အပိုင်း၁၁၆
Viewers 14k

Chapter 116

Chapter 116


သူတို့၂ဦးမှာ အချိန်ဇယားကိုအသေအချာဆွဲထားသည်။ စာသင်ခန်းအတွင်းသို့ရောက်လာသောအခါ ညနေစာလုပ်ချိန်ထပ် ၁၀မိနစ်စောရောက်သည်။


ကျင်းစစ်ဝင်လာသည်နှင့် သူ့ကိုဝိုင်းကြိုဆိုကြလေသည်။ သူနှင့်ခင်မင်သောသူများက သူနှင့်အတူ ဓါတ်ပုံများဝိုင်းရိုက်ကြသည်။


အဓိကအားဖြင့် နိုင်ငံအသင်းသို့ ကျင်းစစ်ဝင်ရောက်ခဲ့ပြီးနောက် တုန်းဟိုင်စီရင်စု၏ကျောင်းသားအသိုင်းအဝိုင်းတွင် သူက အထင်ကရပြရုပ်တစ်ခုဖြစ်လာလေပြီ။ အောင်စာရင်းကို မနေ့ကထုတ်ပြန်ခဲ့ပြီးကတည်းက အင်တာနက်ပေါ်တွင် သူ့သတင်းချည်းသာဖြစ်၏။


အခန်း၇တစ်တန်းလုံးက ဂုဏ်ယူနေကြသည်။ သတင်းစာထဲတွင်ပါလာသော အင်တာနက်တွင်အပြောအများဆုံးသူက သူတို့၏အတန်းဖော် သူငယ်ချင်းဖြစ်နေလေသည်။


ဒါပေါ့ ...အိုင်ဒေါစတားတစ်ယောက်ကိုတွေ့ရသကဲ့သို့ဖြစ်၍ ဓါတ်ပုံအတူရိုက်ထားပြီး အသက်ကြီးလာလို့ပြန်တွေ့ကြရင် တခြားသူများကိုပြန်ပြနိုင်မည်လေ။


ကျင်းစစ်အနားတွင် လူအုံနေသည်ကို ယင်းကျောင်းမကြိုက်ပေမယ့်လည်း ကျင်းစစ်ကိုပျော်ရွှင်စေချင်သောကြောင့် အနောက်ဖက်မှသာ မျက်လုံးရဲကြီးများနှင့်ကြည့်နေလိုက်သည်။


သို့သော် မကြာလိုက်။ ကျင်းစစ်အား ချီမြှောက်ရန် ဝူးဝေချန်က မျက်တောင်ခတ်ကာအချက်ပြလိုက်ချိန် ယင်းကျောင်းက အေးစက်သောမျက်နှာထားဖြင့် သူ့ကိုတွန်းဖယ်လိုက်သည်။


"မင်းဘာလုပ်နေတာလဲ...ဝူးဝေချန်ရှိနေတယ်လေ..."


ဝူးဝေချန်က တကယ်သတ္တိရှိတဲ့သူပင်။ ဒါကိုကြားတော့ တည်ကြည်သောအသံဖြင့်


"ဘာမှမဟုတ်ပါဘူး ညီကိုကျင်းရာ...ငါလည်းမကြောက်ပါဘူး!..."


ယင်းကျောင်း ပြုံးပြီးသူ့ကိုကြည့်လိုက်သည်။


"ဪ...မင်းက ငါထိုးတာခံရမှာကိုမကြောက်ဘူးပေါ့?..."


ဝူးဝေချန် လန့်တော့လန့်သွား၏။ သူဘယ်လိုမျိုး ကျောင်းတွင်းလူမိုက်ကို ရန်သွားစမိမှန်း သူမသိ။ သူပုခုံးကျုံ့ပြကာ အေးဆေးထွက်သွားလိုက်သည်။ ကျင်းစစ်လည်း သူ့ခုံတွင် သွားပြန်ထိုင်လိုက်သည်။


ယင်းကျောင်းက ကျန်တဲ့ပန်ကိတ်ဗူးကို အနောက်ကဟယ်ကျိုးကိုပစ်ပေးလိုက်ပြီး လီကျိုးဘေးတွင်ဝင်ထိုင်ကာ


"စားလိုက်တော့..."


