အပိုင်း ၁၆
Viewers 12k

မှောင်မည်းနေသော သီးသန့် ရုပ်ရှင်ရုံထဲတွင် လူနှစ်ယောက်နှင့် ကြောင်တစ်ကောင်က သရဲကားကို အတွေးကိုယ်စီဖြင့် ကြည့်နေကြသည်။
ကျန်းဇီမော့က ရုပ်ရှင်ကို အာရုံစိုက်၍ ကြည့်နေခြင်းမဟုတ်ပေ။ ဤကဲ့သို့ ရုပ်ရှင်အမျိုးအစားမျိုးကို သူသဘောမကျပေ။ စစ်ကျွင်းတောက်က သူ့ကိုနှစ်သိမ့်ပေးမည့် အခွင့်အရေးကိုသာ စောင့်နေခြင်းဖြစ်သည်။ သို့သော် ယခုချိန်၌ စစ်ကျွင်းတောက်၏စိတ်က ရင်ခွင်ထဲမှ ကြောင်အပေါ်တွင်သာ ရှိနေကြောင်း သိသာသည်။ ကျန်းဇီမော့ တစ်ခုခုလုပ်ရမည်ဟု တွေးနေမိသည်။
မဟုတ်ရင် ဒီအခွင့်အရေးကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ် ...
မည်သို့ ကြောက်ချင်ယောင်ဆောင်ရမည်ကိုလည်း တွေးနေမိသည်။ သူ အခွင့်အရေးယူပြီး စစ်ကျွင်းတောက်၏ဘေးကို ကပ်သွားသည်။ ခဏအကြာတွင် ကြောင်လေး၏ သနားစရာအော်သံကို ကြားလိုက်ရသည်။ ကျန်းဇီမော့ လှည့်ကြည့်လိုက်သည့်အခါ ‌စစ်ကျွင်းတောက်၏ ခြေထောက်ပေါ် ထိုင်နေသည့် လိမ္မော်ရောင်ကြောင်လေးက တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ သူက စစ်ကျွင်းတောက်၏ရင်ခွင်ထဲဝင်ကာ ရင်ဘတ်နှင့် သူ၏ခေါင်းကိုထိထားသည်။ ထိုကြောင်ဦးခေါင်းလေးက တသိမ့်သိမ့်တုန်နေသကဲ့သို့ပင်။
ဝမ်မင်ယီ အမှန်တကယ်ပင် တုန်ယင်နေသည်။
ဘုရားရေ အရမ်းကြောက်စရာကောင်းတာပဲ ... ဒီ သရဲကားက နည်းနည်းတော့ပြင်းလွန်းတယ် ... နာမည်ကောင်းရထားတာ မဆန်းပါဘူး သူကြောက်လို့သေတော့မယ် ...
စစ်ကျွင်းတောက်ရင်ခွင်ထဲ မှီထားပြီး လက်မောင်းကို ပုတ်လိုက်သည်။
သူ့ကောကောကို ကြောက်စရာကောင်းတဲ့အခန်း ပြီးသွားပြီလားဆိုတာ မေးချင်နေတယ် ... သူ မကြည့်ရဲဘူး ...
ဝမ်မင်ယီ ဤအသက်အရွယ်ရောက်သည်အထိ သရဲကားကို ကြောက်လိမ့်မည်ဟု စစ်ကျွင်းတောက် မထင်ထားခဲ့ပေ။ သူရုတ်တရက် ရယ်ချင်လာပြီး သူ့ကိုဖက်တွယ်ထားသည့်ကြောင်လေးက ချစ်စရာကောင်းသည်ဟု ထင်လာသည်။ ထို့ကြောင့် သူ့ကိုထိပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကိုယ်လည်း မကြည့်နိုင်ဘူး ... အရမ်းကြောက်နေတယ် ..."
ဘယ်သူက အရမ်းကြောက်နေတာလဲ ...
