အပိုင်း ၅၁၃
Viewers 62k

အခန်း ၅၁၃

အသားကင်ကြမယ်


ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း တင်ပါးများက ယမ်းခါသွားပြီး ဆံပင်များတဖျတ်ဖျတ်လွင့်သွားသည်။ဝတ်ရုံအောက်မှ ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်ကလည်း လှစ်ခနဲ ပေါ်ထွက်လာသည်။


မှော်ကဝေအန်းရှန့်၏ ခြေလှမ်းတိုင်းက ကျော့မော့တင့်တယ်နေပေသည်။သူမက မျက်ဝန်းများမှေးကျင်း၍ ဆိုင်းဘုတ်ကိုင်ထားသည့် ပုဖန်ကို ကြည့်လိုက်သည်။သူမ၏ နှုတ်ခမ်းပါးလေးများက ကော့ညွှတ်သွားပြီး မျက်ဝန်းအိမ်ထဲ၌ အလင်းရောင်လေးများ လက်ခနဲ လက်သွားသည်။သူမ၏ ပုံသဏ္ဍာန်က အတွေးထဲ နစ်မျောသွားသည်နှင့်ပင် ဆင်တူနေသည်။


ပွဲကြည့်ပရိတ်သတ်များက ရူးသွပ်တော့မလိုပင်ဖြစ်နေလေသည်။ မှော်ကဝေအန်းရှန့်စင်ပေါ်ရောက်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ထို့အပြင် သူမ၏ ပြိုင်ဘက်ကလည်း အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူဖြစ်နေပေသေးသည်။


ပုဖန်နှင့် မှော်ကဝေ အန်းရှန့်တို့ ထိပ်သီး ၁၀၀ ပြိုင်ပွဲတွင် ရင်ဆိုင်တွေ့ကြရလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။


"ဒါ ဘယ်လိုဖြစ်ကြရတာတုန်း...ငါမျက်လုံးတွေများ အမြင်မှားနေတာလား"


"ဒီ ပဉ္စလက်စုဝေးပွဲကြီးရဲ့ ဖျက်မြင်းတစ်ကောင်ရဲ့ ပြိုင်ဘက်က ငါ့ ရဲ့ နတ်ဘုရားမလေး မှော်ကဝေအန်းရှန့်ဖြစ်နေတာလား..."


"အံ့သြစရာပဲ...တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်"


"ငါက တကယ်ကိုပဲ ဒီစားဖိုမှူး ရဲ့ အမာခံ ပရိတ်သတ်ပါ သူထူးခြားအံ့သြဖွယ်ကောင်းတဲ့ ဟင်းပွဲတွေ ဖန်တီးမှာကို ငါတကယ်ကိုမြင်ချင်တာ ဒါပေမယ့်လည်း ငါ့ရဲ့ နတ်ဘုရားမလေးကိုလည်း မရှုံးစေချင်ဘူး..."


ပရိတ်သတ်များစီမှ ကြွက်စီကြွက်စီ အသံများထွက်ပေါ်လာပြန်သည်။သူတို့၏ မျက်နာများကလည်း စိတ်လှုပ်ရှားမှုဖြင့် နီရဲနေပေသည်။ပုဖန်ကို အားပေးနေကြသည့် ပရိတ်သတ်များက မှော်ကဝေ အန်းရှန့်ထွက်လာသည်ကိုမြင်လိုက်သည်နှင့် သူတို့၏ နတ်ဘုရားမလေးကို ပြောင်း၍ အားပေးကြလေသည်။


ရှေ့ဆုံး၌ရပ်နေသော သွေးဆူလွယ်သည့် ပရ်ိတ်သတ်တစ်ဦးက မိုးခြိမ်းသလို အသံကျယ်ကြီးဖြင့် အော်ဟစ်အားပေးလာလေသည်။


"နတ်ဘုရားမလေးအန်း...အကောင်းဆုံး ယှဉ်ပြိုင်ပါ ဒီစောက်ကျင့် မကောင်းတဲ့ စားဖိုမှုးကို ဖင်ပိတ်ကန်ပစ်လိုက်..."


