အပိုင်း ၅၀၅
Viewers 62k

အခန်း ၅၀၅

မှော်ကဝေ အန်းရှန့်...


"မှော်ကဝေ အန်းရှန့်... ဘယ်သူကြီးတုန်း...သူမက တကယ်ပဲ အံ့သြဖို့ကောင်းတာလား ..."


ဒိုင်လူကြီးချုပ်၏ အံ့အားတသင့် ရေရွတ်သံကြောင့် ပုဖန်လှည့်ကြည့်လိုက်မိသည်။


ဒိုင်လူကြီးချုပ်ကလည်း ပုဖန်ကို ပြောစရာစကားမဲ့စွာ ပြန်လည်ကြည့်နေမိသည်။


"သူက ဘယ်လိုလုပ်ပြီး အန်းရှန့်ကို မသိရတာလဲ..."


သူမက ကောင်းကင်ဆေးမြို့တော်မှ အဆင့် ၂ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။သူမက တိမ်နှစ်စအဂ္ဂိရတ်ပညာရှင်လည်းဖြစ်သည်။ထို့အပြင် ပဉ္စလက်စုဝေးပွဲတွင် အဆင့် ၁၀အတွင်း ပါဝင်နိုင်မည့် သူတစ်ယောက်လည်းဖြစ်သည်။


သို့သော်လည်း ဒီအချက်များက အရေးကြီးဆုံးမဟုတ်သေးပေ။အရေးကြီးဆုံးက မြူကောင်းကင်မြို့တွင်နေထိုင်သော ပုဖန်က ဘယ်လိုကြောင့် အန်းရှန့်ကို မသိရသနည်း။


"မှော်ကဝေ အန်းရှန့် ...သူမက အရမ်းလှပပြီး စွမ်းဆောင်ရည်လည်းမြင့်တယ် သူမက ကောင်းကင်ဆေးမြို့တော်မှာရှိတဲ့ လူတိုင်းရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပြီးတော့ လူလွတ်တိုင်း လက်ထပ်ချင်ကြတဲ့ သူလည်းဖြစ်တယ်...အရင်ပဉ္စလက်စုဝေးပွဲမှာတုန်းက သူမ အဆင့် ၂၇ နေရာထိရောက်နိုင်ခဲ့တယ်...ဒီတစ်ကြိမ်တော့ အဆင့် ၁၀ အတွင်းကို ဝင်နိုင်ဖို့ ရည်ရွယ်ထားတယ်..."


ဒိုင်လူကြီးချုပ်က သက်ပြင်းအသာချလိုက်မိသည်။


"အဲ့ဒါ ဘာဖြစ်လို့လဲ..."


ပုဖန်က အေးဆေးတည်ငြိမ်စွာပင် မေးခွန်းထုတ်လိုက်သည်။


အဲ့ဒါ ဘာဖြစ်လို့လဲ ဟုတ်လား...အဲ့ဒါ မင်းသေမင်းလေ...


အစက သူထင်ထားခဲ့သည်မှာ ဒီနှစ်ပဉ္စလက်စုဝေးပွဲအတွက် ဒီစားဖိုမှူးက ဖျက်မြင်းတစ်ကောင်ဖြစ်မည်ဟု ထင်မိသည်။သို့သော်လည်း ယခုအခြေအနေများအရ ထိုဖျက်မြင်းက ခပ်ဝေးဝေးပြေးနိုင်တော့မည့်ပုံမပေါ်ပေ။


သူ ထိုမှော်ဝိဇ္ဇာအန်းရှန့်နှင့် တွေ့ဆုံလိုက်ခြင်းကပင် သူ့အခန်းကဏ္ဍပြီးဆုံးသွားပေလိမ့်မည်။


"မှော်ကဝေအန်းရှန့်က မင်းအရင်ပြိုင်ပွဲတွေမှာ တွေ့မြင်ခဲ့ရတဲ့ အဂ္ဂိရတ်ပညာရှငိတွေလို မဟုတ်ဘူး...သူမကို အဲ့ဒီသူတွေနဲ့ လုံးဝ ယှဉ်လို့မရဘူး သူမရဲ့ စိတ်ဝိညာဉ် စွမ်းအားက အရမ်းကိုသန်မာတယ် မင်းရဲ့ ဟင်းပွဲတွေက သူကို ထိခိုက်စေမှာမဟုတ်ဘူး...သူမရဲ့ ဆေးမီးဖိုပေါက်ကွဲအောင် နှောင့်ယှက်ဖို့ စဉ်းစားထားရင်တော့ အိပ်မက်သာဆက်မက်နေလိုက်တော့..."


