အပိုင်း၁၁၃
Viewers 14k

Chapter 113

Chapter 113


ဆရာလျိုမှာ ဒီရက်ပိုင်းဂုဏ်ယူနေမိသည်။ အတန်း၇ကို အတန်းပိုင်ကိုင်ခဲ့ကတည်းက အခုလောက်ထိ သင်ညွှန်းတမ်းကိုရေးဖို့ တက်ကြွပြီး အဆင်ပြေနေခဲ့သည်မရှိ။


ဆရာတစ်ယောက်အတွက် ယင်းကျောင်းလို အမှတ်မကောင်းတဲ့ကလေးတစ်ယောက် တိုးတက်လာတာကိုမြင်ရတာလောက် စိတ်ကျေနပ်ဖို့ကောင်းတာမရှိဘူးလေ။


နှစ်တစ်ဝက်တည်းနဲ့တင် သူ့အမှတ်က ၄၀၀ကနေ ၅၆၆ဖြစ်လာခဲ့ပြီ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကတော့ ၁နှစ်နဲ့ နှစ်ဝက်ကျန်သေးသည်ကိုး။ သူသာဆက်ထိန်းသွားနိုင်ရင်...


ဆရာလျိုက ပြုံရယ်လို့မဆုံး။ သူ့အတန်းထဲတွင် အလားအလာရှိတဲ့ကျောင်းသားတစ်ယောက် ထပ်တိုးလာလေပြီ။


"လောင်လျို...မင်းကတော့ အံ့မခန်းပဲ..."


ရုံခန်းထဲအတွင်း အတန်းပိုင်ဆရာတစ်ဦးက သွားသင်ရန်ပြင်ဆင်ရင်း သူ့လည်ပင်းကိုသူပွတ်ကာပြောလာသည်


"ယင်းကျောင်းလိုကျောင်းသားတစ်ယောက်ကို ပြင်ဆင်ပေးနိုင်တာက...ဟူး..."


ဘေးနားက ဆရာအသစ်လေးက ဝင်ပြောသည်။


"ယင်းကျောင်း?... ကြားဖူးသလိုပဲ..."


ပထမဆရာက ပြန်ပြောလိုက်သည်။


"ရှောင်ချန်...မင်းကအခုမှကျောင်းကိုရောက်သေးတာဆိုတော့ မင်းမသိလောက်ဘူး...ယင်းကျောင်းက ပြဿနာရှာတဲ့ကလေးကွ...သူကျောင်းစရောက်တုန်းကဆို ဆရာတစ်ယောက် ဆေးရုံရောက်သွားတယ်...သူကအပြစ်ပေးမခံရဘူး...ဆရာကတော့ အလုပ်ထွက်သွားတယ်..."


ဆရာရှောင်ချန်က


"ဒါ မ...မလွန်လွန်းဘူးလား..."


ဆရာလျိုက ဆက်၍နားမထောင်နေတော့ဘဲ ဘောပင်ကိုကိုင်ကာ စာရွက်ပေါ်ချရေးလိုက်သည်။


"သူခိုးချဖို့ ဆရာကမေးခွန်းအောက်တယ်ပြောကြမှာပေါ့လေ...ငါ ငါ့အတန်းသားကိုနားမလည်နိုင်စရာအကြောင်းမရှိဘူး...ယင်းကျောင်းက အဲ့လိုလူ၊ အဲ့လိုလုပ်မယ့်သူမျိုးမဟုတ်ဘူး..."


ဆရာလျိုမပြောသည့်စကားများ ရှိသေး၏။ ထိုဆရာသည် ယင်း‌ကျောင်းရဲ့မိထွေးကနေ လာဘ်စားထားပြီးသည့်အပြင် ကောင်မလေးတစ်ယောက်ကို ယင်းကျောင်းကအနိုင်ကျင့်တယ်လို့ သွားပုတ်လေလွင့်ပြောဆိုထားသည်။


ဆယ်ကျော်သက်ကလေးကို ဘာလို့ဒီလိုပြောထွက်ရတာလဲ...သက်သေတွေလည်း အဲ့လောက်မလိုပါဘူး...ဆရာတစ်ယောက်အနေနဲ့ ဖြေးဖြေးလေးပဲအနောက်ကနေပြောပေးရုံပဲ...


တစ်ဖက်က စာမကြိုးစားဘူးဆိုတဲ့ကလေး...နောက်တစ်ဖက်ကတော့ ဆရာတစ်ယောက်...


