အပိုင်း ၅၁၁
Viewers 53k

အခန်း ၅၁၁

ထူးခြားဆန်းကျယ်လှသောဟင်းပွဲ


မိုးသောက်ချိန်၌...

 နွေးထွေးသော နေရောင်ခြည်များက ကမ္ဘာမြေပေါ်သို့ ဖြန့်ကျက်လာလေပြီ။


ပြတင်းပေါက်မှ နေရောင်ခြည်ဝင်လာသည့်အခ်ျိန်၌ ပုဖန် အိပ်မှ ထလိုက်ပြီး ပျင်းရိစွာ အကြောဆန့်၍ သန်းဝေလိုက်သည်။ထို့နောက် အိပ်ယာမှထ သန့်ရှင်းရေးလုပ်ကာ မီးဖိုချောင်ဘက်ဆီသို့ လျှောက်လာခဲ့သည်။


ထို့နောက် ပုံမှန်အတိုင်း လေ့ကျင့်ခန်းများပြုလုပ်ပြီး ဘလက်ကီနှင့် နယ်သာရီတို့အတွက် ချက်ပြုတ်လိုက်သည်။ပူနွေးသည့် ဟင်းပွဲများကို သယ်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်လာခဲ့လေသည်။


တစ်နေ့တာလုံးတွင် ဘလက်ကီ မအိပ်သည့်အခ်ျိန်ဟူ၍ အခုအခ်ျိန်သာရှိပေလိမ့်မည်။သူက စားပွဲပေါ်ကို လက်နှစ်ဖက်တင်၍ မျက်လုံးဝိုင်းဝိုင်းလေးများက ပုဖန်လက်ထဲမှ နံရိုးချိုချဉ်ကြော်ကို စ်ိုက်ကြည့်နေလေသည်။


နယ်သာရီကလည်း ဘလက်ကီ၏ အမူအရာအတိုင်း တစ်ထပ်တည်းတူညီစွာပင် ဟင်းပွဲကို စိုက်ကြည့်နေသည်။သူတို့ဘဝတွင် စားသောက်နေသည့်အချိန်ကသာ ဘဝအဓိပ္ပာယ် အရှိဆုံးဟု ပြောလျှင်ပင် မှားအံမထင်။


နှစ်ခြိုက်ပျော်ရွှင်စွာပင် လောဘတကြီး စားသောက်နေသည့် နှစ်ယောက်ကိုကြည့်၍ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။ထို့နောက် မီးဖိုခန်းဘက်သို့ သူပြန်ဝင်သွားလိုက်ကာ ရွှေဝါရောင်ဖက်ထုပ်လေးများပါသည့် ခြင်းကိုသယ်၍ ပြန်ထွက်လာခဲ့သည်။


စားသောက်ပြီးစီးသည်နှင့် ဆေးကြောသန့်ရှင်းပြီးနောက် ဆိုင်မှ ထွက်လာခဲ့သည်။ထုံးစံအတိုင်း သူ့၏ ကြော်ငြာဆိုင်းဘုတ်ကြီးကိုလည်း သယ်ဆောင်လာခဲ့သည်။သူ တဝါးဝါးသန်းရင်းဖြင့် မြူကောင်းကင်မြို့ မြေပြင်ကျယ်ဆီသို့ ဖြေးညှင်းစွာ လျှောက်လာခဲ့သည်။


ပဉ္စလက်စုဝေးပွဲ၏ ထိပ်ဆုံးအယောက် ၁၀၀ ယှဉ်ပြိုင်ပွဲ စတင်တော့ပေမည်။


သူရင်ပြယ်ကျယ် ရှိရာသို့ လျောက်လာသည်တလျောက် များပြားလှသော သူများကို တွေ့လိုက်ရသည်။ယခုပဉ္စလက်စုဝေးပွဲ ထိပ်ဆုံးအယောက် ၁၀၀ ထဲတွင် ပုဖန်၏ တည်ရှိမှုကလည်း သေးသေးကွေးကွေးမဟုတ်တော့ပေ။