ဒိုင်လူကြီးချုပ်က သက်ပြင်းတစ်ချက်ထပ်ချလိုက်ပြန်သည်။အနား၌ရှိနေကြသော အဂ္ဂိရတ်ပညာရှင်များကလည်း ပုဖန်လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်၍ တီးတိုးဆွေးနွေးနေကြသည်။


လူများထဲ၌ တစ်ချို့က စိတ်လှုပ်ရှားနေကြပြီး တစ်ချို့ကမူ ကြေကွဲစွာဖြင့် သက်ပြင်းချနေကြသည်။


နန်ကုန်းဝူချယ်က အနည်းငယ် စိတ်လှုပ်ရှားစ်နေပြီး သူ့မျက်နာပင် နီရဲနေသည်။


"ဝါးဟားဟား...ဝါးဟားဟား...နောက်ဆုံးတော့ ငါ ခွေးစုတ်လေး လင်းစန်းဖောင်နဲ့ တွေ့ရပြီ...သူ့ကိုငါ မရိုက်နှက်နိုင်ဘူးဆိုရင် ငါ့ရဲ့ မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်..."


နန်ကုန်းဝူချယ်က စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာအော်လိုက်ရာသူ့ဘေးနားက လူများက ငပေါတစ်ကောင်ကို မြင်သလိုမျိုး ကြည့်လိုက်ကြသည်။


လင်းစန်းဖောင်၏ မျက်နာ၌ အနက်ရောင်လိုင်းများဖြင့် ပြည့်နှက်နေပေပြီ။ယခုအခ်ျိန်၌သူ ထိုလူပါးဝလှသောနန်ကုန်းဝူချယ်ကို သေအောင်ရိုက်သတ်သည်က လွဲ၍ ဘာမှမလိုချင်တော့ပေ။


ဘယ်သူက ခွေးစုတ်လေးလဲ ...မင်းသာခွေး မင်းတို့ တစ်မိသားစုလုံးသာ ခွေးစုတ်လေး..."


သူ့စိတ်ထဲမှနေ၍ နန်ကုန်းဝူချယ်ကို ကျိန်ဆဲနေသော်လည်း တကယ်တမ်းခေါင်းခဲနေပေပြီ။နန်ကုန်းဝူချယ်က ကောင်းကင်ကမ္ဘာမြေမီးလျှံကို ဆုံးရှုံးခဲ့ရပြီးပြီဆိုသော်လည်း ပြိုင်ဘက်တစ်ယောက်အနေဖြင့် သန်မာနေတုန်းပင်ဖြစ်သည်။


"ကဲ တော်ကြတော့...မင်းတို့ရဲ့ ပြိုင်ဘက်တွေကိုလည်း သိပြီးပြီဆိုတော့ အခုပြန်နိုင်ပြီ...နောက်သုံးရက်ကြာရင် ဒီနေရာမှာပဲ ပဉ္စလက်စုဝေးပွဲရဲ့ ပြိုင်ပွဲကြီးကို ကျင်းပမယ်...ထိပ်ဆုံး လူ၁၀၀ အတွက် ပြိုင်ပွဲကို မင်းတို့အားလုံး အခ်ျိန်မီရောက်ကြဖို့ ငါမျှော်လင့်တယ် ပြီးတော့ မင်းတို့ရဲ့ အရည်အချင်းတွေကိုလည်း အားလုံးမြင်အောင် ပြသကြပါ ..."


