အပိုင်း ၅၁၉
Viewers 53k

အခန်း ၅၁၉

မင်းကအနံမွှေးမွှေးလေးတွေကြိုက်တယ်မဟုတ်လား... ငါက အနံ့ဆိုးဆိုးတွေပေးမယ်...


ဒိုင်လူကြီးချုပ်က စိတ်ဓာတ်ကျနေသောကြောင့် မည်သည့် စကားတစ်ခွန်းမှမဆိုခဲ့ပေ။သို့သော်လည်း မဟာသခင်ရွှမ်မင်၏ ခတ်ထန်သည့် အကြည့်များအောက်၌ အသက်ပြင်းတစ်ချက်သာအောင့်လိုက်မိပြီး ပုဖန်အနိုင်ရရှိခဲ့သည့်အကြောင်း ကြော်ငြာလိုက်လေသည်။


မှော်ကဝေအန်းရှန့်၏ ဆေးမီးဖိုက ပြိုင်ပွဲအလယ်၌ပင် ပေါက်ကွဲသွားလေသည်။ထို့ကြောင့်ပင် ဒီပြိုင်ပွဲကို အလိုအလျေါက် ရှုံးသွါးပြီ ဖြစ်သည်။ထို့အပြင် ပုဖန်၏ ဟင်းပွဲများကို အကဲဖြတ်လူကြီးမင်းများက စားသုံးကြည့်ရာ၌လည်း သူ့၏ သက်ရောက်မှုက အမှတ် ၂ ဆေးလုံးများဖြင့် ယှဉ်နိုင်ကြောင်း သိခဲ့ရသည်။ပုဖန် ဒီပြိုင်ပွဲကို အောင်မြင်သွားကြောင်း သံသယရှိစွာ မလိုပေ။


စင်အောက်၌ရှိနေကြသော ပရိတ်သတ်များကမူ အနည်းငယ် အံ့အားသင့်နေကြသေးသည်။ထိုရလဒ်မျိုးထွက်လာမည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့မိပေ။


မှော်ကဝေအန်းရှန့်... သူမက ကောင်းကင်ဆေးမြို့တော်၏ ထိပ်တန်း ပါရမီရှင်၁၀ယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း အားလုံးသိထားကြပေသည်။သူမက ထိပ်သီး ၁၀၀ ပွဲ၌ပင် ရှုံးနိမ့်သွားရလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။တကယ့်ကို မယုံနိုင်စရာကောင်းလွန်းလှပေသည်။


ပရ်ိတ်သတ်များက အနည်းငယ် ခါးသီးမှုကို ခံစားနေရသည်။သူတို့က ပုဖန်၏ ပြိုင်ဘက် အန်းရှန့်မှန်းသိသည့်အချိန်၌ အန်းရှန့်ဘက်၌သာ ရပ်တည်ခဲ့ကြလေသည်။


ပြိုင်ပွဲအတောအတွင်း သူတို့၏ မျက်နာကို အကြိမ်အနည်းငယ်ခန့်ဖြတ်ရိုက်ခြင်းခံလိုက်ရသည်။


"သူက ဖျက်မြင်းတစ်ကောင်ဆိုတဲ့ အဓိပ္ပါယ်ကို ပြတ်ပြတ်သားသားကိုပြသွားတာပဲ...သူက အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူဖြစ်ကြောင်းကို သက်သေထူသွားတာပဲ..."


ဒယ်အိုးတစ်လုံး ဓားတစ်လက်ကိုဆွဲကိုင်၍ သူ့လမ်းကြောင်းပေါ်ရှိနေသည့် အဂ္ဂိရတ်ပညာရှင်များကို ဖယ်ရှားသုတ်သင်ကာ ထိပ်သီး ၅၀ အတွင်းသို့ ဝင်ရောက်သွားပေသည်။


ထိုစားဖိုမှူးက အံ့သြဖွယ်ရာ ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျပင် ဖန်တီးနေလေသည်။ပရိတ်သတ်များက တရွေ့ရွေ့ထွက်ခွာသွားနေသော ပုဖန်၏နောက်ကျောကို ကြည့်၍ အချိန်ခဏမျှ စကားမပြောနိုင်ပဲ စွံ့အနေမိကြလေသည်။


သို့သော်လည်း ခဏချင်းမှာပင် အော်ဟစ်ဆူပူသံများ ပြန်လည်ထွက်ပေါ်လာသည်။သူတို့၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုများက မိုးကောင်းကင်မှကြယ်များဖြင့်ပင် ယှဉ်န်ိုင်ပေသည်။


