သတင်းထူး groupထဲမှ မိန်းကလေးများ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက Xတက္ကသိုလ်၏ ကျောင်းသားသစ်များ groupမှ လူများက ပို၍တည်ငြိမ်သည်။
[ဝမ်မင်ယီ နက်ဖြန် ပြန်လာမယ်ဆိုတော့ ညစာတူတူစားကြမလား ... သူပြန်လာရင် ညစာတူတူစားမယ်လို့ ပြောထားကြတယ်လေ ...]
[ သွားမယ် ... ငါလည်း ဝမ်မင်ယီ့ဆီကနေ လက်မှတ်တောင်းချင်နေတာ ... အိုး ... ငါ့ညီမကို တစ်နေ့က ဝမ်မင်ယီနဲ့သိတယ် ပြောပြလိုက်တာ မယုံဘူးလေ ... ဒီတစ်ခါ သူ့လက်မှတ်ရရင် သူ့ကိုမပေးတော့ဘူး ငါဒေါသထွက်သွားပြီ ...]
[ ချီချမ်း နင့်ဦးနှောက်နဲ့ ဘယ်လိုကျောင်းပြီးပြီးတော့ တက္ကသိုလ်ရောက်လာတာလဲ ... ဘွဲ့ရဓာတ်ပုံတွေထဲမှာ ထင်းနေတဲ့ ဝမ်မင်ယီ့ပုံပြလိုက်လေ ...]
သူတို့ ရယ်မောလျက် အတန်းဖော်ဟောင်းများနှင့် စနောက်နေကြသည်။
နောက်နေ့မနက်တွင် လူပုံစံပြန်ပြောင်းပြီးချိန်၌ ဝမ်မင်ယီကို စစ်ကျွင်းတောက်က ကျောင်းလိုက်ပို့သည်။
ကားထဲတွင် စစ်ကျွင်းတောက်က သတိပေးသည်။
" နေ့ခင်းကျရင် ဖောက်သည်တစ်ယောက်နဲ့ တွေ့စရာရှိတယ် ... ကျောင်းမဆင်းခင် ဖုန်းမဆက်ဖူးဆိုရင် လာကြိုလို့မရလို့ပဲ ... ကိုယ့်ဘာသာပြန်လိုက်နော် ..."
" အိုကေ ... ကျွန်တော်က ကလေးမဟုတ်ပါဘူး စိတ်မပူနဲ့ ..."
" စကားမစပ် ..."
စစ်ကျွင်းတောက် တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။
" ကျောက်ယန် ဖျော်ဖြေရေးကုမ္ပဏီကိုသိလား ... ဒီရက်ပိုင်း ကုမ္ပဏီ တော်တော်များများကို ဆက်သွယ်ခဲ့ပေမဲ့ ကျောက်ယန် ကုမ္ပဏီတစ်ခုကပဲ အဆင်ပြေတယ် ... အဲ့ဒါကြောင့် သူတို့နဲ့ စာချုပ်ချုပ်ရင်ရော အဆင်ပြေမလား ..."
" ကောကောပြောတာ မူကျိအန်းရဲ့ ကျောက်ယန် ဖျော်ဖြေရေးကုမ္ပဏီလား ..."
စစ်ကျွင်းတောက် ရယ်ပြီး မေးလိုက်သည်။
" မူကျိအန်းကို သိတယ်လား ..."
" ကောကောလည်းသိတယ်မလား မူကျိအန်းက အရမ်းနာမည်ကြီးတယ် ... သူက Golden Laurelဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ရန်မင်းသားဆု ရထားတာပဲ ... သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို လေ့လာဖို့က မလွယ်ဘူး ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါဆို စာချုပ်လက်မှတ်ထိုးမလား ... "
" ဒါပေါ့ ..."
