အပိုင်း ၅၄၃
Viewers 53k

အခန်း ၅၄၃

မောင်ရှီစားခဲ့သောဆေးလုံး...


မောင်ရှီ၏ စကားကြောင့် ပရိတ်သတ်များ အံ့အားသင့်သွားကြသည်။


"သူက ကြက်ဖင်ဆီဖူးကို စားမယ်...


"သူတကယ်ကြီး ကြက်ဖင်ဆီဖူးကို စားမှာလား...အဲ့ဒါစားရမှာကို နည်းနည်းကသိကအောင့် မဖြစ်ဘူးလား..."


"သူဘာလို့ ကြက်ဖင်ဆီဖူးကို စားမှာပါလိမ့်..."


ရှစ်လေးကို သယ်ဆောင်သွားသော ပုဖန်က အနည်းငယ်အေးခဲသွားသည်။သူ မောင်ရှီဘက်ပြန်လှည့်လိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။


"မင်းကိုယ်မင်း...အတင်းတွန်းအားပေးနေစရာမလိုပါဘူး...မင်းမစားဘူးဆိုလည်း ဘာမှမဖြစ်ဘူး..."


ပုဖန် လေးနက်စွာ ပြောလိုက်သည်။ပရိတ်သတ်များ ထပ်မံအံ့အားသင့်သွားကြပြန်သည်။


"ဒီပုဖန်...သူပဲ မောင်ရှီကို အဲ့ဒီ ကြက်ဖင်ဆီဖူးပေးခဲ့တာလေ...သူက အရှက်မရှိ ဒီလိုပြောရဲရတာလဲ..."


မောင်ရှီ ပုဖန်ကို အေးစက်စွာကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် ပါးစပ်ဟကာ ကြက်ဖင်ဆီဖူးကိုတစ်ခါတည်းထိုးထည့်လိုက်သည်။ပွဲကြည့်ပရိတ်သတ်များပါမက စင်ပေါ်မှ မဟာသခင်များပါ တံတွေးတစ်လုတ်မျိုချလိုက်ကြသည်။


ဂလု...


"သူတကယ်ပဲ စားလိုက်တယ်...ဒီလောက်လူတွေ အများကြီးရဲ့ ရှေ့မှာ ကြက်ဖင်ဆီဖူးကို စားလိုက်တာ မောင်ရှီက တကယ်ပဲ နည်းနည်း ကသိကအောင့်မဖြစ်ဘူးလား..."


မောင်ရှီ၏ မျက်ဝန်းများက နီရဲလာခဲ့သည်။သူ့မျက်လုံးထဲမှ မျက်ရည်များက အချိန်မရွေး စီးကျလာတော့မည့်ပုံပေါ်သည်။သူ တကယ် ကြက်ဖင်ဆီဖူးကိုပင် စားခဲ့ရသည်။


သူ့၌ ရွေးချယ်စရာမရှိပေ။တကယ်လို့ သူမစားလျှင် သူ့၏ အရှုံးကို ဝန်ခံရပေမည်။မောင်ရှီက ကြက်ဖင်ဆီဖူးကိုအဆက်မပြတ် အားဖြင့် ဝါးလိုက်သည်။


သူ့၏ ကြောက်မက်ဖွယ်ကောင်းလှသော အမူအရာက ပရိတ်သတ်များကိုပင် ကြောက်ရွံ့ထိတ်လန့်စေသည်။


သူတို့အားလုံးက ထိုကြက်ဖင်ဆီဖူးကပင် သနားစရာကောင်းသည်ဟု ခံစားမိလာကြသည်။


ရုတ်တရက် မောင်ရှီ ဝါးနေသော အရှိန်နှုန်းက တဖြေးဖြေး လျော့ကျလာသည်။သူ့၏ ကြောက်မက်ဖွယ်ကောင်းသည့် မျက်နာထားကလည်း ပျောက်ပြယ်သွားပြီး သေချာစွာ ဝါးနေလေ၏။


ထိုအသွင်အပြင်အရသူက ကြက်၏ အရသာက်ို အရသာခံနေပုံပေါ်သည်။သူအဆက်မပြတ်ခုန်လှုပ်နေသော ရင်ဘတ်က ငြိမ်သက်သွားပြီး သူ စိတ်တည်ငြိမ်နေလာလေသည်။

ဘယ်လိုဖြစ်ပြီး ကြက်ဖင်ဆီဖူးက အရမ်းအရသာရှိနေရတာလဲ...


