Chapter 115
ရထားအတွင်း၌ အပူပေးစက်ဖွင့်ထားသည်။ အစားအစာပေါင်းများစွာ၏အနံ့များက လေထုထဲတွင် ပျံဝဲနေ၏။ ထိုအနံ့များက လူများကို အသက်ရှူကျပ်စေသည်။
ကျင်းစစ် ခေါင်းမှီထားပြီး မျက်နှာကဖြူဖျော့နေသည်။ လက်များက လက်တန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့် လက်အဆစ်များက နီမြန်းနေပြီဖြစ်၏။
အိမ်မက်က ဒီမှာပြီးသွားလေသည်။
ချောင်းအန်ယန်းဘာဖြစ်သွားလဲ။
သူ့ကိုရှာမတွေ့တဲ့ယင်းကျောင်းရော။
သူမသိ။
ကျင်းစစ် မျက်လုံးများရဲတွတ်ကာ အံ့ကြိတ်ထားမိသည်။ မျက်ရည်များကို ပြန်သိမ်းပြီး မငိုမိအောင် ထိန်းသိမ်းထားရသည်။
သာမာန်ပျောက်သွားသလိုဆို ကိစ္စမရှိ။ အခုက သူ့ရဲ့ဘဝကြီး တဖြည်းဖြည်းနဲ့ပျောက်ရှသွားတာကို သိလျှက်နဲ့ ကြည့်နေရတာ။ အမှတ်တရတွေကွယ်ပျောက်သွားတာကို မြင်နေရတာ။ သူဘယ်လောက်ခံစားနေရလိမ့်မလဲ။
သူကလွဲလို့ ဘယ်သူမှ ကျင်းစစ်ဆိုတာကို မသိတော့ပြီ။
ဒီလူ ကျင်းစစ်ဆိုတာ ယင်းကျောင်းရဲ့နှလုံးသားထဲမှာပဲ တည်ရှိသွားတော့မှာ။
"ဘောဂဗေဒက ယင်းကျောင်းလေ...ရူးများသွားလားမသိပါဘူး...ကျင်းစစ်တဲ့...ငါတို့အခန်းထဲမှာလဲမရှိဘူး..."
"သူဖျားနေတာ ဖြစ်ပါလိမ့်မယ်...ငါလည်းလိုက်ရှာပြီးပြီ...ကျင်းစစ်ဆိုတာကိုမသိကြဘူး..."
"အေးကွာ...ဘာပဲပြောပြော ငါသူ့ကိုထပ်တောင်မတွေ့ချင်တော့ဘူး...စိတ်တော့မကောင်းစရာပဲ..."
ကျင်းစစ် တုန်ရီနေသည်။ ရင်ဘတ်တစ်ခုလုံးက နိမ့်ချီမြင့်ချီ။ တစ်ယောက်ယောက်က ဓါးနဲ့ထိုးနေသကဲ့သို့။
သူ ယင်းကျောင်းအား ဒီလိုနေ့တိုင်းခံစားနေရတာထပ်စာရင် သူများတွေလိုသူ့ကို မေ့သာသွားစေချင်တော့သည်။
ဘဝမှာ ပထမဦးဆုံးအနေနှင့် ယင်းကျောင်း သူ့ကို ဒီလောက်မကြိုက်စေလိုခြင်းပင်။
ထိုအချိန်တွင် စီရင်စုမှာတော့ ယင်းကျောင်းခမျှာ နေ့လည်အတန်း၄တန်းပြီးချိန် ခေါင်းလောင်းထိုးသည်နှင့် အမြန်ထွက်လာသည်။
"ဟေ့...အစ်ကိုကျောင်း...ခဏနေပါဦး..."
ကျန့်ချွယ်က ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ကာ သူ့ကိုအမှီလိုက်လာသည်။
"ဗိုက်ဆာနေလို့လား...ရုတ်တရက်ကြီး ဘာလို့အမြန်လိုနေတာလဲ..."
