အခန်း ၅၃၀...
ညဉ့်နက်နေပြီဖြစ်သော်လည်း မြူကောင်းကင်မြို့လယ်၌ အလင်းရောင်များထိန်လင်းနေတုန်းပင်ဖြစ်သည်။မြို့တစ်ခုလုံး လင်းထိန်နေပုံမှာ မြူကောင်းကင်မြို့မှ သူများ အိပ်စက်ခြင်းမပြုသလိုပင် ထင်ရလေသည်။
တကယ်တမ်း ထိုအလင်းရောင်များမှ ကြေးအဆောက်အဦးများမှ ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။တစ်ခုသော အဆောက်အဦး၏ အောက်ခြေ၌ တံခါးတစ်ချပ်ဖြေးညှင်းစွာ ပွင့်လာပြီး ပုံရိပ်တစ်ခုလျှောက်ထွက်လာလေသည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မီရှနှင့် ထုံဟယ်တို့ နှစ်ယောက်အဆောက်အဦးထဲမှ ထွက်လာကြသည်။သူတို့ ဘေးဘယ်ညာကို ကြည့်လိုက်ပြီး သူတို့ဝတ်ရုံများကို တင်းတင်းဆွဲစေ့လိုက်သည်။ထို့နောက် အဝေးသို့ လျှောက်ထွက်သွားလေသည်။
သူတို့နှစ်ဦးလျှောက်လှမ်းနေပုံက အလွန်ပင်မြန်ဆန်နေသောကြောင့် အချိန်အတိုအတွင်းမှာပင် အဆောက်အဦးများ၏ ဧရိယာမှ ထွက်လာနိုင်ခဲ့သည်။သူတို့၏ အရှိန်ကို တိုးမြင့်လိုက်ပြီး မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။
မကြာခင်မှာပင် မြူကောင်းကင်မြို့၏ မြင့်မားလှသော တံတိုင်းကြီးရှိ ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့ကြသည်။မြင့်မားလှသော မြို့တံခါးကိုလည်း အစီအရင်တစ်ခုအဖြစ် ဖုံးကာထားသည်။ထို အစီအရင်မှ ဖိနှိပ်နိုင်စွမ်းသောအော်ရာများ ထွက်ပေါ်နေလေသည်။
မီရှက မြို့တံခါးကို အံ့အားသင့်ဟန်နှင့် ကြည့်နေသည်။အဓိက ဆေးမြို့တော်ကြီး သုံးခုတွင် တစ်ခုစီတိုင်းက တောက်ပခမ်းနားထည်ဝါလှလေသည်။
တခြားတစ်ဘက်မှာမူ ထုံဟယ်က ကွဲပြားခြားနားသည့် အမူအရာမျိုးဖြင့် ကြည့်ရှုနေသည်။သူက မည်သည့်အရာကိုမှ ဂရုမစိုက်ပုံပေါ်လေသည်။
သူတို့ မြို့တံခါးရှေ့၌ ရပ်၍ တံခါးဖွင့်မည့် အချိန်ကို စောင့်နေလေသည်။တံခါးစောင့်များက သူတို့နှစ်ယောက်ကို လေးနက်တည်ကြည်စွာဖြင့် လှမ်းကြည့်နေကြသည်။
သို့သော်လည်း ထိုသူနှစ်ယောက်က မည်သည့်အရာမှ မလုပ်သောကြောင့်အစောင့်များကလည်း ဘာမှမလုပ်ပေ။ဆေးမြို့တော်၏ ဂိတ်တံခါးကို လုံခြုံရေး တင်းကျပ်ထားသည်။မည်သူမည်ဝါမှန်း မသိသည့်သူများကို မြို့တော်အတွင်း ဝင်ရောက်ခွင့်ပြင်းပြင်းထန်ထန် ပိတ်ထားသည်။
