အပိုင်း ၅၁၄
Viewers 62k

အခန်း ၅၁၄

ပရိတ်သတ် သောင်းကျော်က မင်း သီတံလုပ်တာ ကြည့်နေရတာလား...


အဂ္ဂိရတ်ပညာရှင်များက ကောင်းကင်ကမ္ဘာမြေမီးလျှံကို တန်ဖိုးရှိသည့်အရာအဖြစ် အမြဲတမ်းမှတ်ယူထားခဲ့ကြသည်။ထို့ကြောင့် ကောင်းကင်ကမ္ဘာမြေမီးလျှံပေါ်လာသည့် အချိန်၌ သူတို့စိတ်မသက်မသာဖြင့် သက်ပြင်းချရလေသည်။


ပုဖန်၏ ကောင်းကင်ကမ္ဘာမြေမီးလျှံက အလွန်တောက်ပလွန်းလှသည်။၎င်းက ရွှေရောင်သန်းနေသည့် အလင်းရောင်များထုတ်လွင့်နေသည့် နေမင်းအသေးစားနှင့်ပင်တူနေသည်။


ကြည့်ရှုနေသူအများက ထိုတောက်ပမှုထဲ နစ်မြောနေကြသည်။အကဲအဖြတ်ထိုင်ခုံ၌ ထိုင်နေကြသော ဒိုင်လူကြီးများပင် ကျောမတ်လိုက်ပြီး မျက်ဝန်းများမှေးကျင်းလိုက်ကြသည်။


"ကောင်းကင်ကမ္ဘာမြေ မီးလျှံလား... ဒီစားဖိုမှူး ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပိုင်ဆိုင်ထားတာလား မယုံနိုင်စရာပဲ ဒီလိုစားဖိုမှူးတစ်ယောက်သာက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ဘယ်လိုလုပ်ပြီးများ ထိန်းသိမ်းနိုင်တာလဲ အဲ့ဒီမီးလျှံကို ရွှေရောင် တောက်ပနေပြီးတော့ နည်းနည်းလေးမှကို အားမနည်းဘူး အထွဋ်အထိပ်အဆင့်ကို မရောက်သေးဘူးဆိုပေမယ့် အဲ့ဒါက ကောင်းကင်ကမ္ဘာမြေမီးလျှံပဲလေ...ဒီစားဖိုမှူးက ချက်ပြုတ်ဖို့ အသုံးပြုနေတယ်လား ...သူက ဘုရားသခင်ရဲ့ လက်ဆောင်မွန်ကို အဆင်အခြင်မဲ့ ဖြုန်းတီးနေတာပဲ ..."


မဟာသခင်များက သူတို့နှလုံးသားများပင် ကိုက်ခဲလာသလို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။မဟာသခင်ဖြစ်သော သူတို့က ထိုကောင်းကင်ကမ္ဘာမြေမီးလျှံက မည်မျှအဖိုးတန်ကြောင်း ရှင်းရှင်းလင်းကိုသိပေသည်။သူတို့အဆင့် ရောက်နေသည့်သူများထဲနှင့် တစ်ချို့၌ပင် ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပိုင်ဆိုင်ထားခြင်းမရှိသေးပေ။


သို့သော်လည်း ဒီကောင်စုတ်လေးကမူ ထိုမီးလျှံဖြင့် ဟင်းပင်ချက်ပြုတ်နေပေသည်။ဒါက သူတို့၏ စိတ်ကို တကယ့်ကို မချင့်မရဲ ဖြစ်စေသည်။မီးတောက်များက အရှိန်ရလာပြီးနောက် သလင်းကျောက်များက ရဲရဲနီလာပြီး အရည်ပျော်တော့မည့်ပုံပင် ပေါက်နေလေသည်။


သူ့၏ အပူချိန်ကလည်း အလွန်ပင်ပူပြင်းပြီး အပေါ်ယံက လေထုကိုပင် လှိုင်းတွန့်နေစေသည်။ဒယ်အိုးအပေါ်၌ တင်ထားသည့် သံဇကာကွက်ကလည်း နီရဲပူပြင်းလာလေသည်။


"ပိုင်ရှင်ပုက ဒီတစ်ခါ ဘာများချက်မှာပါလိမ့်..."