အလိုက်မသိတတ်သော ဟယ်ကျိုးက ပန်ကိတ်ကို ဖမ်ချန်းချန်း ကျန့်ချွယ်တို့နှင့် အတူစားရင်း


"တစ်ချို့လူတွေက အပြင်ပန်းမှာကောင်းပြတယ်...တကယ့်အတွင်းစိတ်ကျတော့ပုတ်တယ်ကွ..."


ယင်းကျောင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေးသာပြန်ပြောလိုက်သည်။


"မင်းအမေရဲ့ကျေးဇူးနဲ့ပဲ တစ်ယောက်တည်းနေပါကွာ...အဲ့တာအမှန်ဆုံးဖြစ်လိမ့်မယ်..."


ဟယ်ကျိုး : "..."


ဟယ်ကျိုးက ကိတ်တစ်ခုလုံးကို သူ့ပါးစပ်ထဲသွပ်ထည့်လိုက်ပြီး ပလုပ်ပလောင်းစားရင်း


"စင်ဂယ်ပဲဖြစ်ရတာကြိုက်တယ် ဘာဖြစ်လဲ..."


"ဘာမှမဖြစ်ပါဘူး..."


ယင်းကျောင်းက ဟယ်ကျိုးပါးကိုညှစ်လိုက်ပြီး


"လာစမ်းပါကွာ...မင်းရဲ့အကျင့်တွေကို နောက်၁၀နှစ် အနှစ်၂၀လောက်အထိပြင်ဆင်သင့်တယ်...မင်းချစ်မိသွားရင်ဖြစ်ဖြစ် မဖြစ်ဖြစ်...မင်းအိမ်ထောင်ကျကျ မကျကျ အဲ့တာတွေအတွက်အရေးမကြီးဘူး...မင်းကိုယ်တိုင်အတွက်ပဲကွ ကိုယ့်လူရ..."


ဟယ်ကျိုး : "..."


အဲ့အချိန်ဆို သူအသက်ဘယ်လောက်ဖြစ်နေပြီလဲ....တစ်ဘဝလုံးအတွက် သူကျိန်စာများတိုက်နေလေသလား? !


ဟယ်ကျိုးက ဒေါသထွက်သွားပြီး ကိတ်ဗူးနှင့်ကောက်ပစ်လိုက်သည်။


"တိတ်စမ်း..."


ယင်းကျောင်းက ဗူးကိုအေးအေးဆေးဆေးဖမ်းကာ အမှိုက်ပုံးထဲသို့ထည့်လိုက်ပြီး ဟယ်ကျိုးကို ထပ်မနောက်တော့။ ထို့နောက် ကျင်းစစ်ဖက်သို့လှည့်ကာ


"ဒီ၂ရက်လောက် ကျောင်းမတက်နဲ့လေ...ဟိုမှာလည်း မင်းပင်ပန်းခဲ့တာဆိုတော့...ကောင်းကောင်းအနားယူလိုက် အိုကေလား..."


ပထမရွေးချယ်မှုအလှည့်တွင် ကျင်းစစ် အတော်ဝိတ်ကျသွားကာ ပြန်ပြီးတက်မလာခဲ့။ အခုအကြိမ်တွင် ပို၍ဆိုးသည်။ 


မေးစေ့လေးမှာ ချွန်လို့။ 


နိုင်ငံတကာပြိုင်ပွဲက Julyမှာရှိပြီး ကျင်းစစ်အတွက် လေ့ကျင့်ရမည့်စာအမြောက်အများရှိနေပြီး လေ့ကျင့်ရန်ကာလကလည်း တိုတောင်းသည်ဆိုသည်ကို ယင်းကျောင်းသိသည်။ သူစိတ်မကောင်းသည်မှလွဲ၍ ဘာမှမတတ်နိုင်ပေ။


ကျင်းစစ် ခဏတာတုံ့ဆိုင်းနေပြီး ဘာမှပြန်မပြောဖြစ်ပေ။


"ကိုယ်အများကြီးမတောင်းဆိုပါဘူး...ဒီ၂ရက်လောက်လေးပဲ..."


