အပိုင်း ၁၃
Viewers 12k

ဝမ်မင်ယီ အကြောင်းပြန်လိုက်သည် : အင်း ... မင်းရော စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီလား ... တကယ်လို့ မထိုးရသေးဘူးဆိုရင်တော့ မထိုးပဲ ခဏစောင့်နေဦး ... ယန်က အားလုံးကိုအဖွဲ့တစ်ခုထဲမှာ ပွဲဦးထွက်ခိုင်းလောက်တယ် ... မင်းသိတဲ့အတိုင်း ကျန့်ဖုန်းတို့အဖွဲ့က လူအများကြီးပဲ လက်မှတ်ထိုးလိုက်ပြီဆို ပြဿနာ ...
စုန့်ဟယ် : ဒါပေမဲ့ ငါလက်မှတ်ထိုးလိုက်ပြီ
ဝမ်မင်ယီ : ......
ဝမ်မင်ယီ သူ့ကိုနှစ်သိမ့်လိုက်သည် : အဆင်ပြေပါတယ် မင်းက စိတ်ကောင်းရှိပါတယ် ကျန့်ဖုန်းတို့ မင်းကိုပစ်မှတ်မထားလောက်ပါဘူး ...
အမှန်တိုင်းပြောရလျှင် အရင်ဘဝက ခေါင်းသုံးလုံးငရဲခွေး ကျန့်ဖုန်းက သူ့အတွက် ပြဿနာမဟုတ်ခဲ့ပေ။ သို့သော် စုန့်ဟယ်က စိတ်ကောင်းရှိလွန်းသည်။ ကျန့်ဖုန်းက သူ့ကို မကြာခဏအကောက်ကြံခဲ့သော်လည်း စုန့်ဟယ်က စိတ်ထဲမထားပေ။ ထို့ကြောင့် စုန့်ဟယ်ကို ငြီးငွေ့သွားပြီး ပြဿနာမရှာတော့ပေ။
စုန့်ဟယ် ခေါင်းငြိမ့်ပြီး ဝမ်မင်ယီကို ပြန်ဖြေလိုက်သည် : ငါတို့အဖွဲ့တစ်ခုလုပ်မယ်ဆိုတာတော့ ငါသိတယ် ... လွန်ခဲ့တဲ့ရက်ပိုင်းက စာချုပ်မှာ လက်မှတ်ထိုးတော့ ယန်က ပြောခဲ့တယ်တော့ ငါသဘောတူလိုက်တယ် ... ယခုဈေးကွက်မှာ ကြယ်ပွင့်တွေ အများကြီးရှိပေမယ့် activitiesတွေကနေ အမှန်တကယ် ငွေရှာနိုင်တဲ့သူက သိပ်များများမရှိဘူး ... စာချုပ်ချုပ်ပြီး ပွဲဦးထွက်လိုက်တာက ပိုကောင်းပါတယ် ... ငါက ဒီပြိုင်ပွဲကို ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး မိသားစုအတွက် ငွေရှာဖို့ လာခဲ့တာလေ ... ခုတော့ အရမ်းကံကောင်းသလို ခံစားရတယ် ...
သူထိုသို့ပြောသည်ကို မြင်ဟည့်အခါ ဝမ်မင်ယီက ယခင်ဘဝမှ အဖြစ်အပျက်များကို ပြန်တွေးမိသွားပြီး ပြောလိုက်သည် : မပူပါနဲ့ ဒီအဖွဲ့က စိတ်ရှုပ်စရာမကောင်းပါဘူး ... မင်း ငွေအများကြီး ရှာနိုင်လိမ့်မယ် ...
