အပိုင်း၂၁
Viewers 8k

Chapter 21


🐹 အခန်း ၂၁ ဝူယိလေးတို့ ခရီးဆက်ကြတယ်


ကျောင်းအုပ်ယွမ်သည် မူလက ဤကလေးများအား စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်မှုပေးရန် တွေးခဲ့သော်ငြား သူ၏အရှေ့တွင်ရှိသည့် အခြေအနေအား ကြည့်လိုက်ပြီးနောက် အမုန်းတရာအား ဖြေဖျောက်ဖို့ရန် သူတို့ ရန်သူအား ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ကာဖြေရှင်းထက် ပိုမိုသင့်တော်သည့်အရာ မရှိဟု မြင်လေသည်။ ကမ္ဘာပျက်ကပ်ဆိုက်နေပြီ ဖြစ်သည်။ မုန့်ကွမ်းယောင်သည် စွမ်းရည်ရှိသူသည် ဘုရင်တစ်ပါး ဖြစ်လာနိုင်ပြီး သာမန်လူများမှာ အမြှောက်စာများ ဖြစ်လာမည်ဟု ပြောခဲ့သည့်အတွက် လူသားဆန်နေခြင်းမှာ အသုံးမဝင်ချေ။


ဤလူမှာ သေဆုံးဖို့ရန်သာ ထိုက်တန်သူဖြစ်ကြောင်းကို ထည့်သွင်းပြောဆိုရန် မလိုအပ်ပေ။


သိုလှောင်ရုံ ဖောက်ထွင်းခံရသည်အား ပိုလျှံနေခြင်းဟု သတ်မှတ်၍ မရနိုင်ပေ။


ထိုသည့်စဉ်းစားပြီးနောက် ကျောင်းအုပ်ယွမ်သည် တောက်တောက်အား လျှိုတာ့ရှန်ဆီသို့ လက်လွှဲပေးလိုက်သည်။ လျှိုတာ့ရှန်သည် တောက်တောက်အား လက်တစ်ဘက်တွင်သယ်ကာဖြင့် ကျန်ကလေးများအား အပြင်တွင် ဆော့ကစားရန် ခေါ်သွားလေသည်။ ထို့စဉ်တွင် ရွှဲ့ကျွင်းသည် မုန့်ကွမ်းယောင်အား ဆွဲခေါ်ကာ တောင်အနောက်သို့ သွားလေသည်။


အခြားသူများသည်လည်း ကြည့်ရန်အတွက် လိုက်ပါလာကြသည်။


နောက်ဆုံးတွင် သွေးပျက်ဖွယ်ရာ အော်ဟစ်သံများ၊ သနားညှာတာဖို့ရန် တောင်းပန်တိုးလျှိုးသံများနှင့် နောင်တရစွာ အော်ဟစ်သံများသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့လာပြီး ဆိုးဝါးစွာ သေဆုံးခဲ့ရသော ကလေးများနှင့် ရွာသားများအတွက် တုံ့ပြန်မှုပြုခဲ့ကြသည်။


မုန့်ကွမ်းယောင်အား ရှင်းလင်းပြီးသည့်နောက်တွင် လူတိုင်းပြန်လာခဲ့ကြသည်။


ကျောင်းအုပ်ယွမ်မှာ အလွန်အသက်ကြီးနေပြီ ဖြစ်သည့်အတွက် သူနှင့်အတူ ကျောင်းသူအချို့သည် စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်အား ဝင်ရောက်ဆင်နွှဲခြင်း မပြုခဲ့ကြပေ။ သို့သော်လည်း ယခုလေးတင် ကြားလိုက်ရသည့် အော်ဟစ်သံအပေါ် အခြေခံမည်ဆိုလျှင် ထိုမြင်ကွင်းမှာ လွန်စွာသွေးထွက်သံယို များပေလိမ့်မည်။ သူတို့သည် ကလေးများ ကြောက်ရွံ့နေမည်ကို စိုးရိမ်ခဲ့ကြသော်လည်း အဆိုပါ ကလေးများသည် ကျောင်းသူများပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည်။