သူပြုလုပ်နေသူများကို မည်သူမှ နားမလည်ပေ။ပရိတ်သတ်များအားလုံး စိတ်ရှုပ်ထွေးနေကြပေသည်။


"သူက ဒယ်အိုးထဲကို သလင်းကျောက်တွေ ဖြည့်လိုက်တယ် ပြီးတော့ အားလုံး မီးရှို့ပစ်လိုက်တယ် ဒါပဲ မဟုတ်လား....ဟင်းချက်နေတာကော ဟုတ်ရဲ့လား ကြည့်ရတာတော့ ပိုက်ဆံတွေ မီးရှို့နေသလိုပဲ..."


သူတို့နှလုံးသားထဲ၌ နှမြောတဿစိတ်ဖြင့် နာကျင်လာသလို ခံစားမိသည်။


သလင်းကျောက်များရဲရဲတောက်လာသည့် အခါ၌ ပုဖန်က လက်တစ်ချက်လှုပ်လိုက်သည်။


သူလက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လေထုထဲတွင် နဂါးတစ်ကောင် ကခုန်နေသကဲ့သို့ပင် ယိမ်းနွဲ့နေလေသည်။ပုဖန်၏ ဖြတ်တောက်ခြင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနေလေသည်။


သူ့၏ သံစင်မြင့်ပေါ်၌လည်း မြောက်များလှစွာသော ပါဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ထိုပစ္စည်းများကလည်း တန်ဖိုးရှိသည့် အဆင့်မြင့် ပစ္စည်းများဖြစ်ကြသည်။ထိုပစ္စည်းများပေါ် အကြည့်ရောက်သွားသည့် ပရိတ်သတ်တိုင်း လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။


ထိုပါဝင်ပစ္စည်းများဆီမှ ထွက်ပေါ်နေသော စိတ်ဝိညာဉ် စွမ်းအင်များက မှော်ကဝေအန်းရှန့်ဘက်မှ ထွက်လာသော စိတ်ဝိညာဉ် စွမ်းအင်များနှင့် ယှဉ်နိုင်ပေသည်။


အဆင့်မြင့် သားရဲ၏ အသား ၊ အဆင့် ၉ ပါဝင်ပစ္စည်းများနှင့် ထူးဆန်းလှသော စိတ်ဝိညာဉ် ဆေးပင်များပင် ပါဝင်နေပေသည်။ပုဖန်က ပါဝင်ပစ္စည်းများကို စတင်၍ ပြင်ဆင်လိုက်သည်။အရင်ဦးဆုံး သူ အသားများကို ပါးပါးလွှာလိုက်သည်။ထို့နောက် ကြိုတင်ပြင်ဆင်ထားသည့် ခရမ်းရောင်ဝါးများဖြင့် ထိုးသီလိုက်သည်။ပြီးသွားပြီးနောက် သီတံများကို တစ်ခြားဘက်တွင် ထားထားလိုက်၏။


ပန်းကန်လုံးကြီးတစ်လုံး အရွယ်ရှိ စိတ်ဝိညာဉ် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက နောက်တစ်ကြိမ်လှုပ်ရှားသွားပြန်သည်။ပုဖန်က သူ့၏ ခုနစ်စင်ကြယ် ပုံဖော်ခြင်းနည်းပညာကို အသုံးပြု၍ သစ်သီးများကို လွှာချလိုက်သည်။


အပိုင်းများကို လှီးထုတ်လိုက်ပြီးနောက် ခရမ်းရောင်ဝါးကိုအသုံးပြုပြီး ထိုးသီကာဘေး၌ ချထားလိုက်ပြန်သည်။သူ့၏ စင်မြင့်တစ်ခုလုံး ပါဝင်ပစ္စည်းများနှင့် ပြည့်နှက်နေလေရာ ထိုပစ္စည်းများကို ပြင်ဆင်ဖို့မတွက် အချိန်အနည်းငယ် လိုအပ်နေပေသည်။


အခြားတစ်ဘက်၌မူ မှော်ကဝေအန်းရှန့်က သူမ၏ ဆေးလုံးသန့်စင်ခြင်းလုပ်ငန်းစဉ်၌ လုံးဝ နစ်မြှုပ်နေပေသည်။သူမက လှုပ်ရှားမှုအားလုံး၌သာ အာရုံစိုက်ထားလေသည်။