သူတို့အဖွဲ့ နာမည်ကြီးလာရသည့်အကြောင်းအရင်းမှာ စုန့်ဟယ်ကြောင့်ဖြစ်သည်။ သူ၏ပရိသတ်များက ကျန်လေးယောက်၏ ပရိသတ်စုစုပေါင်းခန့်ရှိသည်။ ထို့ကြောင့် ဒုတိယနေရာတွင် အမြဲရှိနေသူ ကျန့်ဖုန်းက မပျော်မရွှင်ဖြစ်ကာ အရာရာတိုင်းကို စုန့်ဟယ်နှင့် နှိုင်းယှဉ်တော့သည်။
Circle of Friends ကို ဖွင့်ကြည့်လိုက်သည့်အခါ နောက်ဆုံး postတင်ထားသည်က ကျန့်ဖုန်းဖြစ်နေသည်
ကျန့်ဖုန်း : ငါးယောက်ထဲမှာ လေးယောက်က စာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ထိုးပြီးပြီ ... နောက်ဆုံးတစ်ယောက်ကတော့ ဘယ်ကုမ္ပဏီကမှ မလိုချင်တဲ့ ရယ်စရာအကောင်းဆုံးလူပဲ [ ရယ်နေသည့် အီမိုဂျီ ]
ကျန့်ဖုန်း၏ဖိနပ်ကိုလျက်သည့် ခွေးတစ်ကောင်က ချက်ချင်း comment မန့်ထားသည်။
" သူ့ကို ဂုဏ်ယူခွင့်ပေးလိုက်ပါ ... သူဘာလုပ်နိုင်မှာမို့လဲ ...နောက်တစ်ခါတွေ့ရင်တော့ ငါတို့အစ်ကိုကြီး ကျန့်ဖုန်းကို အထင်မသေးနဲ့ပေါ့ကွာ ဟားဟားဟား ...ပြီးတော့ သူ့ကို ဘယ်ကုမ္ပဏီကမှ မလိုချင်ဘူးလေ ဟားဟား ... "
ဝမ်မင်ယီ......
ဝမ်မင်ယီ အလွန်သိချင်သွားသည်။
ယန်ချီက ကျန့်ဖုန်းတို့တွေကို လူဘယ်လောက်များများကို ဒီလို အရူးလုပ်လို့ရတယ်လို့ ပြောထားတာလဲ ...
သူ့အစ်ကို ဘယ်လို ဖျော်ဖြေရေးကုမ္ပဏီမျိုးကို သူ့အတွက် ရှာပေးချင်လဲတော့မသိဘူး ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ယန်ချီရဲ့အေဂျင်စီကို အနိုင်ယူနိုင်တဲ့ နေရာပဲ ဖြစ်ရမယ် ... အဲ့အခါမှ ကျန့်ဖုန်းမျက်နှာကြီး ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကြည့်ရမယ် ...
ဝမ်မင်ယီ ကျန့်ဖုန်းကို replyပြန်လိုက်သည်။
အမှိုက်တစ်ခုက လမ်းပေါ်ပြုတ်ကျနေတယ် ... အမှိုက်ပုံးက သူ့ကို ပြန်အသုံးချလိုက်တယ် ... အဲ့အချိန် အမှိုက်ကလေး ခံစားလိုက်ရတာက " ဝိုး ... ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာပဲ ... "
ရွှေတုံးလေးတစ်တုံးက အမှိုက်ပုံးနားပြုတ်ကျပြီး တောက်ပနေတယ် ... ဒါပေမဲ့ အရမ်းတောက်ပနေတဲ့ ရွှေတုံးလေးက အမှိုက်ပုံးထဲရောက်လာမှာကို အမှိုက်က ကြောက်လန့်နေတယ် ... ဒါပေမဲ့ ဘယ်လိုရွှေတုံးမျိုးက အမှိုက်ပုံးထဲ ရောက်လို့လဲ [ရယ်နေသောအီမိုဂျီ ] ... ကောင်းမွန်တဲ့ ရှိုးပွဲတွေအားလုံးက နောက်ဆုံးမှ တင်ဆက်ရတာ ... မင်းကတော့ အမြည်းလို့ပဲ ခေါ်ရမှာပေါ့လေ ...
ဝမ်မင်ယီ စာပြန်ပြီးသည့်အခါ ကျန့်ဖုန်း၏ ဒေါသထွက်နေမည့် မျက်နှာကို မျှော်လင့်မိနေသည်။ ခေါင်းမော့၍ စစ်ကျွင်းတောက်ကို စာချုပ်အကြောင်း မေးမည့်အချိန်တွင် စစ်ကျွင်းတောက်က ဖုန်းကိုကြည့်နေပြီး messageပို့နေသည်ကို တွေ့လိုက်သည်။
" ဘာဖြစ်လို့လဲ ..."
