အခန်း ၅၃၆
ခွေးဘုရင်နှင့်ကြက်...
"သွေးမီးလျှံဆေးလုံး...ဒီရှုရဆေးလုံးက သေမိန့်ကျထားတဲ့သူတွေကို ပေးတဲ့ ဆေးလုံး မဟုတ်လား...ခင်ဗျားက ဘာကြောင့် ကျုပ်ကို လာပေးရဲတာလဲ..."
မောင်ရှီ သူ့လက်ဖဝါးပေါ်က သွေးမီးလျှံဆေးလုံးကို စိုက်ကြည့်လိုက်သောအခါ မျက်ဝန်းထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ တောက်လောင်လာလေသည်။သူ လက်သီးဆုပ်လိုက်ပြီး အစစ်အမှန်စွမ်းအားများ လည်ပတ်စေလိုက်ကာ ထိုအနီရောင် ဆေးလုံးကို အမှုန့်ဖြစ်သွားအောင် ချေမွလိုက်သည်။
ထို့နောက် ကျောက်စိမ်းပုလင်းကို ခါးကုန်းကြီးဆီသို့ ပြန်ပစ်ပေးလိုက်သည်။အဘိုးကြီး၏ မျက်နာက တွန့်ရှုံ့သွားပြီး မျက်ဝန်းများ မှေးကျင်းလိုက်ကာ ကျောက်စိမ်းပုလင်းကို ဖမ်းလိုက်သည်။
"မင်းက သွေးမီးလျှံ ရှုရဆေးလုံးအကြောင်းကို သိထားပြီးပြီဆိုတော့ သူ့ရဲ့ အက်ျိုးသက်ရောက်မှုကိုလည်း ရှင်းရှင်းလင်းလင်း သိထားရမှာပေါ့ ဟုတ်တယ်မဟုတ်လား...အခုချိန်မှာ ဒီဆေးလုံးကသာ မင်းကို ကူညီဖို့ အသင့်တော်ဆုံးပဲ ဒါကို မင်းကောင်းကောင်းနားလည်သင့်တယ်..."
"ခင်ဗျားက ကျုပ်ကို အရူးလို့ထင်နေလား ဒီ ဆေးလုံးကို စားလိုက်တဲ့သူက သူ့ရဲ့ စွမ်းအင်တွေ တိုးပွားလာပြီးတက်ကြွ ဖြတ်လတ်နေမယ် ဒါပေမယ့် အကျိုးသက်ရောက်မှု ကုန်သွားတာနဲ့ လဝက်လောက် အားနဲ ချိနဲ့နေလိမ့််မယ်...စားဖိုမှူးတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက်က ကျုပ်က အဲ့ဒီလောက်လုပ်စရာလိုလား..."
မောင်ရှီက ထိုခါးကုန်းကြီးကို စိုက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ဘေးနား၌ ရပ်နေသော ရှုံးရှီက ဘာမှ ဝင်မပြောပေ။တကယ်တမ်း ဘာပြောရမည်လည်း သူမသိပေ။
ထိုခါးကုန်းကြီး သူ့ဆီ ရောက်လာချိန်တွင် သူ ဝမ်းနည်းပူဆွေးနေခဲ့သည်။ထိုလူအိုကြီးက သူ့ကို လက်စားချေလိုသလားဟု မေးခဲ့လေရာ ဝက်ဝံကြီးအကြောင်းကို စဉ်းစားမိပြီးသဘောတူညီခဲ့သည်။
သို့သော်လည်း သူကမ်းလှမ်းသည့်နည်းလမ်းက ထိုနည်းလမ်းဖြစ်နေသည်ဟု သူမသိခဲ့ပေ။
"ကောင်းပြီလေ...ငါမင်းကို အမှန်တရားပြောလိုက်မယ်...မင်းအဲ့ဒီစားဖိုမှူးကို မနိုင်နိုင်ဘူး...မင်းဒီဆေးလုံးကို မသုံးဘူးဆိုရင် အဲ့ဒီစားဖိုမှူးကို ရှုံးလိမ့်မယ် ပြီးတော့ ဆိုးဆိုးရွားရွားကို ရှုံးလိမ့်မယ်..."
