အပိုင်း ၅၀၉
Viewers 62k

အခန်း.၅၀၉

ငါ့ရဲ့ရင်နှစ်မွှာကို ဂုဏ်ဆာမိတယ်...


သွမ့်ယင်၏ မျက်နာပေါ်၌ ရှက်ရွံ့မှုက စာရေးထားသလို ထင်ရှားနေခဲ့သည်။သူလုံးဝကို ရှက်ရွံ့နေပေသည်။သို့သော်လည်း နတ်ဆိုးတစ်ကောင်နှင့် ကြုံတွေ့ရာ၌ သူဖြစ်ရပ်မှန်ကိုသာ လက်ခံရန်သာတတ်နိုင်သည်။အန်းရှန့်ကဲ့သို့ နတ်ဆိုးနှင့် ဆုံတွေ့ရလျှင် သူတွင် ထွက်ပေါက်မရှိတော့ပေ။


"မင်းတို့ ဘာကို ကြည့်နေတာလဲ မင်းတို့ ယုန်ပေါက် တစ်ခါမှ မမြင်ဖူးဘူးလား..."


အန်းရှန့်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ရှီးမန်ရွှမ်တို့၏ အကြည့်များကို သတိထားမိသွားသည်။


ဒီအမျိုးသမီးက ဒီမှာဘာလာလုပ်တာလဲ...


ရှီးမန်ရွှမ်၏ မျက်နာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင်မျိုး ပေါ်လာသည်။


ရှောင်ဟယ်က နူးညံ့ငြင်သာစွာ ပြုံးပြလိုက်သည်။သူတို့က အန်းရှန့်ကို သိပေသည်။


မြူကောင်းကင်မြို့တော်၏ ပါရမီရှင် အဂ္ဂိရတ်ပညာရှင် မှော်ကဝေအန်းရှန့်...


စွမ်းရည်များစွာကို ပိုင်ဆိုင်ထားသောကြောင့် လူအများအပြားက တအံ့တသြအသိအမှတ်ပြုထားကြသူဖြစ်သည်။


"အာ...ဒါက အန်းမိန်းကလေးပဲ ဖြစ်ရမယ်...တွေ့ရတာဝမ်းသာပါတယ်..."


ရှောင်ဟယ်က အသာအယာ ရယ်လိုက်သည်။


ဆိုင်ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်အံ့အားသင့်ရသော်လည်း အလှလေးရှေ့တွင်တော့ အပြုအမူကောင်းကိုသာ ဖော်ထုတ်ပြသခဲ့သည်။


အန်းရှန့်က တစ်ချက်မျှသာကြည့်လိုက်သည်။သူမက စိတ်ပျက်မှုနှင့် အနည်းငယ် ဆူပုတ်ပုတ်ပင်ဖြစ်နေသည်။


"နှာဘူး..."


ရှောင်ဟယ်၏ မျက်နာပေါ်က အပြုံးက တောင့်တင်းသွားလေသည်။သူကလည်း လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ပါရမီရှင် ကျောင်းသားတစ်ယောက်ဖြစ်ပြီး အမျိုးသမီးအများအပြားကလည်း သူ့ကို ကြိုက်နှစ်သက်ကြလေသည်။သူမ ရေရွတ်လိုက်သော နှာဘူးဆိုသည့်စကားက ဘာအဓိပ္ပါယ်ပါမည်နည်း။


"ငါ့ရဲ့ မောင်လေး သွမ့်ယင်ကသာ သဘောကျစရာကောင်းတယ် ...သူက အများကြီး ပိုကောင်းတယ် ..."