ဝမ်မင်ယီ မေးလိုက်သည်။
" ကျန်းဇီမော့က သူစိတ်လိုက်မာန်ပါ လုပ်မိသွားလို့ ကိုယ့်ကို တောင်းပန်နေတာ ..."
ဝမ်မင်ယီ ဆွံ့အသွားသည်။
သူဘာလို့ အရူးလုပ်ခံနေရတာလဲ ...
ထို့နောက် ပို၍ ခြောက်ခြားစရာကောင်းသည်ကို ကြားလိုက်ရသည်။
"အရင်တစ်ခါက ကိုယ်နဲ့ မကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တောင် ကြည့်ချင်သေးတယ်တဲ့ ..."
စစ်ကျွင်းတောက် ထပ်ပြောလိုက်သည်။
ဝမ်မင်ယီ ချက်ချင်းထရပ်လိုက်လိုက်ပြီး စစ်ကျွင်းတောက်ရှေ့ကို လျှောက်သွားကာ ပြောလိုက်သည်။
" မရဘူး ... ကောကောပဲ သူနဲ့ အဆက်အသွယ်ဖြတ်မယ်ဆိုပြီး ပြောခဲ့တယ်လေ ..."
" ဒါပေမဲ့ မင်းကို ကတိမပေးခင် သူ့နဲ့ရုပ်ရှင်တူတူသွားကြည့်မယ်လို့ ကတိပေးခဲ့တယ်လေ ..."
" သူက ကလေးလား ... ရုပ်ရှင်ရုံကို ကောကောမပါပဲ မသွားတတ်ဖူးလား ... အဲ့ဒါဆို ဝမ်ပေါ်ကို သူနဲ့သွားခိုင်းလိုက် ... ဝမ်ပေါ်က သေချာပေါက် ပျော်သွားမှာပဲ ..."
" ကိုယ်အဲ့လို ပြောတာမဟုတ်ဖူး ... အရင်တစ်ခါ ကတိဖျက်မိတဲ့အတွက် တူတူသွားပေမယ်ပြောထားတာ မဟုတ်ရင် ကိုယ်က ကတိမတည်တဲ့သူ ဖြစ်သွားမှာပေါ့ ..."
" အဲ့ဒါဆို ကျွန်တော်နဲ့ ပြောထားတဲ့ ကတိကိုကျတော့ ဖျက်မယ်ပေါ့ ..."
" မင်မင် ဒီနှစ်ခုကို မရောထွေးလိုက်နဲ့ ... ကျန်းဇီမော့က အရင်ပြောခဲ့တာ မင်းက ပြီးမှလေ ဟုတ်ပြီလား ... သူနဲ့ ရုပ်ရှင်တူတူကြည့်ပြီးရင် ဒီထက်ပိုပြီး မဆက်‌သွယ်တော့ဘူး သဘောပေါက်တယ်မလား ..."
ဝမ်မင်ယီ သဘောပေါက်သော်လည်း လက်မခံနိုင်သေးပေ။
" ကျွန်တော် သဘောမတူဘူး ..."
" ဒီကိစ္စကို ကိုယ်ဆုံးဖြတ်ပြီးပြီ ..."
ဝမ်မင်ယီ ဒေါသကြောင့် ပေါက်ကွဲလာသည်။
" ထပ်ပြောရဲပြောကြည့်စမ်း ..."
" ကိုယ်ဒီည သူနဲ့တူတူ ရုပ်ရှင်သွားကြည့်မယ် ပြီးရင် မနက်ဖြန်ကစပြီး ကိုယ်တို့ မဆက်သွယ်တော့ဘူး ..."
စစ်ကျွင်းတောက်က အရာအားလုံးကို ရှင်းလင်းစွာစီစဉ်ထားကြောင်း သိသာသည်။
ဝမ်မင်ယီ ခြေကုန်လက်ပန်းကျလာသည်။
သူ မစိုးရိမ်ပဲ နေပါ့မလား ... ဒီညကျမှ ကျန်းဇီမော့ရဲ့ အဓိကဇာတ်လိုက်အော်ရာက စွမ်းအားကြီးနေမလား မသိနိုင်ဘူး ... တစ်ညတည်းနော် ... တစ်ညတည်းမှာတင် ကိစ္စတွေအများကြီး ဖြစ်သွားနိုင်တယ် ... အိုကေ ... ဒီလိုမလုပ်ရင် သူ ခွင့်မပြုနိုင်ဘူး ...
