အပိုင်း ၅၁၅
Viewers 53k

အခန်း ၅၁၅

ဆေးမီးဖို ပေါက်ကွဲတော့မယ်ဆိုမှတော့ ...ပေါက်ကွဲပါစေတော့...


ဒိုင်လူကြီးချုပ်က ပုဖန်၏ လှုပ်ရှားမှုများကို သေချာစိုက်ကြည့်နေလေသည်။ပုဖန်ပြုလုပ်မည့် ဟင်းပွဲက မရိုးရှင်းဟု သူခံစားနေရသည်။မီးတောက်များထတောက်သည့်အချိန်က ထိုဒိုင်လူကြီးချုပ်ပင်လျှင် လန့်၍ ထခုန်ခဲ့မိသည်။


အိုးထဲမှ မီးတောက်များ လွင့်တက်လာသည်နှင့် ဟိန်းဟောက်သံကျယ်များလည်း ပါလာသည်။ထိုအချင်းအရာက ဒယ်အိုးပေါက်ကွဲတော့မည်ဟု ထင်မှတ်စေသည်။သူ့၏ အရှေ့၌ ဆေးမီးဖိုများ အများအပြားပေါက်ကွဲခဲ့သည့် စိတ်ဒဏ်ရာက ယခုခ်ျိန်ထိ သူ့ကိုဖုံးလွှမ်းနေတုန်းပင်ဖြစ်သည်။


ခဏမျှတွေးပြီးသည်နောက် တစ်စုံတစ်ခု မှားနေသည်ဟု ခံစားမိလေသည်။အကယ်၍ တစ်စုံတစ်ခု ပေါက်ကွဲမည်ဆ်ိုလျှင် အဘယ်ကြောင့် ပုဖန်၏ အိုးဖြစ်ရမည်နည်း။ထိုစားဖိုမှူးက သူများ၏ ဆေးမီးဖိုများကို ပေါက်ကွဲပြီး ပြဿနာရှာခြင်းဖြစ်လေရာ သူ့၏ ဒယ်အိုးကို ဘာကြောင့် ဖောက်ခွဲ ပစ်ရမည်နည်း။


သူထင်ထားသည့်အတိုင်းပင် ခဏအကြာမှာပင် မီးတောက်များက တဖြေးဖြေးလျော့နည်းလာလေသည်။


ထိုအချိန်၌ မှော်ကဝေ အန်းရှန့်ကလည်း သူမ၏ ဆေးလုံးသန့်စင်မှု၌သာ လုံးဝ အာရုံစိုက်ထားသည်။အရည်အသွေးမြင့်သည့် ဆေးလုံးများကို အရင်က သူမ သန့်စင်ခဲ့ဖူးသည်ဆိုသော်လည်း တိမ်လေခွဲဖြတ် ဆေးလုံးက သူမသန့်စင်ခဲ့ဖူးသည့် ဆေးလုံးထဲတွင် အခက်အခဲဆုံးဖြစ်သည်။


ထို့ကြောင့် သန့်စင်နေစဉ်အတွင်း နည်းနည်းမှ အာရုံမလျော့ရဲပေ။အမှားသေးသေးလေးကပင် ဆေးအရည်အသွေးကို လျော့ကျစေနိုင်ကြောင်း သူမကောင်းစွာသိပေသည်။


ထိုသို့သာဆိုလျှင် သူမအားထုတ်ထားသမျှက အလဟဿဖြစ်သွားပေလိမ့်မည်။တိမ်လေခွဲဖြတ်ဆေးလုံးက တစ်ချို့ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးများထက်ပင် ပို၍ ခက်ခဲသည်။ထို့ကြောင့်ပင် ဒိုင်လူကြီးချုပ်က အံ့အားသင့်သွားခဲ့ရခြင်းဖြစ်သည်။


ဝုန်း...