သူတို့၏ မျက်ခုံးကြားရှိ အမုန်းတရားများသည်လည်း ပျောက်ကွယ်သွားနှင့်ပြီးဖြစ်ကာ အမှောင်ထုနှင့် မိစ္ဆာများ ကင်းဝေးရာတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကောင်းမွန်စွာ အိပ်စက်လျက်ရှိကြသည်။ သူတို့၏ နဂိုမူလ ချစ်ဖွယ်ကောင်းပြီး လွတ်လပ်ပေါ့ပါးကာ တုံးအအ အသွင်သဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွားကြလေသည်။


ကျောင်းအုပ်ယွမ်သည် ပြုံးကာဖြင့် ကလေးများ၏ ဦးခေါင်းလေးများအား ညင်သာစွာ ထိလိုက်သည်။


အပျော်ရှာရန် ရှဲ့ကျွင်းတို့နောက်သို့ လိုက်ပါသွားခဲ့ကြသော ကျောင်းသားအချို့မှာ မျက်နှာများ ဖြူဖပ်ဖြူလျော်နှင့် ခြေလှမ်းများမှာလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေလေသည်။ ကျောင်းသားတစ်ဦးသည် ကျောင်းအုပ်ယွမ်ထံသို့ ချဉ်းကပ်လာပြီး ရှက်ရွံ့စွာဖြင့် ဆိုလေသည်။


“ကျောင်းအုပ်ခင်ဗျ.. ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာလေး ဆွေးနွေးနှစ်သိမ့်ပေးလို့ရမလားဟင်.. ကျွန်တော်တော့ ဒီည အိပ်မက်ဆိုးတွေ မက်တော့မယ် ထင်ပါတယ်ဗျာ..”


“……”


ကျောင်းအုပ် ယွမ်သည် သူ၏အရှေ့တွင်ရှိနေသည့် ကျောင်းသားအား ကြည့်လိုက်ပြီးနောက် အတော်လေး သဘောမတွေ့လှပေ။


“မင်းပဲ အဆောင်ကနေ ဘယ်လိုထွက်ပြေးရမလဲဆိုပြီး အကွက်ချနေတုန်းက အတော်လေး ရဲရင့်နေခဲ့တာ မဟုတ်ဘူးလား..”


မှတ်မိခံလိုက်ရသည့် ကျောင်းသား QAQ: “…” အို ငါတော့မှားပြီ..


ရှောင်ဝူယိသည်လည်း လိုက်ကြည့်ခဲ့သည်။ ထိုမြင်ကွင်းမှာ အတော်လေး သွေးလန့်ဖွယ် ကောင်းသော်လည်း မုန့်ကွမ်း‌ယောင်၏ လုပ်ရပ်များအား တွေးမိသည့်အခါတွင် မကြောက်ရွံ့တော့ပေ။ ရှောင်ဝူယိသည် ကျောင်းအုပ်ယန်၏ရှေ့တွင် လက်ကလေးနှစ်ချောင်းအား ထိကာဖြင့် စိတ်လှုပ်ရှားစွာ ပြောနေလေသည်။


“ကျောင်းအုပ်ဖိုးဖိုးရေ.. တာ့ရှန်ရှန်က အရမ်းကြီး အစွမ်းထက်တာပဲ သိလား.. အဲဒီလူဆိုးကောင်ကြီး မသေခင်အထိ သား ရေတွင်ကြည့်ခဲ့တာ စုစုပေါင်း အချက် ၂၃၀၀ တောင် ရှိတယ်ရော်.. တစ်ချက်ကလေးတောင် မလွတ်ခဲ့ဘူးနော်..”


လျှိုတာ့ရှန်သည် ရှက်ရွံ့စွာဖြင့် သူ၏နှာခေါင်းအား ထိလိုက်ပြီးနောက် ရိုးသားစွာ ပြောလေသည်။


“ဘာမှမဟုတ်ပါဘူးကွာ..”


ကျောင်းအုပ်ယွမ်နှင့် အခြားသူများ : “……”


မုန့်ကွမ်းယောင်၏ အရေးကိစ္စအား ဖြေရှင်းနေရသည့်အတွက် ခရီးစဉ်မှာ နှောင့်‌နှေးရပြန်သည်။ ညမှောင်လာပြီ ဖြစ်သည့်အတွက် သူတို့အားလုံးသည် မူလတန်းကျောင်းတွင်သာ တစ်ညကုန်ဆုံးရန် ဆုံးဖြတ်လိုက်ရသည်။