ယင်းကျောင်းက ကျင်းစစ်အား ဖျောင်းဖျသည်။


"ကောင်းကောင်းအိပ်...အားပြန်ဖြည့်...မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး..."


ကျင်းစစ်အခြေအနေမှာ အမှန်တကယ်ကိုမကောင်းပေ။ ခန္ဓာကိုယ်ရော စိတ်ရော ပင်ပန်းလွန်းနေသည်။ သူသေချာစဉ်းစားလိုက်ပြီးနောက် ပါးစပ်ကိုစေ့ရင်း


"ဒါဆိုလည်း ၂ရက်..."


ယင်းကျောင်း ပြုံးရယ်လိုက်မိသည်။


"အိုကေ..."


ကျင်းစစ်၏ဟန်ပန်အရကတော့ မသိတဲ့သူအတွက် ရက်၂၀လောက်နားရလိမ့်မည်ဟု ထင်မှာမမှားပေ။


ခေါင်းလောင်းထိုးလိုက်သောအချိန်တွင် အခန်း၇ကျောင်းသားများက သူတို့ဖုန်းကိုထုတ်ကာ သုံးနေကြသည်။ 


ဘေးဘီဝေ့ကြည့်လိုက်ပြီးနောက် သူတို့ကိုဂရုစိုက်မနေကြတော့မှ ယင်းကျောင်းတိုးတိုးလေးပြောလိုက်၏။


"ဒီည ကိုယ့်အိမ် လိုက်အိပ်မလား..."


ကျင်းစစ် ချက်ချင်းအဖြေမပေး။ သူခဏတာ ရုန်းကန်စဉ်းစားပြီး ခေါင်းခါလိုက်သည်။


"ထားလိုက်ပါ...အဆောင်မှာပဲနေမယ်..."


ယင်းကျောင်း သူ့ကိုထိတွေ့သော်လည်း သူနာကျင်မှုအနည်းသာခံစားရသည်။ သူတို့၂ဦးအတူရှိလိုက်လျှင် ယင်းကျောင်း အရမ်းဂရုတစိုက် ထိန်းသိမ်းနေလိမ့်မည်။ အခုတော့ပန်းခင်းထဲတွင် အနမ်းများဖလှယ်ခဲ့ကြသည်မှလွဲ၍ ကျန်သောထိတွေ့မှုမရှိပေ။


အိမ်မှာက အိပ်ယာတစ်ခုပဲရှိတာမို့ သူသွားအိပ်မယ်ဆို ယင်းကျောင်းဘယ်မှာသွားအိပ်မှာလဲ။


ကျင်းစစ်ဘာတွေးနေသည်ကိုသိသော ယင်းကျောင်းက သူ့နဖူးကိုဘောပင်နဲ့တစ်ချက်တောက်လိုက်သည်။


"ဆိုဖာက အကြီးကြီးပဲလေ...အဲ့အပေါ်မှာ ကိုအေးဆေးအိပ်လို့ရတာပဲလေ..."


ကျင်းစစ် လက်မခံမည်စိုးသဖြင့် မျက်ခုံးများပင့်ကာ ပြုံးပြရင်း


"ဘာဖြစ်လို့လဲ...ကျင်းရှန်...မင်းရဲ့exကို ရွံလို့လား..."


ယင်းကျောင်း၏စကားကိုအမြဲလိုက်နာသော၊ dirty wordများကိုမပိတ်ပင်သော ကျင်းစစ်က မျက်မှောင်ကြုတ်လျှက်


"ကော မဟုတ်တာတွေမပြောနဲ့..."


ယင်းကျောင်း နှလုံးသားက နူးညံ့သွားပြီး တောင်းပန်လိုက်သည်။


"ကိုယ်တောင်းပန်ပါတယ်...ကိုယ်လျှောက်တွေးနေမိလို့ပါပဲ..."


ကျင်းစစ် မျက်လွှာချကာ


"ရပါတယ်..."


"သွားမလား?..."


ကျင်းစစ် အနားသို့ပိုတိုးကာ ဖွဖွလေးကပ်ချွဲပြန်သည်။


"တကယ်ဆို ကိုယ်ဆီမှာ အိပ်ခန်းတွေပါတဲ့တိုက်ခန်းပေါင်းအများကြီးရှိပါတယ်...ဒါပေမယ့် ကိုက မင်းနဲ့အတူနေချင်လို့..."


