အပိုင်း ၅၀၈
Viewers 53k

အခန်း ၅၀၈

လွှမ်းမိုးနိုင်စွမ်းသော နယ်သာရီ


စားသောက်ဆိုင်အတွင်း၌...

 အဝတ်အစားများဆုတ်ဖြဲသံ ကြည်လင်ပြတ်သားစွာထွက်ပေါ်လာသည်။ဝှိုက်တီလက်ထဲမှ အဝတ်အစားအပိုင်းအစများက လေထဲ လွင့်ပျံသွားသည်။


အဝတ်နက်အောက်၌ ဖုံးကွယ်ထားသော အန်းကူ၏ ခန္ဓာကိုယ်ကို ထင်ထင်ရှားရှားလှစ်ဟ ပြသလိုက်လေသည်။


အန်းကူ၏ ခန္ဓာကိုယ်ကို မြင်လိုက်သည့်ခဏ အားလုံး လေအေးတစ်ရှိုက်က် ရှုရှိုက်လိုက်မိကြသည်။သူတို့၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေသည်။ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်ခဏ၌ မထိန်းချုပ်နိုင်ပဲ အာမေဋိတ်သံအကျယ်ကြီး ပြုလုပ်မိလိုက်ကြသည်။


အံ့အားသင့်ထိတ်လန့်မှုက သူတို့ကို လုံးဝ လွှမ်းခြုံသွားလေသည်။ဖုံးကွယ်ထားသော ဝတ်ရုံနက်အောက်မှ အန်းကူက အနီရောင်ဆံတိုလေးနှင့် ဖြစ်သည်။သူ့အသားအရည်က သွေးမလျှောက်သလို ဖြူဖျော့နေသည်။


အန်းကူ၏ သွေးနီရောင်မျက်ဝန်းတစ်စုံထဲ၌လည်း စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုများပြည့်နှက်နေသည်။သို့သော်လည်း သူမ၏ မျက်နာလေးက မယုံနိုင်စရာကောင်းလောက်အောင် လှပသည်။


တကယ်တမ်းအန်းကူက အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းသည် လူအများစဉ်းစားနိုင်သည်ထက်ပင် ကျော်လွန်နေပေသည်။သို့သော်လည်း လူများ အံ့အားသင့်ထိတ်လန့်သွားရခြင်းမှာ သူမ အမျိုးသမီး တစ်ယောက်ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။သူမ၏ ခန္ဓာကိုယ်က ...


"ဘယ်လိုလုပ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖြစ်နိုင်မှာလဲ..."


လည်ပင်းအောက် ဖြူဖွေးနူးညံ့လှသော လက်တစ်စုံမှလွဲ၍ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးက သတ္ထုဖင့် ပြုလုပ်ထားခြင်းဖြစ်သည်။


"သူက သံရုပ်သေးတစ်ရုပ်... အသက်ရှင်နေတဲ့ ရုပ်သေးရုပ်..."


သူဝတ်ထားသည့် ဝတ်ရုံအောက်တွင် တင့်တယ်လှသည့် အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပုံစံမရှိပေ။အမျိုးသမီးများကဲ့သ်ို့ နူးညံ့ချောမွေ့နေခြင်းမရှိပဲ ကြောက်စရာကောင်းသည့် မြင်ကွင်းကသာ စီးကြိုနေလေသည်။အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း လှပသော အမျိုးသမီးဟု ယူဆ၍ မရပေ။


"ရုပ်သေးဂိုဏ်းက တကယ့်ကို လမ်းလွဲနေတဲ့ ဂိုဏ်းပဲ ..."


"အန်းကူက အမျိုးသမီးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး..."


"ဒါကို အမျိုးသမီးတစ်ယောက်လို့ကော ခေါ်လို့ရပါဦးမလားကွာ...သူတို့ရဲ့ ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ်ပြောင်းထားတဲ့လူက ...အွန်း... သောက်က်ျိုးနဲ သူကတကယ့်ကို ရုပ်ဆိုးတာပဲ..."


"ကြောက်ဖို့ကောင်းတယ် ရုပ်သေးဂိုဏ်းက နည်းလမ်းတွေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ... သူတို့က တခြားသူတွေကို အညှာအတာ ကင်းမဲ့စွာဟဆက်ဆံရုံတင်မကဘူး သူတို့ကိုယ်သူတို့လည်း အရမ်းရက်စက်တာပဲ..."


