Chapter 118
စုံတွဲ ဓါတ်ပုံကို LED စခရင်ပေါ်တွင် ဖော်ပြထားတုန်းပင်။ ဓါတ်ပုံများ ပြောင်းလဲသွားသည်နှင့် အလင်းရောင်သည်လည်း မှိန်သွားလိုက် လင်းသွားလိုက် ဖြစ်နေသည်။
ကျင်းစစ်က ပန်းစည်းကို ကိုင်ထားရင်း ဗလာဖြစ်နေကာ အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ပေ။
တခြားသူများ၏ အကြည့်များ ကျရောက်လာသော်လည်း ယင်းကျောင်းသည် လုံးဝ ဂရုမစိုက်ပေ။သူ၏ လည်ချောင်းကို ရှင်းလိုက်ရင်း ကျင်းစစ်၏ ဆံပင်များကို ပွတ်ပေးကာ ပြောလိုက်လေသည်
" ရှေ့က လူတွေကျဲသွားပြီ သွားရအောင်"
"အိုး" ကျင်းစစ်သည် စက်ရုပ်သကဲ့သို့ သူ့နောက်လိုက်ရင်း ရှေ့သို့လျှောက်သွားလိုက်လေသည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးသွားသောအခါ ထိုယောင်္ကျား ချစ်ခွင့်ပန်ခဲ့သော နေရာအား ဖြတ်လာရလေသည်။ သူ၏ မျက်နှာပြင်ပေါ်သို့ အလင်းရောင် ပြင်းထန်စွာ ကျရောက်လာသောအခါ အသိပြန်ဝင်လာလေသည်။
"ဘာလို့လဲ..." သူ၏ နားရွက်များသည် နီရဲနေပြီး ကသိကအောက် ဖြစ်စွာ ပြောလိုက်လေသည်
" မင်းဘာလို့ အဲ့ဒါကို ယူလာခဲ့ရတာလဲ..."
"မင်းတောင် အိမ်ခြံမြေပိုင်ဆိုင်မှုကို ကိုယ့်နာမည် ပြောင်းခဲ့တာပဲ မင်းအတွက် ပန်း ယူလာပေးတာ ဘာဖြစ်လို့လဲ..."
ယင်းကျောင်းသည် ကျင်းစစ်ကို ငုံ့ကြည့်ရင်း ဘဝင်ခိုက်စွာ ပြောလိုက်လေသည် " ပြောရမယ်ဆို ကိုယ်တို့ ဆက်ဆံရေးက ပိုပြီး နီးစပ်နေပြီလေ"
စေ့စပ်ထားတဲ့ အတွဲထက်တောင် ပိုနီးစပ်သေးတယ် မဟုတ်ဘူးလား
ကျင်းစစ် သူ၏ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်လေသည်။ သူ၏ နှလုံးသားလေးသည် ပျားရည်ကို စားထားရသလို ချိုမြိန်နေလေသည်။
ယင်းကျောင်းက သူ့ကို ပန်းစည်းအား အကြာကြီးမကိုင်ထားခိုင်းပေ။ ကျင်းစစ်သည် အသက်ပြည့်ပြီးသော ကောင်လေး ဖြစ်နေသည့်အတွက် အနည်းငယ် အမြင်မသင့်တော်ပေ။ ပန်းတစ်ပွင့်သာ ယူထားလိုက်ပြီး ကျန်သော ပန်းပွင့်များကို သူတို့ စားသောက်ခဲ့သော စားသောက်ဆိုင်တွင် ချန်ထားခဲ့လေသည်။
ကျင်းစစ် အိမ်ပြန်ရောက်သောအခါ ရေမရှိသော ဓါတ်ဆားရေဘူးကို တွေ့လိုက်သောအခါ ရေဖြည့်လိုက်လေသည်။ နှင်းဆီပန်းကို ရေဘူးထဲတွင် ထည့်လိုက်ပြီး ဧည့်ခန်းစားပွဲပေါ်တွင် တင်ထားလိုက်လေသည်။