မုန့်ကွမ်းယောင်သည် ရွာအတွင်းရှိ ဇွန်ဘီများအား ရှင်းလင်းထားခဲ့သောကြောင့် ဤညမှာ အတော်လေး ငြိမ်းချမ်းလှလေသည်။ ကျောင်းအား သေသေချာချာ ရှာဖွေပြီးနောက်တွင် ရွာတစ်ခုလုံးရှိ ရိက္ခာများအား ရှာဖွေတွေ့ရှိခဲ့သည့်အပြင် ရွာသားများ၏ အိမ်များမှ စိုက်ပျိုးရေးပစ္စည်းအချို့အားလည်း ရရှိခဲ့လေသည်။


မုန့်ကွမ်းယောင် စုဆောင်းထားခဲ့သည့် အမြုတေများသည် ရှောင်ဝူယိတို့အတွက် အလွန်အသုံးဝင်လေသည်။ သို့သော်လည်း များပြားလှသည့် ပစ္စည်းများအား သယ်မသွားနိုင်သည့်အတွက် ရှောင်ဝူယိအား မသိလိုက် မသိဘာသာဖြင့် ကြည့်လိုက်ကြသည်။


“အား.. ဒီလောက် ပစ္စည်းကောင်းတွေ အများကြီးရှိတာကို ယူမသွားနိုင်ဘူးဆိုတော့ တကယ်ဆိုးတာပဲ..”


ရှောင်ဝူယိသည် လယ်ယာသုံးပစ္စည်းများနှင့် မျိုးစေ့များအား ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူ၏နေရာလွတ်ထဲမှ လယ်ကွက်အား အမှတ်ရမိလိုက်သည်။ သူ၏ ပါးဖောင်းဖောင်းအား ပွတ်ကာ စတော်ဘယ်ရီအိတ်ကလေးအား လက်ဖြင့်ဖက်လျက်နှင့် အခြားသူများအား စိတ်အားထက်သန်စွာ ပြောလေသည်။


“အဲဒါဆို.. ငါ့အိတ်ထဲ ထည့်လို့ရမလားလို့ ကြိုးစားကြည့်မယ်နော်..”


“အင်း.. လုပ်ကြည့်ပါဦး..”


များမကြာမီမှာပင် သေးငယ်လှသည့် စတော်ဘယ်ရီအိတ်ကလေးသည် အရာအားလုံးအား သိမ်းကြုံးဝါးမျိုသွားသည်ကို မြင်လိုက်ရသည်။


“ငါ့ရဲ့အိတ်က အတော်‌လေး အံ့ဩဖို့ကောင်းတာပဲနော်.. ဒါတွေအကုန်လုံး ဆန့်နိုင်တယ်..”


ရှောင်ဝူယိသည် စတော်ဘယ်ရီအိတ်ကလေးအား ပွေ့ပိုက်ကာဖြင့် လူတိုင်းအား လေးနက်မှုနှင့် အပြစ်ရှိစိတ်တို့ဖြင့် ကြည့်လိုက်သည်။


လူတိုင်းသည် အံ့အားသင့်ဟန်ဆောင်ကာ လက်ခုပ်ထတီးကြလေသည်။


“ဝိုး... စတော်ဘယ်ရီအိတ်က အမိုက်စားပဲ..”


ဟမ်းစတားလေးသည် မည်သူမျှ သတိမပြုမိသည်ကို မြင်လိုက်ရသည်။ စိတ်သက်သာရာ ရစွာဖြင့် အသက်ရှူလိုက်ပြီးနောက် ရှဲ့ကျွင်းတို့ရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။


‘ပေါင်ပေါင်းက အခုထိ ဖုံးကွယ်ထားနိုင်တုန်းပဲ တွေ့လား..’


ထို့‌နောက်တွင် သူ၏ စတော်ဘယ်ရီအိတ်လေးထဲသို့ ပစ္စည်းများအား ပျော်ရွှင်တက်ကြွစွာ ဆက်ထည့်လေသည်။


ရှဲ့ကျွင်းနှင့် ညီငယ်လေးများ : “…”


ကောင်းပါပြီ.. တာ့ကော ပျော်နေတာပဲ..


ကျန်လူအားလုံး : “…”


ဟုတ်ပြီ.. ငါတို့အားလုံးက သရုပ်ဆောင်ကောင်းတွေပဲ..


