အပိုင်း ၅၀၇
Viewers 53k

အခန်း ၅၀၇

ပြသနာကောင်ရဲ့ အဝတ်ကိုချွတ်ပြီး လူမြင်ကွင်းမှာ ပြသရမယ်...


"အန်း...စီနီယာအန်း...မလုပ်... အဲ့ဒီလိုမျိုးမလုပ်ပါနဲ့..."


သွမ့်ယင်၏ မျက်နာက နီရဲနေပြီး သူ့မျက်ဝန်းထဲ၌လည်းရှက်ရွံ့မှုနှင့်စိတ်ပျက်မှုများပြည့်နေလေသည်။ပတ်ဝန်းကျင်ရှိ လူများ၏ ရယ်ချင်သော ထူးဆန်းသော အကြည့်များဖြင့် ကြည့်ခြင်းခံရသည်မှာ မီးပူလောင်သလိုပင် ခံစားမိလေသည်။


ဒီနေ့မနက်စောစော၌ သူ မီးထိန်းချုပ်မှု လေ့ကျင့်ခန်းကို ပြုလုပ်ရန်အတွက် စစ်သင်္ဘောပေါ်ရှိ အဂ္ဂိရတ်ပညာအခန်းသို့ သွားရန်စီစဉ်ထားခဲ့သည်။သ်ို့သော်လည်း သူ့အခန်းထဲမှ ထွက်လိုက်သည်နှင့် အခန်းနံရံကို မှီ၍ စောင့်နေသော မှော်ကဝေအန်းရှန့်၏ လက်ထဲ ကျရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။


အန်းရှန့်က စကားတခွန်းမျှပင်မဆိုပဲ စစ်သင်္ဘောပေါ်မှ ပျံသန်းထွက်လာလေသည်။ခုနစ်ပေလောက်ရှည်သော သူ့လိုအမျိုးသားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ သယ်ဆောင်ခြင်းကို ခံလိုက်ရတာလား။


ဒီလိုမျိုးနည်းလမ်းဖြင့် ဆက်ဆံခံလိုက်ရသည်မှာ တကယ့်ကို ရှက်စရာကောင်းလှသည်။


"ဘယ်လိုဖြစ်လို့များ သူ့မှာ ဒီလိုတွေဖြစ်ရတာလဲ သူအနာဂတ်မှာ ဇနီးတစ်ယောက်ရှာဖွေရင် ဘယ်လိုလုပ်ရတော့မလဲ..."


သွမ့်ယင်၏ နှလုံးသားထဲ၌ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေလေသည်။အန်းရှန့်၏ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားသောကြောင့် သူမ၏ လှုပ်ရှားမှုများကလည်း မြန်ဆန်လှသည်။


"တိတ်တိတ်နေ...ဒီအမကြီးက အလျှင်လိုနေတယ် ပိုင်ရှင်ပုရဲ့ အကြောင်းကို ပြောပြီးကတည်းက သူ့အကြောင်းအရမ်းသိချင်နေတယ်...ဒီနေ့ ငါသူ့ကို သွားကြည့်မယ်...ဒါနဲ့ မင်းတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေ မဟုတ်လား...အဆင်သင့်လိုက်လေ ဒီအမကြီးက မင်းတို့နှစ်ယောက်ကိုပြန်လည် တွေ့ဆုံအောင် ပြုလုပ်ပေးမယ်..."


မှော်ကဝေအန်းရှန့်၏ ရှည်သွယ်လျသော ခြေထောက်များကို ဆန့်ထုတ်လိုက်သည်နှင့် ကြီးမားလှသော အကွာအဝေးက လက်မငယ်အဖြစ်သို့ ကျုံ့သွားသလို ထင်လိုက်ရသည်။


လျှင်မြန်လှသည့် အရှိန်ကြောင့် သူမ၏ လှပပြီး ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်နေသလိုပင် ခံစားမိသည်။သွမ့်ယင်က သူမ၏ ယုန်နှစ်ကောင်ကြားထဲ ကျရောက်နေသောကြောင့် ပျော်ရွှင်မှုနှင့် နာကျင်မှုတို့ကို တစ်ပြိုင်တည်းခံစားနေရလေသည်။


သူ အန်းရှန့်၏ စကားကို ကြားလိုက်သည့်အခါ၌ ကြောင်အသွားမိသည်။


"ဘာ ...ပိုင်ရှင်ပုကို သွားတွေ့မယ်...သူအဆင်သင့်မဖြစ်သေးဘူးလေ..."