ယင်းကျောင်း စာကြည့်ခန်းထဲသို့ အတော်ကြာသည်အထိ ဝင်သွားပြီးနောက် သူ၏ လက်ထဲတွင် ဓါတ်ပုံအယ်ဘမ် တစ်ခုအား ကိုင်ထားရင်း ထွက်လာလေသည်။ သူ ကျင်းစစ် ဘေးတွင် ထိုင်လိုက်ပြီး အယ်ဘမ်၏ ပထမဆုံး စာမျက်နှာကို လှန်လိုက်လေသည်
" မင်း ဘယ်တစ်ခုကို လိုချင်လဲ မင်း ကြိုက်တာကိုရွေး"
ကျင်းစစ်၏ မျက်လုံးများသည် တောက်ပသွားပြီး အလျင်စလို လုပ်လိုက်လေသည်။
ဓါတ်ပုံများသည် အသက်အလိုက် စီထားပြီး ပထမဆုံး စာမျက်နှာသည် သူမွေးခါစတွင် လျှက်တပြက်ရိုက်ထားသော ပုံများဖြစ်၏။
လုံးလုံးသေးသေးလေးပင်။ သူ၏ အသားအရည်သည် အခြားမွေးခါစ ကလေးများလောက် မနီဘဲ အနည်းငယ် ပန်းရောင်သန်းနေလေသည်။ မိုးပြာရောင် အင်္ကျီလေးအား ဝတ်ထားရင်း ပုခက်ထဲတွင် လိမ္မာစွာ လှဲနေပြီး မျက်လုံးများကို မှိတ်ကာ တည်ငြိမ်အေးချမ်းစွာ အိပ်နေလေသည်။
၎င်းကို မြင်လိုက်ရသောအခါ ကျင်းစစ်၏ နှလုံးသားသည် အရည်ပျော်ကျတော့မတတ်ပင်။
"မင်း အဲ့တာကို လိုချင်လို့လား..."
ယင်းကျောင်း ရယ်လိုက်ပြီး ထိုဓါတ်ပုံကို ထုတ်လိုက်ကာ ကျင်းစစ်ဆီသို့ ထိုးပေးလိုက်ပြီး နောက်တစ်မျက်နှာ လှန်လိုက်လေသည်။
ဒုတိယ စာမျက်နှာတွင် ယင်းကျောင်းသည် အိမ်ဆောက်သည့်အတုံးလေးများကို ကိုင်ထားရင်း ဆိုဖာပေါ်တွင် ထိုင်နေကာ ကင်မရာအား ကြည့်နေလေသည်။ သူ့ကို မည်သူစလိုက်သည်ကို မတွေ့ရသော်လည်း သူ၏ မျက်ခုံးလေးများသည် စိတ်အလိုမကျစွာ မျက်မှောင်ကြုတ်ထားပြီး ပြောမပြနိုင်လောက်အောင် ချစ်ဖို့ ကောင်းနေ၏။
"ဒီဟာ..." ကျင်းစစ်သည် ယင်းကျောင်းကို မော့ကြည့်ရင်း ပြောလိုက်လေသည် " ဒါကိုလည်း ငါလိုချင်တယ်"
ယင်းကျောင်းသည် ဘာတွေးနေသည်ကို မသိနိုင်ဘဲ မျက်လုံးကို မှေးထားပြီး အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်လေသည် "အိုကေ"
စာမျက်နှာတစ်ခုချင်းစီကို လှန်ကြည့်ရင်း ယင်းကျောင်းသည် စကား တကျီကျီ ပြောတတ်သော ကလေးလေးမှ ချောမောခန့်ညားသော ကောင်လေးအဖြစ်သို့ ကြီးပြင်းလာသည်ကို တွေ့ရလေသည်။
ဓါတ်ပုံတိုင်းသည် ကြည့်ကောင်းပြီး ၎င်းတို့ အားလုံးကို ကျင်းစစ် သဘောကျ၏။ သူသည် ၎င်းတို့အား အောင်မြင်စွာ ရွေးချယ်ခဲ့လေသည်။ သူ လောဘကြီးစွာဖြင့် တစ်ပုံပြီး တစ်ပုံကို လိုချင်ခဲ့သည်။
"ကလေးလေး" ယင်းကျောင်းသည် ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီထားရင်း မျက်ခုံးပင့်ကာ ကျင်းစစ်ကို ကြည့်လိုက်၏ " ကိုယ် အဲ့ဒါတွေ အားလုံးကို မင်းကို ပေးနိုင်တယ်..."
