အပိုင်း ၅၂၉
Viewers 54k

အခန်း ၅၂၉

ဒီည ကြက်အစပ်ကြော်စားကြမယ်...


"အရှုံးပေးမယ်..."


ပုဖန်၏ စကားကြောင့် များပြားလှသော ပရိတ်သတ်များ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။သူတို့ ပုဖန်ကို နားမလည်နိုင်သည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။


"ပဉ္စလက်စုဝေးပွဲကြီး၏ ဖျက်မြင်း အဂ္ဂိရတ်ပညာရှင်များကိုပင် ဖြတ်ရိုက်၍ အနိုင်ရရှိခဲ့သော စားဖိုမှူးက ပြိုင်ပွဲပြီးအောင် မပါချင်တော့ဘူးလား...ဘာလို့ အရှုံးပေးမှာလဲ..."


ပရိတ်သတ်များကြားထဲ၌ အိပ်ငိုက်နေသော လူတစ်ချို့ပင်လျှင် ပုဖန်၏ စကားကြားပြီးနောက် စိတ်များ ပြန်လည်ကြည်လင်လာပြီး မျက်လုံးပြူးလာကြသည်။


"မယုံနိုင်စရာပဲ ...ဒါမျိုး လုံးဝ မမျှော်လင့်ထားမိဘူး...ဘာလို့ ပြိုင်ပွဲက နှုတ်ထွက်ရတာလဲ...ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ရနေမှ ဘာလို့ အရှုံးပေးရတာလဲ...ဒါက တောင်ထိပ်ကို မရောက်ခင် လက်လျှော့ခုန်ဆင်းလိုက်သလိုပဲ..."


မဟာသခင် ရွှမ်မင်လည်း အံ့အားသင့် ငြိမ်သက်သွားသည်။ပုဖန်ပြောသည့်စကားကို နားလည်နိုင်ရန် သူ ခဏမျှ အချိန်ယူလိုက်ရသည်။ထို့နောက် သူမျက်နာက တဖြေးဖြေးမဲမှောင်လာလေသည်။


အစောပိုင်းကတင် သူ အလွန်ပျော်ရွှင်နေခဲ့သည်။သို့သော်လည်း ရုတ်တရက် ထွက်ပေါ်လာသော ပြဿနာက သူ့ကို ခေါင်းခဲစေလေသည်။ထိပ်သီး ၁၀ ယောက်ပြိုင်ပွဲထဲသို့ ပထမဦးဆုံးအကြမ်ဖြစ် မြူကောင်းကင်မြို့မှလူနှစ်ယောက် ပါဝင်ခြင်းဖြစ်သည်။သို့သော် ယခု ထိုစားဖိုမှူးက ပြိုင်ပွဲမှ နှုတ်ထွက်ချင်ပေသည်။


"ဘာလို့ ပြီးဆုံးအောင် မပြိုင်နိုင်ရတာလဲ...ဒီပွဲကို ကစားပွဲတစ်ခုလို့များ မင်းထင်နေတာလား...မင်းပြိုင်ဖို့ဆန္ဒမရှိတော့တာနဲ့ မပါချင်တော့ဘူးဆိုပြီး နှုတ်ထွက်လို့ရတယ်လို့ထင်နေတာလား..."


မဟာသခင်ရွှမ်မင်ဆီမှ အေးစိမ့်လှသော အော်ရာများ လွင့်ပျံထွက်လာသည်။သူပုဖန်ကို တည့်တည့်စိုက်ကြည့်၍ ပြောလိုက်သည်။သူ တကယ့်ကို ဒေါသထွက်နေပြီဖြစ်သောကြောင့် အနည်းငယ်မျှပင် ယဉ်ကျေးမနေနိုင်တော့ပေ။


