အပိုင်း ၅၃၉
Viewers 53k

အခန်း.၅၃၉

ဒီကြက် သေရမယ်...


မောင်ရှီ၏ ဒေါသတကြီး အော်သံက ရင်ပြင်ကျယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။လူအားလုံး အမူအရာမဲ့စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။


"ဒီကြက်က တကယ်ကြီး မောင်ရှီရဲ့ ခေါင်းပေါ် ချီးပါချရဲတယ်..."


လူအားလုံး၏ မျက်နာအမူအရာက ထူးဆန်းနေကြပြီး သူတို့အားလုံး ပြောစရာစကားမဲ့နေကြသည်။ရုတ်တရက် လူတိုင်း မောင်ရှီရပ်နေသည့်နေရာသို့ ကြည့်မိလိုက်ကြသည်။ထိုနေရာရှိ လေထုက စတင်တုန်ခါလာပြီး ကျယ်လောင်သည့်အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။


ဆေးမီးဖို အတွင်းမှ ပြင်းထန်လှသော အားလှိုင်းများ စတင်ထွက်ပေါ်လာသည်။ကြည့်ရသည်မှာ ၎င်းက ပေါက်ကွဲတော့မည့်ပုံပေါ်လေသည်။ပုဖန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နောက်သို့ အလျှင်အမြန် ပြန်ဆုတ်လိုက်သည်။


ဒိုင်လူကြီးမင်းလည်း နှုတ်ခမ်းတင်းတင်းစေ့လိုက်မိပြီး လေအေးတစ်ချက်ရှုရှိုက်လိုက်မိသည်။သူ မခံချိမခံသာ ဖြစ်နေသော မောင်ရှီကို လှမ်းကြည့်လိုက်၏။


သူက သူ့ဒေါသများကို မထိန်းချုပ်နိုင်တော့ပေ။ထိုရလဒ်အရ သူ့၏ ဆေးမီးဖိုက ပေါက်ကွဲပေတော့မည်။ဆေးမီးဖိုဆီမှ ကျယ်လောင်လှသော အသံများထွက်ပေါ်လာသည်။စွမ်းအင်လှိုင်းလုံးများ လှိမ့်တက်လာပြီး စင်ပေါ်၌ စွမ်းအင်လှိုင်းများ ပြည့်နှက်သွားလေသည်။


ထိုလှိုင်းများကို သယ်ဆောင်ထားသည့် အနက်ရောင်မီးတောက်များက ကောင်းကင်ထက်ဆီသို့ ထိုးတက်သွားလေသည်။မောင်ရှီ၏ ရှေ့မှ ကြီးမားလှသည့် ဆေးမီးဖိုက ပြင်းထန်စွာ ပေါက်ကွဲသွားပြီးနောက် ဆေးရည်များ အဘက်ဘက်သို့ လွင့်စင်သွားလေသည်။


အားလုံး ကြောင်အ တိတ်ဆိတ်သွားကြသည်။


"မောင်ရှီ ...တကယ်ပဲ သူ့မီးဖိုက တကယ်ကြီး ပေါက်ကွဲသွားပြီ..."


ပုဖန် အံ့အားတသင့်နှင့် မျက်တောင်ခတ်လိုက်မိသည်။


"ဒီလူရဲ့ မီးဖိုက တကယ်ကြီး ပေါက်ကွဲသွားပြီလား...ခဏနေဦး သူ့မီးဖို ပေါက်ကွဲသွားအောင် ငါလုပ်လ်ိုက်တာမဟုတ်ဘူးလေ အဲ့ဒါက ရတနာရှစ်သွယ်ကြက် လုပ်လိုက်တာ..."


