အပိုင်း၁၁၇
Viewers 14k

Chapter 117

Chapter 117


ယင်းကျောင်း မျက်လုံးများတုန်ရီနေလေသည်။သူ စာအုပ်အသေးလေးကို ကြည့်နေရင်း အသက်ပင်အောင့်ထားမိသည်။ ကြည့်ရတာ သူသေချာဂရုမစိုက်ခဲ့ရင် သူ့အစီအစဉ်တွေပျက်သွားမည်ကို စိုးရိမ်နေတာဖြစ်လိမ့်မည်။


တကယ်လား... ကျင်းစစ် သူ့နာမည်ကို ဒီကိုပြောင်းထားတာလား?


သူ့ရင်ဖက်က နိမ့်ချီမြင့်ချီနှင့် ရင်ခုန်သံတွေမြန်နေသည်။ မျက်လုံးမှိတ်ထားပြီး တံတွေးတွေလည်းမျိုချနေမိသည်။ ထို့နောက် စာအုပ်ကိုပြန်ဖွင့်ပြီးကြည့်မိပြန်သည်။


ဟုတ်တယ်။ သူမမြင်ခဲ့တာ။ ဒါမှမဟုတ် အိမ်မက်မက်နေတာလား။ အကောင့်စာရွက်ပေါ်မှာ စာလုံးအမည်းလေး


နာမည် : ကျင်းစစ်


ပိုင်ရှင် / ပိုင်ရှင်နှင့်ပက်သတ်မှု : ဝမ်းကွဲညီ


("မင်းရဲ့အကောင့်စာအုပ်ကို စာအုပ်စင်မှာထားထားပေးတယ်နော်..."


"လိုအပ်တဲ့အချိန် အဲ့ဒီမှာရှာကြည့်လို့ရတယ်...")


ယင်းကျောင်း သက်ပြင်းကြီးချကာ ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲနေမိသည်။


ငါအရူးပဲ! ကျင်းစစ် နဂိုတည်းက အရိပ်ပြခဲ့သည်။ သူက ‌အကောင်မမြင်ခဲ့။


လက်ဆောင်ကိုငြင်းခဲ့တဲ့ကျင်းစစ်ကို စိတ်ဆိုးနေတာတွေက တဖြည်းဖြည်းပျောက်ကွယ်လာသည်။ အကောင့်စာအုပ်ကို သူ့ရင်ဖက်မှာအပ်ထားမိသည်။ ခဏအကြာတွင် ခပ်တိုးတိုးလေး ရယ်ပြုံးမိကာ တံခါးဝဆီ လျှောက်လာခဲ့သည်။


ကျင်းစစ်က ဧည့်ခန်းထဲ ဟိုဖက်မှာ‌စောင့်လိုက် ဒီဖက်မှာစောင့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ ယင်းကျောင်းက ပြန်မလာသေးသောကြောင် သူနည်းနည်းစိတ်ပူသွားသည်။


သူ ယင်းကျောင်းငယ်ငယ်ကပုံလေးကို တကယ်ကြည့်ချင်မိသည်။ စိတ်ကြီးဝင်နေတဲ့ကလေးလေးပုံစံ ဖြစ်နေပေလိမ့်မည်။ နေ့တိုင်းကို ကလေးဆိုးကြီးအနေနဲ့ ပါးစပ်ဟလိုက်ရုံနှင့်ပင် အခြားကလေးတွေကို အော်ငိုစေမှာအမှန်ပင်။


ထိုသို့တွေးမိရင်ကို သူချစ်ဖို့ကောင်းသည်ဟု ကျင်းစစ်ခံစားမိသည်။ 


သူစောင့်တယ်။


 စောင့်နေပေမယ့် ယင်းကျောင်း ပြန်ထွက်မလာသေး။ မစောင့်နိုင်တော့သည့်အဆုံး စာကြည့်ခန်းဆီသို့ လျှောက်လာလိုက်သည်။


တံခါးလက်ကိုင်ဘုလေးကို ကိုင်ရုံရှိသေးချိန် တံခါးကဘေးသို့ပွင့်သွားပြီး ယင်းကျောင်း၏မျက်နှာက ပေါ်ထွက်လာသည်။ ကျင်းစစ်ရုတ်တရက်ကြောင်သွားပြီး သူ့လက်ကိုကြည့်လိုက်ရင်း


"ဓါတ်ပုံ......"


