အခန်း ၅၃၈
ဟူးမန်းနဲ့ ကြက်ကြားထဲက ယုံကြည်မှုတွေဘယ်ရောက်သွားလဲ...
ကောင်းကင်ကမ္ဘာမြေ မီးလျှံသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားထဲတွင် သဘာဝအလျောက်မွေးဖွားလာသော ကမ္ဘာ့ရတနာတစ်ပါးဖြစ်သည်။
၎င်းက ကြောက်စရာကောင်းလှသည့် စွမ်းအင်များကို သယ်ဆောင်ထားပြီး အဂ္ဂိရတ်ပညာရှင်များအတွက် အလွန်ပင် အသုံးဝင်သည့် မီးလျှံလည်းဖြစ်သည်။
ပုန်းကွယ် နဂါးတိုက်ကြီးထဲတွင် အဂ္ဂိရတ်ပညာမီးလျှံက အကန့်အသတ်ဖြင့်သာ ရှိလေသည်။အလွန်နည်းငယ်သည့် လူနည်းစုသာလျှင် ကောင်းကင်ကမ္ဘာမြေမီးလျှံကို ရရှိရန် စွမ်းဆောင်နိုင်ကြသည်။
အကြွင်းမဲ့ အမှောင်မီးလျှံသည် မီးလျှံနက်များ ပေါင်းစုထားခြင်းဖြစ်သည်။၎င်းကို လောင်ကျွမ်းလိုက်သည်နှင့် အလွန်မြင့်မားသော အပူချိန်ကို သယ်ဆောင်လာပေလိမ့်မည်။မောင်ရှီက ထိုမီးလျှံကို လက်ဝါးပေါ် တင်လိုက်သည်နှင့် လေထုပင် တွန့်ရှုံ့လာသည်။
မောင်ရှီကလည်း ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပိုင်ဆိုင်ထားပေသည်။ထ်ိုအကြောင်းကြောင့်ပင် သူက မုပိုင်ကို စိန်ခေါ်ရန် ယုံကြည်မှု ရှိနေခြင်းဖြစ်သည်။
မှန်ပေသည်။ဒါက သူ့၏ ဝှက်ဖဲပင်ဖြစ်သည်။ယခုစားဖိုမှူးနှင့် ရင်ဆိုင်ရသည့်အခါ၌ မောင်ရှီက တွန့်ဆုတ်မှု အနည်းငယ်မျှပင် မရှိပဲ သူ့၏ ကောင်းကင်ကမ္ဘာမြေမီးလျှံကို ချက်ချင်းထုတ်ဖော်လိုက်သည်။
မောင်ရှီ ပုဖန်ကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင်မီးတောက်က ကောင်းကင်ပေါ် မြောက်တက်သွားပြီး ကျယ်လောင်သည့် ဟိန်းဟောက်သံမျိုးကို ကြားလိုက်ရသည်။
၎င်းက ဆေးမီးဖိုဆီသ်ို့ ပြင်းထန်စွာပြန်လည်ကျရောက်လာပြီး တုန်ခါသံများ ထွက်ပေါ်လာသည်။ကျယ်လောင်သည့် တုန်ခါသံများက အချိန်ခဏမျှ ပဲ့တင်ထပ် ထွက်ပေါ်နေသောကြောင့် အားလုံးပင် ခဏမျှ နားအူနေလေသည်။
ချက်ချင်းဆိုသလိုပင် ဆေးမီးဖိုအတွင်း၌ မီးလျှံများက တောက်ပလာပြီးနောက် ဆေးမီးဖိုက နီရဲလာလေသည်။မောင်ရှီက စ်ိတ်ဝိညာဉ်ဆေးပင်များကို ဆေးမီးဖိုအတွင်းသို့ တစ်ခုပြီးတစ်ခု ပစ်ထည့်လိုက်သည်။အကြွင်းမဲ့ မီးလျှံက ဆေးမီးဖိုများကို တမဟုတ်ချင်း ဝါးမြိုသွားလေသည်။ကြွေမွသည့် အသံများလည်း ထွက်ပေါ်လာ၏။
မောင်ရှီ၏ မျက်ဝန်းများက အေးစက်နေပြီး သူ့အကြည့်များက အလွန်နက်ရှိုင်းနေလေသည်။သူပုဖန်ကို အခ်ျိန်ခဏမျှ စိုက်ကြည့်နေပြီးနောက် မျက်နာလွှဲလိုက်ခါ ဆေးမီးဖိုကို ပြန်လည်အာရုံစိုက်လိုက်သည်။