.....


ဝုန်း....


ကျယ်လောင်လှသော အသံကို လူတိုင်းကြားလိုက်ရသည်။


စားသောက်ဆိုင်ထဲ၌ရှိနေသော သူများ၏ နှလုံးက အပြင်သို့ခုန်ထွက်သွားသလိုပင် ခံစားလိုက်ရသည်။သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်၍ မျက်လုံးများပြူးကျယ်နေပေသည်။


အန်းကူ၏ ကြေးခေါင်းတလားက ကြီးမားသော ပုံရိပ်တစ်ခု၏ တားဆီးပိတ်ပင်ခြင်းကို ခံလိုက်ရပြီးနောက် စွမ်းအင်များက လေထဲ ပြန့်ကျဲသွားလေသည်။


ထိုပုံရိပ်က သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် ရုပ်သေးတစ်ရုပ်ဖြစ်သည်။ရုပ်သေး၏ မျက်ဝန်းများက ခရမ်းရောင်တောက်ပနေပြီး သူ့ခန္ဓာကိုယ်မှလည်း အမြောက်ဆန်အစီအရင်၏ အော်ရာများထုတ်လွင့်နေသည်။


နန်ကုန်းမောင်နှမနှစ်ယောက်က လေအေးတစ်ချက်ရှိုက်သွင်းလိုက်ပြီးနောက် ပြန်လည်၍ စိတ်သက်သာရာရသွားသည်။


ဆိုင်ငယ်လေး၏ ဖောက်သည်များဖြစ်ကြသူများက ဝှိုက်တီကို ရင်းနီးနေပေပြီ။သူတို့က ပိုင်ရှင်ပု၌ အလွန်သန်မာသည့် ရုပ်သေးတစ်ရုပ်ရှိကြောင်းသိထားကြပေသည်။


သို့သော်လည်း စားသုံးသူအသစ်များကမူ ထိတ်လန့်အံ့အားသင့်နေကြသည်။


တကယ်တမ်းသူတို့ ထိတ်လန့်ရသည့်အကြောင်းအရင်းက ပိုင်ရှင်ပု၏ ဝှက်ဖဲက ဒီရုပ်သေးရုပ်ဖြစ်နေသောကြောင့်ပင်။ဝှိုက်တီကို မြင်လိုက်သူအများစု၏ မျက်နာ၌ ထူးဆန်းသည့်အမူအရာပေါ်လာလေသည်။


"ပိုင်ရှင်ပု ဒါကြီးက မဟုတ်သေးပါဘူး...မင်းက ရုပ်သေးဂိုဏ်းကလူရှေ့မှာ ရုပ်သေးအသုံးပြုချင်တာလား..."


"ဘာကြောင့်ငါက အရမ်းစိတ်လှုပ်ရှားနေမိတာလဲ...ရုပ်သေးဂိူဏ်းက ရုပ်သေးက ပိုင်ရှင်ပုရဲ့ ရုပ်သေးထက် သန်မာပါ့မလားဆိုတာ ငါတို့ မသိနိုင်ဘူးလေ..."


"အန်းကူရဲ့ ကြေးခေါင်းတလားထဲမှာ နောက်ထပ်ရုပ်သေးရှိပုံရတယ်..."


