အပိုင်း ၅၁၀
Viewers 63k

အခန်း ၅၁၀

ဒီ မှော်ကဝေမိန်းကလေးက... နဲနဲ တုံးသလိုပဲ...


အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ပုံရိပ်က တဖြေးဖြေးချင်း နီးကပ်လာခဲ့သည်။သူက တုတ်တုတ်ခိုင်ခိုင်မဟုတ်သလို ခန့်ခန့်ငြားငြားလည်းမဟုတ်ပေ။


မျက်နာကျက အလွန်ပင်ရှင်းသန့်ပြီး နွေးထွေးသည့် အငွေ့အသက်များကို ခံစားရလေသည်။သူ့၏ အကြည့်များက အလွန်တည်ငြိမ်ပြီး ကြည့်လိုက်သူကို သက်တောင့်သက်သာဖြစ်စေသည်။


ဘာမှထူးခြားချက်မရှိပေ။


တကယ်တမ်းပြောရမည်ဆိုလျှင် သူက အလွန်ပင် ရိုးရှင်းသာမန်ဆန်လွန်းလှသည်။မှော်ကဝေအန်းရှန့်က မီးဖိုခန်းထဲမှ ထွက်လာသော ပုံရိပ်ကိုကြည့်၍ မျက်တောင်ခတ်ပြီး ပြုံးလိုက်မိသည်။ထိုသူက အလွန်ပင် စင်ကြယ်နေပေသည်။

သူသာအနည်းငယ် ပြုံးလိုက်မယ်ဆိုလျှင် ပို၍ ချောမောသွားပေလိမ့်မည်။


ပုဖန် ပြုံးစရာအကြောင်းမရှိသောကြောင့် အန်းရှန့်၏ ဆန္ဒများပြည့်လိမ့်မည်မဟုတ်ပေ။


.....


အန်းရှန့်နှင့် ဘေးတွင်ထိုင်နေသော ရှောင်ဟယ်အပေါ်၌ မကျေမနပ်ဖြစ်မှုလှိုင်းများလွှမ်းခြုံနေလေသည်။


ဒါက ဘာအဓိပ္ပါယ်လဲ ဒီကမ္ဘာကြီးက ဘာဖြစ်နေတာလဲ...မင်းငါ့ကို ကြည့်တဲ့အခါတုန်းက မျက်နာပေါ်မှာ ဘာလို့ စိတ်ပျက်မှုတွေ အထင်းသားရေးထိုးထားသလို ဖြစ်နေတာလဲ...ဘာလို့ ငါ့ကို နှာဘူးကောင်လို့ပြောတာလဲ...ဒီလူကိုကြည့်တဲ့အခါကျတော့ မျက်လုံးတွေက နွေးထွေးပြီး မျက်နာပေါ်မှာ အပြုံးပန်းတွေပွင့်လန်းနေလိုက်တာများ မင်းက ငါကို အထင်သေးအရှက်ခွဲနေတာလား...


မမြင်နိုင်တဲ့ မြှားတစ်စင်း နှလုံးသားကို စိုက်ဝင်သွားသလိုပင် နာကျင်ခံစားလိုက်မိသည်။


.....


သွမ့်ယင်က ကြယ်ရောင်များလို လင်းလက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။သူ မျက်နာပေါ်၌လည်း မျှော်လင့်စောင့်ဆိုင်းမှုများနှင့် တောက်ပဝင်းထိန်လေသည်။


နောက်ဆုံးတော့ သူ ပိုင်ရှင်ပုကို ထပ်တွေ့ရလေပြီ။ပိုင်ရှင်ပုက အရင်အတိုင်း မျက်နာသေဖြင့်ပင် ဖြစ်သည်။


ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့ နှစ်ယောက်ရှေ့သို့ ဟင်းပွဲများချလိုက်ပြီးနောက် နယ်သာရီ၏ အေးစက်သော အကြည့်များက ရှောင်ဟယ်ပေါ် ကျရောက်သွားပြီး ပြောလိုက်သည်။


"နှာဘူး..."


