အပိုင်း ၅၄၅
Viewers 62k

အခန်း ၅၄၅...


လေထဲ လွင့်ပျံလာသောအနက်ရောင်တုတ်ရှည်က အေးစက်လှသော လေတိုးသံများကိုပင် သယ်ဆောင်လာလေသည်။သူ့၏ ပုံရိပ်က ထိတ်လန့်စရာကောင်းလှသည်။ပရိတ်သတ်များ အံ့အားတသင့်ဖြစ်နေကြသည်။


"အဲ့ဒီလူအိုကြီးရဲ့ စွမ်းအားက အဲ့ဒီလောက်တောင်သန်မာတာလား...သူက တုတ်ရှည်ကို ပုံရိပ်များစွာတောင် ခွဲခြားနိုင်တယ်..."


မဟာသခင်ရွှမ်မင်၏ မျက်ဝန်းများက အေးစက်နေသည်။သူ့၏ ပုံရိပ်က မီးတောက်လူသားနှင့်ပင် ဆင်တူလှသည်။သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်များက ကြီးမားလှသော တိရစ္ဆာန်ပါးစပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုပိန်ပါးလှသော ခါးကုန်းကြီးကို ကိုက်ရန် တိုးဝင်သွားသည်။


ခါးကုန်းကြီး၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြီးမားလှသည့် တုတ်ချောင်းတစ်ခု သဏ္ဍာန်ပေါ်လာပြန်သည်။


မကြာခင်မှာပင် ထိုတုတ်ချောင်းက မဟာသခင်ရွှမ်မင်၏ မီးတောက်ပါးစပ်ကြီးကို ချေမွပစ်လိုက်သည်။လေတိုးသံများကလည်း ကြမ်းတမ်းလာသည်။မဟာသခင်ရွှမ်မင်က ထိုကြီးမားလှသည့် တုတ်၏ တိုက်ခိုက်မှုမှ အသဲအသန် ခုန်ရှောင်လိုက်ရသည်။


ထိုအချိန်တွင် တခြားမဟာသခင်များကလည်း စတင်၍ လှုပ်ရှားလာလေသည်။မဟာသခင်ကုဟယ်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး အစိမ်းပုပ်ရောင်ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။


တစ်ချက်နှစ်ချက်သာ ဝါးပြီး မျိုချလိုက်သည်နှင့် သူ့၏ စွမ်းအင်များက ဒုံးပျံယာဉ်လို ထိုးတက်လာလေသည်။ထို့နောက် သူလက်သီးဖြင့် မြေပြင်ကို ထိုးချလိုက်သည်။မြေပြင်မှနေ၍ စွမ်းအင်လှိုင်းများ ကန်ထွက်လာလေသည်။


သို့သော်လည်း ခါးကုန်အဘိုးအိုက ထိုတိုက်ခိုက်မှုကို ကြိုသိနေပုံပေါ်လေသည်။သူ့၏ ခြေထောက်ကို စွမ်းအင်များဖြင့် ဖုံးကာလိုက်ပြီး လေကို ပြန်တက်လိုက်ကာ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှ လှပစွာရှောင်လိုက်လေသည်။


ထိုခါးကုန်းကြီးက သူ့၏ အနက်ရောင်တုတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်နှင့် စွမ်းအင်များက တရှိန်ထိုး ထိုးတက်လာလေသည်။


ထို့နောက် အားအပြည့်ဖြင့် မြေပြင်ကို လွှဲရိုက်ချလိုက်သည်။ထိုတုတ်သွားရာ လမ်းတစ်လျှောက်ရှိ လေထုက တွန့်လိမ်ရှုံ့တွသွားလေသည်။


ထန်း...


မြေပြင်က ပေါက်ကွဲသွားလေပြီ။ သို့သော် မဟာသခင် ကုဟယ်က အလင်းကဲ့သို့ရှောင်လိုက်နိုင်သည်။သူ လေထဲသို့ ခုန်တက်လိုက်ပြီး ထိုခါးကုန်းကြီးဆီသို့ တိုက်ရိုက်တိုးဝင်သွားလိုက်သည်။


ဖန်း...ဖန်း...ဖန်း...