ဆေးနန်းတော်၏ အချက်အချာဆေးမြို့တော်များက အဓိကစီးပွားရေး နေရာများဖြစ်သောကြောင့် အလွန်အရေးကြီးသည့်နေရာများဖြစ်သည်။ထို့ကြောင့်ပင် သဘာဝကျစွာဖြင့် လုံခြုံရေးကို တင်းကျပ်ထားခဲ့ခြင်းဖြစ်သည်။
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် မြူကောင်းကင်မြို့ပြင်မှ စိတ်ဝိညာဉ်သားရဲစွဲ ရထားလုံးတစ်စီးရောက်လာသည်ကို တွေ့လိုက်ရသည်။ရထားလုံးကို ဆွဲလာသော စိတ်ဝိညာဉ် မြင်းများက အလွန်ပင်ရှင်းသန့်လှသည်။သူတို့၏ နောက်ကျောဘက်၌ တောင်ပံတစ်စုံစီပါနေပြီးကြောက်မက်ဖွယ်ရာအော်ရာများကို ထုတ်လွင့်နေလေသည်။
ထိုလှည်းကို မြင်လိုက်ရသည်နှင့် အစောင့်များ၏ နှလုံးခုန်သံများ မြန်ဆန်သွားလေသည်။ထိုသားရဲများက နတ်ဘုရားနယ်ပယ် သားရဲများဖြစ်နေလေသည်။
"ဒီလှည်းထဲမှာ ဘယ်သူများပါလာတာလဲ ...ဘယ်လိုကြောင့် လှည်းဆွဲဖို့ နတ်ဘုရားနယ်ပယ် စိတ်ဝိညာဉ်သားရဲတွေကို အသုံးပြုထားတာလဲ..."
မည်သည့်အစောင့်မှ မရိုမသေ အမူအရာမပြရဲပေ။ထိုမြင်းလှည်းထဲ၌ ပါလာသူက တကယ့်ကို အဆင့်အတန်းမြင့်မားသည့်သူ ဖြစ်မည်ဖြစ်သောကြောင့် သူတို့ အလွယ်တကူပင် ဖြတ်ကျော်ခွင့်ပေးလိုက်ကြသည်။
"သူတို့ ရောက်လာပြီ..."
ဝင်လာသော မြင်းလှည်းကိုကြည့်၍ ထုံဟယ် ပြောလိုက်သည်။သူတို့၏ မျက်ဝန်းထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။မီရှလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။မကြာခင်မှာပင် မြင်းလှည်းက သူတို့၏ ရှေ့သို့ ရောက်လာ၏။
မြင်းလှည်းမောင်းသမားက သူတို့၏ နှစ်ယောက်ကို ခပ်တည်တည်အမူအဖြင့် ကြည့်နေသည်။စ်ိတ်ဝိညာဉ်မြင်းများက နှာတစ်ချက်မှုတ်လိုက်ပြီး လှုပ်ခါလိုက်သောကြောင့် လေအေးများပင် လှိုင်းထသွားသည်။
ရထားလုံး၏ တံခါးပွင့်သွားပြီးနောက် ဖြူဖွေးသွယ်လျသော ခြေထောက်တစ်ဖက်ထွက်ပေါ်လာသည်။ထိုလှပသည့် ခြေထောက်လေးက အချိုးအစားပြေပြစ်လှသည်။
သူတို့ မှားယွင်းစွာ ကြည့်လိုက်မိမည်ကို ဆိုးမ်ိသောကြောင့် သူတို့အလျှင်အမြန်ပင် ခေါင်းငုံ့ထားလိုက်ကြသည်။ခဏအတွင်းမှာပင် ပုံရိပ်လေးတစ်ခု ရထားလုံးထဲမှ ထွက်ပေါ်လာသည်။သူမ၏ ပတ္တမြားရောင်နီရဲနေသော ဆံနွယ်များက ရေတံခွန်ငယ်လေးတစ်ခုကဲ့သို့ ဖြာဆင်းနေသည်။
သူမ၏ မျက်နာက အလွန်ပင်လှပပြီးတင့်တယ်လှသည်။ထုံဟယ်နှင့် မီရှက ခေါင်းမော့ရန် အမိန့်ရလိုက်သောကြောင့် သူတို့ မော့ကြည့်လိုက်ကြသည်။သူတို့လုံးဝကို အံ့အားသင့်သွားကြသည်။
"ဒီအမျိုးသမီး..."