ထို့နောက် သူမက ချာခနဲ လှည့်ထွက်သွားလေသည်။ရှောင်ဟယ် ကြောင်အနေမိသည်။


သူဘယ်သူကိုများနှောင့်ယှက်မိလို့လဲ...ဘာလို့ မိန်းကလေးတွေအားလုံးက နှာဘူးလို့ ခေါ်နေကြတာလဲ...


တကယ်တမ်းတွင် သူရှောင်ဟယ်က အလွန်ချောမောခန့်ညားသည့်သူဖြစ်သည်။


ရှီးမန်ရွှမ်က စိတ်ပျက်လက်ပျက်ဖြစ်နေသော ရှောင်ဟယ်ကိုကြည့်၍ သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။ထို့နောက် သူရှေ့၌ရှိနေသော ထမင်းကြော် ပန်းကန်သို့ အကြည့်ပြန်ရောက်သွားလေသည်။


ထိုထမင်းကြော်ပွဲမှ ထွက်လာသည့် သိပ်သည်းလှသော မွှေးရနံ့များက သူ့နှာခေါင်းပေါက်ထဲ အလုံးအရင်းနှင့် တိုးဝင်သွားသည်။သူ့မျက်နာပေါ်၌ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာလေသည်။


"မွှေးလိုက်တာ..."


ရှီးမန်ရွှမ်က ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် တစ်ဇွန်းအပြည့်ခပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။သူ ဇွန်းဖြင့် ခပ်လိုက်သည့်အချိန်၌ ထမင်း၏ အပေါ်ယံအလွှာကို ဖုံးအုပ်နေသည့် ရွှေဝါရောင် ဥအနှစ်လေးများက အမျှင်တန်းပြီး လိုက်ပါလာသည်။


မွှေးရနံ့များက သူ့နှာခေါင်းနားရောက်သွားသည်နှင့် ဗိုက်ထဲမှအသံစုံမြည်လာလေသည်။တကယ်လို့ သူသာ ဆေးမြို့တော်မှာ နေခဲ့ခြင်းမဟုတ်လျှင် သူ့ဘဝတစ်လျှောက်လုံး စားကောင်းသောက်ဖွယ်များစွာကို စားဖူးပေလိမ့်မည်။သို့သော်လည်း တကယ်တမ်း သူ့၏ ကျွမ်းကျင်မှု အဆင့်နှင့် အစားစားရန်လည်း မလိုအပ်ပေ။


သူ့၏ ရှေ့မှ ထမင်းကြော်ပန်းကန်က စားချင်စိတ်ကို ဆွဲဆောင်နေပေသည်။သူပို၍ပင် ဆာလောင်လာတော့သည်။ထိုကဲ့သို့ မဖြစ်ခဲ့တော့သည်မှာ ကြာမြင့်လှပေပြီ။


အန်းရှန့်၏ အကြည့်များကလည်း ထမင်းကြော် ပွဲဆီသို့ ကျရောက်လာပြီး သူမျက်ခုံးပင့်လိုက်မိသည်။ထိုထမင်းကြော်ပွဲက တော်တော်လေးကြည့်ကောင်းလှပြီး အလင်းရောင်လေးများ ထုတ်လွင့်နေလေသည်။


"ကြည့်ရတာတော့ တော်တော်ကောင်းမယ့်ပုံပဲ..."


ဥအနှစ်လေးများက ပါးစပ်ထဲရောက်သည်နှင့် ခဲသွားသလိုပင် ခံစားလိုက်မိသည်။သူ ဝါးလိုက်သည်နှင့် လျှာဖျားကို နှိပ်နယ်သလိုပင် နူးညံ့ငြင်သာမှုက်ို ခံစားရ၏။မွှေးရနံ့များကလည်း ပေါက်ကွဲထွက်လာပြီး ပါးစပ်နှင့် နှာခေါင်းထဲ ရနံ့များပြည့်နှက်နေလေသည်။


ထိုခံစားမှုကို စကားလုံးများဖြင့် ဖော်ပြ၍တောင်မရပေ။ရှီးမန်ရွှမ်၏ အမြဲတမ်းတည်ငြိမ်နေတက်သော မျက်နာက ပေါက်ကွဲသွားပြီး နီရဲလာခဲ့သည်။ထမင်းကြော်၏ အရသာက သူ့ကို လုံးဝ ဆွဲဆောင်သိမ်းပိုင်နိုင်ပုံပေါ်လေသည်။


"အရသာရှိတယ်...လုံးဝကို အရသာရှိတယ်..."