ဆေးမီးဖိုပေါက်ကွဲမှုက ရတနာရှစ်သွယ်ကြက်ကိုလည်း အဝေးသို့ လွင့်ထွက်သွားစေသည်။သူက လေထဲတွင် ကြိုးစား၍ အတောင်ပံခတ်လိုက်ပြီးနောက် တစ်နေရာသို့ ပြုတ်ကျသွားလေသည်။


ပုဖန်လည်း ကြောင်အနေရာမှ ပြန်လည် သတိဝင်လာပြီး အရှေ့သို့ အလျှင်အမြန်လှမ်းလိုက်ကာ ရတနာရှစ်သွယ်ကြက်ကို ဖမ်းဆုပ်ထားလိုက်သည်။


ရတနာရှစ်သွယ်ကြက်က ပုဖန်ကို မြင်လိုက်သည်နှင့် သူ့၏ ခေါင်းက ဆတ်ခနဲ ပျော့ကျသွားကာ သေချင်ယောင်ဆောင်နေလေသည်။ပုဖန် ပြောစရာစကားမဲ့သွားလေသည်။ဒီကြက်က တကယ့်ကို မျက်နာပြောင်တိုက်လွန်းလှသည်။


ပြိုင်ကွင်းစင်မြင့်ပေါ်သို့ တိုက်ခိုက်လာသော လေပြင်းများက ဖုံးလွှမ်းနေသည့် အနက်ရောင်မီးခိုးငွေ့များကို ဖယ်ရှားပေးလိုက်သည်။စင်မြင့်ပေါ်၌ အဆုံးအစမဲ့ အော်ရာများကို ထုတ်လွင့်နေသည့် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ကြရသည်။မောင်ရှီ၏ မျက်ဝန်းများက မီးတောက်နေပေပြီ။


သူ့ဆေးမီးဖို ပေါက်ကွဲသွားတယ် သူ့ ဆေးမီးဖိုက တကယ်ကြီး ပေါက်ကွဲသွားတယ်...


၎င်းက ပုဖန်ကြောင့်လည်း မဟုတ်သလို သူ့၏ အမှားတစ်စုံတစ်ရာကြောင့် လည်း မဟုတ်ပေ။၎င်းက သူ့ခေါင်းပေါ်သို့ ချီးပါချသွားသော ကြက်ကြောင့်ဖြစ်သည်။


သူ ဖြစ်နိုင်ချေရှ်ိသည့်အကြောင်းအရင်းများစွာက်ို စဉ်းစားပြင်ဆင်ခဲ့သော်လည်း နောက်ဆုံး သူ့မီးဖိုက ပေါက်ကွဲသွားရပေသည်။ပုဖန် ပြောခဲ့သည့် စကားကို ရုတ်တရက် ပြန်သတိရသွားပြီး ရှက်ရွံ့စိတ်ပျက်မှုကို ခံစားလိုက်ရသည်။


"ဒီကြက်...ဒီကြက်သေရမယ်..."


မောင်ရှီ၏ အေးစက်လှသော အကြည့်များက ပုဖန်ဆီသို့ ရောက်လာသည်။သူ့၏ အကြည့်များက အေးစက်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပေပြီ။


"ပြိုင်ပွဲဝင် မောင်ရှီ စိတ်အေးအေးထားပါ အခု မင်းရဲ့ ဆေးမီးဖိုက ပေါက်ကွဲသွားပြီ မင်းဆက်ပြီး ပြိုင်ပွဲဝင်ချင်သေးလား..."


ဒိုင်လူကြီးက မောင်ရှီ၏ အမူအရာကိုကြည့်၍ ကို့ယို့ကားယားဖြင့်မေးလိုက်သည်။


ပုဖန် ဒီလိုပုံစံနဲ့ အနိုင်ရသွားတော့မှာလား ...


အကယ်၍ ပုဖန်သာဒီလိုနည်းဖြင့် အနိုင်ရသွားလျှင် ပြိုင်ပွဲကို မြင့်မြင့်မားမားမျှော်မှန်းထားကြသူများအားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားပေလိမ့်မည်။မောင်ရှီ ဒိုင်လူကြီးကို တစ်ချက်ကြည့်၍ အေးစက်စွာပင် ပြောလိုက်သည်။


"ဒါပေါ့ ဒီပြိုင်ပွဲကို ဆက်လုပ်ရတာပေါ့ ငါမရှုံးသေးဘူး..."


ဝီ...


