အခန်း၁၀၂
Viewers 8k

Chapter 102

(D အဆင့် ပြေးလွှားကောင် အစပ်ချက်


ရှောင်မင် သည် ကျော်ကြားလိုပြီး သူ၏ကိုယ်ပိုင်စွမ်းအားကို တည်ဆောက်ချင်သည်။ဤပန်းတိုင်ကိုရောက်ရန် တစ်ယောက်ထဲ အဆင့်မြင့် ဇာခ့်အနည်းငယ်ကို သတ်ပစ်ရုံနှင့်မလုံလောက်ပေ။

သူ၏ မူလရည်ရွယ်ချက်မှာ ကင်းလှည့်တပ်များအလွန် အလုပ်ရှုပ်နေချိန်တွင် ပြည်သူများ၊ ကျောင်းသားများနှင့် အငြိမ်းစား တိုက်ခိုက်ရေးသမားများကို စုစည်းကာ နေအိမ်များကို ခုခံကာကွယ်ရန်သာ ဖြစ်သည်။

သူသည် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ချင်လျှင် SS-အတန်းအစား ဧရာမအခွံမာဇာခ့် ကို တစ်ယောက်တည်း ဟက်ကာ သေချာပေါက်သတ်ပစ်ရမည် ဖြစ်သည်။


သို့သော် အစီအစဉ်ကလုံးဝပျက်ကွက်သွားသည်။

အခွံမာကောင်ကြီးကို ဘယ်ကမှန်းမသိ ထွက်လာသော လင်းရွှမ်က လုယူသွားပြီး မည်သူ့ကိုမျှ ဦးဆောင်ရန် မလိုအပ်ဘဲ တိုက်ပွဲဝင်သူများက တက်ကြွစွာ တိုက်ပွဲဝင်နေကြပြီဖြစ်သောကြောင့် ရှောင်မင် လုံး၀စိတ်ပျက်သွားသည် ။


သို့သော် သူက စိတ်အေးအေးထားကာ သတ္တိနှင့် ခွန်အားကို အားကိုး၍ တိုက်ခိုက်သူအုပ်စုကို သူ့လက်အောက်တွင် ၀ိုင်းဖွဲ့ရန်ဆွဲဆောင်နေဆဲဖြစ်ပြီးS-အတန်းစား ဇာခ့်ပျံကောင်များစွာကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် သူ့အမိန့်ကို နာခံစေသည်။

ဤနည်းဖြင့် ရရှိသော ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာသည် သူမျှော်လင့်ထားသလောက် ဝေးကွာနေသော်လည်း ကောင်းမွန်သေးသည်…။


ထို့ပြင် ရှောင်မင်အတွက် လမ်းပွင့်နေပြီဖြစ်သောနေရာတွင် အဆင့်မြင့်ကားများနှင့် ဉာဏ်ရည်ထက်မြက်သော မက်ခါများက ဘာလို့ ရုတ်တရက်ပေါ်လာပြီး သူ့အား ပြိုလဲစေခဲ့တာလဲ....


ပျံသန်းလာသော ကားများ၏ စွမ်းဆောင်ရည်တွေက အလွန်ကောင်းပြီး လျင်မြန်ကာ S-အတန်းစား ဇာခ့်ပျံများကို မယှဥ်နိုင်သော်လည်း B-အဆင့် အသံမြည်ကောင် များထက် များစွာပိုမြန်သည်။


A-အဆင့်အမွှေးထူပိုးကောင်များသည် မပျံသန်းနိုင်ဘဲ အဆိပ်ရှိသော အစိမ်းရောင်ပိုးများကိုသာ ထုတ်လွှတ်နိုင်ပြီး ထို အသွင်ပြောင်းနိုင်သော ကားမောင်းသူများက ရောနှောနေနိုင်ပြီး ရှင်းပစ်နိုင်သည်။

ဤအကောင်းစား အရှိန်တင်ကား အမျိုးအစားအားလုံးက လက်ထောက်ကုထုံးပညာရှင်များ ဦးဆောင်မောင်နှင်လာပုံရပြီး ဇာခ့် အနည်းငယ်သာရှိသော နေရာတွင် အရှိန်တင်ကားများကို လျင်မြန်စွာ ရပ်ထားကာ ဉာဏ်ရည်ထက်မြက်သော မက်ခါ အသုံပြုပြီးနောက် ဇာခ့်ကောင်များကို ဖမ်းကာ စုဆောင်းကြသည်။


