အပိုင်း ၅၄၆
Viewers 62k

အခန်း ၅၄၆

ငရဲကမ္ဘာအမျိုးသမီးလာပြီ...


တိမ်ခိုးစားသောက်ဆိုင်ဟု အမည်ရသော ဆိုင်ငယ်လေး၏ တံခါးများက တင်းတင်းကျပ်ကျပ်စေ့ပိတ်ထားခဲ့သည်။ထို့ကြောင့် နေအလင်းရောင်ပင် ဆိုင်အတွင်းမဝင်နိုင်ပဲ အတွင်းပိုင်းက မှောင်မဲနေလေသည်။


ဆိုင်ထဲတွင် အသက်ရှူသံတစ်ခုသာ စည်းချက်ကျကျထွက်ပေါ်နေ၏။


ငါးလမ်းကြောင်း သိမြင်မှုသစ်သီးပင်ဘေးနားတွင် ခွေးဘုရင် အိပ်မောကျနေသည်။သူ အသက်ရှူလိုက်တိုင်း သူ့၏ ဝဖြီးလှသော ခန္ဓာကိုယ်က တုန်ခါသွားသည်။


မှောင်မဲလှသော အခန်းထဲတွင် ပုံရိပ်တစ်ခု တိတ်ဆိတ်စွာလွင့်မျောနေသည်။သူမ၏ နောက်ဘက်မှ ရှည်လျားသောဆံပင်များကလည်း လွှဲယမ်းနေ၏။


နယ်သာရီ အနည်းငယ်ပျင်းရိနေသောကြောင့် ဆိုင်ပတ်ပတ် လည် လျှောက်သွားနေသည်။


တစ်ခါတစ်ရံ၌ ငါးလမ်းကြောင်းသိမြင်မှုဘေးနားတွင် တရေးတမောအိပ်ပျော်နေသည်။တစ်ခါတစ်ရံ၌ ထိုင်ခုံပေါ်ထိုင်၍ တွေဝေငေးမောနေလေသည်။ထိုပုံစံက သူမမွေးဖွားလာကတည်းက အသားကျနေသည့် နေထိုင်မှု ပုံစံဖြစ်သည်။


သူမ လျှို့ဝှက်နယ်ပယ်ထဲတွင် နေစဉ်အခါကလည်း ငရဲကမ္ဘာသင်္ဘောထဲတွင် ထိုင်၍ တွေဝေငေးမောနေလေ့ရှိသည်။


ရုတ်တရက် အိပ်ပျော်နေသော ခွေးနက်ကြီး၏ မျက်ဝန်းများက ဆက်ခနဲ ပွင့်လာသည်။သူ ပါးစပ်ကိုဖွင့်ဟ၍ ပျင်းရိစွာသန်းဝေလိုက်သည်။ထို့နောက်သူ့၏ မျက်ဝန်းများက မြို့လည်ခေါင်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။


"အိုး...အဲ့ဒီကောင်လေး ပုဖန်ကတော့ ပြဿနာတစ်ချို့နဲ့ ကြုံနေပြီထင်တယ်...ဒီကောင်လေးကတော့လေ တကယ့်ကို အမှတ်တမဲ့ နေလွန်းတယ်...သူ ဆိုင်ကထွက်သွားတဲ့ အချိန်မှာတောင်ဟိုသံလုံးကောင်ဝှိုက်တီကို ခေါ်မသွားဘူး..."


ခွေးဘုရင် တီးတိုးရေရွတ်လိုက်သည်။ထို့နောက် ငေးမောနေသည့် နယ်သာရီဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။


"ကောင်မလေး ဒီအခ်ျိန်က စားကြရမယ့်အခ်ျိန်ပဲ..."


နယ်သာရီခုံပေါ်မှ ဆက်ခနဲခုန်ထလိုက်သည်။သူမ၏ တောက်ပလှသောမျက်ဝန်းလေးများဖြင့် ခွေးဘုရင်ဘက်သို့ လှည့်ကြည့်လိုက်၏။


"ငါကလိမ်ပြောလိုက်တာ..."