စားသုံးသူများက သူမ၏ ခန္ဓာကိုယ်ကို ကြောက်ရွံ့စွာပင် ကြည့်နေရင်း တီးတိုးတီးတိုးပြောဆိုနေကြသည်။


"ဒီလိုပုံစံမျိုးနဲ့ပေါ်လာတယ်ဆိုတော့ သူမက လူသားရုပ်သေးအဖြစ် ဒဏ္ဍာရီတွင်သွားနိုင်လား..."


လူတစ်ယောက်ကို လူသားရုပ်သေးအဖြစ် ပြောင်းလဲလိုက်ခြင်းက ရုပ်သေးဂိုဏ်း၏ အရက်စက်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ရလဒ်အနေဖြင့် ထိုလူက ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားပြီး အသက်လည်းပိုရှည်လာလေသည်။


"ခွေးသားတွေ...မင်းတို့အားလုံး တစ်ယောက်မကျန်သေရမယ်..."


ထိုသူ၏ မျက်ဝန်းထဲ၌ သွေးဆာရက်စက်သော အငွေ့အသက်များ ပြည့်လျှံနေလေသည်။သူက အက်ရှရှအသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သို့သော်လည်း အားလုံးက သေချာစွာ နားထောင်ကြည့်လိုက်လျှင် အမျိုးသမီးတစ်ယောက်၏ စူးရှ သေးညှပ်သည့် အသံကိုသာ ကြားရပေလိမ့်မည်။


ထိုသို့ဖြစ်ရခြင်းမှာ အန်းကူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှု ကင်းလွတ်သွားပေပြီ။ထို့ကြောင့် သူမ၏ အသံကို မထိန်းချုပ်နိုင်တော့ခြင်းဖြစ်သည်။


ရုပ်သေးဂိုဏ်းမှ လူတစ်ယောက်အနေဖြင့် သူမ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ဂရုစိုက်ခြင်းမရှိသော်လည်း လူအများရှေ့၌ လှစ်ဟပြရခြင်းကတော့ အခြေအနေတစ်မျိုးဖြစ်သွားပေသည်။


သူမ၏ အသားကုန်ဟစ်အော်လိုက်သံကြောင့် ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းထဲ၌ အလင်းတစ်ချက် လက်သွားသည်။ထို့နောက် ကြီးမားလှသည့် ယပ်တောင်ကဲ့သို့ လက်ဖဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး အညှာတာမဲ့စွာဖြင့် ဆိုင်ပြင်သို့ ပစ်ထုတ်လိုက်လေသည်။


သန်မာလှသော အလောင်းရုပ်သေးနှင့် အန်းကူတို့ နှစ်ယောက်လုံး ဆိုင်ပြင်သို့ အလွယ်တကူ လွှတ်ပစ်ခံလိုက်ရခြင်းက အားလုံးကို အံ့အားသင့်သွားစေလေသည်။


ယခုတော့ စားသုံးသူများက ဤစတိုးဆိုင်ထဲတွင် ကြောက်စရာကောင်းသည့် ဖြစ်တည်မှုနှစ်ခုရှိကြောင်း သိရှိသွားပေသည်။


တစ်ခုက နယ်သာရီဖြစ်ပြီး နောက်တစ်ခုကတော့ ထ်ိုကြီးမားလှသည့် ရုပ်သေးရုပ်ဖြစ်သည်။


.......


ဓားလွယ်ထားသော ရွှီးမန်ရှမ်လည်း ဆိုင်ထဲမှ ပုံရိပ်နှစ်ခု လွင့်ပျံထွက်လာသည်က်ို တွေ့လိုက်သောအခါ ကြောင်အ မှင်သက်နေမိသည်။အပြာရောင်အဝတ်နှင့် ရှောင်ဟယ်၏ မျက်ဝန်းများက တောက်ပသွားသည်။


"အဲ့ဒီရုပ်သေးက ရုပ်သေးဂ်ိုဏ်းကပဲဖြစ်ရမယ် ဒါဆိုရင် သူ့ဘေးက တစ်ယောက်က ရုပ်သေးသခင် အန်းကူပေါ့...သူက တကယ်တော့ အမျိုးသမီးတစ်ယောက်ဖြစ်နေတာလား ...ကြည့်ရတာတော့ မကြာခင်မှာပဲ ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတော့မယ်ထင်တယ်...အဲ့ဒီရုပ်သေးဂိုဏ်းရဲ့ ချန်ပီယံတစ်ယောက်ကို ဒီလိုမျိုးအပြစ်ပြုလို့မရဘူး..."


