အပိုင်း ၁၈
Viewers 14k

" ပြောစမ်းပါ ... မင်းမပြောရဲဘူးလား ... ငါပြောပြမယ် သန်ဘက်ခါ မင်းနဲ့ကျောက်ယန်တွေ့ရင် ငါလည်းလာမယ် ... ကျောက်ယန်က ငါ့ကိုကတိပေးထားတယ် ... ငါမင်းကိုလာတွေ့မယ် အဲ့တော့မှ ဘာပြောမလဲ ကြည့်ရသေးတာပေါ့..."
" ငါ ဘာအကြောင်းမှ မပြောပါဘူး ... ကျောက်ယန်နဲ့ စာချုပ်ကိစ္စဆွေးနွေးမလို့ ... မင်းလာချင်ရင် လာလို့ရတယ် ..."
" မင်းညီလေးကို ကျောက်ယန်တို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပေးမလို့လား ... ဘုရားရေ ... ကျောက်ယန်က မင်းကို ကတိပေးရဲတယ်ပေါ့ ... မင်းကညီလေးကို ထိန်းချုပ်တာတွေကိုလည်း ကြောက်ပုံမရဘူး ... မကြာခင် သူရူးပြီး ကုမ္ပဏီကို ဖြိုချသွားမယ်ထင်တယ် ..."
" စိတ်မပူပါနဲ့ ... ငါမပျော်ဘူးဆိုရင် အရင်ဆုံးဖြိုချမှာ ကျောက်ယန်ရဲ့ကုမ္ပဏီမဟုတ်ဖူး မင်းကို ..."
မူကျိအန်း "..."
သူက ရိုးသားဖြူစင်တယ်လေ အိုကေနော် ... ဒါက သူနဲ့ဘာဆိုင်လို့လဲ ... သူက ကျောက်ရန်ရဲ့သူဌေးမဟုတ်ဖူးလေ ...
( ကုမ္ပဏီနာမည်ရော သူဌေးနာမည်ရောက ကျောက်ယန်ပါ မကွဲမှာစိုးလို့ ..."
" သန်ဘက်ခါရောက်ရင် မင်းရဲ့ညီငယ်လေးက စာချုပ်မှာလက်မှတ်ထိုးဖို့ ထိုက်တန်လားဆိုတာ ကြည့်ရမယ် ...သူကသစ်သားလို အလှမျိုးဆိုရင်တော့ ကုမ္ပဏီက ပိုက်ဆံကုန်တာပဲအဖက်တင်မယ် ... လက်မှတ်မထိုးတာ အကောင်းဆုံးပဲ ..."
" သူက မင်းလိုသစ်သားပုပ်ကြီးထက်ပိုပြီး ပိုက်ဆံတွေကုန်ပါဦးမလား ... မင်းဘာသာမင်းစိုးရိမ်စမ်းပါ ... သန်ဘက်ခါ မင်မင်မပါဘူး ငါတစ်ယောက်တည်းလာမှာ ..."
စစ်ကျွင်းတောက် တည်ငြိမ်စွာပြောလိုက်သည်။
" မင်းကမှ သစ်သားပုပ်လေ ... သူကဘာလို့မလာရတာလဲ ..."
" သူလာဖို့မှ မလိုတာ ... ငါနဲ့ကျောက်ယန်ပဲ စကားပြောမယ်လေ ... စာချုပ်လက်မှတ်ထိုးမှ သူလာပေါ့ ..."
မူကျိအန်း ဆွံ့အသွားသည်။
" လက်မှတ်လည်း ထိုးမနေပါနဲ့တော့ ... မင်းပဲ သူ့အေးဂျင့်လုပ်ပြီး လက်မှတ်ထိုးလိုက် ... ဒါမှမဟုတ် စတူဒီယိုပါ အသစ်ထပ်ဆောက်ပေးလိုက် ..."
" မင်း သူ့မှာ စတူဒီယိုမရှိမှန်း ဘယ်လိုသိတာလဲ ... ဒီနှစ်ကုန်ခါနီးမှ သူရုတ်တရက် စိတ်ပြောင်းသွားပြီး နယ်ပယ်ထဲမှာ အောင်မြင်ချင်လာတယ် ... နောက်မှ ကျောက်ယန်တို့နဲ့တွဲပြီး ငါသူ့ဖို့ စတူဒီယို ဖွင့်ပေးလိုက်မယ် ..."