သူ့၏ မျက်ဝန်းများက တောက်ပနေပြီး ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များကလည်း အဆက်မပြတ်လှည့်ပတ်နေကာ ဆေးမီးဖိုကို ထောက်ပံ့ပေးထားလေသည်။ငရဲမီးလျှံက အဆက်မပြတ်လောင်ကျွမ်းနေသောကြောင့် ဆေးမီးဖိုက အနီရောင်တောက်ပလာလေသည်။


ဆေးမီးဖိုအတွင်းမှ မြည်သံများပင်ထွက်ပေါ်လာပြီး လူတိုင်း နားပင်းမတက် ကျယ်လောင်သည့် အသံကို ကြားလိုက်ရလေသည်။ပရိတ်သတ်များက ဆေးမီးဖိုအတွင်းကို ဝိုးတဝါးလှမ်းမြင်နေရသည်။အတွင်း၌ ဆေးနှင့် အရည်များက လှည့်ပတ်နေလေသည်။ထိုဆေးရည်များက အလွန်ပင် သန့်စင်ပုံရသည်။


ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့် မှော်ကဝေအန်းရှန့်က ဆေးရည်သန့်စင်သည့်နေရာတွင် ကျွမ်းကျင်လှကြောင်းထင်ရှားပေသည်။သူတို့ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်လည်း သူ့၏ ပါဝင်ပစ္စည်းများကို အေးအေးဆေးဆေးထိုးသီနေသည့် ပုဖန်ကို မြင်လိုက်ရလေသည်။ သူ့၏ ပုံစံက လုံးဝ စိတ်ပူနေပုံမရပေ။သူတို့ ပုဖန်ကို ကြည့်မိလေလေ နိုင်ဖို့အခွင့်အရေးနည်းပါးလွန်းသည်ဟု ထင်မိလာလေလေပင်။


"ဘာလို့လဲ သူက နတ်ဘုရားမလေးအန်းနှင့် တွေ့ဆုံရလို့များလား..."


ပရ်ိတ်သတ်များက ပုဖန် ထူးခြားဆန်းကြယ်သည့် အရာများ ထပ်မံ မဖန်တီးနိုင်တော့ဟု ယုံကြည်လိုက်ကြပေသည်။


"နတ်ဘုရားမလေးအန်းက ဆေးလုံးသန့်စင်လို့ ပြီးတော့မယ်အဲ့ဒီစားဖိုမှူးက ဘာလုပ်နေတာလဲ သူကအခုမှ သီတံ လုပ်လို့ကောင်းတုန်း သူအိမ်မှာ လုပ်လို့မရလို့လား..."


လူသောင်းကျော်က စားဖိုမှူးတစ်ယောက် စင်ပေါ်၌ သီတံလုပ်နေသည်ကို ကြည့်နေရလေသည်။ထိုအဖြစ်အပျက်က ရယ်ဖို့လည်းကောင်းသည်ဟု သူတို့ တွေးမိကြသည်။


ဒိုင်လူကြီးချုပ်လည်း ဇဝေဇဝါဖြစ်နေမိသည်။သူကိုယ်တိုင်သည်လည်း ပုဖန် ဘာလုပ်နေသည်ကို တွေးမရပေ။


တစ်ချိန်တည်းမှာပင် တခြားမြို့များမှ ကြည့်ရှုနေသူများကလည်းထိုစားဖိုမှူး၏ လုပ်ရပ်ကို အံ့အားသင့်နေကြသည်။


"ဒီစားဖိုမှူးက ဘာတွေလုပ်နေတာလဲ သူနည်းနည်းလေးမှ မတွေးတတ်ဘူးလား သူကိုယ်သူ ရယ်စရာအဖြစ် သတ်မှတ်ထားတာလား..."