မဟာသခင်ကုဟယ်၏ ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရွှေ့လျားသွားပြီး လေထဲမှပင် ခါးကုန်းကြီးနှင့် ထိပ်တိုက် တိုက်ခိုက်လိုက်လေ၏။


ရတနာရှစ်သွယ်ကြက်ကို ဆုပ်ကိုင်ထားသော ပုဖန်က ထိုတိုက်ပွဲကိုကြည့်၍ လေအေးတစ်ချက်ရှုရှိုက်လိုက်သည်။သူ တဖြေးဖြေးချင်း အနောက်သို့ ဆုတ်လိုက်ပြီး ချာခနဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။


သို့သော်လည်း သူအနောက်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့် အချိန်မှာပင် ထိုကြီးမားလှသည့် အနက်ရောင်တုတ်ချောင်းက တုန်ခါလာသည်။ဒီတစ်ကြိမ်၌ သူ့ဆီသို့ လွှဲချလာလေသည်။


အမ်...


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူ့လှုပ်ရှားမှုကိုတော့ မရပ်တန့်လိုက်ပေ။သူ့ဆီသို့ လွှဲရိုက်လာသော ထိုတုတ်ချောင်းက ပြင်းထန်လှသည့် လေပြင်းများကိုပါ သယ်ဆောင်လာလေသည်။ထို ရိုက်ချက်ကြောင့် မြေပြင်က အက်ကွဲသွားသည်။


ပုဖန် သူ့လှုပ်ရှားမှုကို အရှိန်တင်လိုက်သည်။ထို တုတ်ချောင်းကလည်း ရပ်တန့်မသွားပဲ သူ့အနောက်မှ အဆက်မပြတ်လိုက်လာလေသည်။ခပ်လှမ်းလှမ်းတွင်ရပ်နေသော ဒိုင်လူကြီးချုပ်နှင့် နန်ကုန်းဝူချယ်တို့နှစ်ယောက် ထိုမြင်ကွင်းကိုကြည့်၍ လေအေးများရှုရှိုက်လိုက်မိကြသည်။ထိုအနက်ရောင်တုတ်က သာမန်မဟုတ်ပေ။


"ဘော်ဒါပု ငါမင်းကို ကူညီမယ်..."


နန်ကုန်းဝူချယ် ကျယ်လောင်စွာအော်ပြောလိုက်သည်။ထို့နောက် မြေပြင်ကို ထောက်ကန်၍ ပုဖန်ဆီသို့ ဦးတည်သွားလိုက်သည်။


"မလာ..."


ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ ကမန်းကတန်း ပါးစပ်ဖွင့်ဟလိုက်သည့်အချိန်မှာပင် နန်ကုန်းဝူချယ်က သူ့နားသို့ ရောက်လာပြီကို သတ်ိပြုမိလိုက်သည်။


စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် မျက်နာနှင့် သူက ထို တုတ်ကို ရင်ဆိုင်လိုက်သည်။


လေထဲတွင်ရှိနေသော ခါးကုန်းကြီး၏ သွေးလှည့်ပတ်မှုက မြင့်တက်လာသည်။သူ ပုဖန်ရှိရာဆီသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။


ရုတ်တရက် အနက်ရောင် တုတ်များ အများအပြားပေါ်ထွက်လာပြီး မြေပြင်သို့ ကြမ်းတမ်းစွာ ကျဆင်းလာလေသည်။


"အာ... ဒီနေရာမှာ တစ်ခုပဲ သုံးမယ်လို့ သဘောတူထားကြတာမဟုတ်ဘူးလား..."