အန်းရှန့်က သွမ့်ယင်ကို မြေပြင်ပေါ်ချပေးပြီး ရေရွတ်လိုက်သည်။


သွမ့်ယင်က ကြယ်မြင် လမြင် ခံစားနေရပြီး သူ့၏ ခြေထောက်များ ပျော့ခွေနေတုန်းပင်ဖြစ်သည်။သူအလွန်ဒေါသထွက်နေပေပြီ။သူ့၏ မီးခိုးရောင်ဆံနွယ်များကလည်း ရှုပ်ပွနေသည်။


အမျိုးသမီး၏ လှုပ်ရှားမှုများက အလွန်ပင်မြန်ဆန်လှလေရာ သူမ၏ ရင်နှစ်မွှာကလည်း အဆက်မပြတ်လှုပ်ခါနေသည်။လမ်းခရီးတစ်လျှောက် သူမူးဝေပြီး သူ့မျက်ဝန်းများပင် နာကျင်လာသည်။


"မောင်လေး သွမ့်ယင် သွားကြစို့ ...ငါနင့်ကို နင့်ရဲ့ ပိုင်ရှင်ပုနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်...သူမက ပါးစပ်ကို လက်ဖြင့် အသာကာရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။


သွမ့်ယင် စိတ်ပျက်လက်ပျက် မျက်လုံးသာ လှန်လိုက်မိတော့သည်။


"ငါ့ရဲ့ ပိုင်ရှင်ပုဆိုတာက ဘာအဓိပ္ပါယ်တုန်း..."


ရှောင်ဟယ်က သူ့ကို လျစ်လျူရှုထားသည့် နှစ်ယောက်ကိုကြည့်ရင်း ပြောစရာစကားပျောက်နေလေသည်။


ထို့နောက် အန်းရှန့်က သူမ၏ ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ကို စည်းချက်ကျကျလှုပ်ခါရင်း စားသောက်ဆိုင်ရှိရာဆီသို့ လျှောက်သွားလေသည်။


အကိုရှီးမန်ငါတို့လည်း သွားကြည့်ကြစို့ အဲ့ဒီစားသောက်ဆိုင်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်...စားသောက်ဆိုင်ထဲက အမျိုးသမီးက အန်းကူကိုတောင် အနိုင်ယူလိုက်တယ်ဆိုတော့ သူကလည်း လူမသိသူမသိ လူတစ်ယောက်တော့မဟုတ်နိုင်ဘူး..."


ရှောင်ဟယ်က အန်းကူ၏ နောက်ကျောကိုကြည့်ရင်း ရှီးမန်ကို ပြောလိုက်သည်။သူအလွယ်တကူ အရှုံးမပေးချင်သေးပေ။ရှီးမန်ရွှမ်က တစ်ချက်သာကြည့်၍ မည်သည့် တုံ့ပြန်စကားမှ မဆိုတော့ပဲ စားသောက်ဆိုင် အရှေ့သို့ လျှောက်သွားလိုက်လေသည်။


တိမ်ခိုးစားသောက်ဆိုင်နှင့် နီးလာလေလေ သွမ့်ယင်၏ အံ့သြမှုများက ပိုများလာလေလေ 


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဘယ်လိုဖြစ်ပြီး ဒီစားသောက်ဆိုင်က အရမ်းရင်းနီးနေရတာလဲ..."


လေအလင်းအင်ပါယာထဲမှ ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ ရောက်ခဲ့ဖူးသော သူတစ်ယောက်အနေဖြင့် သူရှေ့မှ စားသောက်ဆိုင်က ထိုဆိုင်ငယ်လေးနှင့် ထပ်တူတူညီနေကြောင်း ပြောနိုင်ပေသည်။


"တိမ်ခိုးစားသောက်ဆိုင်က တကယ့်ကိုရှိနေတာပဲ ငါကြီးပြင်းလာတဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဦးဆုံးအကြိမ် စားသောက်ဆိုင်တစ်ဆိုင်မြင်ဖူးခြင်းပဲ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်..."