သူမက အလွန်လှပလွန်းလှသည်။သူမ၏ အလှက အလွန်ပင် မော်ကြွားနိုင်သော အလှမျိုး ဖြစ်ကာ တခြားသူများကိုပင် ရှက်ရွံ့အားငယ်သွားစေနိုင်သည်။
"ထုံဟယ် ရှုရ မျှော်စင်က ဒီမြို့ထဲမှာလို့ မင်းပြောခဲ့တယ်မဟုတ်လား...မင်းငါ့ကို လိမ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်..."
ထိုအမျိုးသမီးက မျက်တောင်ရှည်များကို အသာအယာဖွင့်ဟလိုက်ပြီး အပြာရောင်မျက်လုံးများဖြင့် ထုံဟယ်ကို ကြည့်လာခဲ့သည်။သူ့အပေါ်သို့ တောင်တစ်လုံး ပိကျလာသလိုမျိုး ခံစားရလိုက်လေ၏။
"မြင့်မြတ်သော မိန်းမပျို ထုံဟယ်က အရှင့်ကို မလိမ်ရဲပါဘူး...အဲ့ဒီ ရှုရမျှော်စင်ကို ပိုင်ဆိုင်ထားတဲ့ သူကသာ ပြဿနာမရှိဘုးဆိုရင် ထုံဟယ်က အဲ့ဒီမျှော်စင်က်ို အစောကြီးထဲက ပြန်ရယူခဲ့ပြီးပါပြီ...ကျွန်တော်တို့ရဲ့ ရှုရမျှော်စင်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ယူဆောင်သင့်ပါတယ်..."
ထုံဟယ်က ဦးညွှတ်လိုက်ပြီး ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။သူအနည်းငယ်မျှပင် မရိုင်းစိုင်းရဲပေ သူမ၏ရှေ့မှ အမျိုးသမီးက ရှုရရှေးဟောင်းမြို့တော်၏ မြင့်မြတ်သော မိန်းမပျိုဖြစ်သည်။
သူမ၏ ခွန်အားက တိုင်းတာ၍ မရနိုင်သလို ရှုရမြို့တော်၏ အခွင့်အာဏာကိုလည်း သူမချုပ်ကိုင်ထားခြင်းဖြစ်သည်။အကြီးအကဲ တစ်ချို့ပင်လျှင် သူမနှင့် တွေ့ဆုံသည့်အခါ၌ ရိုသေလေးစားစွာ နှုတ်ဆက်သမှု ပြုရလေသည်။
သူမက ရှုရမြို့တော်၏ အမွေဆက်ခံသူ မျိုးရိုးဖြစ်သည်။နောက်ထပ် လာမည့် ရှုရ မြို့သခင် ဖြစ်လာနိုင်သည်။ထို့ကြောင့် မည်သူက အရိုအသေမပေးပဲ နေရဲပါမည်နည်း။
"ဒါဆိုရင် ငါ့ကိုလမ်းပြ...ငါတို့ အခုပဲ ရှုရမျှော်စင်ကို ပြန်လည်ရယူရမယ်..."
သူမ၏ နီမြန်းစိုစွတ်လှသော နှုတ်ခမ်းပါးလေးများ အသာအယာ ပွင့်ဟသွားသည်။သူမဆီမှ အလှအပ အရှိန်အဝါများနှင့် သြဇာညောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
"အခုလား...မြင့်မြတ်သော သမီးပျို ...ကျွန်တော်မှာ အဲ့ဒီလူအကြောင်း ပြောစရာရှိပါသေးတယ်...သူကအလွယ်တကူ ရင်ဆိုင်လို့ရမယ့် သူမျိုးမဟုတ်ပါဘူး..."
