အခန်း ၅၄၂
ကြက်ဖင်ဆီဖူး...
တစ်ကိုက်ကိုက်လိုက်သည်နှင့် ပါးစပ်ထဲတွင် နူးညံ့သည့် ခံစားမှု ပြည့်နှက်သွားလေသည်။နူးညံ့သော အသားက ပါးစပ်ထဲ လျှောခနဲဝင်သွားပြီး လျှာဖျားမှပင် ချော်ထွက်သွားလေသည်။
ထိုခံစားချက်ကြောင့် မဟာသခင်ရွှမ်မင်၏ မျက်ဝန်းများပြူးကျယ်သွားသည်။ပူနွေးနူးညံ့လှသော အသားက ဆီလည်း အိပေသည်။မွှေးပျံ့မှုက သူ့ပါးစပ်ထဲတွင် ပေါက်ကွဲသွားပြီး မဟာသခင်ရွှမ်မင်၏ ခန္ဓာကိုယ်ပင် စတင်တုန်ယင်လာလေသည်။
"ဒါက တကယ့်ကို ကောင်းလွန်းတယ်..."
မဟာသခင် ရွှမ်မင်က ကျေနပ်အံ့အားသင့်နေသော မျက်လုံးများဖြင့် ပုဖန်ကိုကြည့်လိုက်သည်။သူ့ဘဝတစ်သက်တာတွင် ထိုကဲ့သို့ အရသာရှ်ိလှသည့် ကြက်သားမျိုး တစ်ခုမှ မစားခဲ့ဖူးပေ။
"ဘယ်လိုလုပ်ပြီး အရသာက အဲ့ဒီလောက်တောင် ကောင်းနေရတာလဲ..."
မဟာသခင်ရွှမ်မင်ဆီမှ အသားအဆက်မပြတ် ဝါးသံများထွက်ပေါ်လာလေသည်။ယခုအချိန်၌ သူတို့၏ ပုံရိပ်ကို မည်သူမှ ဂရုမစိုက်တော့ပေ။သူတို့၏ ပုံရိပ်က အရသာရှိလှသောကြက်သားနှင့် မတူညီနိုင်ပေ။
ကြက်သားစားပြီးသွားပြီးနောက် မဟာသခင်ရွှမ်မင်၏ ပါးစပ်တွင် ဆီကွက်နေပေသည်။သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မုတ်ဆိတ်မွှေးကို သပ်လိုက်သည်။ထို့နောက် နောက်ထပ်တစ်ပိုင်းထပ်ယူကာ ဆက်လက်စားတော့သည်။
သူ့၏ အပြုအမူက တခြားမဟာသခင်များကလည်း မသခင်ရွှမ်မင်နှင့် အတူတူသာဖြစ်သည်။အသားကို မစားခင်က သူတို့၏ ပုံရ်ိပ်ကို ဂရုစိုက်ကောင်းစိုက်န်ိုင်ပေသည်။သို့သော်လည်း ကြက်သား၏ အရသာကို ခံစားမိပြီးသည်နှင့် သူတို့၏ ပုံရိပ်က တွင်းနက်နက်ထဲသို့ ပြုတ်ကျသွားပြီး ပြန်လည် ဆယ်ယူ၍ မရတော့ပေ။
"ဒီလူအိုကြီးတွေရဲ့ အပြုအမူကတော့..."
" သူတို့က မဟာသခင်တွေလေ...စည်းကမ်လေးတော့ရှိသင့်တာပေါ့..."
မြင့်မြတ်သော မိန်းမပျိုက သူတို့၏ နှုတ်ခမ်းပါးလေးများကိုသပ်ရင်း ပြောလိုက်သည်။ကောင်းကင်မီးလျှံကြက်ကို စိုက်ကြည့်နေရင်းဖြင့် သူမက ဂနာမငြိမ် ဖြစ်လာလေသည်။
အစေခံအိုကြီးက သူ့၏ သခင်မကို ကြည့်၍ မျက်နာရှုံ့မဲ့သွားလေသည်။ထို့နောက် သူပြောလိုက်သည်။
"အရှင်မ ...သည်းခံရပါမယ်..."