မူကျိအန်း "..."
အဲ့လောက်တောင် ညီကို အသည်းအသန် အလိုလိုက်နေတဲ့သူနဲ့ စကားမပြောချင်တော့ဘူ ... အဲ့ကောင်လေးရဲ့အမေကတောင် သူ့လောက်ဂရုစိုက်ပုံ မရဘူး ...
" မင်းညီနဲ့ ပြန်အဆင်ပြေသွားပြီလား ..."
" အင်း ..."
" တကယ်လား ... မင်းဘာသာမင်းတွေးပြီး လုပ်ပေးနေတယ်ထင်နေတာ ... အဆုံးမှာတော့ သူကမင်းကို ကျေးဇူးမတင်တဲ့အပြင် သူ့အတွက်မင်းကို တာဝန်ယူပေးရမယ်လို့ပါ တွေးနေပြီပေါ့ ..."
မူကျိအန်းက ဤသို့အရာမျိုး မကြာခဏမြင်ဖူးခဲ့သည်။ စစ်ကျွင်းတောက် တက္ကသိုလ်တက်စဉ်ကလည်း ထိုသို့ပင်ဖြစ်သည်။ စစ်ကျွင်းတောက် မည်မျှအကောင်းလုပ်ပေးပါစေ ဝမ်မင်ယီက အကောင်းမမြင်ခဲ့ပေ။
ကမ္ဘာပေါ်တွင် အကြမ်းအခံနိုင်ဆုံးလူသားက သူ၏သူငယ်ချင်းစစ်ကျွင်းတောက်ဟုပင် မူကျိအန်း တစ်ခါက တွေးခဲ့ဖူးသည်။ ထို့ပြင် ဝမ်မင်ယီဟူသောကလေးက သူ၏ညီအရင်းမဟုတ်ပဲ အိမ်နီးချင်းကလေးတစ်ယောက်သာဖြစ်သည်။
" သေချာပေါက် ဟုတ်တာပေါ့ ..."
စစ်ကျွင်းတောက်က သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။
" ဆယ်ကျော်သက်အရွယ်ကတော့ နည်းနည်းဖိဆန်ခဲ့တာပေါ့ ... အခုအဲ့အရွယ်ကျော်သွားတော့ အဆင်ပြေသွားပါပြီ ... ငါမင်းနဲ့ ဆက်မပြောတော့ဘူး ... ကားမောင်းနေတယ် ..."
" အေး ဂရုစိုက်ဦး ..."
" စိတ်မပူပါနဲ့ ... မင်းလိုမျိုး စက်ဘီးမစီးတတ်ပဲစီးပြီး စက်ဘီးမှောက်တဲ့လူလို့များ ထင်နေလား ... မင်းရဲ့ ပရိသတ်တွေ သူတို့ရဲ့ နတ်သားလေးက စက်ဘီးတောင်မှ သေချာမစီးတတ်ဖူးဆိုတာ သိကြလား ..."
" ပါးစပ်ပိတ်ထားစမ်း ..."
မူကျိအန်း အလွန်‌ဒေါသထွက်ပြီး ဖုန်းချပစ်လိုက်သည်။
" စက်ဘီးစီးတတ်တာ ဘာများကောင်းလို့လဲ ... ဒီနိုင်ငံမှာ စက်ဘီးစီးတတ်တဲ့သူတွေ အများကြီးရှိတာ စက်ဘီးမစီးတတ်တာမှ ဂုဏ်ယူစရာပေါ့ ... ဟုတ်တယ်မလား ရှောင်ဝမ့် ..."
လက်ထောက် ရှောင်ဝမ့်က ချက်ချင်းပင်ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
" ဟုတ်တယ် ကျွန်တော်လည်း မစီးတတ်ဖူး ... စက်ဘီးစီးတတ်တာ ဘာများ ကြီးကျယ်နေလို့လဲ ... ကျွန်တော်တို့က စက်ဘီးမစီးတတ်တော့ ရှားပါးတာပေါ့ အဲ့တော့ ဈေးကြီးတယ်လေ ..."