စွမ်းအင်လှိုင်းတစ်လှိုင်းထွက်ပေါ်လာပြီးမောင်ရှီ၏ လက်ထဲတွင် နက်မှောင်နေသည့် ဆေးမီးဖို တစ်ခု ပေါ်လာလေသည်။သူ ဆေးမီးဖိုကို စင်မြင့်ထက်ဆီသို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။


မောင်ရှီ၏ မျက်နာက မိုးတိမ်များကဲ့သို့ မဲမှောင်နေပေသည်။သို့သော်လည်း သူ့၏ အမူအရာက အခါများစွာကဲ့သို့ပင် တည်ကြည်လေးနက်နေတုန်းပင်ဖြစ်သည်။သူ နောက်ထပ် စိတ်ဝ်ိညာဉ် ဆေးပင်များကို ထုတ်ယူလိုက်သည်။


ဒိုင်လူကြီးသာမက ပရိတ်သတ်များပါ ပြောစရာစကားမဲ့စွာ ကြောင်အနေကြသည်။ပုဖန်၏ မျက်နာတွင်လည်း အံ့အားသင့်မှု အထင်းသားပေါ်လွင်နေသည်။


"မောင်ရှီက တကယ်ကြီး ပြင်ဆင်လာတယ်...သူ့ရဲ့ ဆေးမီးဖိုပေါက်ကွဲမှုအတွက်ကိုတကယ် ပြင်ဆင်လာခဲ့တယ်ပေါ့..."


"တောက်ပ ကောင်းကင်မြို့က ပါရမီရှင် အဂ္ဂိရတ်ပညာရှင်ဆိုတဲ့အတိုင်းပဲ သူက ဘာကိုမှ လျစ်လျူရှုမထားဘူး...ကြည့်ရတာတော့ ဒီတစ်ကြိမ် စားဖိုမှူးရှုံးတော့မယ်..."


"မောင်ရှီ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်နိုင်ပြီဆိုတာနဲ့ သူ့မှာ ဘာအခွင့်အရေးမှမရှိတော့ဘူး..."


ပရိတ်သတ်များအားလုံး အံ့အားသင့်နေရာမှ ပြန်လည် သတိဝင်လာကြပြီး တီးတိုးပြောဆိုမှူများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။


ဒိုင်လူကြီးမင်းလည်း သတိပြန်ဝင်လာပြီးနောက် ချောင်းအနည်းငယ်ခန့် ဆိုးလိုက်မိသည်။အတော်ကြာမှသာ ပြိုင်ပွဲ ပြန်လည် စတင်မည်ဖြစ်ကြောင်း ကြော်ငြာလိုက်သည်။


"အဲ့ဒီကြက်က သေရမယ်..."


မောင်ရှီ ပုဖန်ကိုအေးစက်စွာကြည့်၍ ပြောလိုက်သည်။ထို့နောက် သူပုဖန်ဆီသို လျှောက်သွားလိုက်သည်။သူ့ဆီမှ သတ်ဖြတ်ခြင်း အငွေ့အသက်များက ရတနာရှစ်သွယ်ကြက်ပေါ်သို့ ဖြာကျနေလေသည်။


ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။သူဘယ်လိုလုပ်ပြီးရတနာရှစ်သွယ်ကြက်ကို မောင်ရှီအား သတ်ဖြတ်ခွင့်ပေးပါမည်နည်း။ထိုကြက်က နည်းနည်းဆိုးသွမ်းသည်ဆိုသော်လည်းသူ့၏ ကြက်သာ ဖြစ်နေသေးသည်။


"စိတ်မကောင်းပါဘူး...ဒီကြက်က သေလို့မရဘူး..."


သူ့နေရာမှာ ရပ်နေရာမှ အနည်းငယ် အနောက်ကို ဆုတ်လိုက်သည်။သူက ပြတ်ပြတ်သားသားပင် ရတနာရှစ်သွယ်ကြက်ကို ကာကွယ်ရန် ရွေးချယ်လိုက်လေသည်။


"မင်းက သတ်ချင်တယ်ဆိုရင်တောင် ငါခွင့်ပြုလားလို့ မေးရဦးမယ်လေ..."