ဝမ်မင်ယီ မကျေမနပ်ဖြင့် အကြိမ်ရေအနည်းငယ်အော်လိုက်သည်။
သူ အရမ်းသတ္တိရှိပါတယ် ... ဒီရုပ်ရှင်က ကြောက်စရာကောင်းနေလို့ပါ ... သူ့ကြောင့်မဟုတ်ဖူး ... ပြီးတော့ သူက အခုကြောင်ဖြစ်နေတာလေ ... ကြောင်တွေက လွယ်လွယ်ကြောက်တတ်ကြတယ် ...
ဝမ်မင်ယီ ခေါင်းခါလိုက်ပြီး သတိပေးသည့်အနေဖြင့်လက်မြှောက်၍ စစ်ကျွင်းတောက်ကို ပုတ်လိုက်သည်။
ကျန်းဇီမော့ ကြောက်ဟန်ဆောင်မည့်အချိန်တိုင်း သူက အမှန်တကယ်ကြောက်နေခဲ့ခြင်းဖြစ်သည်။ ကျန်းဇီမော့ စစ်ကျွင်းတောက်ကို မှီရန် ပြင်လိုက်သည်နှင့် နူးညံ့သည့်အရာတစ်ခုကို ထိမိသွားသည်။ ဝမ်မင်ယီက စစ်ကျွင်းတောက်ပခုံးပေါ်ရောက်နေပြီး သူ့ကို စူးစူးရဲရဲစိုက်ကြည့်ကာ လက်သည်းကိုမြှောက်ပြထားသည်။
ကျန်းဇီမော့ "..."
ကြောင်လေးကို ကြည့်လိုက်သည့်အခါ ထိတ်လန့်သွားပြီး ကြောက်ယောင်ဆောင်နေသည်ကိုပင် မေ့သွားသည်။
ရုပ်ရှင်ကို ထိုသို့သာကြည့်ခဲ့ရသဖြင့် ကျန်းဇီမော့နှင့် စစ်ကျွင်းတောက်တို့ စကားမပြောဖြစ်ခဲ့ကြပေ။ သို့သော် ဝမ်မင်ယီက စစ်ကျွင်းတောက်၏ ရင်ခွင်ထဲတွင်သာ ငြိမ်သက်နေခဲ့သည်။ သူ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်းနေခဲ့သည်။ ရုပ်ရှင်က သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုကို စမ်းသပ်ခဲ့ပြီး ကျန်းဇီမော့က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို စမ်းသပ်နေခဲ့သည်။
သူက ခုမှ လိမ္မော်ရောင် ကြောင်လေးဖြစ်ခါစလေ ကိစ္စတွေက ဘာလို့အရမ်းခက်ခဲနေရတာလဲ ...
ရုပ်ရှင်ပြီးသွားချိန်၌ ၁၁နာရီကျော်နေပြီဖြစ်သည်။ ဤအချိန်တွင် တက္ကစီငှားရန် ခက်ခဲလွန်းလှသည်။ ကျန်းဇီမော့က လက်ဦးမှုယူပြီး စစ်ကျွင်းတောက်ကို အိမ်သို့လိုက်ပို့ရန် မေးလိုက်သည်။ စစ်ကျွင်းတောက်က မငြင်းဆန်ခဲ့ပေ။ ဝမ်မင်ယီ ချက်ချင်းပင် အသိဝင်သွားပြီး စစ်ကျွင်းတောက် ကားတံခါးကို ဖွင့်လိုက်သည်နှင့် ခရီးသည်နေရာသို့ ခုန်ဝင်သွားပြီး ထိုင်နေလိုက်သည်။
ကျန်းဇီမော့ တံခါးဖွင့်လိုက်သည့်အခါ သူနှင့်တစ်ချိန်လုံး အဆင်မပြေဖြစ်နေခဲ့သည့် လိမ္မော်ရောင်ကြောင်လေး ထိုင်နေသည်ကို မြင်လိုက်ရသည်။ ၎င်းက သူ့ကိုဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေပြီး မျက်လုံးထဲတွင်လည်း လှောင်ပြောင်သရော်မှုများကို မြင်တွေ့လိုက်ရသည်။
စစ်ကျွင်းတောက်က ထိုအဖြစ်အပျက်ကို သတိပြုမိသွားပြီး ကျန်းဇီမော့ကို ပြောလိုက်သည်။
" မင်းနောက်မှာ ထိုင်လိုက်လေ ..."
