အခန်း၁၀၁
Viewers 8k

Chapter 101

(ဇာခ့်သား အမှန်တကယ်အရသာရှိခြင်း)


စစ်ကျောင်းဝင်းထဲက လူတော်တော်များများသည် ဥဩသံအကျယ်ကြီးတွေကြောင့် ကမန်းကတန်းနိုးလာကြသည်။


"ဇာခ့်တွေ လာနေပြီဟေ့ နောက်ထပ်ဇာခ့်တွေ"


သို့သော် နောက်ဆုံးအသေးစားတိုက်ခိုက်မှုထက်စာလျှင် ဤတစ်ကြိမ်တွင် D-အဆင့်မှ SS-အဆင့်အထိ ဇာခ့်ကောင်များ အများအပြား၀င်ရောက်တိုက်ခိုက်လာပြီးC-အဆင့်နှင့် D-အဆင့် တို့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း လျှော့တွက်၍ မရပေ။

စစ်ပိုင်နယ်မြေကို အလုံးအရင်း၀င်တိုက်ခိုက်သည့်အပြင် အခြားအဓိကနယ်မြေခွဲ ငါးခုကိုလည်း တိုက်ခိုက်လာသည်။SS-အဆင့်ရှိဇာခ့်ကောင်များက ဧရာမတောင်ကုန်းကဲ့သို့ကြီးမားပြီး တိုက်ခိုက်ခံရသော နယ်မြေတိုင်းတွင် တစ်ကောင်ချင်းစီ နေရာယူထားကာ ဟွာနို့ပထမစစ်နယ်မြေ တစ်ခုတည်းတွင်ပင် နှစ်ကောင်ရှိနေသည်။


ဤသည်မှာ ရှောင်မင်က ယခင်တိုက်ပွဲတွင် S-အဆင့် ဇာခ့်ပျံတိုက်ပွဲမှ လေ့လာဆန်းစစ်ခဲ့ပြီး အင်အားကြီးမားပြီး စိတ်ဓာတ်ပြင်းထန်နေသော လင်းရွှမ်သည် ယခင်ရန်ကြွေးများကို အငြိုးတကြီး တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရွံ့နေမိသည်။ထို့ကြောင့် သူက SS အဆင့်ဧရာမအခွံမာဇာခ့်နှစ်ကောင်ကို အရင်ဆုံးစစ်နယ်မြေထဲသို့ တမင်ကာထားပေးရန် တောင်းဆိုလိုက်သည်။


မနေ့က ရှောင်မင် စုံစမ်းကြည့်ခဲ့ရာ လင်းရွှမ်မှာ လင်းမိသားစု၏ စစ်ထိပ်တန်းစံအိမ်တွင်သာရှိနေသေးသည်။အနီးတစ်ဝိုက်တွင် SS-အတန်းစားဧရာမ အခွံမာ ဇာခ့်နှစ်ကောင်ရှိနေသောကြောင့် အရှင်သခင်ပထမစစ်တက္ကသိုလ်အနားရှိ တစ်ကောင်ကို တိုက်ခိုက်ဖမ်းယူနိုင်သော်လည်း ကျန်တစ်ကောင်ကို စစ်နယ်မြေပတ်ပတ်လည်တွင် ရုတ်တရက်အရှိန်ဖြင့်တိုက်ခိုက်လာမှုထိန်းထားနိုင်ရန် အစောင့်အဖြစ် သီးသန့်ထားလိုက်မည်။

သို့သော်လည်း အရှင်သခင်ပထမစစ်တက္ကသိုလ် ရှိ SS-အတန်းအစား ဧရာမ အခွံမာ ဇာခ့်နှစ်ကောင်းလုံးကို ရန်သူများက ဦးစွာတိုက်ခိုက်နေကြသောကြောင့် သူအကျပ်ရိုက်သွားသည်။


ထိုလူမှာ ဘယ်ကမှန်းမသိပေါ်လာပြီး ပြည်သူစီးအရှိန်တင် ဇိမ်ခံကား ဖြင့်ပင်လျှင် SS-အတန်းအစား ဧရာမအခွံမာဇာခ့်ကို ရဲရဲ၀ံံ့၀ံ့ရင်ဆိုင်နေပြီး လုံး၀လက်လျော့မည်ပုံမပေါ်ပေ။