ထိပ်ဆုံးအယောက် ၁၀၀ ထဲသို့ ဝင်လာသည့် သူများ၏ စွမ်းဆောင်ရည်ကြောင့် လူတိုင်းက သတိပြုမိကြလေသည်။ထို့အပြင် စကာတင်ရွေးချယ်ပွဲ၌ ပြဿနာမျိုးစုံ ရှာဖွေခဲ့သော ပုဖန်ကို လူများက ကောင်းကောင်းကြီးကို မှတ်မိနေကြလေသည်။


ပြောရမည်ဆိုလျှင် သူက အဂ္ဂိရတ်ပညာရှင်များကြားထဲ၌ တစ်ဦးတည်းသော စားဖိုမှူးတစ်ယောက်ဖြစ်နေလေသည်။သူက အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူဟုလည်း ခေါင်းစဉ်တပ်ခံထားရလေရာ အာရုံစိုက်မခံရပဲ အဘယ်သို့ နေပါမည်နည်း။


"ပိုင်ရှင်ပု မင်းလုပ်နိုင်ပါတယ် မင်းထိပ်ဆုံး ငါးဆယ်ထဲကို ရောက်နိုင်မှာ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်နော်...မင်းက ဒီပြိုင်းပွဲကြီးရဲ့ ဖျက်မြင်းတစ်ကောင်ပဲ ..."


"စားဖိုမှူးတစ်ယောက်ကသာ ထိပ်ဆုံးငါးဆယ်ထဲကို ဝင်သွားမယ်ဆ်ိုရင်တော့ ဒီပဉ္စလက်စုဝေးပွဲကြီးက တကယ်တကယ့်ကို စိတ်ဝင်စားစရာကောင်းလိမ့်မယ်..."


"ပိုင်ရှင်ပု မင်းရဲ့ ပြိုင်ဘက်က မှော်ကဝေအန်းရှန့်ဖြစ်နေပေမယ့်လည်း စိတ်မကောင်းမဖြစ်နဲ့နော် နောက်ထပ် နောက်ထပ် ပွဲတွေကျရင် ဝင်ပြိုင်လို့ရသေးတာပဲ..."


လမ်းတစ်လျှောက်၌ ပုဖန်ကို သိရှိသည့်သူများက အပြုံးနှင့် နှုတ်ဆက်စကားဆိုကြသည်။


ပုဖန်ကမူ ထုံးစံအတိုင်း မျက်နာသေဖြင့်သာ ခေါင်းညိတ်၍ တုံ့ပြန်လေသည်။


ထို့နောက်...

 ပုဖန်၏ မြင်ကွင်းထဲသို့ ရှည်လျားလှသော သံမဏိအဆောက်အအုံများ ဝင်လာလေသည်။အဆောက်အဦးတစ်ခုချင်းစီက မိုးထိမတက် မြင့်တက်နေကြပြီး လူများကို ဖိနှိပ်ခံရသည့် ခံစားချက်မျိုးပေးစွမ်းနေလေသည်။


ထိုအဆောက်အဦးများ၏အောက် ပေါင်းမိုးထဲမှ လျှောက်လာပြီးနောက် ရင်ပြင်ကျယ် ရှိရာသို့ ရောက်လာခဲ့လေသည်။ထိုပေါင်းမိုးထဲမှ ထွက်လိုက်သည်နှင့် အလင်းပင်လယ်ထဲ ရောက်သွားသလိုပင် ခံစားလိုက်ရပြီး ပုဖန်မျက်ဝန်းများမှေးကျင်းလိုက်ရသည်။ထို့နောက် ခဏကြာမှသာလျှင် သူ့၏ မြင်ကွင်းများ ပြန်လည်ရှင်းလင်းလာလေသည်။