" မင်းက ကြောင်ကို အရမ်းအလိုလိုက်နေတာပဲ ..."
ကျန်းဇီမော့ တံခါးလက်ကိုင်ကို ကိုင်ထားလျက် မကျေမနပ်ဖြစ်နေသည်။
" သူက ကြောင်ဖြစ်နေတာတောင် ထိုင်ခုံကို နေရာဦးထားသေးတယ် ..."
စစ်ကျွင်းတောက် ဘာမှမပြောပေ။
ဝမ်မင်ယီက နှာမှုတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။
ငါ့ကောကောက ငါ့ကိုအလိုမလိုက်ရင် မင်းကို လိုက်ရမှာလား ... လက်လျှော့လိုက်တော့ ... ငါအသက်ရှင်နေသရွေ့တော့ သူကတစ်နေ့မှာ ငါ့ကိုအချစ်ဆုံး ဖြစ်လာမှာပဲ ... မင်းအလှည့်ရောက်မှာ မဟုတ်ဖူး ..."
ဝမ်မင်ယီ နောက်ဆုတ်လိုက်ပြီး ခုံပေါ်တွင် အကျအန နေရာယူထားလိုက်ကာ ကျန်းဇီမော့ ကပ်ထိုင်ရန် အတွက်နေရာကျဉ်းကျဉ်းလေးပင် မချန်ထားပေ။
ကျန်းဇီမော့လည်း မြင်သဖြင့် အနောက်တံခါးကို ဆွဲဖွင့်လိုက်ပြီး အနောက်ဘက်ခုံတွင်သာ ထိုင်တော့သည်။
စစ်ကျွင်းတောက် ကားစက်နှိုးပြီး ကျန်းဇီမော့ကို အိမ်သို့အရင်လိုက်ပို့ရန် ပြင်လိုက်သည်။ လမ်း‌တစ်လျှောက်တွင် ကျန်းဇီမော့ စကားပြောရန်ခေါင်းစဉ်တစ်ခု ရှာတွေ့သွားသည်။ စစ်ကျွင်းတောက်ကားမောင်းနေသဖြင့် ဝမ်မင်ယီ ဆူဆူညံညံ မလုပ်ရဲပေ။ ရံဖန်ရံခါတွင်သာ မြှောင်ဟုအော်ပြီး သူရှိနေသေးကြောင်း အသံပြုကာ ကတိပေးထားသည့်ကိစ္စကို မမေ့ရန် သတိပေးနေသည်။ စစ်ကျွင်းတောက်က အိမ်အထိ လိုက်ပို့ပေးလိုက်ပြီး နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။
" ရောက်ပါပြီ ..."
" ကျေးဇူးပါပဲ ... ငါမင်းကို နောက်နေ့မှ ညစာလိုက်ကျွေးမယ်နော် ..."
ကျန်းဇီမော့ အပြုံးဖြင့် ပြောလိုက်သည်။
" မဖြစ်ဘူး ... ငါ မနက်ဖြန်ကစပြီး အလုပ်ရှုပ်တော့မှာ ... မင်းမှာကိစ္စတစ်ခုခုရှိရင် မင်းတို့ဌာနခေါင်းဆောင် ဒါမှမဟုတ် ဝမ်ပေါ်ဆီကိုသွားပါ ... ငါ့ဆီမလာနဲ့တော့ ..."