ကောလဟာလတွေနဲ့ အတင်းအဖျင်းတွေကတော့ အမြန်ဆုံးပြန့်မှာပါပဲ။ အမှန်တရားကတော့ ဘယ်တော့မှ အရင်အကြားမခံရဘူးလေ။


အဲ့ဒီ ယုံကြည်ချက်ပြည့်ဝတဲ့ ဆယ်ကျော်သက်ကလေးက ယင်းကျောင်းပါ။ သူ့လိုသာ လူတကာပြောဆိုဆက်ဆံခံကြရမယ်ဆို... တစ်ခြားလူသာဖြစ်ကြည့်ပါလား.... သွေးပျက်ပြီး ကျောင်းပါထွက်သွားလိမ့်မယ်။


ဆရာရှောင်ချန်က စကားပြောမှားသွားတာ သိသည့်အတွက် ဆရာလျို၏မျက်နှာမည်းကြီးအားကြည့်ပြီး‌ ဆရာအသစ်အား မျက်ရိပ်ပြလိုက်တော့ သူဘာမှဆက်မပြောတော့ပေ။


အခြေအနေ ရာသီဥတုကိုသိလိုက်သော ဓါတုဗေဒဆရာဝမ်က


"ပြောရမယ်ဆို ကျင်းစစ်ပြီးရင် ယင်းကျောင်းက အတော်ဆုံးပဲ..."


ကျောက်ဖုန်က ပြုံးပြကာ


"လောင်လျိုရယ်...နင့်အတန်းထဲမှာလည်း အသိအမှတ်ပြုခံထားရတဲ့ကျောင်းသားရှိပြီးပြီပဲ...ကျင်းစစ်နဲ့မလုံလောက်သေးလို့ အခု ယင်းကျောင်းပါလား..."


ဆရာလျိုက ထိုစကားများကိုကြားချင်နေသည်အမှန်။ သူ့နှုတ်ခမ်းများကို မတွန့်ဘဲမနေနိုင်တော့ဘဲ


"ဘာမှမဟုတ်ပါဘူး...စာမေးပွဲလေးတစ်ခုပါပဲ...သူ့အမှတ်ကို သူထိန်းသွားနိုင်မလားကြည့်ကြတာပေါ့..."


ထိုသို့ပြောပြီးနောက် သူ့ရေဗူးနှင့် စာရွက်စာတမ်းများကိုယူကာ


"ဆက်ပြောကြနှင့်...ကျွန်တော်တော့ အတန်းဆီသွားလိုက်ဦးမယ်..."


ဆရာလျိုက ရုံးခန်းထဲမှထွက်လာပြီး အခန်း၇ဆီသို့တိုက်ရိုက်သွားလိုက်သည်။ အခန်းတွင်းသို့မဝင်သေးဘဲ အနောက်ပေါက်တွင်ရပ်ကာ ပြတင်းပေါက်မှချောင်းကြည့်နေလိုက်၏။


ယင်းကျောင်းမှာ ဘေးနားရှိကျန့်ချွယ်နှင့် စကားများမနေဘဲ ခေါင်းငုံ့ကာစာလုပ်နေသည်မြင်ရသောအခါ သူ စိတ်ကျေနပ်စွာခေါင်းညိတ်ရင်း အရှေ့ပေါက်မှ အခန်းတွင်းသို့ဝင်လိုက်သည်။


"မင်းအသံ အကျယ်ဆုံးပဲနော်!..."


ဆရာလျိုက နောက်ဆုံးလိုင်းဆီသွားပြီး ကျန့်ချွယ်ကိုစာအုပ်နှင့် ပုတ်ရိုက်လိုက်ပြီး


"ယင်းကျောင်းစာလုပ်နေတာကို ကြည့်စမ်း...သူငယ်ချင်းအချင်းချင်း အတုယူမယ်မရှိဘူး..."


ကျန့်ချွယ်က ခေါင်းငုံ့ကာ ခေါင်းကိုလက်နှင့်ကာထားသည်။


အကိုကျောင်းက အချစ်အတွက်ကြိုးစားနေတာလေ။ သူ့မှာကောင်မလေးလည်းမရှိသလို အချစ်လည်းမရှိဘူး။ ဘယ်မှာလဲ စိတ်အားထက်သန်မှု...။


တစ်ယောက်က rsနဲ့ နောက်တစ်ယောက်က သောင်ပြင်မှာလွတ်နေတဲ့ခွေးသာသာရယ်။ ဘာလို့နှိုင်းယှဉ်ရက်တာလဲ...။


ဆရာလျိုက ယင်းကျောင်း၏ဖတ်စာအုပ်ကိုလှမ်းကြည့်ကာ


"ဓါတုဗေဒကို ဘယ်လိုတွက်ရမလဲ သိတယ်နော်?..."


