အပိုင်း ၅၄၀
Viewers 62k

အခန်း ၅၄၀

ကောင်းကင်မီးလျံ ကြက်ကောင်လုံးနှပ်...


ပွဲကြည့်စင်ထက်တွင် ခြေခ်ျိတ်ထိုင်နေသော မြင့်မြတ်သော မိန်းမပျို၏ အမူအရာက ပြောင်းလဲသွားသည်။သူမ ခြေထောက်ပြန်ချလိုက်ပြီး မျက်ဝန်းများမှေးစင်းလိုက်သည်။ဧရိယာတစ်ခွင်လုံးကို လွှမ်းခြုံနေသော မွှေးရနံ့သင်းသင်းလေးများက သူမ၏ နှာခေါင်းထဲ တိုးဝင်သွားလေသည်။


ထိုရနံ့များက ဤမျှ ကောင်းမွန်လှမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။၎င်းက သူမမျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။


"မြေခွေးအိုကြီး ဒီမွှေးရနံ့က တကယ့်ကို သာမန်မဟုတ်ဘူး...အဲ့ဒီစားဖိုမှူးရဲ့ လက်ထဲမှာ ဝှက်ဖဲတွေ ကိုင်ထားတာပဲ..."


"ဆေးနန်းတော်ထဲမှာတောင် နာမည်တစ်လုံးရအောင်လုပ်နိုင်တဲ့ စားဖိုမှူးဆိုမှတော့ ဒီအတိုင်းပဲပေါ့ သူဖန်တီးမှုကသက်စောင့်ဆေးလုံးတွေထက် မကောင်းဘူးဆိုရင် ဘယ်လိုလုပ်ပြီးများ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ပါ့မလဲ...သူ့ရဲ့ အသွင်အပြင်တစ်ခုထဲကပင် သူက သာမန်မဟုတ်ဘူးလို့ ပြောထားပြီးနေပြီ..."


အစေခံအိုကြီးက မျက်နာကို တွန့်ရှုံ့လိုက်ပြီးနောက် လေးနက်စွာ ပြန်ပြောလိုက်သည်။


"မှန်တာပေါ့ ဒီစားဖိုမှူးက သာမန်မဟုတ်ဘူး...အဲ့ဒီလိုမှမဟုတ်ရင် ဒီပြိုင်ပွဲစင်မြင့်ထက်မှာ သူဘယ်လိုလုပ်ပြီး အဂ္ဂိရတ်ပညာရှင်တွေကို အန်ိုင်ရမှာလဲ အခုလည်း ဒီအဂ္ဂိရတ်ပညာရှင်က ရှုံးတော့မယ်လို့ ငါထင်နေမိတယ်..."


မြင့်မြတ်သော မိန်းမပျိုက စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။အစေခံအိုကြီးလည်းခဏမျှ တိတ်ဆိတ်သွားလေသည်။သူကူညီနိုင်သမျှ ကူညီပေးပြီးပြီ ဆိုသော်လည်းရလဒ်ကိုတော့ ခန့်မှန်း၍ မရပေ။


သို့သော်လည်း အချိန်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးသော မွန်းစတားအိုကြီးတစ်ယောက်အနေဖြင့် လူအကဲခတ်ရာတွင် အလွန်တိကျလေသည်။ထိုမောင်ရှီက အနိုင်ရလိုစိတ်အလွန်ပြင်းပြသည်။ထို့ကြောင့် သူ အလွယ်တကူ ရှုံးနိမ့်လိမ့်မည်မဟုတ်ပေ။


နောက်ဆုံး ရလဒ်ကို မကြေငြာခင်အထိ ဘယ်သူမှ ပြိုင်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်မှာမဟုတ်ဘူး။


"ငါဘယ်လိုနည်းနဲ့မှ ဒီစားဖိုမှူးကို မရှုံးနိုင်ဘူး..ငါက တောက်ပကောင်းကင်မြို့တော်ရဲ့ ဂုဏ်ကျက်သရေပဲ...ငါ့ရဲ့ ပြိုင်ဘက်က မုပိုင်တစ်ယောက်တည်းပဲ ဘယ်လိုနည်းနဲ့မှ ဒီစားဖိုမှူးကို မရှုံးဘူး..."