"နတ်ဆိုးတွေက တရားမျှတမှုကို ဘယ်တော့မှ အနိုင်မရဘူး နတ်ဘုရားမလေးအန်း မင်းက ငါတို့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ တရားမျှတမှုကို ရှာဖွေပေးရမယ် အဲ့ဒီ မကောင်းတဲ့ စားဖိုမှူးက ဆိုးဆိုးရွားရွားဖြစ်အောင် ဖင်ပိတ်ကန်လိုက်..."


ပရိတ်သတ်များစီမှ အသံက လူတစ်ယောက်ထဲက အော်ဟစ်သလို တူညီသည့် အသံသာ ပဲ့တင်ထပ်နေပေသည်။သူတို့အားလုံးက အန်းရှန့်ကိုသာ အားပေးနေကြပြီး ပုဖန်အတွက် အားပေးသူ တစ်ယောက်မှ မရှိပေ။


အလှတရား၏ စွမ်းပကားက ကြီးမားလှပေသည်။


"အန်းရှန့် ...အန်းရှန့်..."


အားလုံးက ပြိုင်ပွဲစင်မြင့်ကိုသာစူးစိုက်ကြည့်၍ အန်းရှန့်နာမည်ကိုသာ အော်ဟစ်အားပေးနေကြလေသည်။အော်ဟစ်မှု အရှိန်အဟုန်ကကြီးမားလှသောကြောင့် စိတ်မခိုင်သူဆိုလျှင် ဘောင်းဘီထဲ သေးထွက်ကြပေလိမ့်မည်။


အကဲဖြတ်ထိုင်ခုံဆီမှ ဒိုင်လူကြီးမင်း ကုဟယ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ပရိတ်သတ်များက အန်းရှန့်ကိုသာ ယုံကြည်စွာ အားပေးနေကြလေရာ သူမ၏ ဆရာဖြစ်သော သူ့၏ ဂုဏ်သတင်းကိုလည်းတိုးတက်စေလေသည်။


"အဘိုးကြီးကု အန်းရှန့်က မင်းရဲ့တပည့်မဟုတ်လား သူမက လုံးဝကို ကျော်ကြားနေတာနော်..."


ကောင်းကင်မြို့မှ မဟာသခင် ယောင်ကွမ်းက ပြုံးဖြီးဖြီးဖြစ်နေသော ကုဟယ်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။


"အိုး...ဒီကလေးမက လှပတဲ့ ခန္ဓာကိုယ်ရှိတယ်လေ ဒါကြောင့်မလို့လည်း လူအများရဲ့ အာရုံကို ဆွဲဆောင်ထားနိုင်တာပေါ့ ...သူမရဲ့ ကျွမ်းကျင်မှုကတော့ မုပိုင်နဲ့ တခြားသူတွေထက် နည်းနည်းဆိုးတယ် ..."


ကုဟယ်က အပြုံးဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။ပြုံးရလွန်းသောကြောင့် သူ၏ မျက်ဝန်းများပင် မျဉ်းတစ်ကြောင်းတည်းလို ဖြစ်နေသည်။


"မုပိုင်နဲ့ တခြားပါရမီရှင်ကလေးတွေက ငါတို့ဆေးနန်းတော်ရဲ့ အနာဂတ်ပဲလေ အန်းရှန့်ကလဲ တော်တော်လေးကောင်းပာတယ် ဒါပေမယ့် များများလေ့ကျင့်ဖို့လိုနေတယ် ..."


"မင်းသတ်ိမထားမိဘူးလား...အဲ့ဒီကလေးမအန်းရှန့်ရဲ့ ပြိုင်ဘက်က လွန်ခဲ့တဲ့ ရက်တွေတုန်းက ပြဿနာအကြီးအကျယ်ရှာခဲ့တဲ့ စားဖိုမှူးဖြစ်မယ်ထင်တယ်..."


