ဝါသနာကို ပြောင်းလဲရန် ခက်ခဲ၏။ ချောင်းအန်ယန်းကို အဲ့ကိစ္စနဲ့ ဖျားယောင်းသွေးဆောင်ရင် သူတကယ်ခံနိုင်ပါ့မလား...


ယင်းကျောင်း သူ၏ နှုတ်ခမ်းထောင့်စွန်းများကို ကောက်ကျစ်စွာ တွန့်ကွေးလိုက်လေသည်။ 


လုပ်ကြည့်ကြတာပေါ့...


ယင်းကျောင်းသည် ညနေပိုင်း 7 နာရီတွင် စာလုပ်ရန် ပြန်ရမည်ဖြစ်သောကြောင့် အခြားသူများသည် စားသောက်ပြီးသောအခါ သူတို့၏ အစီအစဥ်များကို ဖျက်ပစ်ခဲ့လေသည်။ သူ ကွမ်းတုန်စတိုင် စားသောက်ဆိုင်တွင် ထုတ်ပိုးကာ ကင်ထားသော ခိုနှစ်ကောင်ကို ယူ၍ ကျောင်းသို့ ပြန်သွားလေသည်။


ကျင်းစစ်သည် အခုရက်အတောအတွင်းတွင် အတော်လေး အလေးချိန်ကျသွားသည့်အတွက် သူသည် ၎င်းအား ပြန်လည်ပြုပြင်ပေးရမည်ဖြစ်၏။


ထိုခိုသားသည် အေးသွားမည်ကို စိုးသည့်အတွက် သူမြန်မြန်လျှောက်သွားသောကြောင့် အမှတ်တမဲ့ ခလုတ်တိုက်မိလေသည်။


သူ၏ နောက်ဘက်မှ ဟယ်ကျိုး ပြောလိုက်လေသည်


 " အစ်ကိုကျောင်း အစ်ကို မူးမနေပါဘူးနော်...အစ်ကိုရဲ့ အရက်သောက်နိုင်စွမ်းက မကောင်းဘူးပဲ"


ယင်းကျောင်းသည် ဘက်ပေါင်းစုံတွင် မကောင်းဘူးဟု မည်သူမျှ မပြောနိုင်ပေ။


ယင်းကျောင်း နောက်လှည့်လိုက်ကာ သူ့ကို စောင်းကြည့်လိုက်လေသည်


 " ဘယ်လိုမူးတာလဲ...ငါကျင်းစစ်ကို ကြိုက်တယ်ဆိုတာကိုတော့ သိသေးတယ်"


သူသောက်ထားသော စွပ်ပြုတ်ရည် : " ..."


ဟယ်ကျိုး သက်ပြင်းရှိုက်လိုက်ပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်ပစ်ချင်စိတ်ကို ထိန်းချုပ်ရင်း ပြောလိုက်လေသည် " ထွက်သွားတော့ !!!! "


ကျောင်းသို့ ရောက်သောအခါ ယင်းကျောင်းသည် ကျင်းစစ်ကို ရှာရန်အတွက် အဆောင်သို့ သွားချင်လေသည်။ သို့သော်အချိန်ကို ကြည့်လိုက်သောအခါ သူ အတန်းထဲတွင် ရှိနေလောက်မည်ဟု ခန့်မှန်းလိုက်ကာ အတန်းသို့ ကြိုသွားလိုက်လေသည်။


သူ၏ ခန့်မှန်းမှုမှာ မှန်သွား၏။ ကျင်းစစ်သည် သူ၏ ထိုင်ခုံတွင် ထိုင်နေကာ စာဖတ်နေလေသည်။ လှုပ်ရှားသည့်အသံကို ကြားသည့်တိုင် ခေါင်းမော့မကြည့်ပေ။


ယင်းကျောင်း သူ့နားသို့ လျှောက်သွားလိုက်ကာ သူ၏ ခုံကို လက်ဖြင့် တောက်လိုက်လေသည် " ကိုယ် မင်းစားဖို့အတွက် ဝယ်လာတယ် ကိုယ်နဲ့ လိုက်ခဲ့"