ထိုနောက်ကွယ်မှ သူ့၏ ရှုံးနိမ့်မှုအကြောင်းကို ပြန်လည် သတိပြုမိသွားပြီး မောင်ရှီ၏ နှလုံးသားက နစ်မြှုပ်သွားသည်။ကြက်ဖင်ဆီဖူးမှ ထွက်ပေါ်လာသောစိတ်ဝိညာဉ် စွမ်းအားများက သူ့အစာအိမ်ထဲပြည့်နှက်သွားသည်။ထိုမှတစ်ဆင့် စွမ်းအားများက သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးဆီသို့ ပြန့်နှံ့သွားလေသည်။


ထိုခံစားချက်က အလွန်ပင် သက်တောင့်သက်သာရှိလှကြောင်း မောင်ရှီ အနည်းငယ်ပင် ထုတ်ငြီးလိုက်မိသည်။ရှုရဆေးလုံးကို စားပြီးနောက် သူ့၏ ခန္ဓာကိုယ်က ကြီးမားသည့် သက်ရောက်မှုကြောင့် အနည်းငယ် နာကျင်နေသည်။


သူ့၏ အတွင်းဒဏ်ရာများက ပြင်းထန်လာသည်။သို့သော်လည်း ကြက်ဖင်ဆီဖူး စားပြီးသည်နောက် အလွန်ကြီးမားလှသည့် ပြန်လည် ကုစားဖြင်းဖြင့် သက်သာလာခဲ့သည်။ထိုအကြောင်းအရာက မယုံန်ုင်စရာကောင်းလှသည်။


"ဒါ တကယ်ပဲ ကြက်ဖင်ဆီဖူးဟုတ်ရဲ့လား...ဒါက အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးမဟုတ်တာ သေချာပါတယ်နော်..."


မောင်ရှီ ပုဖန်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။သူ တည်ငြိမ်လှသော ထိုလူငယ်ကို အဆုံးအစမဲ့ ငေးမောကြည့်နေရင်း သူရှုံးနိမ့်ရသည့်အကြောင်းကို ပြောနိုင်လာသည်ဟု ခံစားမိသည်။


"အခု မင်းဘာကြောင့် ရှုံးရလဲဆိုတာကို သိပြီလား...မင်းရဲ့ ဆေးလုံးနဲ့ သူ့ရဲ့ ဟင်းပွဲ နှိုင်းယှဉ်လိုက်မယ်ဆိုရင် မင်းရဲ့ဆေးလုံးက စိတ်ဝိညာဉ် ပျောက်ဆုံးနေတယ်...အဆိုအရ စိတ်ဝိညာဉ် ဆေးလုံးမှာ သန့်စင်တဲ့ စိတ်ဝိညာဉ် တစ်ခုရှိသင့်တယ်...မင်း အဲ့ဒီ ဝိညာဉ်ကို မင်းကိုယ်တွင်းမှာပဲ ရှာမှရမယ်...မင်းဘာကြောင့်ရှုံးနိမ့်တယ်ဆိုတာကို မသိမှာကိုပဲ ကြောက်သင့်တာ..."


မဟာသခင်ယောင်ကွမ်းက စင်ပေါ်၌ ဒူးထောက်ထိုင်ချလိုက်သော သူ့၏ တပည့်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။သူ့၏ ဒီတပည့်က အရှုံးကို မုန်းတီးကြောင်း သူသိပေသည်။


မဟာသခင်ရွှမ်မင်ကလည်း မောင်ရှီကို အသာလှမ်းကြည့်လိုက်သည်။


ဒီကောင်လေး၌ စိတ်ထားကောင်းသည့် အရိပ်အယောင်မရှိပေ။သူက လူများစွာရှေ့၌ပင် မဟာသခင်ငါးယောက်ကို အော်ဟစ်ရဲပေသည်။သို့သော်လည်း ၎င်းက သူ့၏ သတ္တိရှိမှုကို ပြသမှုလည်းဖြစ်ပေသည်။


"အခုမောင်ရှီကလည်း အထွန့်တက်စရာမရှိတော့ဘူးဆိုတော့ ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူက သူ့ရဲ့ ပြိုင်ဘက် ပုဖန်ပဲ ..."