မောင်ရှီ ရောက်တဲ့နေရာမှာတင် ရပ်လိုက်ပြီး ပုဖန်ကို အေးစက်စွာပင် စိုက်ကြည့်နေလိုက်သည်။


"ကောင်းပြီလေ...အရမ်းကောင်းတယ် မင်းက အဲ့ဒီကြက်ကို ကာကွယ်ချင်နေတယ်ဆိုမှတော့ ဒီပြိုင်ပွဲမှာ အဲ့ဒီကြက်ကို မသုံးနဲ့လေ...မင်းက သူ့ကို အသက်ရှင်လျက် ထားချင်ပါတယ်ဆိုမှတော့ အသက်ရှင်ခိုင်းထားလိုက် ...ဒီပြိုင်ပွဲပြီးသွားရင်တော့ ငါအဲ့ဒီကြက်ကို သေချာပေါက် သတ်ပစ်မယ်..."


ပုဖန်အေးခဲ သွားပြီး မျက်ဝန်းများ မှေးကျင်းလိုက်သည်။ဒီမောင်ရှီက သူ့ကို ထောင်ချောက်ဆင်လိုက်ပေပြီ။


မောင်ရှီက ပုဖန်၏ ရတနာရှစ်သွယ်ကြက်ကို မြင်ကတည်းက သာမန်မဟုတ်မှန်းသတိပြုမိသည်။ထိုကြက်ကိုသာ အသုံးပြု၍ ချက်လိုက်လျှင် ဟင်းပွဲကလည်း တမူထူးခြားနေပေလိမ့်မည်။


ထို့ကြောင့်ပင် သူ ပုဖန်ကို ထောင်ချောက်ဆင်၍ ပြောလိုက်ခြင်းဖြစ်သည်။လူအများ၏ ရှေ့မှောက်၌ ထိုကြက်ကို သတ်၍ မဖြစ်ဘူးဟု ပြောပြီးဖြစ်လေရာ ပုဖန်အနေဖြင့် သူ့စကားကို ပြန်လည် ရုတ်သိမ်းဖို့ မဖြစ်နိုင်တော့ပေ။


"ကောင်းပြီ မင်းတို့နှစ်ယောက် ကိုယ့်နေရာကို ပြန်ကြ ပြိုင်ပွဲဆက်လက် ကျင်းပမယ် ..."


ဒိုင်လူကြီးက မဲမှောင်နေသော မျက်နာထားဖြင့် ပြန်ပြောလိုက်သည်။ပုဖန်၏ မျက်ဝန်းများက ကျဉ်းမြောင်းစူးရှနေပြီး မောင်ရှီ၏ မျက်ဝန်းများက အေးစက်နေသည်။သူတို့ နှစ်ယောက် အကြည့်များ နေရာ၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်မကဲ့သို့ ထင်ရသည်။


"ကောင်းပြီလေ...ငါ ဒီကြက်ကို အသုံးပြုခဲ့ရင် ငါရှုံးတယ်..."


ပုဖန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ထို့နောက် ရတနာရှစ်သွယ်ကြက်၏ခေါင်းကို အသာအယာပွတ်လိုက်ပြီး သူ့စင်မြင့်ရှိရာဆီသို့ ပြန်လျှောက်သွားလိုက်သည်။ရတနာရှစ်သွယ်ကြက်ကို ဘေး၌ ချထားလိုက်၏။


ပုဖန် တစ်ချက်မဲ့ပြုံး ပြုံးလိုက်ပြီးစနစ်၏ သိုလှောင်နယ်မြေထဲမှ လှောင်အိမ်ကြီးတစ်ခုကို ထုတ်ယူလိုက်သည်။သူ လောင်ကျွမ်းနေသည့် မီးတောက်များဖြင့် ဖုံးလွှမ်းနေသော ကြက်တစ်ကောင်ကို ဆွဲထုတ်လိုက်သည်။


ကောင်းကင်ဘုံမီးတောက်ငှက်က ရတနာရှစ်သွယ်ကြက်လောက်မကောင်းသော်လည်းသူ့တွင် ရွေးချယ်စရာမရှိပေ။သူ ဒီကြက်ကိုသာ ချက်ရပေမည်။