ရှောင်ဟယ်၏ အာရုံကလည်း သူ့ဆီသို့ ရောက်လာခဲ့သည်။ရှီးမန်ရွှမ်၏ မျက်နာနီရဲနေပုံမှာ ကြောက်စရာပင် ကောင်းနေလေသည်။


ဘယ်လိုဟင်းပွဲမျိုးကများ သူ့မျက်နာကို ဒီလိုဖြစ်သွားစေတာလဲ...


သွမ့်ယင် မျက်လုံးများမှေးကျဉ်းလိုက်မိသည်။မျှော်လင့်ထားသည့်အတိုင်း ပိုင်ရှင်ပု၏ ဟင်းပွဲက အရင်ကလို အံ့သြစရာကောင်းနေတုန်းပင်ဖြစ်သည်။ထမင်းကြော်ပွဲဆီသို့ ကြည့်လိုက်မိပြီး သူ့၏ လှုပ်ရှားမှုများက ထိန်းချုပ်မှုပင်မရှိတော့ပေ။သူ့မျက် နှာပော်၌လည်း ယစ်မူးနေသည့် အမူအရာမျိုးပေါ်လာခဲ့သည်။


အန်းရှန့်ပင်လျှင် ထိုထမင်းကြော်၏ မွှေးရနံ့များကြောင့် ယစ်မူးနေပေသည်။နောက်ဆုံး၌ ပုဖန်သူမရှေ့သို့ ရောက်လာလေသည်။ သူမကို တည်ငြိမ်စွာကြည့်၍ ဟင်းပွဲချပေးလိုက်သည်။


"ခင်ဗျားရဲ့ အနီရောင်အသားနှပ်...ကောင်းကောင်းသုံးဆောင်ပါ..."


"အနီရောင်အသားနှပ် ..."


ပန်းကန်ထဲမှ အသားလေးများက သလင်းကျောက်ကလေးများကဲ့သို့ သွေးရောင်နီရဲနေပြီး တဖျက်ဖျက်တောက်ပနေ သည်။ထိုမြင်ကွင်းကြောင့် အန်းရှန့် မျက်ဝန်းများပင် ပြူးကျယ်သွားမိသည်။


"လှလိုက်တာ ဒါကို စားလို့ရတယ်လား..."


အန်းရှန့်က နှုတ်ခမ်းပါးများကို သပ်လိုက်သည်။ထိုမြင်ကွင်းက စားသုံးသူများ၏ နှလုံးသားများကိုပင် ယိမ်းယိုင်တုန်လှုပ်သွားစေသည်။


ပုဖန်က သူမကို တစ်ချက်သာကြည့်လိုက်ပြီး နောက်ဟင်းပွဲတစ်ပွဲကို ရှောင်ဟယ်၏ရှေ့၌ ချပေးလိုက်ကာ မီးဖိုချောင်ဘက်သို့ ပြန်လှည့်ဝင်သွားလိုက်သည်။


ပုဖန်လှည့်ထွက်သွားသည်ကို တွေ့သောအခါ၌ သွမ့်ယွင် ချက်ချင်းပင် လှမ်းပြောလိုက်မိသည်။


"ပိုင်ရှင်ပု မင်းငါ့ကို မမြင်ဘူးလား...မသွားနဲ့ဦး..."


ပုဖန်က ခဏမျှ ရပ်တန့်သွားပြီးနောက် သွမ့်ယင်ဘက်သို့ ဇဝေဇဝါအမူအရာဖြင့် လှည့်ကြည့်လိုက်လေသည်။


"ဘယ်သူလဲ..."


"မင်းငါ့ကို မမှတ်မိဘူးလား..."


"ဘယ်သူလဲ...ဘယ်သူလဲလို့ ပြန်ပြောပါဦး..."