မဟာသခင်ရွှမ်မင်က စင်မြင့်အလယ်၌ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အေးစက်စွာပြောလိုက်သည်။


ပရိတ်သတ်များအားလုံး အေးစက်သွားကြသည်။သူတို့ မည်သူမှ ဘာမှ ထပ်မပြောရဲတော့ပေ။အဂ္ဂိရတ်ပညာရှင်များ၏ ဒေါသက ကြောက်စရာကောင်းလှသည်။


အဆုံးသတ်၌ မောင်ရှီက ရှုံးနိမ့်သူ ဖြစ်သွားပေပြီ။သူအများကြီးကြိုးစားအားထုတ်ခဲ့သော်လည်း သူ ထိုစားဖ်ိုမှုးကို ရှုံးနိမ့်ခဲ့တုန်းပင်။


ထိုစားဖိုမှူးက အံ့အားသင့်စရာကောင်းလှသည်။


ထိုစားဖိုမှူးက ထူးကဲလှသည်။


"အဂ္ဂိရတ်ပညာရှင်မည်သူမှ အဲ့ဒီ စားဖိုမှူးကို မနိုင်တော့ဘူးလား..."


မောင်ရှီက သူ့၏ ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်၍ စင်မြင့်ပေါ်မှ အလျှင်အမြန် ထွက်သွားရန်ပြင်လိုက်သည်။သို့သော်လည်း သူ ခြေတစ်လှမ်းမျှပင် မလှမ်းရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူ့ကိုခေါ်သံကို ကြားလိုက်ရသည်။ခဏမျှ တောင့်တင်းသွားပြီးနောက် သူ့ကိုခေါ်သည့် သူကို လှည့်ကြည့်လိုက်သည်။


"မဟာသခင်ကုဟယ်..."


အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။မဟာသခင်ကုဟယ်ကမောင်ရှီကို ဘာကြောင့် ရပ်တန့်ခိုင်းလိုက်သည်လဲ မသိကြပေ။


"ဒီလူအိုကြီးက မင်းဆေးလုံးသန့်စင်နေတုန်းက စားသုံးလိုက်တဲ့ဆေးလုံးနာမည်ကို သိချင်လာတယ်...မင်းစိတ်မရှိဘူးဆိုရင် ဒီလူအိုကြီးကို အဲ့ဒီဆေးလုံးနာမည် ပြောပြပေးနိုင်မလား..."


ပရိတ်သတ်များအားလုံး အေးခဲသွားကြသည်။


"မဟာသခင်ကုဟယ်က ဘာပြောလိုက်တာလဲ...မောင်ရှီက ဆေးလုံး သန့်စင်နေတုန်းက သက်စောင့်ဆေးစားလိုက်တယ်လား...ဒါကြောင့် သူကပုဖန်ဆီက လာတဲ့ မွှေးရနံ့တွေကို ခုခံနိုင်သွားတာကို ဒါကြောင့်မလို့ သူ့ရဲ့ ဆေးမီးဖိုက မပေါက်ကွဲတာပေါ့လေ..."


ပဉ္စလက်စုဝေးပွဲပြိုင်ပွဲတွင် သက်စောင့်ဆေးစားသုံးသည်ကို ခွင့်ပြုထားသည်ဆိုသော်လည်း ပြိုင်ပွဲအတွက် ဆေးအကူအညီ ယူသည့် ပြိုင်ပွဲဝင်ကို လူများက အထင်သေးကြသည်။


မောင်ရှီ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး ကြောက်ရွံ့မှုကြောင့် မျက်ရည်များ စီးကျလာသည်။


"ငါ ..."


ထိုအမူအရာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဟာသခင်များ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြသည်။သူတို့က အဖြစ်အပျက်အကြောင်းအရာများစွာကို တွေ့ခဲ့ဖူးသူ ဖြစ်သောကြောင့်မောင်ရှီကိုကြည့်၍ တစ်ခုခုမှားနေကြောင်း ချက်ချင်း သိလိုက်ကြပေသည်။


ပွဲကြည့်စင်တွင်ရှိနေသော အစေခံအိုကြီး၏ မျက်ဝန်းများပြူးကျယ်သွားပြီး သူ့နှလုံးသားက တုန်ယင်သွားသည်။


"မကောင်းတော့ဘူး...အဲ့ဒီလူအိုကြီးတွေက..."