မြူကောင်းကင်မြို့ ရင်ပြင်ကျယ် တစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ရာ အငွေ့အသက်များကိုသာ ဖုံးလွှမ်းထားသည့်အချိန်၌ ဒီပြိုင်ပွဲကိုကြည့်နေကြသော တောက်ပကောင်းကင်မြို့နှင့် ကောင်းကင်ဆေးမြို့တော်တို့မှ ပရိတ်သတ်များကမူ အူကြောင်ကြောင်ဖြင့် တွေဝေငေးမောနေကြလေသည်။


သူတို့တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြပြီးနောက် ပြိုင်ပွဲကို ထုတ်လွင့်ပြသနေသည့် အစီအရင်ကိုကြည့်ရှုနေကြသူများက နှလုံးသားများပင် နာကျင်ကိုက်ခဲသွားမိသည်။


"ဒီပြိုင်ပွဲမှာ တကယ်ပဲ စားဖိုမှူးတစ်ယောက်က အနိုင်ရသွားတာလား...အန်းရှန့်က တကယ်ကို ရှုံးနိမ့်သွားခဲ့တယ် သူမက ထိပ်သီး ၁၀၀ ပြိုင်ပွဲက ထွက်ခွာသွားရတယ်လား..."


ပရိတ်သတ်များက သူတို့ ပုဖန်ကို လှောင်ပြောင် သရော်ခဲ့ကြသည်။သို့သော် အချိန်တိုအတွင်းမှာပင် သူတို့၏ မျက်နာများ ဖြတ်ရိုက်ခံလိုက်ရသလို နီရဲသွားလေသည်။


"ဒီစားဖိုမှူး...


" မြူကောင်းကင်မြို့ တိမ်ခိုးစားသောက်ဆိုင်..."


လူများစွာက ပုဖန်၏ ကြေငြာမှုများကို အမှတ်ရနေဆဲဖြစ်သည်။ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် ပုဖန်က ဆိုင်းဘုတ်ကို မြင့်မြင့်မြှောက်၍ ကြော်ငြာမှုကို ကြည့်ခဲ့ရသည်။ထိုစားသောက်ဆိုင်၏ နာမည်သုံးလုံးက သူတို့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲကျန်ခဲ့ပေသည်။


"ဒီတော့ အဲ့ဒီစားဖိုမှူးက တ်ိမ်ခိုးစားသောက်ဆိုင်ကနေလာတာပေါ့ စိတ်ဝင်စားစရာပဲ..."


ရုတ်တရက် သူတို့အားလုံး ပုဖန် နောက်တစ်ကြိမ် ထွက်ပေါ်လာမည့်အချိန်ကို မျှော်လင့်သွားမိကြသည်။ထိုစားဖိုမှူးက ပဉ္စလက်စုဝေးပွဲတွင် မည်ကဲ့သို့ အံ့သြစရာများ ဖန်တီးပြသဦးမည်ကို သူတို့ မသိနိုင်ပေ။


ထိပ်သီး ၁၀ ယောက်အတွင်းသို့ တက်လှမ်းကောင်းတက်လှမ်းနိုင်ပေလိမ့်မည်။ဒါက ကြည့်ရှုဖွယ်ကောင်းသည့် ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။


နန်ကုန်းဝူချယ်က လက်ကိုပိုက်၍ မော်ကြွားဟန်အပြည့်ဖြင့် သူ့ဘေးနားမှ အဂ္ဂိရတ်ပညာရှင်ကို လှည့်ကြည့်လိုက်သည်။သူတို့၏ ခြေထောက်များက ဂျယ်လီလို ပျော့ခွေနေပြီး အတွန့်တွန့်အလှုပ်လှုပ်ဖြင့် ဂျယ်လီလို ပျော့ခွေနေလေသည်။


"မင်းတို့မြင်လား...သူက ဘယ်လိုစားဖိုမှူးမျိုးလဲဆိုတာကို...မင်းတို့ကောင်တွေက ဘော်ဒါပုကို အထင်အမြင်သေးရအောင် ဘာအရည်အချင်းများရှိလို့လဲ သူက ရင်ကြီးကြီးအမျိုးသမီးကိုတောင် အနိုင်ယူပြီး ထိပ်သီး ၅၀ ထဲကို ဝင်ရောက်နိုင်သွားပြီ...မင်းတို့သာ အဲ့ဒီ ရင်ကြီးကြီး အမျိုးသမီးနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် နိုင် နိုင်တဲ့ အရည်အချင်းရှိလို့လား...ဟမ့်...သုံးစားမရတဲ့ အမှ်ိုက်တွေ ..."