မောင်ရှီ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ့၏ သွေးနီရောင်မျက်ဝန်းများကလည်း ပတ်ပတ်လည်နေသည်။သူရှုံးလို့မဖြစ်ပေ။သူ့၏ နှလုံးသားထဲမှ ကြုံးဝါးသံများနှင့် ပြည့်နှက်သွားပြီးနောက် သူ့၏ စိတ်စွမ်းအားက တစ်ဖန် မြင့်တက်လာသည်။


ယစ်မူးစေနိုင်သော မွှေးရနံ့သင်းသင်းလေးများကလည်း သိပ်းသည်းသထက် ပို၍ သိပ်သည်းလာလေသည်။ပွဲကြည့်ပရိတ်သတ်များက ကိုယ့်ကိုကိုယ်ပင် မထိန်းချုပ်နိုင်ကြပဲ အမွှေးရနံ့များကိုအဆက်မပြတ် အားပါးတရ ရှုရှိုက်နေမိကြသည်။


မောင်ရှီ အံတင်းတင်းကြိတ်လိုက်သည်။သူ့နှလုံးသားကလည်း ပြိုလဲကျလုနီးပါးဖြစ်နေပေပြီ။ထိုမွှေးရနံ့များ၏ အနှောင့်အယှက်ကြောင့် သူ့၏ စိတ်စွမ်းအားက အားနည်းလာပြီး အကြွင်းမဲ့ အမှောင်မီးလျှံက ယိမ်းယိုင်လာပေသည်။


သူ့၏ ဆေးမီးဖိုကလည်း ပေါက်ကွဲလုနီးပါးဖြစ်နေလေပြီ။ထိုသို့သာဖြစ်လာလျှင် သူအားထုတ်ထားမှုများအားလုံး အလဟဿဖြစ်သွားပေလိမ့်မည်။ပရိတ်သတ်များက အသားရနံ့ မွှေးမွှေးလေးထဲ၌ နစ်မြှုပ်နေကြပြီး တံတွေးတစ်လုတ် မျိုချလိုက်မိကြသည်။


"ဒီအနံ့ အရမ်းမွှေးလွန်းတယ်...အသားရနံ့ကို စိတ်ဝိညာဉ် ဆေးပင် ရနံ့လေးများ ပတ်ထွေးထားပုံကမူးယစ်ဆေးဝါးလိုပဲ လုံးဝ တောင့်မခံနိုင်ဘူး..."


.....


မောင်ရှီ၏ ပုံမှန်မဟုတ်သော အပြုအမူတစ်ချို့ကိုလည်း ပရိတ်သတ်များ သတိပြုမ်ိလိုက်ကြသည်။


"ဒီလို မွှေးရနံ့ရဲ့ တိုက်ခိုက်မှုအောက်မှာ သူ့စိတ်စွမ်းအားက ဘယ်လို တည်ငြိမ်ပါ့မလဲ...အဲ့ဒီတော့ သူ့၏ ဆေးသန့်စင်မှုက ဘယ်လို ဖြစ်သွားမလဲ..."


လူများစွာက မောင်ရှီကို စတင်သနားလာကြသည်။ပုဖန်ကဲ့သို့သော စားဖိုမှူးနှင့် တွေ့ဆုံရခြင်းက သူ့ကို များစွာအနှောင့်အယှက်ဖြစ်စေပေလိမ့်မည်။


ပုဖန် လက်ပိုက်၍ မဟူရာလိပ်ခုံးဒယ်အိုး၏ အနားတွင် ပတ်လျှောက်နေလေသည်။သူ့၏ နဖူး၌လည်းချွေးသီးများ ထွက်နေလေပြီ။နောက်တစ်ဆင့်က လုံးဝ မရိုးရှင်းပေ။