ကျင်းစစ်၏အသံမှာ ချက်ချင်းရပ်တန့်သွားသည်။


ယင်းကျောင်းက ကျင်းစစ်၏ခါးကိုချုပ်ကိုင်လိုက်ပြီး အပေါ်သို့မြှောက်ကာ နံရံဆီတွန်းကပ်လိုက်သည်။


ရုတ်တရက်ပေါ့ပါးသွားတဲ့ကျင်းစစ်က ယင်းကျောင်း၏ခါးကို ဖက်ခွထားမိသည်။ ဘာမှမသိနိုင်ခင်မှာ ဟာရီကိန်းလို အနမ်းတစ်ခုက ပြိုကျလာသည်။


ယင်းကျောင်း၏အနမ်းက ပြင်းထန်လှသည်။ အသံရှုထုတ်လိုက်သည့်လေက ပူပြင်းနေပြီး ခန္ဓာကိုယ်က ပူနွေးနေသည်။ သူ့ပါးစပ်ကအဆက်မပြတ်ပွင့်ဟလျှင် လျှာဖျားကို အငမ်းမရစုပ်နေလေသည်။


သူ့အနမ်းအောက်မှာ ကျင်းစစ်မျောလွင့်သွားရသည်။ သူခန္ဓာကိုယ်တစ်ခုလုံး လေပေါ်သို့ရောက်နေပြီး ဘာတစ်ခုအားစိုက်ထုတ်စရာမလိုပဲ ပြုတ်မကျသွားစေရန်သာ ယင်းကျောင်းကို ဖက်တွယ်ထားပြီး နာခံရို့ကျိုးစွာ သူ့ကိုယ်သူ ပေးဆပ်နေသည်။


"ပေါင်ပေ့..."


ယင်းကျောင်း သူ့နှုတ်ခမ်းကို လွှတ်ပေးလိုက်သည်။ ယင်းကျောင်း၏ရင်ခုန်သံတွေမြန်နေရင်း


"ကိုယ် စာအုပ်တွေ့တယ်..."


သူ နောက်ဆုံးတော့ တွေ့သွားပြီ။


ကျင်းစစ်မှာ ရှက်လည်းရှက်မိသလို အလွန်လည်းပျော်ရွှင်သွားမိသည်။


"ကိုယ်သာရှာမတွေ့ရင် မင်းဘယ်တော့မှပြောမှာလဲကွာ?..."


ယင်းကျောင်း ခေါင်းငုံ့ကာသူ့လည်ပင်းကိုနမ်းနေသည်။ အဝတ်တွေကိုချွတ်ပစ်ဖို့ကို မနည်းထိန်းထားရင်း


"ကိုယ့်နာမည်ပြောင်းဖို့ ဘယ်လိုစဉ်းစားမိတာလဲ?..."


ကျင်းစစ် ယားသလိုခံစားရတယ်။ သူ့ပါးတွေပူနွေးနီမြန်းကာ နှလုံးခုန်သံကလည်း ဒရမ်တစ်လို ကျာ်လောင်နေပြီ။ ပါးစပ်မှာဖွင့်ချီဟချီနှင့် နောက်ဆုံးမှ


"...ကော...."


"အင်း?..."


"ငါ..."


ယင်းကျောင်းနမ်းရတာပိုအဆင်ပြေအောင် ကျင်းစစ် ခေါင်းကိုတစ်ဖက်သို့လှည့်ပေးရင်း


"ငါလွတ်လပ်တဲ့သူတစ်ယောက် မဖြစ်ချင်ဘူး..."