ရှောင်မင် ချက်ချင်း ဖြည်းညင်းစွာ ကပ်သွားလိုက်ပြီး ထိုလူအပြင် လက်အောက်ငယ်တိုက်ခိုက်ရေးသမားများစွာက စိတ်အားထက်သန်စွာဖြင့် စူးစူးရှရှမျက်လုံးများကိုတွေ့လိုက်ရသည်။

တိုက်ပွဲတွင် ကိုယ်ပိုင်အားဖြင့် တိုက်ခိုက်နိုင်ပုံမရသော်လည်း ရှက်ရွံ့ပြီးထွက်ပြေးကြမည်မဟုတ်ဘဲ သူတို့၏ အသိမိတ်ဆွေများ၊ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့်အတူ တန်ပြန်တိုက်စစ်အဖွဲ့ကို စနစ်တကျဖွဲ့စည်းလာပုံရသည်။


အချို့က ရှောင်မင်ကို အဝေးမှ မှတ်မိနေပြီး သူတို့အဖွဲ့ထဲသို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ် နှုတ်ဆက်နေသည်... "တော်ဝင်မင်းသားလေးက ဇာခ့်သား စားရတာ ကြိုက်ရဲ့လား ငါတို့အဖွဲ့နဲ့ ပူးပေါင်းလေ ကိုယ်စွမ်းရင်စွမ်းသလောက် ေ၀စုရမှာနော်"


ရှောင်မင်က ဒေါသတလိမ့်လိမ့်တက်လာပြီး သူ့ပုံစံကအသည်းအသန်စားချင်နေတဲ့ပုံလား...တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ဒီနေရာရောက်လာတာ သိသာထင်ရှားပါတယ်...


သို့သော် အခြေအနေအရ သူဘယ်လိုပြောပြော ဤလူတွေက ယုံကြမည်မဟုတ်ပေ။ထို့ကြောင့် သူယဉ်ယဉ်ကျေးကျေး ငြင်းဆိုထွက်ခွာခဲ့ပြီးနောက် အဆင့်နိမ့်အပြေးသမားများ၊ တွားသွားသမားများ၊အချက်ပေးကိရိယာများနှင့် အဆက်မပြတ် ချဉ်းကပ်လာသော အမွှေးထူပိုးဖလံကောင်များကို အလျင်အမြန် ဟက်ကာ ရှင်းထုတ်ပစ်လိုက်သည်။သူ၏ အဓိကပစ်မှတ်မှာ အနီးရှိ SS အတန်းအစား ဧရာမ အခွံမာဇာခ့်ကြီးဖြစ်သည်။


အရှိန်တင်ဇိမ်ခံကားသည် ကြာကြာခံနိုင်ရည်ရှိမည်မဟုတ်ပေ။မကြာခင် ပျက်ကျလိမ့်မည် ထင်သောကြောင့် ထိုကားပျက်စီးသွားလျှင် သူက ရှေ့ဆက်တိုက်ကာ နာမည်ကောင်းရလာလိမ့်မည်။

သို့သော် ပျက်စီးလုနီးပါးဖြစ်နေသောကားအတွင်းမှ လူက ရုတ်တရက် ခုန်ထွက်လာသည်ကိုမြင်လိုက်ရသောအခါ ရှောင်မင် ကြက်သေသေသွားသည်။သူက အရှိန်တင်ကားကို အာကာသခလုတ်ထဲသို့ ပြန်ထည့်လိုက်ပြီး မက်ခါကြီးအဖြစ် ချက်ချင်းအသွင်ပြောင်းလိုက်သည်။


'ဟင် ရင်းနှီးပြီး အေးစက်တဲ့ အသွင်အပြင်... အဲဒါ လင်းရွှမ်မဟုတ်လား'


ရှောင်မင် နှလုံးခုန်သံများ၀ုန်းဒိုင်းကြဲသွားသည်။


" ထပ်ပြီး အရှုံးမရှိစစ်ပွဲသခင် လင်းရွမ်ပါလား... သူ မနေ့ညထဲက ထိပ်တန်းစံအိမ်မှာပဲ ရှိနေတာမဟုတ်လား...အစောကြီး အရှင်သခင်ပထမ စစ်တက္ကသိုလ်ထဲ ဘယ်လိုရောက်လာတာလဲ..."