စားသုံးသူများက ပုဖန်အဆင်ပြေသည်ကို တွေ့မှသာလျှင် စိတ်သက်သာရာရစွာ သက်ပြင်းမှုတ်လိုက်မိသည်။ထို့နောက် သူတို့ သိချင်စိတ်ပြင်းပြစွာဖြင့် ဆူဆူညံညံ ဖြစ်လာလေသည်။


ပုဖန်က သူ့မျက်နာပေါ်ကျနေသော ဆံပင်များကို ဖယ်လိုက်ပြီး အန်းကူကို ကြည့်လိုက်၏။သူအကြည့်များက အလွန်အမင်းအေးစက်နေပေသည်။


"ငါပြောခဲ့ပြီးသား...ငါဆိုင်ရှေ့မှာပြဿနာရှာတာကို လုံးဝ ခွင့်မပြုဘူး...ကြည့်ရတာတော့ မင်းက ငါ့ရဲ့ စကားကို သေချာနားမလည်ပုံပဲ..."


အန်းကူက ပုဖန်ကို တစ်ချက်မျှ စောင်းကြည့်လိုက်ပြီးနောက် သူ့၏ အနီရောင်မျက်ဝန်းများက ဝှိုက်တီရှိရာဆီသို့ ရွေ့လျားသွားသည်။ထို့နောက် သူ့မျက်ဝန်းထဲ၌ အံ့အားသင့်ထိတ်လန့်သွားသည့် အရိပ်အယောင်မျိုးပေါ်လာသည်။


"ရုပ်သေး...ဒါ အထူးရုပ်သေးပဲ..."


ထိုရုပ်သေးက ရုပ်သေးဂိုဏ်းမှ ပြုလုပ်ထားသော ရုပ်သေးနှင့် ကွဲပြားခြားနားနေပေသည်။


"တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြီ....ရုပ်သေးတစ်ရုပ်...မင်းက ငါ့လို ရုပ်သေးဂိုဏ်းက လူရှေ့မှာ ရုပ်သေးနဲ့ ရင်ဆိုင်ရဲတယ်ပေါ့ မင်းက ဒီလိုမျိုးလုပ်ရဲတဲ့ ပထမဆုံးလူပဲ..."


အန်းကူက ခပ်အက်အက်ရယ်မောလိုက်ပြီးနောက် သူ့၏ လက်ကိုမြှောက်လိုက်သည်။သူ့လက်ကို ဖုံးကွယ်နေသည့် အင်္ကျီလက်စက လျှောကျသွားလေရာ အနက်ရောက်လက်သည်းများကို မြင်လိုက်ရလေသည်။သူ့လက်ဖဝါးပေါ်၌ ထူးဆန်းသည့် လိုင်းများပြည့်နှက်နေသည့် နွေးထွေးပုံရသည့် ကျောက်စိမ်းတစ်ခုကို မြင်လိုက်ရလေသည်။


ဝီ...


စွမ်းအင်လှိုင်းများ ဖြန့်ကျက်လာပြီးနောက် ဝှိုက်တီ၏ လက်ဖဝါးပေါ်ရှိ ကြေးခေါင်းတလားက တုန်ခါလာသည်။ဆိုင်ထဲ၌ ကျိုးအက်သည့် အသံများထွက်ပေါ်နေပြီးနောက် ခေါင်းတလားက ပို၍ပို၍ ပြင်းထန်စွာ တုန်ခါလာ၏။


ထို့နောက် ကြေးခေါင်းတလားက တဖြေးဖြေးချင်းပွင့်လာလေသည်။ဝတ်ရုံနက်အောက်မှ အန်းကူ၏ မျက်ဝန်းနီနီများက ပို၍ပို၍ပင် နီရဲတောက်ပလာသည်။ပတ်ဝန်းကျင်မှလည်း ရယ်သံဖျော့ဖျော့များထွက်ပေါ်လာသလိုထင်ရသည်။


အားလုံး၏စိတ်နှလုံးသားများတဆတ်ဆတ်တုန်ယင်သွားသလို ခံစားလိုက်ရသည်။နန်ကုန်းဝူချယ်ပင်လျှင် နှလုံးလှုပ်သွားသည်ဟု ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။


ထို့နောက် ကြေးခေါင်းတလားအတွင်းမှ ပုံရိပ်တစ်ခု ထရပ်လာသည်ကို တွေ့လိုက်ရသည်။ပတ်ဝန်းကျင်ရှိ လူများက ထိုမြင်ကွင်းကို ထူးဆန်းအံ့သြစွာကြည့်နေကြသည်။