ခိုကင်သည် အဆာပြေမုန့် မဟုတ်သည့်အတွက် အတန်းထဲတွင် စားရန် မသင့်တော်ပေ။ ယင်းကျောင်းသည် ကျင်းစစ်အား ကော်ရစ်ဒါ အဆုံး၏ ထောင့်စွန်းသို့ ခေါ်သွားကာ ရပ်တန့်လိုက်လေသည်။ ထို့နောက် ဘူးကိုဖွင့်လိုက်ကာ ကျင်းစစ်အား တူတစ်စုံကို ပေးလိုက်လေသည် " မင်းညစာစားထားတာကို သိလို့ ကိုယ်အများကြီးဝယ်မလာဘူး စားနိုင်သေးရဲ့လား?"


အိမ်မက်ကြောင့် ကျင်းစစ်၏ နှလုံးသားသည် အနည်းငယ်ချဥ်တူးနေတုန်းပင်။ ယခု ယင်းကျောင်းထံမှ အစာကျွေးခံရသောအခါ ၎င်းသည် ချိုမြိန်လာလေသည်။


ယင်းကျောင်းသည် အပြင်ထွက်စားလျှင်ပင် သူ့ကို မမေ့လျော့ပေ။


ကျင်းစစ်သည် တူကို ယူလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည် " စားနိုင်သေးတယ်"


"ကောင်းတာပေါ့ မြန်မြန်စားတော့ အေးသွားရင် မကောင်းတော့ဘူး"


ကျင်းစစ် ခေါင်းညိတ်ရင်း ခိုကင်အပိုင်းလေးကို တူဖြင့် ကိုင်ထားလေသည်။ သူသည် တန်းမစားဘဲ သူ၏ ခေါင်းက်ုမော့ကာ ယင်းကျောင်းကို မေးလိုက်လေသည်


 " ကော မင်းရော နည်းနည်းလောက်စားဦးမလား..."


ယင်းကျောင်းသည် ဗိုက်ပြည့်နေကာ ထပ်မစားချင်တော့ပေ။ သို့သော် ကျင်းစစ်၏ အကြည့်များ သူ့အပေါ်ရောက်လာချိန်တွင် သူစိတ် ပြောင်းသွား၏။


စာသင်ဆောင်တွင် ဝင်ပေါက်နှစ်ပေါက်ရှိပြီး တစ်ခုသည် ကျောင်းသားများ ဝင်ထွက်သော အဓိက ဝင်ပေါက်ဖြစ်ပြီး အခြားတစ်ခုသည် ယင်းကျောင်းနှင့် ကျင်းစစ် မတ်တတ်ရပ်နေသော နေရာနှင့် ဆက်သွယ်ထားလေသည်။ လှေကားများသည် ကျဥ်းမြောင်းကာ မှောင်မဲနေပြီး သန့်စင်ခန်းများနှင့် ဝေးသောကြောင့် မည်သူမျှ ဤနေရာတွင် ဖြတ်သွားဖြတ်လာမလုပ်ကြပေ။


ယင်းကျောင်း လှေကား၏ တစ်ဖက်ဆီကို ကြည့်လိုက်ပြီး မည်သူမျှ တက်မလာသည်ကို တွေ့သောအခါ နံရံကို ပျင်းရိစွာ မှီလိုက်ပြီး ပြောလိုက်လေသည် " စားမယ် ဒါပေမဲ့ ကိုယ့်ဖာသာကိုယ်တော့ မစားချင်ဘူး"


ကျင်းစစ် သူ၏ ပြုံးနေသော မျက်လုံးများကို တွေ့သောအခါ သူဘာကို ဆိုလိုသည်အား ချက်ချင်း နားလည်လိုက်လေသည်။


သူမငြင်းပေ။ အရိုးနည်းသော အသားပိုင်းလေးကို ဘူးထဲမှ ယူလိုက်ပြီး နီရဲနေသော နားရွက်များဖြင့် ယင်းကျောင်း၏ ပါးစပ်နားသို့ တေ့ပေးလိုက်လေသည်။


ကျင်းစစ်သည် အနည်းငယ်စိတ်မသက်မသာဖြစ်စွာဖြင့် ပြောလိုက်လေသည် " မင်း စီချွမ်းအစားအစာတွေ သွားစားတာ မဟုတ်ဘူးလား?"