ထိုပြိုင်ပွဲတွင် တစ်ယောက်တည်းကသာလျှင် အဆင့် တက်ရောက်နိုင်ပေလိမ့်မည်။ထို့ကြောင့် ပုဖန်ကို ချေမွ အနိုင်ယူပစ်ဖို့ကလွဲပြီးတစ်ခြားနည်းလမ်းမရှိကြောင်း မောင်ရှီသိပေသည်။
ဆူညံပွက်လောရိုက်နေသော ပရိတ်သိတ်များက တိတ်ဆိတ်ငြိမ်သက်သွားကြပြီး အလေးအနက် အာရုံစိုက်ထားသည့် မောင်ရှီကို ကြည့်နေကြသည်။သူတို့ အသက်ပင် ကျယ်ကျယ် မရှုရဲကြပေ။
ခဏမျှအကြာ၌ ပရိတ်သိတ်များက ပုဖန်၏ ကြေးဝါစင်မြင့်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။သူတို့ ပုဖန်ဘာလုပ်နေသည်ကို မြင်လိုက်ရသောအခါ၌ ကြောင်အငေးမောသွားပြီး အချိန်ခဏလောက် စဉ်းစားတွေးခေါ်နိုင်မှု မရှိဖြစ်သွားလေသည်။
ပုဖန်က ရတနာရှစ်သွယ်ကြက်ကို လွှတ်ပေးလိုက်ပြီး သူ့၏ ခေါင်းလေးကို အသာဖွဖွပွတ်ပေးလိုက်သည်။ထို့နောက် သူပြင်ဆင်လာခဲ့သည့် ပါဝင်ပစ္စည်းများကို ဆွဲထုတ်ယူလိုက်သည်။
ပုဖန်၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေသော ရတနာရှစ်သွယ်ကြက်၏ မျက်လုံးသေးသေးလေးများက အဆက်မပြတ် အဝိုင်းလည်နေသလို ဖြစ်နေလေသည်။စင်မြင့်ပေါ်၌ အလွန်စိတ်ဝိညာဉ် စွမ်းအင်သိပ်သည်းလှသည့် မြောက်များလှစွာသော ပါဝင်ပစ္စည်းများရှိနေသည်။
ထိုပါဝင်ပစ္စည်းများကြားထဲ၌ အနီရောင်သစ်သီးလည်းရှိနေသည်။ထို တောက်ပလှသော အနီရောင်သစ်သီးက အဆင့် ၈ သက်စောင့်ဆေးပင်တစ်မျိုးဖြစ်သည်။၎င်းတွင် ပါဝင်သည့် စိတ်ဝိညာဉ် စွမ်းအင်များက အလွန်ပင် သိပ်သည်းလှသည်။
ထိုနေရာ၌ အလွန်မာကြောသည့် အနက်ရောင်သစ်သီး ခြောက်များလည်းရှိနေသည်။သူတို့ သယ်ဆောင်လာသော ဆေးနံ့သင်းသင်းလေးများက လေထဲ ပြည့်နှက်သွားလေသည်။ရတနာရှစ်သွယ်ကြက်က သူပတ်ပတ်လည်လည်မှ ပါဝင်ပစ္စည်းများကို ဇဝေဇဝါဖြင့် ကြည့်နေလေသည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ပုဖန်၏ လက်ထဲမှ ပေါ်လာသော အစိမ်းရောင်အခိုးအငွေ့များကို ကြည့်နေလေသည်။ကြီးမားသည့် အမဲရောင်တစ်ခု ပေါ်လာပြီး စားပွဲစင်မြင့်နှင့် ကျယ်လောင်စွာရိုက်မိသွားလေသည်။
ရတနာရှစ်သွယ်ကြက်က ထိတ်လန့်သွားပြီးအကူအညီမဲ့စွာ အော်ဟစ်လိုက်လေသည်။ပုဖန် ရတနာရှစ်သွယ်ကြက်ကို နက်နက်ရှိုင်းရှ်ိုင်း တစ်ချက်စိုက်ကြည့်လိုက်သည်။ခံစားချက်မဲ့လှသော မျက်နာအမူအရာကြောင့် ရတနာရှစ်သွယ်ကြက်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။သူ မကောင်းသည့် တစ်စုံတစ်ရာ ဖြစ်တော့မည်ဟု ခံစားမိလေသည်။
"မကြောက်ပါနဲ့ ဒါက ခဏလေးပဲ ကြာမှာပါ..."