ပုဖန်ကိုကြည့်၍ သွမ့်ယွင် ပြောစရာစကားပျောက်သွားလေပြီ။


ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။သွမ့်ယွင်စိတ်ထဲ၌ ချာချာလည်သွားသလိုပင် ခံစားလိုက်ရသည်။ပိုင်ရှင်ပု၏ စိတ်ရှုပ်ထွေးနေသည့် အမူအရာက ဟန်ဆောင်ထားခြင်းမဟုတ်ပေ။သူက တကယ်ပဲ သွမ့်ယွင်ဆိုသည့် သူကို မေ့သွားလေပြီ။


တစ်ကမ္ဘာလုံး သူ့ကို ဖယ်ခွာသွားသလိုပင် ခံစားလိုက်မိသည်။သူ တဖြေးဖြေးကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားသလို တောင့်တင်းနေလေ၏။အသက်ရှုရရန်ပင် ခက်ခဲလာမိသည်။


ဘာလို့ ဒီလိုဖြစ်ရတာလဲ ...ဘာကြောင့် ပိုင်ရှင်ပုက သူ့ကို မမှတ်မိရတာလဲ...ဒါတကယ့်ကိုပဲ စိတ်ဆင်းရဲစရာကောင်းတယ်...


"ငါ သွမ့်ယွင်လေငါတို့ တောင်စဉ်တစ်ထောင်တောင်တန်း မှာတုန်းက တွေ့ခဲ့ဖူးတယ်လေ ..."


သွမ့်ယွင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။


"သွမ့်ယွင်...အိုး မင်းပဲ မတွေ့ရတာတောင် အတော်ကြာပြီ..."


ပုဖန် ခဏမျှ တွေဝေနေပြီးနောက် သူ့ရှေ့မှ မီးခိုးရောင်ဆံပင်နှင့်လူကို ပြန်လည် မှတ်မိသွားသည်။


ပုဖန် သူ့ကို မှတ်မိသွားသည်ကို မြင်လိုက်သောအခါ သွမ့်ယွင်ပါးပေါ်သို့ မျက်ရည်များပင်စီးကျလာလေသည်။


ဘယ်လိုဖြစ်ပြီး ငါ့စိတ်ထဲမှာ နာကျင်နေမိတာလဲ...


ပုဖန်က သူနှင့် ရင်းနီးနေသည့်သူကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။သူ သွမ့်ယွင်နှင့် စကားခဏမျှပြောပြီးနောက် မီးဖိုခန်းထဲသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။


"ပိုင်ရှင်ပု ဒာက စီနီယာအစ်မအန်း...မင်းနဲ့ နောက်ထပ်ပွဲမှာ တွေ့ရမယ့် ပြိုင်ဘက်ပေါ့..."


သွမ့်ယင်က ခဏမျှ စဉ်းစားပြီးနောက် ပလုတ်ပလောင်းဖြင့် စားသောက်နေသည့် အန်းရှန့်ကို လက်ညှိုးညွှန်ပြ၍ ပြောလိုက်သည်။


ပုဖန်က ဘလက်ကီကဲ့သို့ပင် အိနြေ္ဒမရှိစားသောက်နေသည့် မိန်းကလေးကိုကြည့်၍ နှုတ်ခမ်းများတွန့်ကွေးသွားလေသည်။သို့သော်လည်း သူအသိအမှတ်ပြုယုံ ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် မီးဖိုခန်းဘက်သို့ ပြန်လှည့်သွားလိုက်သည်။ 


သူမက နောက်ပွဲအတွက် ပြိုင်ဘက်လား သူမကိုကြည့်ရတာ ငတုံးလိုပဲ ...သူမနဲ့ပြိုင်ဖို့အတွက် ထူးခြားဆန်းကြယ်တဲ့ ဟင်းပွဲတွေတောင်လိုရဲ့လား...ထားလိုက်ပါတော့ တခြားသူတွေကတော့ သူမက တော်တော်လေးသန်မာတယ်လို့ပြောကြတယ်..."