မဟာသခင်ရွှမ်မင်က တက်ကြွစွာ ပြောလိုက်သည်။စင်အောက်မှာရှိနေကြသောသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် သဘောတူကြောင်း ခေါင်းညိတ်ပြကြလေသည်။


မဟာသခင်ရွှမ်မင်က ပြောပြီးသည်နှင့် တခြားမဟာသခင်အဂ္ဂိရတ်ပညာရှင်များနှင့်အတူလေထဲသို့ ပြန်တက်လိုက်ရင်း စစ်သင်္ဘောဆီသို့ ဦးတည်လိုက်ကြသည်။


မဟာသခင်များ ထွက်ခွာသွားပြီးသည်နှင့် ပင်မစင်မြင့်ပေါ်တွင်ရှိနေကြသော ပြိုင်ပွဲဝင်များအားလုံးကလည်း အသီးသီးထွက်ခွာကြသည်။ပုဖန်က ဒိုင်လူကြီး၏ သနားနေသော အကြည့်များအောက်မှာပင် သူ့ဆိုင်းဘုတ်ကို သယ်၍ အေးဆေးစွာ စင်ပေါ်မှ လျှောက်လာလိုက်သည်။သူဆိုင်သို့ မြန်မြန်ပြန်၍ လုပ်ငန်းစရပေမည်။


.....


"ဘော်ဒါပု...ငါ့ကိုစောင့်ဦး..."


နန်ကုန်းဝူချယ်က နီရဲနေသော မျက်နာထားဖြင့်ပင် ပုဖန်၏ ဘေးသို့ လျှင်မြန်စွာ ပြေစလာလေသည်။သူ့၏ မျက်နာတွင် မျှော်လင့်ချက်များ ပျော်ရွှင်မှုများ တောက်ပနေလေသည်။


ခပ်လှမ်းလှမ်းတွင်ရှိနေသော သွမ့်ယင်က ပုဖန်၏ နောက်ကျောကိုကြည့်ရင်းပါးစပ်ဖွင့်ဟလိုက်သည်။သို့သော်လည်း သူ မည်သည်မှမပြောဖြစ်လိုက်ပေ။ ခဏအကြါ၌ ခပ်သာသာပင် လှည့်ထွက်သွားလိုက်သည်။


သူ့နေရာသို့ ပြန်၍သာ တဖြေးဖြေးချင်း နားလည်အောင်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။


ပုဖန်၏ စွမ်းဆောင်ရည်အရ မြူကောင်းကင်မြို့ထဲတွင်လည်း လူမသိသည့် သာမန်လူ တစ်ယောက်မဖြစ်နိုင်ပေ။


.......


"ဘော်ဒါပု မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ...မင်း ထိပ်ဆုံးအယောက် ၁၀၀ ထဲကို ဝင်လာနိုင်လိုက်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး...ဒါက စောက်ရမ်းမိုက်တယ်...ပဉ္စလက်စုဝေးပွဲရဲ့ သမိုင်းတစ်လျှောက်မှာ မင်းကသာ ထိပ်ဆုံး ၁၀၀ ထဲကို ဝင်တဲ့ ပထမဦးဆုံး စားဖိုမှူးပဲ...ငါ အဲ့ဒီအကြောင်းကို တွေးလိုက်တာနဲ့ အရမ်းကိုပဲ စိတ်လှုပ်ရှားမိတယ်..."


နန်ကုန်းဝူချယ်က ပုဖန်၏ ဘေးမှပင် ငှက်တစ်ကောင်ကဲ့သို့ ပိကျိပိကျိပြော၍ လိုက်လာလေသည်။ပုဖန်က မျက်နာသေဖြင့်ပင် ရှေ့တည့်တည့်ကိုသာ ကြည့်၍ လျှောက်လာလေသည်။သူက နန်ကုန်းဝူချယ်ကို အဖက်လုပ်ရန်ပင် ပျင်းနေလေသည်။


"အော်... ဒါနဲ့...ထိပ်သီးပြိုင်ပွဲမှာမင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲ...ငါ့ကိုပြော...ငါမင်းကို ကူညီပြီး အစီအစဉ်တစ်ချို့ ဆွဲပေးမယ်..."