ယင်းကျောင်း ခေါင်းညိတ်ပြသည်။


ဆရာလျိုက ချောင်းဟန့်လိုက်ကာ


"မင်းသင်္ချာအမှတ်တွေတော့ နည်းနေသေးတယ်နော်...သင်္ချာလည်းလုပ်ဦး..."


ယင်းကျောင်း : "...."


ယင်းကျောင်းက ပြုံးကာ


"အိုကေ..."


ဆရာလျိုက သူတို့ကိုစာအချို့မေးသည်။ အတန်းတွင်းစစ်ဆေးသည်။ ‌ရိုက်သင့်တဲ့သူကိုရိုက်ကာ စာလုပ်ကြရန်မှာကြားပြီး ထွက်သွားသည်။


ယင်းကျောင်း သင်္ချာတွက်ရမည့်အချိန်မဟုတ်။ ကျင်းစစ်က သူ့ကိုအချိန်ဇယားဆွဲပေးထားသည်။ ထိုအချိန်ဇယားကို သူဘယ်တော့မှပယ်ဖျက်မည်မဟုတ်ပေ။


ဓါတုဗေဒစာရွက်များလေ့ကျင့်ပြီးနောက် ညဖက်ကိုယ်ပိုင်စာလုပ်ချိန် ထပ်ရှိသည်။ အခန်းထဲတွင် လူသိပ်မရှိတော့သောအခါ ယင်းကျောင်းက စာအုပ်ကိုပိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ကျင်းစစ်၏စားပွဲကို ခေါက်လိုက်သည်။


"ပြန်ကြမယ်..."


ဒီအတောအတွင်း သူ အဆောင်မှာနေသည်။ နေထိုင်ခွင့်လျှောက်လွှာက အကန့်အသတ်မရှိရပ်တန့်ထားသဖြင့် သူတို့သီးခြားနေကြရသည်။


ကျင်းစစ်က လွယ်အိတ်ကိုလွယ်ကာ အဆောင်သို့သူနှင့်အတူ ပြန်လာခဲ့သည်။


ယောင်္ကျားလေးများက ထိုအ‌တောအတွင်း ရေအမြန်ချိုးကြသည်။ ရေချိုးခန်းအသုံးများဆုံးအချိန်လည်း ကျော်လွန်သွားပြီဖြစ်သည်။ ကျင်းစစ်က ထောင့်တစ်နေရာကိုယူလိုက်ပြီး ခပ်မြန်မြန်ရေချိုးလိုက်သည်။ ညဝတ်အင်္ကျီလဲပြီးနောက် ယင်းကျောင်း၏အိပ်ခန်းသို့ ဖုန်း၂လုံးယူကာသွားလိုက်သည်။


ယင်းကျောင်းက စားပွဲခုံအရှေ့တွင် ဆံပင်များကိုရေသုတ်နေသည်။ စားပွဲပေါ်တွင်တော့ သူ့ခေါင်းမှရေစက်များက အစက်ပေါင်းများစွာ။


"ထိုင်လေ...ခဏ‌စောင့်..."


ကျင်းစစ်မထိုင်ဘဲ ကြည့်နေမိသည်။ ထို‌ရေစက်များက သူ့ကိုကသိကအောက်ဖြစ်စေသည်။ ခေါင်းခြောက်ကာနီးနေပြီဖြစ်သော ယင်းကျောင်းကိုကြည့်ပြီး တစ်ရှူးအချို့ကိုယူလိုက်သည်။ ပြီးနောက် စားပွဲကိုသန့်ရှင်းရေးလုပ်တော့သည်။


ဒါကိုမြင်တော့ ယင်းကျောင်းပြုံးလိုက်သည်။


ကျင်းစစ်၏OCDက တော်တော်ဆိုးသော်လည်း သူ့ကိုယ်သူထိန်းကျောင်းနိုင်လွန်းပြီး ဘယ်သူ့ကိုမှသူ့အတိုင်းလိုက်မလုပ်ခိုင်းပေ။ သူမနေနိုင်ရင် သတိပေးချင်ပေးမည်။ ဒါမှမဟုတ်ရင် သူပါးစပ်ပိတ်ကာ ထိုင်ကြည့်ချင်ကြည့်နေလိမ့်မည်။