စိတ်ချရစေရန်အတွက် နောက်တစ်ကြိမ်ပြိုင်ပွဲတွင် ထူးဆန်းအံ့သြဖွယ်ရာဟင်းပွဲကို အသုံးပြုရန်သာ ဆုံးဖြတ်လိုက်သည်။ထိုနည်းလမ်းဖြင့် နောက်ပြိုင်ပွဲတွင် သူမကို အနိုင်ယူပြီး တိမ်ခိုးစားသောက်ဆိုင်ကိုလည်း ထပ်မံကြော်ငြာနိုင်ပေလိမ့်မည်။

ဟမ်း...ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ...


သွမ့်ယွင်လည်း အနည်းငယ်ရှက်ရွံ့မှုကို ခံစားနေရသည်။


စီနီယာအမအန်း နင်ကမိန်းကလေးလေ ဘယ်လိုဖြစ်ပြီး အိနြေ္ဒရှိရှိ မစားရတာလဲ...


သက်ပြင်းအသာချကာ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ထို့နောက် သူ့၏ ထမင်းကြော်ကိုခပ်၍ ပါးစပ်ထဲ ပလုတ်ပလောင်းထည့်သွင်းလိုက်လေသည်။


"ထမင်းကြော်ရဲ့အရသာက တိုးတက်လာတယ် ...စားလို့ကောင်းတယ် အရသာရှိတယ်..."


သူရဲ့အရသာကို အပြည့်အဝ မဖော်ပြနိုင်ပေ။သွမ့်ယင်က ပျော်ပျော်ကြီးပင် စတင်စားသောက်လေတော့သည်။ပိုင်ရှင်ပု၏ အချက်အပြတ်ကျွမ်းကျင်မှုက ထပ်ပြီး တိုးတက်လာပြန်သည်။ဒါက လုံးဝကို မယုံနိုင်စရာကောင်းလှလေသည်။


"ပိုင်ရှင်ပုရဲ့ အဆင့်က ထပ်ပြီး တိုးတက်နိုင်သေးတာလား..."


ရှောင်ဟယ်က အနီရောင်အသားနှပ်ကို တစ်ချက်မျှ ကိုက်ဝါးပြီးသည်နှင့် အရသာ၏ ဆွဲဆောင်မှုကို ခံလိုက်ရလေပြီ။ဒီအရသာက သူယခင်ကစားခဲ့ဖူးသော စားကောင်းသောက်ဖွယ်များ၏ အရသာထက်ကို ပိုကောင်းနေပေသည်။


ဆေးနန်းတော်က ထိန်းချုပ်ထားသော မြို့ထဲတွင် ထိုကဲ့သို့ အရသာရှိသည့် အစားအသောက်များ စားရဖူးမည်ဟု သူမထင်ထားခဲ့ဖူးပေ။ဒါက အနည်းငယ် ထူးဆန်းသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။


အဂ္ဂိရတ်ပညာရှင်များသာ ဖုံးလွှမ်းနေသည့် ဆေးမြို့တော်ထဲတွင် စားကောင်းသောက်ဖွယ်များကို ပြုလုပ်နိုင်သည့်သူ အမှန်တကယ်ရှိပေသည်။ထိုအချင်းအရာက သူ့ကို အစားကြူးတောင်ကြားထဲရောက်နေသကဲ့သို့ ခံစားရစေသည်။


ထိုစားကောင်းသောက်ဖွယ်များက အစားကြူးတောင်ကြားထဲတွင် ပေါ်လာသည်ဆိုပါက ယုတ္တိရှိပေလိမ့်မည်။


သူတို့ တစ်ယောက်ကိုတစ်ယောက်ပင် မကြည့်နိုင်ပဲ နှစ်ခြိုက်စွာ စားသောက်နေကြလေသည်။


....

ဂေ့...


မှော်ကဝေအန်းရှန့်က ထိုင်ခုံနောက်ကျောမှီကို မှီချလိုက်ပြီးနောက် ခေါင်းမော့၍ ကျယ်လောင်စွာ လေတက်လိုက်လေသည်။သူမ၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားပြီး ရင်နှစ်မွှာက ပြင်းပြင်းထန်ထန်နှစ်ချက်မျှလှုပ်သွားလေသည်။သူရှေ့တွင်ရှိနေသည့် သွမ့်ယင်က ထိုမြင်ကွင်းကြောင့် မူးဝေသွားသလိုပင် ခံစားလိုက်ရသည်။


အစ်မကြီးရေ ကိုယ်ပုံရိပ်လေး ကိုယ်ထိန်းပါဦး...