ထိုအဂ္ဂိရတ်ပညာရှင်များ၏ မျက်နာက ရဲခနဲ ဖြစ်သွားပြီး သူတို့၏ ဒေါသများက ဆူပွက်လာလေသည်။နန်ကုန်းဝူချယ်၏ မော်ကြွားနေသော မျက်နာကို မြင်သောအခါ၌ အံတင်းတင်းကြိတ်လိုက်မိသည်။ထိုကောင်စုတ်ကို ရိုက်နှက်သည်မှ လွဲ၍ ဘာစကားတစ်ခွန်းမှ မပြောချင်တော့ပေ။


"မင်းက ဒီပြိုင်ပွဲရဲ့ အနိုင်ရသူလည်းမဟုတ်ဘူးလေ ဘာတွေ လာပြီး မောက်မာပြနေတာလဲ...သူက ကံကောင်းသွားရုံပဲလေ တကယ်လို့ နတ်ဘုရားမလေးအန်းရဲ့ မီးဖိုသာ မပေါက်ကွဲဘူးဆိုရင် သူဒီလိုမျိုး လွယ်လွယ်ကူကူ အနိုင်ရမယ်လို့ ထင်နေလား..."


ထိုအဂ္ဂိရိတ်ပညာရှင်က အလျှော့မပေးပဲ ပြောလိုက်ပြီးနောက် သူတို့ရှိရာဆီသို့ ဆိုင်းဘုတ်ကိုင်၍ လျှောက်လာနေသော ပုဖန်ကို ကြည့်လိုက်သည်။


ထိုအဂ္ဂိရတ်ပညာရှင်လည်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မ်ိပြီး ဒီနေရာမှ အမြန်ဆုံးထွက်ခွာရန် တွေးလိုက်မိသည်။နန်ကုန်းဝူချယ်မှ ပြန်လည်ဆုတ်ခွာသွားသည့်သူများကိုကြည့်၍ နှာခေါင်းရှုံ့၍ ထပ်မံ ပြောဆိုလိုက်သည်။


"ဟမ်း...မင်းတို့က ဘာမှလည်း မသိကြပါဘူးကွာ ကြုံရာလူတစ်ယောက်က အဲ့ဒီ ရင်ကြီးကြီးအန်းရဲ့ ဆေးမီးဖို ပေါက်ကွဲအောင်လုပ်န်ိုင်မယ်ထင်နေတာလား... "


"ဟေး...ဘော်ဒါပု မင်းကောင်းကောင်းလုပ်ခဲ့တာပဲ မင်းနိုင်မယ်ဆိုတာ ငါကြိုသိတယ် ...အဲ့ဒီ ရင်ကြီးကြီးအန်းကလေ ရင်သားနည်းနည်းလေးပိုကြီးတာကလွဲရင် ဘာမှကြောက်စရာမကောင်းဘူး ...အခုငါပြောတာတွေက မှန်တာပဲ မဟုတ်လား ငါကသာ မင်းနိုင်မယ်လို့ပြောခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ..."


နန်ကုန်းဝူချယ်၏မျက်နာပေါ်၌ အပြုံးပန်းများ အဆက်မပြတ်ပွင့်လန်းနေလေသည်။သို့သော် ပုဖန်ကမူ မျက်နာသေဖြင့် တစ်ချက်သာကြည့်လိုက်သည်။


ဒီကောင်က အရှက်မရှိဘူးလား...ဒီကောင်က ရှက်ကြောပြတ်နေတာလား...


နန်ကုန်းဝူချယ်၏ အရှက်မဲ့မှုကို သူမည်ကဲ့သို့ ကိုင်တွယ်ရမည်မှန်းမသိတော့ပေ။နန်ကုန်းဝူချယ်က သူ့ကို စကားခဏမျှပြောပြီးနောက် တခြားပြိုင်ကွင်းနေရာဆီသို့ ဦးဆောင်သွားလိုက်သည်။


"ဘော်ဒါပု ကြည့် ငါမင်းကို ဘယ်လောက် စိတ်ဓာတ်ရေးရာ အားပေးခဲ့လဲလို့ နောက်ပွဲတွေကျရင်လည်းမင်းငါ့ကို ကောင်းကောင်းအားပေးသင့်တယ်နော်...ငါ လင်းစန်းဖောင်ကို ဘယ်လိုပညာပေးမယ်ဆိုတာကို ကြည့်ထားလိုက် ..."