ညမအိပ်မီတွင် ညကင်းစောင့်ရန် တာဝန်ကျသည့် ရှဲ့ကျွင်းမှာ ရုတ်တရက်ဆိုသလို နေ့ခင်းအချိန်တွင် ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသည့်အရာအား အမှတ်ရမိသွားသည်။ ထိုအကြောင်းအား ယခုထိတိုင် အိပ်စက်ခြင်း မရှိသေးသည့် ကျောင်းအုပ်ယွမ်ထံ ပြောပြလိုက်သည်။


“အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့စွမ်းအားတွေက ထိန်းချုပ်ခံထားရတာ.. လူတွေလည်း မလှုပ်နိုင်ဘူး.. ခန်းခန်းကိုပဲ မသက်ရောက်တာ.. ခန်းခန်းက ချုပ်နှောင်ခံထားရတာတောင် သူ့ရဲ့စွမ်းရည်ကို အသုံးပြုနိုင်တယ်လေ..”


ကျောင်းအုပ်ယွမ်သည် ထိုအကြောင်းအရာအား သေသေချာချာ စဉ်းစားပြီးနောက် ကလေးများနှင့်အတူ အိပ်မောကျနေသည့် ခန်းခန်းအား ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလေသည်။


“ဆရာထင်တာကတော့ ဒါက စိတ်စွမ်းရည်ပိုင်ရှင်တွေရဲ့ ထူးခြားချက်ဖြစ်ရမယ်.. မုန့်ကွမ်းယောင်က အာကာသစွမ်းရည်ရဲ့ မျိုးကွဲဆိုတော့ အခြားသူတွေကို ချည်နှောင်ထားနိုင်တယ်.. ဒါပေမဲ့ စိတ်ကိုတော့ ထိန်းချုပ်လို့မရဘူး.. ပြောရမယ်ဆိုရင်ကွာ မင်းက ဆရာ့ရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားလို့ရပေမဲ့ ရုန်းကန်လိုတဲ့ အတွေးကိုတော့ ထိန်းချုပ်ထားလို့ မရဘူး.. ဒီသဘောပဲ..”


ရှဲ့ကျွင်း ထိုအခါမှ နားလည်သဘောပေါက်သွားမိသည်။ ထို့နောက်တွင် အိပ်ပျော်နေသည့် ရှောင်ဝူယိအားကြည့်ကာ သူ၏အသိအား နှိမ့်လိုက်သည်။


“တကယ်က.. တခြားကိစ္စတစ်ခုလည်း ရှိနေသေးတယ်..”


ထိုအကြောင်းအား နားထောင်ပြီးသည့်နောက်တွင် ကျောင်းအုပ်ယွမ် အံ့အားသင့်သွားမိလေသည်။ ရှောင်ဝူယိ၏ ကောင်းမွန်စွာ အိပ်စက်နေသည့် မျက်နှာလေးအားကြည့်ကာ ခေတ္တမျှကြာအောင် စဉ်းစားနေမိသည်။


“ဒါက စွမ်းရည်ပိုင်ရှင်တွေ အားလုံးကို ဖိနှိပ်နိုင်တဲ့ အစွမ်းလား.. ဒါမှမဟုတ် သူတို့ရဲ့ အာကာသစွမ်းရည်တွေက ဆက်နွယ်မှုရှိနေပြီး ရှောင်ဝူယိရဲ့ စွမ်းရည်က ပိုပြီးတော့ သန်မာ ပြည့်စုံပြီး အခြားသူတွေထက် သာလွန်တာကြောင့် အာကာသစွမ်းရည် မျိုးကွဲတွေထဲမှာဆို တခြားသူတွေက သူ့ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိဘူး.. မလွှမ်းမိုးနိုင်ဘူး အဲဒီလိုလား..”