နန်ကုန်းဝူချယ်၏ မျက်နာပေါ်၌ ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။သူ့ရှိရာဆီသို့ အုံလိုက် ကျဆင်းလာသော ထို အနက်ရောင်တုတ်အရှည်များကိုကြည့်၍ သူ့နှလုံးသားအပေါ် ခွေးအကောင်တစ်သောင်းလောက် ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။


သူ့လက်ဖဝါးမှ လျှံဖြူတစ်ခု ထွက်ပေါ်လာပြီးနောက် အရာအားလုံးကို မျိုချစားသောက်ပစ်တော့မကဲ့သို့ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်သွားလေသည်။ငရဲဘုရင်ကိုးပါးမီးလျှံဖြူနှင့် ထိုအနက်ရောင်တုတ်ရှည်များ ထိပ်တိုက် တွေ့ဆုံသွားပြီးနောက် တုတ်ချောင်းများ ဝါးမြိုဖျက်စီးခြင်းခံလိုက်ရသည်။သို့သော်လည်း တုတ်များစွာက မီးလျှံကို ဖြတ်ကျော်နိုင်ပြီး ပုဖန်ရှိရာဆီသို့ ဆက်လက်ကျဆင်းသွားလေသည်။


ဒေါင်...ဒေါင်...ဒေါင်...


နန်ကုန်းဝူချယ်က မိုးရွာသလို ကျဆင်းလာသော တုတ်ရှည်များကို အသဲအသန်ရှောင်တိမ်းနေရလေသည်။မြေပြင်၌ အရွယ်အစားမတူညီသော အပေါက်များစွာ ဖြစ်ပေါ်လာလေသည်။နန်ကုန်းဝူချယ်၏ နှလုံးသားက ထိတ်လန့်မှုကြောင့် မရပ်မနားခုန်ပေါက်လာလေသည်။


"သေစမ်း ဒါအရမ်းကြောက်ဖို့ကောင်းတယ် ဒီ ဝါးလုံးနက်တွေမှာ စိတ်ဝိညာဉ်ရှိနေတာလား..."


ပုဖန်လည်း ပြောစရာစကားမဲ့နေပေသည်။


"ငါတစ်ယောက်တည်းရှိတုန်းက အဲ့ဒီဝါးလုံးနက်က တစ်လုံးတည်း...မင်းကလည်း လာပြီးတော့ ငါနဲ့ ပူပေါင်းလိုက်တဲ့အချိန်ကျတော့ ဝါးလုံးတွေကလည်း ဆတိုးလာကောလေ..."


ပုဖန်က နန်ကုန်းဝူချယ်ကို အရူးတစ်ယောက်သဖွယ်ကြည့်လိုက်သည်။ထိုခါးကုန်းကြီးက သူ့ကို ဝါးလုံးတစ်လုံးဖြင့်သာ တိုက်ခိုက်ခဲ့သောကြောင့် သူ ရှောင်နိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။သို့သော်လည်း လူတစ်ယောက်တ်ိုးလာသည်နှင့် ဝါးလုံးအရေအတွက် မြောက်များစွာတိုးလာလေသည်။


"သေစမ်း...ချီးပဲ...ဒီဝါးလုံးတွေက အဆိပ်ရှိတယ်..."


ဒီတစ်ကြိမ်၌ ထ်ိုဝါးလုံးက နန်ကုန်းဝူချယ်၏တင်ပါးကို ရိုက်နှက်သွားပြီး သူ့မျက်နာက ရုပ်ဆိုးသွားလေသည်။ထို့နောက် သူ စဉ်းစားချိန်ပင်မရတော့ပဲ ထိုဝါးလုံးများစွာက သူ့ကို ရိုက်နှက်လာသည်ကို ခံလိုက်ရသည်။သူ့ဘဝထဲတွင် ဒီကမ္ဘာပေါ်၌ ချစ်ခင်တွယ်တာစရာမရှိတော့သလိုပင် ခံစားလိုက်မိသည်။