ဝမ်မင်ယီက ကျောက်ယန်ဖျော်ဖြေရေးကုမ္ပဏီကို အလွန် သဘောကျနေသည်။
" ကျွန်တော်ကြားတာတော့ ကျောက်ယန်ရဲ့ ရုပ်ရှင်ကားနဲ့ တီဗွီအစီအစဉ်တွေပ အရမ်းကောင်းတယ်တဲ့ ... ကျွန်တော်က အဆိုတော်ဆိုပေမယ့် အခုဖျော်ဖြေရေးနယ်ပယ်ထဲမှာ အဓိကကျတာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေပဲ ... ကျွန်တော်က အဆိုတော်အဖြစ် ပွဲဦးထွက်ထားပေမယ့် နောက်ဆုံးမှာတော့ ရုပ်ရှင်ရိုက်ရမှာပဲ ... အဲ့ဒါမှ ဒီလောကထဲမှာ အချိန်အကြာကြီး ရပ်တည်နေနိုင်မှာ ..."
" ဟုတ်ပြီ ဒါဆိုရင် အတန်းသွားတက်လေ ... ကျောက်ယန်ကသူဌေးနဲ့ ကိုယ်အရင်ပြောကြည့်လိုက်မယ် ပြီးမှမင်းကို အသေးစိတ်ပြောပြမယ်လေ ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် "ကျောက်ယန်ကသူဌေး" ဟူသည့် စကားလုံးကြောင့် သူသိချင်စိတ်ပေါ်လာသဖြင့် စစ်ကျွင်းတောက်နားကို ကပ်သွားသည်။
" ကောကောက အဲ့သူဌေးနဲ့ သိတာလား ..."
စစ်ကျွင်းတောက် ရယ်လိုက်ပြီး သူ့ခေါင်းကိုပုတ်လိုက်သည်။
" ကိုယ်က လူအများကြီးနဲ့သိတယ် ..."
သူ၏အစ်ကိုက စွမ်းအားကြီးကြောင်း ဝမ်မင်ယီ ခံစားမိသွားသည်။ အစောပိုင်းကာလများက ကျန်းဇီမော့က သူ့အစ်ကိုကို အလွန်စွဲလန်းပြီး ဝမ်ပေါ်ကို လျစ်လျူရှု့ထားသည်မှာ မထူးဆန်းပေ။
" ဒါဆို ကောကောနဲ့ပဲ လွှဲထားမယ်နော် ...ပြီးတော့ ..."
ဝမ်မင်ယီ အလေးအနက်ပြောလိုက်သည်။
" ကျွန်တော်မရှိရင်လည်း ကင်းကင်းရှင်းရှင်းရမယ်နော် ... ကောကောက ကတိတည်တတ်တဲ့လူဆိုတာ မမေ့ပါနဲ့ ... ကျွန်တော့်နောက်ကွယ်မှာ ကျန်းဇီမော့နဲ့တွေ့ရင် ကျွန်တော်လည်း ကောကောနောက်ကွယ်မှာ သူနဲ့တွေ့မိလိမ့်မယ် ..."
စစ်ကျွင်းတောက် ဆွံ့အသွားသည်။
" အတန်းသွားတက်တော့ ..."
