အပိုင်း ၁၄
Viewers 12k

ညနေ ၅နာရီခွဲတွင် စစ်ကျွင်းတောက်က ဝမ်မင်ယီကို အိမ်သို့ ပြန်လိုက်ပို့ပြီး ညစာတူတူစားခဲ့ကြသည်။ အဝတ်အစားလဲပြီးနောက် အချိန်နီးလာသည့်အခါ ကတိပေးထားသည့်အတိုင်း သီးသန့်ရုပ်ရှင်ရုံသို့ သွားကြသည်။
ဤသီးသန့်ရုပ်ရှင်ရုံကို စစ်ကျွင်းတောက်၏ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက် ဖွင့်ထားခြင်းဖြစ်သည်။ ထိုနှစ်ယောက်က စုံတွဲဖြစ်သည်။ မိန်းကလေး၏ နာမည်က ချန်ယိဖြစ်ပြီး ကောင်လေးက ဝမ်ရှန့်ဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်ရုံ၏နာမည်က ယိရှန့်ဖြစ်နေခြင်းပင်။ ထိုနေရာသို့ ရောက်သည့်အခါကားပါကင်ထိုးပြီးတောက် ကိုးနာရီမထိုးသေးသဖြင့် ကားပေါ်မှဆင်းရန် အလျင်မလိုတော့ပေ။
အချိန်တရွေ့ရွေ့ကုန်ဆုံးပြီး ၉နာရီသို့ နီးကပ်လာချိနခတွင် စစ်ကျွင်းတောက်က မည်ကဲ့သို့ ကြောင်ဖြစ်သွားသည်ကို သိလို၍ ဝမ်မင်ယီထံမှ မကြည့်မခွာတော့ပေ။ ခဏအကြာတွင် ခရီးသည်နေရာ၌ ထိုင်နေသော သူ၏ညီငယ်လေးမှာ တစ်စက္ကန့်အတွင်းမှာပင် ရင်းနှီးနေသည့် လိမ္မော်ရောင် ကြောင်လေးတစ်ကောင်ဖြစ်သွားသည်။
ကြောက်ပေါက်လေးက သူ့ကိုကြည့်ကာ ခေါင်းကိုစောင့်ငဲ့ထားပြီး တမြောင်မြောင်အော်နေသည်။ ၎င်း၏ ပုယင်းရောင်မျက်လုံးများက ကြည်လင်တောက်ပနေသည်။
သူတို့နှစ်ယောက်ကြားတွင် ပျောက်ကွယ်နေသည့် ချိတ်ဆက်မှုတစ်ခု ရှိနေသည်ဟု စစ်ကျွင်းတောက် အမြဲတမ်း တွေးခဲ့မိသည်။ ထိုအကြောင်းကို မတွေးတော့ပဲ လိမ္မော်ရောင်ကြောင်လေးကို ရင်ခွင်ထဲထည့်ကာ ကားထဲမှ ထွက်လာသည်။
ဝမ်မင်ယီ သူ၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာဖြစ်မည့်နေရာကို ရှာဖွေ‌နေသည်။ ကြောင်ခေါင်းလေးက စစ်ကျွင်းတောက်ရင်အုပ်ကို ပွတ်သပ်နေသည့်အခါ စစ်ကျွင်းတောက်က သူ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ဝမ်မင်ယီအမြှီးကိုမြှောက်ပြီး သူ၏လက်မောင်းကို ပွတ်သပ်နေပြန်သည်။
စသ်ကျွင်းတောက် ကြောင်တစ်ကောင်ကို ခေါ်ယူလာသည်ကို ဝမ်ရှန့်တွေ့သည့်အခါ အမြင်မှားသည်ဟု ထင်သွားမိသည်။ သို့သော် သေချာကြည့်သောအခါ အမှန်ပင် ကြောင်တစ်ကောင်ဖြစ်နေသည်။
လက်ထဲတွင် စီးကရက်ကို ထည့်ထားလျက် လိမ္မော်ရောင်ကြောင်လေးကို နှစ်ကြိမ်ခန့်ကြည့်ကာ ပြောလိုက်သည်။
" မင်း ဘယ်တုန်းက ကြောင်မွေးလိုက်တာလဲ ... သူက ချစ်စရာကောင်းပေမယ့် မင်းရဲ့ဆရာကြီးလုပ်တတ်တဲ့စရိုက်နဲ့ သိပ်မကိုက်ဖူးလားလို့ ..."