ကျင်းစစ်သည် ဓါတ်ပုံကို ဂရုတစိုက် ကိုင်ထားရင်း သူ့နောက်ထပ် ပြောလာမည့် စကားအား စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည်။
"ကိုယ်က အဲ့အစားဘာပြန်ရမလဲ?"
ကျင်းစစ်သည် မနေ့ညက အလှဲအလှယ်အခြေအနေအား သတိရလိုက်သောအခါ သူ၏ လည်ချောင်းသည် ရုတ်တရက် ခြောက်သွေ့လာလေသည်။
ယင်းကျောင်းက သူ၏ ဖြူဖွေးသန့်ရှင်းနေသော ခြေကျင်းဝတ်အား ထပ်ကာထပ်ကာ ပွတ်လိုက်ရင်း ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်လေသည်
" ပြောလေ"
"ငါ..." ကျင်းစစ်သည် လက်သီးစုပ်ထားရင်း သူ့ စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ထားသော်လည်း ထိုရောင်စုံ စကားကို ပြောမထွက်နိုင်ပေ။
"ဒါပဲ" ယင်းကျောင်းသည် ကျင်းစစ်ကို လွှတ်ပေးလိုက်ပြီး သဘောကောင်းဟန်ဆောင်ကာ ပြောလိုက်လေသည် " ကိုယ်မင်းကို အနိုင်မကျင့်တော့ပါဘူး ဒီတစ်ခါတော့ အခြေအနေတစ်ခု ရှိတယ်"
ကျင်းစစ်သည် အပျော်လွန်သွားကာ ခပ်မြန်မြန် ခေါင်းငြိမ့်လိုက်လေသည်။
" မင်း ကိုယ့်ကို ယောင်္ကျားလို့ ခေါ်တာ ကြားချင်တယ်"
ကျင်းစစ် ကြက်သေသေသွားပြီး သူ၏ မျက်နှာက လျှင်မြန်စွာ နီရဲသွားလေသည်။
"ဘာတွေ ရှက်နေတာလဲ..."
ယင်းကျောင်းက ကျင်းစစ်၏ မျက်နှာကို လက်တစ်ဖက်တည်းဖြင့် ပင့်ထားရင်း တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ကာ လေးနက်စွာ ပြောလိုက်လေသည်
" ကိုယ်တို့က အိမ်ထောင်စု စာရင်း တစ်ခုတည်းမှာလေ ဘာလို့ ကိုယ့်ကို အဲ့လို မခေါ်နိုင်ရတာလဲ..."
ယင်းကျောင်း၏ စကားသည် အမှန်ဖြစ်သော်လည်း ထိုခေါင်းစဥ်သည် ကျင်းစစ်အတွက် ရှက်ဖို့ကောင်းနေတုန်းပင်။ ထိုသို့ခေါ်ရန် သူ၏ ပါးစပ်ကို မဖွင့်နိုင်ဘဲ အသံတိုးတိုးဖြင့် ခွန်းတုံ့ပြန်လိုက်လေသည် " အိမ်ထောင်စုစာရင်းစာအုပ်... ငါက အကောင့်စာအုပ်ထဲမှာ မင်းရဲ့ ဝမ်းကွဲနေရာမှာလေ"
"အိုကေ ကျင်းရှန်" ယင်းကျောင်းသည် ဖွဖွလေး အံကြိတ်လိုက်ရင်း ပြောလိုက်လေသည် " မင်းက ဘယ်လို ပြန်ပြောရမလဲတောင် သိနေပြီပေါ့" ယင်းကျောင်းသည် ဘောပင်ကို စားပွဲပေါ်မှ ကောက်ယူလိုက်ပြီး ကျင်းစစ်၏ မေးစေ့ကို မလိုက်လေသည်
" ကိုယ့်ကို တခြားနည်းလမ်းတွေ သုံးစေချင်လို့လား..."