အဘယ့်ကြောင့်ဆိုသော် သူက ဒီတစ်ကြိမ်၌ ပါဝင်ပစ္စည်းအများအပြားကို ရွေးချယ်ခဲ့သောကြောင့်ပင်။ ထ်ို့အပြင် ဆေးပင်များ၏ အဆင့်ကလည်း မြင့်မားလှလေရာ ၎င်းတို့၏ အနှစ်သာရများကို ပေါင်းစည်းရန်က ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်တော့ပေ။


ဒယ်အိုးထဲမှ ကောင်းကင်မီးလျှံကြက်က သူ့၏ အသက်ကို ပြန်လည်ရရှိသွားသလိုပင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါလာပြီး အသားထဲမှ စ်ိတ်ဝိညာဉ် စွမ်းအင်အမြောက်အများထွက်ပေါ်လာသည်။


ပရိတ်သတ်များ၏ မျက်ဝန်းထဲတွင် ထိုကြက်ကောင်းကင်ပေါ် ထိုးတက်ဖို့ လုပ်နေသည်ဟုပင် ထင်နေမိသည်။ထိုနေရာ၌ဖော်ပြရန်ပင် ခက်ခဲလှသော စိတ်ဝိညာဉ်အနှစ်သာရများရှိနေသည်။


နောက်ဆုံး၌ ကြက်မြှုပ်သည်အထိ ဖုံးထားသော အရည်များက တဖြေးဖြေးခန်းသွားပြီး ကြက်ခေါင်းထွက်ပေါ်လာသည်။ပုဖန်၏ မျက်ဝန်းထဲ၌ တောက်ပသွားလေသည်။


ပုဖန်က ကြက်ခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး သူ့၏ စိတ်စွမ်းအားကို စတင်၍ ပို့လွှတ်လိုက်ပြီး ကြက်တစ်ကောင်လုံးစွမ်းအင်များဖြင့် ပြည့်နှက်သွားလေသည်။ပုဖန်၏ လည်ပင်းတွင် သ်ိုးမွှေးကြိုးတစ်ခုဖြင့် သိုင်းချည်ထားသော စေတီပုံစံ ငယ်လေးတစ်ခုရှိနေသည်။ထိုနေရာမှ ဖုံးကွယ်ထားသော အလင်းရောင်လေးများ လွင့်မျောထွက်ပေါ်နေသလို ထင်ရသည်။


ပွဲကြည့်စင်ထက်တွင် ထိုင်နေကြသော မြင့်မြတ်သောမိန်းမပျိုနှင့် အစေခံအို၏ အမူအရာက တင်းမာသွားသည်။သူ့မျက်နာ ထက်တွင် အံ့အားသင့်ဟန် အထင်းသားပေါ်လွင်နေပြီး နှလုံးခုန်နှုန်းများ နိမ့်ဟန်မြင့်ဟန် မြင့်တက်နေသည်။မိန်းမပျိုက လေးနက်သော အမူအရာဖြင့် ပုဖန်ကို စူးစိုက်ကြည့်လိုက်သည်။


"ငါပြောခဲ့သလို သူက တန်ခိုးရှင်အဆင့်ဆိုမှတော့ သူ့ရဲ့ စိတ်စွမ်းအားက ဒီအဂ္ဂိရတ်ပညာရှင်တွေနဲ့ ယှဉ်နိုင်လောက်အောင် ဘယ်လိုလုပ်ကောင်းမွန်နိုင်ပါ့မလဲ...အခုကျတော့သူက ရှုရမျှော်စင်ရဲ့ စွမ်းအားကို အသုံးပြုပြီး သူ့ကိုယ်သူ အားဖြည့်ပေးနေတာကို...ခဏနေဦး...သူက ဘယ်လိုလုပ်ပြီး ရှုရမျှော်စင်ကို အသုံးပြုနိုင်နေရတာလဲ..."