" အင်း" ယင်းကျောင်းသည် ခေါင်းငုံ့ကာ ခိုသားကို ကိုက်လိုက်ပြီး မသဲမကွဲ ပြောလိုက်လေသည် " နေရာက Yueweixuan ဆိုင်ရဲ့ ဘေးနားလေးတင် အဲ့တာကြောင့် အဲ့မှာ ဝယ်လိုက်တာ"


ကျင်းစစ်၏ နှလုံးသားလေးသည် နွေးထွေးနေပြီး သူသည် အသားပိုင်းတစ်ခုကို ယူလိုက်ခါ ပါးစပ်ထဲထည့်လိုက်လေသည်။


ယင်းကျောင်းသည် ကိုယ့်ဖာသာ စားရမှာ ပျင်းသည်ဟုသော စကားကို ပြောခဲ့ပြီး ကျင်းစစ်သည်လည်း သူ့ကို ယုံခဲ့လေသည်။ သူစားပြီးတော့မည်ကို တွေ့သောအခါ ကျင်းစစ်သည် ဘူးအဖုံးကို ဖွင့်ပြီး ပြောလိုက်လေသည်


 " ကော မင်းတော့ အန်ထွက်ကုန်တော့မှာပဲ"


ယင်းကျောင်းသည်လည်း လက်ကို မြှောက်လိုက်မိချိန်တွင် သူတို့နှစ်ယောက်၏ လက်များထိသွားလေသည်။


ယင်းကျောင်း ဒေါသထွက်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်ကာ စိတ်ဆင်းရဲစွာ ပြောလိုက်လေသည်


 " ကိုယ် ဂရုမစိုက်သလို ဖြစ်သွားတယ် အရမ်းနာသွားလား..."


ကျင်းစစ် စကားမပြောပေ။ သူ၏ လက်ကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်လေသည်


 " အရမ်းမနာတော့ဘူးလို့ ထင်တယ်..."


ယခုရက်အတောအတွင်းတွင် စာမေးပွဲ မရှိသေးသောကြောင့် ၎င်းသည် စာနှင့်မသက်ဆိုင်ဘဲ သူတို့၏ ခံစားချက်များနှင့်သာ ဆိုင်လေသည်။ ယင်းကျောင်း၏ နှလုံးသားထဲမှ ကျောက်တုံးကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သူ၏ ခန့်မှန်းချက်များ မှန်ကန်သွားခဲ့ပုံ ပေါ်လေသည်။


ကျင်းစစ် ငါ့ဖုန်းထဲမှာ တစ်ခုခုကို တွေ့သွားတာကြောင့် ဖြစ်နိုင်မလား...


သူတွေးနေတုန်း ကျင်းစစ်သည် ရုတ်တရက် ရောက်လာပြီး သူ့လက်ကို ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလေသည် " ထပ်စမ်းကြည့်ရအောင် ! "


ယင်းကျောင်း ရုတ်တရက် ရှောင်လိုက်လေသည် " မလုပ်နဲ့ နေဦး..."