သွက်လက်သော စမတ်စက်ရုပ်များသည် တိုက်ခိုက်ရေးမကျွမ်းကျင်သော်လည်း C-အဆင့် D-အဆင့် တွားသွားများနှင့် ပြေးလွှားကောင်များကို အဆက်မပြတ်ဖမ်းယူနေပြီး စက်ရုပ်လက်များဖြင့် ဝမ်းဗိုက်အတွင်းရှိ သိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။


တိုက်ပွဲဝင်သူများသည် အိပ်မက်မှ နိုးလာသလိုမျိုး ရုတ်တရက် ခံစားလိုက်ရပြီး ထွက်လာတုန်းက စွမ်းအင်သေနတ်များဖြင့်သာချပ်ဝတ်တန်ဆာအပြည့် ၀တ်ဆင်ထားရခြင်းကို မုန်းတီးခဲ့ကြသော်လည်း စမတ်စက်ရုပ်များဖြင့် အလုအယက် ကူညီပေးနေကြသည်။


သို့သော် အရန်ကုထုံးပညာရှင်များ၏ တိုက်ခိုက်ရေးမှာ လုံလောက်သောထိရောက်မှု မရှိသော်လည်း နောက်ဆုံးတွင် တိုက်ခိုက်ရေးသမားအများအပြားက လာရောက်ပူးပေါင်းလာကြသည်။ အရန်ကုထုံးပညာရှင်များက အနောက်ဘက်ရှိ ဇာခ့်များ ကို ဖမ်းယူစုဆောင်းရန်အတွက် အထူးတာဝန်ကျပြီး တိုက်ခိုက်ရေးသမားများသည် တိုက်ပွဲအတွက် အဓိက တာဝန်ရှိသည်။


အချို့ကုထုံးပညာရှင်က တိုက်ပွဲဝင်သူများ ပင်ပန်းနွမ်းနယ်လာသောအခါတွင် ပြုစုစောင့်ရှောက်ပေးနိုင်ရန် အရန်ဆေးနှင့် အရန်ကုသရေးအချိုရည်များကို ပုံမှန်တိုက်ပေးကြသည်။အချို့လက်ထောက်ကုထုံးပညာရှင်မှာ တိုက်ပွဲဝင်သူများ ဒဏ်ရာရသွားလျှင် အရှိန်တင်ကားပေါ်သို့ တွဲခေါ်သွားကာ ဆေးစက်ရုပ်များဖြင့် အချိန်မီ ကုသပေးကြသည်။


ဤသို့ဖြင့် ဇာခ့်ကောင်များရှင်းလင်းရေး တိုက်ပွဲစစ်ဆင်ရေးထိရောက်မှုသည် တခဏအတွင်း အဆများစွာ တိုးတက်လာသည်။ငယ်ရွယ်ပြီး တတိုက်ပွဲအတွေ့အကြုံနည်းသော်လည်း လျှော့မတွက်၍မရပေ။ သူတို့တွင် လွန်စွာပြင်းထန်သော အဆုံးမရှိ စိတ်အားထက်သန်မှုများရှိနေပြီး မတော်တဆ လက် သို့မဟုတ် ခြေထောက် ဆုံးရှုံးသွားလျှင်တောင်မှ ဇာခ့်ကောင်များပြည့်နေသော ကောင်းကင်တစ်ခွင်မော့ကြည့်ကာ....

"ငါမသေသေးသ၍ မင်းတို့အားလုံးကိုစားပစ်မယ်"ဟု ကြွေးကြော်နေကြပြီး စိတ်စွမ်းအင်ထိခိုက်သူများရှိလာလျှင်ပင်..."စိတ်စွမ်းအားထိခိုက်မှုကို သက်သာပျောက်ကင်းစေနိုင်ဖို့ ဇာခ့်အသားကို အချိန်မီ များများစားလိုက်..."