အနက်ရောင်ဝါးလုံးနှစ်လုံးက လေထဲတွင် တရစပ်လှည့်လည်ပြီး ပုဖန်ရှိရာဆီသို့ ဦးတည်သွားလေသည်။ရတနာရှစ်သွယ်ကြက်ကို ပိုက်ထားဆဲဖြစ်သောပုဖန်က ထိုဝါးလုံးနှစ်လုံး၏ လားရာအရှိန်ကိုမမှိတ်မသုန်ကြည့်နေလေသည်။ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီးမဟူရာလိပ်ခုံးဒယ်အိုးပေါ်လာလေသည်။


သူ့၏အစစ်အမှန်စွမ်းအင်များကို အမြင့်ဆုံးအထိ မြင့်တင်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးနှင့် လွှဲပစ်လိုက်လေသည်။မဟူရာလိပ်ခုံးဒယ်အိုးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး ထိုအနက်ရောင်ဝါးလုံးများက အဝေးသို့လွင့်ပြယ်သွားကာဝေးကွာလှသည့် မြေပြင်ပေါ် ကျသွားလေသည်။


ပုဖန် ထိုနေရာ၌ ရပ်တန့်လိုက်ရန် စိတ်ကူးမရှိပေ။သို့သော်လည်း သူ့၏ လက်တစ်ဖက်၌ ရတနာရှစ်သွယ်ကြက်ကိုလည်း ပိုက်ထားသေးလေရာ မဟူရာလိပ်ခုံးကို အသာအယာလွှဲရိုက်ဖို့သာ တက်နိုင်လေသည်။


လေထဲမှ ခါးကုန်းအဘိုးအို၏ အေးစက်သော မျက်ဝန်းများက ပုဖန်ရှိရာ နေရာသို့ ကျရောက်လာသည်။ထိုအခ်ျိန်တွင် ပုဖန်ကလည်း ခေါင်းမော့ကြည့်လိုက်လေ၏။


ပုဖန် မည်သည့်စကားမှ မဆိုပဲ သူ့၏ မဟူရာလိပ်ခုံးကိုသာ ပြန်လည်ခေါ်ဆောင်လိုက်ပြီး ခပ်လှမ်းလှမ်းဆီသို့ လျှောက်ထွက်သွားလိုက်သည်။


"မင်းက ထွက်သွားချင်တယ်လား..."


ခါးကုန်းအဘိုးအို၏မျက်နာက အေးစက်တင်းမာနေပေပြီ။ထ်ိုပုရွတ်ဆိတ်ကောင်က သူ့ကို ပြန်တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့မိပေ။သူ ကြီးမားလှသော ဝါးလုံးရှည်ကို အားအပြည့်ဖြင့် လွှဲယမ်းလိုက်ရာ မဟာသခင်ငါးယောက်လုံးအနောက်သို့ ဆုတ်လိုက်ရသည်။


မဟာသခင်ကုဟယ်နှင့် တခြားသူများအားလုံး ချွေးများ စိုရွှဲနေပေပြီ။နာကျင်မှုကိုလည်း ခံစားနေရသည်။ထင်ထားသည့်အတိုင်းပင် ရှေးဟောင်းရှုရမြို့တော်မှသူ၏ တိုက်ခိုက်မှုစွမ်းရည်က သန်မာအားကောင်းလှပေသည်။


မဟာသခင်ငါးယောက်က လူတစ်ယောက်၏ တိုက်ခိုက်မှုကြောင့် အနောက်သို့ ဆုတ်လိုက်ရသည်။မည်မျှ စစ်ဆင်အားကောင်းလှသနည်း။


"အားလုံးပဲ ဒီလို တိုက်ခိုက်နေလို့မရဘူး...ငါတို့ အတူတကွ တိုက်ခိုက်ကြမယ်...ဆေးနန်းတော်ရဲ့ မျက်နာကို ပျက်စေလို့ မရဘူး..."


မဟာသခင်ရွှမ်မင်က ကျုံးဝါးလိုက်ပြီးနောက် ထိုလူအိုကြီးဆီသို့ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။


"ဒီရှုရ အိုကြီးရဲ့ ပစ်မှတ်က စားဖိုမှူးပဲ ဘာလို့ မင်းတို့ရဲ့ ဘဝကို စတေးပြီး တိုက်ခိုက်ဖို့ လိုအပ်လို့လဲ ...သူ့ကိုသာ ငါ့လက်ထဲထည့်ပေးလိုက် နှစ်ဖက်လုံး ပြေလည်သွားပြီမဟုတ်ဘူးလား..."