နန်ကုန်းဝူချယ်သည်လည်း ပုဖန် မည်သည့်အတွက်ကြောင့် အရှုံးပေးရသည်ကို နားမလည်နိုင်ပေ။


"ဘာလို့ ပြိုင်ပွဲက နှုတ်ထွက်ရတာလဲ...ထိပ်ဆုံး ၁၀ ယောက်ထဲတောင် ရောက်နေမှ ဘာလို့ အရှုံးပေးရတာလဲ...ဒါက တောင်ထိပ်ကို မရောက်ခင် လက်လျှော့ခုန်ဆင်းလိုက်သလိုပဲ... ရှုံးပြီး ငါ့ခြေထောက်အောက်မှာ နင်းချေခံရမှာကို ကြောက်လို့လား...မကြောက်ပါနဲ့ ပြိုင်ပွဲကို ပြီးဆုံးအောင်မပြိုင်ပဲနဲ့ လက်လျှော့အားငယ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာမင်းမသိဘူး..."


နန်ကုန်းဝူချယ်က ပုဖန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ပုဖန် စွံ့အသွားမိသည်။ထိုနန်ကုန်းဝူချယ်က အမြဲတမ်း မျက်နာအရေထူလွန်းလှသည်။


သို့သော်လည်း ရိုးရိုးသားသားပြောရလျှင် တကယ့်ကို ဆက်လက်ယှဉ်ပြိုင်လိုစိတ်မရှိတော့ပေ။သူဒီ ပြိုင်ပွဲထဲသို့ ဝင်ရောက်ခဲ့ရခြင်းမှာလည်း စနစ်၏ ယာယီမစ်ရှင်ကို ပြီးဆုံးအောင် ဆောင်ရွက်ရန်ဖြစ်သည်။ယခု မစ်ရှင်ပြီးမြောက်သွားပြီဖြစ်လေရာ ထပ်ပြိုင်နေစရာအကြောင်းမရှိတော့ပေ။


ပုဖန်က သူ့၏ အချိန်များကို စီးပွားရှာသည့် နေရာမှာသာ အသုံးပြုလိုပေသည်။ထိုမှသာ သူ သလင်းကျောက်များ များများရရှိပြီး အဆင့် မြန်မြန်တက်နိုင်ပေလ်ိမ့်မည်။သို့မှသာ မသေမျိုးနယ်ပယ် ပညာရှင်တစ်ယောက်ဖြစ်လာပေလ်ိမ့်မည်။


ထိုအချိန်ရောက်လျှင် သူ့၏ အစစ်အမှန်စွမ်းအင်စွမ်းအားကလည်း တိုးပွားလာပြီး သူ့ဟင်းပွဲ၏ အဆင့်ကလည်း မြင့်မားလာပေလိမ့်မည်။


"ငါ...ငါ..."


ပုဖန် တစ်စုံတစ်ခုပြောရန် ပါးစပ်ဖွင့်လိုက်သည်။သို့သော်လည်း နန်ကုန်းဝူချယ်က မျက်မှောင်ကြုတ်၍ သူ့ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။


"မင်းကြောက်စရာမလိုဘူး...ငါတို့ရဲ့ ပတ်သတ်မှုအရ ငါနန်ကုန်းဝူချယ်က မင်းမင်းဆိုးဆိုးရွားရွား ရှုံးသွားအောင် လုပ်မှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သမီးယောက်ဖတွေပဲလေ..."


"ဘာကို ယောက်ဖလဲ..."


ပုဖန် နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။သူ ထိုလူကို သေအောင်ရိုက်သတ်လိုက်ချင်သည်။ သူက တစ်လက်မလောက်ပေးလျှင် ထိုသူက တစ်မိုင်လောက်လိုချင်နေသည်။


"ငါ ဒီပြိုင်ပွဲမှာ ထပ်ပြီးတော့ ဝင်ပြိုင်ဖို့ ဆန္ဒမရှိတော့ဘူး...ဘာလို့လဲဆိုတော့ ငါ့ရဲ့ အရည်အချင်းက အကန့်အသတ်ကို ရောက်ေ နပြီ...အခု ထိပ်သီး ၁၀ ယောက်က တကယ့်ကို ငါ့ရဲ့ အကန့်အသတ်ပဲ..."