" နောက်တစ်ခါဆို နောက်ဆုံးစာကြောင်းထည့်မပြောစမ်းပါနဲ့ ..."
မူကျိအန်းက သူ၏ပခုံးကိုပုတ်လိုက်ပြီး မျက်ဝန်းထဲတွင် ကိုယ်ချင်းစာမှုများဖြင့် ပြည့်နေသည်။
" အဲ့ဒါဆိုးဝါးလွန်းတယ် ..."
ရှောင်ဝမ့် "..."
ဘဝကမလွယ်ဘူးပဲ ...
ရှောင်ဝမ့် သက်ပြင်းချလိုက်သည်။
သူ၏အစ်ကိုက မူကျိအန်းနှင့် သိရုံသာမက ဖုန်းပါပြောနေသည်ကို မသိသော ဝမ်မင်ယီလေးမှာ စာသင်ခန်းကို အချိန်မီရောက်သွားသည်။ လမ်းကို ခပ်သွက်သွက်လျှောက်၍ ဦးထုပ်ဆောင်းပြီး မက်စ် တပ်ထားသောကြောင့် မည်သူမျှ မမှတ်မိကြပေ။ စာသင်ခန်းထဲရောက်၍ ဦးထုပ်နှင့် မက်စ်ကို ချွတ်လိုက်သည့်အခါ အတန်းထဲမှ မိန်းကလေးများအော်သံကို ကြားလိုက်ရသည်။ သူ့တွင် ရွေးချယ်စရာမရှိပဲ အားလုံးကို ရယ်ပြလိုက်ရသည်။ ထို့နောက် နောက်ဆုံးတန်းမှ ကျန်းဟမ့်၏‌ဘေးတွင် သွားထိုင်လိုက်သည်။
မိန်းကလေးများ ချက်ချင်းစုဝေးလာပြီး စကားစမြည်လာပြောကြသည်။
" ဝမ်မင်ယီ အတန်းပဲတက်မှာလား လုပ်စရာကိစ္စတွေ ရှိသေးလား ..."
" ဝမ်မင်ယီ ငါကနင့်ရဲ့ပရိသတ်နော် နင်ဆော့သမျှဂိမ်းတိုင်းကို ကြည့်ဖြစ်တယ် ..."
" ကောကော ဒါက ကျွတ်မကိုယ်တိုင် ‌မှတ်ပေးထားတဲ့ ဒီစာသင်နှစ်ရဲ့ မှတ်စုတွေနော် ... အသုံးဝင်မယ် မ်ျှလေင့်ပါတယ် ..."
……
သူတို့အားလုံးက တဲ့တိုးဆန်ပြီး စိတ်အားထက်သန်ကြသည်။
" ဝမ်မင်ယီ လက်မှတ်ထိုးပေးလို့ရမလား ... ငါ့သူငယ်ချင်းတွေက နင့်ကို အရမ်းကြိုက်ကြတယ် ..."
" ဒါ နင့်အတွက် ငါ့သူငယ်ချင်း လုပ်ပေးထားတဲ့အရြပ်လေးပါ ယူနော် ..."
" ငါ့သူငယ်ချင်းက မေးခိုင်းလိုက်တယ် အခုနောက်ပိုင်းဘာလုပ်နေလဲတဲ့ ... ကုမ္ပဏီတစ်ခုခုမှာ လက်မှတ်ထိုးပြီးပြီလား ... ပြီးရင်ရော ရုပ်ရှင်ရိုက်မှာလား ..."
……
သူတို့ သူငယ်ချင်းတွေအတွက် ပြောနေတာ မဟုတ်မှန်း သိသာလွန်းနေတယ် ...
သူ၏ရှေ့တွင် စုပြုံနေသော လူအုပ်ကြီးကိုကြည့်ကာ ဝမ်မင်ယီ တည်ငြိမ်စွာပြောလိုက်သည်။
" တစ်ယောက်ပြီးမှတစ်ယောက်လာပါ ... လက်မှတ်ထိးလို့ရတယ် ခုံပေါ်တင်ပေးကြပါ ... တစ်ယောက်ကို လက်မှတ်တစ်ခုရမယ် ... အရုပ်တွေတော့ မယူတော့ပါဘူး ... ကုမ္ပဏီတစ်ခုနဲ့တော့ လက်မှတ်ထိုးမှာပါ ဘယ်ကုမ္ပဏီမှန်း မဆုံးဖြတ်ရသေးတာ ..."