ယခုတစ်ကြိမ် ဇာခ့်တို့၏ပြင်းပြင်းထန်ထန်၀င်ရောက်စီးနင်းလာမှုကြောင့် လက်ထောက်ကုထုံးပညာရှင်များ၏ အဆောင်နယ်မြေတစ်၀ိုက်အား လျှပ်စစ်သံလိုက်ကာကွယ်ရေးစနစ်ဖြင့် ပိတ်ဆို့ထားသည်။


ကျောင်း၏ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်လွှင့်မှုမှတစ်ဆင့် လင်းယောင်ယောင်က ပြင်ပအခြေအနေကို သိရှိလိုက်သည်။

စိတ်အားထက်သန်နေသော အရန်ကုထုံးဆရာများစွာက သူတို့အား အပြင်မထွက်စေရန်ပိတ်ထားခြင်းကို လက်မခံနိုင်ကြဘဲ ဒေါသသံများဖြင့်ဆူညံနေသည်။အမှန်တကယ်တွင် သူတို့သည် တိုက်ခိုက်ရာတွင် မကျွမ်းကျင်သော်လည်း အဆင့်မြင့်ဇာခ့်ကို မကိုင်တွယ်နိုင်စေကာမူ အရှိန်တင်ကားများ၏ တိုက်ခိုက်ရေးစနစ်ကို အားကိုးကာ B, C, သို့မဟုတ် D အဆင့်ရှိ ဇာခ့် တို့ကို ဖြေရှင်းပေးနိုင်သည်။ မည်မျှသေးငယ်သည်ဖြစ်စေ ပိုးကောင်မှာလဲ အသားဖြစ်သည့်အပြင် ယခုပိုးကောင်များမှာတော့အသားနည်းမည်မဟုတ်ပေ။


သို့သော် အပြင်ထွက်ခွင့်မရကြဘဲ လူတိုင်းက တိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်မှုဖြင့်သာ ကြည့်ရှုနိုင်ပြီး သုံးသပ်စာများပို့ပေးကာ ဆွေးနွေးနိုင်သည်။

နောက်ဆုံးတိုက်ပွဲတွင် ဇာခ့်ပျံတစ်ကောင်ကြောင့် လက်ထောက်ကုထုံးဆရာအများစုသည် တစ်ယောက်နှင့်တစ်ယောက် ထိတ်လန့်စိုးရိမ်ပြီး ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့်ပြန်ပြောပြကြသည်။သို့သော် ယခုတစ်ကြိမ် သုံးသပ်ပေးနေသည့်ပုံစံမှာ ယခင်တိုက်ခိုက်မှုနှင့် လုံးဝကွဲပြားသွားကြသည်။ကြောက်ရွံ့မှုထက် စိတ်အားထက်သန်မှုများကိုပိုမို၍တွေ့မြင်ရသည်။


"ဒီ D အတန်းအစား ပြေးနေတဲ့ပိုးကောင်တွေက ဧရာမငါးကြီးတွေနဲ့တူတယ်ဟ"


"C-အဆင့်တွားသွားကောင်တွေက ကဏန်းကြီးတွေနဲ့တူတယ်"


"B-အတန်းစား အသံမြည်ကောင် တွေက ခြင်အကြီးကြီးနဲ့တူတယ် ရွံ့စရာကြီး ငါတော့မစားချင်ဘူး"


"ဟာ..တကယ်တော့ ဒီဇာခ့်ကောင်တွေနဲ့ အရိုးနက်ကြက်က တော်တော်တူတာပဲ"


"A-အဆင့် အမွှေးကောင်က ပင်လယ်သခွားကြီးနဲ့တူတယ်..."


"စတားနက်ပေါ်က S-အဆင့် ဇာခ့်ပျံတွေက အရသာရှိတယ် ဒီတစ်ခါတော့ တိုက်ခိုက်သူတွေကပေါ့သေးသေးမဟုတ်ဘူး အရမ်းတော်လာတယ် အပြင်မှာလဲ သူတို့ကို စားလို့ရတယ်တဲ့"


"အို ဘုရားရေ... SS အဆင့် အခွံမာပိုးကောင်ကြီးက ခေါင်းအများကြီးရှိတဲ့ လိပ်ကြီးနဲ့ တူတယ်...ကြည့် ကြည့် ပြည်သူစီးအရှိန်တင်ကားကိုပဲ အားကိုးပြီး သတ်နိုင်တဲ့ တိုက်ပွဲဝင် သူရဲကောင်းက အရမ်းတော်တာပဲ"