"အစ်ကိုကျောင်းက ကဖေးဆီသွားမှာမဟုတ်ဘူး...ဂရုထဲမှာပြောထားတယ်လေ...မင်းမသိဘူးလား..."
ဟယ်ကျိုးက လှမ်းဖမ်းလိုက်ပြီး
"ဒီနေ့ အစ်ကိုစစ် ပြန်လာမှာ...သူဘူတာမှာသွားကြိုမလို့ဟ..."
"ဪ ငါဂိမ်းကစားနေတော့ နိုတီကိုပိတ်ထားမိတာ..."
ကျန့်ချွယ် ခေါင်းကုက်ရင်းပြောလိုက်သည်။ ယင်းကျောင်းကတော့ စင်္ကြံလမ်းအဆုံးတွင်ပျောက်သွားလေပြီ။ ကျန့်ချွယ်က ဟယ်ကျိုးဖက်သို့လှည့်ကာမေးလိုက်သည်။
"သူအဲ့လောက်စိတ်လောနေတာ...ကျင်းစစ်က ဘယ်အချိန်ရောက်မှာမို့လဲ..."
ဖမ်ချန်းချန်းက "၆နာရီ..."
"သိပ်မလိုတော့ဘူးပဲ..."
ကျန့်ချွယ်က နာရီကိုကြည့်ရင်း
"ကျောင်းကနေဆို ဘူတာအထိကို နာရီဝက်ကျော်ကြာမှာ..."
"ပြောရမယ်ဆို ကျန့်ချွယ်ရာ..."
ဟယ်ကျိုးက "မင်းရဲ့စိတ်အခြေအနေအရ မင်းအတွက်စေ့စပ်ပေးမယ့်သူက မင်းအိမ်ကပဲရှာပေးရမယ့်ပုံပါပဲ...ငါတော့စိတ်ပူတယ်ကွာ..."
ကျန့်ချွယ်က အူကြောင်ကြားနှင့် "ငါ ငါကိုယ်တိုင်က ဘာဖြစ်နေလို့လဲ..."
"ထားလိုက်ပါ ဘာမှမဟုတ်ဘူး..."
ဟယ်ကျိုးက သူ့ကျောကိုသပ်ပေးကာ ပြောလာသည်။
"ဘာလို့မသွားသေးတာလဲ...မင်းမပြေးရင် ကဖေးဆီအမြန်ရောက်မှာမဟုတ်ဘူးနော်..."
"ဖာခ့်...ပြေး ပြေး ပြေး..."
ယင်းကျောင်း ကျောင်းဆီကအမြန်ထွက်လာပြီးနောက် တက်စီနှင့် ဘူတာသို့သွားလိုက်သည်။
ကျင်းစစ်က ရထားပေါ်ရောက်သည်နှင့် ရထားနံပါတ်ကိုပို့ထားသည်။ ရထားက ၆:၀၅တွင် ရောက်လာသည်။ သူလာကြိုမည်ကို ကျင်းစစ် မသိပေ။ ကြိုပြောထားလျှင် လက်ခံမည်မဟုတ်။ ထို့ကြောင့် ယင်းကျောင်းက ကြိုရောက်နှင့်နေရန် အမြန်သွားနေခြင်းဖြစ်၏။
ယင်းကျောင်း ဘူတာသို့ရောက်သောအခါ ၅:၅၀ဖြစ်နေပေပြီ။ တစ်ချက်တွေးလိုက်ပြီး အနီးအနားရှိကော်ဖီဆိုင်မှ မစ်တီးအပူတစ်ခွက်ဝယ်သောက်လိုက်သည်။ အရသာကောင်းကောင်း မကောင်းမကောင်း အရေးမကြီးပေ။ အခုနွေဦးညနေက အပူချိန်လျော့ကာ အေးနေသည်။ ထို့ကြောင့် ကျင်းစစ်အတွက် ပူနေသေးအောင်လို့ ယင်းကျောင်း မစ်တီးခွက်လေးကို ပွတ်ပေးနေလိုက်သည်။