ကားတံခါးဖွင့်နေသော ကျန်းဇီမော ရပ်တန့်သွားသည်။ ထိုစကားကိုကြားသည့်အခါ စစ်ကျွင်းတောက်ကို အံ့ဩစွာ ကြည့်နေသည်။
" ရုတ်တရက်ကြီး ဘာလို့ အဲ့လိုပြောတာလဲ ..."
စစ်ကျွင်းတောက် တည်ငြိမ်စွာ ပြောလိုက်သည်။
" ဘာမှမဖြစ်ဖူး ... ငါအလုပ်များနေလို့ပါ ..."
" ဝမ်မင်ယီနဲ့များ ဆိုင်နေလား ... သူက ငါ့ကိုသဘောမကျလို့ မင်းနဲ့ မဆက်သွယ်ခိုင်းတာလား ..."
ကျန်းဇီမော့ လေးနက်စွာ မေးလိုက်သည်။
သူ၏ စကားများက စုံစမ်းမေးမြန်းသည်ဟု ထင်ရသော်လည်း စစ်ကြေညာနေသည်နှင့် တူနေသည်။
ထိုစကားများကို ကြားသည့်အခါ ဝမ်မင်ယီ၏ ကြောင်နားရွက်များ လှုပ်ရှားသွားသည်။ ထို့နောက်စိတ်ထဲတွင် ပြောလိုက်မိသည်။
ဟုတ်တယ် မင်းရဲ့ဦးလေး ငါပဲ ...
" သူနဲ့ ဘာမှမဆိုင်ပါဘူး ..."
စစ်ကျွင်းတောက်က ခရီးသည်ခုံမှ ကြောင်လေး၏ခေါင်းကို ထိလိုက်သည်။ သူ အလွန်ညင်သာသည့်အသံဖြင့် ပြောလိုက်သောကြောင့် ကျန်းဇီမော့နှင့် ဝမ်မင်ယီ ထိတ်လန့်သွားသည်။
" မင်း ငါ့ကိုကြိုက်လား ..."
သူ၏အသံက သာမန်ကဲ့သို့ ပေါ့ပေါ့ပါးပါးပင်ဖြစ်သည်။
" ဒါမှမဟုတ် ငါ့ကို ကြိုက်မကြိုက် မရေရာတာလား ..."
" ဘယ် ... သေချာပေါက် မဟုတ်ဖူးပေါ့ ... ဘာလို့အဲ့လိုမျိုး တွေးရတာလဲ ငါတို့က သူငယ်ချင်းတွေလေ ..."
စစ်ကျွင်းတောက် တစ်ဖက်သို့လှည့်၍ အနည်းငယ်ပြုံးပြကာ ပြောလိုက်သည်။
" ကျန်းဇီမော့ မင်းက ငါနဲ့မလိုက်ဖက်ပါဘူး ငါတို့မတွေ့ပဲ နေရအောင် ..."
ကျန်းဇီမော့ နားမလည်နိုင် ဖြစ်သွားသည်။
" ငါထင်တာ ငါတို့ပျော်ပျော်ရွှင်ရွှင်ပဲနေနေတာလားလို့ မဟုတ်ဖူးလား ..."
ဘာလို့မဟုတ်ရမှာလဲ ... သူတို့ အရမ်းကိုအတွဲညီခဲ့တာလေ ... သူတို့အရင်ကလည်း သဟဇာတဖြစ်ခဲ့ပါတယ် ...
သူတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့ချိန်ကို ကျန်းဇီမော့ မှတ်မိနေဆဲဖြစ်သည်။ ထိုအချိန်က သူအလုပ်လုပ်နေချိန်ဖြစ်ပြီး သူအလုပ်လုပ်သည့်ဟိုတယ်တွင် စစ်ကျွင်းတောက်က ဝမ်မင်ယီ၏ မွေးနေ့ပွဲကျင်းပပေးရန် ကိတ်မုန့်တစ်လုံး ပြင်ဆင်ပေးထားခဲ့သည်။ သူက အလွန် နူးညံ့ညင်သာစွာပြောသော်လည်း ဝမ်မင်ယီက ၎င်းကို လှည့်ပင်မကြည့်ခဲ့ပေ။ လက်မြှောက်၍ ကိတ်မုန့်ကို ရိုက်ချလိုက်ပြီး လှောင်ပြောင်ခဲ့သည်။
" ကျုပ်မွေးနေ့က ခင်ဗျားနဲ့ ဘာဆိုင်လဲ ... ဘာလို့အရမ်း စိတ်အနှောင့်အယှက် ပေးနေရတာလဲ ... ခင်ဗျားကို မြင်တာနဲ့ ကျုပ်စိတ်မကြည်ဘူး ..."
ဝမ်မင်ယီ ဒေါသထွက်ပြီး ဓာတ်လှေကားဆီသို့ ထွက်သွားကာ စစ်ကျွင်းတောက်ကို တစ်ယောက်တည်း ချန်ထားခဲ့သည်။
မလှမ်းမကမ်းတွင် တစ်ယောက်တည်းရပ်နေသည့် စစ်ကျွင်းတောက်ကို ကြည့်နေမိသည်။ တစ်ယောက်ယောက်က သူ့အတွက် မွေးနေ့ပွဲကျင်းပပေးလျှင်ကောင်းမည်ဟု သူတွေးခဲ့မိသည်။ သူ ထိုနေရာသို့ အမြန်ပြေးသွားပြီး ကြမ်းပြင်ပေါ်မှ ကိတ်မုန့်များကို သန့်ရှင်းပေးခဲ့သည်။
ထိုနေ့က စစ်ကျွင်းတောက် ဝိုင်များစွာသောက်ခဲ့သည်။ ညနေရောက်သည့်အခါ အလွန်မူးနေပြီဖြစ်သည်။ သူ မတ်တပ်ရပ်လိုက်ချိန်တွင် ဒယိမ်းဒယိုင် ဖြစ်နေသဖြင့် ကျန်းဇီမော့က သူ့ကိုကူညီပြီး နှစ်သိမ့်ပေးခဲ့ရသည်။
" သူက တန်ဖိုးမထားတာဆိုတော့ သူ့ရဲ့ဆုံးရှုံးမှုလေ ... မင်းအပြစ်မဟုတ်ပါဘူး ..."
စစ်ကျွင်းတောက်က သူ့ကို ကြည့်လိုက်ပြီး
" အဲ့လိုဖြစ်ရမှာမဟုတ်ဖူး ..." ဟုသာ အချိန်အတော်ကြာ ပြောနေခဲ့သည်။
သူဘာကြောင့် ထိုသို့ပြောသည်ကို ကျန်းဇီမော့ နားမလည်ခဲ့ပေ။ သို့သော် မကြာမီ စစ်ကျွင်းတောက်နှင့် ကျောင်းတွင်ဆုံခဲ့သည်။ သူတို့က တက္ကသိုလ်တူတူဖြစ်သော်လည်း စစ်ကျွင်းတောက်က ဘွဲ့ရသွားခဲ့ပြီဖြစ်သည်။ နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ရှိကာ ရင်းနှီးခဲ့သည်။ သူတို့ပို၍ ရင်းနှီးလာလေ စစ်ကျွင်းတောက်ကိုပို၍ သဘောကျလေဖြစ်ပြီး ဝမ်မင်ယီကို မုန်းတီးခဲ့သည်။ အကယ်၍ သူတို့ချစ်သူမဖြစ်နိုင်ပါက သူငယ်ချင်းဖြစ်နိုင်မည်ဟု တွေးခဲ့မိသည်။ သို့သော် မမျှော်လင့်စွာဖြင့် သူတို့သူငယ်ချင်းပင် မဖြစ်နိုင်တော့ပေ။