"ဟဲ့ ပြည်သူစီးအရှိန်တင်ကားထဲက တိုက်ခိုက်ရေးသမားက အရှင်ဗိုလ်ချုပ် လင်းရွှမ်လေ အဲ့ဒါ အရှင်သခင်ပေါ့ အရင်တိုက်ပွဲတုန်းက S အဆင့်ဇာခ့်ပျံဆီကနေ ငါတို့ကို ကာကွယ်ပေးခဲ့တာ"


လင်းယောင်ယောင်သည် ပြောဆိုသံများကိုသာ နားထောင်နေပြီး သူမ စကားသံများမထွက်နိုင်ပေ။ တကယ်တမ်း ယခုအကြိမ်တိုက်ခိုက်လာသော ဇာခ့်ကောင်များက အလွန်ကိုများလွန်သည်။


သို့သော် ယမန်နေ့က ဖြည့်စွက်ကုထုံးပြိုင်ပွဲ၏ အစားအသောက်အုပ်စု ဒုတိယအကျော့အပြီးတွင် ကျောင်းသားအများစုက အမျိုးမျိုးသော ဇာခ့်သားတူ အသားစားဖွယ်များကို စမ်းသုံးခဲ့ကြသည်။ထို့ကြောင့် အရှင်သခင်အင်ပါယာမှလူများကဇာခ့်ကောင်များအပေါ် သဘောထား လုံးဝပြောင်းလဲသွားကြသည်။


ကောင်းကင်တစ်ခွင်လုံးရှိ ဇာခ့်ကောင်များကိုမြင်သောအခါ ပထမဆုံးတုံ့ပြန်မှုမှာ အများအားဖြင့်...

"ဝိုး... အခမဲ့ပါဝင်ပစ္စည်းအများကြီးကို ငါတို့အိမ်ထဲ ပို့ပေးလိုက် မင်းသတ်တဲ့ကောင်က မင်းအပိုင်ပဲ"


ပြည်သူဖြစ်ဖြစ် ကျောင်းသားဖြစ်ဖြစ် တိုက်ပွဲဝင်သူအားလုံး စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် လက်တွဲကာ အဆင့်မြင့်ဇာခ့်ကို မသတ်နိုင်လျှင် အဆင့်နိမ့်ကောင်ကို သတ်နိုင်သည်။ အကယ်၍ မတိုက်ခိုက်နိုင်သော အဆင့်မြင့် ဇာခ့်များနှင့် ကြုံတွေ့ရပါက နောက်ထပ် လူအများ အတူတကွ ပေါင်းစည်းလိုက်ပြီး ဇာခ့်ကောင်များ၏တိုက်ခိုက်မှုကို တွန်းလှန်နိုင်စေရန် စိတ်အားထက်သန်စွာ ရှေ့တန်းသို့အရောက်လာကြမည်ဖြစ်ကာ ကင်းလှည့်တပ်ကိုသာ အားကိုးလျှင် လုံလုံလောက်လောက်ကာကွယ်နိုင်မည်မဟုတ်ပေ။


သို့သော်လည်း တိုက်ပွဲတွင် လင်းရွှမ်က အရှိန်တင်ကားကို ပြင်းထန်စွာမောင်းလာပြီး ရုတ်တရက် လင်းယွမ်အဖြစ်သို့ပြောင်းကာSS အတန်းအစားဇာခ့်ကို တိုက်ခိုက်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းကို မြင်နေရသော လင်းယောင်ယောင် ရင်ထဲ ဗလောင်ဆူနေသည်။


မနေ့ညက အိပ်ယာမဝင်ခင် အဆက်အသွယ်လုပ်တုန်းက သူ စစ်တပ်ထိပ်တန်းစံအိမ်ပေါ် မရောက်သေးဘူးလား...အရှင်သခင်အင်ပါယာမြို့တော်ရှိ အရှင်သခင်ပထမစစ်တက္ကသိုလ်ကို ယခုလိုချက်ချင်းပြန်လာလျှင် ဇာခ့်တိုက်ခိုက်မှုတွေကို ထပ်မံကြုံတွေ့ရနိုင်သည်။


'လင်းရွှမ် အရှင်သခင်ပထမစစ်တက္ကသိုလ်ကိုချက်ချင်းပြန်လာတာက သူမဆီ လာတာလား... မနေ့ညက သူ့ရဲ့ လေးနက်တဲ့သဘောထားကကော ဘာသဘောလဲ...'