ခါးကုန်းအဘိုးအိုက ပြောပြီးသည်နှင့် သူ့၏ အနက်ရောင်ဝါးလုံးကို လွှဲယမ်းလိုက်လေရာ နက်မှောင်လှသည့်အရိပ်က ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။


ထိုတိုက်ခိုက်မှုကြောင့် မဟာသခင် ရွှမ်မင် လွင့်ထွက်သွားလေသည်။သူ့၏ ရင်ဘတ်သို့ ကြီးမားလေးလံလှသော တောင်တစ်တောင်ဖြင့် ပစ်ဆောင့်လိုက်သလိုမျိုး သွေးတစ်လုတ်အန်လိုက်ရသည်။သူ့၏ မျက်နာက ချက်ချင်းဖြူဖျော့သွားလေသည်။


"မင်း ငါလမ်းကို ထပ်ပိတ်ပင်နေဦးမယ်ဆိုရင် ဒီရှုရအိုကြီးက လုံးဝ ညှာတာတော့မှာမဟုတ်ဘူး..."


ထိုလူကြီးက ကျန်သည့် မဟာသခင်များကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။အများဆုံးမှာ သူ ဆေးနန်းတော်ထဲဝင်၍ တိုက်ခိုက်သူအကုန် သတ်လိုက်ရုံပင်။


ပရိတ်သတ်များနှင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့ဝင်များအားလုံး အလွန်အမင်းဒေါသထွက်သွားကြသည်။


"ဒီလူကြီးက ဘယ်လိုလုပ် အဲ့ဒီလောက် ရိုင်းစိုင်းနေရတာလဲ...သူကမဟာခင် ငါးယောက်ကိုတောင်မှ ခြိမ်းခြောက်ရဲတယ်လား...ရှေးဟောင်းရှုရမြို့တော်က လူတိုင်းက အရိုင်းအစိုင်းတွေပဲလား..."


ထိုမြင်ကွင်းကြောင့် ဆေးနန်းတော်ထဲတွင် ဝရုန်းသုန်းကားဖြစ်သွားလေသည်။


"နင့်ရဲ့မေမေက လုံးဝ သည်းမခံနိုင်တော့ဘူးဟေ့ ငါအခုပဲ မြူကောင်းကင်မြို့ကို လာပြီ ..."


"ဒီအဘိုးကြီးက တော်တော်လွန်လွန်းသွားပြီ ဒီစီနီယာကို အရမ်းပဲ စိတ်အနှောင့်အယှက်ဖြစ်စေတယ်...ငါသူကို သလင်းကျောင်အမြောက်ဆန်ကို အသုံးပြုပြီးတော့ သေအောင်သတ်ပစ်ချင်လာပြီ..."


ပရိတ်သတ်များအားလုံးက စော်ကားခံရမှုကြောင့် ဒေါသများပေါက်ကွဲလာပြီး မကျေမနပ်ပြောဆိုသံများထွက်ပေါ်လာလေသည်။ပုဖန်က ထိုအကြောင်းကို အနည်းငယ်မျှပင် စဉ်းစားနေခြင်းမရှိပေ။သူက ရှစ်လေးကိုပိုက်၍ မဟူရာလိပ်ခုံးဒယ်အိုးကို ပခုံးထက်သယ်ကာ ဆိုင်ကိုပြန်ဖို့သာ စိုင်းပြင်းနေလေသည်။


သူ့၏ ပြိုင်ပွဲကလည်း ပြီးဆုံးသွားပေပြီ။ထ်ို့ပြင် ဒီနေရာ၏အခြေအနေကလည်းတကယ့်ကို ဆိုးဝါးနေလေရာ သူ ဆက်နေစရာအကြောင်းမရှိတော့ပေ။ပုဖန် ထွက်ခွာသွားတော့မည့်အချိန်မှာပင် ရုတ်ရက် ပွဲကြည့်စင်ဘက်မှ ပုံရိပ်နှစ်ခု ပြေးထွက်လာလေသည်။