ရတနာရှစ်သွယ်ကြက်၏ ကြောက်ရွံ့နေသော အမူအရာကို မြင်သောအခါ ပုဖန် လက်ဆန့်ထုတ်၍ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ကာ စိတ်အေးချမ်းအောင် နှစ်သိမ့်ပေးလိုက်သည်။
ပုဖန်၏ နှစ်သိမ့်မှုကြောင့် စိတ်အေးချမ်းသွားပြီး သူ့ခန္ဓာကိုယ်မှ ထောင်ထနေသော အမွှေးများလည်း ပြန်လည် ပိကျသွားသည်။
ဝှစ်...
အလင်းရောင်တစ်ချက်လက်သွားသည်ကို မြင်လိုက်ရပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံး လေအေးထဲ နစ်မြှုပ်သွားသည်ကို ခံစားလိုက်ရသည်။နှုတ်သီးကို ကျယ်ကျယ်ဖွင့်ဟ၍စတင်၍ အော်ဟစ်လေတော့သည်။
ပုဖန်က တောက်ပလှပြီး ဖိအားပြင်းသည့် ဓားထက်ထက်တစ်ချောင်းကို ကိုင်ထားသည်ကို မြင်လိုက်ရသည်။ထိုဓား၏ အော်ရာများက သူ့နှလုံးခုန်နှုန်းများကို မြန်ဆန်လာစေသည်။
ထိုဓားဖြင့်သာခုတ်ပိုင်းခံလိုက်ရလျှင် ပြန်လည်ကုစားဖို့ မဖြစ်နိုင်တော့မှန်းသူကောင်းစွာသိပေသည်။ထိုဓားက အလွန်ပင်အန္တရာယ်များသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။
ပုဖန် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ့၏ လက်ကောက်ဝတ်ကို လှည့်ခါလိုက်သည်။ထက်မြေ့လှသော ဓားသွားက ရတနာရှစ်သွယ်ကြက်နားသို့ တိုးကပ်သွားလေသည်။
ကတော် ... ကတော် ... ကတော်...
ကြက်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားသည်။
"လူသားနဲ့ ကြက်ကြားထဲက ယုံကြည်မှုတွေက ဘယ်ပျောက်သွားတာလဲ...ဘာကြောင့် နင့်ရဲ့ ဓားကိုဆွဲထုတ်လိုက်တာလဲ...ဘာဖြစ်လို့ ငါမနေ့တုန်းက တွေ့ခဲ့တဲ့ ခွေးထက်တောင်မှပဲ ရက်စက်ကြမ်းကြုတ်နေရတာလဲ..."
မူလက ရတနာရှစ်သွယ်ကြက်သည် အိပ်မက်မရှိ ရည်မှန်းချက်မရှိသော ကြက်ကလေးတစ်ကောင်မျှသာဖြစ်သည်။သ်ို့သော်လည်း ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို မြင်လိုက်သည့်ခဏ၌ သူ့၌ အိပ်မက်များ ရှိလာပေပြီ။သူ့အိပ်မက်က အလွန်ရိုးရှင်းလှပေသည်။သူ ထိုဓားဖြင့် ခုတ်ဖြတ်မခံလိုခြင်းသာဖြစ်သည်။
သူ ခေါင်းမော့လိုက်ပြီး တောင်ပံကိုဖြန့်ကား၍ အသဲအသန် ခတ်လိုက်သည်။သူ့ခန္ဓာကိုယ်က စင်မြင့်ပေါ်မှ ကြွတက်သွားလေသည်။၎င်းက ပျံသန်းသွားလေသည်။တကယ်တမ်းတွင် သူ့၏ ဆူဖြိုးလှသော ခန္ဓာကိုယ်ကို တောင်ပံ တစ်ချောင်းတည်းဖြင့် မထောက်ပံ့ပေးနိုင်ပေ။
သို့သော်လည်း ကြေးဝါစင်မြင့်ပေါ်မှ ခုန်ချ ထွက်ပြေးဖို့တော့ ဖြစ်နိုင်ပေသည်။ကြက်က ထွက်ပြေးသွားလေပြီ။
ပုဖန်က စင်မြင့်ပေါ်တွင် ပြုတ်ကျကျန်ခဲ့သည့် ကြက်တောင်ပံမွှေးများကို ဗလာမျက်နာဖြင့် ကြည့်လိုက်သည်။
ဒိုင်လူကြီးချုပ်နှင့် ပရိတ်သတ်များလည်း ကြောင်အနေမိကြသည်။ပုဖန်လည်း ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်၍ ဘာလုပ်ရမည်မသိ ကြောင်နေမိသည်။
"ရှစ်လေး ဒီကိုမြန်မြန်ပြန်လာခဲ့ မပြေးနဲ့..."
