အပိုင်း ၅၄၇
Viewers 53k

အခန်း ၅၄၇...


"လာလေ ... တိုက်ကြစို့..."


နားကွဲလောက်စရာ အော်သံကျယ်နှင့်အတူ ဖိနှိပ်နိုင်စွမ်းသောအော်ရာများ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည်။မူလက ပိန်ပိန်ပါးပါးခါးကုန်းအဘိုးအိုတွင် သာမန်နှင့်မတူသော ကြွက်သားရှစ်မြောင်းရှိနေသော်လည်း သူ့၏ အမူအရာကမူ သူငယ်ပြန်နေသော လူအိုကြီးများနှင့် တူလှသည်။


သို့သော်လည်း ယခုအချိန်၌မူ အချိန်များကို နောက်ပြန်ရစ်လိုက်သကဲ့သို့ သူ့၏ ငယ်ရွယ်သောပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။သူ့အသားအရည်က တောက်ပလာပြီး သူ့ဆီမှ ထုတ်လွင့်နေသော အော်ရာများကကောင်းကင်ယံဆီသို့ ထိုးတက်နေလေသည်။


သူ့နောက်ကျောရှိ စိတ်ဝ်ိညာဉ်ကြိုးများမှာလည်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေပြီး မြည်သံများ မဆက်မပြတ် ထွက်ပေါ်နေသည်။ထိုမြင်ကွင်းကို တိုက်ရိုက်ကြည့်ရှုနေကြသော ဆေးနန်းတော်မှ သူများက ထိတ်လန့်အံ့အားသင့်နေကြသည်။


"ဘုရားရေ မဟာသခင်ငါးယောက်က ရှုံးနိမ့်သွားပြီလား..."


"ဒီအဘိုကြီးက ဘယ်လိုလုပ် အဲ့ဒီလောက် အံ့အားသင့်စရာကောင်းနေရတာလဲ...သူ့ရဲ့ တုတ်နက်က အရမ်းစွမ်းအားကြီးလွန်းတယ်..."


"ဒီလူအိုကြီးက မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆင့် ပညာရှင်ဖြစ်လိမ့်မယ်လို့ ငါလုံးဝ မထင်ထားမိဘူး...


"သူ့ရဲ့ စိတ်ဝိညာဉ် ကြိုးငါးကြိုးက တစ်ခုတည်းအဖြစ် ပေါင်းစပ်တော့မယ်...ဒါက တကယ်ကိုကြောက်ဖို့ကောင်းလွန်းတယ်..."


ဆေးနန်းတော်မှ လူများကြားထဲ၌ ဆွေးနွေးပြောဆိုသံများ ဆူညံစွာ ထွက်ပေါ်နေသည်။သူတို့ အလွန်ပင် အံ့အားသင့်ထိတ်လန့်နေကြသည်။သို့သော်လည်း တစ်ခ်ျိန်တည်းမှာပင် စိတ်လှုပ်ရှားမှုကိုလည်း ခံစားနေရ၏။


စွမ်းအားကြီးမားသော မသေမျိုးခန္ဓာအဆင့်ပညာရှင်များ၏ တိုက်ပွဲကို မျက်မြင်ကြုံတွေ့ရခြင်းမှာ ကံကောင်းလှသည်ဟု ခံစားနေကြသည်။


ဒီတစ်ကြိမ် ပဉ္စလက်စုဝေးပွဲက တကယ့်ကို စိတ်ဝင်စားစရာကောင်းလှသည်။ပထမဦးစွာ ပွဲအတွင်း၌ ဖျက်မြင်းတစ်ကောင်ပေါ်လာပြီး သူ့လမ်းတစ်လျှောက် အဂ္ဂိရတ်ပညာရှင်များကို ရိုက်ချပစ်ခဲ့သည်။


ဒီနေ့တွင်မူ စိတ်လှုပ်ရှားစရာကောင်းသည့် တိုက်ပွဲကြီးကို ကြည့်ရပေတော့မည်။မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သော ကျင့်ကြံသူတစ်ယောက်က တစ်စုံတစ်ယောက်ကို လုယူချင်နေသည်။ထိုအကြောင်းအရာက သူတို့ပင် မစဉ်းစားတတ်အောင်ဖြစ်ရလေသည်။


သို့သော်လည်း ဆေးနန်းတော်မှ လူများက အရူးများမဟုတ်ကြပေ။ဆေးမြို့တော်တစ်ခုဖြစ်သော မြူကောင်းကင်မြို့တွင်လည်း အစောင့်များက လျော့နည်းနေခြင်းမရှိပေ။ထိုပြိုင်ကွင်းနေရာသို့ တန်ခိုးရှင်အဆင့် အမြောက်အများအလျင်စလို သွားနေကြပြီးဖြစ်သည်။