ပုဖန်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် 


" သူ့နာမည်က အန်းရှန့်...ဒါမှမဟုတ် မှော်ကဝေအန်းရှန့်ဆ်ိုလားခေါ်တယ်..."


ထိုစကားကြောင့် နန်ကုန်းဝူချယ်လုံးဝ ကြောင်အသွားပေသည်။ခဏမျှကြာပြီးနောက် သူ ဟန်လုပ်ထားသော မျက်နာအမူအရာမျိုးဖြင့် လွှတ်အော်တော့သည်။


"မှော်ကဝေ အန်းရှန့်...သောက်ကျိုးနဲ မင်းဘယ်လိုတွေတောင် ကံကောင်းနေတာလဲ...တကယ်ကြီး မှော်ကဝေအန်းရှန့်နဲ့ ကျတာလား..."


ကံကောင်းတယ် ...ဒိုင်လူကြီးချုပ် ပြောတာနဲ့ ဘာလို့ ကွာနေရတာလဲ...


ပုဖန်က အနည်းငယ် သင်္ကာမကင်းဖြစ်နေမိသည်။


"မှော်ကဝေအန်းရှန့်က အရမ်းလှတာ...ပြီးတော့ သူ့မှာ ယုန်(ရင်သား)ကြီးကြီးလေးတွေလည်းရှိတယ်...မင်းကသူနဲ့ ပြိုင်ရပြီဆိုမှတော့ သူ့ရဲ့ ရင်သားတွေကို အနီးကပ်ကြည့်ရပြီပေါ့...အဲ့ဒီလိုဆိုမှတော့ မင်းရှုံးသွားရင်တောင် တန်တယ်...ငါမင်းကို အရမ်းပဲ မနာလို ဖြစ်လာပြီ..."


နန်ကုန်းဝူချယ်က လေးနက်သော မျက်နာအမူအရာဖြင့် သက်ပြင်းလေးလေးချလိုက်မိသည်။


"ရင်သားကြီးကြီးနဲ့ မိန်းမလှလေး...မင်းက အဲ့ဒါကိုပဲ သတိပြုလိုက်တာလား ..."


ပုဖန် ပြောစရာစကားပင်မဲ့သွားမိသည်။နန်ကုန်းဝူချယ်နှင့် အလေးအနက်ကိစ္စရပ်များ ဆွေးနွေးရန်မသင့်တော်ပေ။အဆင့်နိမ့်လှသော ထိုသူကို စကားပြောရန်ပင် ပျင်းနေသောကြောင့် ပုဖန် ခြေလှမ်းသွက်သွက်လှမ်းလိုက်ပြီး လူအုပ်ကြားထဲမှ ထွက်သွားလိုက်တော့သည်။


.....


ကောင်းကင်ဆေးမြို့တော်၏ စစ်သင်္ဘော၌ ...


စစ်သင်္ဘောသို့ ပြန်ရောက်လာသော သွမ့်ယင်က တွေဝေငေးမောနေလေသည်။သူ့၏ ပြိုင်ဘက်က လူမသိသော အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။ထို့ကြောင့် ထိုသူကို အနိုင်ယူရန်အတွက် ယုံကြည်မှု အပြည့်အဝရှိပေသည်။သူ တွေဝေနေခြင်းမှာလည်း ပုဖန်ကြောင့်သာဖြစ်သည်။


ပုဖန်က မြူကောင်းကင်မြို့၌ အဘယ်ကြောင့် ပေါ်လာသည်ကို သူတွေး၍မရပေ။ပဉ္စလက်စုဝေးပွဲအကြောင်းကို တွေးမိပြန်ရင်လည်း သူ မည်သို့မှ ဆက်စပ်မရပေ။


ခပ်လှမ်းလှမ်းမှနေ၍ ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ယောက် ကြွကြွရွရွ လျှောက်လှမ်းလာနေသည်။


အောက်ခြေ၌ ခွဲထားသော အနီရောင်ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။လမ်းလျှောက်လိုက်တိုင်း၌ သူမ၏ ဖြူဖွေးလှသော ခြေသလုံးသားများ ပေါ်လာသည်မှာပင် ရှုချင်စရာ ကောင်းလှသည်။


သူမ၏ မို့မောက်လှသော ရင်သားများက ပြည့်လျှံနေပြီး အဝတ်အစားများကိုပင် ဖြဲထွက်တော့မယောင် ဖြစ်နေလေသည်။


"မောင်လေး သွမ့်ယင် ဘာတွေစဉ်းစားနေတာလဲ..."