ထိုပုံရိပ်လွှဲပြောင်းခြင်း အစီအရင်မှနေ၍ ကြည့်ရှုနေသောသူများက စွဲ့အနေမိကြသည်။ဆေးကောင်းကင်မြို့တော်မှ သူများကလည်း ပုဖန်ကိုကြည့်၍ လှောင်ပြောင်ရှုံ့ချနေကြ၏။


"သူဘာတွေလုပ်နေတာလဲ ဒီလိုမျိုး ကြောင်တောင်တောင်ကောင်ကလည်း ပဉ္စလက်စုဝေးပွဲမှာ ပါနိုင်သေးတာလား...ဒီလ်ိုလူပြက်ကောင်က ဘယ်လိုလုပ်ပြီး ထိပ်သီး၁၀၀ ထဲကိုများ ဝင်လာနိုင်သေးတာလဲ ..."


"စားဖိုမှူးတစ်ယောက်က အမြဲတမ်းစားဖိုမှူးပဲ ဖြစ်နေမှာပဲ ...အဂ္ဂိရတ်ပညာရှင်တွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပိုပြီးတော့တောင် ဆိုးဝါးနေဦးမှာပေါ့ ယှဉ်ပြိုင်စရာကို မလိုတာ..."


သဘာဝကျစွာဖြင့် ကောင်းကင်ဆေးမြို့တော်မှ ကြည့်ရှုနေသူများအားလုံးက မှော်ကဝေအန်းရှန့်ကိုသာ ထောက်ခံ အားပေးကြသူများဖြစ်သည်။သူတို့၏ အပြုအမူများကို ဖုံးကွယ်ထားခြင်းမရှိပဲ ပုဖန်၏ အပြုအမူများကို လှောင်ပြောင်သရော်နေကြလေသည်။


တောက်ပကောင်းကင်မြို့တော်၌လည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပွားနေလေသည်။သူတို့ထဲက မည်သူမှ ပုဖန်၏ ယခင်ပြိုင်ပွဲများကို မသိခဲ့ဖူးပေ ထို့ကြောင့် ပုဖန်၏ အံ့အားသင့်စရာကောင်းမွန်လှသော ဟင်းပွဲများ အကြောင်းကိုလည်း မမြည်းစမ်းခဲ့ဖူးကြပေ။သူတို့က ရိုးရှင်းစွာပင် ပုဖန်၏ လှုပ်ရှားမှုများကြည့်ရင်း ဟာသလုပ်နေသည်ဟု ထင်မိကြလေသည်။


အကဲဖြတ်ဒိုင်လူကြီးများပင်လျှင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ဒီစားဖိုမှူးက သာမန်သာဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားမိခဲ့ကြပေ။အံ့အားသင့်စရာများကိုကြည့်ရှုရန် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။


အန်းရှန့်၏ လေးနက်လှသော လှုပ်ရှားမှုများကိုသာ သူတို့ သေချာမြင်တွေ့ရလေသည်။သူ့၏ စွမ်းရည်က ပုံမှန်ထက်ပင် ပိုကောင်းနေပြီး သူမ ဆေးရည်သန့်စင်ခြင်း၌ မည်မျှပါရမီထူးကဲသည်ကို တွေ့မြင်နေရသည်။


"သူရဲ့ ဟင်းပွဲတွေအားလုံးကို ဒီလိုမျိုးပဲ ပြင်ဆင်နေကြလား ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ် ပေါင်းစည်းခြင်းရဲ့ အကျိုးကျေးဇူးတွေရရှိမှာလဲ ဒီလိုပုံစံ ပြင်ဆင်ရတဲ့ ဟင်းပွဲက ဘယ်လိုလုပ်ပြီး သက်စောင့်ဆေးလုံးရဲ့ သက်ရောက်မှုနဲ့ ယှဉ်လို့ရမှာလဲ..."


မဟာသခင်ကူဟယ်က ပုဖန် ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းများကိုကြည့်၍ ရယ်မောလိုက်သည်။


"ငါထင်တာတော့ ဒီကောင်လေးက ကံစွပ်ပြီး ထိပ်ဆုံး ၁၀၀ ထဲကို ဝင်ရောက်လာတာထင်တယ်..."