" ကိုယ်မင်းကို မထိနိုင်ဘူးလို့ မင်းထင်တာမလား..." ယင်းကျောင်း ပြုံးကာ ထိုစကားများကို တိုးတိုးလေး နားနားကပ်ပြောလိုက်သည်။
ကျင်းစစ်၏ မျက်နှာသည် ချက်ချင်း ပြင်းထန်စွာ ပူလောင်သွားပြီး ခေါင်းကို လှည့်လိုက်ကာ အထစ်ထစ် အငေါ့ငေါ့ ငြင်းလိုက်လေသည်
"မဟုတ်ဘူး မဟုတ်ဘူး"
"ဒါဆို ကိုယ့်ကို မခေါ်သေးဘူးလား..."
ယင်းကျောင်းသည် သူ၏ နှုတ်ခမ်းကို ဘောပင်ဖြင့် ဖိထားပြီး သူ၏ မျက်နှာသည် ရက်စက်မှုအပြည့်ဖြင့် ပြောလိုက်သည် " မဟုတ်ရင် နောက်တစ်စက္ကန့်လောက်ကြာရင် ကိုယ့် အခြေအနေက ပြောင်းသွားတော့မှာနော်"
၎င်းကို ကျင်းစစ်ကြားသောအခါ စိတ်လှုပ်ရှားထိတ်လန့်သွားလေသည်။
သူသည် ယင်းကျောင်း ကြီးပြင်းလာသည့်တစ်လျောက် မှတ်တမ်း ဓါတ်ပုံများကို အလွန်လိုချင်သောကြောင့် သူ၏ နှလုံးသားသည် တလှပ်လှပ်ဖြစ်နေပြီး အံကြိတ်ရင်း ခေါင်းငြိမ့်လိုက်လေသည်။
ထိုနေ့ညတွင် ယင်းကျောင်းသည် အရှက်မဲ့စွာ သူငယ်စဥ်ကလေးဘဝက ဓါတ်ပုံများအပေါ်မှီခိုကာ သူ့အားထိုသို့ ခေါ်သည်ကို စိတ်ကျေနပ်သည်အထိ နားထောင်နေခဲ့သည်။
နောက်တစ်နေ့တွင် ယင်းကျောင်းသည် ကျင်းစစ်ကို ခေါ်ကာ အပြင်ထွက်လည်ပတ် ဆော့ကစားချင်လေသည်။ ဟယ်ကျိုးပြောသော ပစ်ကွင်းတစ်ခုသည် ယခုနေရာနှင့် မဝေးသောနေရာတွင်ရှိကြောင်း ယင်းကျောင်း ကြားခဲ့ရလေသည်။ ကျင်းစစ်က ၎င်းတို့အား ဂိမ်းမြို့တော်တွင် တွေခဲ့ရချိန်၌ အလွန်စိတ်လှုပ်ရှားသည်ကို ယင်းကျောင်း တွေ့ခဲ့ရလေသည်။ သို့သော် ကျင်းစစ် ဖျားသွားလိမ့်မည်ကိုတော့ မမျှော်လင့်ခဲ့ပေ။
သူသည် ၎င်းအား မသိခဲ့ရသည်အထိ တုံးအခဲ့သည်။ ကျင်းစစ် ရေခဏခဏ သောက်နေသည်ကိုတွေ့မှသာ ယင်းကျောင်းသည် ကျင်းစစ် တစ်ခုခု ဖြစ်နေမှန်းကို ခံစားခဲ့ရလေသည်။ သူ၏ နှဖူးကို စမ်းလိုက်ပြီး အပူချိန်တိုင်းကရိယာဖြင့် တိုင်းလိုက်ချိန်တွင် သိလိုက်ရသည်။