ထိုရုပ်သေးဂိုဏ်းက အလွန်နာမည်ဆိုးဖြင့်ကျာ်ကြားလေသည်။အကယ်၍ သူတို့သာ ဘာမှမလုပ်လျှင် ထိုကဲ့သို့ ဆိုးရွားသည့် ဂုဏ်သတင်းရှိနေလိမ့်မည်မဟုတ်ပေ။


ရှောင်ဟယ်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးတက်သွားသည်။


သူတို့နှစ်ယောက်က ခပ်ဝေးဝေးမှာနေ၍သာ မြေပြင်ပေါ်မှ ကုန်းထလာသော အလောင်းရုပ်သေးနှင့် အန်းကူကို ကြည့်နေကြသည်။


အန်းကူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ စတင်ပြန့်နှံ့လာသည်။


သတ္တုဖြင့် ပြုလုပ်ထားသော အန်းကူ၏ ခန္ဓာကိုယ်တစ်ခုတည်းကပင် ကြောက်စရာကောင်းသည့် မြင်ကွင်းဖြစ်နေပေသည်။ထိုသတ္တုခန္ဓာကိုယ်ပေါ်၌ အဆက်မပြတ် ခုန်လှုပ်နေသော နှလုံးပုံစံငယ်လည်း ရေးဆွဲထားသည်။


နှလုံးတစ်ချက်ခုန်လိုက်တိုင်း အန်းကူ၏ ခန္ဓာကိုယ်မှ သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွင့်လာသည်။


"မင်းတို့အားလုံး သေရမယ်..."


အန်းကူက မြေပြင်ပေါ်မှ ကြိုးစားရုန်းကန်ထလိုက်သည်။သူ့၏ မျက်ဝန်းများက ပို၍ တောက်ပနီရဲနေပြီး အသံက ပြာအက်နေပေပြီ။နှလုံးခုန်နှုန်းက ပို၍ပို၍ မြန်ဆန်လာပြီးနောက် သူမဆီမှ ထုတ်လွင့်နေသော စိတ်ဝိညာဉ် စွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားသည်။ထိုစွမ်းအင်များက လေထဲ၌ စိတ်ဝိညာဉ် သံကြိုး ကွင်းဆက် ပုံသဏ္ဍာန်ပေါ်နေလေသည်။


အလောင်းရုပ်သေးကလည်း စတင် ပြောင်းလဲလာသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ မဲမှောင်နေသော လိုင်းများမှ အလင်းများ တောက်ပလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများ ပြန့်နှံ့လာသည်။


.....


ပုဖန် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။သူ့၏ ပုံစံက အေးဆေးတည်ငြိမ်နေတုန်းပင်ဖြစ်၏။ရူးသွပ်တော့မလို ဖြစ်နေသော အန်းကူကိုကြည့်လိုက်သည်။ထို့နောက် မျက်နှာသေဖြင့်ပင် လက်ကိုဝှေ့ယမ်း၍ ဆိုင်ထဲမှ ခေါင်းတလားကို အပြင်သို့ ပစ်ထုတ်လိုက်သည်။ခေါင်းတလားက အသံကျယ်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်များထောင်းထောင်းထသွားလေသည်။


ဝှိုက်တီက ပုဖန်၏ နောက်တွင် ငြိမ်သက်စွာ ရပ်၍ ကြည့်ရှုနေလေသည်။ကြည့်ရသည်မှာ သူက ပုဖန်၏ အိမ်မွေးတိရစ္ဆာန်အကြီးစားနှင့် ပင် တူနေလေသည်။