ယင်းကျောင်းက နှုတ်ခမ်းကိုက် မျက်လုံးစောင်းကြည့်လိုက်ပြီး ခေါင်းကိုထပ်ခါလိုက်သည်။ သုတ်ပြီးသားစားပွဲပေါ်သို့ ရေစက်များက ရုတ်တရက်ထပ်ပြီးကျလာ၏။ ကျင်းစစ် ခဏကြောင်သွားပြီးနောက် အမြန်ပြန်သုတ်လိုက်သည်။


သူ့ဘေးနားတွင် ကျင်းစစ်ရှိနေတဲ့အချိန်ကို ယင်းကျောင်း ကြိုက်သည်။ သူတို့၂ဦးအတူနေတုန်းကဆို သူ့အဝတ်တွေကို ကြွက်သိုက်ကဲ့သို့ပုံထားသည်။ ဒါကို ဘာမှမပြောဘဲအလိုက်သတိ လိုက်သိမ်းစည်းပြီး အင်္ကျီခေါက်ပေးနေသောကျင်းစစ်ကို ကြည့်နေရသည်မှာ သူ့နှလုံးသားထဲတွင် အလွန်ပီတိဖြစ်မိသည်။


သုတ်လေ ရေပိုကျလေ။ ထပ်ကာထပ်ကာ သုတ်နေရသည်။ ကျင်းစစ် မော့ကြည့်လိုက်ပြီး


"အစ်ကိုကျောင်း...ပြဿနာမရှာပါနဲ့လား..."


ယင်းကျောင်းက ဘာမှမဖြစ်သလိုနေရင်း


"ဟင်...ဘာပြောတာလဲ...ဆံပင်တွေကျွတ်လို့...ရေစက်တွေကျလို့ ကိုယ့်ကိုအပြစ်တင်နေတာလား...အပိုတွေလုပ်မနေစမ်းနဲ့ကွာ..."


ကျင်းစစ် : "...."


သူတမင်တကာလုပ်နေမှန်း ကျင်းစစ်သိသည်။ နာခံမယ့်သူတစ်ယောက်အဖြစ် လက်ခံထားပြီမို့ ခေါင်းငုံ့ကာသာ ရေစက်များကိုဆက်၍သုတ်နေလိုက်သည်။ လက်ထဲမှတစ်ရှူးက ဆတ်ခနဲဆွဲယူခံလိုက်ရသည်။


"ကိုယ်ဆက်ပြီး မစ,တော့ပါဘူးကွာ..."


ယင်းကျောင်း ရယ်ကျဲကျဲဖြင့် စားပွဲကို သူ့ဘာသာသူသုတ်‌လိုက်သည်။ စားပွဲကို ပျင်းရိပျင်းတွဲနဲ့ သန့်အောင်သုတ်ပြီးသွားပြီးနောက် ကုတင်အစွန်းကိုမှီကာ ကျင်းစစ်အားမေးလိုက်သည်။


"ဒီနေ့ ဘာလို့အမြန်ရောက်လာတာလဲ?..."


ကျင်းစစ်က မေးခွန်းကိုမသိချင်ယောင်ဆောင်ကာ ဖုန်းကိုထုတ်ပေးလိုက်သည်။


"ဖုန်းလာပြန်ပေးတာ..."


ယင်းကျောင်းက


"ဟမ်?...ဘာကိုပြောချင်တာလဲ?..."


"ကျွန်တော်..."


ကျင်းစစ် မျက်လွှာချကာ တိုးတိုးလေးပြောလိုက်သည်။


"ကျွန်တော်မနက်ဖြန် လေ့ကျင့်ဖို့သွားရမယ်..."


"အဲ့ဒီတော့ ဘာဖြစ်လဲ..."


သူမသိစရာအကြောင်းမရှိ။ ကျင်းစစ်ကို ယင်းကျောင်းကမှန်တစ်ချက်လိုထိုးဖောက်မြင်နိုင်သည်။ တမင်တကာကို မေးလိုက်ခြင်းဖြစ်သည်။


သူပြောတာကို ယင်းကျောင်းဘာလို့နားမလည်နိုင်ရလဲ?