မဟာသခင် ရွှမ်မင်က စင်မြင့်ပေါ်ကို လှမ်းကြည့်နေရင်းမှ စကားဝိုင်းကို လှမ်းဖြတ်ပြောလိုက်သည်။ပုဖန်က စားဖိုမှူးတစ်ယောက်ဖြစ်သည်ဆိုသော်လည်း မြူကောင်းကင်မြို့မှသူဖြစ်သည်။ထို့ကြောင့် မဟာသခင်ရွှမ်မင်အနေဖြင့် သူ့ကို လျစ်လျုရှုလို့မရပဲ အာရုံစိုက်ထားရပေမည်။


ပြိုင်ပွဲဝင်များထဲတွင် မြူကောင်းကင်မြို့မှ အဆင့် ၁၀၀ တက်လှမ်းနိုင်ခဲ့သူက အလွန်ပင်နည်းလေသည်။သူတို့၏ မြို့၌ စားဖိုမှူးတစ်ယောက် ထွက်ပေါ်လာခြင်းက အနည်းငယ် စိတ်မချမ်းမြေ့စရာကောင်းသော်လည်း အယောက်၁၀၀ထဲ ဝင်ခဲ့ရခြင်းကတော့ တစ်မြို့လုံးကိုပင် စိတ်လှုပ်ရှားမှုများ လွှမ်းခြုံသွားစေသည်။


"ဟုတ်တယ် တကယ် သူပဲ...ကြည့်ရတာတော့ ပြိုင်ပွဲရဲ့ ဖျက်မြင်းတစ်ကောင်တော့ လမ်းဆုံးရောက်ပြီပဲ သူက အန်းရှန့်နဲ့ မှတွေ့ရတယ်လို့ ကျွတ်...ကျွတ်...ကျွတ်..."


"အိုး ...ဒါက အရမ်းလည်း မဆိုးပါဘူးအခုတော့ အန်းရှန့်က အဲ့ဒီစားဖိုမှူးဝေးဝေးဆက်မပြေးနိုင်အောင်လို့ ရပ်တန့်ပေးလိမ့်မယ် ...သူမသာ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ခွဲချေဖြတ်နိုင်လိုက်မယ်ဆိုရင် နောက်ထပ် ထိပ်တန်းအဂ္ဂိရတ်ပညာရှင်တွေကို စ်ိန်ခေါ်ရဲတော့မှာမဟုတ်ဘူး ..."


တခြားအကဲဖြတ်ဒိုင်များစွာက တညီတညွှတ်တည်းပြောလိုက်ကြလေရာ မဟာသခင်ရွှမ်မင် ပြောစရာစကားပင် မဲ့သွားရလေသည်။


"ပိုင်ရှင်ပုရေ ငါ့ကို ညှာတာပာနာ် ဒီအစ်မကြီးက.. နင်ငါကို နာကျင်အောင် လုပ်မှာကို ကြောက်နေမိတယ်..."


ရပ်နေသောအန်းရှန့်၏ မျက်နာ၌ အပြုံးတစ်ခုက ထင်ရှားနေသည်။သူမက ခေါင်းအသာမော့၍ နီမြန်းသော နှုတ်ခမ်းပါးလေးများကို ဖွင့်ဟ၍ ပြောလိုက်သည်။


သူ့၏ ပါးစပ်မှ ခံတွင်းနံ့ သင်းမွှေးမွှေးလေးကလည်း ကပ်လျက်ပါလာလေ၏။ထိုပြိုင်ကွင်းတွင် တာဝန်ကျနေသော အကဲဖြတ်ဒိုင်ပင်လျှင် ထိုမြင်ကွင်းကြောင့် ရှက်ရွံ့သွားမိသည်။


"ဒီအမျိုးသမီးက တကယ့်ကို ဘေးအန္တရာယ်ပဲ..."


ထိုဒိုင်လူကြီးက ပုဖန်၏ ဟင်းပွဲကို နှစ်ကြိမ်တောင်မြည်းစမ်းခွင့်ရခဲ့သော ဒိုင်လူကြီးချုပ်ဖြစ်သည်။သူက ပုဖန်လက်ရာဖြင့် ဆွဲဆောင်ခံထားရသောကြောင့် ဒီပွဲတွင် အကူဒိုင်လူကြီးလုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။


"အင်း...ငါထိန်းချုပ်ထားလိုက်မယ် ..."