သူ တံတွေးမြိုချပြီး အသံတွေတုန်ခါနေသည်။


"ကောနဲ့အတူ တစ်အိမ်တည်းနေပြီးထူထောင်ချင်တာ..."


ထိုသို့ပြောပြီးနောက် သူ ယင်းကျောင်းကို မကြည့်ရဲတော့ပေ။


ဒါက သူ ရှက်စရာအကောင်းဆုံး ဗြောင်ပြောသောစကားပင်ဖြစ်သည်။


ယင်းကျောင်းနှင့်အတူတူပိုင်ဆိုင်ထားတဲ့ အိမ်ကလေးတစ်အိမ်မှာ မိသားစုတစ်ခုကို သူထူထောင်ချင်မိတယ်။ ဥပဒေက မသိဘူးဆိုရင်တောင်မှ သူ့ရင်ထဲမှာတော့ ဒါဟာ အနီးစပ်ဆုံးပက်သတ်မှုတစ်ခုပါပဲ။


ယင်းကျောင်း အသက်ရှူမှားသွားသည်။


ဒီအရူးလေးကတော့ သူဘာမှမလိုချင်ပါဘဲ တိတ်တိတ်လေး သူ့နှလုံးသားတစ်ခုလုံးကို ပေးအပ်နေတယ်။


ယင်းကျောင်း သူ့ကိုဘယ်လိုချစ်ရမှန်းမသိတော့။ နောက်ဆုံးခြေလှမ်းတွေက အိပ်ယာပေါ်သို့။ ပြင်းထန်တဲ့အနမ်းတွေကြားထဲမှ သူဖွဖွလေးပြောလိုက်မိသည်။


"ကိုယ်မင်းကိုတကယ်လိုချင်တယ်ကွာ...ဒါမှ မင်း ကိုယ့်ကိုထားမသွားတော့မှာ...အရမ်းချစ်တယ်...ဖာခ့်ပဲ...ထိန်းချုပ်မရတော့ဘူး..."


ကျင်းစစ် ကိုယ်အပူရှိန်တွေတက်လာအောင် ပူထူလာလေပြီ။ ထို့နောက် သူသိလိုက်သည်က ယင်းကျောင်းက ဘောင်းဘီဆွဲချွတ်နေပေပြီ။


 သူခန္ဓာကိုယ်ကိုကျုံ့လိုက်မိပြီး ကမန်းကတန်းပြောလိုက်သည်


"ကော...ငါရေမချိုးရသေး..."


"သိတယ်...ကိုယ်သိတယ်...မလှုပ်နဲ့!..."


ယင်းကျောင်းက ကျင်းစစ်ခါးကို ကိုင်ထိန်းထားရင်း


"လိမ္မာပါနော် ပေါင်ပေ့.."


ကျင်းစစ် ရှက်နေသည်ကိုထိန်းကာ မော့ကြည့်လိုက်ရင်း


"မလုပ်ချင်ဘူးလား..."


ယင်းကျောင်းက မျက်ခုံးပင့်ကာ သူ့ကိုကြည့်နေသည်။ အကြည့်များက စိတ်ကျေနပ်မှုများပြည့်နှက်လို့။


"ဘာဖြစ်လို့လဲ ကျင်းရှန်...ပေးထားတဲ့ကတိကရော? မင်းကိုယ်တိုင်ပြမယ်လို့ပြောထားတယ်မှတ်လား...ကတိဖျက်ချင်လို့လား?..."


ကျင်းစစ်က ယင်းကျောင်းနဖူးပေါ်မှ ဇောချွေးများကိုကြည့်ရင်း သူလိုချင်တာဒါမဟုတ်ဘူးဆိုတာကိုသိသည်။ သို့သော် သူ(ယင်းကျောင်း)စိတ်မကျေနပ်မှာကိုစိုးရိမ်သဖြင့်


"နည်းနည်းတော့ နာတယ် ကော...ဒါပေမယ့် ငါသည်းခံနိုင်ပါတယ်..."