မဟာသခင် ယောင်ကွမ်းကလည်း ပုဖန်က်ို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အထင်အမြင်သေးစွာ ရယ်လိုက်သည်။အစောပိုင်းကာလက ပုဖန်သည် ဒီပြိုင်ပွဲကြီးရဲ့ ဖျက်မြင်း တစ်ကောင်ဟု သူယုံကြည်ခဲ့မိသည်။သို့သော်လည်း ယခု ပုဖန်၏ လုပ်ဆောင်ချက်များအရ ထိုစကားများက ချဲ့ကားပြောဆိုနေခြင်းဟု ယုံကြည်နေပေသည်။


ပုဖန်ကိုကြည့်နေသော နန်ကုန်းဝူချယ်၏ မျက်နာ၌လည်း စိုးရိမ်ပူပန်မှုက အထင်သား ပေါ်လွင်နေပြီး သူ စိတ်မအေးမချမ်းဖြစ်နေလေသည်။


"ဘော်ဒါပု ဘာတွေ လုပ်နေတာလဲ...သူဘာလို့ အခုထိ မချက်တာလဲ ဒီလိုသာဆိုရင်တော့ သူ ဘာမှမလုပ်နိုင်သေးခင်မှာပဲ ရှုံးတော့မယ်..."


နန်ကုန်းဝူချယ် စိုးရိမ်ပူပန်နေစဉ်မှာပင် သူဘေးနားသို့ အဂ္ဂိရတ်ပညာရှင်တစ်စု ရောက်လာလေသည်။ထိုသူများက စင်ပေါ်မှ ပုဖန်ကိုကြည့်၍ အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ကြသည်။


"ငါပြောခဲ့သလိုပဲ မဟုတ်လား...စားဖိုမှူး တစ်ယောက်က ဘယ်လိုလုပ်ပြီး အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို ယှဉ်လို့ရမှာလဲ...သူဘာတွေ လုပ်နေတာလဲဆိုတာကိုကြည့်လိုက်ပါဦး သူက သီတံတွေ လုပ်နေတယ်တဲ့လေ...ဒီကမ္ဘာပေါ်မှ သီတံ ဘယ်လိုလုပ်ရတယ်ဆိုတာ မသိတဲ့သူများရှိသေးလို့လား...ဒါလုပ်ဖို့ ဘယ်လို ကျွမ်းကျင်မှုများ လိုအပ်လို့လဲ...ဒီသီတံ အနည်းငယ်နှင့် သက်စောင့်ဆေးလုံးကိုများ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ်လို့ သူတကယ်ပဲ ထင်ထားတာလား...ကောင်လေးက ငယ်လွန်းပါသေးတယ်..."


ထိုလှောင်ပြောင်သံများကြောင့် နန်ကုန်းဝူချယ်ဒေါသထွက်လာပြီး မျက်မှောက်ကြုတ်ကြည့်လိုက်မိသည်။


"ကျွတ်...ကျွတ် ...ကြည့်လိုက် ဒီစားဖိုမှူးက ဒီတစ်ကြိမ်မှာပဲ ပြိုင်ပွဲက ထွက်ခွာတော့မယ်...အဲ့ဒီလိုပဲလေ ကောင်းကင်ကမ္ဘာမြေ မီးလျှံကို ဆုံးရှုံးထားတဲ့ နန်ကုန်းဝူချယ်ကလည်း ဘယ်လောက်ဝေးဝေးပြေးနိုင်မှာ မလို့လဲ..."


နန်ကုန်းဝူချယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ထိုသူကို မျက်နာချင်းဆိုင် လှည့်ကြည့်ပြီး ပြောလိုက်သည်။


"မင်းတို့ကို မင်းတို့ပဲ စိတ်ပူပါ...တကယ်လို့ စင်ပေါ်မှာ ငါနဲ့ ကြုံခဲ့မယ်ဆိုရင်တော့ မင်းတို့ကို အမှိုက်ဖြစ်သွားအောင်ထိ ငါ့ရဲ့ အဂ္ဂိရတ်ပညာစွမ်းရည်နှင့် ဆုံးမပြမယ် ...ဟား...ဟား..."