"ကော" 


ကျင်းစစ် ခေါင်းမော့ကာ သူ့ကို ကြည့်ရင်း အသနားခံသလို နူးညံ့စွာ ပြောလိုက်လေသည် 


" ခဏလောက်ပါဘဲ ထပ်လုပ်ကြည့်ရအောင် အဲ့ဒါက တကယ် မနာတော့ဘူး"


ပုံမှန်အားဖြင့် ကျင်းစစ်သည် နာခံမှု ရှိသောကြောင့် ယင်းကျောင်းသည် မတတ်နိုင်ဘဲ သူ့ကို အလိုလိုက်ခံရသောကလေးကဲ့သို့ လုပ်ခွင့်ပေးလိုက်မည်ပင်။


သူ မငြင်းနိုင်တော့ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ပေးရင်း ပြောလိုက်လေသည် 


" တစ်ခါပဲနော် တစ်ခါပဲ အိုကေ..

"


ကျင်းစစ် ချက်ချင်း ခေါင်းငြိမ့်ပြလိုက်ပြီး ဆွဲလိုက်လေသည်။


အမှန်ပင်။ ယခင်က သူတို့နှစ်ယောက် အသားချင်းထိတွေ့ချိန်တွင် ဓါးဖြင့် အလှီးခံနေရသလို နာကျင်ခဲ့လေသည်။ ယခုတွင် နာကျင်မှုသည် ကုတ်ခြစ်ခံနေရသလောက်သာ ရှိပြီး သည်းခံနိုင်လေသည်။


ကျင်းစစ်၏ မျက်လုံးများသည် တောက်ပသွားပြီး သူ၏ စကားလုံးများသည် ပျော်ရွှင်မှုကြောင့် ဗလုံးဗထွေး ဖြစ်နေလေသည်


 " တကယ်ပဲ.... တကယ်အရမ်းမနာတော့ဘူး ! "


"သိပြီ" ထိုသို့ပြောသော်လည်း ယင်းကျောင်းသည် သူ့ကို ထပ်မထိရဲသေးပေ။ ယခင်က ကျင်းစစ်၏ များပြားသော ဖြစ်ပျက်ခဲ့သည့် မှတ်တမ်းများသည် သူ့ကို သတိပေးနေလေသည်။ အနည်းငယ် ဆိုလျှင်တောင် ယင်းကျောင်း သူ့ကို မနာကျင်စေပေ။


သူ၏ လက်ကို ခါကာ ဆွဲထုတ်လိုက်လေသည် " အရင်လွှတ်ပေးဦး မင်း ကိုယ့်စကားကို နားမထောင်ရင် ..."


ယင်းကျောင်း ပြောလို့မဆုံးသေးခင်တွင် ရင်းနှီးနေသော ယောင်္ကျားသံတစ်သံ အနောက်ဘက်မှ ရုတ်တရက် ပေါ်လာလေသည် " ယင်းကျောင်း ကျင်းစစ်"


ဆရာလျှိုသည် အပေါ်တက်လာကာ သူတို့၏ ချိတ်ဆက်ထားသော လက်များကို မျက်တောင်မခတ်ဘဲကြည့်လိုက်မိကာ သူ၏ နှလုံးသားထဲတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာလေသည် 


" မင်းတို့ ဘာလုပ်နေတာလဲ?"


ယနေ့တွင် သူသည် စက်ဘီးကို ဂိတ်၌ထားခဲ့ပြီးနောက် အပေါ်သို့ တက်လာလေသည်။ သို့သော် တတိယထက်သို့ ရောက်သည်နှင့် လက်များအချင်းချင်း ဆုတ်ကိုင်ထားသော လူနှစ်ယောက်နှင့် တွေ့လိုက်ရမည်ဟု မထင်ခဲ့ပေ။


အကယ်၍ အတိတ်တွင် ဆိုပါက ဆရာလျှိုသည် အများကြီးတွေးနေမည် မဟုတ်ပေ။ သို့သော် အရင်စာသင်နှစ်ဝက်က ချောင်းအန်ယန်း၏ ယင်းကျောင်းအတွက် ရည်းစားစာကို တွေ့ပြီးကတည်းက တစ်ခါတစ်ရံတွင် ယောင်္ကျားလေးများကိုလည်း စောင့်ကြည့်ရန်လိုကြောင်း နားလည်လိုက်လေသည်။