သွမ့်ယင်ကိုကြည့်၍ သူမမျက်လုံးများ တောက်ပသွားသည်။ထို့နောက် ငြင်သာစွာ မေးလိုက်လေသည်။


ငေးမောနေမိသော သွမ့်ယင်က သူမ၏ အသံကို ကြားလိုက်သောအခါ တုန်လှုပ်သွားသလိုပင် ခံစားလိုက်ရသည်။


မနီးမဝေးနေရာမှ စီနီယာအကိုကျန်းနှင့် တခြားသူများကလည်း သရဲတစ္ဆေကို မြင်လိုက်ရသလို လန့်ဖြန့်သွားပြီး အဝေးသို့ ခပ်မြန်မြန်ထွက်သွားကြလေသည်။သူတို့ စိတ်ထဲမှနေလည်း သွမ့်ယင်အတွက် အမွှေးတိုင်ထွန်းပေးသွားကြသည်။


သွမ့်ယင်က ကြောင်အနေရာမှ ခေါင်းမော့ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသောလှပပြီးဆွဲဆောင်မှုရှိလှသော မျက်နာလေးနှင့် ဆုံတွေ့လိုက်ရသည်။


ထိုအမျိုးသမီးဆီ၌ ခရမ်းရောင် ဆံနွယ်များရှိပြီး အနီရောင်ဂါဝန်ရှည်နှင့် တွဲစပ်ထားပုံမှာ အလွန်ပင် ကြည့်ကောင်းလှသည်။


"အန်း...စီနီယာအမအန်း..."


သွမ့်ယင်က ထိုအမျိုးသမီးကို မြင်သည်နှင့် သူ့မျက်နာရှုံ့မဲ့သွားပြီး နှုတ်ဆက်လိုက်လေသည်။


"ဘာဖြစ်နေလို့လဲ ...မသက်မသာ ခံစားနေရလို့လား...ဒီအမကြီးက မင်းခန္ဓာကိုယ်ကို ပွတ်သပ်ပေးဖို့လိုလား..."


သူမက သွမ့်ယင်၏ ဘေးနားသို့ ရောက်လာပြီး ဖျားယောင်းမှုအပြည့်ဖြင့် ပြောလိုက်သည်။


သွမ့်ယင်၏ ခေါင်းမှ ဆံပင်များပင် ထောင်ထသွားသည်။သူ စီနီယာအမအန်းကို ကြောက်လန့်စွာကြည့်၍ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။


"မလိုပါဘူး...ကျွန်တော်က ဒီတိုင်း တွေဝေငေးမောနေမိတာပါ...".


ပွတ်သပ်မယ်...သူဘယ်လိုလုပ်ပြီး ဒီအမျိုးသမီးကို ပွတ်သပ်ခွင့်ပြုရမှာလဲ..."


သူမ၏ ပွတ်သပ်ပေးမှုကို နောက်ဆုံးခံလိုက်ရသော အမျိုးသားက ယနေ့ထက်ထိ အိပ်ယာပေါ်တွက် လဲလျောင်းနေတုန်းဖြစ်သည်။ထိုအမျိုးသမီးက တကယ့်ကို ကြောက်စရာကောင်းလှသည်။


"အိုက်ရား...မောင်လေး သွမ့်ယင် ဘာလို့ အဝေးကြီးကို သွားရတာလဲ ...အစ်မက ကောက်စရာကောင်းလို့လား...လာပါ... ဒီနားကိုလာ ဒီအမကြီးနဲ့ စကားလာပြောပါဦး..."