ဘေးနားတွင် ရှိနေသော ရတနာရှစ်သွယ်ကြက်က ပုဖန်ဆွဲထုတ်လိုက်သည့် မီးတောက်ကြက်ကို ကြည့်နေသည်။ထို့နောက် သူ တစ်စုံတစ်ခုကိုသိရှိသွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။သူပျော်ရွှင်မြူးတူးစွာဖြင့် အနားတွင် လှည့်ပတ်နေတော့သည်။


ထိုကြက်ကို ဂရုမစိုက်မနေတော့ပဲ စတင်၍ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။သူ ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီးဆန်းပြားစွာဖြင့် လှည့်ပတ်နေလေသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကလည်းကောင်းကင်ကမ္ဘာမြေ မီးလျှံအမျိုးအစားပင်ဖြစ်သည်။စတင်၍ လောင်ကျွမ်းသည်နှင့် မြင့်မားသည့် အပူချိန်ကို သယ်ဆောင်လာသည်။


မောင်ရှီ၏ အကြွင်းမဲ့ အမှောင်မီးလျှံကလည်း စတင်၍ တောက်လောင်လာသည်။သူမျက်လုံးရှေ့မှ အကြွင်းမဲ့ အမှောင်မီးလျှံက အရိုးခေါင်းခွံ ပုံစံ ပုံသဏ္ဍာန်ပေါ်လာလေသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ဒေါသထွက်နေသော ရိုင်းစိုင်းကြမ်းတမ်းသည့် သားရဲ ပုံသဏ္ဍာန်မျိုးစတင်ပုံပေါ်လာပြီး လောင်ကျွမ်းလေသည်။ထိုသားရဲက မည်သည့်သားရဲဟု မပြောနိုင်သော်လည်း သူ့ဆီမှ ထုတ်လွင့်နေသော ဖိအားများကတော့ ကြောက်မက်ဖွယ်ကောင်းလှသည်။။


ကွဲပြားခြားနားသည့် ကောင်းကင်ကမ္ဘာမြေမီးလျှံ အမျိုးအစားနှစ်ခုက တစ်ဦးနှင့်တစ်ဦး အားပြိုင်နေပုံပေါ်လေသည်။ထ်ိုမီးတောက်နှစ်ခုကြားမှ အားပြိုင်မှုကို မြင်ရသောပရိတ်သတ်များက ပို၍ စိတ်လှုပ်ရှားတက်ကြွလာကြသည်။


ပုဖန်က မောင်ရှီကို တစ်ချက်ကြည့်လိုက်ပြီးစိတ်လှုပ်ရှားခြင်းမရှိပဲ သူ့၏ ဟင်းပွဲကို စတင် ပြင်ဆင်လိုက်သည်။သူ ပထမဦးဆုံး ကောင်းကင်မီးတောက်ကြက်၏ အမွှေးများကို စတင်ရှင်းလိုက်သည်။


ထို့နောက် သူ့လက်ထဲမှ ဓားကို လှည့်ကစားလိုက်ပြီး ကြက်အတွင်း ကလီစာများကို ထုတ်ဖယ်လိုက်သည်။လည်ပင်းရိုး ကိုင်ဆန့်၍ အသာလှီးဟ လိုက်၏။တောင်ပံကို ခ်ျိုးလိုက်ပြီး အပေါက်ထဲသို့ ထိုးသွင်းလိုက်သည်။နောက်ထပ် တောင်ပံ တစ်ချောင်းကိုလည်း ထိုးနည်းအတိုင်း ပြုလုပ်လိုက်၏။


ပုဖန်၏ မျက်နာအမူရာကလေးနက်အမူအရာက လေးနက်တည်ငြိမ်နေသည်။သူအားအတော်အသင့်ဖြင့် ကြက်ခြေထောက်ကို ဆွဲဆန့်လိုက်သည်။ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်ထဲသို့ အစစ်အမှန်စွမ်းအင်များကို ဖြည့်သွင်းလိုက်ပြီး ကြက်ခြေထောက်ရိုးကို ရိုက်ချလိုက်သည်။