ပုဖန်က မျက်နာသေဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။


ထိုပုံစံကြောင့် ကြောင်အမှင်သက်သွားသလို ဒိုင်လူကြီးပါ စွံ့အသွားမိသည်။


ဒီအမျိုးသမီးလေးက မင်းကို စနောက်နေတာလေကွာ အဲ့ဒါကို မင်းက အတည်ကြီးယူလိုက်တာလား ဒီလိုပုံစံကြီးပြန်ပြောလိုက်တယ်ပေါ့...


ထို့နောက် အန်းရှန့်က သဘောတကျဖြင့် တခစ်ခစ်ရယ်မောလိုက်လေရာသူမ၏ တောင်ကုန်း နှစ်လုံးက မရပ်မနားပင် လှုပ်ခါနေတော့သည်။


"ဝါး..."


"ဝိုး..."


ထိုမြင်ကွင်းကြောင့် ပရိတ်သတ်များအားလုံးက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြလေသည်။


"တကယ်ကိုကြောက်စရာကောင်းလွန်းတယ်..."


သူတို့ မျက်လုံးများကို ဖွင့်၍ အဆုတ်ကွဲအောင်ပင် အော်ဟစ်နေကြလေသည်။သူတို့ရှေ့မှ မြင်ကွင်းကြောင့် နှာခေါင်းသွေးများပင် စီးကျလာလေသည်။


မှော်ကဝေအန်းရှန့်က ခြေတစ်လှမ်းအသာလှမ်းလိုက်၍ ပုဖန်နားသို့ တိုးကပ်လိုက်သည်။ထို့နောက် ပုဖန်ခန္ဓာကိုယ်ဘက်ကို ယိုင်ချလိုက်လေရာသူမအသက်ရှုထုတ်လိုက်သည့် လေနွေးနွေးလေးများပင် ပုဖန်၏ နားထဲ ဝင်သွားလေသည်။


ထို့ကြောင့် ပရိတ်သတ်များက ပို၍ပင် စိတ်လှုပ်တရှားအော်ဟစ်လာကြလေသည်။ဒိုင်လူကြီးမင်းက ကြောင်အနေရာမှ အလျှင်အမြန် သတိဝင်လာပြီးနောက် ချောင်းဆိုး၍ ဟန့်လိုက်သည်။


ဒီစင်မြင့်က ပြိုင်ပွဲအတွက်ဖြစ်ပြီး သူတို့ တစ်ယောက်ကိုတစ်ယောက် ကျီစယ်မှုကို လာပြသည့်နေရာမဟုတ်ပေ။


"ဒါ... ကျေးဇူးပြုပြီးတော့ ကိုယ်စင်မြင့်မှာကိုယ် နေရာယူပေးပါ ပြိုင်ပွဲက မကြာခင် စပါတော့မယ်..."


အန်းရှန့်က ဒိုင်လူကြီး စကားကြောင့် ခန္ဓာကိုယ်ကို နောက်ပြန်ယူလိုက်ပြီးနောက် ပရိတ်သတ်များဘက်သို့ အပြုံးလေးဖြင့် လှည့်ကြည့်လိုက်သည်။ထို့နောက် သူမ၏ နေရာဆီသို့ လျှောက်လှမ်းလိုက်သည်။


ပုဖန်က သူမကို တည်ကြည်စွာပင်ကြည့်ရင်း နှုတ်ခမ်းတွန့် ရုံ မဲ့လိုက်သည်။ထို့နောက် သူ့၏ ဆိုင်းဘုတ်ကို မြှောက်ကိုင်လိုက်ပြီး သူ့အတွက်နေရာသို့ လျှောက်သွားလိုက်သည်။


"ဒီအမျိုးသမီးက ရူးနေတာပဲဖြစ်ရမယ်..."