ရင်ပြင်ကျယ်ထဲရှိ လူများက ပြိုင်ပွဲအကြောင်းကို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေကြသည်။ ထိုသူများက အလွန်ပင် စိတ်လှုပ်ရှားနေပုံရလေသည်။


ပြိုင်ပွဲကြည့်ရှုရန် ရောက်နေကြသော လူအရေအတွက်မှာလည်း အလွန်များပြားလှသည်။ဒါက နောက်ဆုံးစကာတင်ရွေးချယ်ပွဲထက်ပင် အဆပေါင်းများစွာ သာနေလေသည်။


ထိပ်ဆုံး၁၀၀ ပြိုင်ပွဲဖြစ်သည့်အတွက် လူအုပ်ကြီးက ထိုပြိုင်ပွဲနှင့်ပတ်သတ်၍ မျှော်လင့်ချက်မြင့်မြင့် ထားထားကြလေသည်။


ရင်ပြင်ကျယ်ထဲတွင် အပြောင်းအလဲတစ်ချို့လည်းရှိသည်။ယခင်က ပြိုင်ကွင်းရှစ်နေရာမှာ ရှိနေရာမှ ငါးနေရာသို့ လျှော့ချထားခြင်းဖြစ်ပြီး အပြောင်းအလဲ ကြီးကြီးမားမားတော့ မဟုတ်ပေ။


ဒာ့အပြင်ပြိုင်ပွဲကွင်းတစ်ခုချင်းစီ၏ ပတ်လည်၌လည်း ရပ်တန့် ကြည့်နေသည့် ပရိတ်သတ်များလည်းမရှိပေ။ပြိုင်ကွင်း ငါးခု၏ အပြင်ဘက်၌ စက်ဝိုင်းပုံသဏ္ဍာန် ကြေးနီခြံစည်းရိုးတစ်ခု ခတ်ထားသည်ကိုလည်း တွေ့လိုက်ရသည်။ထိုစည်းရိုး၏ အပြင်ဘက်၌သာ ကြည့်ရှုသူများထိုင်နေကြသည်ကို တွေ့ရ၏။


ပုဖန်က သူရောက်နေရာ နေရာ၌ပင် ဆိုင်းဘုတ်ကိုင်၍ မတ်တပ်ရပ်နေမိသည်။သူကြည့်ရသည်မှာ အနည်းငယ် လမ်းပျောက်နေပုံရလေသည်။


"ဘော်ဒါပု ဒီကိုလာ...ငါဒီမှာ..."


ပုဖန်တွေဝေငေးမောနေစဉ်မှာပင် အော်သံတစ်ခုထွက်ပေါ်လာလေသည်။ထို့နောက် နန်ကုန်းဝူချယ်လက်ဝှေ့ယမ်း၍ အချက်ပြနေရာနေရာဆီသို့ လျှောက်သွားလိုက်သည်။


နန်ကုန်းဝူချယ်၏ နားတွင် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူများစွာ ရှိလေသည်။သူတို့၏ မျက်နာ၌လည်း ဝင့်ကြွားဟန်က အထင်းသားပေါ်လွင်နေသည်။နန်ကုန်းဝူချယ်၏ အော်သံကိုကြားလိုက်ရသောအခါ၌ သူတို့အားလုံး ပုဖန်ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။


ဆိုင်းဘုတ်ကြီး ကိုင်ထားတဲ့ လူတစ်ယောက်....


"ဒီလူက နောက်ဆုံးစကာတင် ရွေးချယ်ပွဲမှာ ပြဿနာရှာတဲ့သူပဲဖြစ်ရမယ် သူက အဂ္ဂိရတ်ပညာရှင်တွေအများကြီးကို ရှုံးအောင်လုပ်ခဲ့တဲ့ စားဖိုမှူးပဲ ဖြစ်မယ်..."