ပုဖန်က ခဏမျှ စဉ်းစားပြီးနောက် တည်ငြိမ်လေးနက်စွာပင် ပြောလိုက်သည်။မဟာသခင်ရွှမ်မင် သူ့ကို ယုံကြည်စေရန်အတွက် သူ လေးနက်တည်ကြည်အကြည့်များဖြင့် ကြည့်နေလိုက်သည်။သို့သော်လည်း မဟာသခင်ရွှမ်မင်က သူ့အပေါ် မယုံသင်္ကာရှိနေပေသည်။


"တကယ်ပဲ ပုဖန်ရဲ့ အကန့်အသတ်ရောက်နေပြီ ဟုတ်လို့လား..."


ပုဖန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ပရိတ်သတ်များအကြား၌လည်း ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ပဉ္စလက်ပြိုင်ပွဲကြီး၏ ဖျက်မြင်းက သူ့၏ အကန့်အသတ်ကို ရောက်နေပြီဟု ပြောခဲ့သည်။လှည့်ကွက်များစွာကို အသုံးပြု၍ ယှဉ်ပြိုင်ခဲ့ပြီးနောက် နောက်ဆုံး ပြိုင်ပွဲမှ ထွက်ခွာပေတော့မည်။


တကယ့်ကို သတင်းကြီးပင်ဖြစ်သည်။သူတို့ ထိုသတင်းကြောင်းကို စဉ်းစားရင်း ခေါင်းများပေါက်ကွဲထွက်လာတော့မလိုပင် ခံစားရသည်။ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။


သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပြီ ဟုတ်လား...သူက ဘယ်သူကို လာပြီး ပေါက်ကရလာပြောနေတာလဲ...


မှော်ကဝေအန်းရှန့် နန်ကုန်းဝူချယ်နှင့် တစ်ခြားသူများက ပုဖန်ကိုကြည့်၍ သူတို့မျက်ဝန်းလှန်လိုက်မိသည်။


"ဒီစကားကို ဘယ်သူက ယုံကြည်မယ်တဲ့လဲ..."


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် နံရိုးချိုချဉ်ကြော်...

ဒီပြိုင်ပွဲ၌ ထိုဟင်းပွဲများကိုပင် အသုံးမပြုရသေးပေ။သူက အဘယ်အတွက်ကြောင့် သူ့၏ အကန့်အသတ်ကို ရနေပြီဟု ထင်နိုင်သနည်း။တစ်ခြားသူများက ပုဖန်၏ အကြောင်းကို မသိခြင်းဖြစ်နိုင်သော်လည်း တိမ်ခိုးစားသောက်ဆိုင်၏ အမြဲတမ်းစားသုံးသူများဖြစ်သောသူများကတော့ ပုဖန်လက်ထဲတွင် ဝှက်ဖဲ များစွာရှိနေသည်ကို သိပေသည်။


တခြားပြိုင်ပွဲဝင်များကမူ ပုဖန်၏ စကားကို ယုံကြည်ခဲ့ကြသည်။အရိုးသားဆုံးပြောရမည်ဆိုလျှင် စားဖိုမှူးတစ်ယောက်အတွက် ထိပ်သီး၁၀ ယောက်ထဲသို့ ဝင်ရန်မှာပင် အလွန်ခက်ခဲလှပေပြီ။


"ကျွတ်...ကျွတ်...ကျွတ်...ဒါက အရမ်းဆိုးတာပဲ...ငါက သူနှင့် ထိပ်တိုက်ရင်ဆိုင်ချင်နေတာ ဒီစားဖိုမှူးက လှည့်ကွက်တွေ ကုန်သွားပြီထင်တယ်..."