ကျင်းစစ် မျက်နှာနီမြန်းကာ ရှင်းပြလိုက်သည်။


"အချိန်ရရင် အဆက်အသွယ်ရအောင်လို့ပေါ့..."


သူတို့ခွဲကြရမှာကို စိတ်ပူနေတဲ့ကျင်းစစ်ကိုကြည့်ရင်း ယင်းကျောင်းရဲ့နှလုံးသားမှာ နူးညံ့သွားလေသည်။ သူအသာအယာလေး နှစ်သိမ့်ပေးမိသည်။


"ယူထားပါဦး...မနက်ဖြန် ဘူတာဆီ ကိုလိုက်ပို့မယ်...လက်မှတ်ဝယ်ပြီးမှ ကိုယ့်ကိုပေးပေါ့..."


"ဟင့်အင်း!..."


ကျင်းစစ်အသံက အက်ကွဲနေသည်။


"လိုက်ပို့စရာမလိုပါဘူး..."


ကျင်းစစ်ရဲ့အမူအယာက အထိတ်တလန့်။ ယင်းကျောင်းက


"ဘာလို့လဲ ပေါင်ပေ့ရယ်..မနက်ဖြန် ကိုယ့်မှာနားချိန်ရှိပါတယ်...လိုက်ပို့လို့ရပါတယ်..."


ကျင်းစစ်က ခေါင်းခါမြဲ။ မျက်နှာက ‌ခိုင်မာသေချာနေသည်။


" လိုက်မပို့စေချင်ဘူး..."


အိမ်မက်ထဲမှ နှုတ်ဆက်ပွဲက သူ့ကိုအခုထက်ထိ သက်ရောက်မှုရှိနေဆဲ။ လိုက်ပို့သည့်ယင်းကျောင်း၏ပုံရိပ်ကိုမြင်လျှင် သူစိုးရိမ်ကြောက်မိနေဆဲ။


ဘာလို့အကြောက်အကန်ငြင်းနေလဲ မသိပေမယ့် သူ့ပုံစံကြောင့် ယင်းကျောင်းအတင်းမကြိုးစားတော့ဘဲ ခေါင်းငြိမ့်ကာ


"အင်းပါလေ...အဲ့ဒါဆိုလည်း မင်းဘာသာမင်းသွားတော့ပေါ့လေ...ဘာပဲဖြစ်ဖြစ် ငါ့မှာက စည်းကမ်းကြီးတဲ့ အိမ်ထောင်ရှင်မကောင်းလေးရှိနေတယ်ဆိုတော့ သူ့စကားတစ်ခွန်းပဲပေါ့..."


ကျင်းစစ်၏မျက်နှာမှာ နီမြန်းသွားပြန်သည်။


ရှက်သွားတာလား?


ကျင်းစစ်ကိုဝေ့ကြည့်လိုက်ပြီး ယင်းကျောင်းသက်ပြင်းတစ်ချက်ချလိုက်ပြီး


"မနက်ဖြန်သွားတော့မှာဆိုတော့ ဒီညကိုယ်နဲ့အတူတူ နေမှာလား..."


"အိုကေ..."


"ဒါနဲ့ မင်းပြောတဲ့ ဝမ်ချွမ်ဆိုတဲ့တစ်ယောက်...သူ့ပုံစံကဘယ်လိုမျိုးလဲ?..."


ယင်းကျောင်း ကုတင်ပေါ်တက်ထိုင်လိုက်ပြီး အောက်ကရေဗူးကိုလှမ်းကုန်းယူရင်း မေးလိုက်သည်။


ကျင်းစစ်က ကင်မရာကိုဖွင့်လိုက်သည်။ ယင်းကျောင်းရဲ့ပရိုဖိုင်ကိုတိုးတိုးလေးဖွင့်လိုက်သည်။ လက်ကအနည်းငယ်တုန်နေပြီး နားရွက်များကနီရဲနေပြန်သည်။


"ဒီ...ဒီလိုမျိုး..."


သူရဲ့ဒုန်းဆိုင်းခုန်နေတဲ့ သူ့နှလုံးခုန်သံကိုထိန်းကာ


"သူက...သူ့အရပ်က လီကျိုးလောက်ပဲ...နည်းနည်းဝတယ်...မျက်မှန်နဲ့...ဘာ...ဘာဖြစ်လို့လဲ?..."