သူမတွင် သံသယများစွာဖြင့် အတွေးများပြည့်နေသော်လည်း ယခု လင်းရွှမ်၏လုံခြုံရေးထက် အရေးမကြီးပေ။သို့သော် သူ၏ SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် အလွန်တော်သော တိုက်ပွဲအတွေ့အကြုံများဖြင့် SS အဆင့် ဧရာမအခွံမာ ဇာခ့်ကို တစ်ယောက်ထဲ သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။


SS-အဆင့် ဧရာမအခွံမာဇာခ့်များက ခံစစ်တွင် ကောင်းမွန်လွန်းသောကြောင့် သတ်ရန်မလွယ်ကူပဲ အချိန်ပိုကြာလိမ့်မည်။

သူမသည် ဤဧရာမအခွံမာဇာခ့်ကို မည်သို့စားရမည်ကိုပင် စတင်တွေးနေမိပြီး SS အဆင့်ဧရာမအခွံမာဇာခ့်က ဆဋ္ဌမအဆင့် ပါဝင်ပစ္စည်းနှင့် ညီမျှသည်။ အဘိုးလင်းနှင့် အဘိုးဝေ့တို့၏ စိတ်စွမ်းအင် မသန်စွမ်းမှုနှင့် အဘွားဝေ့၏ မျိုးရိုးဗီဇရောဂါတို့အတွက် အထူးကောင်းမွန်သည်။


သူမက ဇာခ့်မျိုးစိတ်ဟင်းအသစ်များနှင့် ဟင်းချက်နည်းများကို အရသာရှိရှိပြုလုပ်ရန် စဉ်းစားနေစဉ် စုချင်းဟယ် ထံမှ အရေးပေါ်ဗီဒီယိုခေါ်ဆိုမှု ရုတ်တရက်၀င်လာသည်။


စုချင်းဟယ်က... "ယောင်ယောင် ငါ့အဆောင် ပြတင်းပေါက်ကို ဇာခ့်တစ်ကောင် ခွဲသွားတယ် အဆင့်နိမ့်ဇာခ့်လှိုင်းလုံးကြီးတစ်ခုက D အဆင့်ကနေ B အဆင့်အထိ ကွာဟချက်ကနေ ဝင်လာတာ...ငါတို့ဘာလုပ်ရမလဲ... ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့တော့ စွမ်းအင်သုံး သေနတ်တွေ ရှိပေမယ့် ဇာခ့်တွေက အကောင်များလို့ မနိုင်ဘူး နင့်ရဲ့ 012 ကိုလွှတ်ပြီး ကူညီပေးလို့ရမလား"


သူမက အမှန်တကယ်ပင် ကြောက်နေသောကြောင့် လင်းယောင်ယောင်မှာ လက်ထောက်ကုထုံးပညာရှင်တစ်ဦးသာဖြစ်ကြောင်း သိသော်လည်း တိုက်ခိုက်ရေးကျွမ်းကျင်သမားတစ်ယောက်ကိုမျှ မသိဖြစ်နေပြီး ကူကယ်ရာမဲ့ဖြစ်နေသည်။

တိုက်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် လင်းရွှမ် အား သတ္တိရှိရှိနှင့် မကြောက်မရွံတိုက်ခိုက်နေသည်ကို မြင်သောအခါ သူမက လင်းယောင်ယောင်အကြောင်း ချက်ချင်းအတွေးထဲ၀င်လာသည်။အနည်းဆုံးတော့ လင်းယောင်ယောင်သည် သူမကို အမြဲတမ်း ယုံကြည်စိတ်ချမှုပေးနိုင်သည်။


အဆင့်နိမ့်ဇာခ့်ကောင်များသည် အရွယ်အစား အလွန်သေးငယ်သည်။ ဥပမာအားဖြင့် ကျောက်ပုစွန်နှင့်တူသော D အဆင့် ပြေးလွှားကောင် များက ဘောလုံး သို့မဟုတ် ဘတ်စကတ်ဘောအရွယ်အစားသာရှိပြီး C-အတန်းစား ဂဏန်းပုံစံတွားသွားကောင်များသည် အင်တုံ သို့မဟုတ် ပုံး အရွယ်အစားသာရှိသည်။B-အတန်းစား အသံမြည်ကောင်များမှာ တစ်မီတာ သို့မဟုတ် နှစ်မီတာ အရွယ်အစားခန့်ရှိသည်။