နန်ကုန်းဝူချယ်က သူဆံပင်များကို သပ်တင်ရင်းခပ်ဖွဖွရယ်မောလိုက်သည်။


ပရိတ်သတ်များကြားထဲတွင် ရပ်နေသော နန်ကုန်းဝမ်က ခေါင်းငုံ့ချလိုက်ပြီး သူမ၏ အင်္ကျီစကိုချေနေမိသည်။နန်ကုန်းဝူချယ်၏ အပြုအမူက.... အထူးသဖြင့် သူ့၏ စပ်ဖြဲဖြဲ မျက်နာက ရှက်စရာကောင်းလှပေသည်။


ပုဖန် နန်ကုန်းဝူချယ်ကို မငြင်းပယ်လိုက်ပေ။အဘယ့်ကြောင့်ဆိုသော် ထိပ်သီး၁၀၀ ပြိုင်ပွဲက ဒီနေ့မှာပဲ ပြီးဆုံးမည်ဖြစ်ပြီး ထိပ်သီး ငါးဆယ်တွက် ပြိုင်ဘက်များကို ရွေးချယ်ရပေဦးမည်။


သူပြန်၍ ဆိုင်မဖွင့်နိုင်သေးပေ။ထိုသို့ဖြစ်လေရာ နန်ကုန်းဝူချယ်၏ ပွဲကိုကြည့်နေ၍လည်း မဆိုးပေ။နန်ကုန်းဝူချယ်၏ ပြိုင်ပွဲက ပြိုင်ကွင်း ၅ ၌ ကျင်းပမည်ဖြစ်သည်။


 အဂ္ဂိရတ်ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသော သူက အားမာန်အပြည့်ဖြင့် ခြေလှမ်းကျဲကျဲ လျှောက်သွားပြီး စင်ပေါ်သို့ တက်သွားလိုက်သည်။


မျက်နာချင်းဆိုင်၌ ချောမောခန့်ညားငယ်ရွယ်သော သခင်လေးတစ်ယောက် မတ်တပ်ရပ်နေသည်။ထိုသူ၏။ မျက်နာက ဖြူဖွေးနူးညံ့ပြီး အနည်းငယ်မိနိးမဆန်လေသည်။


ထိုသူက လင်းမိသားစု၏ သခင်လေး၊ နန်ကုန်းဝူချယ်၏ တစ်သက်တာရန်ဘက် လင်းစန်းဖောင်ဖြစ်သည်။လင်းစန်းဖောင်က သူ့၏ နာမည်ပြောင်ဖြစ်သည်။သူ့၏ တကယ့်နာမည်အရင်းမှာ လင်းချွယ်ဖြစ်သည်။သူက မြူကောင်းကင်မြို့မှ တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ တပည့်ဖြစ်သည်။


သူ့၏ အဂ္ဂိရတ်ပညာ အရည်အချင်းကလည်း တော်တော်လေးကောင်းမွန်လှပြီး နန်ကုန်းဝူချယ်နှင့် ရန်ဘက်များဖြစ်လာသည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။နန်ကုန်းဝူချယ်နှင့် ယှဉ်ပြိုင်လိုက်တိုင်းတွင် လင်းစန်းဖောင်၏ နိုင်ပွဲက ရှုံးပွဲများထက် ပိုများလေသည်။


သို့သော် ထိုအချိန်က နန်ကုန်းဝူချယ်၌ ကောင်းပင်ကမ္ဘာမြေမီးလျှံရှိနေခဲ့လေသည်။ဒီနေ့၌မူ လင်းစန်းဖောင်က သူ့ကိုယ်သူ အတော်လေး ယုံကြည်မှုရှိနေပေသည်။နန်ကုန်းဝူချယ်၌ ကောင်းကင်ကမ္ဘာမြေမီးလျှံမရှိတော့လေရာ သူက အမှိုက်တစ်စထက် မပိုတော့ပေ။


ပုဖန်က အဂ္ဂိရတ်ပညာရှင်နှစ်ယောက်ကြားက ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကြည့်ဖူးခြင်းဖြစ်သည်။အဂ္ဂိရတ်ပညာရှင်များက အခြားသူများနှင့် မတူပေ။