ထိုဖြစ်နိုင်ချေအား စမ်းသပ်ဖို့ရန်အတွက် ရှဲ့ကျွင်းသည် အာကာသစွမ်းရည် မျိုးကွဲတစ်ဦးဖြစ်သည့် ဝူဝမ်ယွီထံသို့ ခြေဖော့ကာ သွားလိုက်ပြီး ဖြစ်စဉ်အား အကျဉ်းချုံး ရှင်းပြလိုက်သည်။


ဝူဝမ်ယွီ ထိုအကြောင်းအား ကြားသည့်အခါ ချက်ချင်းပင် စူးစမ်းလိုမိသည်။ ပူးပေါင်းမှုပြုပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒိုင်းကာတစ်ခု ဖန်တီးလိုက်သည်။ ရွှဲ့ကျွင်းသည် ရှောင်ဝူယိထံသို့သွားအာ အိပ်ရာမှ ထစေသည်။


အိပ်မက်လှလှလေးများ ဖျက်ဆီးခံလိုက်ရသည့် ကောင်ငယ်လေးမှာ မျက်နှာစူပုတ်ကာဖြင့် ထထိုင်လိုက်သည်။ အလွန်အိပ်ချင်နေသည့်အတွက် မျက်လုံးများမှာ သေသေချာချာ မပွင့်သေးချေ။ ထို့နောက် နူးညံ့စေးကပ်သည့် ညည်းညူသံလေး ထွက်ပေါ်လာသည်။


“ဘာတွေလုပ်နေတာလဲ.. ပေါင်ပေါင်းက အိပ်ချင်ပါတယ်ဆို..”


ဝူဝမ်ယွီသည် ကောင်ငယ်လေး ပြန်မလှဲခင် အလျင်စလို ပြောလိုက်သည်။


“ရှောင်ဝူယိ.. ငါ့မှာ သကြားလုံးရှိတယ်..”


“!”


သကြားလုံးဟူသည့် အသံအား ကြားလိုက်သည်နှင့် ရှောင်ဝူယိသည် မျက်လုံးများအား ပွတ်လိုက်ပြီးနောက် ဝူဝမ်ယွီရှိရာသို့ သွားလေသည်။ မှောင်မည်းနေသည့် ပတ်ဝန်းကျင်ကြောင့် ရှောင်ဝူယိမှာ မည်သည့်အရာကိုမျှ သတိမထားမိဘဲ ဝူဝမ်ယွီ၏ အကာအကွယ်ဒိုင်းကာထဲသို့ ဝင်ရောက်ကာ သကြားလုံး ယူလိုက်သည်။


ဒိုင်းကာမှာ ရှောင်ဝူယိအတွက် အထူးတလည် မဟုတ်ပုံပင်။


ရှောင်ဝူယိသည် သကြားလုံးယူပြီးသည်နှင့် ချက်ချင်းပင် အိပ်စက်ရန် ပြန်သွားလေသည်။


“ရှောင်ယွီ မေ့မေ့ရေ.. ကောင်းသောညပါနော်..”


အိပ်ချင်မူးတူးဖြစ်နေသော်လည်း အပြုအမူကောင်းများရှိသည့် ကလေးတစ်ဦးနှင့်တူသော ရှောင်ဝူယိအား မြင်သည့်အခါ အိပ်ရာမဝင်သေးသည့် လူများအားလုံး ထိတ်လန့်မှုအား ဖိနှိပ်နိုင်စွမ်း မရှိကြတော့ချေ။


သေးငယ်ပြီး ကြောက်မက်ဖွယ်ရာ ဘော့စ်!


...


နောက်တစ်နေ့ နံနက်စောစော နေထွက်လာသည်နှင့် ပိုမိုကြီးမားလာသော အဖွဲ့သည် ရှန့်ချန် မြို့လယ်သို့ ခရီးဆက်ကြလေသည်။


သို့သော်လည်း သူတို့အဖွဲ့ ရွာငယ်လေးအတွင်းမှ မထွက်ခွာမီမှာပင် မည်သည်ကမှန်း မသိရသော ဇွန်ဘီတစ်ကောင် ထွက်ပေါ်လာသည်။ ထိုဇွန်ဘီသည် ခက်ခဲကြမ်းတမ်းသည့် ခရီးတစ်ခုအား ဖြတ်ကျော်လာခဲ့ရပုံပင်။ ထိုဇွန်ဘီသည် အလောင်းကောင်ကဲ့သို့ လမ်းလျှောက်ကာ ကျောင်းအနောက်ဘက်ရှိ တောင်ဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။


ဇွန်ဘီ၏ မျက်လုံးများမှာ နက်မှောင်ကာ အဆုံးမဲ့နေသော်လည်း အနံ့တစ်ခုအား ရှူရှိုက်နေပုံရသည်။ ဇွန်ဘီသည် ယမန်နေ့က ရှောင်ဝူယိတို့အဖွဲ့ မြှုပ်နှံထားခဲ့သည့် မုန့်ကွမ်းယောင်၏ အလောင်းအား ရှာတွေ့ပြီးနောက် မြေကြီးအား တူးထုတ်လေသည်။