သို့သော် သုံးလေးမီတာရှည်သော အမွှေးထူပိုးကောင်များက အဆောင်ထဲကို မဝင်နိုင်ပေ။


လင်းယောင်ယောင်က.... "မကြောက်နဲ့ ရေချိုးခန်းထဲ အရင်သွားပုန်းပြီး တံခါးကို သော့ခတ်ထား နင့်ရဲ့ အဆောင်တည်နေရာ ငါ့ကိုပို့လိုက် 012 နဲ့ အခု လာခဲ့မယ်"


012 သည် ဤကာလအတွင်း ဇာခ့်အသားများကို အများအပြားစားခဲ့ပြီး ခန္ဓာကိုယ်အရွယ်အစားက လေးမီတာအထိ ကြီးထွားလာပြီး ဘေးတိုက်ကြီးပြင်းနိုင်သည့် စပျစ်နွယ်ပင်မျိုးဖြစ်သည်။သူမက အလုံပိတ်လသာဆောင်တွင် တွဲလောင်းကျနေသော စပျစ်နွယ်ပင်ကလေးအား ခေါ်ပြီးနောက် အဆောင်၏ အရှိန်တင်ကားများ ဝင်ရောက်ခွင့်နေရာကို ဖွင့်လိုက်သည်။


အဆောင်၏ ကာကွယ်ရေးစနစ်မှာ အဆောက်အအုံအတွင်းသို့ မမြင်နိုင်သောလျှပ်စစ်သံလိုက်လှိုင်း အလွှာတစ်ခုထပ်ထည့်ထားရုံမျှသာဖြစ်သည်။အတွင်းလူများ အပြင်သို့ ထွက်ချင်လျှင် အရှိန်တင်ကားပေါ်သို့တက်ပြီးလျှပ်စစ်သံလိုက် ကာကွယ်ရေး ကာဗာကို ဖွင့်ကာ အမြန်ထွက်ရမည်။


012 က ကားနောက်ဘက်သို့ ခုန်တက်လာပြီး အော်ဟစ်ကာ.... "ငါတို့ လတ်လတ်ဆတ်ဆတ် ဇာခ့်အသားတွေ စားရတော့မယ်"


ယခင်နှစ်က ဇာခ့်ပျံသားက အရသာရှိပြီး သူမကိုယ်တိုင် ပုံစံအမျိုးမျိုးဖြင့် ချက်သော်လည်း အရသာမှာ သိပ်မကွာလှပေ။ 012 သည် အရသာအသစ် ဇာခ့်သားများကို ပိုမိုရရှိရန်အတွက် အလွန်ပျော်ရွှင်နေသည်။သူမ အရှိန်ပြင်းပြင်းဖြင့် စုချင်းဟယ် အဆောင်သို့ အမြန်ရောက်ရှိလာသည်။


စတားနက်တွင် SS-အဆင့်မက်ခါကိုင်ခဲ့သော လင်းယောင်ယောင်က ယခုတွင် ဇိမ်ခံကား၏ တိုက်ခိုက်ရေးစနစ်ကို ထိန်းချုပ်နိုင်နေပြီဖြစ်သည်။သူမသည် ရောင်ခြည်နီစကင်န်ကိုဖွင့်လိုက်ပြီး အခန်းအတွင်း မည်သူမျှမရှိကြောင်း အတည်ပြုလိုက်သည်။စုချင်းဟယ်မှာ သူမနှင့် ပြောပြီးပြီးချင်း ရေချိုးခန်းထဲတွင် ပုန်းနေနိုင်သောကြောင့် အဆောင်ထဲသို့ တိုက်ရိုက်ဝင်သွားပြီး အခန်းတွင်းရှိ အဆင့်နိမ့်ဇာခ်ါကောင်များကို ဓာတ်ရောင်ခြည်အပူပြင်းပြင်းဖြင့် ပစ်ခတ်လိုက်သည်။


ဤသို့ဖြင့် ပျံသန်းနိုင်သော B-အတန်းစား အသံမြည်ကောင်များမှလွဲ၍ C-အဆင့်တွားသွားကောင်များနှင့် D-အဆင့် ပြေးလွှားကောင်များက အကြိမ်အနည်းငယ်ပစ်ခတ်ခံရပြီးနောက် မူးဝေသွားသည်။