"မင်းသည်းခံနိုင်ပါတယ်..."


ကျင်းစစ်၏နှုတ်ခမ်းကို ယင်းကျောင်းစုပ်နမ်းလိုက်ပြီး မတ်တတ်ရပ်ကာ ခန်းစည်းများပိတ်လိုက်သည်။


"ဒါပေမယ့် ကိုယ်ကတောင့်မခံနိုင်ဘူး..."


သူ့ဘေးနားတွင် ကျင်းစစ်ရှိနေသ၍ သူ့ကိုပျော်စေမယ်။ ရယ်မောစေမယ်။ ဒါပေမယ့် သူ့ကို ကျင်းစစ်နည်းနည်းလေးမှ စိတ်မကောင်းအဖြစ်မခံနိုင်။


သူ စိတ်မသန့်မည်စိုးသဖြင့် ယင်းကျောင်းက အခန်းမီးကို အမြင့်ဆုံးတင်လိုက်သည်။ ကုတင်စောင်းတွင် ပက်လက်လှဲလိုက်ရင်း


"ပေါင်ပေ့ ကိုယ့်ကို အထင်သေးတာလား...ပြောပြမယ်...ပထမအစက ၁နာရီ ၂နာရီတည်းနဲ့ပြီးသွားမှာမဟုတ်ဘူး..."


ကျင်းစစ် ရှက်ရွံ့စွာ တီးတိုးသံလေးနှင့်


"ဒါ...ဒါဆိုလည်း ခံနိုင်ပါတယ်..."


သူ ယင်းကျောင်းကို ဆက်ပြီးစောင့်မနေစေလို။ နည်းနည်းပဲနာမှာလေ ဘာလို့ကြောက်နေမိတာပါလိမ့်...


ယင်းကျောင်းမှာ ကျင်းစစ်ကြောင့် မကောင်းဆိုးရွားတစ်ကောင်သို့ ပြောင်းလဲသွားမတတ်ပင်။  ကျင်းစစ်ကိုကြည့်ရင်း သူ့ဆန္ဒများကို ဖိနှိပ်ချိုးနှိမ်ထားရသည်။ 


"ကောင်းပြီ ...ပေါင်ပေ့က ကိုယ်ပြောတဲ့အတိုင်း လုပ်မှာမဟုတ်လား..."


ကျင်းစစ် မျက်တောင်များပင် တုန်ခါနေပေပြီ။ သူ အသာအယာလေး ခေါင်းညိတ်ပြလိုက်သည်။


ယင်းကျောင်းက ကျင်းစစ်ရဲ့ဆွယ်တာဇစ်ကိုဖြုတ်ချပြီး ကျင်းစစ်ရဲ့လည်ညှပ်ရိုးလေးကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် ပြင်းထန်သောစိတ်အစဉ်နှင့်ခပ်တိုးတိုးလေးမေးလိုက်သည် 


"ပေါင်ပေ့ရဲ့ လိပ်ပြာရိုးပေါ် မှာ ကိုယ် ပြီးလိုက်မယ်ဆိုရင်ရော..."


ကျင်းစစ် ခေါင်းငုံ့ကာ ဆွယ်တာကိုချွတ်ပစ်လိုက်ပြီး


"ကြိုက်တဲ့...ကြိုက်တဲ့နေရာ..."


"ကြိုက်တဲ့နေရာ..."


"....ဟုတ်"


ယင်းကျောင်းတောင့်မခံနိုင်တော့။ ကျင်းစစ်၏ ပြေလျော့နေသော ဘောင်းဘီကိုဆွဲချွတ်ရင်း အာဏာပါပါ အမိန့်ပေးလိုက်သည်။


"ခုချွတ်..."