"ငါသ်ိတယ်...ငါသိတယ် ဒါပေမယ့်အခုအခြေအနေကိုကြည့်ရတာက အဲ့ဒီအဂ္ဂိရတ်ပညာရှင်ရှုံးတော့မယ်..."
အရှင်မက သူ့အစေခံအိုကြီးကို ဒေါသတကြီးဖြင့် ကြည့်လိုက်သောကြောင့် သူအေးခဲသွားလေသည်။ပြောရမည်ဆိုလျှင် အခုခ်ျိန်၌ ဒီပြိုင်ပွဲတွင် မောင်ရှီနိုင်နိုင်ပါ့မလားကိုသူမသိတော့ပေ။
ဂျွတ်...ဂျွတ်...
စင်မြင့်ပေါ်၌ မဟာသခင်များက သူတို့၏ ပုံရိပ်က လုံးဝ ပျောက်ဆုံးသွားပေပြီ သူတို့လက်ထဲမှ အသားတစ်ခုကုန်သွားသည်နှင့် နောက်တစ်ခုကို ထပ်မံ၍ လက်လှမ်းနေကြသည်။
သူတို့၏ အ့ပြုအမူက ပရိတ်သတ်များအားလုံးကို ကြောင်အနေစေသည်။ခဏအတွင်းမှာပင် ကြက်ကောင်လုံးနှပ်ပွဲက အရိုးသာကျန်တော့သည်။
အိုး...ကြက်ဖင်ဆီဖူးလည်း ရှိနေသေးသည်။
ပုဖန် ကျန်နေသေးသော ကြက်ဖင်ဆီဖူးကိုကြည့်၍ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ဒီ သက်ကြားအိုကြီးတွေက ကြက်ဖင်ဆီဖူးကို အထင်သေးနေတာလား...
မောင်ရှီက နေရာမှာပင် မလှုပ်မယှက်ရပ်နေသည်။မဟာသခင်များ၏ အပြုအမူမျိုးကို သူလုံးဝ မမျှော်လင့်ထားခဲ့မိပေ။သူ့၏ စိတ်ကူးထဲမှာပင် ထိုသက်ကြားအိုများ ဟင်းပွဲကို နှစ်သက်လိမ့်မည်ဟု မတွေးမိဖူးပေ။သူ့၏ မျက်နာက ကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးလာလေသည်။
"ဒီကြက်သားရဲ့ အရသာက တကယ့်ကို မဆိုးဘူး...ဒီလူအိုကြီး ခန့်မှန်းတာ မမှားဘူးဆိုရင် အဲ့ဒီ မတူကွဲပြားတဲ့ ဆေးပင် ၁၇ မျိုးကို ပြုတ်ထားတဲ့ အရည်ကို အသုံးပြုထားတာ ဟုတ်တယ်မဟုတ်လား...ငါမှန်လား..."
သူ့ပါးစပ်ထဲက အသားကို မျိုချပြီးသည်နှင့် မဟာသခင်ရွှမ်မင်က မုတ်ဆိတ်မွှေးကိုသပ်၍ အေးဆေးစွာ မေးလိုက်သည်။
ပုဖန်အံ့အားသင့်စွာဖြင့် ထိုလူကြီးကို ကြည့်လိုက်သည်။
အသားကို နစ်နစ်ခြိုက်ခြိုက်စားသုံးပြီးသည့်အချိန်၌ ပါဝင်သည့် ဆေးပင်အရေအတွက်ကို ခန့်မှန်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ဒါက နှမြောစရာကောင်းလွန်းလှသည်။အဘယ်ကြောင့်ဆိုသော် မဟာသခင်၏ ခန့်မှန်းမှုက မှားယွင်းနေပေသည်။
ယုံကြည်မှုအပြည့်ရှိနေသော မဟာသခင်ရွှမ်မင်၏ မျက်နာကိုကြည့်၍ ပုဖန် အနည်းငယ် ကသိကအောင့် ဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။
"တကယ်တော့ ဆေးပင် ၂၂ မျိုးထည့်ထားတာ..."