သူ့လောက်အရပ်မရှည်ဘဲ မချောတဲ့အတွက် ယင်းကျောင်းကျေနပ်နေမိသည်။


"ဘာမှမဟုတ်ပါဘူး...ကိုယ်..."


ယင်းကျောင်း စကားမဆုံးခင် ကျင်းစစ်ဖုန်းကို မျက်လုံးထောင့်နှင့် တစ်ချက်ကြည့်လိုက်မိပြီး ချက်ချင်းခေါင်းလှည့်လိုက်သည်။


"ပေါင်ပေ့...ဘာလုပ်နေတာလဲ..."


"ဟင်...ဘာမှမလုပ်ပါဘူး..."


ကျင်းစစ် တံတွေးများမြိုချရင်း ဖုန်းကိုကွယ်ကာ ဘေးသို့ရွေ့သွားသည်။ သို့သော် ယင်းကျောင်းက ဖုန်းကိုအမြန်ယူလိုက်သည်။


ယင်းကျောင်း ဖုန်းကို၂ခါထောက်လိုက်ပြီး ပုံတွေကိုလည်း မြင်လိုက်ရော ပြုံးသွားမိသည်။


"ကိုယ့်ပုံတွေကိုရိုက်ထားတယ်ပေါ့..."


သူ ဓါတ်ပုံခိုးရိုက်ထားတာကိုမိသွား‌တဲ့အတွက် သူ့ခေါင်းထဲမှာမီးလောင်နေသလိုပင်။ သူရှက်ရှက်နှင့် ခေါင်းငုံ့တာ တိုးတိုးလေး ပြောလိုက်သည်


"ရိုက်...ရိုက်လိုက်ရုံလေး..."


ယင်းကျောင်း၏နှလုံးသားက နူးညံ့သွားပြီး သူ့ကိုကုတင်ပေါ်တင်ကာ ပွတ်သပ်နမ်းရှုံ့ချင်လာသည်။ သို့သော် ချောင်းတစ်ဟန့် ဟန့်လိုက်ပြီးစိတ်ကိုလျော့လိုက်ကာ


"ကိုယ့်ပုံကိုလိုချင်တယ်ပေါ့..."


ကျင်းစစ် ခေါင်းညိတ်ပြသည်။


"မင်းလေးက တုံးတာလား အတာလား..."


ယင်းကျောင်း နှုတ်ခမ်းတွန့်ရုံပြုံးပြီး


"မင်း ခိုးပြီးရိုက်စရာလိုနေသေးလို့လား...မင်းလိုချင်ရင် ကြိုက်တဲ့ပိုစ့်ပြော..."


သူပြောနေရာက တစ်ချက်ရပ်လိုက်ပြီး


"အထူးပုံ တစ်ပုံရှိတာ အခုမှသတိရတယ်..."


ကျင်းစစ် မျက်လုံးများပင့်သွားသည်။


ယင်းကျောင်းက မျက်လုံးချင်းဆိုင်ကြည့်လိုက်ပြီး


"ကိုယွဘာမှမဝတ်ထားဘူး...အဓိကနေရာကိုတော့ နည်းနည်းဖုံးထားတာပေါ့ကွာ...ပို့ပေးရမလား..."


ကျင်းစစ်က ရှက်သွေးဖြာကာ အောက်နှုတ်ခမ်းကိုကိုက်ရင်း


"ကော...ဘယ်လို...ဘာလို့...အဲ့လိုမျိုးရိုက်ထားတာလဲ?..."


ဘယ်သူက အဲ့လိုပုံမျိုးကိုရိုက်ထားတာလဲ?...ပြီးတော့ သူအဝတ်မပါဘဲမြင်ဖူးတာက ဘယ်သူလဲ...


"ဘယ်လိုပုံမျိုးလဲ..."


ကျင်းစစ် မျက်လွှာချကာ


"အဲ့လိုပုံမျိုး..."


"ကျင်းရှန်...ဘာတွေစဉ်းစားနေတာလဲ..."


ယင်းကျောင်းက ရေဗူးအဖုံးကိုဖွင်းရင်း ပြောသည်။


"ဟိုးငယ်ငယ် မွေးတုန်းကပုံကိုပြောတာပါကွ...ဘာတွေတွေးနေတာလဲ..."