ထိုညက တစ်ကုတင်တည်း အတူတူမအိပ်ခဲ့ပေမယ့်  တကယ့်အမှတ်တရညတစ်ညဖြစ်ခဲ့သည်။ ကျင်းစစ်ခန္ဓာကိုယ်၏ပုံမှန်လှုံ့ဆော်မှုနှင့်အတူ မနက်၆နာရီတွင်နိုးလာသည်။ တစ်မနက်လုံးစာလုပ်ကာ နေ့လည်စာစားပြီးနောက် သူမခံနိုင်တော့ပြီ။ ထို့ကြောင့် သူဒီရက်ပိုင်းအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တစ်ရေးတစ်မော အိပ်စက်လိုက်သည်။


ထုံးစံအတိုင်းသာဆိုလျှင် ယင်းကျောင်းမှာ ကျင်းစစ်အား အနားယူနေခြင်းမှ နှိုးမည်မဟုတ်။ သို့သော် ဒီနေ့ကတော့မဟုတ်ပေ။


နေ့လည်၃နာရီထိုးကာနီးပြီမို့ ယင်းကျောင်းစဉ်းစားမိပြီး တံခါးကိုတွန်းဖွင့်ကာ အိပ်ခန်းထဲသို့ဝင်လိုက်သည်။


"ပေါင်ပေ့..."


သူ ကုတင်ဘေးတွင် ငုတ်တုတ်ထိုင်လိုက်ပြီး ဆံပင်လေးကို ပင့်တင်ပေးလိုက်ကာ နှာခေါင်းလေးကို တို့ပြီး တိုးဖွဖွဆိုလိုက်သည်


"ထတော့..."


ကျင်းစစ်၏နားထဲသို့ အသံတစ်သံဝင်လာ‌သောကြောင့် မျက်မှောင်ကြုတ်ကာ မျက်လုံးဖွင့်လိုက်ပြီးနောက် သန်းဝေကာပြောသည်။


"ကော..."


"အင်း..."


ယင်းကျောင်းက ကျင်းစစ် နိုးနိုးချင်းအသိစိတ်ပြန်ဝင်လာအောင် ခဏစောင့်ပြီးမှ


"ထ...ကိုယ်နဲ့တစ်နေရာကို အရင်သွားရအောင်...ညကျမှ စိတ်ကြိုက်အိပ်..."


ကျင်းစစ် လက်တစ်ဖက်ထောက်ကာ ထလိုက်ပြီး မျက်စိကိုပွတ်ရင်း ဘုမသိဘမသိပုံစံနှင့်မေးလိုက်သည်


"ဘယ်ကိုသွားမလို့လဲ..."


ကျင်းစစ်ကိုကြည့်လိုက်တော့ ညဝတ်အင်္ကျီကို အသေအချာဝတ်ထားသည်။ အကြည့်တွေကို ပြန်လည်ရုတ်သိမ်းရင်း


"ကိုယ့်အမေရဲ့အုတ်ဂူ..."


ကျင်းစစ် ငုတ်တုတ်ထထိုင်လိုက်မိသည်။ ရစ်မူးနေတဲ့ခေါင်းထဲက အိပ်ငိုက်ခြင်းတွေက ချက်ချင်းပျောက်သွား၏။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့်


"ကော...မင်း...အမေရဲ့အုတ်..ဂူကို..."


"အင်း..."


ယင်းကျောင်းက သူ့တုန့်ပြန်မှုကိုကျေနပ်သည့်ပုံပေါက်သည်။


"ဘာတွေအံ့ဩနေတာလဲကွ...မိသားစုဝင်တွေပဲ...ကိုယ်တို့မိဘတွေကို သွားတွေ့ကြရမှာက ထုံးစံပဲလေ..."


ကျင်းစစ်မှာ ကမန်းကတမ်း ကုတင်ပေါ်မှထ၍ ဝရုန်းသုန်းကားဖြစ်လျှက်ရှိသည်။


"...ကြိုလည်းမပြောဘူး...အခုဘာမှမပြင်ဆင်ထားမိ..."