နယ်သာရီ၏ မျက်ဝန်းများက မှုန်မှိုင်းသွားပြီး သူမ၏ မျက်နာက ခံစားချက်မဲ့သည့် မျက်နာသေဖြစ်သွားလေသည်။


"ကောင်မလေး... ကြည့်ရတာတော့ ဟိုကလေးက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်...တကယ်လို့ နင် နဂါးသွေးထမင်းကြော် ဆက်စားချင်တဲ့ ဆန္ဒရှိသေးတယ်ဆိုရင်တော့ အဲ့ဒီကို သွားလိုက်ပြီးတော့ ကလေးကိုပြန်ခေါ်ခဲ့...တကယ်လို့ သူသာ တစ်ခုခုဖြစ်သွားရင် နင် အရသာရှိတဲ့ အစားအစာတွေ နောက်ထပ်စားရမှာမဟုတ်တော့ဘူး..."


နယ်သာရီ အေးခဲသွားသည်။


ပုဖန်က အန္တရာယ်နဲ့ ကြုံတွေ့နေရတာလား...နေဦး အဲ့ဒါက အဓိကအချက်မဟုတ်သေးဘူး...သူ နဂါးသွေးထမင်းကြော် ထပ်စားလို့မရတော့ဘူးလား...


နယ်သာရီ၏ မျက်ဝန်းများက စူးရှ ကျဉ်းမြောင်းသွားသည်။


"ဒီလိုမျိုးဖြစ်လို့ ဘယ်ဖြစ်မလဲ...ကောင်းပြီ ငါသူ့ကို သွားကြည့်လိုက်မယ်..."


နယ်သာရီ ပြောပြီးသည်နှင့် ခြေလှမ်းပြင်လိုက်သည်။


"ဟုတ်ပြီ နဂါးသွေးထမင်းကြော်အတွက် မြန်မြန်လေးပြေးလိုက် ကောင်မလေး..."


နယ်သာရီ ခွေးဘုရင်ကိုနက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး အလေးအနက်ခေါင်းညိတ်ပြလိုက်သည်။


"ငါ သေချာပေါက် နဂါးသွေးထမင်းကြော်ကို သယ်ဆောင်လာခဲ့မယ်...မဟုတ်ဘူး...ငါပြောချင်တဲ့ အဓိပ္ပါယ်က ငါသေချာပေါက် ပုဖန်ကို ပြန်ခေါ်လာခဲ့မယ်..."


နယ်သာရီ လှည့်ထွက်လိုက်သည်နှင့် ဆိုင်၏ ဂိတ်တံခါးက အသံတစ်ချက်ပင်မမြည်ပဲ ပွင့်သွားလေသည်။ခွေးဘုရင် သန်းဝေရင်း နယ်သာရီ၏ ပုံရိပ်လေးပျောက်သွားသည်အထိ ကြည့်နေလေသည်။ထို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


"အဲ့ဒီကောင်မလေးရှိနေတော့ ငါ့အတွက် ပိုပြီး လွယ်ကူနေပြီ...ဒီလ်ိုဆိုမှတော့ လောလောဆယ် ခဏလောက်အရင်အိပ်လိုက်ဦးမယ်..."


ခွေးဘုရင် တီးတိုးရေရွတ်လိုက်ပြီး ပြန်လည် လှဲချအိပ်စက်လိုက်သည်။မီးဖိုခန်းထဲတွင် ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်တောက်ပနေသည်။သူ လက်ဆန့်၍ ခေါင်းကို ကုတ်ခြစ်လိုက်၏။သူ့ခေါင်းပေါ်၌ ပုစွန်ပိစိကလည်း တိတ်ဆိတ်စွာ အိပ်မောကျနေလေသည်။


.......