သူအနားသို့ တိုးကပ်၍ လေသံတိုးဖွဖွဖြင့် ဘာများပြောခဲ့ပါသနည်း။


သူမက မည်သည့်စကားလုံးတစ်လုံးမှ မဆိုခဲ့ပေ။သူမဘာကိုရည်ရွယ်၍ လူပ်ဆောင်နေသလဲကို ပုဖန်မသိတော့ပေ။


သူ့၏ နေရာ၌ ဆိုင်းဘုတ်ကိုကျယ်လောင်စွာချလိုက်ပြီးပရိတ်သတ်များဘက်သို့ လှည့်လိုက်သည်။


ပုံရိပ်လွှဲပြောင်း အစီအရင်မှလည်း ဖြစ်ပျက်သမျှအရာအားလုံးကို ဖမ်းယူပို့ဆောင်ပေးနေလေရာ တောက်ပကောင်းကင်မြို့နှင့် ဆေးကောင်းကင်မြို့မှ လူများကလည်း မြူကောင်းကင်မြို့မှ အဖြစ်အပျက်များကို သိကြပေသည်။


ထိုမြင်ကွင်းက တခြားမြို့များရှိ ကြည့်ရှုသူများကို ဆူပူမှုဖြစ်ပွားစေသည်။စကားလုံးငားလုံးသာ သူတို့ တွေ့မြင်နေရသည်။


"တိမ်ခိုးစားသောက်ဆိုင်..."

တခြားဆေးမြို့တော်များအနေဖြင့် ထိုစကားလုံးများကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။


သူမ၏ စင်မြင့်၌ရပ်နေသော အန်းရှန့်၏ မျက်နာပေါ်၌ လေးနက်တည်ကြည်သည့် အမူအရာများပေါ်လာသည်။သူမ၏ ပြိုင်ဘက်က ပုဖန်ဖြစ်လေသည်။သူမ သိထားသော ထိုသူ၏ စွမ်းရည်များကို လျှော့တွက်၍မရပေ။


ထိုပုဖန်၏ ဟင်းပွဲများက သက်စောင့်ဆေးများထက် ယှဉ်နိုင်သည့်ဆိုသည်မှာ ချဲ့ကား ပြောဆိုထားခြင်းမဟုတ်ပေ။သူမ၏ စိတ်ထဲ၌လည်း ဒီတစ်ပွဲ၌ သူမရှုံးနိမ့်နိုင်သည်ဟူ၍ ကြောက်ရွံ့သည့်ခံစားမှုများ ဖြစ်ပေါ်နေလေသည်။


ဝီ...


သူမ၏ လက်ကိုဝှေ့ယမ်းလိုက်ရာ လေတိုးသံ တစ်ချက်ဖြစ်ပေါ်လာပြီးနောက် ဆေးပြင်းမီးဖိုတစ်လုံး သူမ၏ စင်မြင့်ပေါ်သို့ ကျလာသည်။ဒီအဂ္ဂိရတ်ဆေးမီးဖိုက ဆန်းကြယ်သည့် ပုံစံရှိလေသည်။မျက်နာပြင်၌ မြောက်များလှစွာသော လိုင်းများက်ို ရေးထိုးထားပြီး ရိုးရှင်း၍ ကြည့်ကောင်းလှလေသည်။


ထို့နောက် သူမခပ်လှမ်းလှမ်းရှိ အတွေးနစ်နေပုံရသောပုဖန်ကို လှမ်းကြည့်လိုက်သည်။ထို့နောက် သူမ၏ အင်္ကျီထဲမှ ပန်းရောင်အဝတ်အစားတစ်စကို ထုတ်လိုက်ပြီး လှိုင်းတွန့်ဆံပင်များကို ချည်နှောင်လိုက်သည်။


မှော်ကဝေအန်းရှန့်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ပြီးနောက် သူမဆေးလုံးသန့်စင်ရန် စတင်လိုက်သည်။သူ့၏သေးသွယ်သော လက်ချောင်းလေးများဖြင့် စည်းတံဆိပ်တစ်ချို့ကို ရေးဆွဲလိုက်သည်။