ရှုပ်ယှက်ခတ်နေသောကျင်းစစ်အား ယင်းကျောင်းမေးထောက်ကာ ပြုံးကြည့်လျှက် ပြောလိုက်သည်


"ဘာပြင်ဆင်စရာရှိလို့လဲ..."


ကျင်းစစ် အနက်ရောင်ကုက်တစ်ထည်ကိုဆွဲထုတ်ကာ ကုတင်ပေါ်တင်လိုက်ပြီး


"စက္ကူငွေလေ...မီးရှို့ဖို့ရွှေတုံးတွေ...ပြီးတော့..."


"အရူးလေး..."


ယင်းကျောင်းက သူ့နဖူးကို ဖုန်းနဲ့တစ်ချက်သာသာလေး ခေါက်လိုက်ပြီး


"ဘယ်သုဿန်ကမှ မီးရှို့ဖို့ခွင့်မပြုတော့ဘူးကွ...ပြီးတော့ အမေလည်း မကြိုက်ဘူး...လီလီပန်းတစ်စည်းတည်းပဲ..."


"အာ..."


ကျင်းစစ် သင်္ချိုင်းကို တစ်ခါမှမရောက်ဖူးသဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ


"အဲ့ဒါဆို ဝယ်လိုက်မယ်လေ..."


"ရပြီးပြီ..."


ယင်းကျောင်းက ရယ်မောလျှက်။


ကျင်းစစ် မှန်ကိုအကြိမ်ကြိမ်အခါခါကြည့်ပြိး အားလုံးပြည့်စုံပါပြီဆိုမှ ယင်းကျောင်းနှင့်အတူ ထွက်လာခဲ့သည်။


သူတို့ ချင်းမင်ပွဲတော်အတိအကျရောက်ခဲ့သည်။ ရောက်သည့်အချိန်ကိုက်ပင် ညနေခင်းမီးဗုံးပျံအသေးများလွှင့်တင်သည့်အချိန်နှင့်ကွက်တိဖြစ်သည်။ ပွဲတော်တွင် လူအများအပြားရှိနေသည့်အတွက် ယင်းကျောင်းက ကျင်းစစ်အား လက်မလွှတ်တမ်း ဆွဲခေါ်သွားပြီး ပွဲတော်အလယ်တည့်တည့်သို့သွားကာ မှတ်ကျောက်စာအနက်အရှေ့တွင် ရပ်လိုက်သည်။


"ဒီမှာပဲ..."


ယင်းကျောင်းက ကျောက်တုံးပေါ်မှ ဖုန်မှုန့်များကိုဖယ်ရှားလိုက်ကာ ပြုံးရယ်ပြလိုက်သည်။


"အရင်နှစ်တွေကတော့ ကျွန်တော်တစ်ယောက်တည်းလာခဲ့တယ်...ဒီနှစ်တော့ မားနဲ့တွေ့ပေးဖို့တစ်ယောက်ကိုခေါ်လာတယ်..."


"သူ့နာမည်က ကျင်းစစ်တဲ့...စာလည်းတော်တယ်...ချောလည်းချောတယ်...နောက်နှစ်တွေဆို သူနဲ့ပဲအမြဲလာမှာ...မားကြိုက်မယ်ဆိုတာ ကျွန်တော်သိပါတယ်..."


သူမ အသိတရားပျောက်သွားချိန်တွင် ယင်းကျောင်းက သူမကိုမုန်းလည်းမုန်းသလို အပြစ်လည်းပုံချခဲ့သည်။ သူ့ကို တစ်ယောက်တည်းထားသွားခဲ့တဲ့အတွက်ကြောင့်ရော သူမရဲ့အဆုံးသတ်မှုကိုမျက်မြင်သက်သေဖြစ်စေခဲ့တဲ့အတွက်ကြောင့်ရော မုန်းတီးခဲ့မိသည်။


သို့သော် တဖြည်းဖြည်း သူနားလည်လာသည်။ သူ့နှလုံးသားထဲမှ အမုန်းတရားများကလည်း အပြစ်ရှိသလိုခံစားရသည်။