ဝမ်နင်ယီ မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။
" ကတိပေးလို့ရတယ် ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ် ..."
" ပြောကြည့်လေ ..."
" ကျွန်တော်လည်းလိုက်မယ် ..."
" အရင်တစ်ခါကလည်း ပြောပြီးပြီလေ ... မသင့်တော်ပါဘူးဆို ..."
ဝမ်မင်ယီ ပြုံးလိုက်သည်။
" ဘာက မသင့်တော်မှာလဲ ... ကောကောတို့ရုပ်ရှင်ကြည့်မယ့်အချိန်က ညကိုးနာရီကျော်မှလေ ... အဲ့အခါကျ ကျွန်တော်က ကြောင်တစ်ကောင် အနေနဲ့ပဲ လိုက်လာမှာပေါ့ ... ကျန်းဇီမော့က ကောကောနဲ့တူတူ ကြောင်တစ်ကောင်ပါလာဖို့တောင် ခွင့်မပြုဘူးလား ..."
ဝမ်မင်ယီ ထိုသို့ပြောမည်ဟု မတွေးမိသဖြင့် စစ်ကျွင်းတောက် ခဏတာ အံ့အားသင့်သွားသည်။
ဝမ်မင်ယီ သူ့ကိုယ်သူ ဉာဏ်ကြီးရှင်ဟု ခံစားနေရသည်။
ကောကောရဲ့ ရင်ခွင်ထဲမှာ ကြောင်ခန္ဓာကိုယ်နဲ့ လိုက်သွားမယ် ... ကျန်းဇီမော့ဆိုတဲ့ကောင် စည်းကျော်ဖို့ကြိုးစားတာနဲ့ လက်သည်းတွေနဲ့ သူ့ရဲ့ ကြာပန်းနက် နှလုံးသားကြီးကို ကုတ်ပစ်လိုက်မယ် ... ဘာကိစ္စပဲ ဖြစ်ဖြစ် ကြောင်တစ်ကောင်က မှန်တယ် ... ကြောင်က မှားနေရင်တောင် ကြောင်ရဲ့အပြစ် မဟုတ်ဖူး ...
" မရဘူး ..."
ဝမ်မင်ယီ အတွေးထဲ နစ်မြောနေချိန်၌ ထိုအသံကိုကြားပြီး စိတ်ရှုပ်ထွေးသွားသည်။
" ဘာလို့လဲ ..."
" ဘယ် ရုပ်ရှင်ရုံကများ အိမ်မွေးတိရိစ္ဆာန်တွေကို ခွင့်ပြုလို့လဲ ..."
" ကောကောတို့ သီးသန့်ရုပ်ရှင်ရုံတွေကို သွားပါလား ..."
ဝမ်မင်ယီ အကြံပေးလိုက်သည်။
" ဘော့စ်ကို ပိုက်ဆံများများပေးရင် ဘာမှပြောတော့မယ်မထင်ဘူး ... တကယ်လို့ အလုပ်ရှုပ်တယ်လို့ တွေးနေရင် ကျွန်တော်ချိတ်ပေးမယ် ..."
စစ်ကျွင်းတောက် ကူကယ်ရာမဲ့သွားသည်။
" ဒါက ရုပ်ရှင်လေးကြည့်ရုံပဲလေ ... မင်းအဲ့လောက်ထိ ကာကွယ်နေစရာလိုလား ..."
" ရုပ်ရှင်ကြည့်ရုံပဲဆို ချစ်စရာကောင်းတဲ့ညီငယ်လေးကို ပစ်ထားခဲ့တဲ့အထိ ခေါင်းမာနေမယ်မထင်ဘူး ..."