လက်ချောင်းထိပ်လေးများမှ မီးစွမ်းအင်များ ထွက်ပေါ်လာသည်။ထိုလက်ချောင်းထိပ်များမှာပင် အစစ်အမှန်စွမ်းအင်များလည်း ပေါ်ထွက်လာပြီး သူ့၏ ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားလေသည်။


ဆေးမီးဖိုမှ ရေးထွင်းထားသောလိုင်းများက စတင် လှုပ်ရှားလာပြီး အသက်ဝင်လာလေသည်။


မီးထိန်းချုပ်မှု နည်းစနစ်။


အန်းရှန့်၏ လက်မှ ရုတ်တရက် အစိမ်းရောင် မီးတောက်များထွက်ပေါ်လာလေရာကြည့်ရှုနေသူများအားလုံး လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။


မီးတောက်၏ လောင်ကျွမ်းမှုအပူချိန်က ပြင်းထန်လှသည်။ထိုအစိမ်းရောင်မီးတောက်က ကောင်းကင်ကမ္ဘာမြေမီးလျှံအမျိုးမစားမဟုတ်သော်လည်း သူ့၏ အပူချိန်ကတော့ အလွန်ကွာခြားခြင်းမရှိပေ။


တစ်ခုတည်းသောအရာမှာ အန်းရှန့်၏ မီးတောက်က အသိဉာဏ်ချို့တဲ့နေခြင်းဖြစ်သည်။


အုန်း...


ကျယ်လောင်လှသည့် အသံနှင့်အတူ အစိမ်းရောင်မီးတောက်က ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ထိုမီးတောက်က မိုးကောင်းကင်ကိုပင် ဖြတ်သန်းထိုးခွဲတော့မလိုပင် ထင်ရသည်။


ထိုမီးတောက်က ကောင်းကင်ပေါ်မှနေ၍ အရှိန်အဟုန်ဖြင့် ပြန်လည်ထိုးကျလာကာ ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားလေသည်။ဝင်ရောက်မှု အားပြင်းထန်သောကြောင့်ဆေးမီးဖိုပင် ပေါက်ကွဲတော့မည့်ပုံပေါ်လေသည်။


အန်းရှန့်က ရင်သက်ရှုမောဖွယ်ကောင်းသည့် မီးထိန်းချုပ်မှုပညာကို ပြသလိုက်လေရာ ပရိတ်သတ်များအားလုံး အော်ဟစ်အားပေးကြလေသည်။


ထို ကခုန်နေသော အစိမ်းရောင်မီးတောက်ကို မြင်နေရသည်မှာ လှပစွာရေးခြယ်ထားသည့် ပန်းချီကားတစ်ချပ်ကို တွေမြင်ရသလ်ိုမျိုးသဘောကျမှုက်ို ခံစားရလေသည်။


မီးတောက်များကြီးမားလာပြီးနောက် အစိမ်းရောင် မီးအလင်းက ပတ်ဝန်းကျင်တစ်ခွင်ကို ပြန့်နှံ့လာလေသည်။ဆေးမီးဖို၏ အပူချိန်ကလည်း မြင့်တက်လာခဲ့သည်။မီးအပူချိန်မြင့်တက်လာသည်နှင့် သူမ၏ သိုလှောင်ကိရိယာထဲမှ စ်ိတ်ဝိညာဉ် ဆေးပင်အမျိုးမျိုးကို ထုတ်ယူလိုက်သည်။


စိတ်ဝိညာဉ်ဆေးပင် တစ်ပင်စီတိုင်းကို သူမ၏ စင်မြင့်ပေါ်တွင်တင်လိုက်ရာ ခဏအတွင်းမှာပင် စင်အပြည့်ဖြစ်သွားလေသည်။စိတ်ဝိညာဉ် ဆေးပင်များ၏ အရည်အသွေးက အလွန်မြင့်လှသည်။ထို ဆေးပင်များကို ကြည့်လိုက်ရုံဖြင့် အန်းရှန့်က သာမန်သက်စောင့်ဆေးကို ဖော်စပ်မည်မဟုတ်မှန်းပြောနိုင်ပေသည်။