"37.9 ဒီဂရီ" ယင်းကျောင်းသည် သာမိုမီတာကို ချထားလိုက်ပြီး မတ်တတ်ထရပ်ကာ ပြောလိုက်သည် " အနွေးထည်ဝတ်လိုက် ကိုယ်မင်းကို ဆေးရုံ ခေါ်သွားမယ်"
"မသွားဘူး" ကျင်းစစ်သည် ခက်ခဲသောဘဝတွင် နေခဲ့ရသောကြောင့် အပူချိန် အရမ်းမမြင့်သော အဖျားသည် ကိစ္စကြီးမဟုတ်ဟု ယူဆကာ ဂရုမစိုက်ခဲ့ပေ " ငါ နေလို့မကောင်းတာ မဟုတ်ပါဘူး နည်းနည်းလေးကိုယ်ပူနေတာ အရမ်းအရေးမကြီးပါဘူး"
"သွားပြီး အစစ်ဆေးခံရဦးမှာပဲလေ" ယင်းကျောင်းသည် စကားပြောနေတုန်း သန့်ရှင်းပြီးဖြစ်ကာ ကားခေါ်သည့် application ကို ဖွင့်လိုက်ပြီး ချော့လိုက်လေသည်
" လိမ်မာပါကွာ အပူတက်လာရင် ဘယ်လိုလုပ်မလဲ"
"တကယ် အဆင်ပြေပါတယ် "
ကျင်းစစ် ရေတစ်ငုံသောက်လိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်လေသည် "
ဒီရက်ပိုင်း သိပ်အနားမယူလို့ ဖြစ်မယ် ငါ ခဏလောက် အိပ်လိုက်မယ်လေ"
" မင်းဘာလို့ အရမ်း ခေါင်းမာနေရတာလဲ..."
ယင်းကျောင်းသည် သူ့အတွက် မည်သို့ လုပ်ပေးရမည်ကို မသိတော့ပေ။ အတော်ကြာတွေးနေပြီးနောက် သူ၏ လက်ထဲမှ ရေခဲရေကို ဆွဲလုလိုက်လေသည် " ဒီရေတွေကို မသောက်နဲ့ ကိုယ်မင်းအတွက် ပူပူနွေးနွေး တစ်ခုခု လုပ်ပေးမယ် "
ကျင်းစစ် ခေါင်းငြိမ့်ပြလိုက်လေသည်။ ယင်းကျောင်းသည် လှည့်ကာ မီးဖိုချောင်သို့ သွားတော့မည့်အချိန်တွင် ရုတ်တရက် ကျင်းစစ် တားလိုက်လေသည်
"ကော..."
"ဟမ်" ယင်းကျောင်း ခေါင်းလှည့်ကာ ပြောလိုက်လေသည် " ဘာဖြစ်လို့လဲ"
ကျင်းစစ် အတော်ကြာ တုံ့ဆိုင်းနေပြီး တစ်ခုခု ပြောတော့မည် ပြင်လိုက်သော်လည်း ပြန်လည် မျိုချလိုက်လေသည် " ဘာမှ မဟုတ်တော့ပါဘူး"
"ဘာကိစ္စ ရှိလို့လဲ..."
ယင်းကျောင်းသည် သူ့ဘက်သို့ လှည့်ကာ နူးညံ့စွာ ပြောလိုက်လေသည် " ကိုယ့်ကို ပြောချင်တာ တစ်ခုခု ရှိလို့လား"
ကျင်းစစ် မျက်လွှာချလိုက်ပြီးနောက် အတော်ကြာမှ တိုးတိုးလေး ပြောလိုက်လေသည်
" အဲ့ဒါက ... အဲ့ဒါက မင်းအမေက ငါ့ကို မကြိုက်လို့လား..."