သူ့ကို ဂရုမစိုက်ခဲ့တာမဟုတ်။ သူ့အမည်အောက်က အရာမှန်သမျှက အရာရာကိုဖြေရှင်းပေးပါလိမ့်မယ်။ သူမ ဆက်ပြီးတောင့်မခံနိုင်တော့ဘဲ ထွက်သွားခွင့်၊ လွတ်မြောက်ခွင့်ရချင်ပါပြီ။


ကျင်းစစ်က လီလီပန်းကို ယင်းကျောင်းကိုတောင် ပေးမထိဘဲ တောက်လျှောက်ကိုင်ဆောင်လာခဲ့ပြီး ကျောက်တိုင်ကို ၃ကြိမ် ၃ခါ ဦးညွှတ်ပြုလိုက်သည်။


ယင်းကျောင်းရဲ့အမေက ဘယ်ပုံစံဆိုတာကို သူမသိ။ ဘယ်ပုံစံနှင့်ဆုံးပါးသွားသည်ကို သူမသိ။ သို့သော် သူ့နှလုံးသား အနက်ရှိုင်းဆုံးအတွင်းကနေ ကျေးဇူးတင်မိသည်။


ယင်းကျောင်းကို ဒီကမ္ဘာပေါ်ခေါ်ယူခဲ့ပေးခြင်းကြောင့် သူနဲ့ယင်းကျောင်းတွေ့ဆုံခဲ့ရသည်။


ယင်းကျောင်းက ကျောက်တိိုင်လေးကို တိတ်တိတ်လေးငေးကြည့်နေမိသည်။ ကျင်းစစ် သူ့ဘဝထဲကိုဝင်လာခဲ့ပြီးတာနဲ့ သူရင်ဆိုင်တိုက်ခိုက်ပြီး စာကြိုးစားခဲ့တယ်။ အခုတော့ ဘေးမှာကျင်းစစ်ရှိနေတဲ့သူ့ဘဝက အကုန်ပြီးပြည့်စုံနေပြီ။ သူမ ကျေနပ်မှာပါ။


ယင်းကျောင်း သက်ပြင်းရှည်ကြီးချပြီး ပန်းစည်းလေးကို အကြာကြီးကြည့်နေမိသည်။ ထို့နောက် ခေါင်းကိုလှည့်ပြီး ပြောလိုက်သည်


"သွားကြစို့..."


ကျင်းစစ် ခေါင်းညိတ်ကာလိုက်သွားပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးသွားတော့ ပြန်လှည့်ကြည့်မိသည်။


တိုးတိုးတိတ်တိတ်လေး စိတ်ထဲမှာ "မာမား" လို့ခေါ်လိုက်မိသည်။


အပြန်လမ်းမှာတော့ ယင်းကျောင်းက သူ့ကို မိသားစုဆိုင်ရာရော သူ့အမေရဲ့သေဆုံးခြင်းဆိုင်ရာရောကို ပြောပြလာသည်။


"ဘာလို့ သွေးမြင်ရင်ကိုယ်ခေါင်းကိုက်ကိုက်နေလဲဆိုတာ သတိမထားမိဘူးလား...အဲ့ဒါကြောင့်ပဲ..."


ယင်းကျောင်းက အိတ်ကပ်ထဲလက်နှိုက်ထားရင်းပြောသည်။


"အခုတော့လည်း နေသားကျသွားပါပြီ..."


ယင်းကျောင်းကို မည်သို့နှစ်သိမ့်ရမှန်း ကျင်းစစ်မသိ။ အရင်အကြောင်းတွေကိုလည်း မြေလှန်မဖော်ချင်။ ယင်းကျောင်းလက်ကိုကိုင်လိုက်ပြီး


"စိတ်မပူပါနဲ့...ရှေ့လျှောက် ကျွန်တော်စောင့်ရှောက်ပေးမယ်..."