အာရုံစူးစိုက်ထားသည့်အချိန်၌ ကျယ်လောင်သည့်ပေါက်ကွဲသံ ထွက်ပေါ်လာသောကြောင့် သူမ၏ စိတ်အာရုံက အနည်းငယ် လှုပ်ခါသွားသည်။ပုဖန်၏ စင်မြင့်ဆီမှ မီးလုံးကြီး လိမ့်ခနဲ တက်လာလေသည်။ထိုမီးလုံးက ပျောက်ကွယ်မသွားခင် ခဏမျှ လှည့်ပတ်နေပေ၏။


ပရိတ်သတ်များဆီမှလည်း အော်ဟစ်သံများထွက်ပေါ်လာသည်။သူတို့ ပုဖန်၏ လှုပ်ရှားမှုများကို အလွန်အံ့အားသင့်နေမိသည်။


"ဒါကို ချက်ပြုတ်တယ်လို့များ ပြောနိုင်သေးလား...မီးတောက်တွေက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းနေတာ သောက်ရမ်းမိုက်တယ်..."


သူတို့နှလုံးသားများပင် မတည်မငြိမ်ဖြင့် ဆက်လက်ခုန်လှုပ်နေသည်။သူတို့က ဒယ်အိုးပေါက်ကွဲထွက်သွားမည်ဟု ခန့်မှန်းထားခဲ့ကြသော်လည်း ထိုကဲ့သို့ ဖြစ်မလာခဲ့ပေ။


အစောပိုင်းက ပုဖန်ရှုံးလိမ့်မည်ဟု တွေးထင်ထားသော ပရိတ်သတ်များပင်လျှင် စ်ိတ်လှုပ်ရှားတက်ကြွလာမိသည်။တစ်ချို့ ပရိတ်သတ်များကမူ ထိုဖျက်မြင်းတစ်ကောင်ဖြစ်သော ပုဖန်အပေါ်တွင် မျှော်လင့်ချက် ထားထားတုန်းဖြစ်သည်။သူတို့က ပုဖန်၏ တန်ပြန်တိုက်ခိုက်မှုကို တွေ့ချင်နေကြပေပြီ။


ပရိတ်သတ်များကြားတွင် ရှိနေသော ရှောင်ဟယ်ကလည်း ကောင်းကင်ယံသို့ ထိုးတက်သွားသော မီးလုံးများကိုကြည့်၍ မျက်လုံးများ လက်ခနဲ တောက်ပသွားကာ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။


"ဒီလိုချက်ပြုတ်တဲ့ နည်းလမ်းက အစားကြူးတောင်ကြားက လူရိုင်းတွေ ချက်ပြုတ်တဲ့ နည်းလမ်းနဲ့ တူတယ်..."


ရှီးမန်ရွှမ်က သူ့ပုံမှန်အတိုင်း တည်ကြည်သော မျက်နာထားဖြင့် ဖြစ်သော်လည်း သူ့၏ မျက်ဝန်းလေးများက အနည်းငယ်တောက်ပနေလေသည်။


လေထဲတွင် လွင့်မျောနေသည့် ပန်းကန်လုံးကိုကြည့်၍ သူ့၏ နှလုံးသားကခုန်လှုပ်နေလေသည်။ပုဖန်၏ စိတ်စွမ်းအားက နည်းနည်းမျှပင် အားမနည်းကြောင်း သူသတိထားမိပေသည်။ချက်ပြုတ်ခြင်း၌သာ အာရုံစူးစိုက်ထားသော်လည်း သူ့၏ ပန်းကန်လုံးကိုပင် ထိန်းချုပ်သေးသည်။သူ့၏ စိတ်စွမ်းအားထိန်းချုပ်မှုက အောချလောက်စရာပင်။


အခြေခံအားဖြင့် အဂ္ဂိရတ်ပညာရှင်များပင်လျှင် ထိုမျှသန်မာသည့် စိတ်စွမ်းအင်ကို မပိုင်ဆိုင်ထားကြပေ။ထိုအချင်းအရာကို ရှီးမန်ရွှမ်တစ်ယောက်တည်း သတိထားမိခြင်းမဟုတ်ပေ။အကဲဖြတ်ထိုင်ခုံ၌ ထိုင်နေကြသော ဒိုင်လူကြီးများကလည်း ပုဖန်၏ လှုပ်ရှားမှုများကို သတိပြုမိလိုက်ပြီး သူတို့၏ အကြည့်များက တောက်ပနေလေသည်။


မဟာသခင်ကုဟယ်၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သည့် အကြည့်တစ်ချက် လဲ့သွားသည်။မဟာသခင်ရွှမ်မင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပုဖန်၏ ချက်ပြုတ်မှုများကို ပို၍အာရုံစူးစိုက်လိုက်သည်။


"ဒီစိတ်စွမ်းအင် သန်မာမှုက ကြောက်ဖို့ကောင်းတယ် ဒီကောင်လေးသာ ဆေးလုံးသန့်စင်မယ်ဆိုရင် ပါရမီအရမ်းကောင်းတဲ့ အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်..."