ကြေးခေါင်းတလားထဲမှ တွားထွက်လာသော ပုံရိပ်က အေးစက်လှသော အော်ရာများကို ထုတ်လွင့်နေသည်။အားလုံးထိုပုံရိပ်ကိုမြင်လိုက်သည်နှင့် လေအေးတစ်ရှိုက်ရှုရှိုက်လိုက်မိကြသည်။


လုံးဝနက်ဆွေးနေသည့် ရုပ်သေးတစ်ရုပ်ဖြစ်သည်။ရုပ်သေးဟု ခေါ်ရခြင်းမှာ သူ့၏ ပုံသဏ္ဍာန်က လူတစ်ယောက်၏ ပုံရိပ်နှင့် ဆင်တူနေသောကြောင့်ဖြစ်သည်။


"ဒါက အန်းကူရဲ့ ရှေးဟောင်းရုပ်အလောင်းလား..."


ထိုအလောင်းရုပ်သေးကိုသူ့၏ ရတနာတစ်ပါးဖြင့်ပင် မှတ်ယူနိုင်ပေသည်။အလောင်းရုပ်သေး၏ အရောင်က အလွန်မဲမှောင်နေသောကြောင့် သူမျက်နာကိုမည်သူမျှမမြင်ရပေ။


ထိုအလောင်းရုပ်သေး၏ ပြောင်ရှင်းနေသော ခေါင်းပေါ်တွင်လည်း လိုင်းကြောင်းများရှိနေသည်။ရုပ်သေး၏ အရေပြားကလည်း သံဖြင့် ပြုလုပ်ထားသည်ဟု ထင်ရလေသည်။


ထိုအလောင်းရုပ်သေး၏ မျက်ဝန်းသေများက အနီရောင်တောက်ပနေသည်။ထိုအနီရောင်မျက်ဝန်းနှင့် ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းတို့ထိပ်တိုက်တွေ့ဆုံသွားသောအခါ၌ ပေါက်ကွဲမှုများဖြစ်ပေါ်လာလေသည်။


ဂါး.....


ထိုအလောင်းရုပ်သေးက ပါးစပ်ဖွင့်ဟလိုက်သည်နှင့် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံမျိုးထွက်ပေါ်လာသည်။ဝှိုက်တီ၏ မျက်ဝန်းများက အလင်းတစ်ချက်လက်သွားပြီးနောက် လုံးဝ အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ဝှိုက်တီက အန္တရာယ်များသည်ဟု ထင်ရလေသည်။


"ပြဿနာကောင် မင်းကို အဝတ်တွေချွတ်ပြီးတော့ လူမြင်ကွင်းမှာ ပြသရမယ်..."


ကြေးခေါင်းတလားထဲမှ ထွက်ပေါ်လာသော အလောင်းရုပ်သေးက ချက်ခြင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။ထို့နောက် ဝှိုက်တီ၏ ဘေး၌ ပေါ်လာပြီး ခေါင်းအနောက်ကို ခြေထောက်ဖြင့်လွှဲ ကန်လိုက်လေသည်။ထိုကန်ချက်က လေဟာနယ်ကိုပင် ပိုင်းဖြတ်ပစ်တော့မလိုထင်ရလေသည်။


ဘန်း...ဘန်း...ဘန်း...


ဝှိုက်တီက အားအင်အပြည့်ဖြင့် ကြေးခေါင်းတလားက်ို တွန်းထုတ်လိုက်ပြီးနောက် သူ့လက်သီးကြီးဖြင့် ခြေထောက်ကို ထိုးနှက်လိုက်သည်။


သံထည်အချင်းချင်း ထိခတ်သံက ဆူညံစွာထွက်ပေါ်လာသည်။ထိုထိုးနှက်ချက်အပြီးနောက် ဝှိုက်တီက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး အလောင်းရုပ်သေးက အန်းကူ၏ ဘေးနားသို့ ပြန်လည်ရောက်ရှိသွားသည်။


ကျယ်လောင်လှသော အသံနှင့်အတူ ခေါင်းတလားကလည်း မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျရောက်လာသည်။ထိုဆီမှ အနက်ရောင်စွမ်းအင်များလည်း အဆက်မပြတ်ထွက်ပေါ်နေသည်။


"စိတ်ဝင်စားစရာပဲ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်...အဲ့ဒါက ငါ့ရုပ်သေးရဲ့ တိုက်ခိုက်မှုကိုတောင်ခုခံနိုင်တယ် တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်သေးပဲ..."