သူမ အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်မိသည်။


"အရှင်မ ဒီလူက ငါတို့ ရှေးဟောင်းရှုရမြို့တော်နဲ့ ဆက်သွယ်မှူ တစ်ခုခုရှိနေရမယ်...ရှုရမျှော်စင်ကို သုံးနိုင်ဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်မှာ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုခုကို ဖုံးကွယ်ထားတာပဲဖြစ်ရမယ်...ကြည့်ရတာတော့ ကျွန်တော်တို့ အဲ့ဒီရှုရမျှော်စင်ကို ဒီတိုင်းယူသွားလို့မရဘူး ...အဲ့ဒီစားဖ်ိုမှူးကိုပါ ခေါ်ဆောင်သွားမှရမယ်..."


အစေခံအိုကြီးက ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။အစေခံအိုကြီး၏ မျက်ဝန်းများက နတ်ဘုရားအလင်းရောင်မျိုး တောက်ပနေသည်။သူ့၏ မျက်ဝန်းများကို ကြည့်လိုက်လျှင် မှေးမှိတ်တော့မလိုပင် ထင်ရသော်လည်း ထိုအကြည့်ကျရောက်သူ မည်သူမဆို တုန်ယင်ကြောက်လန့်သွားပေလိမ့်မည်။


သူ့ဆီမှ ထွက်ပေါ်နေသော ထိုကြောက်လန့်ဖွယ်အော်ရာက ရှုရမိန်းမပျိုကို တိတ်တဆိတ်ကြည့်ရှုနေကြသော သူများအားလုံးကို လန့်ဖြန့်သွားစေသည်။


"ဟုတ်တယ်...အခွင့်အရေးပေါ်လာတာနဲ့ မင်းချက်ချင်း လှုပ်ရှားရမယ်...ငါတို့ ဒီထက်ပိုပြီးတော့ စောင့်လို့မရတော့ဘူး...အခု ဒီပဉ္စလက်စုဝေးပွဲ ပြိုင်ပွဲအတွင်းမှာပဲ ငါတို့ လှုပ်ရှားမှရမယ်...အဲ့ဒီလူအိုကြီးတွေရဲ့ လက်က လွတ်အောင်အခွင့်အရေးယူရမယ်..."


မြင့်မြတ်သော မိန်းမပျိုက လေးနက်စွာဖြင့် ထပ်လောင်းပြောလိုက်သည်။ယခု အခြေအနေကို အကဲဖြတ်ချက်အရ ထိုစားဖိုမှူးက ပဉ္စလက်စုဝေးပွဲ၏ ထိပ်ဆုံးနေရာသို့ တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိပေလိမ့်မည်။


သူမကသာ သူ့ကို လုယူ၍ ထွက်ပြေးသွားလျှင် ဆေးနန်းတော်တစ်ခုလုံး၏ ရန်သူဖြစ်လာပေလိမ့်မည်။ဒါက တကယ့်က်ို ခေါင်းခဲရသည့် ပြဿနာတစ်ခုပင်ဖြစ်နေသည်။မွှေးရနံ့များကလည်း ပြင်းထန်သထက် ပြင်းထန်လာလေပြီ။


"အရှင်မ အဲ့ဒါ စနေပြီ..."


ရုတ်တရက် ဆ်ိုသလိုပင် အစေခံအိုကြီး၏ မျက်လုံးများက မောင်ရှီ၏ စင်မြင့်ထက်ဆီသို့ ကျရောက်သွားသည်။သူ့၏ မျက်ဝန်းများက လှုပ်ရှားသွားကာခေါင်းမော့၍ပုဖန်ရှိရာဆီသို့ ကြည့်လိုက်သည်။


ပုဖန်၏ ဟင်းပွဲဆီမှ ထွက်လာသော မွှေးရနံ့များကလည်းပို၍ သိပ်သည်းလာသောကြောင့် သူစတင်၍ စိုးရိမ်ပူပန်လာပေပြီ။


အဘယ့်ကြောင့်ဆိုသော် သူ့၏ ဆေးမီးဖိုက ပေါက်ကွဲခါနီးလေပြီ။သူ့၏ စိတ်စွမ်းအားများက ထိန်းချုပ်မှု လွတ်မြောက်သွားပြီး ဆေးမီးဖိုမှ စတင်၍ တုန်ခါလာသည်။


"ပြိုင်ပွဲတစ်ခုထဲမှာပဲ သူဆေးမီးဖို နှစ်ခါပေါက်ကွဲမှာလား..."