အန္တရာယ်မရှိသည့် မေးခွန်းများကိုသာ ရွေးချယ်ဖြေကြားလိုက်သည်။ အကယ်၍ ကျောင်းသားတစ်ယောက်က အင်တာနကါပေါ် တင်လိုက်ပါကလည်း ဖန်တစ်ရာတေနေသည့်စကားများသာ ဖြစ်သည့်အတွက် မည်သူမှ စိတ်ဝင်စားမည်မဟုတ်ပေ။
ရုတ်တရက် တစ်ယောက်ယောက်က မေးလိုက်သည်။
" ဝမ်မင်ယီ ငါliveလွှင့်လို့ရလား ..."
" မရဘူး ..."
ဝမ်မင်ယီ ငြင်းလိုက်သည်။
" ငါအတန်းပြန်လာတက်တာ စာသင်ဖို့လေ ... မင်း liveလွှင့်လိုက်ရင် အားလုံးကငါ့ကို ရှိုးလုပ်တယ်ထင်မှာပေါ့ ... ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး ..."
ထိုစကားကိုကြားသည့်အခါ မိန်းကလေးက ဖုန်းကိုချပြီး တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ် ... အဲ့လို မတွေးလိုက်မိဘူး ..."
" ရပါတယ် ..."
ဝမ်မင်ယီ စိတ်ထဲမထားပေ။
မလှမ်းမကမ်းတွင် စွင်းရှုအပါအတင် လူသုံးယောက်က ဤမြင်ကွင်းကို အေးစက်စွာကြည့်နေသည်။
" သာမန်အချိန်တွေမှာ ပေါ်မလာတတ်တဲ့ တကယ့်ကြယ်ပွင့်လေးပဲ ... ပေါ်လာတော့လည်း တစ်ခန်းလုံးက မိန်းကလေးတွေက သူ့နားပဲကပ်နေတာ ... ငါတို့အဖွဲ့ချုပ်ဌာနခွဲအတွင်းရေးမှူးကို အေးစက်စက်နေတယ် ထင်နေတာ ကြယ်ပွင့်လေးတွေနားကို လိုက်ကပ်နေတတ်တံ့သူမှန်း မသိခဲ့ဘူး ..."
ဝူဖန်းက ထေ့ငေါ့ပြောလိုက်သည်။
စွင်းရှုလည်း မကျေမနပ်ဖြင့် သရော်လိုက်သည်။
" သူက ဘယ်လောက်တောင်နာမည်ကြီးတဲ့ အနုပညာရှင်မို့လဲ ... ရှိုးတွေမှာ ပါရုံလေးကို ... သူကျောင်းပြန်လာတက်တယ်ဆိုတည်းက လုပ်စရာအလုပ်မရှိ ဇာတ်လမ်းတွဲလည်း ရိုက်စရာမရှိလို့ပေါ့ ..."
ဝူဖန်းနှင့် လီကန်းပြောလ်ုက်သည်။
" သူက ဟိုပြိုင်ပွဲမှာ ပထမရတယ်မလား ..."
" ဒီခေတ်မှာ talent showတွေက လူအများကြီးလာပြိုင်သလို နာမည်ကြီးတဲ့လူတွေလည်း တဖြည်းဖြည်းများလာတယ် ... မနေ့ကhot search ကိုရော ကြည့်လိုက်သေးလား ... အဲ့ပြိုင်ပွဲမှာ အဆင့်နှစ်ကနေ ငါးရတဲ့လူတွေက ပွဲဦးထွက်ပြီး သူပဲ ကျန်ခဲ့တာ ... ဒီလောက်ဆို စွန့်ပစ်ခံလိုက်ရတယ်ဆိုတာ‌ သေချာတယ် ...မဟုတ်ရင် ကျောင်းပြန်လာမတက်လောက်ဘူးလေ ..."
