အပိုင်း ၅၃၇
Viewers 53k

အခန်း ၅၃၇

ယုံကြည်မှုလွန်ကဲသော စားဖိုမှူး...


ဒုတိယနေ့ မနက် နေထွက်ချိန်...


 ပုဖန်၏ မျက်နာပေါ်သို့ နွေးထွေးလှသော နေရောင်ခြည် ဖြာကျလာသောကြောင့် သူ ယားယံမှုကို ခံစားလိုက်ရသည်။မျက်လုံးအသာ ဖွင့်လိုက်ပြီး အိပ်ယာပေါ်မှ တွားသွားထွက်လာကာ ခန္ဓာကိုယ်ကိုလှည့်၍ ခါးချိုးလိုက်သည်။


သူ ဆေးကြောသန့်စင်ပြီးသည်နှင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ဒီနေ့တွင် အောက်ထပ်၌ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ပုဖန် သင်္ကာမကင်းဖြစ်သွားမိသည်။


ညတုန်းကအရမ်း ဆူညံနေတာလေ...

ဘယ်လိုဖြစ်လို့ အခုကျတော့ အရမ်းတိတ်ဆိတ်နေရတာလဲ...

သူစဉ်စားလိုက်မိပြီးနောက် ဆိုင်အတွင်းသို့ မျက်လုံးဝေ့၍ ရှာလိုက်သည်။မကြာခင်မှာပင် ရတနာရှစ်သွယ်ကြက်ကို တွေ့လိုက်ရသည်။


ခပ်လှမ်းလှမ်းရှိ သိမြင်မှု သစ်သီးပင်အောက်တွင် ခွေးဘုရင်ကအိပ်ပျော်နေဆဲဖြစ်သည်။သူ့ဆီမှ ဟောက်သံများပင် ကြားနေရလေသည်။သူ့၏ လက်တစ်ဖက်က ရတနာရှစ်သွယ်ကြက်၏ခေါင်းကို ဖိထားသည်။


ထိုကြက်၏ မျက်နာတွင် စိတ်ပျက်လက်ပျက်ဖြစ်နေဟန် အထင်းသားပေါ်လွင်နေသည်။သူ့တောင်ပံမှ လွင့်စင်ကျခဲ့သော ကြက်မွှေးများကလည်းနေရာအနှံ့ ပြန့်ကျဲနေသည်။


သူ့၏ မျက်လုံးသေးသေးလေးများကလည်း ခွေးဘုရင်ကို ဒေါသတကြီးစူးစူးရဲရဲ စိုက်ကြည့်နေသည်။ပုဖန်တစ်ချက် သန်းဝေလိုက်ပြီး ရတနာရှစ်သွယ်ကြက်ဆီသို့ လျှောက်လာခဲ့သည်။ထို့နောက် ထိုကြက်၏ ခေါင်းကို အသာအယာပွတ်သပ်လိုက်သည်။


"အဲ့ဒါက မင်းအတွက် အရမ်းခက်ခဲမှာပဲ မင်းတစ်ညလုံးလုံလုံခြုံခြုံလေး လွတ်မြောက်နိုင်ခဲ့တယ်ပေါ့..."


ပုဖန်က ရတနာရှစ်သွယ်ကြက်ကို ချီးကျူးစကားပြောပြီးသည်နှင့် စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်ခြင်းမပြုပဲ မီးဖ်ိုခန်းဘက်သို့သာ လှည့်ဝင်သွားလိုက်သည်။သူ မနက်စာပြင်ဆင်ပြီး မီးဖ်ိုခန်းထဲမှ သယ်ထုတ်လာခဲ့သည်။သူထွက်လာသည့်အခ်ျိန်တွင် နယ်သာရီနှင့် ခွေးဘုရင်တို့က စားပွဲခုံပေါ်တွင် ထိုင်စောင့်နေလေပြီ။


"ဒါ ဘလက်ကီအတွက် ဒါက နယ်သာရီ အတွက် နဂါးသွေးထမင်းကြော် ..."