ထိုသူများက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နန်ကုန်းဝူချယ်ကို ဒေါသချောင်းချောင်းထွက်စွာဖြင့် ကြည့်လိုက်ကြသည်။သို့သော်လည်း နန်ကုန်းဝူချယ်က ထိုလူပြတ်များနှင့် အခ်ျိန်ဖြုန်းမနေပဲ နှာခေါင်းရှုံ့၍ အဝေးသို့သာ ထွက်သွားလိုက်လေသည်။


ပုဖန်ဆီသို့ ပြန်လည်ကြည့်ရှုလိုက်သည်။သူ ပုဖန်၏ စွမ်းရည်များကို သေသေချာချာကို နားလည် သဘောပေါက်ထားပေသည်။ပုဖန် လုပ်သမျှ ဟင်းပွဲများက မရိုးရှင်းပေ ။အားလုံးကိုလည်း သူကိုယ်တိုင်သာပြင်ဆင်ခြင်းဖြစ်သည်။


ထိုအချိန်မှာပင် ပုဖန်၏ သီတံပြင်ဆင်မှု ပြီးဆုံးသွားလေပြီ။


နောက်ဆုံးတော့ ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးသွားပြီ။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကျေနပ်မှုဖြင့် ကော့တက်သွားသည်။အားလုံးကို ပြင်ဆင်နေရသည်က အဆင့်ဆင့်နှင့် အလုပ်ရှုပ်လှပေသည်။


ထို့နောက် ပုဖန်က လက်ကို ဆန့်ထုတ်၍ မဟူရာလိပ်ခုံးဒယ်အိုးအပေါ်သို့ ဝှေ့ယမ်းလိုက်သည်။အပူငွေ့ကို ခံစားလိုက်ရသောကြောင့် ချက်ချင်းပြန်ဆုတ်လိုက်လေ၏။


"မဆိုးဘူး...အပူချိန်က ဒီလောက်အနေတော်ပဲ..."


သူအိုးထဲမှ ရဲရဲနီနေသော သလင်းကျောက်များစီသို့ အကြည့်ရောက်သွားပြီး နှလုံးသားပင် နာကျင်သွားသည်။တကယ်တမ်း သူ သလင်းကျောက်များကို မီးရှို့နေရခြင်းဖြစ်၏။


အဆင့်မြင့် သားရဲ အသား သီတံကို ယူလိုက်သည်။အသားက လတ်ဆတ်နီရဲနေပြီး အပေါ်ယံ၌ အသားလိုင်းလေးများပင် တွေ့မြင်နေရလေသည်။


ရွဲ...ရွဲ...


သူသီတံကို သံဆန်ကာပေါ်တင်လိုက်သည်နှင့် အသံကျယ်ကျယ်နှင့်အတူ အခိုးအငွေ့များလွင့်ထွက်လာလေသည်။အားလုံးက အံ့အားသင့်စွာဖြင့် ပုဖန်ကို သင်္ကာမကင်းလှမ်းကြည့်လိုက်ကြသည်။


"အခုချက်တော့မှာလား...ဒါပေမယ့် အိုးထဲမှာ သလင်းကျောက်တွေ အပြည့်ဖြစ်နေတာလေ သူဘယ်လိုလုပ်ချက်မှာလဲ..."


အသားသီတံကို သံဆန်ကာပေါ် တင်ပြီးသည်နှင့် ပုဖန်၏ အမူအရာက လေးနက်သွားသည်။သူ လက်တစ်ဖက်ဖြင့် သိုလှောင်နယ်မြေထဲမှ အရသာပစ္စည်းတစ်ချို့ကို ထုတ်ယူလိုက်သည်။ထို့နောက် တခြားလက်တစ်ဖက်ဖြင့် စုတ်တံကိုကိုင်၍ ဆီထဲနှစ်လိုက်သည်။


အသားပေါ်သို့ စုတ်တံဖြင့် ဆီသုတ်လိုက်ပြီးနောက် အရသာမှုန့်အနည်းငယ် ဖြူးလိုက်သည်။ရုတ်တရက် ရွှေဝါရောင် မီးတောက်က ဟုန်းခနဲ ထတောက်လာလေသည်။အသားသီတံကို မီးတောက်များက ဖုံးလွှမ်းသွားပြီး ဆီများက တစက်စက် အဆက်မပြတ်ကျဆင်းနေတော့သည်။


အိုးထဲမှ ရဲရဲနီနေသော သလင်းကျောက်များကလည်း မီးတောက်များအသွင် ပြောင်းလဲသွားလေသည်။ထိုမြင်ကွင်းကြောင့် ပရိတ်သတ်များက လန့်၍ ထခုန်လိုက်ကြသည်။တစ်ချို့က ထိတ်လန့်တကြားအော်ဟစ်လိုက်လေသည်။


"သောက်ခွေး ငါ့ကို လန့်အောင်လုပ်နေတယ် ...ငါက အိုးကြီးထပေါက်ပြီလို့ ထင်နေတာ..."