"အန်း...စီနီယာအမအန်း...ကျွန်တော်တို့က ထိပ်သီး၁၀၀ ပြိုင်ပွဲအတွက် ပြင်ဆင်စရာတွေရှိသေးတယ်လေ ...နောက်...နောက်တော့မှ ပြောကြတာပေါ့..."


သွမ့်ယင်က ထိုအမျိုးသမီးနဲ့ ဝေးရာကိုပြေး၍ ကြံရွယ်၍ လှည့်လိုက်သည်။သို့သော်လည်း အရိုးမရှိသယောင်ပင် ထင်ရသော သွယ်လျဖြူးဖွေးနေသည့် လက်လေးတစ်ဖက်က သူ့၏ ပုခုံးကို ခိုင်မာစွာ ဆုပ်ကိုင်ထားလိုက်သည်။သွမ့်ယင်၏ ခန္ဓာကိုယ်က လှည့်လျက်သားပင် တောင့်တင်းနေလေသည်။


"ထွက်ပြေးဖို့ ကြိုးစားတာပေါ့လေ...ကြိုးစားကြည့်ပါဦး..."


မှော်ကဝေအန်းရှန့်က ခပ်ဖွဖွရယ်မောလိုက်သည်။သူမ၏ အသံကိုကြားသည်နှင့် သွမ့်ယင်၏ ထွက်ပြေးမည့် အကြံများ ပျောက်ဆုံးသွားလေပြီ။သူနေရာမှာပင် ရပ်နေလိုက်ပြီး ခေါင်းအသာ ပြန်လှည့်လိုက်သည်။


"ဒီလ်ိုမှပေါ့...မောင်လေး သွမ့်ယင် ရဲ့ ပြိုင်ဘက်က ဘယ်သူများလဲ...မင်းရဲ့ ဒီစီနီယာအမကြီးက သူနဲ့ ယှဉ်ပြိုင်ဖို့အတွက် ကူညီပေးရမလား..."


အန်းရှန့်က သွမ့်ယင်၏ လက်ကလေးကို လှမ်းဆွဲလိုက်ပြီးနောက် သူမ မခိုးမခန့်ရယ်လိုက်သည်။


"မလိုပါဘူး...တကယ့်ကို မလိုအပ်ပါဘူး...အဲ့ဒီ ကျွန်တော့်ရဲ့ ပြိုင်ဘက်ကို လုံးဝ မကြောက်ပာဘူး..."


သွမ့်ယင်က ကသိကအောင့်ဖြင့် အလျှင်အမြန်ပြောလိုက်သည်။ထို့နောက် သူစကားလမ်းကြောင်းပြောင်းလိုက်၏။


"စီနီယာအမအန်းရဲ့ ပြိုင်ဘက်ကကော ဘယ်သူများလဲ ..."


"ငါ့ရဲ့ ပြိုင်ဘက်...ငါမသိဘူးဒီလိုပဲ ကြုံရာ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်မှာပေါ့ သူ့ရဲ့တည်ရှိမှုက ငါ့ကို မခြိမ်းခြောက်နိုင်ပါဘူး ...သူ့နာမည်က ဘာပာလိမ့်... ပုဖန်ဆိုလား...ဒါပေမယ့် ငါ စိတ်ထဲမှာ ဘယ်လိုကြောင့်လဲတော့ မသိဘူး နည်းနည်းစိုးရိမ်မှုတော့ရှိတယ်..."


"ပုဖန်...ပိုင်ရှင်ပုလား..."


ထိုနာမည်ကို ကြားလိုက်သည်နှင့် သွမ့်ယင် စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။


"မောင်လေးသွမ့်ယင်က သူ့ကိုသိတာလား..."


သွမ့်ယင်၏ အမူအရာကိုကြည့်၍ အန်းရှန့်လည်းခဏမျှ ကြောင်အသင့်သွားသည်။ထို့နောက် သူ အံ့သြသင့်စွာဖြင့် မေးလိုက်သည်။


"ဒါပေါ့ သူ့ကိုသိတာပေါ့...စီနီယာအမအန်းတော့ ဒုက္ခများမှာကို စိုးရိမ်မိတယ်..."