ထိုအချိန်တွင် ကျင်းစစ်က ရထားပေါ်မှဆင်းရန် အိတ်များကိုယူနေပြီဖြစ်သည်။
ဖြူဖျော့နေသောမျက်နှာနှင့် မျက်လုံးများကအနည်းငယ် နီရဲနေသေးသော်လည်း သူ့ခန္ဓာတစ်ခုလုံးကတော့ တည်ငြိမ်ပုံပေါက်နေသည်။ ဘေးကအန်တီကြီး အထုတ်တွေသယ်နေရင်း သူ့ယောက်ျားကို ပြောနေသည်ကို နားထောင်နေမိသည်။
အန်တီကြီးက သူ့ယောက်ျားကို ကျေးဇူးတင်နေပြီး ကြည်နူးနေဟန်ပေါ်သည်။ ကျင်းစစ် မျက်လွှာချလိုက်မိသည်။ ထို့နောက် ဖုန်းခေါ်လိုက်သည်။
"ကော... မင်းဒီမှာလား..."
သူတံတွေးမျိုချပြီး မျက်လုံးမှိတ်ထားကာ အသံကိုတည်ငြိမ်နေအောင်ထိန်းထားသည်။
"ထွက်ပေါက်မှာလား...ဪ...သိပြီ...အင်း အင်း...နောက်မှတွေ့မယ်..."
ရထားက ဘူတာထဲသို့အချိန်ကိုက် ဝင်ရောက်လာပြီးနောင် တံခါးပေါက်များကိုဖွင့်လိုက်သည်။
ခရီးသွားများသည် သူတို့ရဲ့အထုတ်ကြီးငယ်တွေကို သယ်ရင်းတံခါးဆီသို့ထွက်လာနေကြသည်။ သူစိမ်းတစ်ယောက်က ကျင်းစစ်ခြေထောက်ကိုတက်နင်းသွားတော့ သူ့ရှူးဖိနပ်အဖြူရောင်ပေါ်တွင် အနက်ရောင်အကွက်တစ်ကွက်ပေါ်သွားစေသည်။ သူနာကျင်မှုကို လုံးဝမခံစားရသည့်အပြင် ထိုလူ့ကိုမျက်လုံးစောင်း၍တောင်မကြည့်ဘဲ ထွက်လာခဲ့သည်။
ပလက်ဖောင်းတစ်လျှောက် လျှောက်လာခဲ့ပြီးနောက် ထွက်ပေါက်သို့ရောက်လာသည်။ ထွက်ပေါက်တွင် တစ်ချို့က ဆိုင်းဘုတ်ထောင်၍ဖြစ်စေ လက်ပြ၍ဖြစ်စေ လူလာကြိုသူ အများအပြားရှိနေသည်။
ကျင်းစစ်မှာ မျက်လုံးပင့်ကာတစ်ချက်ကြည့်လိုက်ရုံနှင့် ယင်းကျောင်းအား မြင်ရလိုက်သည်။
ယင်းကျောင်းက ကျောင်းယူနီဖောင်းဝတ်ထားသော တောင့်တောင့်ဖြောင့်ဖြောင့်လေး။ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး နောက်တစ်ဖက်က တီးတစ်ခွက်ကိုင်ထားသည်။ သူမတ်တတ်ရပ်နေသည်ကိုက အရောင်အဆင်းတောက်ပနေသည်။
သူ့အကြည့်နှင့်ဆုံသွားသောအခါ ယင်းကျောင်းက ပြုံးပြရင်း "ဘာကြောင်ကြည့်နေတာလဲ...ရော့!..."