( Eng T/n : ယင်းကျောင်း အမေက သူ့ကိုမကြိုက်လို့ သူ နေမကောင်း ဖြစ်တာလားလို့ ကျင်းစစ်က ထင်နေတာ)
ယင်းကျောင်း ကြောင်တောင်တောင် ဖြစ်သွားလေသည် "ကလေးလေး အခုရက်ပိုင်း မင်းဘာတွေတွေးနေတာလဲ..."
သူ ကူကယ်ရာမဲ့စွာဖြင့် ကျင်းစစ် ဘေးတွင် ထိုင်လိုက်လေသည် " မင်းက အဆင့်တွေလည်းကောင်းတယ် လူမှုရေးလည်းကောင်းတယ် သူမက မင်းကို မကြိုက်ဘဲ မနေပါဘူး"
"ဒါပေမဲ့" ကျင်းစစ်သည် စိုးရိမ်နေတုန်းပင်။ သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ပြောလိုက်လေသည် " ငါက ယောင်္ကျားလေးလေ..."
"ယောင်္ကျားလေးဆိုတော့ ဘာဖြစ်လို့လဲ.."
ယင်းကျောင်း နှာမှုတ်လိုက်လေသည်
" ကိုယ်မင်းကို အရင်လိုက်ခဲ့တာလေ တကယ်လို့ ကိုယ့်အမေက စိတ်ဆိုးရင်တောင် မင်းကို မဟုတ်ဘဲ ကိုယ့်ကို စိတ်ဆိုးသင့်တာလေ " သူ ကျင်းစစ်၏ ခေါင်းကို ပွတ်ပေးလိုက်လေသည် " အများကြီး မတွေးနဲ့ အဲ့ဒါက တိုက်ဆိုင်သွားရုံပါ"
ကျင်းစစ်သည် ယခုလို ဖြစ်သည်အထိ သူတို့၏ ချစ်သူရည်းစား ဆက်ဆံရေးကို တန်ဖိုးထားသည်အား တွေ့လိုက်ရသောအခါ သူ၏ နှလုံးသားသည် မပျော့ပျောင်းပဲ မနေနိုင်တော့ပေ။ သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးဖြင့်တမင်တကာ စနောက်လိုက်လေသည်
" လူအိုကြီးလျှိုက မင်းကို အဖွဲ့ဝင်ဖို့အတွက် လျှောက်လွှာရေးခိုင်းခဲ့တယ်မလား... ဖြစ်နိုင်တာက ကျင်းရှန် ကလည်း ပဒေသရာဇ်စနစ်ရဲ့ အယူသီးတဲ့ အဖွဲ့ဝင်တစ်ယောက်များလား... ဘယ်လို နေရာမှာ အယူသီးတာလဲ..."