မှော်ကဝေ အန်းရှန့်က စားသောက်ဆိုင်ကို စူးစမ်းအကဲခတ်ရင်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။


သွမ့်ယင်လည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။


ဆေးမြို့တော်များထဲတွင် ကောင်းကင်ဆေးမြို့တော်ကအကြီးဆုံးမြို့တစ်မြို့ ဖြစ်သည်။


တောက်ပကောင်းကင်မြို့တော်နှင့် မြူကောင်းကင်မြို့တော်နှင့် ယှဉ်လိုက်လျှင် အဆာခံဆေးလုံးများကို ပိုအသုံးများလေသည်။အကယ်၍ သူသာ ခရီးမထွက်ခဲ့လျှင် စားသောက်ဆိုင်များ၏ တည်ရှိမှုကို သိခဲ့ရမည်မဟုတ်ပေ။ရသာမျိုးစုံ အဆာခံဆေးလုံးမျာထက် ပို၍ပင် အရသာရှိသည့် စားကောင်းသောက်ဖွယ်များရှိသည့်အကြောင်းကိုလည်း သိရမည်မဟုတ်ပေ။


ပထမဦးဆုံး ပိုင်ရှင်ပု၏ အသားကင်ကို စားရသည့်အချိန်က သူ ဘာစားမိသည်ကိုပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ထိုအသားကင်က သူ့ကို အပြည့်အဝ ဆွဲဆောင်သွားနိုင်ပေသည်။ကမ္ဘာကြီးပေါ်မှ ထိုကဲ့သို့ အရသာရှိသည့် အစားအစာမျိုး မည်ကဲ့သို့ ရှိနေရသနည်းဟု တွေးမရအောင်ပင် ဖြစ်ခဲ့ရသည်။


ထို့အပြင် အရေးကြီးဆုံးအချက်မှာ ထိုအသားကင်ထဲတွင် ပါဝင်နေသည့် စိတ်ဝိညာဉ် စွမ်းအင်အမြောက်အများကို သူရှင်းရှင်းလင်းလင်းခံစားမိနေခြင်းပင်ဖြစ်သည်။


ပုဖန်ကြောင့်သာလျှင် သူ့၏ မူလလမ်းကြောင်းမှ အနည်းငယ် သွေဖီသွားရသည်။သူက ငရဲမီးကို အသုံးပြု၍ အသားများကိုပင် စတင်ချက်ပြုတ်ခဲ့သည်။


အကယ်၍ သူ့၏ ဆရာသခင် ကုဟယ်သာ ငရဲမီးကို သုံး၍ အသားချက်နေကြောင်းသိလျှင် သူသေချာပေါက် ရိုက်ခံရပေလိမ့်မည်။


သူနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားခဲ့ရသည့်အခါ၌ ပို၍ပို၍ပင် စွံ့အသွားခဲ့ရသည်။ထိုစွပ်ပြုတ်က သက်စောင့်ဆေးများနှင့်ပင် တူညီသည့် ခံစားချက်မျိုးကို ပေးစွမ်းပေသည်။ သူ့၏ ကမ္ဘာကြီးပေါ် အမြင်က လုံးလုံးပြောင်းလဲသွားခဲ့ရသည်။


.......


စားသောက်ဆိုင်ရှေ့၌ စုရုံးနေကြသော စားသုံးသူများက အံ့အားသင့်နေကြသည်။


"ထူးဆန်းအံ့သြဖွယ်ရာ စားသောက်ဆိုင်ပဲ ရုပ်သေးဂိုဏ်းက အန်းကူတောင်မှ ခွေးပြေးဝက်ပြေး ပြေးသွားရတယ် အရမ်းပဲ စိတ်လှုပ်ရှားစရာကောင်းတယ်..."


စားသုံးသူအများစုက ဝှိုက်တီ၏ အကြောင်းကို စပ်စုချင်နေကြသည်။


မှန်ပေသည် သူတို့ နယ်သာရီ၏ အကြောင်းကိုလည်း သိချင်ကြပေသည်။သို့သော်လည်း မည်သူမှ နယ်သာရီကို သေသေချာချာ မကြည့်ရဲကြပေ။ထိုအမျိုးသမီးက နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းလှသည်။