သူ့ကိုယ်သူ ထိုကဲ့သို့ အရှက်ခွဲခံဖို့ မဖြစ်နိုင်ပေ။သူ လုံးဝ သူ့၏ ဆေးမီးဖိုကို ပေါက်ကွဲခံ၍ မဖြစ်ပေ။မောင်ရှီ၏ မျက်ဝန်းများက သွေးနီရောင်ကဲ့သို့ နီရဲလာသည်။သူ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်၌မည်သူမှ သတိမထားမိလိုက်ပဲ လက်ဖဝါးပေါ်တွင် အနီရောင်ဆေးလုံးလေးပေါ်လာလေသည်။


ခရက်ရှ်...


ဆေးလုံးကွဲကြေသွားပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများက စမ်းချောင်းငယ်တစ်ခုကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် စီးဆင်းလာပြီး ဆူပွက်လာတော့မလို ထင်ရသည်။သူ့န္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့လာသော နာကျင်မှုကို သူအံတင်းတင်းကြိတ်၍ တောင့်ခံထားလိုက်သည်။


သို့သော်လည်း သူ အစောပိုင်းက လှုပ်ရှားနေသော သူ့၏ စိတ်စွမ်းအင်များကမူ ငြိမ်သက်လာလေသည်။သူ့၏ အာရုံများကို ပြန်လည်စုစည်းလိုက်ပြီးနောက်သူ့အရှေ့မှ ဆေးပြင်းမီးဖိုက်ိုသာ စူးစိုက်ထားလိုက်သည်။သူ့၏ အရေပြားအသားလွှာအောက်မှ နတ်ဆိုးသွေးကဲ့သို့ အနီရောင် အလင်းများ ဖြာထွက်လာသည်။ထိုအရာက သူ့ကို နတ်ဆိုးတစ်ကောင်လား ထင်မှတ်မှားစေသည်။


တကယ်တမ်းတွင် ပဉ္စလက်စုဝေးပွဲကြီး၌ သက်စောင့်ဆေးသုံးစွဲမှုကို ခွင့်ပြုထားသည်။သို့သော်လည်း တမူထူးခြားသည့် စိတ်ဝိညာဉ်ဆးများသုံးစွဲမှုကိုမူ ကန့်သတ်ထား၏။


အဘယ့်ကြောင့်ဆိုသော် ဆေးလုံး၏ အကျိုးသက်ရောက်မှုက အလွန်ပြင်းထန်နေလျှင် ပြိုင်ပွဲ၏ စည်းကမ်းများကို ပျက်စီးသွားပေလိမ့်မည်။


သက်စောင့်ဆေးမှာလည်း အဆင့်မြင့်အဆင့်ထိ မရောက်သေးသောဆေးများကိုသာခွင့်ပြုထားခြင်းဖြစ်သည်။


ထို့ကြောင့်ပင် မောင်ရှီက ရှုရဆေးလုံးကို ရဲရဲတင်းတင်းအသုံးပြုဝံ့ခြင်းဖြစ်သည်။ရှုရဆေးလုံးက စိတ်ဝိညာဉ် ဆေးလုံးမဟုတ်ပေ။သို့သော်လည်း သူ့၏ အက်ျိုးသက်ရောက်မှုကတော့ သာမန် ဆေးလုံးများထက် ပြင်းထန်ပေသည်။


ထို့အပြင် စားသုံးပြီးနောက်လည်း အချိန်အတော်ကြာအားနည်းသွားပေလိမ့်မည်။သူက မာနကြီးသူ တစ်ယောက်ဖြစ်သည့်အလျောက် မရှုံးစေရန်အတွက်သာ ယခုကဲ့သို့ အသုံးပြုခြင်းသာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


ဟမ် ...