ယခုအချိန်၌ လူအားလုံးက ပုဖန်ကို သတိပြုမိရန် လွယ်ကူနေပေသည်။လူအများကြားထဲ၌ ဆိုင်းဘုတ်ကြီးကိုင်ထားသည့်သူဆိုလျှင် အဂ္ဂိရတ်ပညာရှင်များအားလုံး၏ ဘုံရန်သူမှန်းသိနေကြပေသည်။


"နန်ကုန်းဝူချယ် မင်းက တကယ်ကို အဆင့် နိမ့်သွားတာပဲ မင်းက ဒီလိုလူမျိုးနဲ့တောင် အသိအကျွမ်းဖြစ်နေတယ်ဟုတ်လား..."


အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ပုဖန်ကို အထင်အမြင်သေးနေသည့် အကြည့်များဖြင့် ကြည့်ရှုလိုက်သည်။ထို့နောက် နန်ကုန်းဝူချယ်ဘက်သို့ လှည့်၍ တူညီသည့် အကြည့်ဖြင့် ထပ်ကြည့်လိုက်သည်။


အနားရှိ အဂ္ဂိရတ်ပညာရှင်များစွာကလည်း သူတို့၏ ထေ့ငေါ့ လှောင်ပြောင်သည့် အမူအရာများကို ဖုံးကွယ်မထားကြပေ။


အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူဟူ၍ ပုဖန်၏ နာမည်ကို ကြားခဲ့ဖူးသော်လည်း တကယ်တမ်းပုဖန်၏ စွမ်းရည်များကို လက်တွေ့မမြင်ဖူးပေ။ထို့ကြောင့် သူ မည်မျှကြောက်စရာကောင်းလည်းမသိပေ။

သူတို့အားလုံးက ထိုစားဖိုမှူးလေးကို အာရုံမစိုက်ချင်ကြပေ။


"စားဖိုမှူးတစ်ယောက်က ဟင်းပွဲလေး နည်းနည်းချက်ပြုတ်တတ်ရုံနဲ့ ကောင်းကင်ပော်တက်နိုင်မှာမဟုတ်လို့လား...ပဉ္စလက်စုဝေးပွဲရဲ့ ထိပ်ဆုံးအယောက်၁၀၀ထဲ ဝင်လာရုံနဲ့ ကောင်းကင်ပေါ်တက်နိုင်ပြီလို့ တကယ်ပဲ ထင်နေတာလား..."


နဂါး မြို့ဟောင်းတိုက်ကြီးတွင် အဂ္ဂိရတ်ပညာရှင်များက ထိပ်တန်းဖြစ်တည်မှုမျိုးဖြစ်သည်။ထိုစားဖိုမှူးလေး တစ်ယောက်သာသာက သူတို့ကို ရိုက်ချနိုင်ခဲ့မည်ဆိုလျှင် သူတို့ကိုယ် သူတို့အဂ္ဂိရတ်ပညာရှင်ဟု မခေါ်တော့ပေ။


နန်ကုန်းဝူချယ်က ထ်ိုသူများ၏ လှောင်ပြောင်မှုကိုလျစ်လျူရှုထားလိုက်သည်။ထိုသူများက ရေတွင်းထဲမှ ဖားသူငယ်များသာဖြစ်သည်။သာမန် ဟင်းပွဲများနှင့် ပိုင်ရှင်ပု၏ အချက်အပြုတ်ကို မည်သို့ နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း။ထိုသူများက ပိုင်ရှင်ပု၏ ချက်ပြုတ်ခြင်းအနုပညာ မည်မျှကြောက်စရာကောင်းမှန်းမသိကြပေ။


"ငါကြားထားတာတော့ ထိုစားဖိုမှူးရဲ့ ပြိုင်ဘက်က မှော်ကဝေ အန်းရှန့်တဲ့ ဟီး...ဟီး..."


"ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ...ထိပ်ဆုံး အယောက် ၁၀၀ ပြိုင်ပွဲရဲ့ ပထမဦးဆုံးပွဲစဉ်မှာတွင် မှော်ကဝေအန်းရှန်းနဲ့ တွေ့ရတယ်လို့ တကယ်ကိုကံမကောင်းတဲ့ လူပဲ ..."