ထိုစကားကို ဆိုလိုက်သူက ချောမောခန့်ညားသော လူငယ်တစ်ယောက်ဖြစ်သည်။သူ့၏ ပုံပန်းက အလွန် ဝင့်ကြွားပြီး သူ့မျက်ဝန်းများကလည်း စူးရှထက်မြက်လှသည်။


ထိုသူက တောက်ပကောင်းကင်မြို့တော်မှ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မဟာသခင်လောင်ကွမ်း၏ တပည့် မောင်ရှီဖြစ်သည်။မူလထဲက စားဖိုမှူးတစ်ယောက် ထိပ်သီး ၁၀ယောက်ထဲ ပါဝင်နိုင်ခဲ့ခြင်းကို သူတကယ့်ကို အယုံအကြည်မရှိခဲ့ပေ။


ယခု ပုဖန်ကိုယ်တိုင်က သူ သူ့၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ပြီး ပြိုင်ပွဲမှ နှုတ်ထွက်ရန် ပြောဆိုနေပေပြီ။တလက်စထဲ ထိုသူကို ခပ်ဝေးဝေးပြုတ်ကျအောင် ကန်ထုတ်ပစ်လိုက်ချင်သည်။ထို့ကြောင့် သူ ထေ့ငေါ့၍ ပြောဆိုလိုက်၏။


အခြားသူများကလည်း ပုဖန်ကို ကြည့်၍ လှောင်ရယ်လိုက်ကြသည်။ကောင်းကင်ဆေးမြိ့တော်မှ မုပိုင်ကလည်း ပြိုင်ပွဲတွင် အနိုင်ရမည်ဟု ရေပန်းစားနေသော ပါရမီရှင် တစ်ယောက်ဖြစ်သည်။


သို့သော်လည်း သူက ပို၍ နှစ်လိုဖွယ်ကောင်းသည်။မည်သည့်စကားမှမဆိုပဲ ခပ်ပြုံးပြုံးသာ နေနေလေသည်။ထိုစားဖိုမှူးက ရိုးရှင်းသည့် လူတစ်ယောက်မဟုတ်ဟု သူခံစားမိသည်။ပြောရမည်ဆိုလျှင် မှော်ကဝေအန်းရှန့်ကိုပင် အနိုင်ယူနိုင်သည့်သူက တကယ့်ကို သာမန်မဟုတ်နိုင်ပေ။


သူက အန်းရှန့်၏ စီနီယာဖြစ်သောကြောင့် သူမ၏ စွမ်းအားအစစ်အမှန်ကို ရှင်းရှင်းလင်းလင်းသိထားပြီးပြီဖြစ်သည်။ထိုကလေးမက အနည်းငယ် ရူးနမ်းသည်ဆိုသော်လည်း သူမ၏ အဂ္ဂိရတ်ပညာအရည်အချင်းကမူ တကယ့်ကို သန်မာအားကောင်းလှသည်။


"ပိုင်ရှင်ပု ပြိုင်ပွဲက မထွက်ပါနဲ့ ကျေးဇူးပြုပြီး မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပါဦးလား...အများဆုံးမှ မင်းငာ့ကို ပြိုင်ပွဲထဲမှ ရှုံးယုံပဲလေ...အဲ့ဒါကလည်း ပြောရမယ်ဆိုရင် အနည်းဆုံးတော့ ပြိုင်ပွဲကို မင်း ဒီတိုင်းလက်လျှော့သွားတာထက် ပိုကောင်းပါတယ်...မင်းအခုလိုမျိုး လက်လျှော့အရှုံးပေးလိုက်တာက တကယ့်ကို မကောင်းဘူးနော်..."


နန်ကုန်းဝူချယ်က ရိုးသားမှုအပြည့်ဖြင့် ထပ်မံ ပြောဆိုလိုက်သည်။ပုဖန် မျက်နာသေဖြင့် နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။ဒီကောင်က အရှက်မဲ့သည့် နေရာတွင် ပြိုင်ဘက်ကင်းလှသည်။


အကယ်၍ သူ ပြိုင်ပွဲမှ နှုတ်မထွက်နိုင်လျှင် နောက်တစ်ပွဲ၌ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို အသုံးပြုပြီး ထိုနန်ကုန်းဝူချယ်ကို စိတ်ပျက်အားငယ်ရသည်က ဘာလဲဆိုတာ သိသွားအောင် လုပ်မည်ဟု တွေးလိုက်မိသည်။