ယင်းကျောင်း ချွဲရင် ကျင်းစစ်နေလို့မရတော့ပေ။ သူ့စိတ်ကမဆုံးဖြတ်ရသေးခင်ပင် လက်ခံလိုက်မိသည်။


"အိုကေ..."


ယင်းကျောင်းပြုံးသွားပြီ။ သူဘာမှဆက်မပြောတော့ဘဲ လီကျိုးဘေးတွင် ပြန်သွားထိုင်လိုက်သည်။


ညှိနှိုင်းမှုက အောင်မြင်သော်လည်း အစီအစဉ်ကတော့ ပြောင်းလဲမှုများမရှိချေ။


ညနေစာလုပ်ချိန်တွင် ဆရာလျိုရောက်လာလေသည်။ မနက်ဖြန် ကျောင်းအရာရှိများနှင့်အတူ ဓါတ်ပုံရိုက်ရမည်ဖြစ်ကြောင်း၊ အင်တာဗျူးအနည်းငယ် လုပ်ရမည်ဖြစ်သောကြောင့် စိတ်ပိုင်းဆိုင်ရာကိုပြင်ဆင်ထားသင့်ကြောင်း လာပြောသည်။


အခုMarchလအကုန်ဖြစ်ပြီး အလယ်တန်းကျောင်းလျှောက်ခွင့်က Juneလအတွင်းဖြစ်သည်။ သွင်းထားသည့်အမည်စာရင်းက အဆင်သင့်ဖြစ်သင့်နေပြီ။ ယခင်နှစ်များကဆို စီရင်စုသည် ကောလိပ်ဝင်ခွင့်လျှောက်နိုင်သောသူများကို အသုံးပြုတာများသည်။ ဝင်ခွင့်ဌာနမှဆရာများသည်လည်း ထိုထုံးစံကိုရိုးလာပြီဖြစ်သည်။


 မိဘများသည်လည်း စောင့်ကြည့်နေရတာ မောလှပေပြီ။


ဒါပေမယ့် ဒီနှစ်ကတော့ မတူထူးခြားသည်။ ကျင်းစစ်က သက်ရှိဥပမာဖြစ်သွား၏။ ကျောထောက်နောက်ခံများကို ဦးစားပေးသွားမည်မဟုတ်။


ဆရာလျိုပြောထားသည့်အတိုင်း တစ်ချက်မှထွက်သွားရန် ကျင်းစစ် မတောင်းဆိုပေ။ ကျောင်းပိုင်းဆိုင်ရာများကလည်း ကျင်းစစ်အပေါ်ကောင်းမွန်စွာဆက်ဆံပြီး ဖြစ်နိုင်သမျှနည်းလမ်းများတွင် ကူညီပေးသည့်အတွက် ကျောင်း၏စီမံခန့်ခွဲမှုကို သူ့တက်လမ်းအတွက် သဘောတူလိုက်သည်။


ဒါကို ယင်းကျောင်းသိသွားသောအခါ ဆရာလျိုကို သွားထွက်ရှာရန်ပြင်သည်ကို ကျင်းစစ် တားထားရသည်။


ထိုသို့နှင့် စာလေ့ကျင့်ချိန်ပြီးသွားချိန်တွင်လည်း ကျင်းစစ်အတွက် နောက်ထပ်အလုပ်တစ်ခုရှိလာပြန်သည်။


နေ့တိုင်းလူအများနှင့် ဓါတ်ပုံအရိုက်ခံ၊ အင်တာဗျူးများကို တစ်ခုပြီးတစ်ခုဖြေနေရသည်ကိုတော့ ဖော်ပြရန်မလိုတော့။ ကျန့်ချွယ်ရဲ့စကားအရဆိုလျှင်


"ငါတို့အစ်ကိုစစ်က အခုတော့ငါတို့စီရင်စုရဲ့ ထိပ်ခေါင်ကြီးဖြစ်သွားပြီ...ဆယ်လီတစ်ယောက်နဲ့မခြားတော့ပါဘူးလေ..."