ထို့အပြင် ယင်းကျောင်းတို့နှစ်ယောက်သည် မည်သူမျှ မရှိသောနေရာတွင် ရိုးရိုးလက်ကိုင်ထားခြင်းမဟုတ်ဘဲ သူတို့၏လက်ချောင်းများကို ယှက်နွယ်ထားခြင်း ဖြစ်၏။ ၎င်းသည် ဟိုလိုလို ဒီလိုလို အဓိပ္ပာယ် သက်ရောက်စေသည်။


ထိုနှစ်ယောက်သည် အတော်ကြာ ကြက်သေသေသွားပြီး သူတို့၏ ခေါင်းများကို တပြိုင်တည်း လှည့်လိုက်ချိန်တွင် ဆရာလျှို၏ မုန်တိုင်းအစပျိုးတော့မည့် မျက်လုံးများကို တွေ့လိုက်ရလေသည်။


ကျင်းစစ်၏ နှလုံးသားသည် မြန်ဆန်စွာ ခုန်နေပြီး သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းနေလေသည်။ သူတွေးပင်မတွေးနိုင်ဘဲ မသိစိတ်အရ အလိုအလျောက် ယင်းကျောင်းရှေ့တွင် မတ်တတ်ရပ်လိုက်လေသည် " ဆရာ ကျွန်တော် ..."


"ဆရာ" ယင်းကျောင်းသည် သူ၏ လက်များကို ကျင်းစစ်လက်ထဲမှ ညှင်သာစွာ ထုတ်ယူလိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်လေသည် 


" ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့် အပြစ်ပါ"


ဆရာလျှို၏ ဦးနှောက်ထဲတွင် တဝီဝီမြည်သွားပြီး ရှုပ်ထွေးသွားလေသည်။ သူ၏ နှလုံးသားထဲမှ ဒေါသများကို ထိန်းချုပ်ထားရင်း မှောင်မဲသောမျက်နှာထားဖြင့် မေးလိုက်လေသည်


 " မင်းဘာအပြစ် လုပ်ခဲ့လဲ..."


ယင်းကျောင်း၏ အမူအရာသည် မပြောင်းလဲဘဲ သဘာဝကျကျပင် သက်ပြင်းချကာ ပြောလိုက်လေသည် "ပဒေသရာဇ်စနစ်ရဲ့ အယူသီးတာတွေအစား ကျွန်တော်ကိုယ်တိုင် ကြိုးစားပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်သင့်တာ စာနတ်ဘုရားရဲ့ ရောင်ဝါလက္ခဏာတွေကို ကိုးကွယ်တဲ့ နည်းလမ်းတွေနဲ့ စာမေးပွဲမှာ ရလဒ်တွေတိုးတက်ဖို့ မမျှော်လင့်ခဲ့သင့်ဘူး"(🤣)


ဆရာလျှို : " ... "


မာစတာဘွဲ့ရခဲ့ပြီးနောက် ဆရာလျှိုသည် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းသို့ ဝင်ရောက်လာလေသည်။ သူသည် ထိုနှစ်အတောအတွင်းတွင် အတန်းပေါင်းများစွာကို သင်ပေးခဲ့ဖူးသောကြောင့် ထိုကဲ့သို့သော အရာမျိုးသည် ထူးဆန်းမနေတော့ပေ။


စာမေးပွဲမတိုင်ခင်တွင် အတန်းထဲမှ အတော်ဆုံးကျောင်းသားများသည် အခြားသူများဖြင့် ဝန်းရံခံရလေ့ရှိသည်။ ထိုကျောင်းသားများသည် လာမည့် စာမေးပွဲတွင် ကံကောင်းစေရန်အတွက် အတော်ဆုံးကျောင်းသားများ၏ လက်များ ခေါင်းများ ကိုထိတွေ့ကာ စာတော်သော အာဏာရှင်၏ ပစ္စည်းဟု ယူဆရသော ဘောပင် ခဲဖျက်အစရှိသည်တို့ကို ပွတ်သပ်ခြင်းတို့ကို လုပ်ခဲ့လေသည်။