သူတို့၏ ပါရမီများ စွမ်းရည်များကို ကောင်းကောင်းအသုံးချပြီး ကျွမ်းကျင်မှုများကို ပြသရပေမည်။မီးခိုးငွေ့များက ကောင်းကင်ပေါ် တလူလူမြင့်တက်နေပြီး ဆေးစွမ်းအင်များကလည်း ပြိုင်ကွင်း တစ်ခွင် ပြန့်နှံ့နေသည်။


ပြိုင်ကွင်းတစ်ခွင် ပဲ့တင်ထပ် အသံကျယ်များလည်း ရိုက်ခတ်နေပြီး အဂ္ဂိရတ်ပညာရှင်များက တစ်ဦးနှင့်တစ်ဦး စွမ်းရည်ပြိုင်နေကြလေသည်။


ဘုန်း...


တောက်ပလှသော မီးရောင်က လင်းစန်းဖောင်၏ နူးညံ့သော မျက်နာကို ရောင်ပြန်ရိုက်ခတ်သွားသည်။တည်ကြည်လှသော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းလိုက်လေရာမီးဖိုထဲ၌ လှည့်ပတ်နေသော မီးတောက်က ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။


ထွက်ပေါ်လာသော အသံက နဂါး တစ်ကောင်မွေးဖွားလာသကဲ့သို့ပင် ထင်ရလေသည်။သူ့၏ ဆေးလုံးသန့်စင်မှုကို အာရုံစိုက်ထားသော လင်းစန်းဖောင်ကိုကြည့်၍ နန်ကုန်းဝူချယ်၏ မျက်ဝန်းများ မှေးကျင်းသွားသော်လည်း သူ့နှုတ်ခမ်းများကမူ ကော့တက်သွားသည်။ထိုမိန်းမလျာကို မြင်လိုက်တ်ိုင်းသူစိတ်မသက်မသာ ဖြစ်ရလေသည်။


"ဒီအကိုကြီးက ကောင်းကင်ကမ္ဘာမြေမီးလျှံမရှိတော့တာနဲ့ မင်းအနိုင်ယူနိုင်ပြီလို့ ထင်နေတာလား...မင်းရဲ့ အတွေးတွေကလည်း ကလေးဆန်လိုက်တာ..."


နန်ကုန်းဝူချယ်က လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် မှင်ရောင်ကဲ့သို့ နက်မှောင်နေသော ဆေးဖက်ဝင်ပစ္စည်းများထွက်ပေါ်လာသည်။


ဆေးဖက်ဝင်ပစ္စည်းက အနက်ရောင်ဥတစ်မျိုးဖြစ်သည်။ထိုဥ၌ အမွှေးထူထူများဖြင့် ဖုံးအုပ်ထားပြီး နဂါးမုတ်ဆိတ်များဖြင့်ပင် ဆင်တူသည်။အလွန်ပင်ထူးခြားဆန်းကြယ်လှ၏။


ရုတ်တရက် နန်ကုန်းဝူချယ်က ပုဝါပိုင်းတစ်ခုကို ထုတ်ယူလိုက်ပြီး သူ့၏ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်စည်းနှောင်လိုက်သည်။သူ့ပုံစံက ဓားမြတစ်ယောက်နှင့်ပင် ဆင်တူနေလေသည်။


ပရိတ်သတ်များက အံ့အားသင့်သွားသည်။ပြောရမည်ဆိုလျှင် နန်ကုန်းဝူချယ်က သူတို့အတွက် သူစိမ်းတစ်ယောက်မဟုတ်ပေ။မြူကောင်းကင်မြို့မှ ပါရမီရှင်နန်ကုန်းဝူချယ်ကို သူတို့အားလုံးသိကြပြီး သူရဲ့ စွမ်းဆောင်ရည်များကိုလည်း သိထားကြပေသည်။


ယခု သူက မျက်နာကို ဖုံးကွယ်ပြီး ဘာလုပ်ဖို့ ကြိုးစားနေသနည်း။


ဒိုင်လူကြီးကလည်း ဇဝေဇဝါဖြစ်သွားမိသည်။သူ နန်ကုန်းဝူချယ်၏ အပြူအမူ နောက်ကွယ်က အကြောင်းအရာကို မခန့်မှန်းနိုင်ပေ။


"အဲ့ဒါက ရွှေကြည်ရောင်ရိုးတံမဟုတ်လား...သူက အဲ့ဒါကိုထုတ်ပြီး ဘာလုပ်မလို့လဲ..."