ပုဖန် အလေးအနက်ပြန်ပြောလိုက်သည်။မဟာသခင်၏ မျက်နာအမူအရာက အေးခဲသွားလေသည်။ချက်ချင်းပင် နီရဲလာခဲ့သည်။သူချောင်းခြောက်အနည်းငယ် ဆိုးလိုက်၏။
"ဒီလူရှုပ်ကလေးကတော့..."
မဟာသခင်ကုဟယ်နှင့် တခြားသူများက ချက်ချင်းပင် ရယ်မောလိုက်ကြသည်။နောက်ဆုံးတော့ သူတို့ မဟာသခင်ရွှမ်မင်၏ ရှက်ရွံ့နေသော မျက်နာကို တွေ့ဖူးလေပြီ ဒါက တကယ့်ကို မြင်ရန် ခဲယဉ်းလွန်းလှသည်။
ကြက်သားစားပြီးနောက် စကားစမြည် ပြောနေကြသော မဟာသခင်များကို ကြည့်၍ ဒိုင်လူကြီးချုပ် နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။
ချစ်လှစွာသော မဟာသခင်တို့ရေ အခုက စင်ပေါ်မှာပဲ ရှိနေပါသေးတယ်...
"လေးစားရပာသော မဟာသခင်များခင်ဗျာ...ပြိုင်ပွဲဝင်ပုဖန်ရဲ့ ဟင်းပွဲကို ဘယ်လိုများထင်ပါသလဲ..."
ဒိုင်လူကြီးမင်းက မဟာသခင်များ၏ စကားဝိုင်းကို ဝင်ရောက်ဖျက်လိုက်သည်။
ဒိုင်လူကြီးချုပ်၏ အမေးစကားကို ကြားသည်နှင့် ပရိတ်သတ်များက လည်ပင်းရှည်ရှည်ဆန့်ထုတ်လိုက်သည်။သူတို့က အနိုင်ရသူကို ကြေငြာမည့် အခိုက်အတန့်အား သူတို့နားနှင့် ဆက်ဆက်ကြားလိုကြသည်။
ပုဖန်သာ အနိုင်ရသူဖြစ်လာလျှင် ကိစ္စရပ်များက ပို၍ စိတ်ဝင်စားစရာကောင်းလာပေလိမ့်မည်။သူသာနောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ခဲ့လျှင် ဆေးနန်းတော် တစ်ခုလုံး ထိတ်လန့်အံ့အားသင့်သွားကြပေလိမ့်မည်။
သူ့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ နောက်ဆုံးပွဲစဉ်ထိ တက်ရောက်သွားနိုင်သည်က တကယ့်ကို သာမန်မဟုတ်ပေ။ထို အချင်းအရာက မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ မောင်ရှီသာနိုင်သွားခဲ့လျှင်လည်း စိတ်ဝင်စားစရာကောင်းမည်မှာ အမှန်ပင်ဖြစ်သည်။ပြိုင်ပွဲတစ်ခုလုံး၏ အသန်မာဆုံး ဖျက်မြင်းကို သူ အဆုံးသတ်နိုင်ခဲ့ပေသည်။ထို့ကြောင့် မောင်ရှီ၏ ဂုဏ်သတင်းက ထိုးတက်ကျော်ကြားသွားပေလိမ့်မည်။
အဆုံးတွင်တော့ မည်သူပင် နိုင်နိုင်ရှုံးရှုံး ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်ထားနိုင်လေသည်။
အနိုင်ရရှိသူကို မကြောငြာခင် မဟာသခင်ရွှမ်မင် ခဏမျှ စဉ်းစားနေလိုက်သည်။တခြားသော မဟာသခင်များအားလုံးကလည်း တိတ်ဆိတ်ငြိမ်သက်နေကြသည်။
သူတို့၏ မျက်နာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး လေးနကိတည်ကြည်စွာဖြင့် ထိုင်ခုံသ်ို့ ပြန်လည်လျှောက်သွားလိုက်သည်။ဘယ်သူမှ သူတို့၏ အကဲဖြတ်မှုကို ဝင်မနှောင့်ယှက်ရဲကြပေ။ရလဒ်က အလွန်ပင် အရေးပါကြောင်း သူတို့ သိပေသည်။
ခဏမျှကြာပြီးနောက် ခေါင်းမော့ပြီး တစ်ပြိုင်တည်းလိုလို တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။သူတို့၏ မျက်ဝန်းများ ဆုံတွေ့လိုက်သည်နှင့် သူတို့၏ ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း သိလိုက်ကြပေသည်။သူတို့အားလုံး၏ ဆုံးဖြတ်ချက်များက တူညီနေပေသည်။
"ဟမ်း...ငါတို့ ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတယ်...ဒီပြိုင်ပွဲရဲ့ အနိုင်ရသူကို အကဲဖြတ်ရတာက တကယ့်ကိုပဲ ခက်ခဲလွန်းတယ်..."