ထုံဟယ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ချွေးအေးများပင် ထွက်လာကာ လျှင်မြန်စွာ ပြောလိုက်လေသည်။
မြင့်မြတ်သော မိန်းမပျိုက ထုံဟယ်ကို ထူးမခြားနားသောအကြည့်ဖြင့် ကြည့်လာခဲ့သည်။တုန်ရီနေသော ထုံဟယ်၏ ခန္ဓာကိုယ်ကိုမြင်ပြီးနောက် သူမ စကားပြောလာခဲ့သည်။
"ကောင်းပြီလေ ဒီလိုဆိုမှတော့ ငါတို့ ရှေးဟောင်းရှုရမြို့တော်ရဲ့ ရှုရမျှော်စင်ကို ယူထားတဲ့လူကို အရင်ဆုံးသွားကြည့်ကြတာပေါ့..."
နောက်ဆုံး၌ ထုံဟယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။သူ ထွက်ခွာသွားသော မိန်းမပျိုကို ကြည့်လိုက်ပြီးမှ နဖူးမှ ချွေးများကို သုတ်လိုက်လေသည်။
"မြင့်မြတ်သော မိန်းမပျို အဲ့ဒီ ရှုရ မျှော်စင်ကို ပိုင်ဆိုင်ထားတဲ့သူက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်ပါ ..."
..........
ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သေချာစွာ ဆုပ်ကိုင်၍ ကောင်းကင်မီးလျှံကြက်၏ အသားများကို လှီးဖြတ်နေခဲ့သည်။ကောင်းကင်မီးလျှံကြက်၏ အသားများက တကယ့်ကို ကောင်းလှသည်။အသားလွှာလေးများက ပန်းရောင်သန်းနေသည်။
အသားလိုင်းလေးများ၌ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများပင် ပြန့်နှံ့နေလေသည်။သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကျွမ်းကျင်စွာ လှည့်လိုက်သည်။ခဏမျှအကြာ၌ အသားများအားလုံး လှီးဖြတ်ပြီးသွားလေပြီ။အသား၏ အရွယ်အစားလေးများက ကွက်တိတူညီနေလေသည်။
ထို့နောက် အသားများကို ပန်းကန်လုံးတစ်ခုထဲ ထည့်လိုက်ပြီး အရသာများထည့်၍ နယ်နှပ်ထားလိုက်သည်။ပြီးနောက်တခြားပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။စနစ်၏ သိုလှောင်နယ်မြေထဲမှနေ၍ မြေပဲအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။
သူမြေပဲလက်တစ်ခုပ်စာကို ခပ်ယူလိုက်သည်နှင့် မွှေးပျံ့သော မြေပဲ ရနံ့က သူ့ကိုပင် မျက်ခုံးပင့်သွားစေသည်။ထိုမြေပဲကို ကိုင်ထားရသည်က ဆီကို ကိုင်ထားရသလိုမျိုး ခံစားရစေသည်။မြေပဲ အခွံအဆင့်သင့် ချွတ်ပြီးသားဖြစ်သောကြောင့် အလုပ်ရှုပ်လည်းသက်သာစေသည်။
သူ မဟူရာလိပ်ခုံးဒယ်အိုးကို အပူပေးလိုက်သည်။ထို့နောက် မြေပဲများကို ဒယ်အိုးထဲ လောင်းထည့်လိုက်ပြီး ဆီအနည်းငယ်နှင့် ကြော်လိုက်သည်။စနစ်က ထောက်ပံ့ပေးထားသည့် ပါဝင်ပစ္စည်းဖြစ်သောကြောင့် ထိုမြေပဲတွင်လည်း အံ့အားသင့်စရာ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေပေသည်။