ယခုသည် စာသင်နှစ်ဝက်၏ ပထမဆုံး စာမေးပွဲဖြစ်သည့်အတွက် ယင်းကျောင်း၏ အကြောင်းပြချက်သည် ပြသနာ မဟုတ်ပေ။


သူ၏ ခံစားချက်များသည် ထိုးတက်သွားပြီးနောက် ရုတ်တရက် ထိုးကျသွားလေသည်။ ဆရာလျှိုသည် တဖြည်းဖြည်းချင်း စိတ်ပြေသွားပြီးနောက် သူ၏ မျက်နှာသည် ပိုကြည့်ကောင်းလာလေသည်။


သူ ယင်းကျောင်းကို ကြည့်လိုက်လေသည် " မင်းဘာလို့ အတန်းထဲမှာ မလုပ်တာလဲ... ဒီကို ရည်ရွယ်ချက်နဲ့ လာတာမလား ! "


"ကျွန်တော် ဒီမှာ လာစားလို့ မရဘူးလား?" ယင်းကျောင်းသည် ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားသော ခိုကင်ကို ယူလိုက်ပြီး ဆရာလျှိုကို လှမ်းပေးလိုက်လေသည် " ဆရာရော နည်းနည်းလောက် စားဦးမလား?"


"ထားလိုက်တော့ ... " 


ဆရာလျှို ခိုကင်ဘူးကို ကြည့်လိုက်ရင်း လက်ခါပြလိုက်လေသည်


 " စားပြီးရင် အဲ့ဘူးကို အမှိုက်ပုံးထဲထည့်နော် ကော်ရစ်ဒါမှာ အမှိုက်မဖွနဲ့"


" သိပါပြီ" ယင်းကျောင်း သဘောတူလိုက်ရင်း ခိုသားတစ်ပိုင်းကို တုံ့ဆိုင်းမှုမရှိဘဲ ယူကာ ဆရာလျှို၏ ရှေ့တွင် ကျင်းစစ် ပါးစပ်နားသို့ တေ့ပေးလိုက်လေသည်။


ထိုလုပ်ဆောင်သွားမှုသည် သဘာဝကျကျပင် ဖြစ်ပြီး အပြစ်ရှိစိတ် နည်းနည်းလေးတောင် ရှိပုံမပေါ်ပေ။


ဆရာလျှိုသည် သူ့ကို ကြည့်လိုက်ပြီးနောက် ကျင်းစစ်ကို ကြည့်ကာ မထိန်းနိုင်ဘဲ တွေးလိုက်မိလေသည်။ ဒီလို ရဲတင်းနေပုံထောက်ရင် ပြသနာ မရှိလောက်ပါဘူး


ငါ အရမ်းကို သံသယများနေတာ ဖြစ်မယ် သူတို့က လက်ချင်းကိုင်ထားရုံပါဘဲ အတန်းထဲက တချို့ကောင်လေးတွေဆို အချင်းချင်း ဘောင်းဘီခွကြားကို လိုက်ကိုင်တဲ့အပြင် အချင်းချင်း ပိရမစ်လို ဆင့်စီထားတတ်သေးတယ် နောက်ပြီး ယင်းကျောင်းနဲ့ ကျင်းစစ်က ဆက်ဆံရေးလည်း အရမ်းကောင်တာပဲကို 


တန်းခွဲ 11 က ချောင်းအန်ယန်းက ငါ့အတွေးတွေကို လမ်းလွဲအောင် လုပ်ခဲ့တာပဲ


ဆရာလျှိုသည် အနည်းငယ် စိတ်သက်သာရာရသွားလေသည်။ သူ၏ အသံသည်လည်း အနည်းငယ် တည်ငြိမ်သွားလေသည် 