" စီးကရက်ကြီး ဖယ်ထားစမ်းပါ ...ငါ့ကြောင်လေးကို ဆေးလိပ်နံ့ ရှုခိုင်းနေတာလား ..."
စစ်ကျွင်းတောက် သူ့ကိုလျစ်လျူရှု့ပြီး ပြောလိုက်သည်။
ဝမ်ရှန့် : ......
စစ်ကျွင်းတောက် အလျင်လိုလာသည်။
" ဘာစောင့်နေတာလဲ ... ငါ ကူလုပ်ပေးရမလား ..."
ဝမ်ရှန့် ဆေးလိပ်ပြာခွက်ထဲသို့ ဆေးလိပ်ကို မီးငြှိမ်းနေစဉ်မှာပင် ပြောလိုက်သေးသည်။
" အဲ့ဒါ Chinese Gardenကြောင်လေးပဲ အရမ်းဈေးကြီးတယ် ..."
စီးကရက်ကို မီးငြှိမ်းပြီးသောအခါမှ စစ်ကျွင်းတောက်က ဝမ်မင်ယီကို ကြည့်ခွင့်ပေးသည်။
ဝမ်ရှန့်က သူ၏ခေါင်းလေးကိုထိရန် တွေးလိုက်ပြီး စိုက်ကြည့်နေသည်။ ဤအကောင်ပေါက်လေးက အတော်ချစ်စရာကောင်းပြီး လူမကြောက်ဟု တွေးနေလိုက်မိသည်။
" မင်း လက်ကိုဆေးဦး ...ဆေးလိပ်နံ့တွေ ရနေသေးတယ် ..."
စစ်ကျွင်းတောက် ထပ်ပြောပြန်သည်။
ဝမ်ရှန့် : ......
ဝမ်ရှန့် ဘာပြောရမည်မသိအောင် ဆွံ့အသွားသည်။
" မင်း ရင်ခွင်ထဲမှာ ရှိနေတာ ကြောင်မှန်းသာမသိရင် ထိခိုက်လွယ်တဲ့ ပစ္စည်းတစ်ခုခုရှိတယ် ‌ထင်နေမှာ ... ကြောင်မွေးတာလား သားတစ်ယောက်မွေးထားတာလား ..."
စစ်ကျွင်းတောက် ဂရုမစိုက်ပဲ ပြောလိုက်သည်။
" သူက မင်းထက်ပို ဈေးကြီးတယ် ..."
ဝမ်ရှတ့် သန့်စင်ခန်းသို့သွား၍ လက်ဆေးပြီး အခြောက်ခံလာရသည်။ ထို့နောက် စစ်ကျွင်းတောက်ရှေ့တွင် လက်နှစ်ဖက်လုံးကို ထောင်ပြလိုက်သည်။
" ရပြီလား ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်ရှန့် လက်ဆန့်ထုတ်ပြီး ကြောင်လေးကိုပွတ်သပ်ရငည့် ပျော်ရွှင်မှုကို ခံစားရန် ပြင်နေသည်။ ကြောင်လေးကို မထိခင်မှာပင် စစ်ကျွင်းတောက်၏လက်က ကာထားပြန်သည်။
ဝမ်ရှန့် : ဘာလဲဟ ...
စစ်ကျွင်းတောက် ပြုံးပြလိုက်သည်။
‌" တောင်းပန်ပါတယ် မထိနဲ့တော့ ..."