ပျောက်စရာစကားများ ပျောက်ရှနေသော အနောက်ဘက်ခုံမှ လူကို စစ်ကျွင်းတောက် ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ သနားစရာနေသည်။
မိုးရေထဲတွင် ကျန်းဇီမော့သူ့ကို ‌ထီးဆောင်းပေးခဲ့ခြင်း သူ့အတွက် ကိတ်မုန့်ဖုတ်ပေးခဲ့ခြင်းနှင့် ၁၂နာရီအတိအချိန်တွင် ကျန်းဇီမော့ကသူ့ကို Happy New Yearဟု ပြောခဲ့သည်များကို တွေးမိသွားသည်။
စစ်ကျွင်းတောက် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ အမှန်တွင် သူ ကျန်းဇီမော့ကို မုန်းတီးခြင်းမရှိပေ။ တစ်ခါတစ်ရံ၌ ကျန်းဇီမော့ပြုလုပ်သည့်ကိစ္စများကို သဘောမကျသော်လည်း ကျန်းဇီမော့အပေါ် အမုန်းတရားမရှိပေ။ ဝမ်မင်ယီက သူ့ကို သဘောမကျသည့်အပြင် သူ့အပေါ် တခြားခံစားချက်များမရှိနေခြင်းတို့ကြောင့်သာ မဟုတ်ပါက ဤကဲ့သို့စကားမျိုး ပြောခဲ့မည်မဟုတ်ပေ။
သူတို့ သူငယ်ချင်းဖြစ်ခဲ့သည်က တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ ဝမ်မင်ယီ သူ့ကို ကလန်ကဆန်လုပ်ခဲ့ချိန်များက ကျန်းဇီမော့က သူ့ကို တည်ငြိမ်စေပြီး နှစ်သိမ့်ပေးခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် ဝမ်မင်ယီ၏ ကျန်းဇီမော့ကို မလိုလားမှုက ပြင်းထန်လွန်းနေသည်။
သူ့အတွက် ဝမ်မင်ယီ သူနှင့်တူတူနေရန်ကလွဲပြီး မည်သည့်အရာမှ အရေးမကြီးပေ။ ဝမ်မင်ယီက သူနှင့်အတူနေပြီး ခြေလှမ်းတိုင်းကို လုံခြုံချောမွေ့စွာ လျှောက်လှမ်းနေပါက အခြားအရာများကို လျစ်လျူရှု့ထားနိုင်သည်။ ထို့ကြောင့် ဝမ်မင်ယီ ငြင်းပယ်နေပါက ကျန်းဇီမော့၏ဘေးတွင် မနေလိုတော့ပေ။
" ကားထဲက ထွက်တော့လေ မင်းအိမ်ပြန်ရမယ့်အချိန်ရောက်ပြီ ..."
စစ်ကျွင်းတောက် ပြောလိုက်သည်။
ကျန်းဇီမော့ သူ့ကိုကြည့်နေလျက် မျက်လုံးထဲမှ ဝမ်းနည်းမှုများက တဖြည်းဖြည်း ပြန့်ကျဲလာသည်။
" ကျွင်းတောက် မင်းဒီလိုလုပ်လို့မရဘူးလေ ... ဝမ်မင်ယီကြောင့် မင်းရဲ့သူငယ်ချင်းကို ဒီလိုလုပ်ရလား ... မင်းက သူ့ကိုဂရုစိုက်ပေမယ့် သူကရော ... သူမင်းကို လုံးဝဂရုမစိုက်ဖူးလေ ... သူမင်းကို ဘာတွေလုပ်ခဲ့လဲ မေ့သွားပြီလား ... တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်အတွက် မင်းဒါမျိုးတွေ လုပ်ပေးနေရတာ တန်လို့လား ..."