သို့သော်လည်း မသေမျိုးခန္ဓာအဆင့် ပညာရှင်နှင့်ရင်ဆိုင်ရသာအခါတွင် သူတို့ မည်သူမှ အဆင်အခြင်မဲ့ မပြုလုပ်ရဲကြချေ။၎င်းက သူက်ို အနိုင်ယူနိုင်လား မယူနိုင်လားဆိုသည်ကို စကားထဲပင် ထည့်ပြောစရာမရှိပေ။ပြောရမည်က သူတို့ ထိုတိုက်ခိုက်မှု၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်လားမခံနိုင်လားဆိုသည်သာဖြစ်သည်။


မသေမျိုးခန္ဓာပညာရှင်များ၏ကြား၌ ဖြစ်ပေါ်လာသော တိုက်ပွဲက အလွန်ကြီးမားသည့် ပျက်စီးမှုများကို ဆောင်ယူလာပေလိမ့်မည်။


"ရှေးဟောင်းရှုရမြို့တော်က ဒီလ်ိုမျိုးရူးသွပ်တဲ့ အပြုအမူတွေ လုပ်လိုက်မယ်လို့ ငါလုံးဝ မထင်ထားခဲ့မိဘူး..."


မဟာသခင်ရွှမ်မင်က လေထဲ၌ ရပ်တည်နေသည့် မကောင်းဆိုးဝါးအိုကြီးကိုကြည့်၍ ပြောလိုက်သည်။မဟုတ်သေးဘူး...ပို၍ နုနုရွရွပြောရမည်ဆိုလျှင် ငယ်ရွယ်နုနယ်ပုံပေါက်နေသည့် မကောင်းဆိုးဝါးအိုကြီးဟုခေါ်ရပေမည်။


ရုတ်တရက် သူတို့၏ အကြည့်များက အဝေးတစ်နေရာစီ လှမ်းကြည့်လိုက်ကြသည်။


ထို ကြည့်ကောင်းလှသော ပုံရိပ်လေးတစ်ခုက တဖြေးဖြေးချင်းနီးကပ်လာလေ၏။ဖတ်ထုပ်ကဲ့သို့ အထုပ်ခံထားရသော နန်ကုန်းဝူချယ်က တဖြေးဖြေးချင်းနီးကပ်လာသည့် နယ်သာရီ၏ ပုံရိပ်ကိုကြည့်၍ မျက်လုံးများ ပြူးကျယ်လာသည်။


သူ အရမ်းပဲ ထိခိုက်ခံစားသွားရပြီး မျက်ရည်များပင် စီးကျလာမလို ဖြစ်သွား၏။သို့သော်လည်းနယ်သာရီကိုကြည့်၍ ဝူးဝူးဝါးဝါးအသံများသာ သူထုတ်နိုင်လေသည်။


ထုံဟယ်နှင့် မီရှက ရှောင်ဟယ်တို့နှစ်ယောက်ကို ဒေါသတကြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။သူတို့နှစ်ယောက်က နယ်သာရီ၏ ပုံရိပ်ကို တွေ့လ်ိုက်သောအခါ ကြောက်ရွံ့မှုများ လွှမ်းခြုံသွားပြီး တောင့်တင်းသွားလေသည်။


"အဲ့...အဲ့ဒါ အဲ့ဒါ ဟ်ိုအမျိုးသမီးမဟုတ်လား..."


မီရှနှင့် ထုံဟယ်တို့ဆီမှ အံ့သြတကြီးရေရွတ်လိုက်သည့် စူးရှသောအသံထွက်ပေါ်လာလေသည်။သူတို့က တိုက်ပွဲကို ကျောခိုင်းလိုက်ပြီး အဝေးသို့ လျှင်မြန်စွာ ထွက်ပြေးလေသည်။


ရှောင်ဟယ်တို့ ရှီးမန်ရွှမ်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။သူတို့လှည့်ကြည့်လိုက်လေရာနယ်သာရီကို တွေ့လိုက်ကြ၏။


"အဲ့ဒါ ပိုင်ရှင်ပုဆိုင်က လှပတဲ့ စားပွဲထိုးမလေးမဟုတ်လား..."