ကျင်းစစ် အမှတ်ကောင်းများရပြီး လူအများ၏စိတ်ဝင်စားမှုခံရချိန် တစ်ဖက်တွင်လည်း ချောင်းအန်ယန်းမှာ သူ့အရင်ဘဝ၏လမ်းကြောင်းအတိုင်း တစ်ဖန်ပြန်ဖြတ်သန်းလျှက်ရှိသည်။


အွန်လိုင်းလောင်းကစားနှင့် သူပထမဦးဆုံးအကြိမ်ထိတွေ့ချိန် အကုန်လုံးပြန်လုပ်ဖို့ရန်မလွယ်ကြောင်း သူ့ကိုယ်သူအမြဲသတိပေးနေသည်။ သူလုပ်ခဲ့မိသောအမှားကို ထပ်တူပြန်မလုပ်မိဖို့အရေးကြီး၏။


သို့သော် ပွဲအချို့နိုင်ပြီးသွားသောအခါ ချောင်းအန်ယန်းမှာ တဖြည်းဖြည်းချင်း သတိလွတ်လာ၏။ ဘယ်လိုပဲဖြစ်ဖြစ် လက်ထဲရှိသည့်ပိုင်ဆိုင်မှုငွေကြေးက စိတ်ကြီးဝင်စေသည်။ နိုင်ရင် ပိုရမယ်။ ရှုံးရင်လည်း ဂရုစိုက်စရာမလို။ နောက်ပွဲအချို့ဆက်ကစားပြီး ပျော်ရွှင်ဖို့ကအဆင်ပြေသည်။


မည်သို့ဖြစ်ဖြစ် သူဘယ်လိုချင့်ချိန်နိုင်မည်နည်း? အဆုံးမှာတော့ သူနိုင်ထားသည့်ငွေများ ရှုံးသွားသည့်အပြင် လောင်းကစားအတွက် အွန်လိုင်းမှငွေချေးထားသေးသည်။


ဦးနှောက်သေးသေးလေးသာရှိတဲ့လူများကတော့ အွန်လိုင်းငွေချေးကိစ္စများကို ထိတွေ့မည်မဟုတ်။


ချောင်းအန်ယန်းအတွက်တော့ မီးဟုန်းဟုန်းတောက်နေပြီဖြစ်သည်။ ကျန်တာတွေကို ဂရုမစိုက်တော့ဘဲ သူပိုက်ဆံတွေ ပိုပို၍သာရှိလာသည်။


သူ ဘဝကို၂ကြိမ်ဖြတ်သန်းခွင့်ခဲ့ရသော်လည်း သူဘာပညာမှမသင်ယူခဲ့ပေ။ သူ့ဖုန်းထိပ်က ကြွေးကျန်စာများ၊ အကြွေးတောင်းစာများကြောင့် သူအားလုံးကိုချန်ခဲ့ပြီး ထွက်ပြေးလာခဲ့သည်။


ထိုသို့နှင့် ကျင်းစစ်၏အကြီးမားဆုံးသတင်းပြီးနောက် ချောင်းအန်ယန်းကြောင့် စီရင်စုတွင် သတင်းကြီးတစ်ခုပေါ်ပေါက်လာသည်။


"ဖာခ့်! သူတကယ်လောင်းကစားလုပ်ခဲ့တာပေါ့!..."


ကျန့်ချွယ်က မယုံကြည်နိုင်စွာ ဖမ်ချန်းချန်းဖက်သို့လှည့်ကာ


"ဖမ်ချန်း...မင်းအကောင်းဆုံးပဲ!..."


ဖမ်ချန်းချန်းက မျက်ခွံလှန်ကာ တစ်ချက်ကြည့်လိုက်ပြီး


"လူတိုင်းပြောနိုင်ပါတယ်..."


လူတိုင်းမဟုတ်တဲ့ ကျန့်ချွယ်ကတော့


"..."


ကျန့်ချွယ်မှာ အခုအချိန်သူနဲ့ရန်ဖြစ်ဖို့အချိန်မရှိ။ သူ့ခန္ဓာတစ်ခုလုံးက အတင်းချဖို့မီးတောက်လောင်နေသည်။


"ငါစဉ်းစားလို့မရဘူး...သူအဲ့လောက်နိုင်ထားရင်လည်း ဘယ်အချိန်မှာရပ်ရမယ်ဆိုတာ ဘာလို့သူမသိတာလဲ..."