မဟာသခင်ရွှမ်မင်က လက်ပိုက်၍ စတင် ကြေငြာလိုက်သည်။သူ့အသံ ထွက်ပေါ်လာသည်နှင့် ပရိတ်သတ်များ လေအေးတစ်ချက်ရှုရှိုက်လိုက်ကြသည်။သူတို့အားလုံး မဟာသခင် အနိုင်ရသူကြေငြာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်နေကြသည်။
"မောင်ရှီရဲ့ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးက တကယ့်ကို အရည်အသွေးမြင့်တယ် ...သူ့ရဲ့ သက်ရောက်မှုကလည်း အထူးကောင်းမွန်တယ်...ဒါပေမယ့်လည်း အဲ့ဒီဆေးလုံးမှာ ပြစ်ချက် အနည်းငယ် ရှိနေတယ်...အဲ့ဒါက ဆေးလုံးမှာ စိတ်ဝိညာဉ် မရှ်ိဘူးလို့ ခံစားရစေတယ်...ပုဖန်ရဲ့ ဟင်းပွဲမှာတော့ စိတ်ဝိညာဉ် ရှင်သန်နေပြီး ငါတို့ သက်ကြားအိုကြီးတွေကို တကယ့်ကို အံ့အားသင့်သွားစေတယ်...အဲ့ဒီတစ်စုံတစ်ရာက ယနေ့ခေတ် လူငယ်မျိုးစိတ် အဂ္ဂိရတ် ပညာရှင်တွေမှာ မတွေ့တော့တဲ့အရာပဲ...ဒါပေမယ့် အခုတော့ ဒီစားဖိုမှူးမှာ တွေ့လိုက်ရပြီ..."
မဟာသခင်၏ စကားကြောင့် ပရိတ်သတ်များအားလုံး မျက်လုံးပြူးကျယ်သွားကြသည်။
"သက်စောင့်ဆေးက စိတ်ဝိညာဉ်မရှိဘူး...ဒါပေမယ့် ဟင်းပွဲကတော့ ရှိတယ်ပေါ့...အဲ့ဒီစကားက ဘာလို့ ဟိတ်ဟန် များနေရတာလဲ..."
မဟာသခင်ရွှမ်မင်က ပွဲကြည့်ပရိတ်သတ်များ ကြားမကြားကိုပဲ ဂရုမစိုက်ပဲ ဆက်လက်၍ ပြောဆိုလိုက်သည်။
"ဒီအကြောင်းကို ငါ အသေးစိတ်မရှင်းပြတော့ဘူး...တကယ်လို့ ငါရှင်းပြရင်တောင်မှပဲ နားလည်ကြမှာမဟုတ်ဘူး...ဂုဏ်သိက္ခာမြင့်မားတဲ့ တိမ်အဆင့် အဂ္ဂိရတ်ပညာရှင်တွေရဲ့ ထူးခြားချက်က ဆေးလုံးသန့်စင်တဲ့ အခါမှာ သူတို့ရဲ့ စိတ်ဝိညာဉ် တွေကိုပါ ထည့်ပေါင်းစပ်လိမ့်မယ်..."