ဝမ်မင်ယီ ပြုံးလျက် ဦးထုပ်နှင့် မက်စ်ကို တပ်လိုက်သည်။ သူ့ကို လက်ဝှေ့ယမ်းပြပြီးနောက် ကားထဲမှ ထွက်လာသည်။
ရင်းနှီးနေသော ကျောင်းဂိတ်ဝသို့ ဝမ်မင်ယီလျှောက်သွားသည်ကိုကြည့်ပီ့း သူ၏မျက်လုံးများက နူးညံ့နေသည်။ ငယ်စဉ်ကလည်း ဝမ်မင်ယီကို မူလတန်းကျောင်းသို့ တစ်ခါလိုက်ပို့ဖူးသည်။ ထိုစဉ်က သူ၏ကျောပိုးအိတ်ကိုပင် သယ်ပေးခဲ့ရသည်။ အလယ်တန်းနှင့် အထက်တန်းတွင်လည်း ထိုနည်းလည်းကောင်းပင်။
Xတက္ကသိုလ်၏ ပထမဆုံးကျောင်းဖွင့်ရက်တွင်လည်း ဝမ်မင်ယီကိုလိုက်ပို့ခဲ့ဖူးသည်။ ဤတက္ကသိုလ်က ဝမ်မင်ယီ ပထမဦးစားပေး တက်ချင်ခဲ့သည်မဟုတ်သော်လည်း သတင်းအနုပညာတန်းတွင် ပထမဆုံးကျောင်းသားဖြစ်ကာ ပညာသင်ဆု ရရှိခဲ့သည်။ သူ၏သူငယ်ချင်း လုယွင်ဖေးနှင့်တူတူ မြောက်ပိုင်းမှ ပ်ိုမိုကောင်းမွန်သည့်ကျောင်းသားကို တက်၍ရသော်လည်း မသွားခဲ့ပေ။
ထိုအချိန်က ဝမ်မင်ယီကို အကြောင်းပြချက် မေးခဲ့သော်လည်း ဝမ်မင်ယီက အေးစက်သောမျက်နှာဖြင့် ဂရုစိုက်ရန်မလိုဘူး ဟူ၍သာပြန်ဖြေခဲ့သည်။ စစ်ကျွင်းတောက်က အကြောင်းအရင်းကိုသိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည်လည်း ထိုနှစ်တွင် ဤတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သောကြောင့်ဖြစ်သည်။
သူငယ်စဉ်ကတည်းက သိရှိခဲ့သည့်ကလေးငယ်လေးက မည်မျှပင် အပေါက်ဆိုးနေပါစေ သူ၏နှလုံးသားက အမြဲနူးညံ့နေသည်။ ပါးစပ်နှင့်ပြောခြင်းထက် လုပ်ဆောင်ချက်များဖြင့်သာ တစ်ဆင့်ပြီးတစ်ဆင့် သက်သေပြလိမ့်မည်။ ထိုအပြုအမူက အမှန်တကယ်ပင် ကြောင်နှင့်တူသည်။
ထိုအချိန်က ကံဆိုးစွာဖြင့် ဝမ်မင်ယီက သူ့ကိုယ်သူ ဒေါသထွက်နေခဲ့ပြီး ကျောင်းသို့လိုက်ပို့ပေးရန် စစ်ကျွင်းတောက်၏တောင်းဆိုချက်ကို မျက်ကွယ်ပြုခဲ့သည်။ သို့သော် ယခုအခါတွင် စစ်ကျွင်းတောက်ဘက်သို့ပြန်ရောက်လာကာ ယခင်က ကျောင်းလိုက်မပို့ခိုင်းခဲ့သည်ကို နောင်တရနေခဲ့သည်။ ဤအကြောင်းများကို တွေးမိသောအခါ စစ်ကျွင်းတောက် စိတ်သက်သာရာရသွားသည်။
ထိုအချိန်၍ စစ်ကျွင်းတောက်၏ဖုန်းမြည်လာ၍ ကိုင်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် "မူကျိအန်း" ဟူသည့်နာမည်သုံးလုံးကို မြင်လိုက်ရသည်။
သူ ဖုန်းကိုင်လိုက်သည်နှင့် မူကျိအန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
" စစ်ကျွင်းတောက် မင်း လူမဟုတ်ဖူးပဲ ... ငါ့ရဲ့နောက်ကွယ်မှာ ကျောက်ယန်နဲ့ တိတ်တဆိတ်ဆက်သွယ်နေတယ်ပေါ့လေ ... မင်းတို့တွေ့မယ်ပြောထားပြီး ငါ့ကိုလည်းမခေါ်ဘူး ... ရုပ်ရှင်အတွက်လူက သုံးယောက်ဆို ဘာလို့ ငါ့နာမည် မပါရတာလဲ ... ငါလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ပါ... မင်းရဲ့ ပါတနာက ငါဖြစ်သင့်တာလေ ... ကျောက်ယန်က ဒီမှာမဟုတ်ပဲ ကားအောက်မှာ ရှိနေရမှာ ...မင်းသဘောပေါက်ရဲ့လား ..."