"ဒီတစ်ကြိမ်မှာတော့ သူက အမြန်ဆုံးကျရှုံးမယ့်လူလို့ မင်းတို့ မထင်ထားမိကြဘူးလား...တကယ်ကိုပဲ စိတ်ဝင်စားဖို့ကောင်းလာပြီ...ဘာပဲဖြစ်ဖြစ်ပါ ဒီစားဖိုမှူးက ထိပ်ဆုံး ၁၀၀ထဲ ဝင်လာခဲ့တာကိုတော့ ငါတကယ် အသိအမှတ်ပြုတယ်..."


အဂ္ဂိရတ်ပညာရှင်များက တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုနေကြသည်။သဘာဝကျစွာပင် သူတို့က ပုဖန်ကိုသာ အထင်သေးနေကြလေသည်။မှော်ကဝေအန်းရှန့်က ထိပ်ဆုံး ၁၀ ယောက်ထဲသို့ပင် ဝင်ရောက်နိုင်မည်ဟု လျာထားခံရသူဖြစ်သည်။


ပထမဦးဆုံးပွဲစဉ်၌ပင် မှော်ကဝေအန်းရှန့်နှင့် တွေ့ဆုံရခြင်းမှာ တကယ်ကို စိတ်ဓာတ်ကျစရာကောင်းလှသည်။သူတို့အားလုံး ပုဖန်ကို အလွန်သနားစရာကောင်းသည်ဟု ခံစားမိကြလေသည်။


ပုဖန်က မျက်နာသေဖြင့်ပင် ထိုသူများကို ကြည့်လိုက်သည်။ထိုသူများသူ့ကို ရယ်မောနေသည်ကို ကြားရသည်က တကယ့်ကို ပြောစရာစကားမဲ့ရပေသည်။


ဘယ်လိုဖြစ်ပြီး ဒီလူတွေအားလုံးက ငါ့စကားနွားရ ပြောနေကြတာတုန်း ဒါက အဂ္ဂိရတ်ပညာရှင်တွေရဲ့ အမူအကျင့်ပဲလား...


"ဘော်ဒါပု သူတို့ကို ဂရုမစိုက်နဲ့ မင်းရဲ့ ပြိုင်ဘက်က ဟို ရင်သားကြီးကြီး အန်းမဟုတ်လား...ဒါက ဘာမှကြောက်စရာမလိုဘူး...မင်းအကောင်းဆုံးသာ လုပ်ရုံပဲ..."


နန်ကုန်းဝူချယ်က ပုဖန်ကို အားပေးစကားပြောလိုက်သည်။


အဂ္ဂိရတ်ပညာရှင်များ၏ ရယ်သံက ပို၍ပို၍ပင် ကျယ်လောင်လာခဲ့သည်။ပုဖန်၏ စွမ်းရည်များကို မျက်ဝါးထင်ထင်မြင်တွေ့သည့်သူမှလွဲ၍ ကျန်သည့်သူများအားလုံးက ပုဖန်ကိုကြည့်၍ လှောင်ပြောင်နေကြလေသည်။


ရုတ်တရက် ရယ်သံများအားလုံးတိခနဲ ရပ်သွားလေသည်။အဘယ့်ကြောင့်ဆိုသော် သူတို့ဆီသို့ လှမ်းလာသော ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။အလွန် စွမ်းဆောင်မှုရှိလှသော ပုံရိပ်လေးက အားလုံး၏ အာရုံကို ဆွဲယူသွားပေသည်။သူမ၏ အဂ္ဂိရတ်ပညာရှင်ဝတ်ရုံကပင် ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးကွယ်မထားနိုင်ပေ။


ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် သူမ၏ ဝတ်ရုံက ကြီးမားလှသည့် ရင်သားများကို ဖုံးကွယ်ထားရန်မဖြစ်နိုင်ပေ။