"ရွှေကြည်ရောင်ရိုးတံ... အဲ့ဒါကဆေးလုံးသန့်စင်လို့ရလို့လား...သူက ဒီတိုင်း ငါတို့ကို ဟာသလုပ်ဖို့အတွက် ထုတ်လိုက်တာ ဟုတ်တယ်မဟုတ်လား..."


"ဒါက ဘာတွေ ဖြစ်ပျက်နေတာလဲ...အဲ့ဒီ ရွှေကြည်ရောင်ရိုးတံက အရမ်းအနံ့ပြင်းတယ်လေ ဟုတ်တယ်မဟုတ်လား...နန်ကုန်းဝူချယ်က အဲ့ဒါနဲ့ ဘာလုပ်မလို့ ကြိုးစားနေတာလဲ..."


ပုဖန် အနည်းငယ်ကြောင်အနေမိသည်။သူက ရွှေကြည်ရောင်ရိုးတံအကြောင်းကို မသိပေ။သို့သော်လည်း သူ့ဘေးနားမှ အဂ္ဂိရတ်ပညာရှင်များ၏ ပြောစကားအရ ထိုအရာက သာမန်ပစ္စည်းတစ်ခုတော့ မဟုတ်နိုင်ပေ။


နန်ကုန်းဝူချယ် မျက်လုံးများကို မှေးကျင်းလိုက်ပြီးနောက် သူ့၏ ငရဲမီးတောက်ကို ထုတ်ဖော်လိုက်သည်။မြင့်မားလှသော အပူချိန်များက ခဏအတွင်းမှာပင် ရွှေကြည်ရောင်ရိုးတံတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။


ခဏချင်းမှာပင် ရွှေကြည်ရောင်ရိုးတံတစ်ခုလုံးက အရည်ပျော်လုနီးပါးဖြစ်လာသည်။နန်ကုန်းဝူချယ်က ထိုရွှေကြည်ရောင်ရိုးတံကို သူ့၏ ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ထို့နောက် ခပ်လှမ်းလှမ်းဆီသို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်နာပေါ်၌ လှောင်ပြောင်သည့် အပြုံးတစ်ခုထွက်ပေါ်လာလေသည်။


ပရိတ်သတ်များကြားထဲမှ နန်ကုန်းဝမ်က သူမနဖူးကို ဖက်ခနဲ ပြန်ရိုက်လိုက်မိသည်။ယခုလက်ရှိ ထိုဖြစ်ရပ်က အမှန်မဟုတ်ပါစေနဲ့ဟု သူမ ပြင်းပြင်းထန်ထန်ဆုတောင်းနေမိသည်။နန်ကုန်းဝူချယ် ဘာလုပ်နေသည်ကို သူမကောင်းကောင်းသိနေပေသည်။


ဆေးမီးဖိုမှနေ၍ အနံ့ဆိုးတစ်ခု ထွက်ပေါ်လာသည်။အနံ့က သိပ်မပြင်းထန်သော်လည်း ခဏချင်းမှာပင် ပြိုင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းလာလေသည်။မကြာခင်မှာပင် အနံ့ဆိုးများက ပို၍ ပြင်းထန်လာလေသည်။ထိုအနံ့ကပုဖန်၏ တို့ဟူးပုပ်ကိုပင် ပြန်လည်သတိရသွားစေပြီး အားလုံး၏ အကြည့်များက ပြောင်းလဲသွားကြသည်။


ဒိုင်လူကြီးမင်းက ထိုအနံ့၏ သက်ရောက်မှုကို ပထမဦးဆုံးခံလိုက်ရလေသည်။သူ့၏ မျက်နာက ပြာနှမ်းသွားလေ၏။


"ဘာနံ့ကြီးတုန်း...ရွှေကြည်ရောင်ရိုးတံ...နန်ကုန်းဝူချယ်က နံရံနှင့် ခေါင်းနှင့်တိုက်မိပြီးတော့များ ဦးနှောက်ပျက်သွားတာလား...ဒါနဲ့ ဘယ်လိုလုပ်ပြီး ဆေးလုံးသန့်စင်လို့ရမှာတဲ့လဲ..."