ရှောင်မင် ရင်ထဲတွင် ဗလောင်ဆူရှုပ်ထွေးနေပြီး ဇာခ့်များဖမ်းရန် အရန်ကုထုံးတွေတောင် ထွက်လာလျှင် ဤတိုက်ပွဲ အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ မက်ရှဲသည် အရေအတွက် အလွန်ကြီးမားပြီး ကင်းလှည့်တပ်မှ ကိုင်တွယ်နိုင်သည့် ပမာဏထက် အဆများစွာ များပြားသည့်တိုင်အောင် ဇာခ့်ကောင်များ အဆက်မပြတ်၀င်ရောက်လာလျှင် ထိုအခြေအနေမျိုးတွင် အခြားတပ်ငါးခုသည် ငြိမ်သက်စွာ ထိုင်နေမည်မဟုတ်ပေ။ထို့အပြင် တာဇာမျိုးနွယ်များက ဇာခ့်များကို ပိုမိုလျင်မြန်စွာမွေးမြူပြီး သု‌ေတသန ပြုလိုလျှင်အရင်းအမြစ်များနှင့်အချိန်များစွာလိုအပ်သည်။


ယခုတစ်ကြိမ် တိုက်ခိုက်လာသော ဇာခ့် များ ပျက်သုန်းလုနီးပါးဖြစ်နေပြီး မက်ရှဲပေးပို့သော ဇာခ့်စစ်သားများသည် ပြန်မလာနိုင်လျှင် မည်သည့်စွမ်းအင်မှ မရရှိတော့ဘဲ အားလုံး ဆုံးရှုံးသွားကြမည်။ တကယ်ပဲ လူသားတွေဆီ အစားအသောက်ပို့ပေးနေသလို ဖြစ်နေတာလား....


အစက မက်ရှဲနှင့် ရှောင်မင်တို့သည် လူသားမျိုးနွယ်အား ဇာခ့်များနှင့် ဆက်ဆံရာတွင် ဦးဆောင်နိုင်စေရန် သဘောတူညီမှုပြုခဲ့ကြသော်လည်း ယခု ဇာခ့်များကို လှလှပပ ပေးဆောင်နေရသည်။ နှစ်ဦးနှစ်ဘက်လုံး အတူတကွ အောင်ပွဲခံနိုင်စေရန် လူသားဘက်မှ အရင်းအမြစ်များ ၏ တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ရမည်။


လူသားမျိုးနွယ်၏အောင်ပွဲသည် လွယ်ကူလွန်းပါက ရှောင်မင်ကို ဘယ်သူကမှအထူးကျေးဇူးတင်မည်မဟုတ်....ဤသို့ ဇာခ့်များ အလျင်အမြန်ရှုံးသွားပါက တာဇာကြယ်ပွင့်မျိုးနွယ်စု၏ အရင်းအမြစ်များ ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် မက်ရှဲ ကျိန်းသေ မပျော်ရွှင်နိုင်တော့ပေ။သို့သော် အရှင်သခင်အင်ပါယာသည် စည်းလုံးညီညွှတ်ပြီး အားလုံးအတူတကွ တိုက်ပွဲဝင်နေသောကြောင့် ဤလှပသောအစီအစဥ်များသည် လုံး၀အလုပ်ဖြစ်တော့မည်မဟုတ်ပေ။


ထို့ပြင် ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူများကို သီးသန့်ထားရန်အတွက် တပ်မတော်နယ်မြေတစ်ခုလုံးရှိ စာသင်ခန်းများကို ရပ်နားထားပြီးယနေ့ကျင်းပမည့် စတားနက်ပေါ်ရှိ ဆေးဝါးကုထုံးအဖွဲ့၏ ဒုတိယပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းထားသည်။


ကင်းလှည့်တပ်ကို သုံးရက်နှင့် သုံးညကြာ သိမ်းပိုက်နိုင်စေရန် ရက်စက်ကြမ်းကြုတ်သော ဇာခ့်လှိုင်းလုံးကောင်များ အင်ပါယာနိုင်ငံသားထံသို့ ဗျူဟာမချဘဲ အလွယ်တကူလွှတ်ပေးခဲ့သည်။သို့သော် လူသားများက အဆင့်နိမ့်ဇာခ့်ကိုဖမ်းယူရန် အလွန်ရက်စက်ကြမ်းကြုတ်သောလှည့်ကွက်ကို ရှာဖွေပြီး အာကာသခလုတ်ထဲတွင် ဇာခ့်များအားလုံး ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။နေ့ခင်းရောက်လာသောအခါ လူသားမျိုးနွယ်နှင့် ဇာဂ့်တို့၏ တိုက်ပွဲမှာ လုံးဝပြောင်းပြန်ဖြစ်သွားပြီး လူသားမျိုးနွယ်ကို လိုက်သော ဇာခ့်များ မဟုတ်တော့ဘဲ လူသားမျိုးနွယ်က ဇာခ့်များကို အလုအယက်လိုက်နေကြသည်။