ပုဖန် တစ်ချက်မဲ့လိုက်သည်။ထိုကြက်က အဆင်အခြင်မဲ့လှပေသည်။သူ ကြေးဝါ စင်မြင့်ဆီမှ လျှောက်လာခဲ့ပြီး ရတနာရှစ်သွယ်ကြက်နားသို့ ချဉ်းကပ်လာခဲ့သည်။
ရတနာရှစ်သွယ်ကြက်က ကတော် ကတော် မြည်ကြွေးရင်း သူ့၏ ဖင်ကို ယမ်းခါလိုက်လေသည်။ရောင်စုံလှသော အမွှေးအတောင်များ လေထဲသို့ လွင့်ပျံသွားသည်။သူ့၏ တောင်ပံ တစ်ဘက်ကို ကြိုးစားပမ်းစားခတ်၍ အဝေးသို့ ထွက်ပြေးပြန်သည်။
"သောက်ကျိုးနဲ ဘာတွေ ဖြစ်နေတာလည်းဟ ... ငါ ပြိုင်ပွဲအတုကြီး ကြည့်နေရတာလား...အဲ့ဒီစားဖိုမှူးရဲ့ ကြက်က ထွက်ပြေးသွားပြီ...အရမ်းမော်ကြွားလွန်းတဲ့ကြက်ပဲ ... ဒီကြက်က ကမ္ဘာပေါ်မှာရှိတဲ့ ကြက်အားလုံးရဲ့ စံပြကြက်ပဲ ဖြစ်ရမယ်...ဒီကြက်က ဘယ်လိုမျိုးတိုက်ခိုက်ရမယ်ဆိုတာကို သိနေတယ်..."
ထိုမြင်ကွင်းကိုကြည့်၍ ပရိတ်သတ်များရယ်ရမလို ငိုရမလိုဖြစ်နေပေသည်။ဖျက်မြင်းစားဖိုမှူးက ပြိုင်ပွဲအတွင်းတွင် မှားယွင်းသည့် ပါဝင်ပစ္စည်းကို ရွေးချယ်ခဲ့မိပုံပေါ်သည်။
သူ့၏ ပါဝင်ပစ္စည်းက တကယ်တမ်းတွင် မော်ကြွားသည့် ကြက်တစ်ကောင်ဖြစ်နေပေသည်။ရတနာရှစ်သွယ်ကြက်ဆီသို့ တဖြေးဖြေးချင်းတိုးကပ်သွားနေသော ပုဖန်ကိုကြည့်ကာ ပရိတ်သတ်များ မထိန်းနိုင်ပဲ ရယ်မောလိုက်ကြသည်။
ကြက်က ထွက်ပြေးလေလေ ရယ်သံများက ပိုကျယ်ကျယ်လာလေလေဖြစ်သည်။ပုဖန်က ကြက်နှင့် နှစ်လမ်းလောက်ပဲ ကွာဝေးတော့မည့်အချိန်တွင် ကြက်က ထွက်ပြေးပြန်သည်။ယခု သူတို့နှစ်ယောက်က စင်ပေါ်တွင် စိန်ပြေးလိုက်တိုင်း ကစားနေကြပေသည်။
ပုဖန်၏ ခံစားချက်မဲ့လှသော မျက်နာက မဲမှောင်လာပေပြီ။အစစ်အမှန် စွမ်းအင်များကို ဖော်ထုတ်လိုက်ပြီး လျှပ်စီးကဲ့သို့ လျှင်မြန်လှသော အရှိန်ဖြင့် တိုးကပ်သွားလိုက်သည်။
"ရှစ်လေး မပြေးနဲ့ ..."