လေအရှိန်ဖြင့် တလွင့်လွင့်လွင့်ခါနေသော အနီရောင်ချည်မျှင်စများက ထူးဆန်းလှသော အမျိုးသမီးဆီမှ မွှေးပျံ့လှသည့် ရနံ့များကို သယ်ဆောင်လာလေသည်။ထိုအနီရောင်လွင်ပြင်ကြားထဲမှ လှပလှသော မျက်နာလေးတစ်ခု ပေါ်လာလေသည်။သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကလည်း စွဲဆောင်မှုရှိလှ၏။


နန်ကုန်းဝူချယ်၏ မျက်ဝန်းများက ပြုးကျယ်ဝိုင်းစက်နေသည်။သူ့၏ နှလုံးသားကလည်းစိတ်လှုပ်ရှားမှုဖြင့်ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါလာလေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ပထမဦးစွာ ခါးကုန်းကုန်းအဘိုးအို ထို့နောက် ထုံဟယ်နှင့် မီရှ ယခု ထိုအမျိုးသမီး သူမက သာမန်မဟုတ်ကြောင်းသူပြောနိုင်ပေသည်။


"ဘော်ဒါပု ဒီအမျိုးသမီးကို ငါနဲ့ထားခဲ့ မင်းဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ အခွင့်အရေးရှာ ...ဒီအမျိုးသမီးနဲ့ ရင်ဆိုင်ဖို့ဆိုရင် ငါ့မှာ အကောင်းဆုံး နည်းဗျူဟာတွေရှိတယ်..."


နန်ကုန်းဝူချယ်က အလျင်စလို ပြောလိုက်သည်။သို့သော် သူ့၏ မျက်ဝန်းများကမူတောက်ပလင်းလက်နေဆဲဖြစ်၏။


ထိုစကားကို ကြားလိုက်သည်နှင့် ပုဖန် သူ့ဘက်သို့ သင်္ကာမကင်းဟန်ဖြင့် လှမ်းကြည့်လိုက်သည်။


ထိုအနီရောင်အစများက လေအရှိန်ဖြင့် လှုပ်ခါနေသည်။ထိုခဏတွင် ထိုအနီရောင်ကာလာကာက လိပ်သွားပြီးသိုးမွှေးကဲ့သို့ ဖြူဖွေးပြီးလှပလှသည့် ခြေထောက်များကိုလှစ်ဟပြလာလေသည်။


နန်ကုန်းဝူချယ်၏ မျက်လုံးများက ကျွတ်ထွက်မတက် ပြူးကျယ်သွားလေသည်။ထိုခြေထောက်လေး၏ အောက်ခြေ၌ တောက်ပလှသည့် အနီရောင်ဖိနပ်တစ်ရံရှိနေသည်။


ထိုခြေထောက်သွယ်သွယ်လေးလှုပ်ရှားလိုက်သည်နှင့် အနီရောင်ကလာကာက တဖြေးဖြေးချင်းလိပ်သွားပြီး ခပ်ဝါးဝါး မြင်နေရသောပုံရိပ်က တဖြေးဖြေးချင်း ထင်ထင်ရှားရှားပေါ်လာလေသည်။


ထိုပုံရိပ်က မှင်သက်စရာကောင်းလွန်းလှသည်။နီမြန်းလှသော နှုတ်ခမ်းပါးလေးများ တောက်ပြောင် ပျော့ပြောင်းလှသောဆံနွယ်များဖြင့် အလှဆင်ထားသူမှာ ရင်သက်ရှုမောဖွယ်ကောင်းလှသည်။


"ဒီအမ်ျိုးသမီးက အရမ်းကို လှလွန်းတယ် ..."