လေထဲ၌ ရပ်တည်နေသော နယ်သာရီက သူမ၏ နူးညံ့လှသော ခြေထောက်လေးများကို လှုပ်ရှားရင်း ရှေ့သို့ လှမ်းလိုက်သည်။ရှည်လျားလှသော သူမ၏ အနက်ရောင်စကပ်နှင့် အနက်ရောင်ဆံနွယ်များက အနောက်၌ တဖျက်ဖျက်လွင့်ခါနေသည်။သူ့၏ ဘေးပတ်ဝန်းကျင်၌လည်း တင့်တယ်လှသော အော်ရာများ ဖုံးလွှမ်းနေပြီး မသေမျိုးတစ်ပါးကဲ့သို့ပင် ထင်ရလေသည်။


"ငါ့ဆိုင်မှာ ပြဿနာမရှာနဲ့လို့ ငါပြောခဲ့ပြီးပြီ ...မင်းက ငါ့စကားမှနားမထောင်တာ..."


ပုဖန်က ရိုးရှင်းသည့် စကားတစ်ခုကိုပင် ထပ်ပြောလိုက်သည်။သူ့၏ အကြည့်များက အန်းကူ၏ သတ္တုခန္ဓာကိုယ်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။


အကယ်၍သူမသာ ဆိုင်၌ ပြဿနာမရှာလျှင် ဝှိုက်တီက အဝတ်အစားများကို ချွတ်ပစ်မည်မဟုတ်ပေ...အမျိုးသမီးတစ်ယောက်၏ အဝတ်အစားများကို ချွတ်ပစ်ခြင်းက စော်ကားရာရောက်သည်ဆိုသော်လည်း သူမကသာ ထိုသို့ လုပ်ရန် တောင်းဆိုသည့်သူဖြစ်သည်။


"ငါနင့်ကို သတ်မယ်..."


အန်းကူ၏ အက်ရှသည့်အသံက ရေခဲတမျှအေးစက်နေပေပြီ။သူမ၏ သလင်းကျောက်ကဲ့သို့ ကြည်လင်ဖြူစင်လှသော လက်ဖဝါးလေးကို မြှောက်လိုက်သည်နှင့် အလင်းများ စတင်တောက်ပလာသည်။ထို့နောက် တစ်ချက်ဝှေ့ယမ်း၍ ပုဖန်ဆီသို့ ရိုက်ချလိုက်သည်။


သူမဘေးနားရှ်ိ အလောင်းရုပ်သေးကလည်း ဟိန်းဟောက်မှုပြုလိုက်ပြီး မြေပြင်ကို ခြေဖြင့်စောင့်နင်းလိုက်သည်။မြေပြင်က ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းရာများထသွားလေသည်။


မြူကောင်းကင်မြို့၏ ပြန်လည်ပြုပြင်ရေးအစီအရင်က တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အပျက်အစီးများကို ပြင်ဆင်ပေးနိုင်သည်ဆိုသော်လည်း အလောင်းရုပ်သေးက ခြေတစ်ချက်ဖြင့်ပင် ပျက်စီးမှုများကို ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ထိုအချင်းအရာဖြင့်ပင် အလောင်းရုပ်သေး မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်ပေသည်။


ဝုန်း...


ဖိအားအများအပြားပါဝင်နေသည့် ပြင်းထန်လှသော လေပြင်းတစ်ဝှေ့တိုက်ခတ်သွားသည်။အလောင်းရုပ်သေးက အဆင့် ၁ ဆင့်တည်းကိုသာ ကျော်ဖြတ်ရသေးသော်လည်း အဆင့် ၃ဆင့် ကျော်ဖြတ်ပြီးသားပညာရှင်ဖြင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။


အလောင်းရုပ်သေး၏ စွမ်းအားများကြောင့် ကြည့်ရှုနေကြသူများအားလုံး ထိတ်လန့်အံ့အားသင့်ပြီး အသက်ပြင်းပြင်းပင် မရှူရဲကြတော့ပေ။


ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့နှစ်ယောက်လည်း ထိုမြင်ကွင်းကြောင့် မျက်လုံးများပြူးကျယ်သွားသည်။


ထိုကြေးခောင်းတလားအန်းကူက တကယ့်ကို အစွမ်းရှိသည့် အမျိုးသမီးတစ်ယောက်ပင် သူမ အလောင်းရုပ်သေး၏ သန်မာမှုတစ်ခုတည်းဖြင့်ပင် မျိုးဆက်သစ်များထဲ သူမနာမည်ကို ရေးထိုးဖို့ လုံလောက်နေပပြီ။