ကြော်လိုက်သည်နှင့် မီးဖ်ိုခန်းတစ်ခုလုံးက်ို မွှေးပျံ့သည့် ရနံ့လေးများ ဖုံးလွှမ်းသွားလေသည်။ပုဖန်နှာခေါင်းအသာရှုံ့၍ အနံ့ခံလိုက်သည်။ထိုအနံ့က သူ့ကို သက်တောင့်သက်သာ ဖြစ်စေလေသည်။
မြေပဲ များ ရွှေရောင်သန်းလာသည်နှင့် ဆယ်ထုတ်ယူလိုက်သည်။ထို့နောက် ကြက်သွန်ဖြူနှင့်အနံ့တူသော စိတ်ဝိညာဉ် ဆေးပင်ကို ထုတ်ယူလိုက်သည်။
၎င်းကို နုတ်နုတ်စင်းလိုက်ပြီး ဘေးတစ်ဖက်၌ ပုံထားလိုက်သည်။နောက်ဆုံးအနေနှင့် စနစ်၏ သိုလှောင်နယ်မြေထဲမှ ငရုတ်သီးများ ထုတ်ယူလိုက်သည်။ထိုငရုတ်သီးက နီညိုရောင်အရောင်အဆင်းရှ်ိလေသည်။
ငရုတ်သီးကို နုတ်နုတ်စင်းလိုက်ပြီး ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ကာ ကြော်လိုက်သည်။ငရုတ်သီးနံ့ မွှေးမွှေးလေးထွက်လာသည်နှင့် ကြက်သွန်ဖြူနှင့်တူသော စိတ်ဝိညာဉ် ဆေးပင်ကို ထည့်လိုက်သည်။
ရှဲခနဲ မြည်သံနှင့်အတူ အခိုးအငွေ့များလိမ့်တက်လာသည်။လေထဲ၌ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများလည်း ဖြစ်ပေါ်လာသည်။သူ ဇွန်းဖျားဖြင့် အသာအယာမွှေပေးနေလိုက်သည်။ခဏကြာသည်နှင့် အနံ့များက မွှန်ထူလာပြီး နှာချေချင်စိတ်ပင်ဖြစ်လာလေသည်။
စိတ်ဝိညာဉ် ဆေးပင်များ ရွှေညိုရောင်သန်းလာသည်နှင့် ကြက်သားများကို ဒယ်အိုးထဲ ပစ်ထည့်လိုက်သည်။အသားက ဒယ်အိုးအပူနှင့် ထိသွားသည်နှင့် ကြမ်းကြမ်းတမ်းတမ်းတုန်ခါသွားလေသည်။
ကြက်သားထဲ၌ ရှိနေသေးသော စိတ်ဝိညာဉ် စွမ်းအင်များက အပူနှင့် တွေ့လိုက်သည်နှင့် လေထဲသို့ ဟုန်းခနဲတက်သွားသည်။ထိုအချင်းအရာက လူတစ်ယောက်ကို လန့်ဖြန့် တုန်တက်သွားစေသည်။ပုဖန်ကမူ အေးဆေးစွာဖြင့်ပင် ဆက်လက်ကြော်ချက်နေလေသည်။
သူ အနည်းငယ်မွှေလိုက်ပြီးနောက် မီးအပူချိန်ကို လျှော့လိုက်သည်၏ခဏအကြာ၌ အရသာရှိမည့်ပုံပေါ်သော အနံ့မွှေးမွှေးလေးထွက်ပေါ်လာလေသည်။
ပြန့်လွင့်နေသော မီးတောက်ငယ်လေးတစ်ခုလည်းရှိနေသည်။အနံ့ပြင်းပြင်းတစ်ခုလည်းရှိနေသည်။ထိုရနံ့ထဲတွင်လည်း အသား၏ အရသာမျိုးပါဝင်နေလေသည်။
သူငရုတ်သီးနှင့် မြေပဲနှစ်ခုလုံးကို လောင်းထည့်လိုက်သည်။မြေပဲ၏ရနံ့ငရုတ်သီး၏ အစပ်ရနံ့တို့က အတူတကွ ပေါင်းစပ်သွားပြီး အနံ့များပိုမို ပြင်းထန်လာလေသည်။
ဒယ်အိုးထဲမှနေ၍ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါနေလေသည်။
ဘုန်း...ဘုန်း...ဘုန်း...