နယ်သာရီက သူ့ရှေ့မှ တစ်ဝက်လျော့နေသော ထမင်းကြော်ပန်းကန်ကို ကြည့်လိုက်သည်။သူမ၏ ချစ်စဖွယ်မျက်နာလေးထက်တွင် မကျေနပ်သည့် အမူအရာချက်ချင်းပေါ်လာပြီး ပုဖန်ကို ဆက်ခနဲ မော့ကြည့်လိုက်သည်။ပုဖန် နယ်သာရီ၏ ခေါင်းကို အသာပုတ်လိုက်သည်။


"ဟေး...နင်က ဒီခွေးဝတုတ်လိုမျိုး ဖက်တီးကြီးဖြစ်လာချင်တာလား...နင့်ရဲ့ ပုံရိပ်လေးကို ထိန်းသိမ်းဖို့အတွက် လျှော့စားရမယ်လေ..."


နယ်သာရီ အလွန် စိတ်ဆိုးသွားသည်။သူမက ဘေးမှာထိုင်နေတဲ့ ခွေးဖက်တီးလိုမျိုး ဝလာမှာလား...


ထို့နောက် သူ ထမင်းကြော်ပန်းကန်ကို ဆွဲယူလိုက်ပြီး ဒေါသတကြီး စားသောက်လိုက်သည်။


ခွေးဘုရင်က လှောင်ပြုံးပြုံးလိုက်သည်။သူ သူ့၏ ဝတုတ်မှုကို ဂုဏ်ယူဟန်ဖြင့် ရယ်မောလိုက်သောကြောင့် သူ့ခန္ဓာကိုယ်မှ အဆီများပင် တုန်ခါနေလေသည်။


ထိုအပြုအမူက နယ်သာရီကို ပို၍ပင် စိတ်ဆိုးသွားစေသည်။


ပုဖန် မီးဖိုချောင်ဘက်သ်ို့ ဝင်၍ လိုအပ်သည်များ ပြင်ဆင်လိုက်ပြီးနောက် ရတနာရှစ်သွယ်ကြက်ကို ဆွဲကိုင်၍ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။


ပုဖန် ရင်ပြင်ကျယ်ရှိရာဆီသို့ တဖြေးဖြေးလျှောက်လာခဲ့သည်။ဒီနေ့က သူနှင့် မောင်ရှီတို့၏ ပြိုင်ပွဲနေ့ဖြစ်သည်။သူ ကတ်ိစကားပြောကြားပြီးသား ဖြစ်နေသောကြောင့် ဒီပွဲကို တော်တော်လေး အလေးအနက်ထားထားပေသည်။အကယ်၍ သူကတိကို မတည်နိုင်ခဲ့လျှင်အလွန်ပင် အရှက်ရပေလိမ့်မည်။သူက ကတိတည်သည့် လူမျိုးဖြစ်သည်။


သူ့လက်ထဲမှ ရတနာရှစ်သွယ်ကြက်က တက်ကြွ အသက်ဝင်နေကာ သူ့၏ မျက်လုံးလေးများက ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေလေသည်။


မကြာခင်မှာပင် ဆူညံသံများဖြင့် ပြည့်နှက်နေသည့် ရင်ပြင်ကျယ်ထဲသို့ သူဝင်ရောက်လာခဲ့သည်။ရင်ပြင်ကျယ်၏ အလယ် စင်မြင့်၏ ဘေးနားတွင် ပရိတ်သတ်များ ပြည့်သိပ်ကျပ်ညှပ်နေသည်။


သူတို့အားလုံးက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။သူတို့ ပုဖန်ကို မြင်လိုက်သည်နှင့် စတင်၍ အော်ဟစ်ကြလေသည်။ဒီပွဲကို မြောက်များလှစွာသော ပရိတ်သတ်များ လာရောက်ကြည့်ရှုကြလေသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်၏ ရိုးရှင်းလှသောစကားလေးတစ်ခွန်းကြောင့်ပင်ဖြစ်သည်။


"မင်းရဲ့ ဆေးမီးဖိုသာ မပေါက်ကွဲဘူးဆိုလျှင် ငါ့အရှုံးလို့ တွက်လိုက်လို့ရတယ်..."


"ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိလိုက်လဲ...ဘယ်လောက်တောင်မှပဲ ဝင့်ကြွားမောက်မာလိုက်လဲ..."


ပုဖန်က ထိပ်ဆုံး နေရာအတွက် အရည်အချင်းပြည့်မီသည့် ပါရမီရှင် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကိုပင် ထိုကဲ့သို့ စကားမျိုးပြောရဲပေသည်။ပုဖန်က အံ့သြသင့်စရာကောင်းလွန်းလှသည်။သူက မောင်ရှီကဲ့သို့ ပါရမီရှင်နှင့် ရင်ဆိုင်ရသည်ကိုပင် နောက်တွန့်မသွားပဲ ပို၍ပင် အဆင်အခြင်မဲ့ ပြုမူနေပေသည်။


မှန်ပေသည်။ပုဖန်က မိုက်ချင်ယောင်ဆောင်နေသူဟု ထင်သူများလည်းရှိပေသည်။မည်သို့ပင်ဆိုစေ မောင်ရှီက ပုဖန်ကြောင့် ဆေးမီးဖိုပေါက်ကွဲခဲ့ဖူးသည့် သူမဟုတ်ပေ။


သူကအစစ်အမှန် ပါရမီရှင်တစ်ယောက်ဖြစ်သည်။သူက ထိပ်ဆုံးနေရာအတွက် မုပိုင်နှင့်ပင် ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေးရှိသူဖြစ်သည်။သူက ပြိုင်ကွင်းအလယ်တွင် ဝင့်ကြွားစွာ ရပ်တည်နိုင်သူဖြစ်သည်။ထိုသို့မှမဟုတ်လျှင် သူ့ကို မည်သည့်နည်းဖြင့် ပါရမီရှင်ဟု ခေါ်ဆိုပါမည်နည်း။


ပုဖန်က မောင်ရှီ၏ ဆေးမီးဖို ပေါက်ကွဲစေလိုလျှင်...၎င်းက မဖြစ်နိုင်လုနီးပါးပင်။


လူအားလုံးကလည်း ပုဖန် စိတ်လိုက်မာန်ပါ ပြောဆိုလိုက်သည်ဟု ထင်နေမိကြသည်။


ယခုပြိုင်ပွဲကို ဆေးနန်းတော်မှ လူအများစုလည်း ကြည့်ရှုနေကြပေသည်။


ဆေးနန်းတော်မှ လူများထဲတွင်လည်း ပုဖန်ကို အားပေးကြသူ များစွာ ရှိလေသည်။သို့သော်လည်း ထိုလူအရေအတွက်က မောင်ရှီကို အားပေးသည့် သူထက် နည်းနေပေသေးသည်။


မည်သို့ပင်ဖြစ်စေ မောင်ရှီက ဆေးနန်းတော်တွင် ကျော်ကြားသည့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်သောကြောင့် သူ့၌ အားပေးထောက်ခံသူ များစွာရှိသည်မှာ သဘာဝကျပေသည်။


သူ့၏ ပရိတ်သတ်များ မုပိုင်ထက် မများလျှင်တောင် ပုဖန်ထက်တော့ မနည်းမှာ အသေအချာပင်။


"အဲ့ဒီစားဖိုမှူးက ရူးနေတာပဲ...သူမကြာခင်မှာပဲ စိတ်ပျက်အားငယ်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ သိရတော့မယ်..."