တိုက်ပွဲဝင်အဖွဲ့တစ်ဖွဲ့စီသည် အရန်ကုထုံးပညာရှင်များ၏ အရှိန်တင်ကားတစ်စီး သို့မဟုတ် နှစ်စီးလုံးပေါ်တွင် လိုက်ပါလာသောကြောင့် ဒဏ်ရာရသွားသည့်အခါ ချက်ချင်းကုသနိုင်မည်ဖြစ်ပြီး သေခြင်းမှ ကယ်တင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။


နေပါဦး... အမွှေးထူကောင်များနှင့် ဇာခ့်ပျံေကောင်များကဲ့သို့ အဆင့်မြင့်ဇာခ့်များကိုတော့ မည်သူမျှ မစားရဲကြပေ။ A အဆင့် ကျောရိုးရှိပိုးကောင်ကို လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးဖြင့်တစ်ခါထဲသတ်ပစ်ရမည်ဖြစ်သည်။ S-အဆင့် ဇာခ့်ပျံကောင် အတွက် လက်ရွေးစင်မက်ခါအသင်းက အလှည့်ကျ အနိုင်ယူနိုင်သည်။


အခြားနည်းလမ်းမရှိတော့ပေ.... လူများလွန်းပြီး ဇာခ့်အင်အားမလုံလောက်တော့ပေ။


ထိုအချိန်တွင် လင်းယောင်ယောင်မိခင် ရှန်းယွင်ကျင်းပိုင်ဆိုင်သော စမတ်စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီသည် အလွန်ရေပန်းစားလာခဲ့သည်။

လင်းမိသားစုပိုင် အာကာသခလုတ်စတိုးဆိုင်သည်လည်း စတော့ရှယ်ယာများကို ရောင်းချခဲ့သည်။

ေ၀့မိသားစုတွင် ရင်းနှီးမြုပ်နှံထားသော နာမည်ကြီး အရှိန်တင်ကားကုမ္ပဏီတစ်ခုသည် စိတ်ကြိုက် အမှာစာများစွာကိုပင် ရရှိခဲ့သည်။ ဤသည်မှာ တိုက်ပွဲအတွင်းတွင် ပထမဆုံးမြင်တွေ့ရသော လင်းယောင်ယောင်၏ ဇိမ်ခံအမြန်နှုန်းကားအမှတ်တံဆိပ်ကြောင့်ဖြစ်သည်။


မွန်းတည့်ခါနီးတွင် ကျောက်ချင်းယွင်က ညီမဖြစ်သူ စုချင်းဟယ်ကို လာခေါ်ရန် မိုးကြိုးစစ်တက္ကသိုလ်မှ ထွက်လာသည်။လင်းယောင်ယောင်နှင့် ရဲဘော်ရဲဘက် နစ်ကို တို့သည် အပြင်မှာ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်သည်။


ကျောက်ချင်းယွင်နာမည်မှာ အလွန်နူးညံ့သိမ်မွေ့သော်လည်း သူ့မျက်နှာသည် ညီမနှင့် 30 မှ 50% ထိ ဆင်တူကာ ဆံပင်နီရဲပြီး ခေါင်းမာ၍ဘောက်စပ်စပ် ဖြင့်ချောမောသောပုံစံရှိပြီး အမူအရာမှာလည်း အနည်းငယ်ကြမ်းတမ်းသည်။


သူ လင်းယောင်ယောင်အကြောင်းကို အကြိမ်များစွာ ကြားဖူးပြီး သူမသည် အလွန်တော်သော အစားအသောက်ကုထုံးပညာရှင်ဖြစ်ပြီး သူ့ညီမ၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ကြောင်း သိထားသည်။သူက နူးညံ့သောသဘောထားကို တုံ့ဆိုင်းစွာ မျိုသိပ်လိုက်ကာ သူမကိုမာနကြီးကြီး ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး...."မင်းမှာ တိုက်ခိုက်ရေးသမားမရှိရင် ငါတို့နောက်ကို လိုက်ခဲ့"


လင်းယောင်ယောင်က ချက်ချင်းငြင်းလိုက်ပြီး... "ရတယ်... ငါ ဇာခ့်ပါဝင်ပစ္စည်းတွေ လုံလုံလောက်လောက် စုဆောင်းပြီးပြီ အိမ်ပြန်ပြီး ထမင်းအရင်စားတော့မယ်"