ဒယ်အိုးဆီမှ မီးတောက်များပင် ဟုတ်ခနဲ ထတောက်လာလေသည်။ဒယ်အိုးထဲမှ ဟင်းများကလည်း အသက်ရှင်နေသကဲ့သို့ပင် တုန်ခါနေ၏။ထို့ကြောင့် မီးဖ်ိုခန်းတစ်ခုလုံး ဟင်းပွဲမှ ရနံ့များနှင့် အလင်းရောင်များ ဖုံးလွှမ်းနေလေသည်။
မြေပဲ ငရုတ်သီးအနံ့နှင့် ကြက်သားတို့၏ ရနံ့များ အတူတကွ ပေါင်းစပ်သွားကာရနံ့များ ပိုမိုသိပ်သည်းပြင်းထန်လာပေသည်။သူအပေါ်မှနေ၍ ငရုတ်သီးထပ်ထည့်လိုက်သောအခါ အစပ်ရနံ့က ပို၍ သိပ်သည်းလာသည်။
ရွဲ...
ထို့နောက် ရှဲခနဲ အသံနှင့်အတူ ဒယ်အိုးထဲမှ တောက်လောင်နေသော မီးတောက်များ ငြိမ်းသက်သွားသည်။ပုဖန်က အိုးထဲမှ အသားများကို လှုပ်ခါလိုက်ပြီးနောက် ပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။
ပန်းကန်မှ ဆီများကို သေချာစွာသုတ်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"တကယ့်ကိုသဘာဝရနံ့ပဲ..."
ငရုတ်သီးအစပ်၏ ရနံ့က လူတစ်ယောက်၏ စားချင်စိတ်ကို ဆွဲဆောင်နိုင်ပေသည်။ကြက်သားအစပ်ကြော်ကိုသယ်၍ မီးဖ်ိုခန်းထဲမှ ထွက်လာခဲ့သည်။စိတ်မရှည်ဖြစ်နေသော ခွေးဘုရင်နှင့် နယ်သာရီ၏ မျက်ဝန်းများက တောက်ပသွားကာ ပုဖန်ကို ကြည့်နေကြလေသည်။
သို့သော်လည်း သူတို့ တစ်စုံတစ်ခုကို လျှင်မြန်စွာ သတိပြုလိုက်မိပြီး အံ့အားသင့်သွားကြသည်။ပုဖန်က ပန်းကန်ပြားတစ်ချပ်ထဲ သယ်ထားပေသည်။
"ဘာလို့ ဟင်းပွဲတစ်ပွဲထဲလဲ...နံရိုးချိုချဉ်ကြော်နဲ့ နဂါးသွေးထမင်းကြော်ဆို နှစ်ပွဲဖြစ်ရမှာလေ...ငါထင်တာကတော့ ဒီကောင်စုတ်လေးက ဒီနေ့ တစ်ယောက်ယောက်ကို ဘက်လိုက်ပြီလား..."
ပုဖန်က ကြက်သားအစပ်ကြော်ပန်းကန်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
"ဒီနေ့တော့ ငါတို့ ဟင်းပွဲအသစ်မြည်းစမ်းကြတာပေါ့..."
ပုဖန် ပြောပြီးသည်နှင့် ခုံ၌ ဝင်ထိုင်လိုက်သည်။စားပွဲပေါ်မှ ပန်းကန်ကို မကျေမနပ် ကြည့်နေသော နယ်သာရီနှင့် ခွေးဘုရင်တို့ကိုကြည့်၍ တစ်ချက်ပြုံးလိုက်မိသည်။
"လူညစ် ပုဖန် ...ခွေးဘုရင်က ဒီဟင်းကို မြည်းစမ်းမယ်ဆိုရင်နံရိုးချိုချဉ်ကြော် ရဦးမှာလား..."