ဖျော့တော့ကာ နက်ပြာရောင်ရှိပြီး ချွန်ထက်သည့် လက်သည်းများသည် မုန့်ကွမ်းယောင်၏ ဦးခေါင်းခွံအား တိုက်ရိုက်ဖောက်ဝင်သွားသည်။ အထဲတွင် မွှေနှောက်ပြီးနောက် ခဲဖျော့ရောင် စွမ်းရည်အမြုတေအား ဆွဲထုတ်လိုက်သည်။


အမြုတေအား လက်ထဲတွင် ဆုပ်ကိုင်ပြီးနောက် ဇွန်ဘီသည် မတ်တတ်ရပ်ကာ ဦးတည်ဘက်တစ်ခုသို့ ထွက်သွားလေသည်။


ရှောင်ဝူယိတို့မှာ ထိုအဖြစ်အပျက် အလုံးစုံအား သိရှိလိုက်ခြင်း မရှိကြပေ။


***


တစ်ချိန်တည်းမှာပင် တရုတ်ပြည် မြောက်ပိုင်း၌။


အဆုံးတွင် နျဲ့ရှောင်တို့အဖွဲ့သည် ဟာပင်းလေဆိပ်သို့ ရောက်ရှိလာပြီးနောက် သွမ့်ဝမ်ယွီ၊ နင်ဖုန်းတို့နှင့် တွေ့ဆုံကြသည်။ အဖွဲ့သားများနှင့် ပြန်လည်ဆုံစည်းနိုင်ပြီး လုံခြုံစိတ်ချစွာ ရှိနေသည်ကို မြင်သည့်အခါ လူတိုင်း၏ စိတ်ဝိညာဉ်များ မြင့်တက်လာကြသည်။


နင်ဖုန်းသည် နျဲ့ရှောင်တို့ သုံးဦးအား မြင်သည့်အခါ မျက်ရည်များ ကျဆင်းလာလေသည်။ ပွေ့ဖက်ရန် ပြေးသွားလိုက်သော်လည်း နျဲ့ရှောင်သည် အဝေးသို့ရှောင်လိုက်ပြီး သူ၏အနောက်တွင်ရှိသည့် ဝူဝမ်ချီအား မျက်ရည်များပေပွနေသည့် အကောင်းစား ပွေ့ဖက်မှုအား ခံယူစေလိုက်သည်။


“အူးဝါးးးးး ဘော့စ်စ်စ်.. နောက်ဆုံးတော့ ရောက်လာကြပြီပေါ့.. ဟမ်.. ဘာဖြစ်လို့ ဝမ်ချီချီ... ထားလိုက်ပါ.. အူးဝါးးးး အားလုံး ဒီကိုရောက်လာကြပြီ.. သွမ့်ဝမ်ယွီက ကျွန်တော့်ကို နေ့တိုင်းနေ့တိုင်း ခိုင်းစားနေခဲ့တာလို့..”


ဝူဝမ်ချီ၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ သူ့ကိုယ်ကို မထိန်းနိုင်တော့ဘဲနှင့် နင်ဖုန်း၏ ဦးခေါင်းအား လက်သီးဖြင့်တစ်ချက် ထိုးလိုက်ပြီး ချက်ချင်းပင် ဦးခေါင်းထက်တွင် အနီရောင်ဖုတစ်ခု ပေါ်လာသည်။


နင်ဖုန်း : QAQ တကယ်ကောင်းတာပဲ.. ရင်းနှီးတဲ့ အငွေ့အသက်လေး..


ရှောင်ယန်မှာ သူမ၏ ပါးစပ်အား လက်ဖြင့်အုပ်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။


သွမ့်ဝမ်ယွီ : “……” အရူးကောင်..