သွမ့်ယင်က သက်ပြင်းချက်တစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် သူ့၏ မျက်နာကလည်း လေးနက်တည်ငြိမ်လာသည်။


"ဘယ်လိုဖြစ်ပြီး မင်းက အလေးအနက်ဖြစ်သွားရတာလဲ အဲ့ဒီ ပုဖန်က မဟာသခင် တစ်ယောက်ယောက်ရဲ့ တပည့်များလား ..."


အန်းရှန့်က ခပ်သာသာရယ်မောလိုက်၏။


"ပုဖန်က စားဖိုမှူးပဲ အရမ်းအံ့သြဖို့ကောင်းတဲ့ စားဖိုမှူးပဲ..."


ပုဖန်၏ အကြောင်းကို မိတ်ဆက်ပေးလိုက်သည့်အခ်ျိန်၌ သွမ့်ယင်၏ မျက်ဝန်းထဲ၌အလင်းတစ်ချက် လက်သွားသလိုပင် ထင်လိုက်မိသည်။


.......


ဆိုင်းဘုတ်ထမ်း၍ ပြန်လာသော ပုဖန် ဆိုင်ရှေ့အရောက်၌ အံ့အားသင့်သွားမိလေသည်။ဆိုင်အရှေ့၌ လူအုပ်ကြီးတန်းစီနေလေသည်။ထိုသူများက ဆိုင်၌ စားသုံးရန် လာကြခြင်းဖြစ်သည်။သူတို့ထဲမှ တစ်ချို့၏ မျက်နာများက ပုဖန်နှင့် ရင်းနီးနေပြီးသားဖြစ်သည်။


မှန်သည်။...မျက်နာသစ်များလည်း ပါနေပေသည်။


"ပိုင်ရှင်ပု ပြန်လာပြီ..."


"ပိုင်ရှင်ပု အရမ်းမိုက်တာပဲ...ခင်ဗျားက ထိပ်ဆုံး ၁၀၀ ထဲမှာ ဝင်သွားတယ်ဟုတ်လား..."


"နောက်ဆုံးစကာတင်ရွေးချယ်ပွဲမှာ ပိုင်ရှင်ပုရဲ့ ကြော်ကြာသံကို ကြားပြီးတာနဲ့ ငါဒီကို ချက်ချင်းပြေးလာခဲ့တာ..."


ထိုသူများက ပုဖန်ကိုမြင်သည်နှင့် ဆူညံပွက်လောရိုက်လာပေသည်။သူတို့၏ စိတ်အားထက်သန်မှုကြောင့် ပုဖန်ပင် အနည်းငယ် ကြောက်ရွံ့သွားမိသည်။


ပုဖန်က လူအုပ်ကိုတိုးဝှေ့ဝင်လိုက်ပြီး ဆိုင်တံခါးကို ဖွင့်လှစ်လိုက်သည်။


"ကျေးဇူးပြုပြီးတော့ တန်းစီပေးကြပါ...ပြီးတော့ မင်းတို့ရဲ့ အော်ဒါတွေကို နယ်သာရီကို ပြောလိုက်ပါ.."


ပုဖန်က ဆိုင်အပေါက်ဝတွင်ရပ်၍ ဆိုင်ထဲသို့ ဝင်တော့မည့် စားသုံးသူများကို သတိပေးလိုက်သည်။ထို့နောက် မီးဖိုချောင်ဘက်ဆီသို့ တန်းဝင်သွားလိုက်သည်။


နယ်သာရီ၏ အကြည့်များက လူအုပ်ကြီးအပေါ် ဝေ့ဝဲသွားသည်နှင့် သူတို့အားလုံး ရေခဲမြစ်ထဲ ကျသွားသလို ခံစားလိုက်ရသည်။ဆူညံနေသော လူအုပ်ကြီးက ခဏအတွင်းမှာပင် ငြိမ်ကျသွားလေသည်။


ဒီအမျိုးသမီး... သူ့ရဲ့ အကြည့်တွေက စူးရှလိုက်တာ...