ထိုနည်းလမ်းဖြင့် စိတ်ဝိညာဉ် ဆေးလုံးက ဝိညာဉ် တစ်ခုခုကို ပိုင်ဆိုင်နိုင်ခဲ့သည်။ဝိညာဉ် ရှိသည့် ဆေးလုံးကသာ တကယ့်အစစ်အမှန် စိတ်ဝိညာဉ် ဆေးလုံးဖြစ်သည်။
"ပုဖန်ရဲ့ ကြက်သားဟင်းကတော့အဆင့် မြင့် ဆေးပင် အမျိုးအစား ၂၀ကျော်ကို ပေါင်းစပ်ထားတယ်...ပြီးတော့ ကြက်သားကိုလည်း အထူးနည်းလမ်းဖြင့် ပြင်ဆင်ထားတာကြောင့်သူ့အထဲမှစိတ်ဝိညာဉ် စွမ်းအားတွေ ပြည့်နှက်နေပြီး ခံတွင်းတွေ့စေတယ်...ပြီးတော့ စိတ်ဝိညာဉ် ဆေးလုံးတွေရဲ့ ထူးခြားတဲ့ အာနိသင်ကို ပေါင်းစပ်ထားတာကြောင့် စိတ်ဝိညာဉ် ဆေးလုံးနဲ့ သက်ရောက်မှုခြင်းလည်းတူတယ်..."
မဟာသခင် ရွှမ်မင် ပိုပြောလေလေ မောင်ရှီ၏ အသွင်အပြင်က ပို၍ ရုပ်ဆိုးလေလေပင်။
"ငါတို့ ငါးယောက်လုံးရဲ့ အကဲဖြတ်ချက်အရ ပုဖန်ရဲ့ ဟင်းပွဲက အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးနဲ့ အကျိုးသက်ရောက်မှုတူတယ်...ထပ်လောင်းပြောရမယ်ဆိုရင် အဲ့ဒီဟင်းပွဲက အထွဋ်အထိပ် အဆင့် အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးနဲ့ အတူတူပဲ ဒါကြောင့် ဒီနေ့ရဲ့ အနိုင်ရရှိသူက ပုဖန်ပဲဖြစ်တယ်..."
မဟာသခင်ရွှမ်မင်၏ စကားဆုံးသည်နှင့် ပွဲကြည့်ပရိတ်သတ်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။ထို့နောက် ဆူညံပွက်လောရိုက်လာကြ၏။
"ဘုရားရေ မောင်ရှီ ရှုံးသွားပြီ...တောက်ပကောင်းကင်မြို့က ထိပ်တန်း ပါရမီရှင်တောင်မှပဲ ပုဖန်ကို ရှုံးသွားတယ်...ဖျက်မြင်း စားဖိုမှူးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ...သူက ဒီနည်းလမ်းတိုင်းသွားပြီး ချန်ပီယံဆုကို လုယူတော့မယ်ထင်တယ်...ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ..."
"ငါရှုံးသွားတယ်လား...ငါဘယ်လ်ိုလုပ်ရှုံးသွားတာလဲ...ဒါမဖြစ်နိုင်ဘူး..."
မောင်ရှီ နေရာမှာပင် ကျောက် ရုပ်ကဲ့သို့ ရပ်တန့်နေမိပြီး တတွတ်တွတ်ရေရွတ်နေမိသည်။ရုတ်တရက် သူ့မျက်နာထက်တွင် မခံမရပ်နိုင်သည့် အမူအရာမျိုးပေါ်လာပြီး ခေါင်းမော့၍ မဟာသခင်များကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူး ခင်ဗျားတို့တွေက သူ့ရဲ့ ဟင်းပွဲကို အရသာတွေ့တာနဲ့ပဲ ဒီပြိုင်ပွဲကိုပါ သူ့ကို အနိုင်ရသူအဖြစ် ကြေငြာလိုက်တယ်ပေါ့...ဘယ်လောက်တောင် ကလေးဆန်တဲ့ လူအိုကြီးတွေပဲ...ငါအရှုံးကို လုံးဝ လက်မခံနိုင်ဘူး..."