"မောင်လေး သွမ့်ယင် နင်က ငါ့ကို မလိမ်ဘူးပဲ...ပိုင်ရှင်ပုရဲ့ ကျွမ်းကျင်မှုကတော့ တကယ့် သာမန်မဟုတ်ဘူး...ဒီအနီရောင်အသားနှပ်က စွမ်းအင်သိပ်သည်းဆေးလုံးထက်တောင် အရသာကောင်းတယ်...အခုနေများငါ အဆာခံဆေးလုံးတွေ စားရမယ်ဆိုရင်တော့ အမှိုက်စားရမိသလိုမျိုး အန်ထုတ်မိလိမ့်မယ်..."


အန်းရှန့်က ထိုင်ခုံကိုပျင်းရ်ိစွာ မှီရင်းပြောလိုက်သည်။


သူ့ဘေးနား၌ရှိနေသော ရှောင်ဟယ်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။အမြဲတမ်းတည်ငြိမ်နေတက်သော ရှီးမန်ရွှမ်ပင် သဘောတူဟန် မျက်တောင်တစ်ချက်ခတ်လိုက်သည်။


အန်းရှန့်က ခေါင်းညိတ်နေဆဲဖြစ်သည့် ရှောင်ဟယ်ကိုကြည့်၍ နဆူပုတ်လာလေသည်။သူမက ထပ်လောင်း၍ ပြောလိုက်၏။


"နှာဘူး..."


"စီနီယာအမအန်း နင် ပိုင်ရှင်ပုရဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားကြည့်သင့်တယ်...သူ့ရဲ့အရသာက တကယ့်ကိုကောင်းတယ် ပြီးတော့နော် သက်ရောက်မှုကလည်း သက်စောင့်ဆေးထက် ပြင်းထန်တယ်..."


သွမ့်ယင် စကားကြောင့် အန်းရှန့် နှုတ်ခမ်းများ ထပ်သပ်လိုက်မိသည်။သူမ၏ နှလုံးသားကပင် စတင်၍ အခုန်မြန်လာသလို ခံစားလိုက်မိသည်။


တကယ်တမ်းတွင် အနီရောင်အသားနှပ်၏ ချိုမြိန်လွန်းလှသောအရသာက သူမကို ဆွဲဆောင်ထားသောကြောင့် ဟင်းပွဲ၏ သက်ရောက်မှုကို ပင် မေ့မလိုဖြစ်သွားမိသည်။


ဟုတ်ပေသည် သူမခန္ဓာကိုယ်ထဲ၌ စွမ်းအင်များ အရူးအမူး လှည့်ပတ်နေသည်ကို ခံစားမိလေသည်။


မယုံနိုင်စရာကောင်းလှစွာပင် သူမ၏ ကျင့်ကြံမှု စွမ်းအင်အဆင့်ကလည်း အနည်းငယ် တိုးပွားလာပေသည်။


"မယုံနိုင်စရာပဲ ...ဒီဟင်းပွဲရဲ့ သက်ရောက်မှုက သက်စောင့်ဆေးတွေနဲ့ တန်းတူရှိတယ် တကယ်လို့ ပိုင်ရှင်ပုရဲ့ အကောင်းဆုံးဟင်းပွဲကိုများစားလိုက်လျှင် ဘယ်လိုများဖြစ်သွားမလဲ..."