သူ သန်မာအောင်ကြိုးစားပြီး လောကဓံကိုကြံ့ကြံ့ခံခဲ့သည်။ သို့သော်ငြား သူ့ကိုချစ်တဲ့သူကိုတွေ့လိုက်ရချိန်တွင်တော့ သူ့မျက်ရည်တွေ စီးကျလာသည်။
"ကော..."
ဘယ်နေရာရောက်ရောက် လူတွေဘယ်လောက်ရှိရှိ သူဂရုမစိုက်နိုင်တော့။ သူ ယင်းကျောင်းကိုသာ ဖက်ထားချင်တော့သည်။
သူ့ဆီကိုလျှောက်လာရင်း ကျလာတဲ့ကျင်းစစ်ရဲ့မျက်ရည်တွေကိုတွေ့ရတော့ ယင်းကျောင်း အတော်စိတ်မကောင်းဖြစ်သွားတယ်။
"မင်းကိုဘယ်သူအနိုင်ကျင့်လို့လဲ...ငါနဲ့တွေ့..."
သူ့စကားမဆုံးခင်ပင် သူ့ကိုကျင်းစစ်ဖက်လိုက်၏။
ယင်းကျောင်း ခဏကြောင်အမ်းသွားပြီး တွန်းဖို့ကြိုးစားနေရင်း
"ဘာဖြစ်လာတာလဲ... ပေါင်ပေ့...လွှတ်စမ်း...ပြောစကားနားထောင်..."
ကျင်းစစ်ရဲ့လက်ချောင်းများက တုန်ရီနေသည်။ သူ့မျက်နှာကို ယင်းကျောင်းရဲ့ရင်ခွင်ထဲ အပ်ထားတုန်းပင် သူ မွန်းကျပ်နေပေမယ့် လွှတ်ဖို့ငြင်းဆန်ကာ တီးတိုးပြောနေလေသည်။
"ကော...ကော...ငါ့ကိုတွန်းမလွှတ်ပါနဲ့..."
ယင်းကျောင်းက ကျင်းစစ်ရဲ့မျက်နှာကိုကိုင်ပြီး မျက်ရည်သုတ်ပေးချင်သော်လည်း ကျင်းစစ်ပိုနာကျင်သွားမှာစိုးမိသည်။ သူ့လက်တွေက အကြိမ်များစွာကိုင်ဖို့ကြိုးစားပေမယ့် လက်များကိုအောက်ပြန်ချလိုက်သည်။
"အင်းပါ...မတွန်းတော့ပါဘူး..."
ယင်းကျောင်းမှာ စိတ်မကောင်းအလွန်ဖြစ်နေရသည်။ ၎င်းသည် ကျင်းစစ်က သူ့ရဲ့ခံစားချက်ပမာဏတစ်ခုကို လွှတ်ချလိုက်ခြင်းပင်။
ဘာတွေဖြစ်နေတာလဲ...ယင်းကျောင်းက သူနိုင်ငံအသင်းတွင် ထိပ်ဆုံးရခဲ့တာကို စဉ်းစားမိသွားသည်။
"မငိုနဲ့တော့..."
ယင်းကျောင်း ခေါင်းငုံ့ကာ ကျင်းစစ်အား တိုးတိုးလေးပြောလိုက်သည်။
"ကိုယ်ရှိတယ်...ကိုယ့်ကိုအကုန်လုံးပြောပြ...ကိုယ်ဖြေရှင်းပေးမယ်...ဟုတ်ပြီလား..."
နားထဲမှာ သူ့အသံက နူးညံ့လှသည်။ သူ့ခန္ဓာငိုယ်တစ်ခုလုံးကို သူဖက်ထားပေးသည်။ သူ့ဘေးနားမှာ ရှိနေပေးသည်။ သူတို့၂ယောက်ကိုခွဲခြားထားခြင်းမခံရပေ။ သူတို့၂ယောက် အဆက်အသွယ်မရှိမယ့် လွင်ပြင်၂ခုလိုလည်း မဟုတ်ပေ။
ကျင်းစစ် အနည်းငယ်စိတ်သက်သာရာရသွားသည်။ ယင်းကျောင်းစိတ်ပိုပူမှာစိုး၍ သူဘာမှမဖြစ်သလိုနေပြီး ရှိုက်သံများနှင့် ခေါင်းမော့ကာ
"အဆင်ပြေသွားပါပြီ...ကော ငါအဆင်ပြေပါတယ်..."