" မြန်မြန်စား ပြီးရင် ပြန်ပြီးစာလုပ်ကြ စာနတ်ဘုရားဆီက ဘယ်လိုလုပ် ကိုယ်ရောင်ကိုယ်ဝါကို ကူးယူလို့ ရနိုင်မလဲ... မင်းမှာ အချိန်ရှိရင် စာသာလုပ်စမ်းပါ"


"ကျွန်တော် သိပါပြီ"


"ကျင်းစစ်" 


ဆရာလျှိုသည် ကျင်းစစ်ဘက်သို့ လှည့်လိုက်ကာ ပြောလိုက်လေသည်


 " မင်းက နောက်လကျရင် ဒုတိယအကျော့ကို ပြိုင်ရတော့မှာ မင်းမှာ အခက်အခဲ တစ်ခုခု ရှိရင် အားနာမနေဘဲ ဆရာ့ကိုပြော"


ကျင်းစစ်၏ မျက်နှာပေါ်တွင် အမူအရာမဲ့နေသော်လည်း သူ၏ နားများသည် အနည်းငယ် နီရဲနေကာ ခေါင်းငြိမ့်ပြလိုက်လေသည်။ သူ့ပါးစပ်ထဲတွင် အသားကို ဝါးနေသောကြောင့် သူ၏ အသံသည် မသဲမကွဲ ဖြစ်နေလေသည်


 " ကျေးဇူးပါ ဆရာ"


ဆရာလျှို သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး ဘာမျှ မပြောဘဲ ထွက်သွားလေသည်။


အချို့သောအရာများကြောင့် ဆရာလျှိုသည် လမ်းလျှောက်နေရင်း မှားယွင်းနေသည်ဟု ခံစားလိုက်ရလေသည်။ သူ ထိုအကြောင်းကို သေချာ ဂရုတစိုက် တွေးလိုက်လေသည်။ သို့သော် အဖြေရှာ မရသောကြောင့် ခေါင်းခါလိုက်ကာ ထိုထူးဆန်းသောအတွေးများကို ဖယ်ထားလိုက်ပြီး အတန်းထဲသို့ ဝင်သွားလိုက်လေသည်။


ကော်ရစ်ဒါတွင် ကျင်းစစ်သည် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတွင် သူတောင့်မခံနိုင်တော့ဘဲ နံရံကို မှီလိုက်လေသည်။


ယင်းကျောင်း ရယ်လိုက်ရင်း သူ့ပါးစပ်ထဲမှ အရိုးကို ​ထွေးထုတ်ခိုင်းလိုက်လေသည် 


" ကြောက်လို့လား..."


ကျင်းစစ် ခေါင်းငြိမ့်ပြလိုက်ကာ တွေးကြည့်ပြီးနောက် ခေါင်းခါလိုက်ပြန်သည်။


ယင်းကျောင်း၏ နှလုံးသားသည် ပျော့ပျောင်းသွားပြီး သူ့ကို နူးညံ့စွာ မေးလိုက်လေသည် 


" ကိုယ်သာ မင်းစကားကို ဖြတ်မပြောရင် မင်းဘာပြောတော့မလို့လဲ?"


"ငါ...ငါက မင်းအပေါ်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာလို့ ပြောတော့မလို့" ကျင်းစစ်သည် သူ၏ ခေါင်းကို အနည်းငယ် ယိမ်းလိုက်ပြီး အနည်းငယ် နီနေသော ပါးပြင်များဖြင့် တိုးတိုးလေး ပြောလိုက်လေသည်


 " ကျောင်းက ငါ့ကို ပြိုင်ပွဲမှာ ဆက်သွားနိုင်ဦးမယ်လို့ မျှော်လင့်ထားတာ သူတို့ငါ့ကို ဘာမှ၏လုပ်မှာ မဟုတ်ဘူး တကယ်လို့ ..."


သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ဆုံးဖြတ်ချက်ချထားသော အမူအရာဖြင့် ပြောလိုက်လေသည် 


" တကယ်လို့ မင်းကို ကျောင်းထုတ်ရင် ငါလည်း မင်းနောက်ကို လိုက်ခဲ့မှာ"


"တခြားသူတွေ မင်းနောက်ကွယ်မှာ အတင်းပြောမှာ ကြောက်လား..." 