ဘေးနားရှိ ယင်းကျောင်းက သရော်ပြုံးပြုံးမိသည်။ မက်လုံးမက်တတ်တဲ့ချောင်းအန်ယန်းလိုကောင်မျိုးက ဘယ်လိုလုပ်သိမှာလဲ...


တကယ်ဆို သူဘာမှလုပ်ခဲ့ခြင်းမဟုတ်။ သူ့အရှေ့တွင် ခဏခဏနိုင်အောင်လုပ်ပြနေသော လူတစ်ယောက်ကိုတွေ့ပြီး အငိုက်မိသွားခြင်းဖြစ်သည်။ ဒီမက်လုံးအကြီးကြီးကိုမိသွားလိမ့်မယ်လို့ ဘယ်သူထင်မလဲ...


"မျက်ကန်းစုံမှိတ်လောင်းတာပါပဲ..."


ဟယ်ကျိုး အစပ်ချောင်းကိုစားလျှက်


"ဒါပေမယ့် ပြည်တွင်းမိုဘိုင်းဥက္ကဋ္ဌလည်း မကာအိုမှာ ၁၀ဘီလီယံလောက်ရှုံးတယ်လို့ကြားတာပဲ..."


ကျန့်ချွယ်လည်း အစပ်ချောင်းတစ်ချောင်းကိုယူစားရင်း


"ကောင်းတယ်...ငါကတော့ အဲ့လောင်းကစားတွေကိုနားကိုမလည်တာ..."


ချောင်းအန်ယန်း၏ကိစ္စက ကျောင်းတွင် ၂ရက်လောက်ကြာအောင် နာမည်ကြီးပြီးနောက် ဘာမှဆက်မဖြစ်တော့ပေ။


လကုန်ကာနီးပြီဖြစ်သည်။ ၃ရက်ကြာမြင့်မည့် ချင်းမင်ပွဲတော်ရှိသည်။ သူတို့၏ဘိုးဘေးများကို သေချာမသိသော်လည်း အားလုံးကအိမ်ပြန်ဖို့ကိုတာဆူနေကြသည်။


( M/t : ချင်းမင်ပွဲတော်မှာ ဘိုးဘေးတို့အားတွေ့ဆုံးကန်တော့သည့်ပွဲဖြစ်သည်)နာမည်အသံထွက်ကမှန်လားမသိဘူး😬


ဒီနေ့ညနေတွင်တော့ ကျင်းစစ်ကို ယင်းကျောင်းအိမ်သို့ ခေါ်လာခဲ့သည်။


"ရေချိုးပြီးရင် အိပ်ယာဆီတန်းသွားတော့...စာမဖတ်နဲ့တော့..."


ယင်းကျောင်းက ဆိုဖာပေါ်ပစ်ထိုင်လိုက်ပြီး ကျင်းစစ်၏မျက်နှာသေးသေးလေးကိုကြည့်ရင်း စိတ်အဆင်မပြေစွာပြောလိုက်သည်။


"ဆရာတို့ကလည်းကွာ အတင်းကြီးတွေလုပ်ခိုင်းနေတယ်...မင်းပင်ပန်းနေတယ်ဆိုတာကို မသိကြဘူးလား မသိဘူး..."


"အဆင်ပြေပါတယ်..."


ကျင်းစစ်က လွယ်အိတ်ကိုဘေးနားတွင်ချထားလိုက်ပြီး ယင်းကျောင်းကိုနှစ်သိမ့်ရသည်။


"ဓါတ်ပုံနည်းနည်းရိုက်တာရယ်...အင်တာဗျူးနည်းနည်းလေးပါပဲ ...စိတ်မပူပါနဲ့..."


ဓါတ်ပုံ? ယင်းကျောင်း ရုတ်တရက် တစ်ခုခုကိုခံစားလိုက်ရသည်။ ဓါတ်ပုံကိစ္စကိုပြောရင်းနှင့် သူ ကျင်းစစ်ကိုတစ်ခုခုပေးရန် ရှိသည်လေ။


"ပေါင်ပေ့..."