မောင်ရှီ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။သူ့မျက်နာက နီရဲလာပြီး မဟာသခင်များကို ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ပရိတ်သတ်များအားလုံး ကြောင်အတိတ်ဆိတ်သွားကြသည်။
"မောင်ရှီရူးသွားတာလား...သူကဘယ်လိုလုပ်ပြီး လူအားလုံးရဲ့ ရှေ့မှာ မဟာသခင်တွေကို အော်ဟစ်နေရတာလဲ..."
မဟာသခင်ရွှမ်မင်၏ မျက်နာက ရုတ်ချည်းမဲမှောင်သွားလေသည်။မောင်ရှီ၏ ဆရာဖြစ်သူ မဟာသခင်ယောင်ကွမ်း၏ မျက်နာပင်လျှင် မိုးတိမ်များကဲ့သို့ မဲမှောင်သွားလေပြီ။
"ကောင်စုတ်လေး မင်းဘာပြောလိုက်တာလဲ..."
မဟာသခင် ယောင်ကွမ်းက ဒေါသတကြီးအော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်နိုင်စွမ်းသည့် အော်ရာများ ရုတ်တရက် ပြန့်လွင့်လာပေသည်။
"ငါ့အရှုံးကို လက်မခံနိုင်ဘူး...အဲ့ဒီ စားဖိုမှူးရဲ့ ဟင်းပွဲလေးတစ်ပွဲက ငါ့ရဲ့ စိတ်ဝိညာဉ် ဆေးလုံးကို ရိုက်ချနိုင်လိမ့်မယ်လို့ ငါမယုံကြည်ဘူး..."
မောင်ရှီ၏ ဆံပင်များက လေ၌ ပျံ့ဝဲနေသည်။သူ့၏ မျက်ဝန်းများကလည်း သွေးနီရောင်ရဲရဲတောက်လာခဲ့သည်။သူဒေါတကြီးဖြင့် မဟာသခင်ငါးယောက်ကို ဆက်လက်အော်ဟစ်နေခဲ့သည်။
သူက ရှုရဆေးလုံးကိုတောင် အသုံးပြုထားခဲ့တယ်လေ ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ...သူ ဘယ်လောက်တောင် ပေးဆပ်ထားခဲ့တာလဲ...အဲ့ဒါ တွေအားလုံးကို ဒီသက်ကြားအိုပြီးတွေရဲ့ စကားတစ်ခွန်းနဲ့တင် သူ့ကို ငရဲပို့လိုက်တာလား...
မဟာသခင်ယောင်ကွမ်က ရူးသွပ်နေသော မောင်ရှီကိုကြည့်၍ ဒေါသထွက်လာခဲ့သည်။သူ သူ့တပည့်ကို လက်ညှိုးညွှန်လိုက်သော လက်က တဆတ်ဆတ်ပင် တုန်ရီနေလေသည်။
ရုတ်တရက် ညှင်သာပျော့ပျောင်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက ရှုံးတယ်လို့ ဝန်မခံချင်ဘူးမဟုတ်လား...ဒါဆိုရင် ဘာလို့ မင်းကိုယ်တိုင် ဟင်းပွဲကို မမြည်းကြည့်တာလဲ...ကလေးတွေလိုမျိုး ခြေဆောင့်ငိုမနေနဲ့..."
ပုဖန် မျက်နာသေဖြင့် မောင်ရှီကိုကြည့်၍ အသာပြောလိုက်သည်။
အားလုံး အေးခဲသွားကြသည်။ပုဖန် ဘာလုပ်ဖို့ ကြိုးစားနေသည်ကို သူတို့ မတွေးတက်တော့ပေ။သူက မောင်ရှီ၏ ရူးသွပ်မှုကို ကြားဖြတ်၍ တားဆီးလိုက်သည်။
"သူ မီးထဲကို ဓာတ်ဆီ လောင်းထည့်နေတာ မဟုတ်ပါဘူးနော်..."
"အတော်ပဲဖြစ်သွားတယ် ဒီမှာကြက်ဖင်ဆီဖူး တစ်ခုရှိသေးတယ် မင်းဘာလို့ စားမကြည့်တာလဲ..."