ဝမ်ရှန့် : .....
" မင်းငါ့လို ယီးလို လာနောက်နေတာလား ..."
ဝမ်မင်ယီ ရယ်လိုက်သည်။ ကြောင်လေး၏ မျက်နှာက သူ၏လက်မောင်းကိုထိကာ ရယ်မောနေသကဲ့သို့ မြောင်မြောင် အော်နေသည်ကို စစ်ကျွင်းတောက် ကြည့်နေသည်။ စစ်ကျွင်းတောက်က မေးစေ့လေးကို ပွတ်ပေးလိုက်ပြီး ကျီစယ်နေသည်။
ဝမ်ရှန့် စိတ်ညစ်လာပြီး စစ်ကျွင်းတောက်ကို စိတ်ပျက်နေသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
" ဒါ ကြောင်တစ်ကောင်ပဲလေ ... မင်းအရင်က ဘာပြောခဲ့လဲမှတ်မိလား ... ကြောင်တွေက ဘာကောင်းလိူ့လဲ မွှေးလို့လားဆို ..."
" မနာလိုဖြစ်နေတာလား ..."
" ဟမ် ... ငါက မနာလိုဘူးဟုတ်လား ... ဘာကိုမနာလိုရမှာတုန်း ... မင်းမှာကြောင်ရှိလို့လား ... ငါ့ကိုဘာများထင်နေလဲ ... အတွေးတွေများနေပြီ ..."
ဝမ်ရှန့် နှာခေါင်းရှုံ့လိုက်သည်။
စစ်ကျွင်းတောက် တစ်ခုခု ပြောမည်အပြု " တောင်းပါန်ပါတယ် " ဟူသည့်အသံ ကြားလိုက်ရသည်။ ကျန်းဇီမော့ သူ့ဆီသို့ လျှောက်လာကာ တောင်းပန်နေသည်။
" ငါနောက်ကျသွားတယ် ... တောင်းပန်ပါတယ် ..."
" ရပါတယ် မိနစ်နည်းနည်းပဲ နောက်ကျတာပါ ... သွားစို့ ရုပ်ရှင်သွားကြည့်မယ်လေ ..."
စစ်ကျွင်းတောက် စိတ်ထဲမထားပေ။
ထိုသို့ပြောပြီးနောက် ဝမ်ရှန့်ကိုကြည့်လိုက်သည်။
" ဘောစ့် လမ်းပြပါဦး ..."
ဝမ်ရှန့်က ကျန်းဇီမော်နှင့် သူ့ကို အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ အထဲသို့ ဦးဆောင်ခေါ်သွားသည်။
ကျန်းဇီမော့က သူ၏ရင်ခွင်ထဲမှ လိမ္မော်ရောင်ကြောင်လေးကို သတိပြုမိပြီး မေးလိုက်သည်။
" ကြောင်လေးကို ဘာလို့ခေါ်လာတာလဲ ... မင်းမှာ ကြောင် ရှိတာလား ..."
" ခုမှ မွေးဖြစ်သွားတာပါ သူ့ကိုအိမ်မှာထားခဲ့ရမှာ အဆင်မပြေလို့ ‌ဒီကို ခေါ်လာလိုက်တာ ..."
စစ်ကျွင်းတောက် ပြောလိုက်သည်။
" ချစ်စရာလေးပဲ ကိုင်ကြည့်လို့ရမလား ..."
‌ကျန်းဇီမော့ ပြောလိုက်သည်။
ဝမ်ရှန့် ကြားသည့်အခါ သူ့ကိုမျက်စိစွေကာကြည့်လိုက်သည်။ သူ၏အကြည့်များက နောက်ပြောင်ကျီစယ်လိုမှုများဖြင့် ပြည့်နေသည်။ သို့သော် စစ်ကျွင်းတောက် ပြောလိုက်သည့်စကားကြောင့် စိတ်ပျက်သွားသည်။
" မရဘူး ..."