ဝမ်မင်ယီ သူ့လက်ကိုဆွဲပြီး မျက်လုံးချင်းဆုံကာ သနားစဖွယ် အမူအရာဖြင့် ပြောလိုက်သည်။
" ကောကော ~ ကျွင်းတောက်ကောကော ~ ကျွန်တော့်ကို အချစ်ဆုံးမဟုတ်ဖူးလား ..."
စစ်ကျွင်းတောက် : ......
ဝမ်မင်ယီ မကျေမနပ်ဖြစ်လာသည်။
" ဘာလို့ ဘာမှ ပြန်မဖြေတာလဲ ..."
စစ်ကျွင်းတောက် : ......
စစ်ကျွင်းတောက် ဘာလုပ်နိုင်တော့မှာလဲ ... ခေါင်းပဲ ငြိမ့်ပြီး သဘောတူရတော့မှာပေါ့ ...
" သွားသွား ငါမင်းကို ခေါ်သွားမယ် ..."
သူ့အစ်ကိုက ဤအပြုအမူများကို မငြင်းဆန်နိုင်ကြောင်းသိသည်။
" ကျွန်တော့်ကို ချစ်သေးတာပဲ ..."
" သိလို့တော်သေးတယ် ..."
" ဒါဆို ကျွန်တော် ရုပ်ရှင်ရုံကို ဆက်သွယ်လိုက်မယ်နော် ..."
" မလိုပါဘူး ... ကိုယ်သိတဲ့တစ်ယောက်ရှိတယ် ... ဒီည သူ့ဆီပဲ သွားလိုက်မယ် ..."
စစ်ကျွင်းတောက် တည်ငြိမ်စွာ ပြောလိုက်သည်။
" ကောင်းပါပြီ ..."
ဝမ်မင်ယီ ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
စစ်ကျွင်းတောက် ကိစ္စအားလုံးကို စီမံပြီးသည့်အခါ ကျန်းဇီမော့ကို ယီရှန်းသီးသန့်ရုပ်ရှင်ရုံ၌ တွေ့ရန်စာပို့လိုက်သည်။ ကျန်းဇီမော့က သီးသန့်ရုပ်ရှင်ရုံဖြစ်ကြောင်း သိသည့်အခါ ပျော်ရွှင်သွားသည်။ သူတို့နှစ်ဦးတည်းရှိချိန်၌ တစ်စုံတစ်ခုကို တီးတိုးပြောဆိုနိုင်သည်။
[ ကိုးနာရီက နည်းနည်း နောက်မကျဘူးလား စောပြီးတွေ့ရင် ညစာတူတူစားလို့ရတယ် ]
[ မရဘူး ... ငါဒီနေ့ လုပ်စရာတွေရှိသေးတယ် ]
ပြောပြီးသည့်အခါ ထိုသီးသန့်ရုပ်ရှင်ရုံ၏လိပ်စာကို ပို့ပေးလိုက်သည်။ ကျန်းဇီမော့ကို ထိုလိပ်စာကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ messageပြန်ပို့လိုက်သည်။
[ငါ အဲ့ဒီကို တစ်ခါမှ မရောက်ဖူးဘူး လာခေါ်ပေးလို့ရလား ]
[ ငါ့မှာ အချိန်မရဘူး ... ကိုယ့်ဘာကိုယ် မလာတတ်ရင် ဝမ်ပေါ်ကို လိုက်ပို့ခိုင်းလိုက်လေ ]
[ ဒါဆိုလည်း ကိုယ့်ဘာသာ လာခဲ့ပါ့မယ် ဝမ်ပေါ်ကို အမြဲကူညီခိုင်းရတာ အားနာစရာကြီး ]
စစ်ကျွင်းတောက် ဘာမှထပ်မပြောတော့ပဲ ဖုန်းကိုချထားပြီး အလုပ်ဆက်လုပ်နေသည်။
တစ်ဖက်မှ ဝမ်မင်ယီမှာ ညကိုးနာရီထိုးမည်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်။
စကားမစပ် ဒါက သူနဲ့ စစ်ကျွင်းတောက် သီးသန့်ရုပ်ရှင်ရုံကို ပထမဆုံးသွားဖူးတာပဲ... အဲ့ဒါကြောင့် အရမ်းမျှော်လင့်နေမိပြီ ...