ယင်းကျောင်းက မျက်လုံးမှေးကာ ကျင်းစစ်အနားသို့ကပ်သွားသည်။


"ကိုယ့်ရဲ့ကိုယ်လုံးပုံတွေ မလိုချင်ဘူးလား...ကိုယ်ရိုက်ပေးရမလား

.."


သူမွေးကင်းစ ငယ်ငယ်ကပုံကိုများ ဟိုလိုလိုသည်လိုလို ပြောတယ်...


ကျင်းစစ် မျက်နာပူနေသည်ကို ခေါင်းငုံ့ကာဖွက်ထားသည်။ သို့သော် သူမြင်ဖူးချင်မိသည်လေ။


ကလေးလေး ယင်းကျောင်း


သူအခုထပ်ပိုပြီးဝချင်ဝမယ်ထင်တယ်။ ပြည့်ပြည့်လေးပေါ့။ သူ့မျက်နှာကျပုံက အရမ်းချောတာမို့ အရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေးဖြစ်ကိုဖြစ်နေမှာ။


ထိုသို့စဉ်းစားရင်း ကျင်းစစ်နှလုံးသားမှာ ဂွမ်းစလေးကဲ့သို့ နူးညံ့လာသည်။ ထို့နောက် သူခေါင်းညိတ်ပြကာ အလောဆော်‌တော့သည်။


"ဒါဆိုလည်း မြန်မြန်ပြလေ..."


ပထမတော့ ယင်းကျောင်းက စနောက်ချင်စိတ်မရှိ။ သို့သော် သူအသည်းယားလာပြီး သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ


"ဒီလိုဆိုရင်တော့ ဒီလိုရှိတယ်ကွာ...မင်းကြည့်ပြီးသွားရင် ကိုယ်ရောကြည့်လို့ရမှာလား..."


ကျင်းစစ်က သာမာန်ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူရိုးသားစွာပဲပြောလိုက်သည်။


"ငယ်ငယ်တုန်းကဓါတ်ပုံ မရှိဘူး..."


"ဟာ...ဘယ်သူကအဲ့ဒါလို့ပြောလို့လဲ..."


ယင်းကျောင်း မျက်ခုံးပင့်ကာ ကျင်းစစ်နားထဲသို့ တိုးညှင်းစွာ


"မရှိဘူးဆိုရင်လည်း လက်တွေ့မြင်ကွင်းဆိုရင်ပိုတောင်ကောင်းသေးတယ်..."


ကျင်းစစ် မျက်နှာရဲတက်သွားသည်။


ကျင်းစစ် နှလုံးခုန်မြန်နေပြီး အာခေါင်က ခြောက်သွေ့နေသည်။ ယင်းကျောင်း သူနှင့်အတူရှိခဲ့တာကြာပြီ။ အခုလို သူ့ရဲ့dirty talkများကို အခုထိအသားမကျသေး။


သို့သော် ယင်းကျောင်းကို သူအရမ်းချစ်သည်။ သူဘယ်နည်းကိုသုံးသုံး ယင်းကျောင်းစိတ်ပျော်ဖို့ဆိုရင် သူလုပ်နိုင်သ၍သူလုပ်မည်။


ကျင်းစစ် မျက်လုံးများမပင့်ရဲသေးပေ။ အရှက်ကို နှလုံးသားထဲတွင် ထိန်းချုပ်ရင်း


"အိုကေ..."


သူပိုပြီးလိုက်နာလေ ဆိုးသောအရာများကို ယင်းကျောင်းပိုပြီးလုပ်ချင်လေ။


ယင်းကျောင်း လေအဝရှူလိုက်ပြီး တောင်းဆိုလိုက်သည်။


"ဒါဆို ဒီည...မင်းကိုယ်တိုင်လုပ်ပြနိုင်မလား..."


ကျင်းစစ် လည်ပင်းလည်းရဲတွတ်နေပြီး ခေါင်းငုံ့ထားသည်။ ခဏအကြာမှ အသံတိုးလေးနှင့်


"အိုကေ..."