နန်ကုန်းဝူချယ်ပြောသမျှ စကားတိုင်းက တကယ့်ကို စိတ်တ်ိုစရာကောင်းလှသည်။


"ပုဖန် ပဉ္စလက်စုဝေးပွဲက ဆေးနန်းတော်အတွက် အရေးကြီးဆုံး ပြိုင်ပွဲတစ်ခုပဲ...မင်း ရှုပ်ချင်သလို ရှုပ်လို့ရတဲ့နေရာမဟုတ်ဘူး...ဒီပြိုင်ပွဲကနေ နှုတ်ထွက်လို့ရစရာအကြောင်းမရှိဘူး...နောက်တစ်ပွဲမှာ ရိုးရိုးသားသား ယှဉ်ပြိုင်ပါ...တကယ်လို့ စင်ပေါ်မှာ မင်းရှုံးတာကို ဝန်ခံပြီဆိုရင်တော့ ဒီပြိုင်ပွဲကနေ ထွက်ခွာသွားခွင့်ရှိပြီ..."


မဟာသခင်ရွှမ်မင်က ပုဖန်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။အစပိုင်းက ထိုစားဖိုမှူးပေါ်တွင် သူ အထင်ကြီးခဲ့သည်။သို့သော် အခုတော့ အားလုံး ပျောက်ကွယ်သွားပေပြီ။သူထိုစကားများ ဆိုပြီးသည်နှင့် စင်ပေါ်မှ လှည့်ထွက်သွားလိုက်သည်။


မဟာသခင် ကုဟယ်လည်း အံ့အားသင့်နေပေသည်။ထိုစားဖိုမှူးက ပြဿနာဘယ်လိုရှာရမည်ကို ကောင်းကောင်းသိနေပေသည်။သူ မုပိုင်ကို အားပေးအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး စင်ပေါ်မှ ထွက်သွားလိုက်သည်။


မဟာသခင်များ ထွက်သွားပြီးနောက် ရင်ပြင်ကျယ်၌ ဆွေးနွေးသံများ ကျန်ခဲ့လေသည်။


"အဲ့ဒီစားဖိုမှူး အရှုံးပေးချင်တာက တကယ်ပဲ သူ့ရဲ့ အကန့်အသတ်ကို ရောက်နေလို့လား...ဒါမှမဟုတ် နန်ကုန်းဝူချယ်ကို အရှုံးပေးချင်လို့လား...သူတို့နှစ်ယောက်ကြားမှာ ပြောမပြနိုင်လောက်တဲ့ ပတ်သတ်မှုမျိုးတွေ ရှိနေတာလား..."


ပွဲကြည့်ပရိတ်သတ်များအားလုံးက တကယ့်ကို သိချင်နေကြပေသည်။မောင်ရှီက ပုဖန်ကို အေးစက်စွာပြုံး၍ ကြည့်လိုက်သည်။သူက နက်နက်နဲနဲ စဉ်းစားမနေပဲ ပုဖန် သူ့ကိုယ်သူ စိတ်မလုံ၍ အရှုံးပေးသည်ဟုသာ တွေးလိုက်မိသည်။


ဒီတစ်ကြိမ်မှာ သူ့၏ လှည့်ကွက်များ ကုန်သွားပုံရလေသည်။တကယ့်ကို ရှက်စရာကောင်းလှ၏။


"မင်းမှာ စွမ်းရည်မရှိဘူးဆိုရင်လည်း ပဉ္စလက်ပြိုင်ပွဲထဲကို ဘာလို့ လာဝင်ပြိုင်နေရသေးတာလဲ...တကယ်လို့ မင်ူအရှုံးပေးချင်တယ်ဆိုရင်လည်း ဘာလို့ ပထမပွဲစဉ်အထိရောက်အောင်လို့ ယှဉ်ပြိုင်ခဲ့သေးတာလဲ...မင်းက ငါ့ရဲ့ အန်းရှန့်ကိုတောင် ထိပ်သီး ၅၀ ထဲကနေ ကန်ထုတ်ခဲ့တယ် အဲ့ဒါက ဘယ်လောက်တောင် နစ်နာခဲ့ရလဲဆိုတာကို မင်းသိလား..."