"ငါကလေ... ငါမောင်ရှီက ဘယ်လိုဖြစ်လို့ ရှုံးနိုင်မှာလဲ...ရှုရမြို့ကလူ အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာမပြောနေနဲ့..."
မောင်ရှီ ဒေါသထွက်လာပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ ထို ခါးကုန်းကြီးကို လွင့်ထွက်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေပေပြီ။
သို့သော်လည်း ထိုလူကြီးက လက်အသာ ဝှေ့ယမ်းလိုက်ရုံဖြင့် မောင်ရှီ၏ စွမ်းအားများက ဖိနှိမ့်ခံလိုက်ရပြီး သူ့အနောက်သို့ပင် ယိမ်းယိုင်သွားလေသည်။
သူ အနောက်သို့ခြေလှမ်းအနည်းငယ် ဆက်တိုက် ဆုတ်လိုက်ရပြီး ဖင်ထ်ိုင်လျှက် လဲကျသွားသည်။သူ့အတွင်းထဲမှ နာကျင်လာပြီး သွေးအန်လုနီးပါးဖြစ်သွားလေသည်။သူ ထ်ိုခါးကုန်းကြီးကို မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။
"လူငယ်လေးမင်းက ရိုသေမှု မရှိဘူးပဲ...မင်းက အရမ်းဝင့်ကြွားလွန်းတယ် ဒါကပဲ မင်းမုပိုင်ကို ဘာကြောင့်မယှဉ်နိုင်လဲဆိုတဲ့ အကြောင်းပဲ...မနက်ဖြန်ကျရင်တော့ မင်းသိပါလိမ့်မယ်...မင်းက အဲ့ဒီစားဖိုမှုးကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာကို..."
ခါးကုန်းကြီးက သူ့လက်ကို အသာရုတ်ရင်းပြောလိုက်သည်။ခါးကုန်းကြီးက သူက ချောင်းအသာဟန့်လိုက်ပြီး အနီရောင်ကျောက်စိမ်းပုလင်းလေးလေးကို မောင်ရှီ၏ ခြေထောက်ရှေ့သို့ လှိမ့်ပေးလိုက်သည်။
"ငါဒီရှုရဆေးလုံးကို မင်းကို လက်ဆောင်ပေးခဲ့မယ်...သုံးတာ မသုံးတာတော့ မင်းသဘောပဲ..."
ပြောပြီးသည်နှင့် ခါးကုန်းကြီးက လက်နှစ်ဖက်နောက်ပစ်၍ ထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။လျှင်မြန်စွာပင် သူ့၏ အရိပ်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေ၏။
ရှုံးရှီက နေရာမှာပင် တုတ်တုတ်မလှုပ်ပဲရပ်နေလေသည်။ဖြစ်ပျက်သွားသမျှက အလွန်ပင်မြန်ဆန်လွန်းလှသည်။မောင်ရှီ ထိုကဲ့သို့ တုံ့ပြန်လိုက်မည်ဟု သူမထင်ထားခဲ့ငလို ခားကုန်းကြီးဤမျှ သန်မာနေမည်ဟုလည်း မတွေးခဲ့မိပေ။
မောင်ရှီက ခါးကုန်းကြီး၏ ပုံရိပ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမ်ိလေသည်။ထို့နောက် သူအံတင်းတင်းကြိတ်၍ ဆေးပုလင်းကိုကောက်ယူလိုက်ကာ ထရပ်လိုက်သည်။သူ ခါးကုန်းကြီး ပျောက်ကွယ်သွားသည့်နေရာကို အချိန်အကြာကြီး စိုက်ကြည့်နေမိလိုက်သည်။သူ့၏ အကြည့်များက နက်မှောင်နေပေသည်။
.....
တစ်နေ့တာ၏ စီးပွားရေးလုပ်ငန်း ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ပုဖန် ဆိုင်ပိတ်သိမ်းရန် အပောက်ဝဆီသွားလိုက်သည်။သူ တံခါးဆွဲပ်ိတ်တော့မည့်အချိန်တွင် အဝေးမှ လက်ဝှေ့ယမ်းပြ၍ ပြေးလာနေသော နန်ကုန်းဝူချယ်ကို မြင်လိုက်ရသည်။
"ဘော်ဒါပု...ဘော်ဒါပု...ခဏစောင့်ဦး..."