ယင်းကျောင်း၏နှုတ်ခမ်းများ ပင့်တက်သွားသည်။


"အိုကေ..."


သူတို့၂ဦး ဘူတာမှထွက်လာတော့ အတော်မှောင်နေပြီး ညစာလည်း မစားရသေးပေ။


ယင်းကျောင်းက မျက်လုံးပင့်ကာ ဒီအနီးအနားတဝိုက်တွင် ကောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်ကိုမှတ်မိသွားပြီး ကျင်းစစ်ကိုခေါ်ကာ ပြေးသွားလိုကွသည်။


မမျှော်လင့်ဘဲ အရှေ့မှာ လူအုပ်တစ်အုပ်နှင့် ပိတ်နေလေတော့သည်။


"ဘာဖြစ်တာလဲကွာ..."


ယင်းကျောင်းက မျက်မှောင်ကြုပ်ကာ ထအော်တော့သည်။


"နေရာတိုင်းလူပိတ်နေတယ်...မသိရင် ရေကြီးနေသလိုပဲ..."


ကျင်းစစ်လည်း ဘာမှမသိချေ။ တော်ရုံနှင့်ချေးမများတတ်သူမို့ တခြားဆိုင်သို့သွားရန် ယင်းကျောင်းကိုပြောရန် ပြုစဉ် သူဘေးရှိစုံတွဲတစ်တွဲဆီမှ စကားပြောများကို ကြားလ်ိုက်ရသည်။


ကောင်လေးက သူ့ရင်ဘတ်ကို တဖုံးဖုံးထုကာ


"ကလေး...စိတ်မပူနဲ့...အဲ့ဒီပန်းတွေကိုကို ယူလာခဲ့ပေးမယ်..."


ကောင်မလေးက


"ပြီးတာပဲ..."


ကျင်းစစ် အနည်းငယ်ထပ်ပြီးနားထောင်လိုက်မိသေးသည်။ ထို့နောက်သူနားလည်သွားပြီ။ သူတို့အရှေ့မှာပင် အောင်မြင်အောင် ချစ်ခွင့်ပန်ခဲ့တဲ့စုံတွဲထဲက မိန်းကလေးက အခြားမိန်းကလေးတွေစိတ်ကျေ‌နပ်အောင် ထိုပန်းစည်းကို ကောင်လေးထံ ပစ်ပေါက်ပေးလိုက်သည်ပင်။


ဒါကြောင့်မို့လည်း သူတို့ချစ်သူနဲ့ရှိနေချင်တဲ့ကောင်လေးမှန်သမျှက ပန်းစည်းလေးအတွက် အောက်ကျို့ခံကြတာကိုး။


"ကော...သွားမယ်..."


"‌နေဦး...ခဏစောင့်..."


ယင်းကျောင်းက သူ့ဖုန်းကို လက်ထဲထည့်ပေးသွားပြီး ပြေးထွက်သွားသည်။


ကောင်မလေးရဲ့ပန်းစည်းကလည်း လေထဲမှာ။


ကောင်လေးတော်တော်များများရဲ့ လက်များကလည်း လေပေါ်မြောက်လို့။ ခုန်တဲ့သူကခုန်။ ပျံတဲ့သူကပျံနဲ့။


အုပ်စုထဲကမှ ပန်းစည်းကိုကိုင်ထားသော လက်တစ်ချောင်းမြောက်လာပြီး ကောင်လေးတစ်ယောက်ထလာသည်။


ထိုကောင်လေး မတ်တတ်ရပ်ကာ လှည့်ပြီးလျှောက်လာသည်။


ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဇာတ် ကြိုက်တဲ့အဆင့်အတန်းကနေ ကြည့်နေကြပလေ့စေ။ သူဂရုမစိုက်တော့။


လူတွေဘယ်လိုကြည့်ကြည့် ကျင်းစစ်၏လက်ထဲသို့ ထိုပန်းစည်းလေးကိုသာပေးချင်မိသည်။