"နောက်ဆုံးတော့ စတင်တော့မယ်...ငါတို့ရဲ့ စီနီယာအစ်ကိုမောင်က အဲ့ဒီ စားဖိုမှူးက ဘယ်လို ရက်ရက်စက်စက်နင်းချေမလဲဆိုတာ ငါကြည့်ရတော့မယ် စိတ်လှုပ်ရှားလိုက်တာ..."


"စီနီယာ အကိုမောင် ငါတို့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်...စီနီယာအကိုမောင် အဂ္ဂိရတ်ပညာရှင်တွေရဲ့ ဘုံရန်သူကို အနိုင်ယူလိုက် အခုအချိန်က မင်းရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ပြသရမယ့်အချိန်ပဲ..."


ပုံရိပ်လွှဲပြောင်း အစီအရင်မှ တစ်ဆင့် ကြည့်နေကြသူများကလည်း စိတ်လှုပ်ရှားတက်ကြွနေကြသည်။ပုဖန်ကို အားပေးသည့် ပရိတ်သတ်က မောင်ရှီ၏ ပရိတ်သတ် အစွန်ထွက်မျှသာရှိသော်လည်း ပုဖန်က တည်ငြိမ်နေဆဲ ပင်ဖြစ်သည်။သူရတနာရှစ်သွယ်ကြက်ကို ဆွဲကိုင်၍ ပြိုင်ကွင်းတွင်းသို့ ဝင်လာခဲ့သည်။


ခပ်ဝေးဝေးဆီမှ နန်ကုန်းဝူချယ်က သူ့ကို လက်ဝှေ့ယမ်းပြနေသည်။


"ဘော်ဒါပု အကောင်းဆုံးလုပ်နော် အဲ့ဒီ ကောင်စုတ်ကို အမြစ်ဖြုတ်ပစ်လိုက်..."


 သူက အဆုတ်ကွဲမတက်ပင် အော်ဟစ်အားပေးနေလေသည်။သူ့အသံကြောင့် တောက်ပကောင်းကင်မြို့မှ အဂ္ဂိရတ်ပညာရှင်များ၏ မျက်နာက မဲမှောင်သွားလေသည်။


ပုဖန်က မည်သည့်စကားမှမဆိုတော့ပဲ ခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်။


ပရိတ်သတ်များထဲတွင်ရှိနေသော ရှုရမြို့တော်မှ မြင့်မြတ်သော အပျိုစင်၏ မျက်တောင်လေးများက အသာအယာလှုပ်ခတ်သွားပြီး သူမ အကြည့်များ ပုဖန်ဆီ ရောက်လာခဲ့သည်။


သူမ၏ ဘေး၌ ခါးကုန်းကုန်းနှင့် အဘိုးအိုက ခံစားချက်မဲ့စွာ ထိုင်နေလေသည်။


"မြေခွေးအိုကြီး အားလုံး အဆင်သင့် ဖြစ်နေပြီလား..."


မြင့်မြတ်သော မိန်းမပျို၏ အနီရောင် နှုတ်ခမ်းပါးလေးများက ဖြေးညင်းစွာလှုပ်ခတ်သွားပြီး ပျင်းရိလေးတွဲစွာ ပြောလိုက်သည်။သူမ၏ သွယ်လျသည့် ခြေထောက်လေးကို အသာအယာ လွှဲလိုက်ပြီး ခြေချိတ်၍ ထိုင်လိုက်သည်။သူမဝတ်ဆင်ထားသော စကပ်က အနည်းငယ် ဟသွားပြီး နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် အသားအရည်ကို လှစ်ဟပြလာလေသည်။


ထိုမြင်ကွင်းက မြောက်များလှစွာသော ပရိတ်သတ်များ၏ မျက်လုံးကို ပြူးကျယ်သွားစေပြီး တံတွေးတစ်လုတ်စီ မျိုချလိုက်မိစေသည်။မြင့်မြတ်သော မိန်းမပျိုက သူတို့ကို ဂရုမထားပဲ အေးဆေးတည်ငြိမ်စွာ သာ ထိုင်နေလေသည်။


"အားလုံး ပြင်ဆင်ပြီးသွားပြီ ဒီ စားဖိုမှူး ရှုံးမှာ သေချာပါတယ်..."