သူတို့၏ အရှိန်က အလွန်ပင်လျှင်မြန်လှသည်။ထုံဟယ်နှင့် မီရှတို့နှစ်ယောက်လုံး၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။မြင့်မြတ်သောမိန်းမပျိုက ပြိုင်ပွဲအတွင်း၌ပင် လှုပ်ရှားခိုင်းလိုက်မည်ဟု သူတို့နှစ်ယောက်လုံး လုံးဝ မထင်ထားခဲ့မိပေ။အရှင်မက တကယ့်က်ို မယုံနိုင်စရာကောင်းလှသည်။


ထိုစားဖိုမှူးကောင်လေးက တစ်ယောက်တည်းဖြစ်နေလေရာ သူ့ကို ဖမ်းဆီးဖို့ ကြီးမားသည့် အခွင့်အရေးကြီးတစ်ရပ်ပင်ဖြစ်နေလေသည်။သူတို့ထိုကောင်လေးကို ဆုပ်ကိုင်မိသည်နှင့် ရှုရမျှော်စင်က သူတို့၏ အိမ်သို့ ပြန်ရောက်လာပေလိမ့်မည်။


သူတို့ ရှေးဟောင်းရှုရမြို့တော်က လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးကို ကြောက်ရွံ့စရာမလိုတော့ပဲ ပြာပုံထဲမှ ပြန်လည် ရှင်သန်ထမြောက်နိုင်ပေပြီ။


မြင့်မြတ်သော မိန်းမပျိုက ထိုစားဖိုမှူးကို ဖမ်းဆီးရန်သာ တိုက်ရိုက်ညွှန်ကြားလိုက်သည်။ထိုစားဖိုမှူးက ရှုရမျှော်စင်ကို အသုံးပြုနိုင်နေပေသည်။အရှင်မက ထိုအကြောင်းအရင်းကို စိတ်ဝင်စားနေပုံပေါ်၏။


အခုအချိန်တွင် ထိုကောင်လေး၏ ဘေးနား၌ အနက်ရောင်ဆံပင်ရှည်များဖြင့် အမျိုးသမီးမရှိလေရာ မိနစ်ပိုင်းအတွင်းသူ့ကို အလွယ်တကူ ဖမ်းဆီးနိုင်ပေသည်။


မီရှနှင့် ထုံဟယ်တို့နှစ်ယောက်ထွက်ပေါ်လာမှုက ပုဖန်မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပေပြီ။သူတို့ကို မြင်လိုက်သည့်ခဏ သူတောင့်တင်းသွားမိသည်။


သူ မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ရွှေနဂါးအရိုး မီးဖ်ိုချောင်သုံးဓားကို ထုတ်ယူလိုက်သည်။သူ့၏ အစစ်အမှန်စွမ်းအင်များကို ဓားအတွင်းဖြည့်သွင်းလိုက်သည်နှင့် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံမျိုးထွက်ပေါ်လာလေသည်။


မီးဖိုချောင်သုံးဓားမှ ထွက်ပေါ်နေသည့် ရွှေရောင်အလင်းများကလည်း ကြည့်မိလိုက်သူကို မျက်လုံးကန်းသွားမတတ်တောက်ပနေ၏။၎င်းက အရာခပ်သိမ်းကို အောင်မြင်နိုင်သည့် အစွမ်းသတ္တ်ိကို ပိုင်ဆိုင်ထားလေသည်။


ဓားဆယ့်သုံးကွက် အရှင်သခင် ...