နန်ကုန်းဝူချယ်အော်ဟစ်လိုက်သည်။ပုဖန်က ထိုမြင်ကွင်းကို ခဏမျှ ကြည့်နေပြီးနောက် အဆက်အသွယ်ဖြတ်ချလိုက်သလိုမျိုး ချာခနဲလှည့်ကာ တံခါးကို ပိတ်ချလိုက်လေသည်။
ဘန်း...
"ချီး...ချီးပဲ...ပိုင်ရှင်ပု မင်းက အကြင်အနာ မဲ့လိုက်တာ ငါလာနေတာ သိတာတောင်မှ ဘယ်လိုဖြစ်လို့ တံခါးပိတ်လိုက်တာလဲ..."
ပိတ်သွားသော တံခါးရွက်ကိုကြည့်၍ နန်ကုန်းဝူချယ် အေးခဲသွားလေသည်။
ဖန်း...ဖန်း...ဖန်း...
သူ တံခါးကို အချိန်ခဏမျှ ကန်နေပြီးနောက် တဖြေးဖြေးချင်းပွင့်လာလေသည်။တံခါး၏ နောက်ကွယ်တွင် မျက်နာသေဖြင့် အေးခဲလှသောလှပသည့် မျက်နာတစ်ခုရှိနေလေသည်။
"ဟေး...အမကြီးနယ်သာရီ တိုက်ဆိုင်လိုက်တာနော် နင်ကလည်းဒီမှာရှိနေတာလား..."
နန်ကုန်းဝူချယ်က တံခါးလာဖွင့်သည့်သူ နယ်သာရီမှန်းသိသည်နှင့် သူ တောင့်တင်း အေးစက်သွားပြီးနောက် ကို့ယို့ကားယား ပြုံး၍ ပြောလိုက်သည်။
ပုဖန် ထိုင်ခုံတစ်ခုံဆွဲ၍ မှီထိုင်လိုက်ပြီးနန်ကုန်းဝူချယ်၏ အမူအရာကို အေးဆေးစွာ ကြည့်နေလေသည်။
"ပြော...မင်းငါ့ကို ဘာလို့ လာရှာတာလဲ...အခုက ဆိုင်ဖွင့်ချိန်ကုန်သွားပြီ..."
နန်ကုန်းဝူချယ် အဓိပ္ပါယ်အပြည့်ပါသော မျက်ဝန်းများဖြင့် ပုဖန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ထို့နောက် သူ ပုဖန်ဘေးသို့ လျှောက်လာလိုက်ပြီး ထိုင်ခုံတစ်ခုံဆွဲ၍ ပုဖန်ဘေးတွင် ဝင်ထိုင်လိုက်သည်။သူ ဆိုင်ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။
"ဘော်ဒါပု ငါမင်းကို ကောင်းတဲ့ အရာလေး တစ်ခု ပြဖို့..."
ထိုစကားကို ပြောသည့်အချိန်၌ သူ့၏ မျက်နာပေါ်က အပြုံးက နှာဘူးနှင့်တူနေလေသည်။
"ကောင်းတာလေး...ကောင်းတာလေးပြဖို့..."
"ဘာကောင်းတာလေးလဲ..."
"မင်းပြိုင်ပွဲအတွက် ပါဝင်ပစ္စည်းအကြောင်းကို စဉ်းစားနေတယ်မဟုတ်လား...ဒီမှာ ငါမင်းအတွက် တစ်ခုယူလာတယ်...နည်းနည်းဖွင့်ကြည့်လိုက်..."
ပါဝင်ပစ္စည်း...နန်ကုန်းဝူချယ်က သူ့အတွက် ပါဝင်ပစ္စည်း ယူလာတယ်လား...
ပုဖန် မျက်လုံးဖွင့်၍ နန်ကုန်းဝူချယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။နန်ကုန်းဝူချယ်၏ မျက်နာပေါ်မှ အပြုံးက ရုပ်သိမ်းမသွားသေးပေ။သူ တံခါးဝဘက်သို့ တစ်ခါ ထပ်မံ လှမ်းကြည့်လိုက်ပြန်သည်။ထို့နောက် သူ့လက်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ သိုလှောင်ကိရိယာထဲမှ တစ်စုံတစ်ရာပျံသန်းထွက်ပေါ်လာလေသည်။
ကတော်...ကတော်...ကတော်...