ပုဖန် တစ်ခုခုကို အာရုံစိုက်မိလိုက်ပုံဖြင့် မောင်ရှီ၏ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။အဝေးရှိ မောင်ရှီကလည်း သူ့ကို ကြည့်နေပေသည်။သူ့၏ မျက်နာက ရက်စက်သည့်ဟန်ရှိပြီး နှုတ်ခမ်းများက အပေါ်သို့ တွန့်ကွေးနေသည်။


သူ့မျက်နာထက်၌ ဆိုးရွားသည့် အပြုံးတစ်ခုရှိနေသည်။ထိုအပြုံးက အဓိပ္ပါယ်များစွာ ပါဝင်နေပေသည်။သူက ဆေးမီးဖိုကို ပြန်လည်ငြိမ်သက်သွားစေပြီးနောက် ဆေးရည်များကို အခဲဖြစ်လာဟန် စောင့်လိုက်သည်။အမှတ် ၃ ဆေးလုံးပေါ်လာသည်နှင့် ပုဖန်မည်ကဲ့သို့ အနိုင်ရတော့ပါမည်နည်း။


"ဒီလူက ရုတ်တရက်ကြီးယုံကြည်မှုတွေ ထိုးတက်သွားပုံပဲ ..."


ပုဖန် တစ်စုံတစ်ရာကို သံသယဝင်နေသော်လည်း သူများများစားစားမတွေးတော့ပေ။


"အခု ကောင်းကင်မီးလျှံကြက်က ချက်လို့ပြီးတော့မယ် ဒါက တော်တော်လေးကို လက်ဝင်တယ်..."


ပုဖန်က သူ့၏ ကြက်သားဟင်း၌သာအာရုံစိုက်လိုက်သည်။တကယ်တမ်းတွင်သူက တုံကျိုးမှ ချက်ပြုတ်ခြင်းနည်းလမ်းကို ယူထားခြင်းဖြစ်သည်။


သူ့ယခင်ကမ္ဘာတွင် တုံကျိုးကြက်သားနှပ်က အလွန်ပင် နာမည်ကြီးသည်။သူ့နာမည်ကပင် တရုတ်၏ အကောင်းဆုံးကြက်ဟု နာမည်တွင်ခြင်းဖြစ်သည်။ထိုနာမည်တစ်ခုတည်းနှင့်ပင် ဟင်းပွဲက မည်မျှထူးခြားကြောင်း သိနိုင်ပေသည်။


ယခုတွင် ပုဖန်က များပြားလှသော စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း အသုံးပြုထားခဲ့သေးသည်။ဟင်းပွဲ၏ အဓိက ပါဝင်ပစ္စည်းအနေဖြင့် ကောင်းကင်မီးလျှံကြက်ကိုပါ အသုံးပြုထားလေရာ သူ့ဟင်းပွဲ၏ အရည်အသွေးက အလွန်ကြီးကြီးမားမားဖြစ်နေပေလိမ့်မည်။


သူ ကောင်းကင်မီးလျှံကြက်ဖြင့် ကြက်သားအစပ်ကြော်ချက်ချိန်က အရသာအလွန်ရှိကြောင်း မြည်းစမ်းခဲ့ရသည်။ထိုကြက်က ရတနာရှစ်သွယ်ကြက်နှင့် နှိုင်းယှဉ်၍ မရသော်လည်း ယခုအခ်ျိန်တွင် ရတနာရှစ်သွယ်ကြက်ကို ထိ၍ မရသောကြောင့် သူ့၌ ရွေးချယ်စရာမရှိပေ။


ပုဖန် ကြက်ခေါင်းကို လက်ဖြင့်ဖိထားရာမှ ရွှေ့လိုက်ပြီးအသာအယာပုတ်လိုက်သည်။နောက်ခဏအတွင်းမှာပင် ပရိတ်သတ်များ ကြက်အော်သံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်မိသည်။


ထိုအော်သံက သူတို့၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏ စိတ်ကိုပင်ဗလာဖြစ်သွားစေသည်။ဒယ်အိုးထဲမှ ကောင်းကင်မီးတောက်ကြက်ဆီမှ ရွှေရောင်တောက်ပနေသော အလင်းတန်းများ ထုတ်လွင့်လာလေသည်။ထိုအလင်းရောင်များက အားလုံး၏ အကြည့်များကို ဆွဲဆောင်သွားလေ၏။


"အလင်းထုတ်လွင့်နိုင်တဲ့ ကြက်တစ်ကောင်..."