မောင်ရှီက အေးစက်စွာပြောလိုက်သည်။


"မင်းရဲ့ အန်းရှန့်..."


ပုဖန် စွံ့အသွားမိသည်။မှော်ကဝေအန်းရှန့်နှင့် သူ့၏ ရှေ့မှ မိန်းမလျာလိုလူ ကြားထဲ၌ ပတ်သတ်မှုများရှိနေတာလား။


"ပြိုင်ပွဲထဲမှာ ငါနဲ့ ယှဉ်ပြိုင် မတွေ့စေနဲ့ ငါက မင်းကို ပြိုင်ပွဲထဲကနေ ငိုယို ထွက်ပြေးသွားအောင် လုပ်ပစ်မယ်...အာ...ငါလည်း အရှုံးသမားနဲ့ ဘာလို့ပြောနေရတာလဲ...ဘာလို့ပြောနေမိတာလဲ...သူ့မှာ ငါနဲ့ တွေ့ဖို့ အခွင့်အရေးတောင်ရှိမှာမဟုတ်တော့ဘူး..."


ရင့်ရင့်သီးသီးစကားများပြောပြီးနောက် မောင်ရှီက လက်နှစ်ဖက်ကို နောက်ပစ်၍ ဝင့်ကြွားစွာဖြင့် ထွက်သွားလေသည်။ကြက်ဖများ သဖွယ် ရင်ကော့ထားလေသည်။မောင်ရှီ၏ မောက်မာလှသော အမူအရာကြောင့် ပုဖန် အံ့အားသင့်သွားသည်။နန်ကုန်းဝူချယ်လည်း ရှုံ့မဲ့သွားလေသည်။


"အဲ့ဒီမောင်ရှီက ဟိုရင်ကြီးကြီးအန်းရဲ့ နောက်လိုက်တွေထဲက တစ်ယောက်လေ...သူ့အကြောင်းကို လူတိုင်းသိတယ်...လာပြီး အီးပေါက်နေတယ်လို့သာ သဘောထားလိုက်...ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းနောက်တစ်ချီမှာ ငါ့ကို ရှုံးပြီဆိုမှတော့ သူနဲ့တွေ့ဖို့လည်း အခွင့်အရေးမရှိတော့ပါဘူး..."


ပုဖန် သူ့လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးကို အသုံးပြု၍ ထိုလူပြက်ကောင်ကို တကယ့်ကို ထုချင်နေပေသည်။သူ နှင့် ယှဉ်ပြိုင်ပြောရမည်ကို ပျင်းရိလွန်းသောကြောင့် ပြိုင်ကွင်းထဲမှ လှည့်ထွက်သွားလိုက်သည်။


သူ့တွင် ရွေးချယ်စရာမရှိမှတော့ ဆက်၍ ပြိုင်ရုံသာရှိတော့သည်။ထိုသို့ဆ်ိုလျှင် နောက်သုံးရက်အကြာ၌ နန်ကုန်းဝူချယ်နှင့် ရင်ဆိုင်ရပေမည်။အရိုးသားဆုံးပြောရလျှင် ပုဖန် ပြိုင်ပွဲကို တကယ့်ကို စိတ်ပါဝင်စားခြင်းမရှိတော့ပေ။


သို့သော်လည်း အခြေအနေက ထိုသို့ ဖြစ်လာပြီဆိုမှတော့ နန်ကုန်းဝူချယ်ကို သင်ခန်းစာ ကောင်းကောင်းပေးရမည့် အချိန်ကျရောက်ပေပြီ။