ဝူဖန်း ပြောလိုက်သည်။
" ကျောင်းပြန်လာတက်ရတာ မလွယ်ပါဘူး ... သူကကျောင်းကို သူ့အိမ်ထင်နေပုံပဲ ... သွားလိုက်ပြန်လိုက်နဲ့ ... အားလုံးက ကျောင်းကိုစာသင်ဖို့လာတာ ဒီသခင်လေးလို မဟုတ်ဖူး ... သူက စာသင်တာကို အကြောင်းပြပြီး လူတွေအာရုံစိုက်အောင် လုပ်နေသလိုပဲ ..."
" သခင်လေး ကျောင်းလာတက်တာလည်း ကောင်းပါတယ် ... သူ စာကောင်းကောင်းသင်သင် မသင်သင် တက္ကသိုလ်လေးနှစ်တက်ပြီးရင် ဒီပလိုမာရပြီး
နိုင်ငံ့အဆင့်မြင့် သင်ကြားရေးတက္ကသိုလ်ကနေ ဘွဲ့ရမှာပဲလေ ... အရည်အချင်းတွေကို ဘယ်သူကမှ အဆင့်မြှင့်ပေးလို့ မရဘူး ..."
စွင်းရှုက သရော်လိုက်သည်။
" အကျိုးအမြတ်တွေကို ဘာလို့သူပဲရနေတာလဲဆိုတာ ကြည့်ကြသေးတာပေါ့ ..."
သူတို့ ပြောပြီးသည်နှင့် ဘဲလ်သံမြည်လာသည်။ အားလုံးက က်ိုယ့်နေရာကိုယ်ဝင်ထိုင်လိုက်ကြသည်။ ခဏအကြာတွင် ဆရာတစ်ယောက်ဝင်လာပြီး ‌စာသင်သည့်စင်မြင့်ပေါ်ရပ်ကာ အားလုံးကို ပြုံးပြနေသည်။ အားလုံးတိတ်ဆိတ်သွားပြီး စာသင်ရန် စောင့်နေကြသည်။
အသက်မွေးဝမ်းကြောင်းပညာအတွက် ဆရာမက အသက်သုံးဆယ်ခန့်ရှိသည့် စုန့်ယွင်ဟူသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက လှပသည့်အပြင် လက်ချာပေးရာ‌တွင်လည်း သေသပ်သောကြောင့် အတန်းထဲမှကျောင်းသားများ နှစ်သက်ကြသည်။
စုန့်ယွင်က အတန်းထဲမှ ကျောင်းသားများကို အစဉ်အတိုင်း ကြည့်နေစဉ် ကောင်းမွန်စွာဝတ်စားထားသည့် မိန်းကလေးများကို သတိထားမိသွားသည်။ သူမက အပြုံးဖြင့်ပြောလိုက်သည်။
" ဒီနေ့ ရှားရှားပါးပါး အားလုံးအစောကြီးရောက်နေကြပါလား ဘယ်သူမှလည်း အတန်းမလစ်ကြဘူး ... မိန်းကလေးတွေအားလုံးလည်း လှပလို့ ... နေ့တိုင်းသာဒီလိုဆိုရင် ဆရာမပျော်မိမှာပဲ ..."
အတန်းလစ်သည့် ကျောင်းသားများ "..."
ထို့နောက် နောက်ဆုံးတန်းတွင်ထိုင်နေသည့် ဝမ်မင်ယီကို သူမမြင်သွားသည်။ ဝမ်မင်ယီက မက်မွန်ပွင့်ကဲ့သို့ မျက်ခုံးလေးများကို တွန့်ချိုးလျက် သူမကိုပြုံးပြနေသည်။ စုန့်ယွင် သူ၏ လိမ္မာသည့်အပြုံးလေးများက်ု မြင်လိုက်ရသည့်အခါ မျက်စိအေးသွားသည်ဟု ခံစားရသည်။ သူက လှပသောသွင်ပြင်ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သော်လည်း နာမည်ကြီးအနုပညာရှင်မဖြစ်သေးသည်မှာ နှမြောစရာပင်ဟု တွေးလိုက်မိသည်။
သူမ ဝမ်မင်ယီကိုပြုံးပြလိုက်ပြီး စာသင်ရန်ပြင်လိုက်သည်။
သို့သော် အတန်းမစမီ လုပ်စရာတစ်ခု ရှိနေသေးသည်။ သူမက ကျောင်းသားများကိုကြည့်၍ ညင်သာစွာပြောလိုက်သည်။
" အရင် စာသင်ချိန်တုန်းက နာမ်တွေအကြောင်း သင်ခဲ့ရတယ်နော် အခု အတန်းသားတွေကို စစ်ဆေးဖို့လိုတယ် စကြမယ်လေ ..."