ထိုအနံ့က ပြိုင်ပွဲတစ်ခုလုံးကိုပင် လွှမ်းခြုံလာသည်။ပုဖန်ပင်လျှင် တောင့်မခံနိုင်တော့ပဲ မျက်မှောင်ကြုတ်လိုက်မိ၏။ထိုအနံ့က တကယ့်ကို အပုပ်နံ့နှင့် ဆင်တူလှပေသည်။


နန်ကုန်းဝူချယ်က ထိုကဲ့သို့သော အရာမျိုး ထုတ်လာလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။


 နှာခေါင်းနှင့် ပါးစပ်ကို အုပ်ကာထားပြီဖြစ်သောနန်ကုန်းဝူချယ်က လင်းစန်းဖောင်ကို ကြည့်လိုက်ပြီး စိတ်ထဲမှနေ၍ စတင်ရယ်မောလိုက်သောကြောင့် သူ့၏ မျက်ဝန်းလေးများပင် လခြမ်းပုံသဏ္ဍာန်ကွေးသွားလိုက်သည်။


"မင်းက ဆေးရည်ခဲသွားအောင်တောင် ကြိုးစားနေပြီလား...မင်းက အများကြီးတိုးတက်လာတာပဲ..."


နန်ကုန်းဝူချယ်က မျက်ခုံးပင့်လိုက်ပြီးနောက် သူ့၏ လက်ဖဝါးနှစ်ဖက်က်ို မြှောက်လိုက်သည်။လက်ဖဝါးပေါ်မှ အစစ်အမှန် စိတ်ဝိညာဉ် စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် အနံ့ဆိုးများကို အရှိန်အဟုန်ဖြင့် လင်းစန်းဖောင်၏ စင်မြင့်ဆီသို့ တွန်းပို့လိုက်သည်။


လင်းစန်းဖောင်၏ ဆေးမီးဖိုမှ အလင်းရောင်က သူ့၏ မျက်နာပေါ် ရောင်ပြန်ဟပ်နေသောကြောင့် မိန်းမပျိုလေးကဲ့သို့ မိန်းမဆန်သော သူ့မျက်နာက တောက်ပနေလေသည်။


သူက အလေးအနက် အာရုံစိုက်ထားလေသည်။အဘယ့်ကြောင့်ဆိုသော် ဒီပြိုင်ပွဲက အရင်က အရှက်ရဖူးသမျှကို သင်ပုန်းချေနိုင်မည့် ပွဲဖြစ်သည်။


အရင်က သူ နန်ကုန်းဝူချယ်၏ ဖိနှိမ့်မှုကို တောက်လျှောက်ခံလာခဲ့ရသည်။ဒီနေ့တော့ ပြန်လည် တိုက်ခိုက်နိုင်မည့် အခွင့်အရေးရလာပေသည်။သူ ထိုအခွင့်အရေးကို မည်ကဲ့သို့ လွဲချော်နိုင်ပါမည်နည်း။


သက်စောင့်ဆေးလုံးက ခဲတော့မည့် အချိန်ရောက်နေပေပြီ အမှတ်၁ စိတ်ဝိညာဉ် ဆေးလုံးကပင် နန်ကုန်းဝူချယ်ကို ရိုက်ချပစ်ဖို့ လုံလောက်နေပေပြီ။ထိုအတွေးဖြင့် လင်းစန်းဖောင်က နန်ကုန်းဝူချယ်၏ စင်မြင့်ဆီသို့ လှည့်ကြည့်လိုက်သည်။


သူ့၏ နှလုံးသားက စိတ်လှုပ်ရှားမှုများဖြင့် ခုန်လှုပ်နေလေသည်။အတွေးလေးတစ်ခုကပင် စိတ်လှုပ်ရှားကျေနပ်ဖို့ လုံလောက်နေပေပြီ။သူဆေးရည်ကို ခဲအောင်လုပ်ဖို့ အာရုံစူးစိုက်လိုက်သည့်အခ်ျိန်၌ အနံ့ဆိုးတစ်ခု လွင့်ပြယ်လာလေသည်။


အနံ့ဆိုးများကို သယ်ဆောင်လာသောလေပြင်းက သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး နှာခေါင်းပေါက်ထဲသို့ အတင်းတိုးဝင်သွားတော့သည်။


ရွှေကြည်ရောင်ရိုးတံက ဘာလို့ အဲ့ဒီလောက်နံနေရတာလဲ ...