ပြီးနောက် ကြက်ခြေထောက်နှစ်ချောင်းကို လိမ်ယှက်လိုက်ပြီးဝမ်းဗိုက်ထဲသို့ ထည့်လိုက်သည်။ထိုကြက်၏ ပုံစံက အတော်လေးထူးဆန်းသွားပေသည်။ဘေးနား၌ ရှိနေသောရတနာရှစ်သွယ်ကြက်က ကောင်းကင်မီးတောက်ကြက်၏ ထူးဆန်းလှသော အံ့အအားသင့်စရာ ပုံသဏ္ဍာန်ကိုကြည့်၍ သူ့အမောက်ကလေးပင် တဆတ်ဆတ်တုန်ခါနေပေသည်။


ထိုနည်းလမ်းက အရမ်း ကြောက်စရာကောင်းလွန်းလှသည်။သူ့၏ ရွေးချယ်မှုက မှန်ကန်သွားလေသည်။အကယ်၍ သူသာ ထွက်မပြေးခဲ့လျှင် ယခုပုဖန်ရှေ့၌ လဲလျောင်းသည်က သူကိုယ်တိုင် ဖြစ်နေပေလိမ့်မည်။


ပုဖန် ပြင်ဆင်ပြီးသည့်နောက် ရတနာရှစ်သွယ်ကြက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ကြောက်လန့်လွန်းနေသည့် ကြက်က ချက်ချင်းပင် ခေါင်းပုဝင်သွားလေ၏။ထို့နောက် ပုဖန်က သူ့၏ ကြက်ကိုယ်လုံးကို ဆက်လက်၍ ပြင်ဆင်လိုက်သည်။သူ့ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များကို လက်ညှိုးမှတစ်ဆင့် ကြက်၏ အသားထဲသို့ ထိုးသွင်းလိုက်သည်။ကြက်၏ အသားက ပို၍ နူးညံ့တောက်ပြောင်လာလေသည်။


ပြီးသည်နှင့် သူ နောက်တစ်ဆင့်ကို ဆက်လက်ပြင်ဆင်လိုက်သည်။


သူ အတော်အတန်ကြီးမားသည့် ပန်းကန်လုံးတစ်ခုကို ထုတ်ယူလာလေသည်။ထ်ိုပန်းကန်လုံးထဲတွင် လိမ္မော်ရောင်အရည်များ ပါဝင်လေသည်။


ပရိတ်သတ်များ၏ စူးစမ်းနေသည့် အကြည့်များအောက်မှာပင် ပုဖန်က ထိုလိမ္မော်ရောင်အရည်များကို ကြက်ပေါ်သို့ လောင်းချလိုက်သည်။ကြက်တစ်ကောင်လုံးကို အရည်များအားလုံး ဖုံးလွှမ်းသွားသည်နှင့် ထိုကြက်ကို ဘေး၌ချထားလိုက်သည်။ပြီးသည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးကို အပူပေးလိုက်ပြီးဆီအတော်အသင့် ထည့်ထားလိုက်သည်။


ဆီများဆူပွက်လာအောင် ခဏမျှစောင့်နေလိုက်သည်။သူ ဆီအိုး၏ အပေါ်၌ လက်ကိုထားကြည့်၍ ဆီအပူချိန်ကို စမ်းသပ်လိုက်သည်။လုံလောက်သည့်အပူချိန်ကို ရသည်နှင့် လိမ္မော်ရောင်သန်းနေပြီဖြစ်သော ကြက်တစ်ကောင်လုံးကို ဆီပူထဲ နစ်၍ ကြော်လိုက်လေသည်။


ရွဲ...ရွဲ...ရွဲ...