ကျန်းဇီမော့ အံ့အားသင့်သွားသည်။
" ဘာလို့လဲ ..."
စစ်ကျွင်းတောက် ရင်ခွင်ထဲမှ ကြောင်လေးကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
" တခြားလူတွေသူ့ကိုကိုင်တာ ကြိုက်မယ်မထင်ဘူး ..."
ဝမ်မင်ယီ " မြောင် " ဟု အော်လိုက်ပြီး အင်္ကျီစလေးကို ဆွဲလိုက်သည်။
သူ့ကောကောက သူ့ကို နားလည်သေးတာပဲ ...
ဝမ်ရှန့်က သူတို့နှစ်ယောက်ကို reserved boxဆီသို့ ခေါ်သွား၍ မီးများဖွင့်ပေးပြီး ရှင်းပြနေသည်။
" ဒါက projectionအတွက် ရီမု ဒါက လေအေးပေးစက်အတွက် ရီမု ဟိုဘက်မှာက အနှိပ်ထိုင်ခုံရှိတယ် ဗီရိုအသေးလေးထဲမှာ အစာပြေစားစရာ မုန့်တွေရှိတယ် ... ခဏနေရင် ပေါက်ပေါက်ယူလာပေးပါ့မယ် ... Cokeသောက်ချင်ကြသေးလားမသိဘူး ..."
ကျန်းဇီမော့က ရုတ်တရက် "အင်း" ဟု ပြောလိုက်သည့် စစ်ကျွင်းတောက်ကို ကြည့်နေသည်။
" ကောင်းပြီ ... ဒါဆိုရင် ရုပ်ရှင်ကြည့်ကြပါ ... ကျွန်တော်အပြင်ထွက်တော့မယ် ..."
ထို့နောက် ဝမ်ရှန့်က တံခါးပိတ်ပြီး ထွက်သွားသည်။
ဝမ်မင်ယီ သူ့ရှေ့က အခန်းကို ကြည့်လိုက်သည့်အခါ အပြင်အဆင်က တော်တော်ကောင်းသည်။ စူပါဟီးရိုးပုံနှင့် ပြိုင်ကားပုံများဖြင့် အလှဆင်ထားသဖြင့် ယျောက်ျားလေးများအတွက် အထူးပြင်ဆင်ထားသည့်အခန်းဖြစ်ပုံရသည်။ကြောင်လေးကို ရင်ခွင်ထဲထည့်ထားသည့် စစ်ကျွင်းတောက် ဖိနပ်ချွတ်ကာ သူ၏ရှေ့မှနေရာသို့ သွားထိုင်ကာ ခေါင်းအုံးကို နံရံဘက်မီပြီး ကြောင်လေးကို ပေါင်ပေါ်တင်လိုက်သည်။
ကျန်းဇီမော့ မြင်သည့်အခါ သူ၏ဘေးတွင်လာထိုင်သည်။
" ဒီလိုနေရာမျိုးကို ရုပ်ရှင်ကြည့်ဖို့လာတာ ပထမဆုံးပဲ ..."
သူက တီးတိုးပြောလိုက်သည်။
ဝမ်မင်ယီ သူ့ကိုကြည့်ပြီး စိတ်ထဲက ပြောလိုက်သည်။
ဝမ်ပေါ်ကရော ဘာဖြစ်လို့လဲ ... သူက ကျန်းဇီမော့ကို မကြိုက်ဖူးလား ကိုယ်ကြိုက်တဲ့လူတစ်ယောက်ကို ရုပ်ရှင်ရုံတော့ ခေါ်လာသင့်တယ်လေ ... ကျန်းဇီမော့က သူ့ကို အစောပိုင်းအချိန်တွေက ပြန်မကြိုက်တာ မထူးဆန်းတော့ပါဘူး ..."