ပုဖန်ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်၍ ဒေါင်လိုက် ဖြတ်မျဉ်းအတိုင်း လွှဲချလိုက်သည်။


"တန်ခိုးရှင်အဆင့်ပဲရှိသေးတဲ့ မင်းက ငါတို့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား...တားဆီးချင်တာလား...မင်းက ငါတို့ကို အထင်အမြင်သေးနေတာလား...မင်းကိုယ်မင်း အနက်ရောင်ဆံနွယ်ရှည်တွေနဲ့ အမျိုးသမီးလို့ထင်နေတာလား..."


ထုံဟယ်နှင့် မီရှတို့နှစ်ယောက်လုံးက အေးစက်စွာ ရယ်မောလိုက်ကြသည်။ဓားအလင်းကျရောက်လာသည့်အချိန်မှာပင်ထုံဟယ်က သူ့လက်ကို လွှဲယမ်းလိုက်သည်။သူ့လက်မှ အစစ်အမှန်စွမ်းအင်များထွက်ပေါ်လာပြီး အလင်းများကို ပြိုကွဲသွားစေသည်။


သို့သော်လည်း ပထမတစ်ချက်နှင့် နီးကပ်စွာပင် ဒုတိယဓားအလင်းက ကပ်လျက်လိုက်ပါလာ၏။


ဓားဆယ့်သုံးကွက်အရှင်သခင်... ဓားချက် တစ်ချက်စီတိုင်းက ပို၍ ပြင်းထန်လာမည် ဖြစ်သည်။


ထိုဆယ့်သုံးချက်၏ နောက်ကွယ်၌ အဆုံးအစမဲ့လှသော စွမ်းအင်များလိုက်ပါလာပေလိမ့်မည်။ထုံဟယ်က ဒုတ်ိယတစ်ချက်ကိုလည်း အထင်အမြင်သေးစွာဖြင့်ပင် ဖယ်ရှားလိုက်သည်။


"မင်းက ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ ဘာမှမဟုတ်ဘူး..."


ပုဖန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။တတိယမြောက်ဓားချက်ရောက်လာပြီးနောက် လေးချက်မြောက်ကလည်း ကပ်လျက်လိုက်ပါလာလေသည်။


ပုဖန် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သူ့၏ ရင်ဘတ်ကို ဖိကိုင်ထားလိုက်သည်။


ထိုအတောအတွင်း ခပ်လှမ်းလှမ်းဆီမှ ထုံဟယ်၏ မျက်နာကလည်း ခရမ်းရောင်မုန်လာဥကဲ့သို့ ညိုမဲ နက်မှောင်နေပေသည်။


"ချီးပဲ...ဒါ ဘယ်လို သောက်ကျိုးနဲ ကိစ္စလဲ ..."


ပထမဓားချက်ကို လွယ်လွယ်ကူကူဖြိုခွဲပစ်လိုက်နိုင်သည်။ထို့နောက် ဒုတိယဓားချက် တတိယဓားချက် စတုတ္ထဓားချက် မပြီးဆုံးတော့ဘူးလား...


ခြောက်ချက်မြောက် ဓားချက်အရောက်၌ ထုံဟယ် လွင့်ထွက်သွားပြီးမြေပြင်ပေါ် ဒူးထောက်ကျသွားသည်။သူ့ပခုံး၌ ကြီးမားသည့် ပြတ်ရှရာတစ်ခုရှိနေပြီး သွေးများအဆက်မပြတ် စီးကျနေလေသည်။


မသေမျိုးခန္ဓာအဆင့် သူက တန်ခိုးရှင်အဆင့် တစ်ယောက်၏ သတ်ဖြတ်ခြင်းခံရလုနီးပါးဖြစ်ခဲ့ရလေသည်။


"ဒါ မယုံနိုင်စရာပဲ လုံးဝ မယုံနိုင်စရာပဲ..."


ဟုန်...ဟုန်...