သူမ၏ အလှက နန်ကုန်းဝမ်၏ အလှနှင့်လည်း မတူညီပေ။နယ်သာရီ၏ အေးစက်သောအလှအပနှင့်လည်း မတူညီပေ။သူမက တင့်တယ်ကျက်သရေရှိပြီး သူမကို မြင်လိုက်သည်နှင့် ခပ်ဖျော့ဖျော့ဖိအားကိုပါ ခံစားမိလေသည်။


မြင့်မြတ်သော မိန်းမပျို၏ နှုတ်ခမ်းပါးလေးမျာက အသာ အယာကွေးညွှတ်သွားသည်။သူမ၏ မျက်တောင်ရှည်လေးများ လှုပ်ခတ်သွားပြီး အကြည့်များက ပုဖန်ဆီ ကျရောက်လာသည်


"ငါတို့ ထပ်တွေ့ကြပြန်ပြီ..."


ထိုအမျိုးသမီး၏ အသံက ညှင်သာပျော့ပျောင်းပြီး အားနည်းသည်ဟု ထင်ရသော်လည်း ကြားလိုက်ရသူ၏ နှလုံးသားကို တုန်ခါစေန်ိုင်စွမ်းရှိသည်။


ပုဖန် ကြောင်အသွားပြီ မျက်မှောင်ကြုတ်လိုက်မိသည်။


"ငါတို့ ထပ်တွေ့တယ်..."


ထို့နောက် သူပြန်စဉ်းစားကြည့်လိုက်ရာ သူနှင့် ပခုံးချင်းယှဉ်တိုက်မိသွားသည့် အမျိုးသမီးကို မှတ်မိသွားသည်။ထိုသူမက အခုသူရှေ့ကလူဖြစ်ပေလိမ့်မည်။


"အိုး... ဟုတ်တယ်ထင်တယ်..."


ပုဖန် အေးဆေးစွာပင် တုံ့ပြန်လိုက်၏။


"မင်းကအရမ်းစိတ်ဝင်စားစရာကောင်းတာပဲ...ဘာလို့ ငါ့နောက်မလိုက်ခဲ့တာလဲ ငါ နင့်ကို အရမ်းကောင်းတဲ့ နေရာတစ်ခုစီ ခေါ်သွားပေးမယ်..."


မြင့်မြတ်သောမိန်းမပျိုက ပန်းလေးတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ ခပ်ဖွဖွလေးပြုံးလိုက်သည်။သူမ၏ အပြုံးက လှပလွန်းသောကြောင့် အားလုံးကို ထိတ်လန့်အံ့အားသင့်သွားစေနိုင်သည်။


သို့သော်လည်းပုဖန်၏ လက်ရှိတုံ့ပြန်မှုက သူမကို ပို၍ စိတ်ဝင်စားစေသည်။


နန်ကုန်းဝူချယ်ထိုအမျိုးသမီးကို သတိမဲ့စွာဖြင့် စိုက်ကြည့်နေမိသည်။


သူမ၏ စကားကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


ဒီအမျိုးသမီးနဲ့ လူတစ်စုက သူ့အတွက်လာတာပေါ့...


ဟိုခါးကုန်းကုန်းနဲ့အဘိုးအိုကလည်း သူ့ခိုင်းစေချက်ကြောင့် ရောက်လာခြင်းဖြစ်ပေမည်။သူ့ရှေ့က အမျိုးသမီးကသာ သူ့ကို တကယ်ဖမ်းဆီးချင်နေသူဖြစ်သည်။


သူက ငါ့ကို ဘာကြောင့် ဖမ်းချင်တာလဲ...သူက ငါ့ကို ကြိုက်လို့လား...


"မလိုက်ဘူး...စိတ်မဝင်စားဘူး..."


ပုဖန် ခေါင်းခါယမ်းရင်း သူမ၏ ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချလိုက်သည်။


"အား...ရား...ပိုင်ရှင်ပုရဲ့ မျက်လုံးထဲမှာမီးဖိုချောင်ပဲရှိတယ်...မင်းပြောတဲ့နေရာကို ငါမင်းနဲ့တူတူသွားမယ်..."