ဘာလို့နံသည်ကို ဘယ်သူကဂရုစိုက်မှာလဲ သူတို့သိသည်ကတော့ ထိုအရာက အလွန်ပင်အနံ့ပြင်းသည်။ပြောပြ၍ မရအောင်ပင် ဆိုးရွားလွန်းလှသည်။သူ့၏ အနံ့က တို့ဟူးပုပ်နှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။


လင်းစန်းဖောင် အန်ချလိုက်မိသည်။သူက အလွန်ပင် အသန့်ကြိုက်လေသည်။သူ့ကိုယ်သူ အမြဲတမ်း သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နေတက်သူဖြစ်သည်။အိမ်မှမထွက်ခွာခင် ရေနွေးနွေးဖြင့် သန့်စင်အောင်ရေချိုးပြီး တစ်ကိုယ်လုံးကို အမွှေးနံ့သာများ ပက်ဖြန်းထားခြင်းဖြစ်သည်။


သူက အနံ့မွှေးမွှေးလေးများကိုသာ ကြိုက်နှစ်သက်လေသည်။နန်ကုန်းဝူချယ်ကလည်း ထိုမိန်းမလျာကောင် အနံ့ကောင်းလေးများကို ကြိုက်နှစ်သက်သည်ကို သိထားလေသည်။ထို့ကြောင့်ပင် လင်းစန်းဖောင်ကို အနံ့များဖုံးလွှမ်းသွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။


ရုတ်တရက် လင်းစန်းဖောင် အော်ဟစ်ငိုချင်မိသွားပေသည်။ထိုအနံ့များက သည်းမခံနိုင်လောက်အောင် ဆိုးရွားလှပေသည်။သူ့၏ အာရုံစူးစိုက်မှုက ပျက်ပြားသွားပြီး ပြိုင်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးလိုက်နိုင်ပေပြီ။လင်းစန်းဖောင်၏ ဆေးမီးဖိုက ပေါက်ကွဲသွားလေပြီ။


ယခင်ပြိုင်ပွဲတွင် ပုဖန် တို့ဟူးပုပ်ကို ထုတ်ယူလိုက်သောအခါ၌ ဆေးမီးဖိုများ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။နန်ကုန်းဝူချယ်က အနံ့ဆိုးတစ်ခုက်ို ထုတ်ယူလိုက်လေရာ လင်းစန်းဖောင်၏ မီးဖိုမှ မပေါက်ကွဲလျှင် မည်သည့်မီးဖို ပေါက်ကွဲမည်နည်း။


ဘန်း....


ကျယ်လောင်သောအသံနှင့်အတူ လင်းစန်းဖောင်၏ မီးဖိုက ပြာဖြစ်သွားလေသည်။မီးတောက်များက ကောင်းကင်ယံသို့ ထိုးတက်ပြန့်ကျဲသွားပြီးနားကွဲလောက်စရာအသံကလည်း ပရိတ်သတ်များနားထဲသို့ တိုးဝင်လာသည်။


လင်းစန်းဖောင်က အလွန်ပင် စိတ်ဓာတ်ကျသွားလေသည်။အချိန်ပြည့်ဖြူဖွေးနေသော သူ့မျက်နာက ပေါက်ကွဲမှုကြောင့် မည်းသည်းနေပေသည်။သူ့၏ အဝတ်အစားများကလည်း ဆုတ်ပြဲနေကာ ဖြူဖွေးနူးညံ့လှသော အသားများကို လှစ်ဟပြသနေသည်။


"ဟားးး...ဘော်ဒါပုရဲ့ နည်းလမ်းကတော့ တကယ့်ကို အကျိုးရှိတယ်..."


နန်ကုန်းဝူချယ်က လင်းစန်းဖောင်ကိုကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။


ဒိုင်လူကြီးများက ကြောင်အနေသလို ပရိတ်သတ်များကလည်း စွံ့အမှင်သက်နေလေ၏။


မြင့်မားလှသည့် စင်မြင့်တစ်ခုပေါ်တွင် ထိုင်နေကြသောအကဲဖြတ်လူကြီးမင်းများပင်လျှင် မည်သည့်စကားဆိုရမည် မသိတော့ပေ။


"ဒီကောင်လေး... ဒီလူပြက်ကာင်ကို ဘယ်သူအအောင်ပေးလိုက်တာလဲ...သူက ဒီနေရာမှာဟာသလာလုပ်နေတာလား...သူ့သက်စောင့်ဆေးလုံးက အရည်အချင်းမပြည့်မီတာနဲ့ ချက်ချင်းကန်ထုတ်လိုက်...နောက်တစ်ဆင့်တက်ခွင့် လုံးဝမပေးနဲ့..."