ပုဖန် မည်မျှပင်ခေါ်ခေါ် ထ်ိုကြက်က ပြန်မလာပေ။သူက ကြက်ရူးတစ်ကောင်ကဲ့သို့ စင်ပေါ်တွင် ပတ်ပြေးနေလေသည်။ဒိုင်လူကြီးချုပ်က ထိုအဖြစ်အပျက်ကို ရယ်မောသည်က မှားသည်ဟု ခံစားမိလေသည်။သို့သော်လည်းသူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
မျက်နာသေဖြင့် ကြက်ကို လိုက်ဖမ်းနေသော ပုဖန်နှင့် သူ့၏ တင်ပါးကို ပုဖန်ကို ယမ်းယမ်းပြနေသော ကြက်...
ထိုမြင်ကွင်းက ရယ်စရာကောင်းလှပေသည်။
ဖူး...
နောက်ဆုံးတော့ သူ မထိန်းချုပ်နိုင်တော့ပဲ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ကတော်...ကတော်...ကတော်...
ဒိုင်လူကြီး၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။ထိုကြက်က တောင်ပံတစ်ဖက်ကိုဖြန့်ကား၍ သူ့ဆီသို့ တည့်တည့်ကြီး ပျံသန်းလာလေ၏။
ကြက်က သူ့ခေါင်းပေါ်သို့ ခုန်တက်သွားပြီးနောက် လေထဲသို့ လွင့်မျောသွားကာ စင်ပေါ်သို့ နောက်တစ်ဖန် ပတ်ပြေးပြန်လေသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။
"ရယ်လေ ဘာလို့ ဆက်မရယ်တော့တာလဲ..."
ရတနာရှစ်သွယ်ကြက်သည် နတ်ဘုရားတစ်ပိုင်း သားရဲ တစ်ကောင်ဖြစ်သည်။ထို့ကြောင့် သူ့၌ တိုက်ခိုက်ရေးစွမ်းရည်များလည်းရှိနေပေသည်။ထိုအပြင် ၎င်း၏ အရှိန်ကလည်း သာမန်မဟုတ်ပေ။
မသေမျိုးနယ်ပယ် ပညာရှင်များပင်လျှင်ထိုကြက်ကို ခက်ခက်ခဲခဲဖမ်းရပေသည်။ထ်ိုအချိန်၌ ဒေါသထွက်သွားပြီဖြစ်သော ဒိုင်လူကြီးကလည်း ပုဖန်နှင့် ပူးပေါင်းကာ ကြက်ကိုလိုက်ဖမ်းနေပေပြီ။သို့သော်လည်း သူတို့နှစ်ယောက် ဖမ်းမမိနိုင်သေးပေ။
ပရ်ိတ်သတ်များကြားတွင် ထိုင်နေသော နန်ကုန်းဝူချယ်ကလည်း သူ့ပေါင်ကို တဖြန်းဖြန်းရိုက်၍ ရယ်မောနေပေသည်။ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့မိပေ။
ပုဖန်၏ နည်းလမ်းများအရ ကြက်ကို ကိုင်တွယ်ရန် လုံးဝ ပြဿနာမရှိဘူးဟု ထင်ခဲ့မိသည်။မူလက ဆေးနန်းတော်ထဲတွင် လှည့်ကွက်များစွာကို အသုံးပြုပြီး ထိုကြက်ကို ရယူခဲ့ခြင်းဖြစ်သည်။သူနှင့် ထ်ိုကြက်ယှဉ်လိုက်လျှင် သူကလည်းအလွန်နှေးကွေးပေသည်။
ကတော်...ကတော်...ကတော်...ကတော်...
ကတော်...ကတော်...ကတော်...
စင်ပေါ်၌ ကြက်အော်သံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။ရတနာရှစ်သွယ်ကြက်က ခေါင်းကို မြင့်မြင့်မော့၍ ဝင့်ကြွားဟန်အပြည့်ဖြင့် သူ့၏ အိပ်မက်ကို လိုက်ဖမ်းနေပေသည်။
သူ့၏ အိပ်မက်က ပြေးရန်ဖြစ်သည်။
....