ထိုအချိန်၌ပင် နန်ကုန်းဝူချယ်က ကျယ်လောင်စွာ စတင်ရယ်မောလိုက်သည်။သူ တကယ့်ကို လေထဲမြှောက်တက်နေသလို ခံစားချက်ကောင်းနေပေသည်။


"ငါ့ရဲ့ ရှေ့မှာ လာပြီး ဟန်ရေးပြတဲ့ အန်းကူတော့ သင်ခန်းစာပေးခံလိုက်ရပြီ...ဒီနေရာက လာပြီး ဟန်ရေးပြရမယ့်နေရာမဟုတ်ဘူး...ငါရဲ့ ညီမ နယ်သာရီတစ်ယောက်လုံး ဒီမှာရှိနေမှတော့ ဒီနေရာမှာ ဘယ်သူမှ ပြဿလာရှာလို့မရဘူး..."


နန်ကုန်းဝမ် လုံးဝ ပြောစရာစကားမဲ့စွာပင် သူမ၏ နဖူးကို အသာအုပ်ရိုက်လိုက်မိသည်။


နယ်သာရီ အစွမ်းပြပြီးနောက် တစ်ခါတစ်ရံ၌ သူမက ချစ်ဖို့ကောင်းသည်ဟု နန်ကုန်းဝူချယ် ထင်လာမိသည်။


သူမက ကြောက်ဖို့ကောင်းပြီး အမူအကျင့်ကလည်း ထူးဆန်းသည်ဆိုသော်လည်း ပိုင်ရှင်ပု၏ လက်အောက်မှာရှိနေသရွေ့ သူ့လက်အောက်ကဟု တွေးနိုင်ပေသည်။


စားသုံးသူများက ခဏမျှကြောင်အသွားပြီးနန်းကုန်းဝူချယ်ကို အရူးတစ်ယောက်လို ကြည့်နေကြလေသည်။မတော်တဆဖြစ်ရပ်များဖြစ်ပွားပြီးနောက် စားသုံးသူအများစုက ထွက်ခွာသွားကြလေပြီ။သို့သော်လည်း စားစရာမှာယူနေသည့် စားသုံးသူအချို့လည်း ကျန်နေခဲ့သေးသည်။


မည်သည့်အရာမှ ဖြစ်ပွားခဲ့ခြင်းမရှိတော့သလို ဆိုင်၏ စီးပွားရေးက ပုံမှန်လည်ပတ်နေလေသည်။


....


သူ့မျက်နာပေါ်၌ အံ့သြမှုကို အထင်အရှားရေးထားနေသလို မျက်နာထားဖြင့် သွမ့်ယင် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။


"ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်...ဒီစားသောက်ဆိုင်...ဝှိုက်တီ ပြီးတော့ သစ်ပင်အောက်မှာ အိပ်နေတဲ့ ခွေးနက်ကြီးလည်းရှိတယ်...ဒါက လုံးဝကို မယုံနိုင်စရာပဲ ...ဖန်ဖန်ဆိုင်ငယ်လေးကို မြူကောင်းကင်မြို့ဆီကို ပိုင်ရှင်ပု ဘယ်လိုများရွှေ့လာခဲ့တာလဲ..."


"အား... ဆိုင်ပတ်ဝန်းကျင်က သက်တောင့်သက်သာရှိလိုက်တာ..."


မှော်ကဝေ အန်းရှန့်က ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အားလုံး၏ အာရုံကို ဆွဲဆောင်သွားပေသည်။သူမက ခပ်ဖျော့ဖျော့ အပြုံးမျက်နာလေးဖြင့် ဆိုင်ထဲသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။


အနား၌ရှိနေသော စားသုံးသူများကလည်း မှော်ကဝေအန်းရှန့်ကို ပထမဦးဆုံးမြင်လိုက်သည်နှင့် စိတ်လှုပ်ရှားတကြီးဖြစ်သွားကြသည်။


နန်ကုန်းဝူချယ်လည်းပါးစပ်အဟောင်းသားဖြင့် ခဏမျှ ကြောင်အနေပြီးမှ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ထို့နောက် သူ မီးဖိုခန်းဘက်ဆီသို့ လှည့်အော်လိုက်သည်။


"ဘော်ဒါပုရေမင်းရဲ့ ရန်သူကတော့ ဒီမှာတိုက်ခိုက်ဖို့ ရောက်နေပြီ..."