တိမ်ခိုးစားသောက်ဆိုင်သို့ ပြန်ရောက်လာပြီးနောက် သူခန္ဓာကိုယ်အကြောချဉ်များကို ဆန့်လိုက်သည်။ဆိုင်မဖွင့်နိုင်ပဲ နောက်ထပ်တစ်ရက် ကုန်ဆုံးသွားပြန်ပြီ။


...သူဆိုင်ထဲသို့ ဝင်လာလိုက်သည်နှင့် စားပွဲပေါ်တွင်လှဲ၍ သူ့ကိုကြည့်နေသည့် နယ်သာရီနှင့် ဘလက်ကီကို တွေ့လိုက်ရသည်။


ထိုနှစ်ယောက်က တဖြေးဖြေးတဖြေးဖြေး လောဘတကြီးဖြစ်လာပေသည်။သူလည်း ထိုအကြည့်အောက်မှ ဖြတ်လျှောက်လာပြီး အစားအသောက်ပြင်ဆင်ပေးရန် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။


သို့သော်လည်း ယခုအခွင့်အရေးကိုအသုံးချ၍ စနစ်ဆီမှ မစ်ရှင်ဆုကို အရင်ဆုံးလက်ခံရယူလိုက်သည်။စနစ် ပေးအပ်လာသောကြက်အစပ်ကြော်က ချိုမြမှုနှင့် အစပ်အရသာ နှစ်ခုလုံး ပါဝင်နေသောစိတ်ကျေနပ်စရာ ဟင်းပွဲမျိုးဖြစ်သည်။


သူ ကြက်အစပ်ကြော်ပြင်ဆင်သည့် နည်းလမ်းကို ကြည့်လိုက်ပြီးနောက် ပါဝင်ပစ္စည်းတစ်ချို့ကို ရွေးထုတ်လိုက်သည်။ဒီနေ့တော့ နံရိုးချိုချဉ်ကြော်နှင့် နဂါးသွေးထမင်းကြော် မချက်တော့မည့်ပုံပေါ်သည်။


သူ လက်ကို သန့်စင်အောင် ဆေးကြောသန့်စင်ပြီးနောက် ကြောင်အိမ်ထဲမှ လှောင်အိမ်တစ်ခုကို ထုတ်ယူလိုက်သည်။ထိုလှောင်အိမ်ထဲ၌ ကြီးမားလှသောမီးတောက်များနှင့် ကြက်တစ်ကောင်ရှိလေသည်။


"အဆင့်မြင့်စိတ်ဝိညာဉ်သားရဲ ကောင်းကင် မီးလျှံကြက်...သူ့ရဲ့ တိုက်ပွဲစွမ်းရည်တွေက အားနည်းပေမယ့်လည်း...လှုပ်ရှားမှုကတော့အရမ်းကိုမြန်ဆန်တယ်...၎င်းက ပျံသန်းနိုင်ပြီး ဖမ်းဖို့လည်း အရမ်းခက်တဲ့သားရဲ တစ်မျိုးဖြစ်တယ်...အဲ့ဒီကြက်ရဲ့ အသားက အလွန်နူးညံ့ပြီး အရည်အသွေးမြင့်တဲ့ ပါဝင်ပစ္စည်းတစ်ခုအဖြစ် ပြောလို့ရတယ်...၎င်းက မီးတောက်ကြားထဲကနေ မွေးဖွားပြီးစိတ်ဝိညာဉ် ဆေးပင်တွေကို စားပြီးအသက်ရှင်နေထိုင်တယ်..."


စနစ်၏ ရှင်းပြသံ ထွက်ပေါ်လာသည်။


"ပျံနိုင်တဲ့ ကြက်..."