ကျန်အဖွဲ့သားများသည် သူတို့၏ စိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားနေသော်လည်း နင်ဖုန်းကဲ့သို့ စိတ်ခံစားချက်များအား ထုတ်ဖော်ပြသခြင်း မရှိကြချေ။ သူတို့၏ အမူအရာများကို ကောင်းစွာ ထိန်းချုပ်ထားကြသည်။ သွမ့်ဝမ်ယွီသည် ဦးဆောင်ကာဖြင့် နျဲ့ရှောင်တို့သုံးဦးအား ပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်။


နျဲ့ရှောင်သည် သွမ့်ဝမ်ယွီနှင့် နင်ဖုန်းအား ကြည့်လိုက်ပြီး လုံခြုံစွာ ရှိနေခဲ့သည်ကို မြင်သည့်အခါမှသာ စိတ်သက်သာရာ ရသွားလေသည်။ သူတို့နှစ်ဦးနောက်သို့ ကြည့်လိုက်သည့်အခါ အခြေစိုက်စခန်း ပုံစံငယ်တစ်ခုအား မြင်လိုက်ရပြီး သူတို့ကိုယ်တိုင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်ပုံရသည်။ သွမ့်ဝမ်ယွီအား လက်ဖြင့်ပုတ်လိုက်ပြီးနောက် အပြုံးတစ်ခုနှင့် ပြောလေသည်။


“အားလုံးကောင်းတယ်.. တကယ်ကို အဆင်ပြေတယ်.. နင်ဖုန်းကို ဒီတစ်လျှောက်လုံး ထိန်းခဲ့ရတာ မင်းအတွက် ခက်ခဲခဲ့မှာပဲ..”


သွမ့်ဝမ်ယွီသည်လည်း ပြုံးလျက်ရှိသည်။


“တကယ်ကို သည်းခံခဲ့ရတယ်..”


နင်ဖုန်း ထိုစကားအား ကြားသည့်အခါ ချက်ချင်းဆိုသလို မှားယွင်းစွပ်ခံခဲ့လိုက်ရသကဲ့သို့ ခံစားမိပြီး နေရာတွင်ပင် မျက်ရည်ဖြိုင်ဖြိုင်ကျကာ သွမ့်ဝမ်ယွီ၏ အစစ်အမှန်ပုံစံအား ထုတ်ဖော်တော့သည်။


“ဘော့စ်.. အဲဒီသွမ့်အဖိုးကြီးက ကျွန်တော့်ကို နည်းနည်းလေးတောင် ဂရုမစိုက်ပေးခဲ့ဘူး.. နေ့တိုင်းနေ့တိုင်း အနိုင်ကျင့်ပြီး ခိုင်းစားနေခဲ့တာလို့..”


ထိုပရမ်းပတာမြင်ကွင်းအား ကြည့်နေရင်း ရှောင်ယန်နှင့် ဝူဝမ်ချီတို့ ရယ်မောလိုက်ကြပြီး ရှောင်မော့ယဲ့ပင်လျှင် သူ၏ပါးစပ်ကလေးအား လက်ဖြင့်အုပ်ကာ တဟိဟိ ရယ်နေလေသည်။


ထိုအခါမှသာ နင်ဖုန်းသည် ရှောင်ယန်၏ နံဘေးရှိ ချစ်စဖွယ်ကောင်ငယ်လေးအား သတိပြုမိသွားသည်။ သူ၏ခေါင်းထဲတွင် အမေးသင်္ကေတများ ပြည့်နှက်လာပြီး အော်ဟစ်လေသည်။


“‌သောက်ခွေး.. ယန်ကျဲနဲ့ ဝမ်ချီချီရဲ့ ကလေးက ဒီလောက်တောင် ကြီးနေပြီလား..”


နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီ : “……”


ရမ်းသမ်းပြောတဲ့ စကားတွေထဲမှာ အမှန်တရားတွေ ပါတတ်တယ်နော်.. ¬‿¬


ဝူဝမ်ချီနှင့် ရှောင်ယန်တို့မှာ ရှက်သွေးဖြာလာပြီး ချက်ချင်းပင် သူတို့နှစ်ဦးအား အကွာအဝေးကို ချဲ့လိုက်ကာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းမဆုံစေရန် ပြုလိုက်သည်။ ရှောင်မော့ယဲ့သည် ထိုလူကြီးနှစ်ဦးအား ကြည့်ကာ ရှုပ်ထွေးမှုများ ပြည့်လာသည်။


ထိုမြင်ကွင်းအားကြည့်ရင်း နျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့မှာ တစ်ချိန်တည်းမှာပင် “😶”ကဲ့သို့ တူညီသည့် အမူအရာများ ဖြစ်လာကြသည်။


အာ.. မှားသွားတာပဲ..