မှော်ကဝေ အန်းရှန့်က နောက်တစ်ကြိမ်ပြိုင်မယ့် ပြိုင်ပွဲမှာ ပိုင်ရှင်ပုရဲ့ ပြိုင်ဘက်မဟုတ်လား။သူမက ပြိုင်ပွဲမတိုင်ခင် ပုဖန်၏ စားသောက်ဆိုင်သို့ ရောက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။


"ဒါ ဘာသဘောလဲ သူမ ပြဿနာလာရှာတာလား...အမကြီး နယ်သာရီ ဒီမှာရှိနေတယ် ဘယ်သူပြဿနာလာရှာရဲလဲ...မင်းမှာ ပေါက်စီကြီးကြီးနှစ်လုံးရှိတာနဲ့ပဲ မင်းက စွမ်းအားကြီးတယ်လို့ ထင်မနေနဲ့..."


"အော် ငါသိပြီ နင်က ငတုံး နန်ကုန်းဝူချယ်ပဲ မတွေ့ရတာတောင် တော်တော်ကြာပြီပဲ ...နင့်ဆီက ကောင်းကင်ကမ္ဘာမြေ မီးလျှံ လုယူခံလိုက်ရတယ်လို့ ငါကြားတယ် နင်နောက်ဆုံး စကာတင် ရွေးချယ်ပွဲကိုကော ဖြတ်ကျော်နိုင်ခဲ့ရဲ့လား..."


မှော်ကဝေ အန်းရှန့်က ရယ်မောလိုက်ပြီး အပြုံးမျက်လုံးများဖြင့် နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။


နန်ကုန်းဝူချယ်က အန်းရှန့်၏ အကြည့်ကြောင့် မကျေမနပ်ဖြစ်သွားသည်။


ဒီအမျိုးသမီးက သူရဲ့ သူတော်ကောင်းစိတ်လေးကို လာပြီး ဖျက်ဆီးနေတာပဲ...


သူက အကြည့်စူးစူးများဖြင့် အန်းရှန့်၏ ယုန်နှစ်ကောင်ကိုကြည့်ပြီး ပြောလိုက်သည်။


"ပေါက်စီကြီးကြီးအန်း...ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို နင်သေချာသိပါတယ်...ငါက ပြင်ပ အကူအညီတွေကို မှီခိုနေတဲ့ လူမျိုးလား...ငါက ငါ့ရဲ့ ကျွမ်းကျင်မှုအပေါ်ပဲ ငါမှီခိုနေတဲ့လူ..."


"နင်ကတော့ အရင်ကအတိုင်းပဲ အရှက်မရှိတုန်းပဲ...ထားလိုက်တော့ ငါက ဒီကိုလာပြီး နင့်ကို လာတွေ့တာမဟုတ်ဘူး...ဒီဆိုင်ရှင်က ငါ့ရဲ့ နောက်တစ်ကြိမ်ပြိုင်ပွဲအတွက် ပြိုင်ဘက်လို့ ကြားထားတယ်...ဒါကြောင့် ငါက ဒီကို အထူးတလည် လာလည်တာ..."


မှော်ကဝေအန်းရှန့်က ပြောလိုက်သည်။


"ခင်ဗျားစားချင်တာသာမှာလိုက်... ကျုပ်ဆီကို တကူးတက လာလည်ပတ်နေစရာ မလိုဘူး..."


ပုဖန်က မီးဖိုခန်းထဲမှ ထွက်ပေါ်မလာပဲ သူ့၏ တည်ငြိမ်အေးဆေးလှသော အသံသာထွက်ပေါ်လာသည်။


"စားစရာမှာရမယ်..."