"မင်းအိုကေတယ်ဆိုရင် ဘာလို့ငိုလဲ..."
ယင်းကျောင်း ရင်ထဲ၌ အောင့်မျက်နာကျင်နေသည်။ သူ ကျင်းစစ်ကို ဖြည်းဖြည်းလေး တွန်းခွာလိုက်ပြီး မျက်လုံးချင်းဆုံကြည့်လိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ..."
ကျင်းစစ်က မျက်နှာပေါ်မှ မျက်ရည်များကို ပွတ်သုတ်ပစ်လိုက်ပြီး သူ့ပါးစပ်ကိုထိုးပြကာ ခေါင်းခါပြသည်။ ဆိုလိုတာက သူမပြောနိုင်ကြောင်း။
ယင်းကျောင်း နားလည်လိုက်၏။
လူလယ်ခေါင်တွင် ကျင်းစစ်ကို ငိုဖြစ်အောင်ရယ် စကားမပြောနိုင်အောင်ရယ် လုပ်နိုင်စွမ်းကတော့ သူတို့၏အတိတ်အကြောင်းသာဖြစ်လိမ့်မည်။ မူရင်းနှင့်ချိတ်ဆက်နေရလိမ့်သည်။ ထို့ကြောင့် သူပြောမပြနိုင်ခြင်းသာ။
ယင်းကျောင်း စိတ်ထဲတွင် သက်ပြင်းချမိသည်။ အမှန်ဆို သူတို့အရင်ဘဝ၏အဆုံးသတ်ကို သူခန့်မှန်းမိပြီးသားဖြစ်၏။ သို့သော် ပိုပြီးအတွင်းကျကျအထိ သူမတွေးရဲ။ အခု ကျင်းစစ်က သူ့ထက်ပို၍ တစ်ဆင့်တက်ကာ သိနေပြီလား...
"အိုကေ..."
ယင်းကျောင်း လက်တစ်ဖက်နှင့်အထုတ်တွေကိုသယ်ကာ နောက်တစ်ဖက်နှင့် ကျင်းစစ်၏အင်္ကျီလက်ကိုဆွဲကာ သန့်စင်ခန်းသို့ခေါ်သွားသည်။
"လန်းသွားအောင် မျက်နှာသစ်လိုက်...မစဉ်းစားနဲ့တော့...ကိုယ်တို့တွေအရင်အကြောင်းမတွေးဘူး..."
တစ်ရှူးအနည်းငယ်ကိုယူကာ ကျင်းစစ်ကိုပေးလိုက်ပြီး တမင်တကာ နောက်လိုက်သည်။
"မင်းအဲ့လိုငိုပြီဆိုရင်လေ မိုးပြိုပြီလို့တောင် ကိုယ်ထင်တာကွ..."
ကျင်းစစ်၏မျက်နှာမှာ သွေးရောင်ဖြန်းသွားပြီး ကမ်းပေးသော တစ်ရှူးများကိုယူလိုက်သည်။ ရေအနည်းငယ်စွတ်ကာ မျက်နှာကိုသုတ်လိုက်ပြီး နှာသံဖြင့်တိုးတိုးပြောလိုက်သည်
"ကော...တောင်းပန်ပါတယ်..."
"ရူးနေလား...တောင်းပန်စရာဘာလိုလို့လဲ..."