ဆီအိုး၏ မျက်နာပြင်၌ ပူဖောင်းများ အဆက်မပြတ်ထလာလေသည်။ကြက်သား ဆီထဲ နစ်မြှုပ်သွားသည်နှင့် စတင်၍ လောင်ကျွမ်းလာသလို ထင်ရလေ၏။ကြက်၏ အရောင်က မျက်စိဖြင့် မြင်နိုင်သော အရောင်အလျှင်နှုန်းဖြင့် အရောင်ပြောင်းလဲသွားသည်ကို ကြည့်ရသည်မှာတကယ့်ကို မိုက်လှသည်။


သိပ်မကြာခင်မှာပင် ကြက်တစ်ကောင်လုံး ရွှေည်ိုရောင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။ကြက်ဆီမှ မွှေးရနံ့သင်းသင်းလေးလည်း ဝေ့ဝဲထွက်ပေါ်လာ၏။


ကြက်ကြော်၏ မွှေးရနံ့လေးက ဆွဲဆောင်မှုကောင်းလွန်းလှသည်။ပရိတ်သတ်များက ထ်ိုအနံ့ကောင်းလေးများကို အားရပါးရ ရှုရှိုက်နေကြသည်။သူတို့ အမွှေးရနံ့များကို နောက်တစ်ကြိမ် ထပ်ရပြန်လေပြီ။


သူတို့ ပုဖန်ကို ကြည့်သည့်အခါတိုင်း စိတ်ကျေနပ်မှုကို ရရှိကြလေသည်။အကြိမ်တိုင်းအကြိမ်တိုင်း မွှေးပျံ့လှသော ရနံ့အသစ်များကို ရရှိရလေသည်။


ပုဖန် ကြက်ကြော်ကို ဆီအိုးထဲမှ ပြန်လည် ဆယ်ယူလိုက်သည်။ဆီစစ်ပြီးနောက် ဘေးတစ်ဖက်၌ ချထားလိုက်၏။


ကြက်ကြော်စီမှ အပူငွေ့လေးများ လွင့်ထွက်နေသည်။ပုဖန်၏ ဟင်းပွဲက မပြီးသေးပေ။ယခုမှ တစ်ဝက်မျှသာ ပြင်ဆင်ပြီးသေးသည်။သူ အိုးထဲမှ ဆီများကို သန့်စင်လိုက်ပြီး နောက်ထပ်တစ်ဆင့်ကို စတင်လိုက်သည်။ယခုအပိုင်းက ပို၍ အရေးကြီးပေသည်။


ခပ်လှမ်းလှမ်းတွင်ရှိနေသော မောင်ရှီက စိတ်တည်ငြိမ်စွာဖြင့် သူ့၏ ဆေးလုံးသန့်စင်ခြင်းကိုသာ အာရုံစိုက်ထားလိုက်သည်။သူ အံတင်းတင်းကြိတ်၍ စိတ်စွမ်းအားများကို အပြည့်အဝ အားထုတ်ထားလိုက်သည်။


သူ့၏ ပတ်ဝန်းကျင်၌လည်း တုန်ခါသံများ ထွက်ပေါ်နေသည်။သူ့၏ ဆေးမီးဖိုဆီမှ မွှေးရနံ့သင်းသင်းလေးများ ထွက်ပေါ်လာလေသည်။သူ ဆေးလုံးသန့်စင်နေချိန်မှာပင်ရုတ်တရက် မျက်မှောက်ကြုတ်လ်ိုက်သည်။


ပုဖန်၏ စင်မြင့်ထက်ဆီမှ သန်မာလှသော မွှေးရနံ့သင်းသင်းလေးများ ထွက်ပေါ်လာသောကြောင့် သူ နှလုံးခုန် မြန်သွားလေသည်။မောင်ရှီ၏ မျက်ဝန်းများက နီရဲနေပေသည်။သူမျက်လုံးမှိတ်၍ အံတင်းတင်းကြိတ်ထားလိုက်သည်။


သူအလွန်ဒေါသထွက်နေပြီဖြစ်သောကြောင့် လက်စားပြန်ချေဖို့ တွေးထားလေသည်။ထိုအနှောင့်အယှက်များကို တွန်းလှန်နိုင်သော်လည်း သူ့၏ စိတ်နှလုံးက တည်ငြိမ်မှုမရှိတော့ပေ။ပြိုင်ပွဲတစ်ခုအတွင်းမှာပင် ဆေးမီးဖိုနှစ်ခါ ပေါက်ကွဲမည်ကို စ်ိုးရွံ့နေမိသည်။