မှော်ကဝေအန်းရှန့်လည်း ခဏမျှ ကြောင်အသွားမိသည်။ထို့နောက် ခဏအတွင်းမှာပင် သူ့၏ မျက်နာပေါ်၌ အပြုံးတစ်ခုပေါ်လာလေသည်။


"ကောင်းပြီလေ ဒါဆိုလည်း ငါတစ်ခုခုမှာရတာပေါ့... မောင်လေးသွမ့်ယင် နင်က ပိုင်ရှင်ပုနဲ့ ရင်းနီးတယ် မဟုတ်လား...ငါ့ကိုပြောပါဦး ဘယ်ဟင်းပွဲကများ ကောင်းလဲလို့..."


မှော်ကဝေ အန်းရှန့်က အိပ်ပျော်နေသော ဘလက်ကီကို စိုက်ကြည့်နေသည့် သွမ့်ယင်ဘက်သို့ လှည့်၍ မေးလိုက်သည်။သွမ့်ယင်က သတိပြန်ဝင်လာပြီး ခေါင်းညိတ်၍ ဖြေလိုက်သည်။


"ကျွန်တော် ညွှန်းပေးရမှာလား...ဒီလိုဆိုရင်တော့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က တကယ်ပဲ ..."


နယ်သာရီက မည်သည့်နေရာမှ ပေါ်လာသည်မသိ ချက်ချင်းရောက်လာပြီး မျက်နာသေဖြင့် ပြောလိုက်သည်။


"ဒီနေ့အတွက် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ရောင်းကုန်သွားပြီ..."


သူမက ဆိုင်၏ စားပွဲထိုးဖြစ်သောကြောင့် စားသုံးသူများမှာယူနိုင်မည့် စားစရာများကို ပြောပြရပေမည်။


"ဒီလိုဆိုရင် ငါက အနီရောင် အသားနှပ်မှာမယ်...အသားများများစားရင် ပိုပြီးကြီးထွားတယ်လို့ ငါကြားဖူးတယ်...အသားနည်းနည်းပဲ စားရတာကို တကယ်မပျော်ဘူး..."


မှော်ကဝေ အန်းရှန့်က အပြုံးလေးဖြင့် နယ်သာရီကို လှည့်ပြောလိုက်သည်။


အလှတစ်ပါးဖြစ်သော နယ်သာရီကအန်းရှန့်ထက်ပင် ပို၍လှပနေလေသည်။အန်းရှန့်ကလည်း နယ်သာရီကို စမြင်ကတည်းက သူမ၏ အလှ၏ သတိထားမ်ိခဲ့သည်။


နယ်သာရီကို သူမက ယှဉ်ပြိုင်၍ မရသော်လည်း ယှဉ်ပြိုင်နိုင်သည့် တခြားအရာတော့ သူမမှာ ရှိနေပေသေးသည်။သူ့၏ ရင်နှစ်မွှာကို အသာပင့်တင်လိုက်ပြီး နှုတ်ခမ်းတွန့်ကွေးရုံ ပြုံးလိုက်သည်။


ငါ့ရဲ့ ရင်သားတွေကို ငါတော်တော် ဂုဏ်ယူမိတယ်...


"ငါက ထမင်းကြော် တစ်ပွဲမှာမယ် ငါက ပိုင်ရှင်ပုရဲ့ ထမင်းကြော်ကို တော်တော်လေး တောင့်တနေမိတာ..."


သွမ့်ယင်၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှု အငွေ့အသက်များပင် ယှက်သန်းလာလေသည်။သူ ပိုင်ရှင်ပု၏ ထမင်းကြော်ကို နောက်တစ်ကြိမ်စားလိုက်ရမည်ဟု တွေးလိုက်ရုံဖြင့် ပျော်မြူးလာမိသည်။


"ရှင်တို့နှစ်ယောက်ကကော..."