နန်ကုန်းဝူချယ်က ထိုပုံရိပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။သူ့၏ နှုတ်ခမ်းများကလည်းနားရွက်တက်ချိတ်မတက် အရူးတစ်ယောက်လို ပြုံးနေလေသည်။
သူ ဆုပ်ကိုင်ထားသည့် အရာကလည်း အဆက်မပြတ် ရုန်းကန်နေသောကြောင့် အမွှေးများပင် လွင့်စင်နေလေ၏။
"ဒါ..."
ပုဖန်၏ မျက်ဝန်းများ တောက်ပပြူးကျယ်သွားလေသည်။
"ဒီအရာလေးက မှတ်တမ်းတွေထဲက ထူးခြားဆန်းကြယ်တဲ့ ပါဝင်ပစ္စည်း...ရတနာရှစ်သွယ် ကြက်မဟုတ်လား..."
မှန်ပေသည်။နန်ကုန်းဝူချယ် ကိုင်ထားသည့်အရာက အရောင်စုံ အမွှေးတောင်များရှိ ကြက်တစ်ကောင်ဖြစ်သည်။ထိုဝဝဖြိုးဖြိုး ကြက်က တောင်ပံများကို အဆက်မပြတ် လှုပ်ခါရုန်းကန်၍ မရပ်မနားအော်ဟစ်နေလေသည်။
ကတော်...ကတော်...ကတော်...
ထို့အပြင် ထိုရတနာရှစ်သွယ်ကြက်၏ တောင်ပံတစ်ချောင်းလည်း ပျောက်ဆုံးနေလေသည်။ထိုကြက်က နန်ကုန်းဝူချယ်ကို နတ်ဆိုးတစ်ကောင်ကို တွေ့ရသည့်အလား ကြောက်မက်ဖွယ် စိုက်ကြည့်နေလေသည်။
ထိုရတနာရှစ်သွယ်ကြက်က နတ်ဘုရားတစ်ပိုင်း ပါဝင်ပစ္စည်းမျိုးဖြစ်သည်။နတ်ဘုရားတစ်ပိုင်း ဝက်ဝံသားနှင့် မတူညီစွာပင် သူ့အသားက ပို၍ အရသာပြည့်စုံပေသည်။ဝက်ဝံအသားက သရေယိုအောင်မလုပ်နိုင်သော်လည်း ထိုရတနာရှစ်သွယ် ကြက်သားကတော့ မတူညီပေ။
ဒီကမ္ဘာလောကတွင်ရှိနေသော မည်သည့် ပါဝင်ပစ္စည်းနှင့် ယှဉ်ယှဉ် ရတနာရှစ်သွယ် ကြက်သားကသာ အရသာအရှိဆုံးဖြစ်ပေလိမ့်မည်။၄င်းက အလွန် ရဖို့ခက်ခဲသည့် ပါဝင်ပစ္စည်းဖြစ်သည်။နန်ကုန်းဝူချယ်က ထိုရတနာရှစ်သွယ်ကြက်ကို သူ့အတွက် ဖမ်းပေးလာခဲ့သည်။ထိုကြက်ကို ချက်ပြီးသည်နှင့် အရသာရှိ ကောင်းမွန်လှသည့် လျှာလည်သည့် ဟင်းတစ်ခွက် ဖြစ်လာပေလိမ့်မည်။
ပုဖန် နှုတ်ခမ်းတင်းတင်းစေ့ပိတ်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း တောက်ပနေလေသည်။ထိုမြင်ကွင်းကိုကြည့်၍ ရတနာရှစ်သွယ်ကြက်၏ အော်မြည်သံများက ပို၍ ကျယ်လောင်လာသည်။သူ့၏ တောင်ပံများကလည်း အဆက်မပြတ် ခတ်နေသောကြောင့် အမွှေးများလည်း လွင့်စင် လာ၏။သူ့၏ မျက်လုံးပြူးပြူးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ခြေထောက်များလည်း တုန်ရီနေပေသည်။
ငာ့ကို အဲ့ဒီလိုမျိုး မကြည့်ပါနဲ့ ငါက ဒီတိုင်း သာမန် ကြက်ကလေးတစ်ကောင်ပါပဲ ...