ယင်းကျောင်း ထိုသို့ပြောသည်ကို ကြားလိုက်ရသောအခါ ကျင်းစစ်သည် အနည်းငယ် ရှုပ်ထွေးသွားလေသည်။ သူသည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူ၏ စိတ်ထဲမှ အမျိုးမျိုးသော အရာများသည် ပျောက်ကွယ်သွားလေသည်။
"အိပ်ယာထဲသွားပြီး လှဲနေလိုက် ကိုယ် ရေနွေးဆူလာရင် မင်းကို လာပေးမယ်"
"အိုကေ"
ကျင်းစစ် မအိပ်ချင်ပေ။ သို့သော် သူ့တွင် အဖျားရှိနေပြီး သူ၏ ခေါင်းသည် မူးနောက်နောက် ဖြစ်နေသည်။ ထို့အပြင် အရင်က ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် အားနည်းနေပြီး ခေါင်းနှင့် ခေါင်းအုံးထိသည်နှင့် အိပ်ပျော်သွားလေသည်။
ထို့နောက် သူထပ်၍ အိမ်မက်မက်ပြန်သည်။
၎င်းကို အိမ်မက်ဟု ခေါ်ရခြင်းထက် ရုပ်ရှင်ကြည့်နေရသည်နှင့် ပိုတူလေသည်။ သို့သော် သူ၏ အသိစိတ်သည် တချိန်လုံး နိုးကြားနေ၏။
သူ၏ system space ထဲတွင် ပိတ်ဆို့ခံထားရချိန်တွင် ချောင်းအန်ယန်းသည် သူ့ကို ထပ်ကာထပ်ကာ အတုခိုးကာ ယင်းကျောင်းအား ချဥ်းကပ်ရန် ပြုလုပ်ခဲ့လေသည်။ ယင်းကျောင်းသည် နောက်ဆုံးတွင် သဲလွန်စ ရှာတွေ့သွား၏။
သူ၏ အရင်အိမ်မက်များနှင့် နှိုင်းယှဥ်ရလျှင် ယင်းကျောင်းသည် ကိုယ်အလေးချိန် အတော်ကျသွားပြီး သူ၏ မျက်နှာသည် ပို၍ ထင်ရှားပြတ်သားလာပြီး သူ၏ မျက်လုံးများသည် အလင်းရောင်ပင် မရှိတော့ဘဲ မဲနက်နေ၏။ သူ၏ စိတ်သည်လည်း အလွန်အမင်း ထိန်းချုပ်ထားပုံပေါ်ကာ အသေးငယ်ဆုံးသော ထိတွေ့မှုလေးကပင် သူ့ကို ပေါက်ကွဲစေမတတ်ဖြစ်နေ၏။
ထို့အပြင် ချောင်းအန်ယန်းသည်လည်း မဆင်ခြင်ဘဲ မျက်မမြင်ကဲ့သို့ ပြုမူတတ်သောလူ ဖြစ်လာသည်။
ကျင်းစစ်သည် ယင်းကျောင်းအား ထိုကဲ့သို့ ရက်စက်ကာ သွေးအေးသော ပုံစံဖြင့် တစ်ခါမျှ မမြင်ဖူးပေ။ သူ၏ ရှေ့တွင် သနားညှာတာပေးရန် တောင်းဆိုနေသော ချောင်းအန်ယန်းသည်ပင် လူမဟုတ်ဘဲ သူ့စိတ်တိုင်းကျ သတ်ဖြတ်နိုင်သော ကြက်ကလေး ငှက်ကလေးလို့ သတ်မှတ်ထားပုံပင်။
သို့သော် သူသည် ကြောက်ရွံ့မှုကို မခံစားရဘဲ စိတ်မချမ်းသာမှုကိုသာ ခံစားနေရသည်။
ချောင်းအန်ယန်းသည် ခေါင်းမှ ခြေဖျားအထိ ကျောရိုးမရှိသော လူသကဲ့သို့ ယင်းကျောင်း၏ နှိပ်စက်ညှင်းပန်းမှုဒဏ်ကို မခံစားနိုင်တော့ဘဲ သိပ်မကြာခင်တွင် အရာအားလုံးကို ထုတ်ဖော်ပြောလိုက်လေသည်။
"ငါလုပ်ခဲ့တာ မဟုတ်ဘူး အဲ့ဒါက system လုပ်တာ ! system ပြောတာ ငါသာကျင်းစစ်ပိုင်တာတွေကို ငါ့အပိုင်အဖြစ် ယူနိုင်ရင် သူ့နေရာမှာ အစားထိုးနိုင်ပြီး ဒီကမ္ဘာရဲ့ ဇာတ်လိုက် ဖြစ်လာမယ်တဲ့"
"အခု... မင်းခံစားချက်တွေက ပိုတောင် ဆိုးသွားဦးမယ်"
"ဘာလို့လဲဆိုတော့ မင်းက နောက်ထပ်ဇာတ်လိုက် ဖြစ်နေလို့"
.............