သူက အမှတ် ၂ စိတ်ဝိညာဉ် ဆေးလုံးကို ဖော်စပ်လိုခြင်းဖြစ်ပေလိမ့်မည်။ထို့အပြင် ထိုအမှတ် ၂ ဆေးလုံးကလည်း သာမန်မဟုတ်ပဲ အထူးအမှတ် ၂ ဆေးလုံး ဖြစ်ပေလိမ့်မည်။


"သူမက တကယ်ပဲ ပထမဦးဆုံး ထိပ်သီးပွဲမှာတင် အဲ့ဒီဆေးလုံးကို ဖော်စပ်ဖို့ စီစဉ်ထားတာလား သူမ ရူးများသွားတာလား..."


သူမ၏ ရည်ရွယ်ချက်ကို မည်သူမှနားမလည်ပေ။သူတို့၏ ကမ္ဘာကြီးပေါ် အသိအမြင်များပင် ပြောင်းပြန်လှန်လိုက်ရသလို ခံစားလိုက်မိသည်။


"နတ်သမီးလေးအန်းက ဒီစားဖိုမှူးကို အလေးအနက်ထားနေတာလား..."


ဒိုင်လူကြီးမင်းလည်း လေအေးတစ်ချက်ရှိုက်လိုက်မိသည်။အန်းရှန့်၏ စိတ်ဝိညာဉ်ဆေးပင်များကိုကြည့်၍ သူ့၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူက တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်ဖြစ်သောကြောင့် ဆေးပင်များကိုကြည့်၍ သူမမည်သည့် ဆေးလုံးဖော်စပ်မည်ကို ပြောနိုင်ပေသည်။


"သူမက အမှတ် ၂ စိတ်ဝိညာဉ်ဆေးလုံး တိမ် လေခွဲဖြတ် ဆေးလုံးကို ဖော်စပ်မလို့လား..."


ထိုဆေးလုံးကို ဖော်စပ်ဖို့ စီစဉ်ထားခြင်းကြောင့် သူမယုံနိုင်ပင်ဖြစ်သွားမိသည်။ဒိုင်လူကြီးမင်းက အန်းရှန့်က်ိုကြည့်လိုက်ရာ သူမ၏ မျက်နာက ဂုဏ်သိက္ခာရှိသည့် အမူအရာကို ဆင်မြန်းထားသည်ကို တွေ့လိုက်ရသည်။သူမ၏ လေးနက်လှသော အမူအရာကြောင့် ဒိုင်လူကြီးမင်းပင် ဖိအားများကို ခံစားလာမိသည်။


နတ်သမီးအန်းက တကယ့်ကို အလေးအနက်ထားထားပုံရလေသည်။ဒီပြိုင်ပွဲကို အလေးအနက်ထားခြင်းမှာလည်း တကယ့်က်ု မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။


အန်းရှန့်နှင့် ယှဉ်ပြိုင်နေသည့် စားဖ်ိုမှူးက တစ်ခြားစားဖိုမှုးများနှင့် မတူပေ။သူ့၏ ထူးခြားမှုကိုလည်း အဆင့် ၁၀၀ ထဲဝင်ရောက်ခြင်းဖြင့် ပြသခဲ့ပြီးဖြစ်သည်။


ဒိုင်လူကြီးချုပ်က ဟင်းပွဲများ၏ အရသာကိုပင် ပြန်လည် သတိရသွားမိသည်။ထိုဟင်းပွဲများ၏ အရသာက အလွန်ကောင်းမွန်လှသည်ဆိုသော်လည်း သူ့ကိုအံ့အားသင့်စေခြင်းမှာ ထိုကြောက်စရာကောင်းလှသော အကျိုးသက်ရောက်မှုများပင်ဖြစ်သည်။


ထိုဟင်းပွဲများ၏ အဆင့်က သက်စောင့်ဆေးများနှင့်တူညီသည့် အဆင့်ကိုရောါ်နပေသည်။


သေသေချာချာစဉ်းစားကြည့်လိုက်ပါ။


 သက်စောင့်ဆေးများနှင့် တူညီသည့်အဆင့်ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်ပါမည်နည်း။