နယ်သာရီက သူ့ကို နှာဘူးဟုခေါ်ခဲ့သောကြောင့် သူမှတ်မှတ်ရရပင်ရှိနေလေသည်။ပုဖန်က သူ့၏ ဓားကို ပခုံးပေါ်ပြန်တင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ထ်ိုအမျိုးသမီးက သာမန်မဟုတ်နိုင်ပေ။သူ့ဆီမှ ထုတ်လွင့်နေသော အော်ရာများက သူတို့နှစ်ယောက်လုံးကိုပင် လေအေးများ ရှုရှိုက်လိုက်မိကြသည်။


တလိပ်လိပ် ရွေ့လျားလာသော အနက်ရောင်တိမ်များကို မြင်လိုက်ရသည်နှင့် သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်လာလေသည်။


ခံစားချက်မဲ့သော မျက်နာအမူအရာဖြင့် နယ်သာရီပေါ်ထွက်လာသည်။သူမ၏ မျက်ဝန်းများက ပတ်ဝန်းကျင်ကို လှည့်လည် အကဲခတ်လိုက်ပြီးနောက် တဖြေးဖြေးအနက်ရောင်အဖြစ်ပြောင်းလဲလာသည်။


လုံးဝ နက်မှောင်သွားပြီးနောက် သူမဆီမှ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကလည်း ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။နက်ဆွေးနေသော ဆံနွယ်ရှည်များကလည်းသူမ ဘေးပတ်လည်တွင် လှည့်လည်နေလေသည်။


သူမ၏ ရှေ့တွင် ပုံရိပ်တစ်ခု ပိတ်ဆို့ထားလေသည်။ထိုလူက အနီရောင်ဆံပင်များနှင့် လူငယ် မြေခွေးအိုကြီးဖြစ်သည်။သူက အနက်ရောင်တုတ်ရှည်တစ်ချောင်းကို ကိုင်ထားပြီး ဖိနှိပ်နိုင်စွမ်းသည့် အော်ရာများကို ထုတ်လွင့်နေလေ၏။ထိုလူငယ်၏ အကြည့်စူးများကြောင့် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။


"ပုဖန်ဘယ်မှာလဲ..."


အေးစက်စွာမေးလိုက်၏။သူမ၏ မျက်ဝန်းများကို ဝေ့ဝဲကြည့်လိုက်သောအခါတွင် သူမရဲ့အောက်ခြေ၌ လိမ့်နေသော အနီရောင် အဝတ်လုံးတစ်လုံးကို တွေ့လိုက်လေသည်။


ထိုအနီလုံးထဲ၌ ပုဖန်ရှိမည်ဟု ခံစားမိလေသည်။သူမရှေ့က လူငယ်ကို ဂရုစိုက်ခြင်းမရှိပဲ ခြေထောက်လေးကို အသာကြွလိုက်ကာ အောက်သို့ ဆင်းသက်လိုက်သည်။သူမ၏ ရည်ရွယ်ချက်က ပုဖန်ကိုကယ်ရန်သာဖြစ်သည်။


မြင့်မြတ်သော မိန်းမပျိုက တဖြေးဖြေးဆင်းသက်လာသော နယ်သာရီကို လှည့်ကြည့်လိုက်သည်။သူမ၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတစ်ချက်ဖြတ်သန်းသွားလေသည်။


ပုဖန်ကလည်း နယ်သာရီကိုကြည့်လိုက်ပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


အနက်ရောင်တုတ်ရှည်က လေဟာနယ်ကို ဖြတ်သန်းလာသည်။ထိုတုတ်၏ ဦးတည်ရာက နယ်သာရီပင်ဖြစ်သည်။ထိုတုတ်ဖြတ်သန်းသွားရာတစ်လျှောက်၌ ကြေမွသွားသော အက်ကြောင်းများပင် ထွက်ပေါ်လာ၏ ၎င်းက လေဟာနယ်ကိုပင် ကြွေမွသွားစေသလ်ို ထင်ရ၏။


ပတ်ဝန်းကျင်တစ်ခွင်ကြောက်စရာကောင်းသော လေပြင်းများလည်း ပြည့်နှက်လာသည်။နယ်သာရီ မျက်မှောင်ကြုတ်လ်ိုက်ပြီး အလင်းကဲ့သို့ အရှိန်ဖြင့်ပင် ထ်ိုတိုက်ခိုက်မှုကို ရှောင်လိုက်သည်။


နယ်သာရီ အရင်ရပ်ခဲ့သည့် နေရာတွင် ပြုံးဖြဲဖြဲ အမူအရာဖြင့် မကောင်းဆိုးရွားအိုကြီးပေါ်လာသည်။သူ့၏ မျက်ဝန်းထဲ၌ ရူးသွပ်နေသည့် အကြည့်များရှိနေလေသည်။


"ငရဲကမ္ဘာအမျိုးသမီး မပြေးနဲ့ ...ငါနဲ့ လာတိုက်ခိုက် လာစမ်းပါ..."


ရွှီး...ရွှီး...ရွှီး...