ပြိုင်ကွင်းအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မောင်ရှီမသိပေ။သူ့၏ မျက်ဝန်းထဲတွင် အနက်ရောင်မီးတောက်များသာ ပြည့်နှက်နေပေသည်။
မီးတောက်များ တောက်လောင်လာသည်နှင့် သူ့ခန္ဓာကိုယ်မှ စိတ်စွမ်းအားများ ထွက်ပေါ်လာသည်။သူ သူ့၏ စိတ်စွမ်းအားကို အသုံးပြု၍ ဆေးမီးဖိုထဲမှ ပါဝင်ပစ္စည်းများအားလုံးကို လွှမ်းခြုံလိုက်သည်။ထို့နောက် မီးထဲသို့ ပစ်ထည့်လိုက်သည်။မကြာခင်မှာပင် ဆေးဖက်ဝင် အပင်များအားလုံးက အရည်ပျော်လာလေသည်။
ဆေးရည်များက ဆေးမီးဖိုထဲတွင် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်း၍ လှည့်ပတ်နေလေသည်။၎င်းက အလွန်ပင် အရောင်စုံလှပလှသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
လှပလှသော မြင်ကွင်းထဲတွင် မောင်ရှီကိုယ်တိုင်ပင် ယစ်မူး နေမိသည်။သူစိတ်ဝိညာဉ်ကိုပင် သူ ပြန်လည် ဆွဲမထုတ်နိုင်ဖြစ်နေ၏။
မောင်ရှီသည် သူ့ကိုယ်သူ အမြဲတမ်းမြင့်မြင့်မှန်းထားသည့် သူတစ်ယောက်ဖြစ်သည်။သူ၏ ပြိုင်ဘက်အဖြစ် မုပိုင်တစ်ယောက်တည်းသာလျှင်ထိုက်တန်သည်ဟု ထင်ထားခဲ့သူဖြစ်သည်။
သူက ပုဖန်ကို မျက်လုံးထဲပင် ထည့်မထားခဲ့ပေ။အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေဖြင့် စားဖိုမှူး တစ်ယောက်နှင့် ယှဉ်ပြိုင်ရသည်မှာ အဓိပ္ပါယ်မရှိဟုသာ ခံစားမိလေသည်။
ထို့ကြောင့် သူ ပုဖန်ကို ဂရုစိုက်ခြင်းမရှိပဲ ဆေးလုံးသန့်စင်မှုကိုသာ အာရုံစိုက်ထားလေသည်။ထိုအခ်ျိန်တွင် ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်ကိုသူကြားလိုက်ရသည်။
"လခွမ်း...ကြက်အော်သံက ဘယ်ကရောက်လာတာလဲ..."
မောင်ရှီ ခဏမျှ အေးခဲသွားသည်။ရုတ်တရက် စူးရှသည့် ကြက်အော်သံက သူ့စိတ်ထဲ ဝင်ရောက်လာသောကြောင့် သူ သတိလက်လွတ်မလိုပင် ဖြစ်သွားမိသည်။
ထိုခဏမှာပင် သူ့၏ မျက်ဝန်းများက နက်မှောင်သွားသည်။သူ့၏ အသက်ရှုသံများကလည်း ပြင်းပြလာလေသည်။သူ့စိတ်စွမ်းအားက စတင်ရှုပ်ထွေးလာပေပြီ။
"အား...ဒီကြက်က ဘယ်ကရောက်လာတာလဲ...ဘာလို့ ငါ့ရဲ့ ဆေးမီးဖိုဆီ ပြေးလာရတာလဲ..."
ထိုကြက်က ကြီးမားလေးလံလှသည့် ဆေးမီးဖိုပေါ်တွင် ဝင့်ကြွားသည့် အမူအရာဖြင့် ရပ်နေလေသည်။မောင်ရှီ၏ မျက်လုံးပြူးများနှင့် ကြက်၏ မျက်လုံးပြူးများ ထိပ်တိုက် တွေ့ဆုံ သွားကြသည်။လူတစ်ယောက်နှင့် ကြက်တစ်ကောင်က ကိုးယို့ကားယားအခြေအနေဖြစ် စိုက်ကြည့်နေလေသည်။
"ရှစ်လေး အရှုပ်တွေ လျှောက်လုပ်မနေနဲ့တော့ တခြားသူတွေက ဆေးလုံးသန့်စင်နေတယ် မင်းပိုပြီးတော့ ဂရုစိုက်သင့်တယ်..."