ပုဖန် ပန်းကန်ထဲ၌ ကျန်နေသာ ကြက်ဖင်ဆီဖူးကို လက်ညှိုးညွှန်လိုက်သည်။ကြက်ဖင်ဆီဖူးမှ အလင်းရောင်များ တောက်ပလာပြီး မီးထတောက်လာလေသည်။ထို့နောက် သူ့လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို လွှဲယမ်းလိုက်ပြီး ကြက်ဖင်ဆီဖူးပေါ်ကို ရိုက်လိုက်ရာ မောင်ရှီဆီသို့ ပျံသန်းသွားလေသည်။
မောင်ရှီ လက်မြှောက်၍ ထိုကြက်ဖင်ဆီဖူးကို လှမ်းဖမ်းလိုက်သည်။သူ့၏ မျက်နာကလည်း နီရဲသထက်နီရဲလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပေသည်။
"မင်းငါ့ကို အရှက်ခွဲရဲတယ်...မင်းက ဒီကြက်ဖင်ဆီဖူးနဲ့ ငါကို တကယ်ကြီး အရှက်ခွဲတယ်..."
မောင်ရှီ သူ့လက်ထဲမှ ကြက်ဖင်ဆီဖူးကိုကြည့်၍ သွေးအန်တော့မတက် ဒေါသထွက်လာလေသသည်။သူတို့အားလုံးလည်း အေးစက်စွာကြည့်နေကြသည်။သူတို့ လေအေးတစ်ချက်ရှူရှိုက်လိုက်မိကြသည်။ဒီစားဖိုမှူးက တကယ့်ကို အဆင်အခြင်မဲ့လွန်းလှသည်။
"သူက တခြားတစ်ယောက်ကို ကြက်ဖင်ဆီဖူးစားဖို့တကယ်ပဲပြောရဲတယ်..."
မည်သို့ပင်ဖြစ်စေ ပရိတ်သတ်များက တခြားအတွေးတစ်ခုကိုလည်း တွေးမိလိုက်ကြသည်။
မောင်ရှီတကယ်ပဲ ကြက်ဖင်ဆီဖူးကို စားမှာလား မစားဘူးလား...
...
"တွန့်ဆုတ်မနေနဲ့ မင်းအဲ့ဒါစားပြီးသွားရင် ဘာကြောင့် ရှုံးရလဲဆိုတာကို နားလည်သွားလိမ့်မယ်..."
ပုဖန်က စကားများများပြောရာမှာ ပျင်းရိနေပုံဖြင့် အတိုချုံးသာ ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပြန်လည် ပျောက်ကွယ်သွားသည်။မဟူရာလိပ်ခုံးဒယ်အိုးလည်း ပြန်လည်ပျောက်ကွယ်သွားသည်။ထို့နောက် ကျန်နေသော ကောင်းကင်မီးတောက်ကြက်၏ ကြက်ဖင်ဆီဖူးကို ကြည့်၍ ကြောက်ရွံ့တုန်လှုပ်နေသည့် ရတနာရှစ်သွယ်ကြက်နားသို့ လျှောက်သွားလိုက်သည်။
သူကြက်ကိုသယ်၍ စင်ပေါ်မှ ဆင်းသွားလေသည်။
...
သူ့လက်ဖဝါးဖြန့်ကြည့်လိုက်ရာ တောက်လောင်နေသော ကြက်ဖင်ဆီဖူး ပေါ်လာလေသည်။မောင်ရှီ စင်မြင့်ပေါ်မှ ထွက်ခွာနေပြီဖြစ်သော ပုဖန်ကိုကြည့်၍ သူ့မျက်နာအမူအရာက ပြောင်းလဲသွားသည်။
"အဲ့ဒီမှာ ရပ်နေလိုက်..."
"ငါ ဒါကိုစားမယ် ...ဒီကြက်ဖင်ဆီဖူးလေးတစ်ခုက ငါ့အရှုံးကို ဝန်ခံနိုင်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို သိချင်သေးတယ်..."