ကျောင်းသားအားလုံး ထိုစကားကိုကြားသည့်အခါ ညည်းညူကုန်ကြသည်။ ကျောင်းသားများအတွက် နာမ်အကြောင်းရှင်းလင်းချက်က မိမိတို့သိထားသည့် စကားလုံးများကို လူဘာသာစကားနှင့် ပြန်ပြောရသည်နှင့်မတူသောကြောင့် ကျောင်းသားအများစု မနှစ်သက်ကြပေ။ သတင်းစာပညာဌာနတွင် ဝေါဟာရအသုံးအနှုန်းများ များပြားလွန်းပြီး ခက်ခဲသော ရှင်းလင်းချက်များစွာ ရှိနေသဖြင့် ကျောင်းသားများကို စိတ်ဆင်းရဲစေသည်။ ထို့အပြင့် စုန်ယွင်က အမြဲတစေ စာမေးခြင်း ကျောက်သင်ပုန်းပေါ်တွင် သတ်ပုံရေးခိုင်းခြင်းတို့ကို ပြုလုပ်ခိုင်းသဖြင့် အားလုံးရှေ့၌ စာမရသူများကို ကွပ်မျက်နေသကဲ့သို့ပင်။
ကျောင်းသားများ ညည်းညူကုန်သည်။
" နောက်နေ့မှလုပ်ပါ ဒီနေ့တော့ မလုပ်ပါနဲ့ ..."
စုန့်ယွင်ပြုံးပြီး ခေါင်းခါပြလိုက်သည်။
" မရဘူးနော် ... မင်းတို့ကို ပြင်ဆင်ဖို့အချိန်တစ်မိနစ်ပေးမယ် ...ကဲစပြီ ..."
ကျောင်းသားများ စာအုပ် သို့မဟုတ် မှတ်စုများက်ုဖွင့်ကာ ယခင်အတန်းချိန်က အလွတ်ရွတ်ပြခဲ့ရသည့် နာမ်အကြောင်းများကို ကြည့်နေကြသည်။
ဝမ်မင်ယီလည်း သူ၏အတန်းဖော်ပေးသည့် မှတ်စုကိုဖွင့်ပြီး ကြည့်နေသည်။ သူစာဖတ်နေစဉ်တွက် တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ကို ခံစားလိုက်ရသည်။ မော့ကြည့်လိုက်သောအခါ စွင်းရှုနှင့် အကြည့်ချင်းဆုံသွားသည်။ ‌ထို့နောက် ‌မျက်လုံးထဲတွင် အထင်သေးသည့်မျက်လုံးများဖြင့် ခေါင်းပြန်လှည့်သွားသည်။
ဝမ်မင်ယီ : သူကဘယ်သူတုန်း ... ငါနဲ့သိလို့လား ...
ဝမ်မင်ယီ ကျန်းဟမ့်ကို တို့လိုက်သည်။ ကျန့်ဟမ်က နာမ်အကြောင်းရှင်းလင်းချက်များကိုကြည့်ကာ အလုပ်များနေသည်။ ‌သူ ခေါင်းမမော့ပဲ ဖြေလိုက်သည်။
" ခဏနေစမ်းပါ ငါနောက်တစ်ခေါက်ကြည့်ပါရစေဦး ... မစ္စစုန့်က မင်းကို မမေးပဲ ငါ့ကိုမေးလောက်မှာ ..."
ဝမ်မင်ယီ သူ့ကိုထပ်မနှောင့်ယှက်တော့ပေ။ ကျန်းဟမ့်ကြည့်နေသည့် နာမ်များက်ု ကြည့်လိုက်သည့်အခါ သူ အလွတ်ရပြီးထားသည်များဖြစ်နေသည်။ ၎င်းတိုက မခက်ခဲပေ။ သူ ကျန်းဟမ့်၏ပခုံးကိုပုတ်ကာ အားပေးလိုက်သည်။
" ကြိုးစားထား ..."