နန်ကုန်းဝူချယ်က သူ့၏ အနီရောင်ဆံပင်များကို စွဲလိမ်ဆော့ကစားရင်း ရင်ကော့၍ ဝင်ပြောလိုက်သည်။


ရှုရ မိန်းမပျိုက နန်ကုန်းဝူချယ်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နာပေါ်က အပြုံးက ပျောက်ကွယ်သွားလေသည်။


"လူဆိုးကောင် ဘေးဖယ်နေပြီးနင့်ဟာနင်သွားကစားနေ..."


"ဘာအဓိပ္ပါယ်လဲ..."


နန်ကုန်းဝူချယ်ကြောင်အသွားသည်။နောက်ခဏမှာပင် မြင့်မြတ်သောမိန်းမပျိုက သူမ၏ သစ်ခွ သဏ္ဍာန်လက်ချောင်းလေးများဖြင့် ညွှန်လိုက်သည်နှင့် တဖျက်ဖျက်လွင့်ခါနေသော အနီရောင် ချည်မျှင်စများက စတင်ရွေ့လျားလာလေသည်။


နန်ကုန်းဝူချယ် ကြက်သီးမွှေးညှင်းများထောင်ထသွားပြီး သူ့၏ အစစ်အမှန်စွမ်းအင်များက ကြမ်းကြမ်းတမ်းတမ်းလှည့်ပတ်လာလေသည်။သူနောက်မှ စိတ်ဝိညာဉ် ကြိုးများကလည်း ကြမ်းတမ်းစွာ ယမ်းခါနေသည်။သူ ငရဲဘုရင်ကိုးပါး မီးလျှံဖြူကို ထုတ်ခါလိုက်ပြီးထိုချည်မျှင်စများကို မီးရှို့ရန် ရည်ရွယ်လိုက်သည်။သို့သော် အသုံးမဝင်ပေ။


ကောင်းကင်ကမ္ဘာမြေ မီးလျှံဖြစ်သောငရဲဘုရင်ကိုးပါးမီးလျှံဖြူပင် ထိုချည်မျှင်များကို မလောင်ကျွမ်းနိုင်ပေ။ထိုချည်မျှင်များက သူ့ခန္ဓာကိုယ်ကို ကြမ်းကြမ်းတမ်းတမ်းရစ်ပတ်လာလေသည်။သူ့၏ ပါးစပ်များကိုပါ အုပ်ကာသွားပြီး သူ့မျက်နာ အပေါ်ပိုင်းတစ်ဝက်သာ ပေါ်တော့သည်။


"နင်က ငါ့ရဲ့ ချောမောမှုကို မနာလိုနေတာပဲဖြစ်ရမယ်..."


နန်ကုန်းဝူချယ်မှားယွင်းသလို ခံစားလိုက်မိပြီး မျက်ရည်များပင် ဝဲလာလေသည်။မိန်းမပျိုက ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်နှင့် လက်ညှိုးညွှန်ပြလိုက်သည်နှင့် နန်ကုန်းဝူချယ်ကို ရစ်ပတ်ထားသည့် အနီရောင်အလုံးကြီးက လွင့်ထွက်သွားလေသည်။ထို့နောက် ခပ်ဝေးဝေးနေရာဆီပြင်းထန်စွာပြုတ်ကျသွားသည်။ထ်ိုအချိန်ထိအောင် နန်ကုန်းဝူချယ် တစ်စက်မှ ရွှေ့လို့မရသေးပေ။


ရွှပ်...ရွှပ်...ရွှပ်...