ပုဖန်ပင် အနည်းငယ် အံ့အားသင့်သွားသည်။သူလှောင်အိမ်ကို အသာဖွင့်လိုက်ပြီး မီးကြက်၏ တောင်ပံမှနေ၍ ဖမ်းယူဆုပ်ကိုင်လိုက်သည်။ထို့နောက် လှောင်အိမ်အပြင်သို့ ဆွဲထုတ်လိုက်၏။


သားရဲ ၏ ခန္ဓာကိုယ်၌ မီးများလောင်ကျွမ်းနေသောကြောင့် သူ့လက်ကို အစ်အမှန်စွမ်းအင်များဖြင့် ဖုံးကွယ်ထားလိုက်သည်။ထို့ကြောင့်မီးတောက်များက လက်ကို လောင်ကျွမ်းခြင်းမရှိပဲ...ပူနွေးမှုကိုသာခံစားရလေသည်။


"ကတော်...ကတော်..."


လှောင်အိမ်ထဲမှ ထုတ်လိုက်သည်နှင့် ကောင်းကင်မီးလျှံကြက်က ဆူညံသံများ ပြုလုပ်လာလေသည်။ထိုကြက်၏ တွန်သံက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ပုဖန်ကို ကြောက်ရွံ့သွားစေသည်။


အပြင်ဘက်၌ လှဲလျောင်းနေသော ခွေးဘုရင် ခေါင်းထောင်ကြည့်လိုက်မိသည်။နယ်သာရီကလည်း မျက်လုံးပြူးများဖြင့် မီးဖိုချောင်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။


"ပိုင်ရှင်ပု ဘာတွေလုပ်နေတာလဲ..."


ကတော် ကတော် ကတော်...


ထိုကြက်က အဆက်မပြတ် ရုန်းကန်အော်မြည်နေလေသည်။၎င်းက ပုဖန် ဆုပ်ကိုင်ထားသော တောင်ပံများကို လွှတ်မြောက်ရန် ကြိုးစားရုန်းကန်နေ၏။


ထိုကြက်ကနေ့ခင်းကြောင်တောင်အိပ်မက်မက်နေသည်ဟုသာ ပုဖန်ထင်လိုက်မိသည်။ သူ့အနေဖြင့် လွှတ်မြောက်ပေးလိုက်စရာအကြောင်းမရှိပေ။


"သောက်ကျိုးနဲ သူတို့က ဆော့ကစားနေတာလား...ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်ဆူညံနေရတာလဲ...ဒီခွေးဘုရင်က အစားအသောက်စောင့်နေတယ်လေ..."


ဝု...


ခွေးဘုရင် ထပ်၍ သည်းမခံနိုင်တော့ပေ။သူထိုကြက်ကြောင့် ဒေါသများထွက်လာပေပြီ။သူဟောင်သံတစ်သံပြုလုပ်လိုက်သည်နှင့် မီးတောက်ကြက်၏ လည်ပင်းက ကျုံ့ဝင်သွားပြီး သူ့ခန္ဓာကိုယ်က စတင်တုန်ယင်လာလေသည်။


ကြက်တစ်ကောင်က အသားစားသည့် ခွေးတစ်ကောင်နှင့် အိပ်မက်ထဲ၌ တွေ့ဆုံခဲ့သည်။ထို့နောက်ထိုကြက်၏ ဘဝကကုန်ဆုံးသွားလေသည်။


ပုဖန် သူ့လက်ထဲမှ ငြိမ်ကျသွားသော ကြက်ကို သတိပြုမိလိုက်သည်။သူ့ကို အလုပ်ရှုပ်သက်သာသွားစေ၏။


ပုဖန် ကြက်အမွှေးနှုတ်ရန် ပြင်ဆင်လိုက်သည်။မကြာခင်မှာပင် ကောင်းကင်မီးလျှံကြက်က အမွှေးပြောင်ပြောင်ဖြစ်သွားလေသည်။


ထို့နောက် ၎င်းကို ဇလုံထဲသို့ ပစ်ထည့်လိုက်သည်။သူ ရွှေနဂါးအရိုး မီးဖ်ိုချောင်သုံးဓားကို ဆုပ်ကိုင်ပြီးကြက်ရင်အုံအသားကိုအတုံးသေးများ လှီးဖြတ်လိုက်သည်။ထို့နောက် ကြက်အစပ်ကြော်ချက်ရန်အတွက် တခြားပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်လေသည်။