ယင်းကျောင်း ပြုံးပြကာ အေးအေးဆေးဆေးပြောလိုက်သည်။
"ပြန်ထွက်တဲ့အခါ အဲ့ဒီမျက်ရည်တွေက နိုင်ငံအသင်းထဲဝင်နိုင်ခဲ့လို့ ဝမ်းသာလို့ကျတဲ့မျက်ရည်လို့ပဲ လူတွေထင်ကြမှာ..."
ယင်းကျောင်းက မစ်တီးအပူကို ကျင်းစစ်လက်ထဲထည့်ပေးလိုက်ပြီး ပြန်ထွက်လာခဲ့ကြသည်။
"လာမယ့်ရက်အတွင်း အင်တာဗျူးတွေလာဗျူးမယ်ဆို..."
သူပါးစပ်ကိုစေ့ရင်း ပြုံးစိစိဖြင့်
"အဲ့အချိန်ကျရင် တုန်းဟိုင်စီရင်စုရဲ့ ဟိုးကလေးတန်းကနေ လူကြီးတန်းအထိအကုန်လုံး...အရမ်းအံ့သြဖို့ကောင်းအောင်တော်လွန်းတဲ့ ငါတို့ကျင်းစစ်က ပထမနေရာရတော့ တိတ်တိတ်လေးငိုခဲ့တယ်ဆိုတာတော့ သိကြတော့မှာပဲ..."
ကျင်းစစ်က အနည်းငယ်ဝမ်းနည်းနေသေးသော်လည်း ရယ်မောမိသည်။
"အရေးမကြီးပါဘူးဆို..."
"ကျင်းရှန်...မင်းရဲ့မျက်နှာကလေ ကိုယ်နဲ့ပိုပိုတူလာတယ်...ထင်တဲ့အတိုင်းပဲ...လက်တွဲဖော်တွေလိုပေါ့..."
ကျင်းစစ် စကားမပြောဘဲ နားရွက်များနီမြန်းလာသည်။
သူ ထိုအရာများကိုဆက်ပြီး စဉ်းစားမနေတော့သည်က ယင်းကျောင်းကိုစိတ်အပူလျော့စေသည်။
"ကိုယ် မင်းကိုထိလိုက်တယ်နော်...နာလား..."
ကျင်းစစ်အရင် ဒီအရာတွေကိုတွေးနေမိခြင်းမှ မည်သို့အာရုံပြောင်းမည်နည်း သူ ထိုအချိန်အတောအတွင်းကို ပြန်ခေါ်တွေးကြည့်မိပြီး ထိုအချိန်က ဘယ်လိုဖြစ်သွားခဲ့လဲမမှတ်မိနိုင်ပေ။
ကျင်းစစ် ရှက်စနိုးမော့ကြည့်လိုက်သည်ကို တွေ့တော့ ယင်းကျောင်းက
"ဒါဆို...ထပ်စမ်းကြည့်ကြမယ်..."
လက်ကလေးကိုင်ထားတာလေးပဲကို ကျင်းစစ်ဘာကိုရှက်နေတာလဲ... ယင်းကျောင်း အံ့ဩသွားသည်။
"ဘာပဲဖြစ်ဖြစ်..."
ကျင်းစစ် တစ်ဖက်ကိုပြန်လှည့်သွားပြီး တိုးတိုးလေးပြောလိုက်သည်။
"ဘယ်နေရာဖြစ်ဖြစ် ကောထိတဲ့နေရာက..."
ယင်းကျောင်းက ကျင်းစစ်၏နီရဲနေတဲ့နားရွက်ကိုကြည့်ပြီး ရယ်မောနေသည်။
"မင်းကိုနမ်းစေချင်လား..."
ကျင်းစစ်မှာ မအူမလည်ပုံစံနှင့်
"အမ်...."
ယင်းကျောင်းက အသက်ဝအောင်ရှူလိုက်ပြီး တည်ငြိမ်တဲ့အသံနှင့်
"ထိန်းထားဦး...ဘယ်သူမှမရှိတဲ့နေရာတစ်ခုကို ရှာပြီးမှ..."