ပရိတ်သတ်များအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ထောင့်၌ ငိုက်မြည်းနေသော ရတနာရှစ်သွယ်ကြက်၏ မျက်ဝန်းများကလည်း ပြူးကျယ်သွားပြီးပုဖန်ကို ကြည့်လိုက်သည်။


"အဲ့ဒီကြက်က အလင်းထုတ်နိုင်တယ်...အား...ထူးဆန်းလိုက်တာ...သူက ဘယ်လိုလုပ်ပြီး ရတနာရှစ်သွယ်ကြက်ထက်တောင် ကောင်းနေရတာလဲ..."


ထွက်ပေါ်လာသော အငွေ့အသက်များကလည်း နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံထက်ကို ထိုးတက်သွားသည်။ပိုမိုသိပ်သည်းလာသော မွှေးရနံ့များကြောင့် ပရိတ်သတ်များအားလုံး ယစ်မူးပျော်ဝင်နေပေသည်။


"ငါ အဲ့ဒါကို တကယ့်ကို စားချင်နေပြီ...အသားရနံ့နှင့် ဆေးဖက်ဝင် ဆေးပင်ရနံ့တွေ ပေါင်းလိုက်တဲ့ရနံ့က တကယ့်ကို ပြိုင်စံရှားပဲ အဲ့ဒီမွှေးရနံ့က သက်စောင့်ဆေးရဲ့ ရနံ့ထက် အဆတစ်ရာလောက်ကောင်းတယ်...ငါမရတော့ဘူး ငါလုံးဝ တောင့်မခံနိုင်တော့ဘူး...ငါအိမ် ပြန်ရောက်လို့ရှိရင် အဲ့ဒီကြက်မျိုး လုပ်စားမယ်..."


ပရိတ်သတ်များဆီမှ ကျွတ်စီကျွတ်စီ အသံများထွက်ပေါ်နေသည်။နန်ကုန်းဝူချယ်၏ မျက်ဝန်းများကလည်း ကျွတ်ထွက်မတက် ပြူးကျယ်နေသည်။


သူ ရတနာရှစ်သွယ်ကြက်၏ တောင်ပံကို စားခဲ့ရစဉ်က အလွန်ပင်အရသာရှိသည်ဟု ထင်ခဲ့မိသည်။သို့သော်လည်း ပုဖန်လက်ထဲမှ ကောင်းကင်မီးတောက်ကြက်နဲ့ နှိုင်းယှဉ်လိုက်ပါက ရတနာရှစ်သွယ်ကြက်က ဘာမှမဟုတ်တော့ပေ။


"ရတနာရှစ်သွယ်ကြက်ကိုသာ အခုလိုမျိုးနည်းလမ်းနဲ့ လုပ်စားလိုက်ရရင်...ဘယ်လောက်များ အရသာရှိလိုက်မလဲ..."


နန်ကုန်းဝူချယ် တွေးမိသည်နှင့် မထိန်းနိုင်တော့ပဲ နှုတ်ခမ်းထောင့်မှ သရေများ စီးကျလာသည်။


ပုဖန် ကြက်လည်ပင်းမှ ဆုပ်ကိုင်လိုက်သည်။ကြက်၏ ကိုယ်ထည်က ရွှေရောင်သန်းနေပေပြီ။


သူ့၏ အရေခွံက အလွန်နူးညံ့နေပြီး အနုပညာလက်ရာမြောက်လှသည်။သူကြက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး တစ်ခြားတစ်ဖက်ဖြင့် ဟင်းရည်များကို မွှေလိုက်သည်။


ထို့နောက် ပုလင်းတစ်ခုအတွင်းမှ ပူစပ်စပ် ငရုတ်နှစ် ဇွန်းတစ်ဝက်ခန့်ထည့်လိုက်ပြီး အိုးတစ်ဝက်ခန့် ထည့်လိုက်သည်။ဆူပွက်နေသော ဟင်းရည်များက ချက်ချင်းပင် အနီရောင်ပြောင်းသွားလေသည်။ထို့နောက် ထ်ိုဟင်းရည်ကို ခတ်၍ ကြက်၏ ခေါင်းပေါ်မှနေ၍ လောင်းလိုက်သည်။


ရွဲ...ရွဲ...ရွဲ...