အန်းကူ၏ မျက်ဝန်းများက ပို၍ တောက်ပလာပြီးနောက် သူစိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာပြောလိုက်သည်။ဝှိုက်တီ၏ ခန္ဓာကိုယ်က စတင်လှုပ်ရှားလာပြီးနောက် ပြက်းထန်လှသော အော်ရာများကို စတင်ထုတ်လွင့်လာသည်။သူကအလင်းတန်းတစ်ခုကဲ့သို့ပင် အလောင်းရုပ်သေးကို စတင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။


အလောင်းရုပ်သေး၏ ခန္ဓာကိုယ်မှလည်း တကျွတ်ကျွတ်အသံများထွက်ပေါ်လာသည်။သူကလည်း ဝှ်ိုက်တီကို တိုက်ခိုက်ရန် ပြင်လိုက်သည်။


ခပ်လှမ်းလှမ်းရှိ သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ဘလက်ကီက မျက်လုံးဖွင့်ကြည့်လိုက်သည်။သူက နက်မှောင်နေသည့် အလောင်းရုပ်သေးကို ပျင်းရိစွာကြည့်ပြီး သန်းဝေလိုက်သည်။


ထို့နောက် သူက ထိုတိုက်ခိုက်မှုကိုဂရုမစိုက်တော့ပဲ သက်တောင့်သက်သာဖြစ်အောင် နေရာယူလိုက်ပြီးနောက် ပြန်လည်အိပ်စက်လိုက်သည်။


ဘုန်း...ဘုန်း...


ဝှိုက်တီနှင့် အလောင်းရုပ်သေးတို့၏ တိုက်ခိုက်မှုကြောင့် ဧရိယာတစ်ခွင်လုံးတွင် နားကွဲလောက်ဖွယ်အသံကျယ်များ ပြည့်နှက်နေလေသည်။အနား၌ရှိနေကြသော စားသုံးသူများအားလုံးကလည်း မျက်မြင်တွေ့ကြုံနေရသောမြင်ကွင်းကြောင့် အံ့သြမဆုံးဖြစ်နေကြသည်။အန်းကူ၏ ခန္ဓာကိုယ်ကလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပေသည်။


"ဒါက တကယ်ကိုပဲ အရမ်းအံ့အားသင့်စရာကောင်းတယ်...တကယ်လို့ ငါသာ အဲ့ဒီရုပ်သေးကို ပြန်ယူသွားပြီး ရှာဖွေမှုတစ်ချို့လုပ်လိုက်မယ်ဆိုရင် ငါ့ရဲ့စွမ်းဆောင်ရည်က နောက်ထပ်အဆင့်တစ်ဆင့် တိုးတက်လာနိုင်တယ်..."


အန်းကူ၏ အက်ရှရှအသံတွင် စိတ်လှုပ်ရှားမှုများ ပို၍ပို၍ ပြင်းထန်လာသည်။သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များကို

စတင်၍လည်ပတ်လိုက်သည်။သူ့နောက်ကျောဘက်မှ အစစ်အမှန်စွမ်းအင် စိတ်ဝိညာဉ်ကြိုးသုံးကြိုးပေါ်လာလေသည်။


ပုဖန်က ထိုမြင်ကွင်းများကို မျက်နာအမူအရာကင်းမဲ့စွာဖြင့်ပင် ကြည့်နေသည်။ထို့နောက် သူ အန်းကူ၏ လှုပ်ရှားမှုကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။