အစေခံအိုကြီးက ပြန်လည် ဖြေကြားလိုက်သည်။


"အရမ်းကောင်းတယ် ဒီပြိုင်ပွဲမှာ ပထမဦးဆုံးအကြိမ် ရှုံးနိမ့်သွားပြီဆိုတာနဲ့ သူ အရမ်းစိတ်ဓာတ်ကျသွားမှာပဲ အဲ့ဒီအချိန်ကျရင် ငါတို့အတွက် အခွင့်အရေးပေါ်လာလိမ့်မယ်..."


မြင့်မြတ်သော မိန်းမပျိုက အသာအယာ ပြောလိုက်သည်။


"အရှင်မ ဒီနေ့ ငရဲ ကမ္ဘာက အမျိုးသမီး ဒီမှာမရှိဘူးဆိုတော့ ငါတို့ တိုက်ရိုက်ပဲ လှုပ်ရှားလိုက်ကြရအောင်..."


"ပြဿနာမရှာနဲ့ ဒါက ဆေးမြို့တော်လေ ငါတို့ ရှေးဟောင်းရှုရမြို့တော်က ဆေးမြို့တော်ကို မကြောက်ဘူးဆိုပေမယ့် သူတို့ မြို့ရဲ့ အလယ်မှာပြိုင်ပွဲဝင်တစ်ယောက်ကို ပြန်ပေးဆွဲတာကတော့ ပြဿနာတက်လိမ့်မယ်...ငါတို့ လှုပ်ရှားဖို့ အခွင့်အရေးရှာရမယ်..."


ခါးကုန်းကြီး၏ မျက်နာအမူအရာက အနည်းငယ် ရှုံ့တွသွားပြီးနောက် ခဏကြာမှသာလျှင် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ပြောလိုက်သည်။


"ကောင်းပါပြီ..."


ထို့နောက် သူတို့ နှစ်ယောက်၏ အကြည့်များက စင်ပေါ်သို့ ပြန်ကျရောက်သွားသည်။


ပုဖန်က သူ့အတွက် ပြင်ဆင်ထားသည့် နေရာသို့ လျှောက်သွားလိုက်သည်။


တခြားတစ်ဘက်တွင် မောင်ရှီပေါ်လာသောအခါ၌ ပရိတ်သတ်များ ထရပ်လိုက်ကြပြီး ရူးသွပ်စွာ အော်ဟစ်အားပေးကြလေသည်။မောင်ရှီက ပုဖန်ကို ကြည့်၍ လှမ်းပြောလိုက်သည်။


"မင်း မြန်မြန်လေး အရှုံးပေးလိုက်သင့်တယ် အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းနောင်တရလိမ့်မယ်..."


ပုဖန် ခပ်မဲ့မဲ့ တစ်ချက်ပြုံးလိုက်ပြီး တုံ့ပြန်လိုက်သည်။


"မင်းရဲ့ ဆေးမီးဖိုက ပေါက်ကွဲတော့မှာ..."


ဟမ့်...


မောင်ရှီ အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် ပုဖန်ကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်ပြီး သူ့၏ စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။


ကောင်းကင်ထက်၌ စစ်သင်္ဘောကြီးများ တဖြေးဖြေး ဆိုက်ကပ်လာပြီး မဟာသခင် ငါးယောက် ဆင်းသက်လာလေသည်။သူတို့၏ အော်ရာများက မသေမျိုးများကဲ့သို့ပင် ထင်မှတ်မှားရလေသည်။ထို့နောက် တစ်ယောက်နှင့်တစ်ယောက် ခဏမျှ ဆွေးနွေးပြောဆိုလိုက်ပြီး သူတို့ခုံပေါ်မှာထိုင်၍ စင်မြင့်ထက်ဆီသို့ ကြည့်လိုက်ကြသည်။