သူပြောပြီးသည်နှင့် စူးရှသည့် ကြောင်အော်သံတစ်ခုကို ကြားလိုက်ရသည်။ ကျန်းဇီမော့ ကြည့်လိုက်သည့်အခါ လိမ္မော်ရောင်ကြောင်လေးက သူ့ဆီသို့ အလျင်စလိုပြေးလာပြီး မျက်နှာကို လက်သည်းဖြင့် ကုတ်လိုက်သည်။
ကျန်းဇီမော့ ထိတ်လန့်သွားသည်။ ဝမ်မင်ယီ ကုတ်ပြီးသွားသည့်အခါ ဘေးတွင်ထိုင်နေပြီး စူးစူးဝါးတါးကြည့်ကာ ထပ်မံတိုက်ခိုက်ရန်ပြင်နေသည်။ သူ၏အမွေးများ ဖြာထွက်နေပြီး ပန်းနုရောင်နှာခေါင်းလေးက အငွေ့များ ထွက်နေပြီး ဒေါသတကြီးဖြစ်နေသည်။
မင်းက သောက်ရမ်းရယ်ရတယ်နော် ... မင်းကြောင့်သာမဟုတ်ရင် ငါ့ကောကောကို သုံးနှစ်တောင် ပုန်ကန်ခဲ့မှာလား ... မင်းက ဒါဆိုအခွင့်အရေးယူပြီး ငါ့ကို ပထုတ်ချင်သေးတယ် ...သောက်ရှက်လည်းမရှိဘူး ငါမင်းကို သတ်ပစ်မယ် ...
ထိုအချိန်တွင် ကျန်းဇီမော့က ကြောင်၏ရိုက်နှက်ခြင်းခံရသောကြောင့် ထိတ်လန့်သွားခြင်းမှ အသိပြန်ဝင်လာသည်။ သူ့မျက်နှာကို ထိကြည့်လိုက်သည့်အခါ ကံကောင်းထောက်မစွာဖြင့် သွေးများ ရှိမနေပေ။ စစ်ကျွင်းတောက်က ကြောင်ကိုဖမ်းယူလိုက်သည်။ ဝမ်မင်ယီ ရုန်းနေသော်လည်း စစ်ကျွင်းတောက်က သူ့ကို ဂုတ်မှဆွဲထားသည်။
" ကောင်းကောင်းနေလေ ..."
ဝမ်မင်ယီ လှုပ်ရှားရုန်းကန်နေခြင်း ရပ်တန့်သွားသော်လည်း သူ၏ပယင်းရောင်မျက်လုံးများက ကျန်းဇီမော့ကို စိုက်ကြည့်နေဆဲဖြစ်သည်။
ကျန်းဇီမော့လည်း သူ့ကို သံသယများစွာဖြင့် ကြည့်နေမိသည်။ ကြောင်တစ်ကောင်က ဤမျှကြမ်းတမ်းလိမ့်မည်ဟု သူမထင်ထားပေ။
" အဆင်ပြေရဲ့လား ... သွေးတို့ ကုတ်ရာတို့ မတွေ့ဘူးဆိုတော့ ဘာမှကြီးကြီးမားမား မဖြစ်လောက်ပါဘူး ..."
စစ်ကျွင်းတောက် ပြောလိုက်စဉ်မှာပင် ဝမ်မင်ယီက ကာကွယ်ဆေး မထိုးရသေးသည်ကို သတိရသွားသည်။ ဤအခြေအနေတွင် သူကာကွယ်ဆေးထိုးရန် သင့်မသင့် မသိရှိပေ။ အ‌ဘယ့်ကြောင့်ဆိုသော် သူက လူများကို ည၉နာရီကျော်မှသာ တိုက်ခိုက်နိုင်သောကြောင့်ပင်။
" ဘာမှမဖြစ်ပါဘူး ... မင်းရဲ့ကြောင်က ငါ့ကိုတော်တော်သဘောမကျတာပဲ ..."