အနီရောင်ချည်မျှင်စက လျှင်မြန်လှသည့် အရှိန်နှုန်းဖြင့် စတင်လှည့်ပတ်လာပြီး ပုဖန်ဘေးနားဧရိယာကို စတင်ရစ်ပတ်လာလေသည်။အမျိုးသမီးက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ပုဖန်ရှေ့သို့ ရောက်လာသည်။သူမ မျက်ဝန်းများ၏ အဓိပ္ပါယ်ဖော်ဆောင်မရသော အကြည့်ဖြင့် ပုဖန်ကိုကြည့်နေလေသည်။သူမ၏ နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။


"ဒီအမကြီးကမလှဘူးလားဟင်..."


သူမက ပုဖန်၏မေးကို လက်ချောင်းလေးဖြင့် အသာပုတ်ရင်း ပြောလိုက်သည်။သူမ၏ ခံတွင်းနံ့က ကြာပန်းနံ့သင်းပျံ့နေလေသည်။သူမ၏ လက်သည်းလေးများကို တောက်ပလှသည့် အနီရောင်အရောင်ခြယ်မှုန်းထားသည်။


ထိုပုံစံကပင် တမူထူးခြားစွာ ဆွဲဆောင်မှုရှိနေလေသည်။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့နှာခေါင်းထဲသို့ တိုးဝင်လာသော မွှေးရနံ့များကြောင့် သူ့မျက်နာက အနည်းငယ် ပူလောင်လာလေသည်။


"မင်းက ရုပ်မဆိုးပါဘူး..."


ပုဖန် သက်ပြင်းတစ်ချက်ချရင်း ပြန်ပြောလိုက်သည်။မိန်းမပျို၏ လက်များက ရုတ်တရက် ရပ်တန့်သွားလေသည်။


"ရုပ်မဆိုးပါဘူး..."


ပထမဦးဆုံးအကြိမ်ဖြင့် သူမကို တစ်စုံတစ်ယောက်က ထိုကဲ့သို့ ပြန်ပြောသည်ကို ကြားဖူးခြင်းဖြစ်သည်။သူမ အနည်းငယ် စိတ်ဆိုးသွားသည်။သူမက သူ့၏ အသွင်အပြင်ကို အလွန်အမင်း ယုံကြည်မှုရှိလေသည်။ထိုစားဖိုမှူးက ရုပ်မဆိုးပါဘူးဟု အဓိပ္ပါယ်ဖွင့်ဆိုလိမ့်မည်ဟုမထင်ထားခဲ့မိပေ။


ရုပ်မဆိုးပါဘူးဆိုတော့ သူမက မလှဘူးလို့ ဆိုလိုတာလား...


"ကောင်းတယ် အရမ်းကောင်းတယ်ကောင်လေး...မင်းက တကယ့်ကိုသတ္တိရှိတာပဲ ဒါပေမယ့်လည်း အဲ့ဒါနဲ့ပဲ ဒီအမကြီးက မင်းကို မဖမ်းဘူးလို့ မဆိုလိုဘူး...မင်းက ရှုရမျှော်စင်ကို အသုံးပြုနိုင်နေတယ်ဆိုမှတော့ ဒီစားဖိုမှူးလေးဆီမှာဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလဲ ..."


သူမက ခပ်ဖွဖွရယ်မောလိုက်သည်။သူမ၏ မျက်ဝန်းအကြည့်များကလည်း ပို၍ ထူးဆန်းလာလေသည်။ရုတ်တရက် သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။အဝေးတစ်နေရာဆီမှ ကြီးမားလှသည့် စွမ်းအင်လှ်ိုင်းများ ပျံသန်းလာသည်ကို ခံစားလိုက်မိသည်။


သူမထိုအရပ်ဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။သူမ၏ အကြည့်များက လွင့်မျောနေသော အနီရောင်ချည်မျှင်စများကို ထွင်းဖောက်မြင်နိုင်ပုံပေါ်သည်။