ပြောလိုသည်မှာ ထိုစားဖိုမှူး၏ အဆင့်က တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်များနှင့် ယှဉ်နိုင်ပေသည်။


အန်းရှန့်က ဆေးလုံးသန့်စင်ဖို့ အာရုံးစူးစိုက်နေသည့် အချိန်တွင် ပုဖန်ကလည်း ချက်ပြုတ်ရန်အတွက် စတင်ပြင်ဆင်နေပေပြီ။ပုဖန်၏ လက်မှ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးထွက်ပေါ်လာသည်။


ဓားကိုကိုင်လိုက်ပြီးနောက် သူ့၏ သိုလှောင်နယ်မြေထဲမှ သံဇကာကွက် တခုနှင့် အရောင်စုံလှသော သလင်းကျောက်အနည်းငယ်ကိုထုတ်ယူလိုက်သည်။


ထိုသလင်းကျောက်တုံးများကို အိုးထဲထည့်လိုက်ပြီးနောက် သံဇကာကွက်ကို အပေါ်တွင် တင်လိုက်သည်။


ထို့နောက်ဘေးသို့ တွန်းဖယ်ထားလိုက်ပြီးတခြားအရာမျကို ပြင်ဆင်လိုက်သည်။ပုဖန်က စနစ်၏ သိုလှောင်နယ်မြေထဲမှ ပါဝင်ပစ္စည်းအမျိုးမျိုးထုတ်ယူလိုက်တိုင်း ပရိတ်သတ်များက အံ့အားတသင့်ဖြင့် ရေရွတ်နေကြသည်။တစ်ချို့ဆိုလျှင် လေအေးများပင် ရှုရှိုက်နေမိကြလေသည်။


"ဒီစားဖိုမှူးက ဘာတွေလုပ်နေတာလဲ သူက အိုးထဲကိုလည်း သလင်းကျောက်တွေ ဖြည့်ထားသေးတယ် သူက ဒီပွဲကိုလည်းရှုပ်အောင်လုပ်နေတာလား..."


ကြည့်ရတာတော့ တော်တော်လေးထူးဆန်းတယ် သူက ဘာမှ မချက်တာများ ဖြစ်နိုင်လား..."


"မင်းတို့ သူထုတ်ယူလိုက်တဲ့ ပါဝင်ပစ္စည်းတွေကို မမြင်ဖူးလား အဲ့ဒါက တော်တော်လေး အဆင့်မြင့်ပုံရတယ်..."


ပရိတ်သတ်များ၏ မျက်နာပေါ်၌ ဇဝေဇဝါ အမူအရာများပြည့်နေသည်။


ဒိုင်လူကြီးချုပ်ပင်လျှင် စိတ်ရှုပ်ထွေးနေပေ။ပုဖန် မည်သည့်အရာများ ပြင်ဆင်နေသည်ကို သူလုံးဝ မခန့်မှန်းတက်ပေ။


ပုဖန်က ပါဝင်ပစ္စည်းများအားလုံးကို စင်မြင့်ပေါ်ခင်းကျင်းပြီးနောက် သူ့၏ လက်နှစ်ဖက်ကို ရိုက်ခါလိုက်ကာ အသက်တစ်ချက်ရှိုက်လိုက်သည်။


"အားလုံးတော့ ပြင်ဆင်ပြီးသွားပြီ အခုကတော့ စပြီးတော့ ကင်ရမယ့် အလှည့်ပဲ ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အသာအယာ ကော့ညွှတ်သွားသည်။ထို့နောက် ပရိတ်သတ်များ၏ အံ့အားသင့်နေသည့် အကြည့်များအောက်မှာပင် ကောင်းကင်ကမ္ဘာမြေမီးလျှံကို မှုတ်ထုတ်လိုက်လေသည်။


မီးတောက်က ဒယ်အိုးအောက်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အိုးထဲမှ သလင်းကျောက်များ၏ အရောင်က အနီရောင်ပြောင်းသွားလေသည်။ထို့နောက် အပူချိန်က မြင့်တက်လာပြီး သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။