ပရိတ်သတ်များ၏ အာရုံက အန်းရှန့်ဆီမှနေ၍ ပုဖန်ဆီသို့ ရောက်သွားကြပေပြီ။စိတ်လှုပ်ရှားစရာကောင်းသည့် ပေါက်ကွဲမှုများက သူတို့၏ အာရုံကို ဆွဲဆောင်နိုင်သည်မှာ မထူးဆန်းပေ။ထိုအချိန်ခဏမှာပင် မွှေးပျံ့သည့် ရနံ့များလေထဲ၌ ပြန့်လွင့်လာလေသည်။


ပုဖန် မျက်ဝန်းများမှေးစင်းလိုက်ပြီးနောက် သူ့လက်ဖဝါးကို မြောက်လိုက်သည်။လက်ဖဝါးပေါ်၌ စွမ်းအင်လှိုင်းများက တဖြေးဖြေးချင်းစုစည်းလာ၏ ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲသွားပြီးသူ့ဘေးနားမှ မီးခိုးငွေ့များလည်း လွင့်ပါးသွားလေသည်။


ထို့နောက် သံဆန်ကာကွက်ပေါ်မှ အသားသီတံများပေါ်၌ လက်ကို ဝှေ့ယမ်းလိုက်သည်။သူ့၏ လှုပ်ရှားမှုများက အလွန်ပင်မြန်ဆန်လှသောကြောင့် မည်သူမှ မမြင်နိုင်ပေ။


ထို့နောက် သူ့၏ အတွေးတစ်ချက်ဖြင့်ပင် ပန်းကန်လုံးက လေထဲ၌ မျောလွင့်လာသည်။သူပန်းကန်လုံးကိုဆွဲယူလိုက်ပြီးနောက် ဟင်းခတ်အမွှေးကြိုင်များကို လက်ဖြင့်နှိုက်လိုက်သည်။ထို့နောက် အသားကင်များပေါ်သို့ တဖြေးဖြေးချင်းဖြုတ်ချလိုက်၏။


မွှေးရနံ့သင်းသင်းလေးများ လေထဲ လွင့်ပြယ်လာသည်။သို့သော်လည်း ထိုမွှေးရနံ့များက ပရ်ိတ်သတ်များ၏ နှလုံးသားကို ဆွဲဆောင်နိုင်လောက်အောင် မသန်မာပေ။ပုဖန်၏ စင်မြင့်ရှေ့၌ရပ်နေသော ဒိုင်လူကြီးချုပ်ကို မီးခိုးငွေ့များက ဖုံးလွှမ်းသွားသည်။သူ မီးခိုးသီး၍ ချောင်းဆိုးလာပြီးမျက်ရည်များပင် ကျလာမိသည်။


သူက သံဆန်ကာကွက်ပေါ်ရှိ အသားကင်သီတံများကို မလွှဲတမ်းကြည့်ရှုလိုခြင်းဖြစ်သည်။သို့သော်လည်း ရုတ်တရက် မီးခိုးငွေ့များ မွှန်ထူထွက်လာမည်ဟု မထင်ထားမိပေ။


အဟွတ်...အဟွတ်...


ဒိုင်လူကြီးချုပ်က ချောင်းအနည်းငယ် အပြင်းအထန် ဆိုးလိုက်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ် လိုက်ရသည်။ကံမကောင်းစွာပင် မီးခိုးငွေ့များက လွင့်ပါးမသွားပေ။ထို့ကြောင့် ဒိုင်လူကြီးက မီးခိုးမွှန်၍ အဆက်မပြတ် ချောင်းဆိုးနေပေသည်။


အဆုတ်ကွဲမတက် ချောင်းဆိုးသံက ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို ပြန့်နှံ့စေလေသည်။ပရိတ်သတ်များပင်လျှင် ဒိုင်လူကြီးချုပ်ကို သနားလာမိကြ၏။


"ဒီမီးခိုးငွေ့တွေက ထူးခြားတာ တစ်ခုခုများရှိနေလား အဲ့ဒီမီးခိုးငွေ့တွေနှင့်အတူ အမွှေးရနံ့တွေများပါလာလား..."