ကျန်းဇီမော့ ပြန်ဖြေလိုက်သည်။
စစ်ကျွင်းတောက် ရယ်လိုက်ပြီး ဤကိစ္စကို ဆက်မပြောတော့ပေ။
" မင်း ပြန်သင့်ပြီလေ ..."
" ငါအခုပြောခဲ့တာကို မင်း ..."
ကျန်းဇီမော့ စကားမဆုံးမီမှာပင် ဝမ်မင်ယီ ပြဿနာရှာပြန်သည်။ သူ့ရှေ့မှ စကားကို ပြောသင့်သည့်စကား မပြောသင့်သည့်စကား မခွဲခြားနိုင်သူကို ကုတ်ပစ်ချင်လာသည်။ သို့သော် သူမရုန်းကန်မီမှာပင် စစ်ကျွင်းတောက်ပြောသည်ကို ကြားလိုက်ရသည်။
" ငါမင်းအတွက် တွေးပေးနေတာလေ ..."
" မလိုအပ်ဖူး ..."
စစ်ကျွင်းတောက် အေးစက်စွာ ပြောလိုက်သည်။
သူ၏အေးစက်ခက်ထန်သော လေသံနှင့် ကွဲပြားစွာဖြင့် ရင်ခွင်ထဲမှကြောင်လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
" ကလေးဘဝတည်းကစပြီး သူကြီးပြင်းလာတာကို ငါ မြင်ခဲ့ရတာ ... သူအရွယ်ရောက်နေတုန်း တစ်ခုခုအမှားလုပ်မိရင် အဲ့တာ သူ့ကိုအပြစ်မတင်ပဲ ငါ့ကိုအပြစ်တင်ရမှာ ... ပြီးတော့ သူအမှားလုပ်မိရင်လည်း ငါတစ်ယောက်တည်းကပဲ ဆုံးမသွန်သင်ခွင့်ရှိတယ် ... တခြားသူတွေက အဲ့လိုလုပ်ခွင့်ရော အရည်အချင်းရော မရှိဘူး ..."
ကျန်းဇီမော့ ခဏတာ အံ့အားသင့်သွားပြီး ဝမ်မင်ယီသည်လည်း ထိုကဲ့သို့ပင်။ စစ်ကျွင်းတောက်ကို ကြည့်လိုက်သည့်အခါ စစ်ကျွင်းတောက်က သူ၏နှာခေါင်းလေးကို ထိပြီး နူးညံ့စွာပြောလိုက်သည်။
" သူအခု ငါ့စကားတွေကို နာခံနေပြီး စိတ်ဆိုးအောင် ထပ်မလုပ်တော့ဘူးဆိုတော့ အတိတ်က ကိစ္စတွေအတွက် အပြစ်မတင်တော့ပါဘူး ..."
သူ၏မျက်လုံးထဲမှ နူးညံ့မှုများကို မြင်သည့်အခါ ဝမ်မင်ယီ လျှာထုတ်ပြီး လာရောက် ကလူကျီစယ်နေသည့် လက်ချောင်းများကို လျက်ပေးလိုက်သည်။
ဝမ်မင်ယီ သူဘာလုပ်လိုက်သည်ကို စဉ်းစားမိပြီး ကြောက်လန့်သွားသည်။
သူ ဘာလုပ်မိပါလိမ့် ...
ဖူး ဖူး ... အဲ့လိုမလုပ်လိုက်သင့်ဘူး ... ဒီကြောင်လိမ္မော်ရောင်ရဲ့ ခန္ဓာကိုယ်ကိုပဲ အပြစ်တင်ရမယ် ... တခြားလူတွေရဲ့လက်ကို လျှာနဲ့လိုက်လျက်နေမယ်လို့ မထင်ထားမိဘူး ...ဒီအကျင့်ကြီးကမကောင်းဘူးလေ ...