အားလုံးက သူမကို ကသိကအောက်ဖြစ်သွားမည်ကို သိသော်လည်း ဇာခ့်အများကြီးပါလာသည်တွေ့ရသောအခါ နေ့လည်စာအတွက် ရိုးရိုးရှင်းရှင်း အာဟာရဖြေရှင်းချက်များကို ချက်ကြည့်ချင်ကြပြီးဤကဲ့သို့သောအခွင့်အရေးကောင်းကိုလက်လွတ်မခံလိုကြပေ။


ထို့နောက် သူမ၏ သွေးစပျစ်ပင် အိမ်မွေးတိရစ္ဆာန် 012 ကို စစ်တပ်ဝန်းအပြင်ဘက်ရှိ သူမနေထိုင်ရာဗီလာသို့ ပြန်ခေါ်သွားလိုက်ပြီး အနီးပတ်ဝန်းကျင်ရှိ ဇာခ့်ကို ရှင်းလင်းနိုင်ရန် 012 ကို ဗီလာအပြင်ဘက်တွင် ထားခဲ့လိုက်သည်။သူမက လင်းရွှမ်ထံသို့ ရိုးရိုးရှင်းရှင်း မက်ဆေ့ချ်တစ်စောင် ပေးပို့လိုက်ပြီး... "ညီမ အိမ်ပြန်ရောက်နေပါပြီ ဧရာမ အခွံမာကောင်ကြီးကို ယူလာပေးဖို့ မမေ့နဲ့"


သူမ၏ မက်ဆေ့ချ်လက်ခံလိုက်သည်နှင့် တပြိုင်နက် လင်းရွှမ်သည် SS အတန်းအစား ဧရာမ အခွံမာကောင်ကြီး၏ အစွမ်းထက်သော ထိချက်တည့်တည့် ရှင်းလင်းပစ်လိုက်သည်။ထို့နောက် S-အတန်းစားဇာခ့်ပျံနှင့် A-အတန်းစား အမွှေးထူကောင်များကိုလည်း ထပ်မံ လိုက်ရှာသတ်ဖြတ်ခဲ့သည်။သူ့အာကာသခလုတ်ထဲ ဇာခ့်များနှင့်ပြည့်နေပြီးမဆံ့တော့သောအခါမှ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။


ယခုချိန် SS အဆင့်ဇာခ့် ကို ဖြေရှင်းပြီးသည်နှင့် ဇာခ့်အသားအားလုံးကို လုယက်ခံရလျှင် စိတ်ဆိုးခံရလိမ့်မည်။ဗီလာသို့ ပြန်ရောက်သောအခါ မီးဖိုချောင်မှ မွှေးရနံ့များ ထောင်းခနဲထွက်လာပြီး ယနေ့နံနက် သူထွက်ခွာသွားချိန်က အနံ့နှင့်လုံးဝမတူပေ။


လင်းရွှမ်က... 'ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ဖမ်းထားတဲ့ ဇာခ့်ကောင်တွေနဲ့ ချက်ထားတာဖြစ်မယ်ထင်တယ်'


မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ယနေ့မနက် သူလုပ်ထားသော အစားအသောက်ဘူးကို အာကာသခလုတ်မှ ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်၍ မကျေမနပ်ဖြစ်ကာ ဇာခ့်သားအစပ် ချက်ပြုတ်နေသော လင်းယောင်ယောင်အား .. "ငါ မနက်ထဲက ပေးချင်ပေမယ့်..."


သူမသည် လင်းရွှမ်၏ ခြေသံကို အစောကတည်းက ကြားလိုက်ရပြီး ဤစကားကြားလိုက်သောအခါ မနေ့ညက သူ၏ အေးစက်စက် သဘောထားက နောက်ကွယ်တွင် တစ်ခုခုရှိနေမည်ကို ရုတ်တရက်နားလည်သွားသည်။သို့သော် ဤအကြောင်း နောက်မှ ပြောကြမည်။ အစားအသောက်သည် အရေးကြီးဆုံးဖြစ်သည်။


သူမက လင်းရွှမ်ကို ခပ်ရွံ့ရွံ့ကြည့်လိုက်ကာ... "အစ်ကို ချွေးနံ့တွေ နံနေတာပဲ မြန်မြန် ရေချိုးပြီး လာစားလို့ရပြီ"သူမ စိတ်ဆိုးပုံမပေါ် ။လင်းရွှမ် အလွန်ပျော်ရွှင်နေ‌ေပသည်။ ထက်မြက်ပြီး ကြင်နာတတ်သော ချစ်သူလေးနှင့် အရသာရှိသော နေ့လည်စာကို ပိုင်ဆိုင်ထားရပါလား....



xxxxx

Ei Thet Hmue