သူက သူ့ကိုယ်သူ ရူးသွားပြီဟု ထင်မိလေသည်။မီးခိုးမွှန်ပြီး ချောင်းတဟွတ်ဟွတ်ဖြစ်နေသည့်အချိန်တွင် သူမွှေးရနံ့များအကြောင်းကို တွေးနေနိုင်ပေသေးသည်။


"ဟမ်း...ငါဘာတွေများ တွေးနေမိပါလိမ့်..."


အကင်သီတံများအပေါ်သို့ အရသာအမှုန့်များဖြူးလိုက်သည်နှင့် ရှဲခနဲ အသံများနှင့်အတူ အပူငွေ့များရိုက်ခတ်လာလေသည်။အဆင့်မြင့်သားရဲ၏ အသားဆီမှ တဆတ်ဆတ်စီးကျနေသော ဆီများက ရဲရဲနီနေသော သလင်းကျောက်ပေါ်သို့ ကျသွားရာမှ အသံများထွက်လာသလို စိတ်ဝိညာဉ် ဆေးရည်မှ အရည်များထွက်ကျရာမှလည်း အသံများထွက်ပေါ်နေသည်။


ပုဖန်က ဒယ်အိုးပတ်ပတ်လည်ကို လျှောက်သွားနေပြီး သီတံများကို တဖျက်ဖျက် လှန်ပေးနေသည်။သူ့လက်ထဲမှ ဆီစွတ်ဘရက်ရ်ှလေးဖြင့်လည်း သီတံများအပေါ်သို့ ဆီများ ရံဖန်ရံခါ သုတ်ပေးနေသည်။


အကင်များက အရောင်ပြောင်းလာပြီး မွှေးရနံ့များက ပို၍ သိပ်သည်းလာလေသည်။ထိုမွှေးရနံ့များက လေထုထဲ ပြန့်နှံ့လွှမ်းခြုံလာ၏။


ရှူး...


ပရိတ်သတ်များက လေအေးများအားရပါးရ ရှုရှိုက်လိုက်လေသည်။ဒီဖျက်မြင်းစားဖိုမှူးက တကယ့်ကို သာမန်မဟုတ်ပေ။မွှေးရနံ့များက ပို၍ ထူထပ်လာသည့်အချိန်၌ ပုဖန်က လက်ဝှေ့ယမ်း၍ မီးခိုးငွေ့များကို ဖယ်ရှားလိုက်သည်။


မီးခိုးငွေ့များကွယ်ပျောက်သွားပြီးနောက် ပရိတ်သတ်များအားလုံးက သင်းပျံ့လှသည့် မွှေးရနံ့များကို ပို၍ ရရှိလိုက်လေသည်။သူတို့၏ နှလုံးသားကိုမမြင်နိုင်သည့် အားတစ်ခုက လာရောက်ဖိနှိပ်သလ်ို ခံစားလိုက်ရ၏။


သူတို့မျက်လုံးများပြူးကျယ်လာပြီး မထိန်းချုပ်နိုင်စွာဖြင့် တံတွေးတစ်လုတ်မျိုချလိုက်မိကြသည်။ဒိုင်လူကြီးချုပ်က သူ့မျက်နာပေါ်မှ မျက်ရည်များကို ပွတ်သုတ်လိုက်ပြီး လေထဲမှ မွှေးရနံ့များကို အားရပါးရ ရှုရှ်ိုက်လိုက်လေသည်။သူ့၏အမူအရာက ငိုရမလို ရယ်ရမလို ဖြစ်နေပေပြီ။