ပရိတ်သတ်များအားလုံးလည်းလေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။


 နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် သူတို့သူမအကြောင်း ပြောနေစဉ်၌ လူကိုယ်တိုင်ရောက်ချလာပေသည်။


သူမက ကောင်းကင်ဆေးမြို့တော်မှ ပါရမီအရှိဆုံး အဂ္ဂိရတ်ပညာရှင် မှော်ကဝေအန်းရှန့်သာဖြစ်သည်။ထို့အပြင် သူမက ထိပ်ဆုံး ၁၀ ယောက်ထဲသို့လည်း ဝင်ရောက်နိုင်မည့် အခွင့်အရေးအများဆုံးသူဖြစ်သည်။


သူမက လှပမှုနှင့် ပါရမီနှစ်ခုလုံးကို ပိုင်ဆိုင်ထားပေသည်။သူက အဂ္ဂိရတ်ပညာရှင်အားလုံး၏ အိပ်မက်နတ်သမီးလေးပင်ဖြစ်သည်။မည်မျှပင် ကြောက်စရာကောင်းစေကာမူ သူတို့ မထိန်းချုပ်နိုင်ပဲ ချစ်ကျွမ်းဝင်မိကြတုန်းပင်ဖြစ်သည်။


မှော်ကဝေအန်းရှန့်၏ ယိမ်းနွဲ့နေသော ခန္ဓာကိုယ်ကိုကြည့်၍ အဂ္ဂိရတ်ပညာရှင်များ၏ မျက်လုံးထဲတွင် မီးတောက်လာသလို တောက်ပလာလေသည်။


သူမက သူတို့ရှိရာဆီ ဦးတည်ပြီးလျှောက်လာသည်ကို မြင်လိုက်သည်နှင့် သူတို့နှလုံးသားများက မရပ်မနားခုန်လာတော့သည်။


ကြည့်ရတာ နတ်ဘုရားမလေးက သူတို့ပြောသွားသည်ကို ကြားပြီး သဘောတူပုံရလေသည်။ထို့ကြောင့် သူတို့နှင့် အတူတကွ ပြောဆိုလို၍ လာရောက်ခြင်းဖြစ်ပေလိမ့်မည်။


မှော်ကဝေအန်းရှန့် ခြေလှမ်းလှမ်းလိုက်တိုင်း စကပ်၏ ခွဲကြောင်းမှနေ၍ ဖြူဖွေးသွယ်လျလှသော ခြေထောက်သားလေးများက တလှစ်လှစ်ထွက်ပော်လာသည်။ ကြည့်နေသူအားလုံး တံတွေးတစ်လုတ်စီမျိုချလိုက်မိကြသည်။


"ဒီကိုရောက်လာပြီ ...သူမ အနားကို ရောက်လာပြီ ..."


မှော်ကဝေအန်းရှန့်ဆီမှ လွင့်ပျံလာသည့် မွှေးပျံ့သည့်ရနံ့လေးများကိုလည်း ရှုရှိုက်လိုက်မိကြသည်။


"အား...အနံ့လေးက ကောင်းလိုက်တာ..."


သူတို့အားလုံးက မှော်ကဝေအန်းရှန့်ကို စကားပြောချင်ကြလေသည်။သို့သော်လည်း လည်ချောင်းထဲ တစ်ဆို့သွားသလို ဘာစကားတစ်ခွန်းမှ ထွက်မလာပေ။မျက်လုံးများပြူးကျယ်ပြီး မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။


မှော်ကဝေအန်းရှန့်က သူတို့အားလုံးကို လျစ်လျူရှုပြီး ဆိုင်းဘုတ်ကိုင်ထားသည့် ပုဖန်ဆီသို့ တည့်တည့်ကြီးလျှောက်သွားလေသည်။သူမ၏ မျက်နာပေါ်၌ လှပလှသော အပြုံးပန်းလေးပွင့်လန်းလာပြီး နှုတ်ဆက်စကားပြောလိုက်လေသည်။


"ပိုင်ရှင်ပုရေ မင်္ဂလာနံနက်ခင်းပါနော်..."