ကျန်းဟမ့်ခေါင်းငြိမ့်ပြလိုက်ပြီး တိတ်တဆိတ်စာကြည့်နေသည်။
" အချိန်စေ့ပြီ ..."
စုန့်ယွင်က အသံမြှင့်ပြောလိုက်သည်။
" အခု သတ်ပုံရေးတာစမယ် ... ကျောင်းသာနံပါတ် နှစ်နဲ့သုံးနဲ့ဆုံးတဲ့လူတွေ ကျောက်သင်ပုန်းမှာ သတ်ပုံလာရေးပါ ..."
အတန်းထဲတွင် ကျောင်းသား၃၀ကျော်သာ ရှိသဖြင့် လူ၇ယောက် စာထွက်ရေးရမည်ဖြစ်သည်။ မဲပေါက်သွားသည့်လူများမှာ စင်မြင့်ပေါ်သို့ လေးလံစွာလျှောက်သွားပြီး မာကာများကိုင်ကာ စာရေးရန် ပြင်နေကြသည်။
စုန့်ယွင်က သတ်ပုံသုံးလုံးရေးခိုင်းပြီး ထိုနေရာ၌ပင် အမှားပြင်ခိုင်းသည်။ အမှားရေူမိသူများမှာ ထိုစာလုံးကို အကြိမ်နှစ်ဆယ် ပြန်ရေးရမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများ အမှားလုပ်မိမည်ကို စိတ်ပူနေကြသည်။ ထို့အပြင် ကျန်နေသည့်ကျောင်းသားများကလည်း နောက်တစ်ကြိမ်စာမေးခံရမည်ကို လန့်နေသည်။ အားလုံးစိုးရိမ်ပူပန်နေပြီး တိတ်တဆိတ် ဆုတောင်းနေကြသည်
စုန့ယွင်က အမှားပြင်ပေးပြီးသည့်အခါ အမှားလုပ်မိသဖြင့် အကြိမ်နှစ်ဆယ် ပြန်ရေးရမည့် ကျောင်းသားစာရင်းကို ကျောင်းသားကော်မတီအဖွဲ့ဝင်များကို မှတ်ခိုင်းထားသည်။ ထိုလူများက အတန်းချိန်ပြီးလျှင် မပြန်ပဲ စာပြီးအောင်ရေးရမည်ဖြစ်သည်။ မှားရေးမိသောကျောင်းသားများ စိတ်ညစ်ကုန်ကြပြီး မှန်‌သွားသောလူများက စိတ်သက်သာရာရသွားသည်။
စုန့်ယွင် နောက်တစ်ခေါက်ထပ်ခေါ်ရန် ပြင်နေသည်။ ဤတစ်ကြိမ်တွင် ကျောင်းသားနံပါတ် ၁နှင့် ၇များကို ခေါ်လိုက်သည်။ ဝမ်မင်ယီက ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အမြင့်ဆုံးဖြစ်၍ ခုံနံပါတ်တစ် ဖြစ်သောကြောင့် မတ်တပ်ရပ်လိုက်ရသည်။
စုန့်ယွင်ကကြည့်ပြီး ပြောလိုက်သည်။
" ဝမ်မင်ယီက ကျောင်သင်ပုန်းမှာ လာမရေးပဲ ကိုယ့်ခုံမှာကိုယ်ထိုင်ရေးပါ ..."
ဝမ်မင်ယီ ကြားသည့်အခါ ပြန်ဖြေလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဆရာမ ..."
ထို့နောက် ပြန်ထိုင်လိုက်သည်။
သူ ထိုင်လိုက်ချိန်တွင် အတန်းထဲမှ ယောကျာ်းလေးတစ်ယောက်အသံ ထွက်လာသည်။
" ဘာလို့လဲ မစ္စစုန့် ... သူကျတော့ ထိုင်ခုံမှာရေးရတယ်ပေါ့ ... သူကအခွင့်ထူးခံလား ..."