 မြင့်မြတ်သော မိန်းမပျို၏ မျက်ဝန်းများကလည်း ကျဉ်းမြောင်းသွားပြီး သူမ၏ နှလုံးးက တုန်ယင်သွားသည်။အကယ်၍ ဆေးနန်းတော်မှ သူများသာ သူတို့က ထိုပါရမီရှင် အဂ္ဂိရတ်ပညာရှင်အား သွေးမီးလျှံရှုရဆေးလုံးကို စားခိုင်းခြင်းကြောင်း သိသွားလျှင် သူတို့၏ ဒေါသများ ပေါက်ကွဲသွားပေလိမ့်မည်။


ထိုအချိန်ရောက်လာလျှင် ထိုစားဖိုမှူးကို တိတ်တဆိတ်ဖမ်းဆီးရန်က ခက်ခဲသွားပေလိမ့်မည်။


"အရှင်မ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...အခု အဂ္ဂိရတ်ပညာရှင်တွေရဲ့ အခြေအနေတွေက ရှုပ်ထွေးနေပြီ..."


အစေခံအိုကြီး၏ အရေးအကြောင်းအပြည့်မျက်နှာက တွန့်ခါသွားပြီး သူ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


ပရိတ်သတ်များကလည်း တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိပြုမိသွားပြီး မောင်ရှီကို စူးစိုက်ကြည့်နေကြသည်။


"ဘာတွေ ဖြစ်နေတာလဲ..."


"ငါလည်း မသိဘူး...ကြည့်ရတာတော့ မောင်ရှီက တစ်ခုခုဖြစ်နေတာထင်တယ်..."


"ဟေ့... ဟေ့ကောင်တွေ မင်းတို့ ကြည့်လိုက်ကြ မဟာသခင်တွေရဲ့ မျက်နာက ဒေါသတကြီးဖြစ်နေတယ်..."


ပရိတ်သတ်များထဲမှ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာသည်။ပြန်တော့မည်ပြင်နေသော အဂ္ဂိရတ်ပညာရှင်များကလည်း သူတို့၏ ထိုင်ခုံများသို့ ပြန်ထိုင်လိုက်ကြသည်။


သူတို့ အလွန်ပင် စိတ်ဝင်စားနေကြသည်။မကြာခင်မှာပင် သူတို့ ပွဲကောင်းကောင်းကြည့်ရပေတော့မည်။


မောင်ရှီ၏ ခန္ဓာကိုယ်က တုန်ရီနေပြီး နှလုံးသားပင် ကွဲကြေတော့မတတိ ကြောက်ရွံ့ထိတ်လန့်နေသည်။


သွေးမီးလျှံ ရှုရဆေးလုံး...


 သူထိုကဲ့သို့သော မကောင်းဆိုးဝါးဆေးလုံးမျိုးကို ထုတ်ဖော် မပြသရဲပေ။


အကယ်၍ သူသာပြောလိုက်လျှင် သူနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော ဂုဏ်သိက္ခာများက ခဏအတွင်းလဲပြို သွားပေလိမ့်မည်။ထိုကိစ္စပြီးနောက် ဆေးနန်းတော်ထဲမှ မည်သူမှ သူ့ကို လေးစားကြတော့မည်မဟုတ်ပေ။


အထူးသဖြင့် အခုမြင်ကွင်းကို ဆေးနန်းတော်များဆီသို့ တိုက်ရိုက်ထုတ်လွင့်ပြသနေသောအချိန်ဖြစ်သည်။မောင်ရှီ ပို၍ပင် ထိတ်လန့်လာမိသည်။ဒီနေရာ၌ အမှန်တရားကို ဝန်ခံစရာအကြောင်းမရှိပေ။သူကို သေသည်အထိ ရိုက်မည်ဆိုရင်တောင်မှ သူအမှန်အတိုင်းပြောမည်မဟုတ်ပေ။