ဘလက်ကီက လျှာတစ်လစ်ထုတ်၍ အလေးအနက်ပြောလိုက်သည်။
"ခန့်မှန်းကြည့်လေ ..."
ပုဖန်က မျက်နာသေဖြင့်ပင်ကြည့်၍ ပြန်ပြောလိုက်သည်။ပုဖန်၏ အမူအရာကိုကြည့်၍ ခွေးဘုရင် သူ့ကိုယ်သူ မထိန်းနိုင်ဖြစ်သွားလေသည်။သူထိုကောင်စုတ်ကို လက်ဖဝါးဖြင့် ဖိချေလိုက်ချင်သည်။
အခြားတစ်ဘက်တွင်မူ နယ်သာရီက သိပ်များများ ဂရုမစိုက်ပေ။သူမ၏ သွယ်လျသော လက်ချောင်းကလေးများပင်ကြက်သားကြော်ဆီ လှမ်းလိုက်သည်။သူဟင်းပွဲကို ထိတော့မည့်အချိန်၌ သူမ၏ လက်က်ိုပုဖန်က ရိုက်ထုတ်လိုက်လေသည်။
"တူဘယ်လိုသုံးရမယ်ဆိုတာကို သင်..."
နယ်သာရီ၏ မျက်ဝန်းများက ပုဖန် မျက်နာဆီ ဝေ့ဝဲသွားသည်။သို့သော်လည်း သူမ၏ အမူအရာက မပြောင်းမလဲပဲရှိနေလေသည်။ကြည့်ရသည်မှာ သူမက တူအသုံးမပြုချင်၍ ခေါင်းမာနေပုံရလေသည်။
ပုဖန် သူမကို လျစ်လျူရှုထားလိုက်ပြီး တူဖြင့် အသားတစ်ဖက် ကောက်ယူလိုက်သည်။ထို့နောက် အသားကို အနည်းငယ်မှုတ်၍ ပါးစပ်ထဲ သွင်းလိုက်လေသည်။
အသားဖတ်လေးပါးစပ်ထဲ ရောက်သွားသည်နှင့် ပုဖန်၏ မျက်ခုံးများ မြင့်တက်သွားသည်။သူ အသား၏ အရသာကိုပျော်ရွှင်စွာ ခံစားနေလေသည်။
နယ်သာရီ လျှာထုတ်၍ သူမ၏ နှုတ်ခမ်းပါးလေးများကို လျက်လိုက်သည်။ပုဖန်၏ အပြုအမူက သူမကို ဆွဲဆောင်ထားပုံပေါ်လေသည်။
သူမကိုယ်သူမ သူခိုးတစ်ယောက်ပုံစံ ပြင်ဆင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာအသားကိုဆတ်ခနဲ ဖမ်းဆွဲလိုက်လေသည်။သို့သော်လည်း ပုဖန်၏ တားဆီးခြင်းကို ခံလိုက်ရပြန်သည်။
သူမ မတရားခံရသလို ခံစားရပေသည်။ပုဖန်ကိုအေးစက်စွာပင် တစ်ချက်ကြည့်လိုက်သည်။သို့သော်လည်း သူမ၌ ရွေးချယ်စရာမရှိတော့သောကြောင့် နာနာခံခံနှင့်ပင် တူတစ်စုံကို ကောက်ယူလိုက်သည်။
ခွေးဘုရင်က စိတ်ဓာတ်ကျနေသောအမူအရာနှင့် ပုဖန်ကို ကြည့်နေလေသည်။ထို့နောက် သူ့၏ လက်ကို အသာအယာမြှောက်လိုက်သည်။ မျက်နာတွင်လည်း စိတ်ရှုပ်ထွေးမှု အထင်းသားပေါ်လွင်လာသည်။
"ဒီကောင်စုတ်လေးကက ဒီခွေးဘုရင်ကို ဖိအားပေးပြီး တူသုံးစေချင်နေတာလား....