သူမကြည့်နေသည့် အရပ်ဆီမှ ကောင်းကင်က တဖြေးဖြေးမဲမှောင်လာသည်။လေကိုခွင်း၍ ပျံသန်းလာသော ပုံရိပ်ခပ်ဝါးဝါးကို မြင်နေရလေသည်။ထိုပုံရိပ်၏ အနက်ရောင်ဝတ်ရုံစကလည်း လေအရှိန်ဖြင့် တဖျက်ဖျက်လွင့်ခါနေသည်။


နီးကပ်လာသော ထိုပုံရိပ်၏ နောက်ကျောတွင် ဝဲခါနေသည့် အနက်ရောင်ဆံနွယ်ရှည်များလည်းရှိနေသည်


"ငရဲ ကမ္ဘာအမျိုးသမီး..."


မြင့်မြတ်သော မိန်းမပျို လေအေးတစ်ချက်ရှုရှ်ိုက်လိုက်မိသည်။သူမ၏ အမူအရာကလည်း ပို၍ လေးနက်လာသည်။သူမ ပုဖန်ကို ထူးဆန်းသောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။


"ငရဲကမ္ဘာအမျိုးသမီးက မင်းအပေါ်ဒီလောက်ငြိတွယ်နေတာကြည့်ရရင်တော့... စားဖိုမှူးလေး...နင့်မှာဆွဲဆောင်မှု တစ်ချို့တော့ရှိပုံရတယ်..."


"မဟုတ်ဘူး...ငါခန့်မှန်းချက်အရတော့ နယ်သာရီက ဒီကို နဂါးသွေးထမင်းကြော်ကြောင့်လာတာပဲ..."


ပုဖန်က အမှန်တိုင်းပင် ခန့်မှန်းမိလေသည်။


မြင့်မြတ်သော မိန်းမပျို၏ မျက်နာအမူအရာက ထူးဆန်းသွားသည်။ပုဖန်စကား၏ အဓိပ္ပါယ်ကို သူမနားမလည်ပေ။


"ရှုရအိုကြီး အဲ့ဒီလူအိုကြီးတွေနဲ့ ကစားနေတာက်ို ရပ်လိုက်တော့...တိုက်ပွဲကို မြန်မြန်အဆုံးသတ်ပြီး ငရဲကမ္ဘာအမျိုးသမီးနဲ့ ရင်ဆိုင်လိုက်..."


မဟာသခင်ငါးယောက်ကို ဖိအားပေး၍ တိုက်ခိုက်နေသော အဘိုးကြီး၏ လှုပ်ရှားမှုများက တောင့်ခဲသွားသည်။သူခပ်လှမ်းလှမ်းဆီသို့ ချာခနဲလှည့်ကြည့်လိုက်သည်။ထိုနေရာ၌ အနက်ရောင်တ်ိမ်တိုက်တစ်စု လိမ့်လာနေသည်။


၎င်းက ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာသလို ဖ်ိအားများလည်း ပါဝင်လာသည်။ထိုအရာက အနက်ရောင်ဆံနွယ်ရှည်များနှင့် ငရဲ ကမ္ဘာအမျိုးငမီး လာနေခြင်းပင်ဖြစ်သည်။


သူ လေအေးတစ်ချက်ရှ်ိုက်လ်ိုက်မိသည်။ထို့နောက် သူ့၏ စွမ်းအင်များကို မြင့်တင်လိုက်ပြီး ပြန်လည်ဖြေဆိုလိုက်သည်။


"ဟုတ်ကဲ့ပါအရှင်မ..."


သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မြောက်များလှစွာသည့် အနက်ရောင်ဝါးများက ပြန်လည်ပေါင်းစည်းသွားပြီး ကြီးကျယ်ခန်းနားလှသည့် အော်ရာများကို ထုတ်လွင့်လာလေသည်။


ထုံ...ထုံ...