ထို့နောက် သူနှင့်ခပ်လှမ်းလှမ်းတွင်မျက်နာသေဖြင့် ရပ်နေသော နယ်သာရီကို လှည့်ကြည့်လိုက်ပြီး လက်ယက်ခေါ်လိုက်သည်။


သူ့အပြုအမူကြောင့် နယ်သာရီ ခဏမျှကြောင်အသွားမိသည်။သို့သော်လည်း ချက်ချင်းပင် သတိဝင်လာပြီး ပုဖန်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။


"နယ်သာရီ အဲ့ဒီ ပြဿနာရှာနေတဲ့လူကို ဆိုင်အပြင်လွှတ်ပစ်လိုက် ငါဒီည မင်းရဲ့ ထမင်းကြော်ပွဲကို တိုးပေးမယ်..."


ပုဖန်က နယ်သာရီ၏ အနားနားသို့တိုး၍ ခပ်တိုးတိုးပြောလိုက်သည်။နောက်ဆုံး၌ နယ်သာရီ၏ မျက်နာအမူအရာက ပြောင်းလဲသွားပြီး သူမနှုတ်ခမ်းပါးနှစ်ခုကို ခပ်တင်းတင်းဖိလိုက်သည်။


"နဂါးသွေးထမင်းကြော်ကို တိုးပေးမယ်ဟုတ်လား..."


သူမက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပုဖန်ကိုကြည့်လိုက်သည်။


"နှစ်ဆတိုးပေး..."


"ပြဿနာမရှိဘူး..."


ပုဖန်ကလည်း ခေါင်းညိတ်လိုက်သည်။သဘောတူညီချက်ရပြီးသည်နှင့် နယ်သာရီ၏ မျက်ဝန်းများက တောက်ပသွားလေသည်။


လေတစ်ချက်တိုးခတ်သွားသလို ပုဖန်ခံစားလိုက်ရသည်။သူ့ဘေးနား၌ရပ်နေသော နယ်သာရီက မသိလိုက်ချိန်မှာပင် ပျောက်ကွယ်သွားလေသည်။


ဝှိုက်တီနှင့် အလောင်းရုပ်သေးတို့က တစ်ယောက်နှင့်တစ်ဆယာက် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ရုတ်တရက် အလောင်းရုပ်သေး၏ လှုပ်ရှားမှုက တုံ့ဆိုင်းသွားပြီးဝှိုက်တီလည်း ကြောင်အသွားလေသည်။


သူတို့နှစ်ယောက်ကြားသို့ လှပသည့်အမျိုးသမီးတစ်ယောက်ရောက်လာသောကြောင့် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။နယ်သာရီက အလောင်းရုပ်သေးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


"ဒါဘယ်လိုအကြည့်မျိုးလဲ..."


အလောင်းရုပ်သေးက နယ်သာရီကို ဦးတည်၍ ကျုံးဝါးအော်ဟစ်လိုက်သည်။ခဏချင်းမှာပင် နယ်သာရီက ခြေတစ်လှမ်းလှမ်းလိုက်ပြီး အလောင်းရုပ်သေး၏ ခေါင်းပေါ်သို့ ရောက်သွားသည်။သူက အလောင်းရုပ်သေး၏ ခေါင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။ရုပ်သေးက မည်မျှလှုပ်ရှားရုန်းကန်စေကာမူ သူမပြုတ်ကျသွားအောင် မစွမ်းဆောင်နိုင်ပေ။


"တစ် နှစ် သုံး...ထွက်သွား..."


အလောင်းရုပ်သေးက အကြိမ်အနည်းငယ်မျှ ရုန်းကန်ပြီးသည့်အချိန်၌ နယ်သာရီက သူမ၏ လက်ကောက်ဝတ်လေးကို အသာအယာ လှုပ်ခတ်လိုက်ပြီး ထိုရုပ်သေးကို အပြင်သို့ ပစ်လွှတ်လိုက်လေသည်။


ထိုရုပ်သေး မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်၌ ဗုံးကျဲလိုက်သကဲ့သို့ပင် မြေပြင်က တုန်ခါသွားပြီး အက်ကွဲသွားလေသည်။