ထို့နောက် 012 ကို ကြီးမားသော အာကာသခလုတ်ထဲသို့ ထည့်စေသည်။သူမက 012 ကို အစိမ်းမစားတတ်သော ကလေးလေးအဖြစ် သင်ပေးခဲ့သောကြောင့် အာကာသခလုတ်မပြည့်မချင်း ဇာခ့်ကောင်များကိုစုဆောင်းရန် စပျစ်နွယ်ပင်များကိုအသုံးပြုပြီး တွယ်ကပ်သွားရန် ညွှန်ကြားခဲ့သည်။ အာကာသခလုတ်အတွင်းရှိ အချိန်မှာရပ်တန့်လုနီးပါးဖြစ်နေပြီး လေမရှိသလောက်ဖြစ်နေသောကြောင့် ဇာခ့်များ အထဲရောက်လျှင် အေးခဲသွားခြင်းဖြင့် အလွယ်တကူ သေနိုင်သည်။


လက်ရှိအဆင့်-ငါး စွမ်းအားဖြင့် A-အဆင့်လူသားတိုက်ခိုက်ရေးသမားများနှင့် ညီမျှသော 012 သည် စပျစ်နွယ်ပင်များစွာကို ပြောင်းလဲကာ ဤတာဝန်ကို အခက်အခဲမရှိယူနိုင်‌ေပလိမ့်မည်။သူက အနီးအနားပတ်လည်တစ်၀ိုက်ရှိ အပစ်မခံရသေးသော B-အတန်းစား အသံမြည်လေးငါးကောင်ကိုပင် ဖမ်းကာ အာကာသခလုတ်ထဲသို့ ထည့်လိုက်သည်။


လင်းယောင်ယောင် အမိန့်ကို စောင့်မနေဘဲ 012 က စုချင်းဟယ် အဆောင်ကို ရှင်းလင်းပြီးနောက် သူ၏စပျစ်နွယ်ပင်နှင့် အာကာသခလုတ်ကို ရစ်ပတ်လိုက်ပြီး အနီးနားရှိ အဆင့်နိမ့်ဇာခ့် ကို ဆက်လက်ရှာဖွေသည်။ ထို့ပြင် သူမ နားကပ်နေပြီး မျက်ခြေမပြတ်စေရန်အလွန်သတိထားနေကာ သူ၏အဓိကတာ၀န်မှာသခင်ဖြစ်သူကို စောင့်ရှောက်ရန်ဖြစ်သည်။


လင်းယောင်ယောင်သည် တွန့်ဆုတ်မှုမရှိဘဲ တည်ငြိမ်စွာ ဇာခ့်ကောင်များအား သံအမြောက်ကို အသုံးပြုကာ ပစ်ခတ်နေပြီး အလစ်သုတ်၀င်ရန်ချောင်းနေသည့် A-အတန်းစား အမွှေးထူကောင်တစ်ကောင်ကိုလဲ ချက်ခြင်းပင် သတ်ဖြတ်လိုက်သည်။ကံကောင်းစွာဖြင့် သူ့တွင် အမွှေးအလွန်များသောကြောင့် အလွယ်တကူမြင်လိုက်ရခြင်းဖြစ်သည်။ သူမ က အမွှေးပွခွေးများနှင့် ကြောင်လေးများကို ကိုင်တွယ် ပွတ်သပ်ရသည်ကို နှစ်သက်သော်လည်း ယခုလို အမွှေးထူပိုးကောင်ကိုတော့ ကြောက်သည်။


သူမ တုံ့ဆိုင်းနေချိန်တွင် ရုတ်တရက် စုချင်းဟယ်က ဘက်စုံစွမ်းအင်သုံး ဓားတစ်ချောင်းကိုင်ထားကာ ရေချိုးခန်းထဲမှ ထွက်လာပြီး သုံးမီတာမှ လေးမီတာရှည်သော မြေပြင်ပေါ်ရှိ ပိုးကောင်ငယ်ကို ရဲရဲ၀ံ့၀ံ့ခုတ်ထစ်ပြီး လေးပိုင်းခွဲလိုက်သည်။ထို့နောက် တည်ငြိမ်အေးဆေးစွာ ဆေးလက်အိတ် ဝတ်ဆင်ကာ ခုတ်ထစ်ထားသော အမွှေးထူ ပိုးကောင်ကို သူမ၏အာကာသခလုတ်ထဲသို့ စုဆောင်းလိုက်သည်။


လင်းယောင်ယောင်က အရှိန်တင်ကားတံခါးကိုဖွင့်ကာ သူမအား လက်ယမ်းပြကာ အမြန်တက်စေပြီး စုချင်းဟယ် ကားပေါ်ရောက်ရောက်ချင်း သူမ လှုပ်ရွကာ...