ယခုပြိုင်ပွဲကို ကြီးကြပ်ပေးမည့်သူကလည်း ဒိုင်လူကြီးချုပ်ပင် ဖြစ်သည်။သူ့၏ မျက်နာအမူအရာက သာမန်အချိန်များထက် ပို၍ပင် တည်ကြည်လေးနက်နေလေသည်။


တစ်ဘက်မှာက ပါရမီရှင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရှိနေပြီး တစ်ဘက်မှာက ဒီပြိုင်ပွဲကြီး၏ အကြီးမားဆုံး ဖျက်မြင်းတစ်ကောင်ဖြစ်နေသည်။သူတို့နှစ်ယောက်၏ ယှဉ်ပြိုင်မှုက အလွန်ပြင်းထန်နေလေရာ ဒိုင်လူကြီးချုပ်အနေဖြင့် အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲပေ။


ဒီတစ်ပွဲ၌လည်း ပုဖန် ရှုံးနိမ့်မည်ဟု သူမထင်ပေ။သူ ပုဖန်ကို နားလည်ထားမှုအရ သူ့လက်ထဲတွင် ဝှက်ဖဲများစွာကို ဖုံးကွယ်ထားလေသည်။ဒီတစ်ကြိမ် သူဘာချက်ရမည်ကိုလည်း မသိရသေးပေ။


ကြက်သားလား...ဒီတစ်ကြိမ် သူက ကြက်နဲ့ သက်ဆိုင်တာ တစ်ခုခုများချက်မှာလား...


ဒိုင်လူကြီးချုပ်က ပုဖန်၏ လက်ထဲမှ ကြက်ကို ယခင်ထဲကပင် သတိပြုမိနေခဲ့သည်။ထ်ိုကြက်က သာမန်ကြက်နှင့် မတူပေ။


သူ့၏ ကြေးဝါစင်မြင့်ရှေ့တွင်ရပ်နေသော မောင်ရှီ၏ အမူအရာကလည်း အလွန်ပင် တည်ငြိမ်အေးချမ်းနေသည်။သူက မာန ထောင်လွှားတတ်သည်ဆ်ိုသော်လည်း ယခုတွင်တော့ သူ့၏ ဆေးလုံးသန့်စင်ခြင်းကို အပြည့်အဝ အာရုံ စိုက်ထားလေသည်။


သူပြင်ဆင်ထားသော များပြားလှသည့် ဆေးဖက်ဆိုင်ရာအပင်များကို ထုတ်ယူလိုက်ပြီး ကြေးဝါစင်မြင့်ပေါ်တွင် တင်ထားလိုက်သည်။ဒီတစ်ကြိမ်၌ သူ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်ပေမည်။ထိုဆေးလုံးက ပဉ္စလက်စုဝေးပွဲကြီး တစ်ခုလုံးတွင် မြင့်မားဆုံး ဆေးလုံးဟုပင် ဆိုနိုင်သည်။


အဲ့ဒီအတွက် အလွန်ပင် ဖိအားများနေသည်။သူက ထိုအမှတ်၃ စိတ်ဝိညာဉ် ဆေးလုံးကို အောင်အောင်မြင်မြင်သန့်စင်နိုင်မည်ဟု အပြည့်အဝယုံချက်မရှိပေ။


အဘယ့်ကြောင့်ဆိုသော် ထိုပုဖန်က လွယ်ကူသည့် ပြိုင်ဘက်တစ်ယောက်မဟုတ်ကြောင်း သူကောင်းစွာ နားလည်ထားပေသည်။ထိုသို့မှမဟုတ်လျှင် သူ ထိုစားဖိုမှူးနှင့် ရင်ဆိုင်ရန်အတွက် ထိုမျှ ခေါင်းခဲနေလိမ့်မည် မဟုတ်ပေ။