ပွဲကြည့်စင်ဘက်မှ ပုံရိပ် နှစ်ခု ထွက်ပေါ်လာလေသည်။တစ်ယောက်က အလွန်ပင်ချောမောကြည့်ကောင်းလှပြီး အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။


ထိုသူက လန်းဆန်းတက်ကြွသည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။သူက လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ရှောင်ဟယ်ဖြစ်သည်။နောက်တစ်ယောက်က ကြီးမားလေးလံလှသော ဓားကို ပခုံးထက်တွင် ထမ်းပိုးထားသည်။သူ့၏ အမူအရာကလည်း လေးနက်တည်ကြည်နေ၏။ထိုသူက မဟာဂိုဏ်းမှ ရှီးမန်ရွှမ်ဖြစ်၏။


"မဟာဂိုဏ်းက ညီကို ဒီပိုင်ရှင်ပုက အစားကြူးတောင်ကြားက ဆက်ခံသူဖြစ်နိုင်တယ်...ငါတို့ ကူညီကြစို့...ဒီရှေးဟောင်းရှုရမြို့တော်ကလူတွေ သူ့ကို ဖမ်းသွားခွင့်မပြုနိုင်ဘူး..."


ရှောင်ဟယ်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်ပြီး သူ့၏ အစိမ်းပုပ်ရောင်ဓားအိမ်ထဲမှ ဓားသွားကို ထုတ်ယူလိုက်သည်။


ရှီးမန်ရွှမ်က ရှောင်ဟယ်ကိုတစ်ချက်ကြည့်လိုက်ပြီးသူ့၏ ကြွက်သားအပြည့်နှင့်လက်ကို မြောက်လ်ိုက်သည်။ထိုပုံစံက တကယ့်ကို အင်အားကြီးမားသည်ဟု ထင်ရစေသည်။


"ကောင်းပြီလေ သတ်ကြစို့..."


ရှောင်ဟယ်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားပြီးနောက် မြေပြင်ကို ခြေဖျားဖြင့် အသာထောက်ကန်လိုက်သည်။မိုးခြုန်းသံကဲ့သို့ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာပြီး သူ့၏ အရိပ်က လျှပ်စီးကဲ့သို့ မြန်လှသည့်အရှိန်ဖြင့် ထုံဟယ်နှင့် မီရှဆီသို့ တိုးဝင်သွားလေသည်။


မီရှနှင့် ထုံဟယ်က ထ်ိုနှစ်ယောက်ပါဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူတို့ဒေါသများပြည့်နှက်လာပြီး စတင်တိုက်ခိုက်လိုက်ကြသည်။


ပုဖန် သူ့ရင်ဘတ်ကို အသာပုတ်ရင်း ရှောက်ဟယ်တို့နှစ်ယောက်က်ိုကြည့်လိုက်သည်။ဒီနှစ်ယောက်က သူ့ကို ကယ်တင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။


ခပ်လှမ်းလှမ်းဆီမှနန်ကုန်းဝူချယ်၏ မျက်နာကလည်း မကျေနပ်မှုများဖြင့် ပြည့်နှက်နေလေသည်။


"ဘော်ဒါပု မြန်မြန်သွားတော့ ဒီနေရာက ကြောက်ဖို့ကောင်းတယ်..."


ပုဖန်သူ့ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။သူခြေတစ်လှမ်းလှမးမည့်အချိန်မှာပင် နောက်ထပ်အချင်းအရာတစ်ခု ဖြစ်ပွားလာသည်။


သူတို့၏ မြင်ကွင်းက အနီရောင်ပုဝါဖြင့် ပြည့်နှက်သွားသည်။အနီရောင်ပုဝါက အရာရာအားလုံးကို ဝါးမြိုလိုက်သလို ထင်ရသသည်။မွှေးရနံ့ကို သယ်ဆောင်လာသည့် အနီရောင်ပုဝါတစ်စ မျောလွင့်လာ၏။


သိသာထင်ရှားသည့် ရုပ်ရည်ရှိသော လူတစ်ယောက်က ထိုအနီရောင်နောက်ခံမြင်ကွင်းနှင့် ထွက်ပေါ်လာလေသည်။ထိုသူက ပုဖန်နှင့်နန်ကုန်းဝူချယ်၏ ရှေ့၌ ပိတ်ဆို့လိုက်သည်။