စစ်ကျွင်းတောက် သူ၏စကားများကို နားမထောင်ပဲ မေးလိုက်သည်။
" မင်း ဘာကြည့်ချင်လဲ ..."
ကျန်းဇီနော့ ဤနေရာသို့မလာခင်က ဟာသဇာတ်လမ်းများကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဆိုးဝါးသည့် ဟာသဇာတ်လမ်းများ ရှိပါက ၎င်းတို့ကို မချီးကျူးနိုင်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် အင်တာနက်အသုံးပြုသူများ၏ ထင်မြင်ချက်ကို စုစည်းပြီး သရဲကားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ စစ်ကျွင်းတောက်ကို ‌ကြောက်လန့်နေသည့် မျက်နှာဖြင့်ကြည့်ကာ အချိန်တိုင်း စကားပြောနေနိုင်မည်ဖြစ်သည်။ ထိုအခါ စစ်ကျွင်းတောက်က သူ့ကိုနှစ်သိမ့်ပြီး ကရုဏာသက်လိမ့်မည်။
ထို့ကြောင့် ကျန်းဇီမော့ ပြောလိုက်သည်။
" သရဲကားကြည့်ရအောင် ... Reviewကောင်းကောင်းရဖူတဲ့ရုပ်ရှင်တွေ ရှိတယ်မလား တစ်ချက်ကြည့်ကြည့်ချက် ..."
ဝမ်မင်ယီ : ......
ယောကျာ်းလေးများက မိန်းကလေးများကို သရဲကားကြည့်ရန် ဖိတ်ခေါ်သည့် ထိပ်တန်းအကြောင်းပြချက်ဆယ်ချက်ကို ဝမ်မင်ယီ ချက်ချင်းတွေးမိသွားသည်။ ၎င်းက လူအားလုံးနီးပါးကို ရင်းနှီးမှုများ တိုးပွားလာစေနိုင်သည်။
ကြည့်ရတာ ဒီနေ့ ရုပ်ရှင်ကြည့်ရင်း သူ့ကောကောရဲ့ ရင်ခွင်ထဲ တိုးဝင်ချင်နေပုံပဲ ...
ဝမ်နင်ယီက စစ်ကျွင်းတောက်နှင့် ကျန်းဇီမော့တို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းချင်း မည်မျှ ဝေးကွာနေသည်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ မတ်တပ်ထ၍ လက်ဖဝါးလေးများကိုဆန့်ကာ ဘေးဘက်သို့ မသိမသာတွန်းပြီး သူတို့နှစ်ယောက်ကို ဝေးကွာသွားအောင် လုပ်လိုက်သည်။
ကျန်းဇီမော့ သူ၏လှုပ်ရှားမှုကို ခံစားမိသည်။ ငုံ့ကြည့်လိုက်သည့်အခါ လိမ္မော်ရောင်ကြောင်လေးက စစ်ကျွင်းတောက်၏ ပေါင်ကို တက်နင်းထားသည်ကို မြင်လိုက်ရသည်။ ထို့နောက် လက်ဖဝါးလေးကိုဆန့်ကာ သူနှင့် စစ်ကျွင်းတောက်ကို ဆော့ကစားနေသည်။ သို့သော် ခွန်အားက အလွန်သေးငယ်သောကြောင့် သူတို့နှစ်ယောက်က နေရာမှ မရွေ့ပေ။
ကျန်းဇီမော့ လက်ဆန့်ထုတ်၍ ကြောင်လေးကိုကိုင်ရန် ပြင်လိုက်သော်လည်း ဝမ်မင်ယီ၏ တုံ့ပြန်မှုက မြန်ဆန်လာသည်။ ကျန်းဇီမော့၏လက်ကို လက်ဖဝါးဖြင့် ပုတ်ထုတ်လိုက်ကာ " မြောင်" ဟု စူးစူးရှရှအော်လိုက်သည်။