ကျင်းစစ်မှာ ရှက်လွန်းသဖြင့် ပုန်းစရာနေရာရှာနေရတော့သည်။


ယင်းကျောင်းကတော့ သူရှက်နေတာကိုကြည့်ပြီး ကျေနပ်ကာ ရယ်မောနေမိသည်။


ထိုညက ကျင်းစစ်၏ဖုန်းဖြင့် ယင်းကျောင်းဓါတ်ပုံများရိုက်လိုက်သည်။ မည်သို့ပိုစ့်ပေးရမှန်းမသိတော့မှသာ ရပ်တော့သည်။


နောက်တစ်နေ့ နေ့လည်စာစားပြီးချိန်တွင် ကျင်းစစ်ကလေ့ကျင့်ရေးဆီသွားခဲ့သည်။


ဒီလေ့ကျင့်ရေးစခန်းကတော့ ၉ရက်ကြာမှာဖြစ်ပြီး အရင်အတိုင်းပဲ နေ့တိုင်းမှာစာမေးပွဲတွေရှိနေမှာဖြစ်သည်။ နောက်ဆုံးတော့ ဘက်ပေါင်းစုံမှမေးခွန်းများမေးခဲ့တဲ့စာမေးပွဲ၄ခုအပြီးမှာ ဇူလိုင်လတွင်ကျင်းပမည့် နိုင်ငံတကာသင်္ချာအိုလံပစ်အတွက် နိုင်ငံကိုယ်စားပြုအသင်း၆သင်းအတွက် မန်ဘာများကို ရွေးချယ်ခဲ့သည်။


ကျင်းစစ်နှင့်ဝမ်ချွမ်တို့က ထိပ်ဆုံးမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာ သူတို့က လမ်းကြောင်းတစ်ခုတည်းပေါ်မှာဖြစ်နေသည်။


သူအခန်းအတွင်းသို့ဝင်လာသည်နှင့် ဝမ်ချွန်ကပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်


"တိုက်ဆိုင်လိုက်တာ..."


သူအပြင်ကိုလှမ်းကြည့်လိုက်ပြီး ဘယ်သူမှမရှိတာသေချာမှ တိုးတိုးလေးပြောသည်။


"ဆန်းဟလည်းငါတို့နဲ့အတူတူပဲ...ငါရုတ်တရက်ကြီး စိတ်ဖိစီးသလိုပဲကွာ..."


"အဆင်ပြေမှာပါ..."


ကျင်းစစ် နှစ်သိမ့်ပေးရင်း လွတ်နေသောဗီရိုကိုဖွင့်ကာ အထုပ်များဖြည်‌လိုက်သည်။


"ငါပင်ပန်းလာတဲ့အချိန်ဆို စကားလေးတစ်လုံးတောင်မပြောချင်ဘူးကွာ...ဟင်း...ကျောင်းကအဆောင်နဲ့ဘာမှမခြားပါဘူး..."


"ဟုတ်တယ်..."


ဝမ်ချွန်လည်း ခဏတာစဉ်းစားမိနေပြီး သက်ပြင်းချကာ


"ငါလည်း ဝိတ်ကျဖို့စောင့်နေတာ..."


ပထမနေ့ကတော့ ထုံးစံအတိုင်း ဘာမှမထူးခြား။ ညနေ စားသောက်ပြီးချိန်တွင် ကျင်းစစ်က ဝမ်ချွန်နှင့်အတူ တက္ကသိုလ် ပရိဝုဏ်အတွင်း လမ်းလျှောက်ထွက်ကြည့်ပြီး အဆောင်သို့ပြန်လာခဲ့သည်။


သူလွယ်အိတ်ကိုဖွင့်ကာ စာအုပ်များထုတ်ရန်ပြင်လိုက်စဉ် ကျင်းစစ် ပုံမှန်အတိုင်း ယင်းကျောင်းကိုသတိရသွားသည်။


သူဖုန်းကိုဖွင့်လိုက်ပြီး ဘာတွေများရောက်နေမလဲကြည့်နေချိန်တွင်ပင် ယင်းကျောင်းကဖုန်းခေါ်လာသည်။


ကျင်းစစ် မျက်လုံးများတောက်ပသွားပြီး ဖုန်းပြောရန်အပြင်သို့ထွက်လာသည်။


"အစ်ကိုကျောင်း..."


"အင်း..."


ယင်းကျောင်း၏တည်ငြိမ်အေးဆေးသော အသံကိုဖုန်းကနေတဆင့် ကြားလိုက်ရသည်။


"ဘာလုပ်နေလဲ?..."