ဆ်ိုင်ပေါက်ဝတွင်ရပ်နေသော ပုဖန်က သူ့ရှိရာဆီသို့ တိုးဝင်လာသော အလင်းတန်းကို ကြည့်နေသည်။ပြင်းထန်လှသော လေပြင်း၏ သက်ရောက်မှုကို ကြံ့ကြံ့ခံနိုင်သကဲ့သို့ သူ့မျက်နာက မျက်နာသေဖြင့်ပင် ရှိနေသည်။


ထို ထိုးနှက်ချက်က ပုဖန်ဆီသို့ ရောက်တော့မည့် အခိုက်မှာပင် နယ်သာရီက စတင်လှုပ်ရှားလိုက်သည်။သူမ၏ ဆံနွယ်ရှည်များက ထက်မြေ့လှသော ဓားတစ်ချောင်းကဲ့သို့ လွှဲယမ်းသွားလေသည်။


အလောင်းရုပ်သေး၏ လက်နှင့် နယ်သာရီတို့ဆံပင်တို့ ထိတွေ့ရာမှ ကျယ်လောင်လှသည့် အသံထွက်ပေါ်လာသည်။မပျက်စီးနိုင်သော အလောင်းရုပ်သေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းက ပိုင်းပြတ်သွားလေသည်။


 အန်းကူ၏ ခန္ဓာကိုယ်က စတင်တုန်ယင်လာသည်။သူမက ပြတ်တောက်သွားပြီဖြစ်သော အလောင်းရုပ်သေး၏ လက်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လေသည်။


"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


သူမက ထိုအလောင်းရုပ်သေးကို မြောက်များလှစွာသော ရှေးဟောင်းအလောင်းရုပ်သေးများ စုစည်း၍ ပြုလုပ်ထားခြင်းဖြစ်သည်။ထို့အပြင် မရေမတွက်နိုင်လောက်သော သတ္တုပစ္စည်းများစွာကိုလည်း ထည့်သွင်း၍ ပို၍ ခိုင်မာအောင် ပြုလုပ်ခဲ့လေသည်။


အလောင်းရုပ်သေးက နတ်ဘုရားတစ်ပိုင်းလက်နက်များထက်ပင် ပို၍ မာကြောလေသည်။ထိုသို့သောအရာက ဆံပင်ဖြင့်ပင် တို့ဟူးတုံးကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရလေသည်။


နယ်သာရီ၏ မျက်ဝန်းများက နက်သထက်နက်မှောင်လာသည်။သူမ၏ မျက်သားအဖြူများပင် လုံးဝ နက်မှောင်သွားပေပြီ။သူမက အလွန်ဒေါသထွက်နေပေပြီ။သူမ၏ ပုံရိပ်က ဖြတ်ခနဲ လှုပ်ရှားသွားပြီး ပုဖန်၏ ရှေ့၌ ပြန်ပေါ်လာသည်။


အလောင်းရုပ်သေးက လက်တစ်ဖက်ပြတ်သွားပြီဆိုသော်လည်းပုဖန်ဆီသို့ တိုက်ခိုက်မှု အရှိန်က ပြောင်းလဲမသွားသေးပေ။သူကပုဖန်ကို ကျယ်လောင်စွာ မာန်ဖီလိုက်သည်။


နယ်သာရီ၏ လှပလှသောမျက်နာလေးက အမူအရာကင်းမဲ့စွာ အလွန်တည်ငြိမ်နေလေသည်။သူမက လက်ဖဝါးကို အသာမြှောက်လိုက်ပြီး ပုဖန်ကို တိုက်ခိုက်ရန်ကြိုးစားနေသည့် အလောင်းရုပ်သေးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။


ကျယ်လောင်လှသော အသံတစ်သံ ထွက်ပေါ်လာပြီး အလောင်းရုပ်သေးက ထိုမမြင်ရသော လက်ဝါးရိုက်ချက်ကြောင့်မြေပြင်ပေါ် လဲကျသွားလေသည်။


"ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."