သူ့၏ ခေါင်းကို ခွေးအကောင်တစ်သောင်းလောက် ဝိုင်းခဲထားသလိုပင် ခံစားမိနေသည်။အစပိုင်းတွင် သူတွေးထားခဲ့သည်က ဒီနေ့နေသာနေသောကြောင့် နန်းတော်ထဲမှ ထွက်ကာ စိတ်ဝိညာဉ် စွမ်းအင်များပြည့်နေသည့် ကောက်ပဲ သီးနှံများကို စားမည်။ထို့နောက် နေပူဆာ ကောင်းကောင်းလှုံမည်။ထို့နောက် ညအချိန်တွင် အသ်ိုက်ထဲ၌ ကောင်းမွန်စွာ အိပ်စက်အနားယူမည်။
သို့သော်လည်း ကံမကောင်းမှုများက ကျရောက်လာပြီး သူမပြေးနိုင်ခင်မှာပင် သူအတောင်ပံများ ဆုပ်ကိုင် ဖမ်းယူခြင်းခံလိုက်ရသည်။
"ပိုင်ရှင်ပု ကြည့်လိုက်ဦး ဒီကြက်က ဝဖြိုးမနေဘူးလား...ဒီကောင်လေးနဲ့သာဆိုရင် မင်း မနက်ဖြန်ကျရင် မောင်ရှီကို နိုင်နိုင်ပြီ..."
နန်ကုန်းဝူချယ်က တောက်ပသည့် မျက်ဝန်းများဖြင့် ပုဖန်ကိုကြည့်လိုက်သည်။နန်ကုန်းဝူချယ်၏ လက်ထဲမှ ကြက်ကို ပုဖန် ဆွဲယူလိုက်သည်။သူ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရတနာရှစ်သွယ် ကြက်က တကယ့်ကို အဆင့်မြင့်မားလှသည့် ပါဝင်ပစ္စည်းဖြစ်သည်။
"ဒီကြက်ရဲ့ တောင်ပံ တစ်ချောင်းက ဘယ်ရောက်သွားတာလဲ..."
ပုဖန် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
"အာ...မင်းကလည်း ဒီလောက်အသေးစိတ်တွေ ဂရုစ်ိုက်မနေပါနဲ့...အဲ့ဒီကြက်တောင်ပံ တစ်ချောင်းက ငါဟိုးအရင်ထဲက စားပစ်လိုက်တာတော်တော်ကြာပြီ...ပြီးတော့ သူက ထပ်ထွက်မလာတော့ဘူး..."
နန်ကုန်းဝူချယ်က နှုတ်ခမ်းတစ်ဖက်ရွဲ့ရင်း ပြောလိုက်သည်။ဒီကြက်၏ ကံကြမ္မာက တော်တော်သနားစရာကောင်းလှသည်။
သူက ကံမကောင်းစွာဖြင့်ပင် ထို ပေါ့ပေါ့ပါးပါးနေတက်သောနန်ကုန်းဝူချယ်နှင့် တွေ့ဆုံခဲ့ရသည်။
ပုဖန်က စိတ်ပျော်ရွှင်နေသောကြောင့် ထပ်၍ ဘာမှမပြောတော့ပေ။ယခုသူ့တွင် ရတနာရှစ်သွယ်ကြက်ရှိနေပြီဖြစ်သောကြောင့် မနက်ဖြန် ပြိုင်ပွဲကို အနိုင်ရရန်အာမခံချက်ရှိပေပြီ။
"ဟုတ်ပြီ...ဟုတ်ပြီ...အခု ကြက်ကို ဒီမှာထားခဲ့ပြီး မင်းအရင်ပြန်တော့ မနက်ဖြန်ကျရင် မင်းတို့ စောင့်ဆိုင်းကြည့်နေလိုက် သူ့ရဲ့ ဆေးမီးဖို မပေါက်ကွဲရင် ငါအရှုံးပဲ..."
ပုဖန်၏ အေးဆေးတည်ငြိမ်သည့်အသံကို ကြားသည်နှင့် နန်ကုန်းဝူချယ်၏ မျက်ဝန်းများက ချက်ချင်း တောက်ပလင်းလက်သွားလေသည်။သူ လက်မထောင်ပြလိုက်ပြီး အပြုံးကြီးကြီးဖြင့် ပြောလိုက်သည်။
"ပိုင်ရှင်ပု ငါမင်းကို အများကြီးမျှော်လင့်ထားတယ်နော် အကောင်းဆုံးလုပ်..."