"အခုပဲစားပြီးလို့ အဆောင်ပြန်ရောက်တာ..."


"ဒီညအတန်းရှိလား..."


"ဟင့်အင်း..."


လျှောက်လမ်းကပြတင်းပေါက်ကို ကျင်းစစ် ဖွင့်လိုက်သည်။ နွေဦးရဲ့လေညှင်းက ချက်ချင်းဝင်ရောက်လာပြီး သူ့မျက်နှာကိုလာရိုက်ခက်သည်။ ကျင်းစစ် ခေါင်းမော့ မျက်လုံးလေးစဉ်းကာ အသံကပါ ပေါ့ပါးနေသည်။


"ဒီညကအားတယ်...စာဖတ်ပြီးသွားရင် အိပ်တော့မလို့..."


"ဒါဆို ကြည့်ပြီး..."


ယင်းကျောင်းစကားမဆုံးခင် ကျင်းစစ်က စကားဖြတ်ပြောသည်။


"ကျွန်တော် အလျှင်မလိုပါဘူး...နောက်မှပြောကြတာပေါ့..."


ယင်းကျောင်းက ရယ်ချင်ပက်ကျိဖြင့်


"ပေါင်ပေ့...မင်းလွယ်အိတ်အတွင်းဖက်က အိတ်ထဲ ကိုဘာထည့်ပေးလိုက်လဲ မကြည့်ရသေးဘူးလား?..."


ကျင်းစစ်က စဉ်းစားပြီးဖြေသည်။


"အုန်းနို့နဲ့ကိက်လေးလား?..."


ယင်းကျောင်း ရယ်မိသည်။


"မဟုတ်ဘူး...သွားကြည့်ရင်သိမှာပေါ့..."


ကျင်းစစ် ဖုန်းကိုကိုင်လျှက် အဆောင်ခန်းတွင်းသို့ သွက်သွက်လေးသွားပြီး လွယ်အိတ်ကိုမွှေနှောက်ရှာလိုက်သည်။ ဗူးလေးတစ်ဗူးထွက်လာသည်။


"ဘာလဲဟင်..."


"ဝိုင်ယာလက်စ် နားကျပ်..."


ယင်းကျောင်း စာသင်ခန်းအတွင်းထိုင်လိုက်သည်။


"မင်းဖုန်းနဲ့ ကိုချိတ်ပေးထားပြီးသား...အဲ့တော့ဖွင့်ပြီး တစ်ခါတည်းသုံးလို့ရတယ်..."


ကျင်းစစ်က


"ဘာလို့ပေးတာလဲ..."


ယင်းကျောင်း စာအုပ်ကိုထုတ်လိုက်သည်။


"မင်းကိုယ့်ကို ဖုန်းပြန်ပေးခဲ့တယ်လေ...မှာထားတဲ့အတိုင်းသုံးနေတယ်..."


သူပြုံးနေသည်။


"ဒီည အတူတူစာလုပ်ကြမယ်လေ..."


ဘယ်လိုအတူတူစာလုပ်လို့ရမှာလဲ...


ကျင်းစစ်ကြောင်သွားသည်။ ပါးကနီမြန်းလာသည်။ နောက်မှ သဘောပေါက်ကာ


"အင်း..."


ထိုညက ယင်းကျောင်းနဲ့ကျင်းစစ်တို့၂ယောက် နားကျပ်လေးတပ်ပြီး ပြောစရာရှိတာပြောပြီး အတူတူစာလုပ်ဖြစ်ကြသည်။


စာလုပ်ချိန်တွင် စကားမပြောဖြစ်ပေမယ့် အသက်ရှူသံများ စာရွက်လှန်သံများ ပုံသေနည်းများကိုရွတ်သံများက သူတို့အချင်းချင်း အတူရှိနေသလိုခံစားရစေသည်။


သူတို့လူကိုယ်တိုင် အတူတူမရှိနိုင်ပေမယ့် သူတို့အချိန်တွေကတော့ တစ်ထပ်တည်းအတူတူရှိနေခဲ့သည်။


စာရေးသူမှာ ပြောစရာရှိပါတယ် :


အပိုင်းတို :


အစ်ကိုကျောင်း : ငါ့ရဲ့ကိုယ်လုံးတီးပုံကို ကျင်းစစ်လိုချင်နေတာဖြစ်မယ်