"လေးစားရ ပါတဲ့ မဟာသခင် ကုဟယ်...ဘာများပြောချင်တာပါလဲ...ကျွန်တော်က ဒီတိုင်းသာမန် ချီစုစည်း ဆေးလုံးကိုပဲ စားသုံးလိုက်တာပါ...ကျွန်တော်ရဲ့ ဆေးမီးဖိုက တစ်ကြိမ် ပေါက်ကွဲပြီးပြီဆိုတာကို မဟာသခင်လည်း မြင်တာပဲလေ တကယ်လို့ ကျွန်တော်သာ ချီစုစည်းဆေးလုံးကို အားမကိုးလိုက်ဘူးဆိုရင် ဆေးလုံးသန့်စင်မှုကို ဘယ်လိုမှ အောင်မြင်နိုင်မှာမဟုတ်ဘူး..."


မောင်ရှီက ဆိုးရွားသည့် အမူအရာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ခပ်ဝေးဝေး၌ရှိနေသော ပုဖန်ကလည်း မောင်ရှီကို သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်နေလေသည်။


"မောင်ရှီက တစ်ခုခုများလုပ်ထားတာလား..."


"ချီစုစည်း ဆေးလုံး....မင်းထုတ်ယူလိုက်တဲ့ ဆေးလုံးက သွေးနီရောင်မဟုတ်ဘူးလား...ဒီသက်ကြားအိုကြီးက အသက်ကြီးနေတယ်ဆိုပေမယ့်လည်း ငါ့ရဲ့ မျက်လုံးက ကောင်းပါသေးတယ်...မောင်ရှီ မင်းက မိတ်ဆွေကြီးယောင်ရဲ့ တပည့်ဖြစ်နေလို့ ငါမင်းကို ဘာမှလုပ်မှာမဟုတ်ဘူး...မင်းဘာကြောင့် အမှန်အတိုင်းမပြောတာလဲ ဒီ ပြိုင်ပွဲမှာသက်စောင့်ဆေးသုံးစွဲခွင့်ကို ခွင့်ပြုထားတာပဲလေ ..."


မဟာသခင်ကုဟယ်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။


ထို အပြုံးကို မြင်ပြီးနောက် မောင်ရှီ၏ နှလုံးသားက အေးစက်သွားလေသည်။


နောက်ဆုံး၌ မဟာသခင်ယောင်ကွမ်းလည်း ပြဿနာကို သတိပြုမိသွားလေပြီ။သူ မျက်မှောင်ကြုတ်၍ မောင်ရှီကို ရေခဲတမျှ အေးစက်စွာ ကြည့်လိုက်သည်။


"ဆရာ ကျွန်တော် စားခဲ့တာတကယ်ပဲ ချီစုစည်း ဆေးလုံးပါ ကျွန်တော်က ..."


မောင်ရှီ စတင်၍ ထိတ်လန့်လာခဲ့သည်။သူ့၏ မျက်ဝန်းများကလည်း ဘယ်ညာယမ်းခါနေသည်။သူ သွေးများပင် စောင့်တက်လာလေသည်။


"စိတ်အေးအေးထားစမ်း..."


"ဘန်း..."


ကျယ်လောင်သည့် အသံတစ်ခု စင်မြင့်ပေါ်မှ ထွက်ပေါ်လာသောကြောင့် လူများအားလုံး ထိတ်လန့်သွားကြသည်။ထို့နောက် သူတို့ မဟာသခင်ယောင်ကွမ်၏ မဲမှောင်နေသော မျက်နာကိုသာ မြင်လိုက်ရသည်။သူက လက်ပိုက်၍ မောင်ရှီကို အေးစက်စွာဖြင့် စိုက်ကြည့်နေသည်။


"မင်းက ငါ့တပည့်ပဲ မင်းဆေးလုံး စားလိုက်တယ်ဆိုတည်းက အရှက်ခွဲဖို့ လုံလောက်သွားပြီ...အခုငါတို့က မင်း ဘာဆေးလုံး စားလိုက်လဲဆိုတာကို မေးနေတာ မင်းကမေးခွန်းကို ရှောင်လွဲဖို့ ကြိုးစားနေတယ် ဒါ ဘာအဓိပ္ပါယ်လဲ...မင်းက ဆေးလုံးကိုတော့ အသုံးပြုရဲပြီး ဝန်ခံဖို့ ကျတော့ ကြောက်ရွံ့နေတယ်လား...မင်း ငါတပည့်ဖြစ်ဖို့ထိုက်တန်သေးတယ်လား..."