ပုဖန်က ခေါင်းတစ်ချက်သာညိတ်၍ အသိအမှတ်ပြုလေသည်။


"မနေ့က ပိုင်ရှင်ပုရဲ့ ဟင်းပွဲကို စားခဲ့ပြီးတော့လေ ငါ တစ်ညလုံးနှလုံးတွေခုန်ပြီး အိပ်လို့ကိုမရဘူး...အဲ့ဒါက အရမ်းအရသာရှိတာပဲ ..."


အန်းရှန့်က မျက်ဝန်းများ မှေးကျင်းလိုက်ပြီးနောက် ပုဖန်နားနီးအောင် ခန္ဓာကိုယ်ကပ်၍ တီးတိုးပြောလိုက်သည်။သူမ၏ ရင်သားများကလည်း အနည်းငယ်တုန်ခါနေလေသည်။


ထို့မြင်ကွင်းကြောင့် နန်ကုန်းဝူချယ် ဆံပင်မွှေးများပင် ထောင်ထသွားလေသည်။သို့သော် သူဘာမှမလုပ်ရသေးခင်မှာပင် မှော်ကဝေ အန်းရှန့်က သူမျက်နာကို ဆတ်ခနဲရိုက်လိုက်ပြီး ပုဖန်ဘေးမှ တွန်းထုတ်လိုက်လေသည်။


"ပိုင်ရှင်ပု...ဒီနေ့ ဘာဟင်းတွေ ချက်မှာလဲဟင်... ကျွန်မအရမ်းကြောက်မိတယ်...ကျွန်မတကယ်ကို အရမ်းကြောက်မိတယ်...ပိုင်ရှင်ပုကို မနိုင်နိုင်မှာကို ကျွန်မကြောက်မိနေတယ်...ကျွန်မကို နည်းနည်းလောက်လေးများ သဲလွန်စပေးလို့မရဘူးလား..."


မှော်ကဝေ အန်းရှန့်က နူးညံ့ချွဲပစ်သည့် အသံလေးဖြင့် ပြောလိုက်သည်။ထိုအသံကြောင့် နန်ကုန်းဝူချယ် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများပင်ထလာလေသည်။


ဘာဖြစ်နေတာလဲ...ဒီအမျိုးသမီးကတော့ တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာပဲ သူက ပိုင်ရှင်ပုကိုတောင်မှ ဒီလိုမယားငယ်တုံးပိသံနဲ့ ပြောနေတယ်...


အဂ္ဂိရတ်ပညာရှင်များ၏ မျက်လုံးများက လင်ကွင်းလောက်ပြူးကျယ်နေပေပြီ။သူတို့၏ မျက်နာပေါ်၌ မယုံကြည်နိုင်ဟန်အထင်သားပေါ်လွင်နေသည်။


"ကမ္ဘာကြီးက ဘာဖြစ်သွားပြီလဲ ဘာတွေ ဖြစ်နေလဲဆိုတာ ငါကိုပြောကြပါဦး...နတ်သမီးလေး အန်းရှန့်က ဘာအဓိပ္ပါယ် ပြောလိုက်တာလဲ...သူမရဲ့ စွမ်းဆောင်ရည်တွေ ကျွမ်းကျင်မှုတွေနဲ့တောင်မှ ပြိုင်ဘက်ဆီကို စုံစမ်းဖို့လိုသေးတယ်လား..."