"အမွှေးထူကောင်တွေကို မကြောက်ဘူးလား"


စုချင်းဟယ်က သဲ့သဲ့ပြုံးလိုက်ပြီး... "ကြောက်တာပေါ့ သေသွားရင်တော့ ပါဝင်ပစ္စည်း အစုံအလင်ရမယ်မဟုတ်လား နင့်အိမ်မွေးတိရိစ္ဆာန် 012လောက် ငါ မကြောက်နိုင်တော့ဘူး... နောက်တစ်ခါ ဇာခ့်နဲ့တွေ့ရင် ငါ သူတို့ကို ကိုယ်တိုင်ပစ်ပြီး ဖမ်းမယ် ငါ့ရဲ့ အာကာသခလုတ်က အလွတ်ကြီးရှိသေးတယ် အစောကြီးထဲက ဘာလို့မတွေးမိရတာလဲ"


သူမပုံစံက အကောင်ပေါင်းသန်းချီလောက်လွတ်သွားသကဲ့သို့ ဝမ်းနည်းပုံရသည်။


လင်းယောင်ယောင်: ".....ဟီးရိုး နင်ကတော့ တကယ့်ကိုရှားပါး အရန်ကုထုံးပညာရှင်ပဲ"


သို့သော် လူအများစုအမြင်တွင် လင်းယောင်ယောင်မှာ အလှလေးတစ်ယောက်ကို ကယ်တင်ခဲ့သော လက်ထောက်ကုထုံးပညာရှင်တစ်ယောက်ပင်ဖြစ်လိမ့်မည်။သူမ၏ဂြိုလ်သားအိမ်မွေးတိရစ္ဆာန်အား အာကာသခလုတ်ထဲသို့ စုဆောင်းထားသော ဇာခ့်များကို တိုက်ရိုက်ထုတ်လွှင့်ပြသရန် ညွှန်ကြားလိုက်ပြီး နောက်ထပ် A-အတန်းအစား အမွေးထူကောင်တစ်ကောင်ကို သတ်ရန်အတွက် အရှိန်ကား၏ တိုက်ခိုက်ရေးစနစ်ကိုလည်း အသုံးပြုခဲ့သည်။ သူမအား အဝေးမှ ကင်မရာဖြင့် ရိုက်ကူးပြီး တိုက်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှု စနစ်တွင် ပြသလိုက်ရာ ကြည့်ရှုသူအရန်ကုထုံးကျောင်းသား အများအပြား အော်ဟစ်အားပေးသံများဆူညံသွားပြီး အနီးနားရှိ လက်ထောက်ကုထုံးပညာရှင်များ အားလုံး ချက်ချင်း ပြင်ဆင်ကြတော့သည်။


"အို ဘုရား ငါတို့ အပြင်ထွက်ပြီး အစားအသောက်တွေ စုဆောင်းချင်ပါတယ် အလယ်တန်းနဲ့ အဆင့်မြင့်ဇာခ့်ကို မနိုင်ပေမယ့် အရှိန်တင်ကားကို ကောင်းကောင်းမောင်းနိုင်ပြီး D-အဆင့် နဲ့ C- အဆင့် ဇာခ့်ကို ဖမ်းနိုင်ဖို့ မက်ခါအသွင်ပြောင်းကြစို့..."


စီးနင်းတိုက်ခိုက်လာသော ဇာခ့်ကောင် များသည် လူသားမျိုးနွယ်၏ စိတ်အားထက်သန်သော တန်ပြန်တိုက်ခိုက်မှုအရှိန်ကြောင့် ကြောက်ရွံ့ထိတ်လန့်လာသည်။

"...စားကောင်းတဲ့လူသားတွေက ငါတို့ကို မကြောက်ဘူးလား ဘာလို့ဒီလောက်ပျော်နေကြတာလဲ ဘာလို့ ငါတို့အသားတွေကို စားချင်ရတာလဲ...အိုး ငါ့စိတ်တွေအရမ်းပင်ပန်းနေပြီ"


လူသားမျိုးနွယ်- "မင်းတို့ ဇာခ့်တွေက ငါတို့ထင်သလို အရသာရှိသားပဲ"


xxxx

Ei Thet Hmue