အမှန်ဆို ယင်းကျောင်းက စနောက်လိုက်ခြင်းဖြစ်ပေမယ့် သူလက်ခံလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။


ရယူထားတဲ့အခွင့်အရေးက ဘာမှမလုပ်ဖို့အတွက်မှမဟုတ်တာ။


"ဓါတ်ပုံသွားရှာလိုက်ဦးမယ်..."


ယင်းကျောင်း မတ်တတ်ရပ်လိုက်‌ပြီး စာအုပ်စင်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။


ကလေးတစ်ယောက်အနေနဲ့ သူ့အမေကသူ့ကို ဓါတ်ပုံများစွာရိုက်ပေးခဲ့ဖူးသည်။ သူ့အမေဆုံးပြီးနောက်ပိုင်းတွင် ယင်းကျောင်း၏ပုံများကို ထုတ်မကြည့်ဖြစ်တော့။ ဘယ်နားထားမိမှန်းလည်း သူမမှတ်မိ။


"ဖာခ့်...သောက်ဖက်မလုပ်ဘူးဆို တွေ့ပြီနေ့တိုင်း...ရှာပြီဆို ဘယ်ရောက်နေမှန်းမသိဘူး..."


ယင်းကျောင်း တဗြစ်တောက်တောက်ပြောရင်း အိမ်ထောင်စုမှတ်ပုံတင်စာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး စာအုပ်စင်ကိုဆက်၍ လှန်လောရှာနေသည်။


ယင်းကျောင်း အားသုံးတာအနည်းငယ်များသွားသဖြင့် အနီရောင်စာလုံးခေါင်းစဉ်နှင့် စာအိတ်တစ်ခုပြုတ်ကျသွားသည်။


ယင်းကျောင်း ကြောင်သွားမိသည်။ သူ့နေထိုင်ခွင့်လက်မှတ်ကို အတူထည့်ထားတာဖြစ်သည်လေ။ ဆိုတော့ ကျင်းစစ်ထားထားတဲ့အိမ်က ဒီအိမ်မှာပေါ့? ယင်းကျောင်းစဉ်းစားကြည့်မိကာ ပြုံးသွားပြီး လှန်ကြည့်လိုက်သည်။


အပေါ်က အိမ်ရှင်နေရာကိုကြည့်မိလိုက်ချိန်တွင် ယင်းကျောင်းပို၍ ကြက်သေသေ သေသွားသည်။


ကျင်းစစ်မဟုတ်။ သူ့နာမည်။


ထိုနေ့က ကျင်းစစ်ရဲ့လုပ်ဆောင်မှုကို ပြန်စဉ်းစားမိပြီး ယင်းကျောင်းလက်သီးဆုပ်မိသွားသည်။ အရာအားလုံးကို နားလည်သွားသည်။ 


အစကတည်းက ဒီအိမ်ကို သူလိုချင်ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် သူ့မျက်စိအရှေ့မှာ မငြင်းသာလို့လက်ခံခဲ့ပေမယ့် သူတိတ်တဆိတ် ပြန်လွှဲပြောင်းပေးထားခဲ့တယ်။


ယင်းကျောင်း အသက်ပြင်းတစ်ချက်ရှုလိုက်သည်။


ဒါသူ့ကို ကျင်းစစ်က ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာလား?


သူတို့၂ယောက်ရဲ့ပက်သတ်မှုက အခုပိုပြီးနီးစပ်တာလား ဒါမှမဟုတ် ဘာလဲ...


ယင်းကျောင်း စိတ်ကယောက်ကယက်ဖြစ်နေပြီ။ အကောင့်စာအုပ်ကိုကောက်ယူပြီး‌ နေရာတကျ ပြန်ထည့်ထားမည်အလုပ် မတော်တဆစာရွက်က အနောက်ဖက်သို့လန်သွားသည်။ သူမျက်မှောင်ကြုတ်၍ အနီးကပ်ကြည့်လိုက်ရာ...


ယင်းကျောင်း မျက်လုံးများပိုပြူးသွားသည်။


ဗြောင်ကြီးဖြစ်သင့်နေတဲ့ နေထိုင်ခွင့်လက်မှတ်၏ ဒုတိယစာမျက်နှာပေါ်တွင် အသစ်စက်စက် ရိုက်ထားသည့် စကားလုံး၂လုံး -'ကျင်းစစ်'