အပြာဝတ်စုံနှင့်လူငယ်နှင့် ကြီးမားလှသော ဓားကိုသယ်ထားသည့် လူတို့က ပုဖန်၏ ဆိုင်သို့ လျှောက်လာနေသည်။သူတို့ ဆိုင်သို့ရောက်သည့်အချိန်၌ပင် ဆိုင်ထဲမှ တစ်စုံတစ်ရာထွက်လာသောကြောင့် အံ့အားသင့်သွားကြသည်။


ထိုဓားကြီးကို သယ်ဆောင်ထားသည့်လူက ရှီးမန်ရွှမ်ဖြစ်သည်။ထိုသူက မဟာဂိုဏ်း၏ ကောင်းကင်ဘုံဆယ်ပါး အမွေခံဆယ်ယောက်ထဲတွင် နံပါတ် ၃နေရာကိုချိတ်သည့် ပါရမီရှင် တစ်ယောက်ဖြစ်သည်။သူက မဟာဂိုဏ်းမှ ကောင်းကင်ဘုံးဆယ်ပါး အမွေခံတစ်ယောက်ဖြစ်သော ရဲချန်၏ သေဆုံးမှုကို စုံစမ်းမည့်သူဖြစ်သည်။


အပြာရောင်ဝတ်စုံနှင့်သူက လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ရှောင်ဟယ်ဖြစ်သည်။


စားသောက်ဆိုင်ထဲသို့ ရောက်ချိန်၌ပင် ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် မြင်ကွင်းမျိုးကို မြင်ရလိုက်မည်ဟု သူတို့ဘယ်သူမှ မမျှော်လင့်ထားမိပေ။


ကြည့်ရသည်မှာ သူတို့ထက်အရင် တစ်စုံတစ်ယောက်ရောက်နှင့်ပုံပေါ်လေသည်။ထိုမြင်ကွင်းကို မြင်လိုက်ရသောသူများအားလုံးက ပါးစပ်အဟောင်းသားဖြစ်နေလေသည်။


အန်းကူက ဇဝေဇဝါဖြစ်သွားပြီး အသက်ရှုနှုန်းများပင် ရပ်တန့်သွားလေသည်။


"အခုဘာတွေဖြစ်သွားတာလဲ..."


သူ့၏ နေရာမှာပင် ရပ်နေသော ဝှိုက်တီက တွေဝေငေးမောနေလေသည်။ထို့နောက် သူ့၏ ယပ်တောင်လက်ကို မြှောက်၍ ခေါင်းပြောင်ပြောင်ကို ကုတ်လိုက်မိသည်။သူ လေထဲ၌ မျောလွင့်နေသော နယ်သာရီကို အံ့အားတသင့် ကြည့်လိုက်လေ၏။


ပုဖန်၏ နှုတ်ခမ်းပါးလေးများက မျဉ်းဖြောင့် သဏ္ဍာန် တင်းသွားပြီး အပြုံးရေးရေးလေးတစ်ခုပေါ်လာသည်။သူပြောစရာစကားလုံး ပျောက်နေပေသည်။


တစ်ခုတည်းသော ပြောစရာဟူ၍ ...


"နယ်သာရီ အမကြီး နင်လူမှားပြီး ပစ်လိုက်မိပြီ..."


ပုဖန်က သူ့၏ ဆိုင်ထဲတွင် အေးအေးဆေးဆေးကျန်ခဲ့သော အန်းကူကို လွှတ်ပစ်ခိုင်းခြင်းဖြစ်သည်။သို့သော်လည်း နယ်သာရီက ထိုသူ၏ ရုပ်သေးကို လွှင့်ပစ်လိုက်မည်ဟု သူမထင်ထားမိပေ။


"အဲ့ဒီနယ်သာရီက အစားငမ်းနေတာနဲ့ တုံးအသွားတာလား..."