ပုဖန်က သူလက်ထဲမှ ဆိုင်းဘုတ်ကို မြေပြင်ပေါ် ချလိုက်ပြီး အန်းရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးနောက် လျှို့ဝှက်စွာ ပြောလိုက်လေသည်။


"ဒီနေ့တော့ ငါက ကျော့ရှင်းတဲ့ ထိပ်တန်း ဟင်းပွဲတစ်ပွဲကို ချက်မှာ ဒါပေမယ့် တကယ့်ဟင်းပွဲတစ်ခုတော့လည်း မဟုတ်ဘူး...အဲ့ဒီလ်ိုဆိုပေမယ့် လူသားမျိုးနွယ်တွေရဲ့ မူလနည်းအတိုင်းကိုပဲ ချက်ပြုတ်မှာ သူ့ရဲ့ အရသာကလည်း ကွဲပြားခြားနားနေလိမ့်မယ်..."


ပုဖန်စကားအများကြီးပြောလိုက်သော်လည်း အန်းရှန့်တစ်လုံးမှ နားမလည်လိုက်ပေ။


ဘေးနား၌ရှိနေသော နန်ကုန်းဝူချယ်ပင်လျှင် မူးနောက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


"တင့်တယ်တဲ့ ဟင်းပွဲ... ဘာလူသားတွေရဲ့ ချက်ပြုတ်နည်းလဲ ...သူဘာစကားတွေ ပြောနေတုန်း..."


ပုဖန်က မျက်ခုံးပင့်၍ ထူးခြားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ထိုအကြည့်ကို စကားဖြင့်ပင် ရှင်းပြလို့မရပေ။


မှော်ကဝေအန်းရှန့်က မျက်မှောင်ကြုတ်လိုက်မိသည်။ပုဖန်က သူ့ကို ရိုက်ဖို့ တောင်းဆိုနေသည်ဟု ခံစားမိလေသည်။


အနားနား၌ရှိနေကြသော လူများကမူ ထိုမြင်ကွင်းကြောင့် လေအေး တစ်ချက်ရှူရှိုက်လိုက်မိကြသည်။


"မှော်ကဝေအန်းရှန့်ကဒီစားဖိုမှူးဘာဟင်းချက်မှာလဲလို့ သွားမေးတယ်...အဲ့ဒါက သူမကိုယ်သူမ ယုံကြည်မှုမရှိတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား...ဒီစားဖိုမှူးက တကယ်ပဲ ကြောက်ဖို့ကောင်းတာဖြစ်နိုင်လား..."


သူတို့စိတ်ထဲ၌ သံသယများစတင်ပေါက်ဖွားလာလေသည်။တစ်ယောက်ချင်းစီက သူတို့၏ ကျွမ်းကျင်မှုအပေါ် အလွန်ယုံကြည်မှုရှိပေသည်။သူတို့က ထိပ်တန်းအဂ္ဂိရတ်ပညာရှင်များဖြစ်လေရာ ထိုစားဖိုမှူးတစ်ယောက်ကို မည်ကဲ့သို့မှ ရှုံးနိမ့်စရာအကြောင်းရှိမည်မထင်ပေ။


"စားဖိုမှူးတစ်ယောက်က သူတို့ရဲ့ ပညာနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ..."


"ဒေါင်..."


နားကွဲလောက်ဖွယ် ခေါင်းလောင်းမြည်သံအကျယ်ကြီး ထွက်ပေါ်လာလေသည်။ထိုအသံက လေထဲ၌ ရပ်တန့်ထားသော ရွှေရောင်စစ်သင်္ဘောဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။


တစ်ချိန်ထဲမှာပင် ကြီးမားလှသော ကြေးဝါနာရီကို ကိုင်ထားသည့် အဂ္ဂိရတ်ပညာရှင် အကြီးအကဲ တစ်ယောက်ဆီမှ ကြေညာသံထွက်ပေါ့လေသည်။


"အဂ္ဂိရတ်ပညာရှင် ပြိုင်ပွဲဝင်တွေအားလုံးပဲ ပြင်ဆင်ထားကြပါ ...ထိပ်သီး အဆင့် ၁၀၀ ပြိုင်ပွဲ မကြာခင်ပဲ စတင်ပါတော့မယ်..."