စားသုံးသူများက အစဉ်လိုက်အတိုင်း နယ်သာရီကို အော်ဒါမှာလိုက်သည်။မီးဖိုခန်းထဲ၌ ပုဖန်က အလုပ်ရှုပ်နေလေသည်။သူတို့ စားသောက်ပြီးသည်နှင့် လူအများအပြားက ပုဖန်၏ ပြိုင်ဘက်အကြောင်းကို မေးမြန်းကြလေသည်။ပုဖန်က ဖုံးကွယ်ထားခြင်းမရှိပဲ မှော်ကဂေအန်းရှန့်၏ နာမည်ကို ပြောပြလိုက်သည်။


ထိုနာမည်ကို ကြားသည်နှင့် သူ့ဆိုင်ထဲ၌ တစ်ဖန် ဆူညံပွက်လောရိုက်လာပြန်သည်။စားသုံးသူများအားလုံးက အလောတကြီးဖြင့်ပုဖန်ကိုမေးမြန်းနေကြလေသည်။


"မှော်ကဝေအန်းရှန့်... သူမက ကောင်းကင်ဆေးမြို့တော်က မှော်ကဝေအန်းရှန့်မဟုတ်လား..."


"အိုး ဘုရားရေ ငါ့ရဲ့ နတ်သမီးလေး ပိုင်ရှင်ပုမင်းတော့ သေပြီ..."


"အိုက်ရား...ပိုင်ရှင်ပု မကြောက်နဲ့ နောက်လာမယ့် ပဉ္စလက်စုဝေးပွဲတွေမှာလည်း မင်းပါဝင်နိုင်သေးတာပဲ...နတ်သမီးလေး ကို ရှုံးရတာ လုံးဝရှက်စရာမဟုတ်ဘူး..."


ပြိုင်ပွဲကိုပုဖန် ဆက်လက်တက်လှမ်းနိုင်မည့် အခွင့်အရေးနှင့်ပတ်သတ်၍ မည်သူမှ အကောင်းမြင်ခြင်းမရှိတော့ပေ။မှော်ကဝေအန်းရှန့်၏ ဂုဏ်သတင်းက ကြီးမားလှပေသည်။


ထိုသူများ၏ ပြောဆိုမှုများအတွက် သူ့စိတ်ထဲတွင် အနည်းငယ်တုန်ခါသွားသည်မှလွဲ၍ တခြားမည်သည့်သက်ရောက်မှုမှမရှိပေ။ထိုအမျိုးသမီးက သန်မာသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ပေလိမ့်မည်။သူအနိုင်ရမည်ဟု မြင်သည့်သူ တစ်ယောက်မှမရှိပေ။ဒါက နည်းနည်းတော့ ကသိကအောင့် ဖြစ်စရာကောင်းလှသည်။


ပုဖန်က လက်ထဲမှ နဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းကစားနေပြီး စကားတစ်ခွန်းမှ ဝင်မပြောမိပေ။


ဒိုင်လူကြီးချုပ်က သူ့၏ စွမ်းဆောင်ရည်များနှင့် ပတ်သတ်၍ ယုံကြည်မှုမရှိခဲ့ပေ။

နန်ကုန်းဝူချယ်ကလည်း သူနိုင်မည်ဟု မထင်ပေ။

ယခု စားသုံးသူများကပါ သူရှုံးမှာ သေချာကြောင်း ပြောဆိုနေပေသည်။


ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။သူရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို စဉ်းနှီးတုံးပေါ် ပြန်တင်လ်ိုက်ပြီး အတွေးထဲ နစ်မြောသွားပြန်သည်။


အားကောင်းသန်မာသည့် ပြိုင်ဘက်နှင့် ဆုံတွေ့ရလျှင် သူဘာများ ချက်ပြုတ်သင့်သနည်း။


သာမန်ဟင်းပွဲများက ပြိုင်ပွဲတွင်နိုင်ရန် မလုံလောက်ပေ။သူ အံ့သြဖွယ်ရာကောင်းသည့် ဟင်းပွဲအသစ် ဖန်တီးရပေတော့မည်။


ပုဖန်သက်ပြင်းလေးလေးချလိုက်မိလေသည်။