ခပ်လှမ်းလှမ်းမှ ပုဖန်က ထိုမြင်ကွင်းကိုမြင်လိုက်သည်နှင့် ပို၍ အရှိန်တင်၍ လျှောက်လှမ်းလာသည်။ပုဖန်၏ အော်သံကြောင့် ချာခနဲလှည့်ကြည့်လိုက်သည်။သူ့၏ မော်ကြွားနေသော အမူအရာက ပျောက်ကွယ်သွားလေပြီ။
"ပြိုင်ပွဲဝင် မောင်ရှီ မင်းစိတ်အေးအေးထားရမယ်နော်...ယခု မင်းရဲ့ ဆေးလုံး သန့်စင်မှုက အရေးကြီးဆုံးအပိုင်းကို ရောက်နေပြီ...မင်းရဲ့ စိတ်နှလုံးက အေးချမ်းနေမှရမယ်...မင်းရဲ့ စိတ်စွမ်းအားလှိုင်းတွေက အရမ်းလှုပ်ရှားနေလို့ မရဘူး..."
ကြီးမားသည့် အရာတစ်ခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရပြီး ဒိုင်လူကြီး၏နှလုံးသား တင်းကျပ်သွားသည် သူ မောင်ရှီကို အလျှင်အမြန်ပင် အကြံပြုလိုက်သည်။
"ရှစ်လေး လိမ်မာနော် ပြဿနာရှာနေတာ ရပ်ပါတော့..."
မောင်ရှီ အသက်ပြင်းပြင်းရှိုက်ရှုလိုက်ပြီး သူစိတ်ငြိမ်သက်အောင် ပြုလုပ်နေသည်။
"မင်း... ငတုံး စားဖိုမှူး မင်းရဲ့ ကြက်ကို မြန်မြန်ယူသွားလိုက်စမ်း..."
မောင်ရှီက အေးစက်ခက်ထန်စွာပြောလိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း အနက်ရောင်မီးတောက်များ တောက်လောင်နေပေပြီ။
"ကောင်းပြီ...ရှစ်လေး မင်းကြားလား...ဒီလူက မင်းကို ရွံရှာ နေတယ် ဒီဘက်ကို မြန်မြန်လေး ပြန်လာခဲ့လိုက်..."
ပုဖန် မောင်ရှီ၏ စင်မြင့် နားသို့ လျှောက်လာရင်းဖြင့် လှမ်းပြီး ညွှန်ကြားနေသည်။ရတနာရှစ်သွယ်ကြက်က ထပ်မံအော်လိုက်ပြီးနောက် ပုဖန်ကို ကြည့်နေရာမှ မောင်ရှီဘက်သ်ို့ ပြန်လှည့်သွားသည်။
မောင်ရှီက ပြန်လည် စိုက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့် ဟန့်ခနဲ နှာမှုတ်လိုက်သည်။ရုတ်တရက် ရတနာရှစ်သွယ်ကြက်က ပုဖန်နီးကပ်လာသည်ကို ခံစားမိလိုက်သည်။သူ့၏ တောင်ပံကို ဖြန့်ကားလိုက်ပြီး ခြေထောက်များကို လှုပ်ရှားကာ ထပ်မံ ပြေးရန် ကြံစည်လိုက်သည်။
သူက အားယူ၍ မောင်ရှီ၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ထို့နောက် ပုဖန်နှင့် အရင်ကထက် ပိုဝေးဝေးပြေးရန် ကြိုးစားလိုက်သည်။သို့သော်လည်း သူ ထွက်မပြေးနိုင်ခင်မှာပင် ရတနာရှစ်သွယ်ကြက်၏ အနောက်ဆီမှ တစ်စုံတစ်ခု ပြုတ်ကျလာပြီး မောင်ရှီ၏ ဆံပင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ပုဖန် မောင်ရှီနှင့် ပရ်ိတ်သတ်များအားလုံး တောင့်တင်းအေးခဲသွားကြလေသည်။နောက်ခဏအတွင်းမှာပင် မောင်ရှီ၏ စိတ်စွမ်းအားများက ပရမ်းပတာ ဖြစ်လာပြီး ဆေးမီးဖိုက စတင် ဆူပွက်လာလေသည်။အလွန်ပင် ဒေါသကြီးသည့် အော်သံတစ်ခု ထွက်ပေါ်လာလေသည်။
"သေသင့်တဲ ကြက်စုတ်ကြက်နာ ငါခေါင်းပေါ် ချီးပါချရဲတယ်ပေါ့ အား..."