အန်းကူ၏ သွေးမရှိသောမျက်နာက ပို၍ပို၍ပင် ဖြူဖျော့လာပေပြီ။အခုလက်ရှိ၌ သူမ၏ စိတ်ထဲ၌ ဒေါသများ အုံကြွနေပြီး ရူးသွပ်သွားတော့မလို ထင်ရလေသည်။


"အခုထ သူတို့ကိုသတ်..."


သူက လက်ဖြင့်ပင် စည်းတစ်ချို့ရေးဆွဲလိုက်လေရာ လေထဲ၌ ထူးဆန်းလှသည့် စွမ်းအင်လှိုင်းများ ပြည့်နှက်လာသည်။မြေပေါ်၌ လဲကျနေသော အလောင်းရုပ်သေးက စွမ်းအင်များကို လက်ခံရရှ်ိလိုက်သလိုမျိုး တစ်ချက်ဟိန်းဟောက်လိုက်သည်။


ထို့နောက် မြေပြင်မှ ပြန်လည်ထကြွလာပြီး နယ်သာရီဆီသို့ တဟုန်ထိုး ဦးတည်လိုက်လေသည်။နယ်သာရီက အေးစက်စွာဖြင့်ပင် နောက်ထပ်ရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။အလောင်းရုပ်သေးက ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ထပ်မံလဲကျသွားလေသည်။


ဘန်း...ဘန်း...


နယ်သာရီက နောက်ထပ်ရိုက်ချက်အနည်းငယ် ထပ်ပို့လွှတ်လိုက်လေရာ အလောင်းရုပ်သေး၏ ခန္ဓာကိုယ်ပေါ်၌ အက်ကွဲရာများပြည့်နှက်လာသည်။သူ့ခန္ဓာကိုယ်ပေါ်တွင် အကောင်းတိုင်းရှိနေသည့် နေရာမကျန်တော့ပေ။


အန်းကူက သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး သူမမျက်နာက ပို၍ ဖြူဖျော့လာသည်။သူမ၏ သတ္တုခန္ဓာကိုယ်ထဲမှ နှလုံးသားကပင် ကျုံ့လာသည်ဟု ထင်ရသည်။


"ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ...အဲ့ဒီအမျိုးသမီးက ဘာလို့ အစွမ်းထက်နေတာလဲ...ဘာလို့လဲ..."


နတ်ဘုရားတစ်ပိုင်းလက်နက်ထက်ပင် မာကျောလှသော အလောင်းရုပ်သေးက ထိုအမျိုးသမီး၏ ရိုက်နှက်အနိုင်ကျင့်ခြင်းကို ခံလိုက်ရသည်။


ထ်ိုအမျိုးသမီးက အဆင့် ငါးဆင့်ကို ခ်ျိုးဖောက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် ဖြစ်နေပြီလား...


အနားမှာရှိသည့် သူများကလည်း ထိတ်လန့်အံ့အားသင့်နေကြသည်။သူတို့က အလောင်းရုပ်သေး၏ စွမ်းအားအစစ်အမှန်ကို မသိသောကြောင့် အန်းကူကဲ့သို့ နယ်သာရီ၏ ခွန်အားကို ခန့်မှန်းနိုင်ခြင်းမရှိပေ။သို့သော်လည်း သူမပြသလိုက်သည့် အင်အားကပင် အံ့သြစရာကောင်းလွန်းနေသည်။


အနည်းဆုံးတော့ နယ်သာရီက အန်းကူထက် ပို၍ သန်မာကြောင်း သူတို့ သိသွားပေပြီ


။အန်းကူ၏ စိတ်ထဲ၌ တုန်လှုပ်မှုများပြည့်နှက်နေပေပြီ သူမက အလောင်းရုပ်သေးကို ပြန်လည်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း ဆက်သွယ်မှုမရှိတော့ကြောင်း ထိတ်လန့်စွာ သိလိုက်ရလေသည်။


သူမ အလောင်းရုပ်သေးက်ို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။နယ်သာရီက အလောင်းရုပ်သေးကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ပြီး အပိုင်းအစတစ်ချို့က မြေပြင်ပေါ် ပြန့်ကျဲနေပေသည်။အန်းကူ ထိုအပိုင်းအစများကိုကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။


သူ့မျက်နာကလည်း စက္ကူတစ်စထက်ပင် ဖြူဖျော့နေပေသည်။သူမ၏ လက်ကို ဝှေ့ယမ်းလိုက်လေရာ ခေါင်းတလားက သူမနားသို့ ပျံဝဲလာလေသည်။