နယ်သာရီက အန်းရှန့်၏ ရန်စနေသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူတို့နောက်က နှစ်ယောက်ဆီသို့ လှည့်မေးလိုက်သည်။


ထိုနှစ်ယောက်က ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့ဖြစ်သည်။


သူတို့နှစ်ယောက်က ထိတ်လန့်သွားကြသည်။


"ဘာ...စားစရာမှာရမှာလား..."


သူတို့နှစ်ယောက်က ခဏတဖြုတ်ဖြတ်သန်းသွားခြင်းသာဖြစ်သည်။သူတို့က စားစရာမှာနေသည်ကို ခဏမျှကြည့်မိခြင်းသာဖြစ်သည်။


"ငါ...ငါက သူမှာတာမျိုးပဲ မှာမယ်..."


ရှီးမန်ရွှမ်က နယ်သာရီ၏ စိုက်ကြည့်မှုကို ခံလိုက်ရသည်နှင့် ခပ်မြန်မြန်ပင် ပါးစပ်ဖွင့်ဟလိုက်သည်။သူ့၏ ခန္ဓာကိုယ်တစ်လျှောက် ထုံကျင်ကိုက်ခဲလာသလိုပင် ခံစားလိုက်ရ၏။ရှောင်ဟယ်ကလည်းအန်းရှန့်ကို လက်ညှ်ိုးညွှန်၍ ပြောလိုက်သည်။


"ငါက သူမလိုမျိုး..."


မျှော်လင့်ထားသည့်အတိုင်း သူမက မှင်သက် အံ့သြသင့်စရာကောင်းလှသည်။ရှောင်ဟယ်က နယ်သာရီ၏ လှပလှသော မျက်နာလေးကိုကြည့်၍ သူ့အပြုအမူများ နူးညံ့သိမ်မွေ့လာခဲ့သည်။


မှော်ကဝေအန်းရှန့်က လှည့်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နာ၌ စိတ်ပျက်လက်ပျက် အမူအရာမျိုး ချက်ချင်းပေါ်လာလေသည်။နယ်သာရီက အန်းရှန့်ကို ကြည့်၍ ရှောင်ဟယ်ဆီသို့ ပြန်ကြည့်လိုက်သည်။


"နှာဘူး..."


သူမက မီးဖိုခန်းပြတင်းပေါက်ဆီသို့ မသွားခင် စကားတစ်ခွန်းပြောသွားခဲ့လေသည်။ရှောင်ဟယ်လည်းငိုချင်စိတ်ပေါက်နေပေပြီ။


သူကဲ့သို့ ချောမောခန့်ညားလှသောသူကို အဘယ့်ကြောင့် နှာဘူးဟု ခေါ်နေကြသနည်း။


မှော်ကဝေအန်းရှန့်က နေရာလွတ်ရှာ၍ ဝင်ထိုင်လိုက်သည်။ထို့နောက် သူမခြေထောက်ချိတ်လိုက်၏။ ခွဲထားသော စကပ်က အနည်းငယ်လှစ်ဟသွားပြီး ခြေထောက်ဖွေးဖွေးလေးများပေါ်လာသည်။ထိုမြင်ကွင်းက အလွန်ဆွဲဆောင်မှုရှိလှသည်။


သွမ့်ယင်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဝင်ထိုင်လိုက်ပြီး မီးဖိုခန်းဘက်ဆီသို့သာ စိုက်ကြည့်နေလေသည်။သူ့၏ မျက်ဝန်းထဲ၌လည်း မျှော်လင့်ချက်အရိပ်အယောင်များ လင်းလက်နေ၏။


နယ်သာရီက ပုဖန်ဆီသို့ အော်ဒါများသွားပေးပြီးနောက် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ဘေးနားသို့ ပြန်သွား၍ ထိုင်ချလိုက်ကာ သူမ၏ နေ့ခင်းအိပ်မက်ကို ဆက်မက်နေပေသည်။(ငိုက်မျဉ်း)


မကြာခင်မှာပင် မီးဖိုခန်းဘက်မှ မွှေးပျံ့လှသော ရနံ့များထွက်ပေါ်လာလေသည်။လေထဲမှ ရနံ့များကို ရှုရှိုက်၍ အန်းရှန့်၏ မျက်ဝန်းများ တောက်ပလာသည်။