နန်ကုန်းဝူချယ် တံခါးဝဆီသို့ လျှောက်သွားလိုက်ပြီးနောက် ပြန်လှည့်၍ ပြောလိုက်သည်။
"မင်း အဲ့ဒီ ရတနာရှစ်သွယ်ကြက်ကို ကောင်းကောင်းလည်း ဂရုစိုက်ထားဦးနော် ဘယ်လိုပဲဖြစ်ဖြစ်လေ သူ့မှာလည်း အသက်လေးတစ်ချောင်းပဲရှိတာ..."
နန်ကုန်းဝူချယ် ထွက်ခွာသွားသည်ကို မြင်သည်နှင့် ရတနာရှစ်သွယ်ကြက်က စိတ်သက်သာရာရသွားသည်။သို့သော်လည်းသူ နောက်လှည့်ကြည့်လိုက်သည့်အချိန် ပုဖန်၏ အကြည့်များနှင့် ရင်ဆိုင်လိုက်ရလေရာ အသဲအသန် ထပ်မံအော်ဟစ်လေတော့သည်။
ကတော်...ကတော်...ကတော်....
"ရတနာရှစ်သွယ်ကြက် ...ပုဖန် ကောင်လေး ဒီကြက်အသားနဲ့နံရိုးချိုချဉ်ကြော် ဟင်းပွဲ လုပ်မယ်ဆိုရင် နဂါးအသားနံရိုးချိုချဉ်ကြော် ဟင်းပွဲထက် အရသာပိုကောင်းမှာ ဟုတ်တယ်မဟုတ်လား..."
ပုဖန်နားသို့ ဘလက်ကီရောက်လာသည်ကိုပင် မည်သူမှ မသိလိုက်ပေ။သူက ရတနာရှစ်သွယ်ကြက်ကို ကြောက်စရာကောင်းသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေလေသည်။
"ကောင်းပြီ အဲ့ဒီလိုမျိုး ပြောမယ်ဆိုရင်တော့...ဒီရတနာရှစ်သွယ်ကြက်က အရမ်းကျော်ကြားတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်တယ်...ဒီရတနာရှစ်သွယ်ကြက်က သွေးနှော ရတနာရှစ်သွယ်ကြက်ပဲ ဆိုပေမယ့် သူ့ရဲ့အရသာက သာမန်နဂါးသားရဲ့ အရသာနဲ့ ယှဉ်လို့ရတာမျိုး မဟုတ်ဘူး...ဒါပေမယ့်လည်း မင်းက အစစ်အမှန် နဂါးအသားကို ရှာနိုင်မယ်ဆိုရင်တော့ ဒီကြက်သားနဲ့ လုပ်တဲ့ နံရိုးချိုချဉ်ကြော်ထက် ပိုပြီးအရသာကောင်းလိမ့်မယ်..."
ပုဖန်က မတ်တပ်ထရပ်လိုက်ပြီး ပြောပြလိုက်သည်။ခွေးဘုရင် မျက်လုံးလှန်လိုက်မိသည်။
"ပုဖန် ကောင်လေး ...မင်းက အစစ်အမှန် နဂါးကို ဆလပ်ရွက်တွေလို့ ထင်နေတာလား...အစစ်အမှန် နဂါးအသားကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူရှာလို့ရမှာလဲ ..."
"အွန်း...အဲ့ဒီလ်ိုဆိုရင်တော့ ဟုတ်တယ်လေ ...ဒီကြက်က နည်းနည်းဂဏာမငြိမ်ဘူး ငါနောက်ကျရင် မင်းကို အကောင်းဆုံး အကြံဉာဏ်တွေ ပေးမယ် ဘယ်လိုမျိုးကောင်းမွန်ပြည့်စုံတဲ့ အသားကို လုပ်ရမလဲဆိုတာပြီးရင် မနက်ဖြန်ကျရင် အရသာကောင်းတဲ့ ဟင်းပွဲတစ်ခွက် ချက်ကြမယ်..."