မောင်ရှီ၏ စိတ်က တုန်ယင်သွားပြီး သူခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်လိုက်ရသည်။ထို့နောက် သူ သွေးတစ်လုတ်အန်လိုက်ပြီး နှာခေါင်းကလည်း သွေးများစီးကျလာလေသညိ။


မဟာသခင်များ မျက်မှောင်ကြုတ်သွားကြသည်။မောင်ရှီ၏ ခန္ဓာကိုယ်က အားနည်းနေပေသည်။ဒါက သာမန် ချီ ဆေးလုံး မဖြစ်နိုင်တော့ပေ။


မဟာသခင်ရွှမ်မင်အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။အကဲဖြတ်လူကြီးမင်းတစ်ယောက်အနေဖြင့် ထ်ိုကဲ့သို့ လိမ်လည်မှုများကို ခွင့်ပြုမည်မဟုတ်ပေ။


သူအရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရွှေ့ပြောင်းအစီအရင်ကို သုံးလိုက်သကဲ့သို့ မောင်ရှီ၏ ရှေ့သို့ ရောက်သွားသည်။ထို့နောက် မောင်ရှီ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။


အစစ်အမှန် စွမ်းအင်များက မောင်ရှီ၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားပြီး လှည့်ပတ် နေလေသည်။


မောင်ရှီ့ ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။


"ဒါ ...ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ...မင်းဘာဆေးလုံးကို စားခဲ့တာလဲ တိမ်နှစ်စ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဒီလောက်တောင် အားနည်းနေစရာအကြောင်းမရှိဘူး...မင်းက သေတွင်းတူးနေတာလား..."


မဟာသခင်ရွှမ်မင်က မောင်ရှီ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီးနောက် ထိတ်လန့်သွားသည်။သူဒေါသထွက်စွာဖြင့် အော်ပြောလိုက်လေသည်။


"မကောင်းတဲ့ တပည့် မင်းဘယ်လို ဆေးလုံးမျိုးကို စားခဲ့တာလဲ ငါတို့ကို မြန်မြန်ပြောစမ်း..."


ဒီအခြေအနေက အားလုံးမျှော်လင့်ထားတာထက်ပင် ကျော်လွန်နေပေပြီ။ထို့ကြောင့် ပရိသတ်များ ထိတ်လန့်ကြောင်အနေကြသည်။ပုဖန်လည်း ကြည့်၍ ငေးမောနေမိသည်။


"မောင်ရှီက ဆေးလုံးစားလိုက်တယ် သူ့ရဲ့ ပုံစံကိုကြည့်ရတာတော့ အရမ်းသက်ရောက်မှုပြင်းတဲ့ ဆေးလုံးထင်တယ်..."


ယခုအချိန်၌ ဆေးနန်းတော်တစ်ခုလုံး၏ အာရုံက မောင်ရှီအပေါ်တွင်သာ ကျရောက်နေလေသည်။


ဆေးလုံးစားသောက်ခြင်း...


ထိုအကြောင်းအရာက မူလကပင် အထိမခံသည့် ခေါင်းစဉ်မျိုးဖြစ်သည်။ထို့အပြင် ယခုအခါ၌ မောင်ရှီ၏ လက္ခဏာကလည်းမကောင်းပဲ သူ့ခန္ဓာကိုယ်က ပြဿနာတစ်ချို့နှင့် ရင်ဆိုင်နေရပုံပေါ်လေသည်။ထိုပြဿနာကလည်း ဆေးလုံးနှင့် ပတ်သတ်နေပေမည်။


"မောင်ရှီ ငါတို့ကို မြန်မြန်ပြော...မင်းဘယ်လို ဆေးလုံးကို စားခဲ့တာလဲ...အခု မင်းရဲ့ ကျင့်ကြံစဉ်တွေ တစ်ဝက်လောက်ဆုံးရှုံးသွားပြီဆိုတာကို မင်းသိသင့်တယ်...အဲ့ဒီဆေးလုံးရဲ့ အဆိပ်တွေက မင်းခန္ဓာကိုယ်ကို တရွေ့ရွေ့တိုက်စားနေပြီ မင်းငါတို့ကို မြန်မြန်မပြောဘူးဆိုရင် မင်းရဲ့ ဆရာတောင်မှပဲ မင်းကို ကယ်တင်နိုင်တော့မှာမဟုတ်ဘူး..."