တကယ့်ကိုပဲ သူ နောက်ထပ်တစ်ကြိမ် ပြီးမြောက်သွားပြန်ပြီ သူတကယ်ကို မွှေးလွန်းတဲ့ ဟင်းပွဲတစ်ခု ထပ်လုပ်လိုက်ပြန်ပြီ။ဒိုင်လူကြီးချုပ်က မှော်ကဝေအန်းရှန့်ဘက်သို့ သိချင်စိတ်ပြင်းပြစွာဖြင့် လှည့်ကြည့်လိုက်သည်။သူမ၏ မီးဖိုများ ပေါက်ကွဲထွက်တော့မလားဟု သိချင်နေကြပေသည်။


ယခုအချိန်က အလွန်ပင် အရေးကြီးသည့် အခြေအနေဖြစ်နေပေသည်။ပုဖန်ဆီမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့် လူတိုင်း မီးခိုးမွှန်နေကြသည်။


မှော်ကဝေအန်းရှန့်က ပုဖန်၏ မျက်နာချင်းဆိုင်ဘက်တွင်ရှိနေခြင်းဖြစ်သည်။သူမီးခိုးငွေ့များကို ဝှေ့ယမ်းခွဲချလိုက်တိုင်း ထိုအခိုးအငွေ့များက အန်းရှန့်ဆီသို့ တိုက်ရိုက်ရောက်သွားကြသည်။


မှော်ကဝေအန်းရှန့်က မည်ကဲ့သို့ တောင့်ခံနိုင်ပါမည်နည်း။မီးတောက်များ ကောင်းကင်ပေါ်သို့ လွင့်တက်လာပြန်သည်။ဒီတစ်ကြိမ်၌မူ ကွဲပြားခြားနားနေ၏။မီးတောက်များထဲ၌မူ စိတ်ဝိညာဉ် စွမ်းအင်များ အမြောက်အများပါဝင်နေသည်။


မမြင်နိုင်သော စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားလေ၏။မီးခိုးငွေ့များ ပျေက်ကွယ်သွားသည့်အခ်ျိန်၌ ပရိတ်သတ်များ၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး သူတို့အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။သံဆန်ကာကွက်ပေါ်မှ အသားကင်သီတံလေးများက စတင်၍ တောက်ပလာလေသည်။


ကြည့်၍ပင် မရနိုင်လောက်သော တောက်ပမှုက မိုးကောင်းကင်ကို ထက်ခြမ်းခွဲပစ်တော့မလို ထင်ရသည်။ထိုတောက်ပလှသော အလင်းများက ပရိတ်သတ်များ၏ နှလုံးသားကို မမြင်နိုင်သော မြှားတစ်စင်းကဲ့သို့ ထိုးဖောက်သွားသလိုမျိုးလည်း ခံစားရပေသည်။


"တောက်ပလင်းလက်နေတဲ့ ဟင်းပွဲလား...ကြည့်ရတာတော့ ဟင်းပွဲက ပြီးတော့မယ် တူတယ်..."


ပုဖန်ပြင်ဆင်နေသည့် ဟင်းပွဲပေါ်၌ ပန်းတစ်ပွင့်အသာအယာ ပွင့်လန်းလာလေသည်။ထိုပန်းက အစောပိုင်း သူပြင်ဆင်ထားခဲ့သည့် စိတ်ဝိညာဉ် ဆေးပင်ဖြစ်သည်။ထိုပန်းလေးမှ အလင်းရောင်ဖျော့ဖျော့လေးများထုတ်လွင့်နေပြီးပွင့်ဖတ်လေးများက လှုပ်ခါနေလေသည်။ပန်းပွင့်လန်းလာသည်နှင့် ခပ်ဖျော့ဖျော့မွှေးရနံ့များကိုလည်း ထုတ်လွင့်လာလေသည်။


ထိုမွှေးရနံ့များက အားလုံး၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်သွားပြီးသူတို့၏ မျက်နာပေါ်၌ ဆွဲဆောင်ခံလိုက်ရသည့် အမူအရာမျိုးပေါ်လာလေသည်။