ထိုအမှားမျိုးပြုလုပ်မည်ဟု သူမထင်ထားခဲ့မိပေ။သို့သော်လည်း သူမ၏ အမှားက အမှားကောင်းပင်ဖြစ်သည်။အလောင်းရုပ်သေးက်ို လွှင့်ပစ်လိုက်ပြီးနောက် သူမ၏ အကြည့်များက အနက်ရောင်ဝတ်စုံဖြင့် အန်းကူပေါ်သို့ ကျရောက်လာသည်။


ရေတံခွန်တစ်ခုကဲ့သို့ ဖြာကျနေသော သူမ၏ ဆံနွယ်ရှည်များကို အန်းကူဆီသို့ ပစ်လွှတ်လိုက်သည်။အန်းကူ၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားသည်။သူကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များကို လှည့်ပတ်လိုက်ခါ နယ်သာရီ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။


သို့ဆသ်ာလည်း ခဏအတွင်းမှာပင် သူ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။နယ်သာရီ၏ တိုက်ခိုက်မှုကို သူမပိတ်ဆို့နိုင်ကြောင်းသိသွားလေသည်။တစ်ချိန်တည်းမှာပင် သူ့၏ ခြေလက်များကိုပင် ပူးချည်ခံလိုက်ရပြီး သူ့နောက်ကျောရှိ အစစ်အမှန်စိတ်ဝိညာဉ်ကြိုးများလည်း ပြိုကွဲသွားလေသည်။


နယ်သာရီက အန်းကူဆီသို့ ဖြေးဖြေးချင်းလျှောက်လာပြီးနောက် သူမ၏ ပြင်းထန်လှသော သေမင်းစွမ်းအင်များ သိပ်သည်းနေပုံရသည့် မျက်ဝန်းနက်များဖြင့် ငုံ့ကြည့်လိုက်လေသည်။ထိုသေမင်းစွမ်းအင်များက အန်းကူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။


"ကြောက်ဖို့ကောင်းတယ် ...ဒါ အရမ်းကို ကြောက်ဖို့ကောင်းတယ်...ဒီအမျိုးသမီးက ဘယ်သူများလဲ..."


"ဝီ...ပြဿနာကောင် မင်းရဲ့ အဝတ်အစားတွေ ချွတ်ပစ်ပြီး လူမြင်ကွင်းမှာ ပြသရမယ်..."


စက်ရုပ်သံ တစ်သံထွက်ပေါ်လာလေသည်။နယ်သာရီ၏ နောက်၌ ခေါင်းကို ပွတ်သပ်နေသော ဝှိုက်တီပေါ်လာလေသည်။နယ်သာရီနှင့် အန်းကူတို့ နှစ်ယောက်လုံး စွံ့အမှင်သက်သွားမိသည်။


"ချွတ်ပစ်မယ် ..."


"ချွတ်ပြီးတော့ လူမြင်ကွင်းမှာပြသမယ်...မင်းညီမကိုပဲ သွားချွတ်...ရုပ်သေးအစုတ်အပျက် ငါ့နားကိုမလာနဲ့ ဒီနားကို လုံးဝမလာနဲ့..."


ဝှိုက်တီ၏ မျက်ဝန်းမှ အလင်းတဖျက်ဖျက်ကို မြင်လိုက်သည်နှင့် အန်းကူ၏ စိတ်ထဲ၌ နာကျင်ကိုက်ခဲသွားသလို ခံစားလိုက်ရသည်။သူ အက်ရှရှအသံဖြင့် အသားကုန်အော်ဟစ်လိုက်လေသည်။နောက်ခဏအတွင်း၌ပင်...


ရွှစ်...ရွှစ်...


ကျယ်လောင်သည့်အော်သံနှင့်အတူ အဝတ်အစားများ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။အန်းကူ၏ ခန္ဓာကိုယ်နှင့် မျက်နာကို ဖုံးအုပ်ထားသော အနက်ရောင်အဝတ်အစားများ ချွတ်ပစ်ခံလိုက်ရလေသည်။


အနား၌ရှိနေကြသော သူများအားလုံးက အန်းကူ၏ ခန္ဓာကိုယ်ပုံစံကို မြင်လိုက်ရသောအခါ လေအေးများ ရှုရှိုက်လိုက်မိကြသည်။