အခြားတစ်ဘက်တွင် ပုဖန်ကလည်း သူ့၏ သိုလှောင်နယ်မြေထဲမှ ပါဝင်ပစ္စည်းမြောက်များစွာကို ထုတ်၍ စင်ပေါ် တင်လိုက်သည်။ပုဖန်ဘက်မှ သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအားများကြောင့် ပရိတ်သတ်များ အံ့အားသင့်သွားကြသည်။


အဘယ့်ကြောင့်ဆိုသော် ပုဖန်၏ ပါဝင်ပစ္စည်း တစ်ခုစီတိုင်းက အလွန် အဆင့်မြင့်မားနေကြောင်း သူတို့ သတိပြုမိလိုက်သောကြောင့်ပင်။


"ကောင်းပြီ မင်းတို့ ယှဉ်ပြိုင်သူနှစ်ယောက်ထဲက ဘယ်သူက အဆင့်တက်ရမယ် မတက်ရဘူးဆိုတာကို အဆုံးဖြတ်ပေးမှာဖြစ်တယ်...ဒီပွဲမှာအနိုင်ရရှိသူက ထိပ်ဆုံး ၃ယောက်ထဲကို ဝင်ရောက်သွားပြီး ပထမနေရာအတွက် အဂ္ဂိရတ်ပညာရှင်မုပိုင်နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးရမှာဖြစ်တယ်...အနိုင်ရရှိသူက ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေကို ဝင်ရောက်ခွင့် ရရှ်ိမယ့်အပြင် ဆေးနန်းတော်က ပြင်ဆင်ပေးထားတဲ့ အမှတ် ၁ စ်ိတ်ဝိညာဉ် ဆေးလုံးကိုလည်း လက်ခံရရှိမှာဖြစ်တယ်...ဒီတော့ မင်းတို့ နှစ်ယောက် အကောင်းဆုံးကြိုးစားပြီးတော့ ရိုးရိုးသားသားနဲ့ ယှဉ်ပြိုင်ကြပါ..."


ဒိုင်လူကြီးချုပ်က စင်မြင့်အလယ်တွင်ရပ်၍ ပြိုင်ပွဲဝင်နှစ်ယောက်ကိုကြည့်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။သူအသံက မကျယ်လောင်သောကြောင့် သူစကားစပြောလိုက်သည်နှင့် ပရိတ်သတ်များဆီမှ ဆူညံသံများ တိတ်ဆိတ်သွားလေသည်။


သူ ပြောပြီးသည်နှင့် ပရိတ်သတ်များဆီမှ ဆူညံစွာ အားပေးသံများ ပြန်လည်ထွက်ပေါ်လာလေသည်။


"အခု ယှဉ်ပြိုင်ပွဲကြီး တရားဝင် စတင်ပြီ..."


ဝိုး...


ပရိတ်သတ်များ၏ တစ်ခဲနက် အော်ဟစ်သံက ကောင်းကင်ကိုပင် ထက်ခြမ်းခွဲတော့မယောင်ထင်ရသည်။


မောင်ရှီ၏ မျက်ဝန်းများက စူးရှထက်မြက်လာပြီး စွမ်းအင်များထွက်ပေါ်လာသည်။သူ့လက်ကို မြှောက်လိုက်သည်နှင့် လက်ဖဝါးပေါ်မှ အနက်ရောင်မီးလုံးတစ်ခုပေါ်လာလေသည်။


ကြောက်မက်ဖွယ်ကောင်းလှသော အပူချိန်က ချက်ချင်းဆိုသလိုပင် ပြိုင်ပွဲကွင်း၏ အပူချိန်ကိုပင် တိုးမြင့်သွားစေသည်။


ကောင်းကင် ကမ္ဘာမြေ မီးလျှံအမျိုးအစား အကြွင်းမဲ့ အမှောင်မီးလျှံ ထွက်ပေါ်လာလေပြီ..