သူမကြေးခေါင်းတလားကို ဆုပ်ကိုင်လိုက်ပြီး စားသောက်ဆိုင်ပေါက်ဝ၌ အေးဆေးစွာ ရပ်နေသော ပုဖန်ကို စိုက်ကြည့်လိုက်သည်။သူမ၏ အကြည့်များက အလွန်ပင် မဲမှောင်နေလေသည်။ထို့နောက်ချာခနဲ လှည့်ထွက်ပြီး အဝေးသို့ ပြေးထွက်သွားလေတော့သည်။


သူမ၏ အလောင်းရုပ်သေးပင်လျှင် အပိုင်းပိုင်းဖြစ်အောင် အရိုက်နှက်ခံရလေရာ အနည်းငယ်ဆက်နေလျှင် သေတွင်းတူးသလို ဖြစ်မည်ဖြစ်ကြောင်း သူမကောင်းစွာသိပေသည်။


နယ်သာရီက အန်းကူကို လိုက်လံဖမ်းဆီးဖို့ စိတ်မဝင်စားပေ။သူမက မည်သည့် ကိစ္စမှမဖြစ်ပွားခဲ့သည့်အတိုင်း ပုဖန်ဘေးနားသို့ ပျံသန်းသွားလိုက်သည်။


"ဒီညထမင်းကြော် နှစ်ဆ ပေးရမယ်နော်..."


ပုဖန်ကို သတိပေးပြီးသည်နှင့် ပြောစရာစကားမဲ့နေသော ပုဖန်ကို ချန်ထားခဲ့ပြီး ဆိုင်အတွင်းသို့ ပြန်ဝင်သွားလိုက်သည်။


စားသုံးသူများကလည်း နယ်သာရီကို အံ့သြတကြီးကြည့်နေကြလေသည်။


ပိုင်ရှင်ပုက ပဉ္စလက်စုဝေးပွဲတွင် ပြဿနာများရှာ၍ သူ့၏ ဂုဏ်သတင်းကို တိုးမြင့်ခဲ့ကြောင်း အားလုံးသိထားကြပြီးပေပြီ။ယခု သူ့၏ ဆိုင်အတွင်းမှ အမျိုးသမီးကလည်း ကြောက်စရာကောင်းနေပေပြီ။


ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့နှစ်ယောက်လုံးက အနည်းမျှပင်တုံ့ဆိုင်းမှုမရှိပဲ ထွက်ပြေးသွားသည့် အန်းကူကိုကြည့်၍ စွံ့အနေကြသည်။


"ကြေးခေါင်းတလား အန်းကူက တကယ်ကြီး ထွက်ပြေးသွားတယ်လား..."


ကြေးခေါင်းတလား အန်းကူက တကယ့်ကို သန်မာလှလေသည်။သို့သော် လူပင်မသိသည့် စားသောက်ဆိုင်လေးတစ်ဆိုင်မှနေ၍ ရိုက်နှက်ခံရပြီး ခွေးတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားရလေပြီ။


"အကိုရှီးမန် ငါတို့ အဲ့ဒီကို သွားဦးမှာလား..."


ရှောင်ဟယ်၏ မျက်နာက တောင့်တင်းနေပြီး စကားလုံးအနည်းငယ်ကိုပင် ဖျစ်ညှစ်၍ ပြောလိုက်ရသည်။


သူ့၏ ရှေ့မှ မြင်ကွင်းများကို ထင်ထင်ရှားရှားမြင်ခဲ့ရသောကြောင့် ရှီးမန်ရွှမ်၏ ခန္ဓာကိုယ်ကလည်း တုန်ယင်နေသည်။


"ငါ..."


သူစကားပြောတော့မည့် အချိန်တွင်ပင် ကြီးမားလှသော အော်ရာတစ်ခုကိုခံစားလိုက်သည်။ထို့နောက် လေထဲ၌ အရှိန်အဟုန်ဖြင့် လာနေသောပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။


သူတို့နှစ်ယောက် ခေါင်းမော့ကြည့်လိုက်ရာ ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ယောက်နှင့် မီးခိုးရောင်ဆံပင်များနှင့် အမျိုးသားတစ်ယောက် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။