"အိုးကြီးပေါက်ကွဲတော့မယ် ...အိုးကြီးပေါက်ကွဲတော့မယ် သူကသူ့အိုးက်ို ဖောက်ခွဲပစ်နေပြီ...သူက အဂ္ဂိရတ်ပညာရှင်တွေရဲ့ မီးဖိုကို ဖောက်ခွဲပစ်ရုံတင်မကဘူး အခု သူအိုးကိုပါ ဖောက်ခွဲပစ်နေပြီ..."


ကြည့်ရှုနေကြသော ပရိတ်သတ်များကြားထဲ၌ ဆူညံပွက်လောရိုက်နေကြပေသည်။ပုဖန်ကမူ ထိုကိစ္စများကို လုံးဝကိုအာရုံမထားပဲ နောက်ထပ်သီတံများကိုယူ၍ သံဆန်ကာပေါ် ထပ်တင်လိုက်သည်။


ထိုသီတံက ဂျင်ဆင်းနှင့်ဆင်တူလှသည့် စိတ်ဝိညာဉ်ဆေးပင် တစ်မျိုးဖြစ်သည်။ထို့နောက် သီတံတစ်ခုပြီးတစ်ခုထပ်တင်ရင်းဖြင့် သံဆန်ကာပေါ်၌ အားလုံး ပြည့်နှက်သွားလေပြီ ထို့နောက် သူ့၏လက်က ငြင်သာစွာပင် ဘရက်ရ်ှဖြင့် ဆီများလိုက်သုတ်လိုက်သည်။


နားကွဲလောက်ဖွယ် အသံများထွက်ပေါ်လာပြီး အသားကင်များကို မီးတောက်များ ဖုံးလွှမ်းနေလေသည်။ပေါက်ကွဲသံအသံတစ်သံထွက်ပေါ်လာတိုင်း ရွှေရောင်မီးလျှံများ ကောင်းကင်ပေါ်သို့ လွင့်တက်သွားသည်။


သူတို့အားလုံးက ပုဖန်သူ့၏ ဒယ်အိုးကိုပင် ဖောက်ခွဲနေသည်ဟု ထင်မိသောကြောင့် သွေးများပင် ဆူပွက်လာကြသည်။သို့သော်လည်း ထိုအိုးပေါက်ကွဲမသွားသည်မှာတော့ ဆိုးရွားလွန်းလှသည်။


ခဏမျှကြာပြီးနောက် မီးတောက်များက အိုးထဲ၌သာ ဝေ့ဝဲနေတော့သည်။သူ့၏ အစစ်အမှန်စွမ်းအင်လည်ပတ်မှုနှုန်းကို အရှိန်တိုးမြင့်လိုက်သည်။


သူ့၏ စွမ်းအင်ရေဝဲထဲမှ ပြည့်နေသော စွမ်းအင်ရေဝဲများက အကြောအရိုးအဆစ်များဆီသို့ ပြန့်နှက်သွားလေသည်။သူ့၏ အတွေးတစ်ချက်ဖြင့်ပင် ဟင်းခတ်အမွှေးအကြိုင်များပါသည့် ပန်းကန်လုံးက လေထဲသို့ မြောက်တက်လာသည်။


ရုတ်တရက် ပုဖန်၏ စင်မြင့်ရှိရာလေထုက အပူချိန်မြင့်မားလာခဲ့သည်။ထိုအခ်ျိန်၌ ပုဖန်က သူ့၏ အံ့အားသင့်စရာကောင်းလှသည့် လှုပ်ရှားမှုများကို ပရိတ်သတ်များ၏ ရှေ့၌ ထုတ်ဖော်ပြသလ်ိုက်လေရာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။