ပုဖန်က ဘလက်ကီကို ပြောလိုက်ပြီးနောက် နှုတ်ခမ်းများတွန့်ကွေးရုံ ပြုံးလိုက်ကာသူ့လက်ထဲမှ ကြက်ကို ဘလက်ကီထံ လွှဲပစ်လိုက်သည်။ထိုကြက်က လေထဲတွင် လှပစွာ ပျံဝဲသွားပြီး ဘလက်ကီ၏ရှေ့သို့ ကျရောက်သွားသည်။သူ ခေါင်းမော့ကြည့်လိုက်သည်နှင့် ခွေးဘုရင်၏နက်မှောင်နေသော မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည်။
ကတော်...ကတော်...ကတော်...
ခွေးဘုရင်၏ မျက်ဝန်းများထဲ၌ အန္တရာယ်ရှိသည့် အငွေ့အသက်များဖြင့် စူးရှလာပြီး သူ ထိုးဟောင်လိုက်လေသည်။
ဝု...
ကတော်...
တစ်ချိန်တည်းတွင် ခွေးဟောင်သံများ ကြက်အော်သံများနှင့် ဗြောင်းသတ်သွားလေသည်။ရတနာရှစ်သွယ်ကြက်က အလွန်ပင် ကြောက်ရွံ့ ထိတ်လန့်နေခဲ့သည်။
သူ့၏ အာရုံကြောများပင် တုန်ရီနေပြီး တောင်ပံကို ဖြန့်ကားခါ အစွမ်းရှိသမျှ သုံး၍ အသားကုန်ထွက်ပြေးနေသည်။ခွေးဘုရင်၏ အမွှေးများက ထောင်နေပြီး နှိုင်းယှဉ်၍ မရအောင်ပင် စိတ်လှုပ်ရှားနေသည်။သူ တဝုဝု ထိုးဟောင်၍ ရတနာရှစ်သွယ်ကြက်ကို လိုက်ဖမ်းနေလေသည်။
ထိုမြင်ကွင်းကိုနယ်သာရီပင် ကြောင်အစွာ ကြည့်နေမိသည်။ထို့နောက် သူမ၏ ငရဲ ကမ္ဘာ၏ သင်္ဘောစီသို့သာ ပြန်ထွက်သွားလိုက်သည်။ပုဖန်လည်း ပြောစရာစကားမဲ့နေပေသည်။
"ဒီခွေးငပျင်းက ကြက်ကလေးကို လိုက်အနိုင်ကျင့်နေတာလား..."
"ဟူး...ခွေးဝတုတ် မင်း ကောင်းကောင်း ဂရုစိုက်ရင်ကောင်းမယ်...ဒီကြက်ကို စားလို့မရဘူးနော် ဟုတ်ပြီလား...တကယ်လို့ မင်းစားလိုက်မယ်ဆိုရင် ဒီတစ်လလုံးလုံး ဘာနံရိုးချိုချဉ်ကြော်မှ မရဘူးမှတ်..."
ပုဖန်က အလေးအနက် ပြောလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားလိုက်သည်။ခွေးဘုရင်၏ခြေလှမ်းများက အေးခဲတောင့်တင်းသွားလေသည်။သူ တန်းလန်းထုတ်ထားသော လျှာမှလည်း သရေများတများများ စီးကျနေသည်။
မချက်ရသေးသော ကြက်သားနှင့် နံရိုးချိုချဉ်ကြော်၏ ကြားထဲတွင် မည်သည့်ကို ရွေးချယ်ရမည် ဗျာများနေသည်။
ထိုအခြေအနေကို ကြည့်ပြီးနောက် ပုဖန် ခေါင်းညိတ်လိုက်သည်။သူ နောက်တစ်နေ့ ချက်မည့် ဟင်းပွဲအကြောင်းကိုသာ စဉ်းစားနေလိုက်လေ၏။
ယခု ရတနာရှစ်သွယ်ကြက်ကိုပိုင်ဆိုင်ထားပြီ ဖြစ်သောကြောင့် မောင်ရှီ၏ဆေးမီးဖို ပေါက်ကွဲအောင် လုပ်ရန် ယုံကြည်မှု ရှိနေပေပြီ။အကယ်၍ ဆေးမီးဖိုသာ မပေါက်ကွဲလျှင် သူရှုံးရပေလိမ့်မည်။