ချောင်းအန်ယန်း အောင်မြင်ခဲ့သော်လည်း ကျရှုံးခဲ့၏။
System သည် သူ့ကိုယ်သူ သန်မာစေရန်အတွက် ချောင်းအန်ယန်း၏ ဘဝင်မြင့်စိတ်များကို စုဆောင်းရန်လိုအပ်သည်။ ထို့ကြောင့် system သည် ရိုးရှင်းကာ လွယ်ကူသော လူကို တမင်တကာ ရွေးချယ်ခဲ့ခြင်းပင်။ သို့သော် system မမျှော်လင့်ခဲ့သည်မှာ ထိုလူ၏ စရိုက်ကြောင့် နောက်ဆုံးတွင် ထိုလူသည် သူ၏ တည်ရှိမှုလျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်မည်ကိုပင်။
၎င်းသည် ယင်းကျောင်းအား ဘာမျှ မလုပ်နိုင်ပေ။ ဤကမ္ဘာတွင် ဇာတ်လိုက်နှစ်ယောက်ရှိ၏။ တစ်ယောက်သေသွားလျှင် ကိစ္စ မရှိသော်လည်း နှစ်ယောက်လုံးသေသွားပါက ဤကမ္ဘာသည် မြန်ဆန်စွာ ပြိုလဲပျက်ဆီးသွားမည် ဖြစ်၏။ ဤ ကမ္ဘာကြီးအား ပျက်ဆီးစေရန် ဆောင်ရွက်သူအဖြစ် ၎င်းသည်လည်း အဖျက်ခံရမည်ပင်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကျင်းစစ်သည် သူ၏ မူလကို သိရှိသွားခဲ့တော့သည်။
သူသည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းလာခြင်း မဟုတ်ဘဲ သူသည် မူလတည်းက ဤကမ္ဘာမှ ဖြစ်၏။
သူ၏ သေဆုံးမှုသည် နဂိုမူလသို့ ပြန်မရောက်နိုင်သောအခါ ယင်းကျောင်းသည် သူ့ကိုယ်သူ သတ်သေမည်ဟု ခြိမ်းခြောက်ကာ system အား သူ့ကို နောက်ကမ္ဘာ တစ်ခုကို ပို့ဆောင်စေခဲ့သည်။
သူ၏ စိတ်ဝိဥာဏ်သည် ပြန်လည်ကောင်းမွန်သွားသည်နှင့် သူသည် အလိုအလျောက် ပြန်လာမည်ဟု system သည် ကတိပေးခဲ့သည်။
ထို့ကြောင့် ယင်းကျောင်းသည် သူ၏ မရေရာသော မျှော်လင့်ချက်များကို မှီခိုရင်း တစ်ရက်ပြီး တစ်ရက် မျှော်နေလေသည်။
ကျင်းစစ်၏ နှလုံးသားသည် ချဥ်တူးနေပြီး သူရုတ်တရက် နိုးလာလေသည်။
သူသည် အိပ်ယာဘေးမှ ရိုးရှင်းသော ဒီဇိုင်းဖြင့် မတ်ခွက်ကို ကြည့်လိုက်ပြီး လက်ဆန့်ကာ ထိလိုက်လေသည်။ ထိုခွက်သည် ပူနွေးနေ၏။
ကျင်းစစ်ထလိုက်ပြီး သူ၏ လက်ထဲတွင် ခွက်ကို ကိုင်လိုက်ပြီးနောက် သူ၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာလေသည်။
အေးစက်သော ဆယ်နှစ်လမြောက် ဆောင်းရာသီကြီး၏ အမှိုက်ပုံးထဲတွင် လဲလျောင်းနေရခြင်းသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စွန့်ပစ်ခံရခြင်း ဟု အမြဲတမ်းထင်ခဲ့သည်။ သို့သော် ၎င်းသည် သူ့အား လူတစ်ယောက်သည် ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် သူအစွမ်းကုန် ပေးနိုင်သော အရာဖြစ်ကြောင်း နားလည်လိုက်သည်။