"မွှေးလိုက်တဲ့ရနံ့...ဒါကြောင့်မလို့ သူက စင်ပေါ်မှာ တခြားသူတွေရဲ့ မီးဖိုတွေ ပေါက်ကွဲအောင်လုပ်နိုင်တာကိုး...ဒီ ရနံ့သာ နည်းနည်းလောက်ပိုပြီးသိပ်သည်းရင် သာမန်လူက ဘယ်လိုမှ တောင့်ခံနိုင်မှာမဟုတ်ဘူး..."


အန်းရှန့် တွေးတောနေမိသည်။ထိုအဓိကအချက်ကို တွေးလိုက်မိသည်နှင့် သူမ ပုဖန်ကို တွေ့ချင်စိတ်ပြင်းပြလာမိသည်။အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူဖြစ်သော ထိုသူက မည်ကဲ့သို့သော ပုံစံရှိမည်ကို မြင်ချင်လွန်းလှသည်။


သို့သော်လည်း သူမနှလုံးသားထဲ ထည့်လိုက်မည်တော့မဟုတ်ပေ။


ဆေးကောင်းကင်မြို့တော်မှ ကြီးပြင်းလာသောအဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေဖြင့်ထိုသူ၏ ဟင်းပွဲများက သက်စောင့်ဆေးနှင့်တူညီမှုရှိသည်ကိုတော့ ယုံကြည်မှုမရှိပေ။


ချက်ပြုတ်သူတစ်ယောက်က နဂါးမြို့ဟောင်းတိုက်ကြီးတွင် အမြင့်ဆုံး တည်ရှိမှုဖြစ်သောအဂ္ဂိရတ်ပညာရှင်များနှင့် ယှဉ်နိုင်လိုက်မည်ဟု သူမမယုံကြည်ပေ။


ယခုအခ်ျိန်၌ ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့နှစ်ယောက်သား အနည်းငယ် ကသိကအောင့် ဖြစ်နေကြသည်။ထိုင်ခုံနေရာက အကန့်အသတ်ရှိသောကြောင့် သူတို့ အန်းရှန့်နှင့် သွမ့်ယင်တို့၏ စားပွဲ၌ပင် ပေါင်းထိုင်လိုက်ရ၏။


သူ့အပေါ်ဝေ့ဝဲနေသောအန်းရှန့်၏ အကြည့်များကြောင့် ရှောင်ဟယ် စိတ်ကသိကအောင့် ဖြစ်လာမိသည်။သူမ၏ မျက်နာပေါ်၌ ရွံ့ရှာနေသည့် အမူအရာက သူ့ကိုယ်သူတကယ့်နှဘူးတစ်ကောင်အလားဟထင်မှတ်မိစေသည်။သူက ပို၍ပင် ကို့ယို့ကားယားဖြစ်လာလေသည်။


အချိန်ခဏမျှကြာပြီးနောက် လေထဲ၌ ကွဲပြားသည့် မွှေးရနံ့များလွှမ်းခြုံလာလေသည်။နယ်သာရီက ပြတင်းပေါက်ဆီသို့ သွားကာ ဟင်းပွဲများကို သယ်ယူလိုက်သည်။


မှောင်မဲနေသော မီးဖိုခန်းတံခါးမှနေ၍ ပိန်ပါးသည့် ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။ထိုပုံရိပ်က တဖြေးဖြေးချင်း စားသောက်ခန်းဆီသို့ လျှောက်လှမ်းလာလေရာသူ့၏ မျက်နာလည်း တဖြေးဖြေးချင်း ပို၍ ရှင်းလင်းပြတ်သားလာလေသည်။


မှော်ကဝေအန်းရှန့်၏ မျက်ဝန်းများ တောက်ပသွားပြီး သူမ ထိုပုံရိပ်ကို စူးစိုက်ကြည့်နေမိတော့သည်။