မဟာသခင်ငါးယောက်၏မျက်နာအမူအရာများက ပြောင်းလဲသွားသည်။သူတို့၏ ခန္ဓာကိုယ်က လွင့်ထွက်သွားပြီးသွေးတစ်လုတ်စီ အန်လိုက်ရလေသည်။ပြိုင်ကွင်းဧရိယာ တစ်ခွင်လုံး ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။


"ဒီခါးကုန်းကြီးက သူ့ရဲ့ စွမ်းအားအကုန် ထုတ်မသုံးရသေးဘူးလား..."


မဟာသခင်များ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြပြီး သူတို့၏ အသက်ရှူသံများပင် မတည်ငြိမ်တော့ပေ။သူတို့၏ မျက်နာပေါ်၌ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုက အထင်းသားပေါ်လွင်နေသည်။


ဒီလူအိုကြီးက ဘာလို့ အဲ့ဒီလောက်တောင်သန်မာနေရတာလဲ...


"ငါတို့ရဲ့ အရှင်မက မင်းတို့ကို မသတ်ဖို့ ပြောထားလို့ပေါ့...ဒီလိုမှမဟုတ်ရင်တော့ ဟမ်း..."


လူအိုကြီးက မဟာသခင်များကို အထင်အမြင်သေးစွာကြည့်၍ လှောင်ပြောင်လိုက်သည်။


သူ မဟာသခင်များကို လျစ်လျူရှူလိုက်ပြီး နယ်သာရီ ရှိရာဆီသို့ ဦးတည်လိုက်သည်။


...


နယ်သာရီ ရဲဝံ့ဝင့်ကြွားစွာဖြင့် လျှောက်လာလေသည်။သူမ၏ ခြေဖျားလေးလေထုနှင့် ထိတွေ့လိုက်တိုင်း သူမ၏ ဝန်းကျင်သို့ ပြန့်နှံ့နေသော စွမ်းအားများက ပို၍ ကြီးထွားလာလေသည်။


အဘိုးအို၏ မျက်ဝန်းအကြည့်များက လေးနက်သွားသည်။သူ့၏ ခန္ဓာကိုယ်မှ စွမ်းအားများက ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။


"ဒီအဘိုးကြီးကို ငရဲကမ္ဘာအမျိုးသမီးရဲ့ ခွန်အားနဲ့ တွေ့ကြုံခွင့်ပေးပါ..."


သူ့စကားဆုံးသည်နှင့် သူ့နောက်ကျော၌ လှုပ်ယမ်းနေသော စိတ်ဝိညာဉ်ကြိုးငါးချောင်းက အရှိန်ပြင်းစွာဖြင့် ယမ်းခါလာသည်။၎င်းတို့က တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းနေသည့်ပုံပေါ်လေသည်။


ထိုမြင်ကွင်းကြောင့် မဟာသခင်ငါးယောက်၏ မျက်နာက ဖြူဖျော့သွားလေသည်။


"ဒီ အဘိုးကြီးက တကယ်တမ်းတော့ မသေမျိုးခန္ဓာအထွဋ်အထိပ် ပညာရှင်လား..."


အဘိုးအို၏ မျက်နာပေါ်မှ အရေးကြောင်းများက တုန်ခါနေပြီး သူ့၏ မီးခိုးရောင်ဆံပင်များကလည်း တဖျက်ဖျက်လွင့်နေသည်။ရုတ်တရက် သူ့၏ အရေးကြောင်းအပြည့်နှင့် မျက်နာက စတင်၍ ငယ်ရွယ်နုပျိုလာသည်။သူ့၏ အဖြူရောင် ဆံပင်များကလည်း သွေးနီရောင်အဖြစ်ပြောင်းလဲလာ၏။


သူ့၏ ခါးကုန်းကုန်းခန္ဓာကိုယ်က ဖြောင့်မတ်သွားပြီး သူ ဆုပ်ကိုင်ထားသော ကြီးမားလှသည့် ဝါးတုတ်ဆီမှ ထုတ်လွင့်နေသော ဖိအားများကလည်း ပို၍ တိုးပွားလာလေသည်။