ငရုတ်ရည်များက ကြက်ခန္ဓာကိုယ်တစ်ခုလုံးကို စိုစွတ်သွားပြီး အနီရောင်ဖျော့ဖျော့လေးသန်းသွားသည်။မွှေးရနံ့ထဲ၌လည်း အစပ်ရနံ့လေးများ ရောနှောပါလာလေပြီ။


ပန်းကန်ကြီးကြီးတစ်ချပ်ကို ထုတ်ယူလိုက်ပြီးကောင်းကင်မီးလျှံကြက်ကို ထိုအပေါ်၌ တင်ထားလိုက်သည်။ထို့နောက် ဖြူဖွေးဝတုတ်နေသောမုန်လာဥ တစ်လုံးကို ယူလိုက်သည်။


သူမုန်လာဥကို လေထဲပစ်တင်လိုက်ပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်သည်။လျှပ်စီးလက်သကဲ့သို့ အလင်းရောင်များသာမြင်လိုက်ရပြီးနောက် ပိုင်းဖြတ်ပြီးသောမုန်လာဥများအားလုံး ပန်းကန်ပြားထဲ ကျရောက်လာလေသည်။


ထိုမုန်လာဥ ဖတ်လေးများက ကောင်းကင်မီးလျှံကြက်၏ ပတ်ပတ်လည်၌ ဝန်းရံနေလေသည်။အလင်းရောင်ဖျော့ဖျော့လေးများ ထုတ်လွင့်နေသော မုန်လာဥဖြူများက နတ်ပန်းတစ်ပွင့်ပွင့်လန်းလာသကဲ့သို့ပင် လှပလှသည်။


ကောင်းကင်မီးလျှံကြက်သားနှပ် ပြီးဆုံးသွားပြီ။ဓားကို လှည့်လိုက်သည့် အသံဖျော့ဖျော့လေးတစ်ခု ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေသည်။ပရိတ်သတ်များက မှိန်းမောနေရာမှ ပြန်လည်သတိဝင်လာပြီး အနုပညာလက်ရာမြောက်လှသည့် ဟင်းပွဲကို ငေးမောကြည့်ရှုနေကြလေသည်။


ဖူး...


မောင်ရှီ ကောင်းကင်မီးလျှံကြက်ကို လှမ်းကြည့်လိုက်သည်။စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများဖုံးလွှမ်းလာသည်နှင့် အန္တရာယ်တစ်ခုကို သူခံစားမိလိုက်သည်။နောက်ခဏတွင် သူ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်ထဲမှ သွေးများက ဆူပွက်နေပြီးနှာခေါင်းမှ သွေးများစီးကျလာလေသည်။


သူ့၏ အသွင်အပြင်က တင်းမာခက်ထန်နေပြီး ကြောက်စရာလည်းကောင်းလှပေသည်။


ဘုန်း...


အသံကျယ်ကျယ်တစ်ခုထွက်ပေါ်လာပြီးနောက် ဆေးမီးဖိုက အလွန်တိတ်ဆိတ်သွားလေသည်။ထို့နောက် မီးဖိုထဲမှ သင်းပျံ့လှသော ရနံ့မွှေးမွှေးလေးများ ထွက်ပေါ်လာသည်။


မောင်ရှီ၏ ရင်ဘတ်က အကြမ်းပတမ်းလှုပ်ခါနေပြီးသူ့၏ နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများက အဆက်မပြတ် စီးကျလာသည်။သူ့မျက်ဝန်းအကြည့်များကလည်း ရက်စက်ကြမ်းကြုတ်လှ၏။


"ငါ့ရဲ့ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးလည်း ပြီးပြီ..."