"မွှေးလိုက်တာ ...ဒါဘယ်လိုတောင် မွှေးတဲ့ ရနံ့မျိုးလဲ...ဒီအနံ့က အရမ်းကို အံ့သြဖို့ကောင်းတယ်...ပဉ္စလက်ပြိုင်ပွဲရဲ့ ဖျက်မြင်းတစ်ကောင် အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူ ဒီစားဖိုမှူးက သူရဲ့ နာမည်နဲ့ တကယ့်ကိုပဲ ထိုက်တန်တယ်...ငါ အဲ့ဒီဟင်းပွဲကို တကယ်ပဲ မြည်းစမ်းကြည့်ချင်နေပြီ...ငါတော့ ဘက်ပြောင်းလိုက်ပြီ အဲ့ဒီမွှေးရနံ့ကို ရတာနဲ့ ငါ့ခန္ဓာကိုယ်မှာ ကြက်သီးမွှေးညှင်းတွေထလာပြီ ငါဘယ်လိုမှ မခံစားနိုင်တော့ဘူး..."


ပရိတ်သတ်များက ဆူညံစွာပြောဆိုနေကြပြီး တံတွေးအနိုင်နိုင်မျိုချနေကြလေသည်။မွှေးရနံ့များကြောင့် သူတို့စိတ်ကိုပင် မထိန်းချုပ်န်ိုင်ဖြစ်လာလေသည်။


ရုတ်တရက် သူတို့ ထိတ်လန့်သွားမိကြသည်။မွှေးရနံ့များက စင်ပေါ်မှ မဟုတ်သည့် သူတို့အပေါ်၌ပင် ထ်ိုမျှပြင်းထန်နေပါက နတ်သမီးလေးအန်း ဘယ်လိုလုပ်မည်နည်း။


သူတို့၏ အကြည့်များက မှော်ကဝေအန်းရှန့်ဆီ ရောက်သွားပြီးနောက် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။မှော်ကဝေအန်းရှန့်က မီးခိုးငွေ့များနှင့် မွှေးရနံ့များ သူမ၏ မျက်နာကိုရိုက်ခတ်နေသည့်အချိန်၌ မျက်လုံးများမှိတ်ထားသည်ကို သူတို့ တွေ့လိုက်ရသည်။


သူမ၏ လှပလှသောခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်ခါနေပြီး မျက်ဝန်းထောင့်စွန်းမှ မျက်ရည်လေးများစီးကျနေသည်။သူမက အံတင်းတင်းကြိတ်၍ ကြံ့ကြံ့ခံနေသော်လည်း သူမ၏ မျက်နာက လုံးဝ နီရဲနေလေသည်။


ထိုအရာက အရမ်းကိုခက်ခဲလွန်းပေသည်။မွှေးရနံ့များက သူမ၏နှာခေါင်းပေါက်ထဲ ဝင်သွားပြီးနောက် သွေးကြောများထဲသို့ စီးဝင်သွားလေသည်။ဒီရနံ့များ၏ စွမ်းဆောင်မှုကြောင့် သူမ၏ ဆေးလုံးသန့်စင်ခြင်းအပေါ်တွင် အာရုံမစိုက်နိုင်တော့ပေ။


သူမ၏ဆေးမီးဖိုထဲမှ မီးလျှံများကအဆက်မပြတ်ပြောင်းလဲလာသည်။ခဏမျှ အစွမ်းကုန်တောက်ပလာပြီးနောက် လုံးဝ လျှော့ကျသွားပေလိမ့်မည်။ထိုအတက်အကျက အလွန်ကြီးမားလွန်းလှပေသည်။


"တကယ့်ကိုပဲ ငါတို့ရဲ့ နတ်သမီးလေး အန်းက မွှေးရနံ့တွေကို မတွန်းလှန်နိုင်ဘူး...ပြီးတော့ မီးခိုးငွေ့တွေကြောင့် သူမ သီးနင်နေသေးတယ်..."


ဒိုင်လူကြီးချုပ်က စိတ်ထဲမှပင် သက်ပြင်းအသာချလိုက်သည်။ယခုပြိုင်ပွဲက ခန့်မှန်းရခက်လှပေသည်။အကယ်၍ မှော်ကဝေအန်းရှန့်က အမှတ် ၂ စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်ခဲ့သေးလျှင် နောက်တစ်ချီသို့ သွားရန် အခွင့်အရေးရှိပေသေးသည်။ပုဖန်၏ ဟင်းပွဲက လေတိမ်ခွဲဖြတ် ဆေးလုံးနှင့် ယှဉ်ပြိုင်နိုင်မည်ဟု မသေချာသေးပေ။