ကျင်းစစ် ခေါင်းငုံ့ကာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့၂ဦး ဘူတာမှထွက်လာသောအခါ ကျောင်းဆီသို့ချက်ချင်းမပြန်သေးဘဲ ကန်တိုးနီးစားသောက်ဆိုင်တွင် ဝင်စားကြသည်။ ထို့နောက် သရက်သီးပန်ကိက် ၂ဗူးကိုပါဆယ်ယူပြီးမှ ကျောင်းသို့ပြန်ခဲ့ကြသည်။
ကျင်းစစ်က ဗိုက်ပြည့်နေပြီး ဝယ်လာသည်ကိုပင် ထပ်မစားနိုင်တော့။ ယင်းကျောင်းရဲ့စားချင်စိတ်ကတော့ မည်မျှရှိနေသည်မသိ။ ကျန်သမျှအစာအကုန်လုံး ကုန်သွားသည်။
အစောင့်ဦးလေးကို နှုတ်ဆက်ရင်း လေးထောင့်ကွင်းကိုဖြတ်လျှောက်လာပြီး ပန်းခင်းဆီသို့လျှောက်လာခဲ့သည်။
အခုတော့ ကျင်းစစ်၏စိတ်က အနည်ထိုင်သွားပြီဖြစ်သည်။ ဖောင်းမို့ပြီးနီရဲနေတဲ့သူ့မျက်လုံးများလည်း ပပျောက်သွားပြီ။ သူ ယင်းကျောင်းနှင့် တစ်ကြိမ်တစ်ခါ ကြိုးစားချင်စိတ်သာရှိသည်။
သူ စာသင်ဆောင်သို့သွားရန်အပြင် ယင်းကျောင်းကတော့ လုံးဝမလှုပ်။ ကျင်းစစ် နှုတ်ခမ်းစူကာ တိတ်တိတ်လေး ဘေးသို့စောင်းကြည့်နေသည်။
သူ သရက်သီးပန်ကိက်ကိုစားကောင်းနေပုံပေါ်သည်။
သူမေ့များမေ့နေတာလား...
ဒါမှမဟုတ် ငါကပဲ စရင်ကောင်းမလား? ဘာပဲဖြစ်ဖြစ်လေ သူ့ကိုမနမ်းဖူးတာလည်းမဟုတ်ပဲ...
ကျင်းစစ် တွေးနေတုန်းမှာပင် ယင်းကျောင်းက ကျန်တဲ့ ပန်ကိက်တစ်ဝက်ကို ကိုက်စားလိုက်သည်။ ခရင်များက သူ့နှုတ်ခမ်းတွင်ကပ်သွားသည်။
သူက နမ်းရုံတင်မက သူ့ကိုအနိုင်ယူခဲ့သေးသည်။
ကျင်းစစ် မျက်လုံးပင့်ကာ ခေါင်းမော့လိုက်သည်။
နောက်စက္ကန့်ပိုင်းအတွင်း သူ့နှုတ်ခမ်း၌ နူးညံ့တဲ့အထိအတွေ့ စုပ်နမ်းသောအနမ်းတစ်ခု။
"နာလား..."
"နည်းနည်းလေးပဲ..."
"တကယ်လား..."
"တကယ်...နည်းနည်းမှနည်းနည်းလေး...ခံတောင်မခံစားမိပါဘူး..."
"ကောင်းတာပေါ့..."
ယင်းကျောင်း ပြုံးသွားကာ ခေါင်းပြန်ငုံ့လိုက်သည်။ သူ နူးညံ့စွာ စိတ်ရှည်စွာနှင့် ထိုနှုတ်ခမ်းပေါ်မှ ခရင်များကို စုပ်ယူနမ်းလိုက်သည်။
.......
စာရေးသူမှာပြောစရာ ရှိပါတယ် :
အစ်ကိုကျောင်း : ချိုလိုက်တဲ့ခရမ်~