ဆေးမီးဖို နောက်တစ်ကြိမ် ပေါက်ကွဲမည့်ဒဏ်ကို သူခံနိုင်ရည်မရှိပေ။ဒီဟာက သူ့၏နောက်ဆုံးဆေးမီးဖ်ိုဖြစ်သည်။ဒီတစ်ကြိမ်သာ ပေါက်ကွဲလျှင် သူရှုံးရပေလိမ့်မည်။


ပုဖန်က မောင်ရှီ၏ စိတ်သောကများကို မသိသေးပေ။သူက မဟူရာလိပ်ခုံးဒယ်အိုးထဲသ်ို့ နွေဦးစမ်းရေများ ဖြည့်လိုက်ပြီး ရွှေည်ိုရောင်သန်းအောင် ကြော်ထားပြီဖြစ်သော ကြက်ကြော်ကိုနစ်လ်ိုက်သည်။


ကြက်တစ်ကောင်လုံး နွေဦးစမ်းရေထဲသို့ နစ်မြှုပ်သွားလေသည်။ခဏအကြာ၌ ရေများဆူပွက်လာပြီး ကြက်သားကရေမျက်နာပြင်ပေါ်သို့ ပြန်တက်လာသည်။

သူ မီးတောက်၏ အရှိန်ကို ထိန်းချုပ်လိုက်ပြီး တဖြေးဖြေးချင်း လျှော့ချလိုက်သည်။အိုးထဲမှ ဆူပွက်နေသော ပူစီဖောင်းများကလည်း တဖြေးဖြေးတဖြေးဖြေး ငြိမ်သက်လာလေသည်။ပုဖန်မျက်လုံးမှိတ်၍ လက်ပိုက်ထားလိုက်သည်။သူ့၏ စိတ်စွမ်းအင်ကို ထပ်မံဖော်ထုတ်လိုက်ပြီး ကြက်သားထဲသို့ စီးဆင်းစေကာ ထပ်မံ လှည့်ပတ်စေလိုက်သည်။


စိတ်ဝိညာဉ် စွမ်းအင်များက သဟဇာတ ဖြစ်လာပြီးနောက် မွှေးရနံ့များ ပိုမို သိပ်သည်းစွာ ထွက်ပေါ်လာသည်။ဒီတစ်ကြိမ် မွှေးရနံ့များက သိပ်သည်းလှသည့်အပြင် အံ့သြသင့်ဖွယ်ရာဆေးနံ့မွှေးမွှေးလေးများလည်းတွဲလျက် ပါလာလေသည်။


ပြိုင်ကွင်း ဧရိယာတစ်ခုလုံးကို မွှေးကြိုင်သင်းပျံ့လှသော ရနံ့များ ဖုံးလွှမ်းသွားလေသည်။ပရိတ်သတ်များက လေကိုအဆတ်မပြတ် ရှုရှိုက်နေကြရင်းဖြင့် မျက်နာပေါ်တွင် ရစ်မူး စွဲမက်နေသည့် အမူအရာများ ပေါ်လာလေသည်။


ဒိုင်လူကြီးမင်းလည်း မွှေးရနံ့များ ရှုရှ်ိုက်ရင်း ပုဖန်၏ ဘေးနားသို့ မသိမသာ တိုးကပ်သွားမိလေသည်။တဖြေးဖြေးချင်း ပိုမို သိပ်သည်းလှသောမွှေးရနံ့များက စိတ်ဝိညာဉ် ပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သ်ို့ ထင်မှတ်ရစေသည်။


မွှေးရနံ့များက ခြေဆန့် ခရီးနှင်နေပြီး ပန်းလေးတစ်ပွင့် ပွင့်လန်းလာမည့် အချိန်ကို စောင့်မျှော်နေကြလေသည်။သို့သော်လည်းထိုနေရာ၌ မွှေးနံ့များကြားထဲ၌ မပျော်ရွှင်သည့်သူ တစ်ယောက်ရှိနေသည်။


သိပ်သည်းလှသော အနံ့များကြောင့် မောင်ရှီ၏ နှလုံးသားက တင်းကျပ်သွားလေသည်။