ကိုယ့်ကိုယ်အမြဲယုံကြည်မှုရှိနေသော သူမ၏ စိတ်ထဲ၌ ခြိမ်းခြောက်ခံလိုက်ရသလို အနည်းငယ်လှုပ်ခါသွားလေသည်။သူမစိတ်ငြိမ်သက်အောင် ပြန်လည် လုပ်လိုက်ပြီးနောက် ပိုင်ရှင်ပု၏ လက်ရာများကို လာရောက်စားသုံးရန် ဆုံးဖြတ်လိုက်လေသည်။သူမကိုယ်တိုင် ပိုင်ရှင်ပု၏ လက်ရာများကို မြည်းစမ်းပြီးနောက် သူဘယ်လောက်ထူးဆန်းအံ့သြစရာကောင်းသည်ကို သိရှိရပေလိမ့်မည်။


ဒီစားဖိုမှူးက တကယ်ပဲ အဂ္ဂိရတ်ပညာရှင်တွေကို ခြိမ်းခြောက်နိုင်တာလား...ချက်ပြုတ်သူတွေကြားထဲက ထူးဆန်းတဲ့ လူတစ်ယောက် ...


အန်းရှန့် အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်မိလိုက်သည်။ယခုတော့ ပဉ္စလက်စုဝေးပွဲပြိုင်ပွဲက အရေးကြီးသည်ဟု သူမထင်လာမိပေပြီ။သူမ ပို၍ ဂရုစိုက်ရန်လိုပေသည်။ထိုသို့မှမဟုတ်လျှင်ပြိုင်ပွဲအတွင်းမှ ကန်ထုတ်ခံရပေလိမ့်မည်။


ပိုင်ရှင်ပု၏ စကေးများကို သိပြီးပြီဆိုလျှင်တောင်မှ ထိုကဲ့သို့ စားဖိုမှူး တစ်ယောက်ကို ဆုံးရှုံးရခြင်းက အလွန်ရှက်စရာကောင်းနေတုန်းပင်ဖြစ်သည်။


အန်းရှန့်၏ အမူအရာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ပြီးနောက် သွမ့်ယွင် တိတ်တဆိတ်ပြုံးလိုက်မိသည်။


ပိုင်ရှင်ပုက မှော်ကဝေအန်းရှန့်ကိုတောင် ဖိအားပေးနိုင်နေသူတစ်ယောက်ပေ။သူ ထိုပြိုင်ပွဲကို မျှော်လင့်စောင့်ဆိုင်းနေမ်ိပေပြီ။


ထို့ပြင် ပဉ္စလက်စုဝေးပွဲ၌ ပိုင်ရှင်ပုနှင့် ရင်ဆိုင်နိုင်ရန်လဲ မျှော်လင့်နေမိသည်။ထိုသို့သာဆိုလျှင် အလွန် စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။


အန်းရှန့်က စားသောက်ပြီးသည်နှင့် ကျသင့်ငွေကို ပေးချေလိုက်ကာ သွမ့်ယွင်ကိုဆွဲ၍ အလျှင်စလို ထွက်သွားလိုက်လေသည်။ဆွဲခေါ်ခြင်းခံလိုက်ရသောကြောင့် သွမ့်ယွင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြန်သည်။


စားပွဲဝိုင်း၌ အံ့အားသင့်သည့်အမူအရာနှင့် ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့ နှစ်ယောက်သာ ကျန်ခဲ့လေသည်။ပုဖန်၏ စွမ်းရည်က သူ့ကို ထူးခြားဆန်းကြယ်သည့် အင်အားတစ်ခုအကြောင်း သတိပေးနေလေသည်။


သို့သော်လည်း ဆေးနန်းတော်အတွင်း၌ ထိုစွမ်းအားများ ရှိမရှိကို အတည်မပြုနိုင်ပေ။ပုဖန်ကို သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ထိုစွမ်းအားများကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။


သူပြုလုပ်ပြီးသွားသည်နှင့် ရလဒ်နှင့်အတူ ဒီဆိုင်သို့ နောက်တစ်ခေါက်ပြန်လာပေမည်။


အချိန်များရွေ့လျားနေပြီးနောက် သုံးရက်က လျှင်မြန်စွာ ကုန်ဆုံးသွားလေသည်။


ပဉ္စလက်စုဝေးပွဲ၏ ထိပ်ဆုံးအယောက် ၁၀၀ ယှဉ်ပြိုင်မည့်ပွဲ မကြာခင် စတင်ပေတော့မည်။