ယင်းကျောင်းသည် ကျင်းစစ်ကို ကောင်းကောင်း နားလည်ပြီး သူ၏ ပုဂ္ဂိုလ်ရေးရာကို အခြားသူများရှေ့တွင် မထုတ်ဖော်လိုကြောင်းကို နားလည်လေသည်။ သူသည် နံရံအား လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ကျင်းစစ်ကို ငုံ့ကြည့်လိုက်လေသည် 


" မင်းက နာမည်ကြီးနေတာလေ တကယ်လို့ အဲ့သတင်းသာပျံ့သွားရင် မင်းကိုမသိတဲ့ လူတွေကပါ ကီးဘုတ်ဖိုက်တာတွေနဲ့ ရောပြီး အင်တာနက်ပေါ်မှာ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..." 


"အဲ့ဒါက ကိစ္စမရှိပါဘူး" 


ကျင်းစစ် မော့ကြည့်လိုက်သောအခါ ယင်းကျောင်း၏ အကြည့်များနှင့် ဆုံသွားပြီး လေးနက်စွာ ပြောလိုက်လေသည် 


" သူတို့ဘာပြောလဲဆိုတာ ငါမသိချင်ဘူး သူတို့ငါ့အကြောင်းကိုပဲ ပြောတာလည်း ကောင်းပါတယ် သူတို့ မင်းကို အာရုံမရှိတော့ဘူးပေါ့"


"မင်းက အရူးလေးလား" 


ယင်းကျောင်း၏ နှလုံးသားက နူးညံ့ပျော့ပျောင်းသွားကာ လွှမ်းမိုး ခံလိုက်ရလေသည်။ ကျင်းစစ်ကို ကြည့်နေရင်း သူ၏ မျက်ဝန်းများသည် ပိုမို ညှင်သာလာလေသည် 


" ကိုယ်သာရှိနေရင် အဲ့လို ကိစ္စဖြစ်လာနိုင်ပါ့မလား..."


ကျင်းစစ်သည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။


အတော်ကြာပြီးနောက် သူ ရုတ်တရက် ပြောလိုက်လေသည် 


"ကော"


"ဟမ်" 


"ဒါဆို မင်းရော ကြောက်လား..." 


ယင်းကျောင်း ပြုံးလိုက်လေသည် 


" အလံတိုင်အောက်မှာ ဟွန်းကိုကိုင်ပြီး ကိုယ်တို့ရဲ့ ပတ်သက်မှုကို ကြေငြာဖို့တောင် မစောင့်နိုင်တော့ဘူး ကိုယ်ကြောက်တယ်လို့ မင်းထက်လား.." 


သူ ကျင်းစစ်ကို တူပြန်ပေးလိုက်သည် 


" မြန်မြန်စား ကော်ရစ်ဒါမှာ အေးတယ် မင်းအအေးမိလို့ မဖြစ်ဘူး"


"အိုကေ" 


ထိုကဲ့သို့သော မြင်ကွင်းကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက် ဆရာလျှိုသည် ယင်းကျောင်းနှင့် ကျင်းစစ်ကို အထူးသတိထားစောင့်ကြည့်လေသည်။ သူတို့နှစ်ယောက်အား အတော်ကြာသည်အထိ လေ့လာနေပြီး ကျူးကျူးလွန်လွန် အပြုအမူတွေကို လုံးဝမပြုလုပ်သည်ကို တွေ့သောအခါမှသာ အမှန်တကယ် စိတ်သက်သာရာရသွားလေသည်။


ငါ တကယ်ကို အတွေးများနေတာနေမှာပါ။ ဆရာလျှိုသည် သူ၏ အကြည့်များကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး အတန်းဆင်းကြောင်းကို ပြောခါ အတန်းထဲမှ စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ထွက်သွားလေသည်။