မည်သို့ပင်ဆိုစေကာမူ ဒိုင်လူကြီးချုပ်က သူမ၏ မီးဖို ပေါက်ကွဲမည်ကိုလည်း အလွန်ကြောက်နေသည်။ယခုအခြေအနေတိုင်းဆိုလျှင် သူမ၏ ထိန်းချုပ်မှုက လွင့်ထွက်သွားပြီး မီးဖိုက ပေါက်ကွဲနိုင်ပေသည်။


ပုဖန်က ထုံးစံအတိုင်း မျက်နာသေဖြင့်ပင် သူ့၏ လက်ဖဝါးကိုမြှောက်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို စုစည်းစေလိုက်သည်။ထို့နောက် ပန်းကန်လုံးကို ပျံသန်းလာစေလိုက်ပြီး အထဲမှ အမွှေးအကြိုင်များကို ထပ်မံ ဖြူးလိုက်ပြန်သည်။ပြီးသည်နှင့် သူပူစပ်စပ်ငရုတ်ဆီဘူးကို အသာအယာပင် ထုတ်ယူလိုက်သည်။


ထို့နောက် ပန်းကန်လုံးတစ်ခုထဲသို့ ငရုတ်ရည်တစ်ချို့ လောင်းထည့်လိုက်၏။ပုဖန်က နောက်ထပ်ဘရက်ရ်ှတစ်ခု ထုတ်မယူတော့ပဲ ဆီသုတ်သည့်ဘရက်ရ်ှနှင့်ပင် ငရုတ်ရည်ထဲကို နစ်လိုက်၏။ ထို့နောက် အသားကင်များကိုသုတ်လိမ်းလိုက်သည်။


အသံကျယ်ကျယ်တစ်ချက်နှင့်အတူ မီးခိုးလုံးများ ကောင်းကင်ယံသို့ လွင့်တက်သွားပြန်သည်။ယခုအခ်ျိန်၌မူ အခိုးအငွေ့များက နီရဲနေပြီး အစပ်ရနံ့များကို သယ်ဆောင်လာပေသည်။


မီးခိုးငွေ့များ ပျောက်ကွယ်သွားပြီးနောက် တောက်ပလင်းလက်နေသည့် သီတံလေးများ ပြန်လည်ထွက်ပေါ်လာသည်။ဆီစိုအိနေသည့် အသားကင်များ၏ပုံက စားချင်စရာကောင်းလှပေသည်။ပုဖန်ပင်လျှင် မထိန်းချုပ်နိုင်ပဲ နှုတ်ခမ်းသပ်လိုက်မိသည်။


အနီနား၌ရှိနေသော မှော်ကဝေအန်းရှန့်က ရုတ်တရက် မျက်ဝန်းများဖွင့်လိုက်သည်။သူ့မျက်ဝန်းထဲ၌လည်း ဒေါသများ ယှက်သန်းနေပေသည်။သူက ဆေးမီးဖိုကို ရိုက်ချလိုက်ပြီးနောက် ဒေါသတကြီးအော်ဟစ်လိုက်သည်။


"ဆက်ပြီးတော့ ဆေးလုံးမသန့်စင်နိုင်တော့ဘူး လုံးဝ မပြီးမြောက်နိုင်တော့ဘူး ...ဒီမီးဖိုက ပေါက်ကွဲတော့မယ်ဆိုမှတော့ ထုချေလိုက်တော့မယ် ဒါဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလဲ ..."


သူမက ဆေးမီးဖိုကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်လေသည်။၎င်းက မူးယစ်ဝေနေသည့် အမူအရာနှင့် တရှုံ့ရှုံ့အနံ့ခံနေသည့် ဒိုင်လူကြီးဆီသို့ ပျံသန်းသွားလေသည်။


သူက ဆေးမီးဖို သူ့ဆီသို့ ပျံသန်းလာသည်ကို မသိပေ။


မှော်ကဝေအန်းရှန့်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီးနောက် နှုတ်ခမ်းကိုအသာကိုက်လိုက်သည်။ပုဖန်၏ မျက်နာကို ခါးသီးစွာဖြင့် လှည့်ကြည့်လိုက်လေသည်။


#thankyouall