မဟာသခင်ယောင်ကွမ်းက အလွန်ပင် ဒေါသထွက်နေသည်။သို့သော်လည်း တစ်ချိန်တည်းမှာပင် သူအလွန်လည်း စိုးရိမ်ပူပန်နေမိသည်။


မောင်ရှီ ရုတ်တရက် ပြာယာခတ်သွားလေသည်။


ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူ့၏ ကျင့်ကြံဆင့်ဖြင့် ရှုရဆေးလုံးလို အရာမျိုးကို ခုခံနိုင်ပေသည်။အလွန်ဆုံးမှ သူလအနည်းငယ်ခန့် အားနည်းနေရုံသာရှိမည်...ဖြစ်နိုင်တာက...


မောင်ရှီ တစ်စုံ တစ်ခုကို တွေးမိသွားဟန်ဖြင့် သူ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ထို့နောက် ရုတ်တရက် အော်ဟစ်လိုက်လေသည်။


"အဲ့ဒီ သက်စောင့်ဆေးက သွေးမီးလျှံ ရှုရသက်စောင့်ဆေးလုံး မဟုတ်ဘူးလို့ ငါကိုမပြောနဲ့ ...အဲ့ဒါ မဖြစ်နိုင်ဘူး..."


"သွေးမီးလျှံ ရှုရဆေးလုံး...ရှေးဟောင်းရှုရမြို့တော်က တစ်စုံတစ်ယောက်လား...မင်းက အဲ့ဒီလ်ိုဆေးလုံးကို တကယ်ပဲ အသုံးပြုရဲပြီးတော့ သေခြင်းတရားရဲ့ အစေခံဖြစ်ချင်တယ်ပေါ့...မင်း...မင်း...တကယ်ပဲ စိတ်ပျက်ဖို့ကောင်းတယ်..."


မဟာသခင်ယောင်ကွမ်း၏ ဒေါသများပေါက်ကွဲသွားလေသည်။သူ့၏ တုံးအတဲ့ တပည့်မိုက်က ဘာကြောင့် ဒီလိုနိမ့်ကျတဲ့ ဆေးလုံးမျိုးကို စားရဲတာလဲ...တကယ်လို့ သူဆိုလျှင်ပင် ထ်ိုကဲ့သို့ ဆေးလုံးမျိုးကို အလွယ်တကူစားရဲလိမ့်မည်မဟုတ်ပေ။


ပုဖန် ရတနာရှစ်သွယ်ကြက်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပြီးရင်း စိတ်ရှုပ်ထွေးနေမိသည်။မောင်ရှီက သာမန်မဟုတ်သည့် ဆေးလုံးမျိုးကို စားလိုက်ပုံရလေသည်။


ရုတ်တရက် ပွဲကြည့်စင်ဘက်မှ ဆူညံသံ ထွက်ပေါ်လာပြီး ခါးကုန်းကုန်းနှင့် လူကြီးတစ်ယောက်၏ ပုံရိပ် လေထဲသို့ ပျံဝဲလာလေသည်။ဒီလူအိုကြီးက စင်မြင့်ပေါ်သို့ ရောက်လာပြီး ပုဖန်၏ ခေါင်းအထက်၌ မျောလွင့်နေသည်။အားလုံး ထိတ်လန့်သွားကြပြန်သည်


"ကြီးကြီးမားမား ကိစ္စတွေဖြစ်တော့မှာလား..."


ခါးကုန်းကြီး၏ လျှပ်စီးကဲ့သို့ လင်းလက်သော အကြည့်များက ပုဖန်ဆီသို့ ကျရောက်လာသည်။


တစ်စုံတစ်ရာက်ို ခံစားလိုက်မိပုံဖြင့် ပုဖန် ခေါင်းမော့ကြည့်လိုက်လေရာ ထိုလူအိုကြီး၏ မျက်ဝန်းများနှင့် တွေ့ဆုံလိုက်ရလေသည်။