အစစ်အမှန်စွမ်းအင်များက အနက်ရောင်တုတ်ရှည်၏ ပတ်ပတ်လည်တွင် တလိပ်လိပ်တက်လာပြီးနောက် လိုင်းများဖြင့် ဖုံးကာသွားလေသည်။


အသက်ဝိညာဉ်ရှိနေသော ကြောက်စရာကောင်းလှသည့် တည်ရှ်ိမှုတစ်ခုရှိနေသလိုမျိုး ထင်ရသည်။အနက်ရောင်တုတ်ရှည်က သွေးနီရောင် ဖြစ်လာလေသည်။


မကောင်းဆိုးရွား အိုကြီးက ငရဲကမ္ဘာအမျိုးသမီးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။သူ့လက်ထဲမှ တုတ်ရှည်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ကောင်းကင်တစ်ပြင်လုံး သွေးနီရောင်ပုံရိပ်လွှမ်းမိုးသွားလေသည်။


"အစွမ်းထက်လိုက်တာ..."


ရှောင်ဟယ်နှင့် ရှီးမန်ရွှမ်တို့ အံ့အားတသင့် ရေရွတ်မိလိုက်သည်။ထိုသူ့၏ ခွန်အားက မခန့်မှန်းနိုင်လောက်အောင်ပင် မြင့်မားနေလေသည်။သူ မသေမျိုးခန္ဓာ အဆင့် အထွဋ်အထိပ်ပညာရှင်ဖြစ်သည်မှာ အံ့သြစရာမရှိတော့ပေ။


"ပိုင်ရှင်ပုရဲ့ စားပွဲထိုးလေးက သူ့ကို တကယ်ပဲ တိုက်ခိုက်နိုင်လို့လား..."


စတင်ကွဲအက်လာပြီး ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် ပရိတ်သတ်များ၏ စိတ်များတုန်လှုပ်လာလေသည်။ထိတ်လန့်ကြောက်ရွံ့မှုကြောင့် စကားမဆိုနိုင်တော့ပေ။


မဟာသခင်ငါးယောက် ရှုံးနိမ့်သွားသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ဒါက လုံးရှက်စရာမကောင်းပေ။အနီရောင်ချည်မျှင်လုံးထဲမှ ရှုရအပျိုစင်က တခစ်ခစ်စတင်ရယ်မောလိုက်သည်။


"မြေခွေးအိုကြီးကတော့ အမြဲတမ်းသန်မာနေတာပဲ...သူက ငရဲကမ္ဘာအမျိုးသမီးနဲ့ ရင်ဆိုင်တွေ့ဖ်ို့အချိန်မှာတောင် နောက်ဆုတ်ဖို့ မလိုဘူး...မပြောနိုင်ဘူးလေ သူကငရဲကမ္ဘာအမျိုးသမီးကို တကယ်တိုက်ခိုက်နိုင်တာဖြစ်နိုင်တယ်..."


"ဖြစ်နိုင်ပါတယ်..."


ပုဖန်အေးဆေးစွာတုံ့ပြန်လ်ိုက်ပြီး သူ့လက်ထဲမှ ရတနာရှစ်သွယ်ကြက်၏ခေါင်းကို ခပ်ဖွဖွလေးပွတ်နေမိသည်။


"ဒီကြက်က စိတ်ဝင်စားစရာပဲ..."


မြင့်မြတ်သောမိန်းမပျိုက အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး ရတနာရှစ်သွယ်ကြက်ကို ကြည့်လိုက်သည်။ရုတ်တရက် ကြက်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူကျယ်လောင်စွာ အော်မြည်လိုက်သည်။


"ဘာလဲနင်က ဒီကြက်ရဲ့ လှပမှုကို မနာလိုဖြစ်နေတာလား...မင်းလိုချင်လို့လား ယူလိုက်..."


သူ့လက်ထဲမှ ရတနာရှစ်သွယ်ကြက်က်ို မြှောက်လိုက်သည်။သူက ရှုရအမျိုးသမီးဆီ လွှဲပြောင်းဖို့ အဆင့်ဖြစ်နေလေသည်။


ရတနာရှစ်သွယ်ကြက်က ကြောက်ရွံ့ထိတ်လန့်သွားပြီး သူ့၏ တောင်ပံများကို အလျှင်အမြန်ခတ်လိုက်ကာ အမွှေးအတောင်များ လွင့်စင်သွားလေသည်။


ရှုရအမျိုးသမီး၏ အမူအရာက အေးခဲသွားပြီး သူမ၏ စွမ်းအင်အော်ရာများက်ို အလျှင်အမြန် ထုတ်ဖော်လိုက်သည်။လွင့်စင်လာသော အမွှေးတောင်များက ဘေးဘက်သို့ ပြန့်ကျဲသွားလေ၏။


"ဘာလို့ ငါက ဒီကြက်ကို လိုချင်ရမှာလဲ...ဒီအမကြီးက နင့်ကိုပဲ လိုချင်တာ..."


ရှုရအပျိုစင်က သူမ၏ နှုတ်ခမ်းပါးလေးကို လျှာဖြင့်အသာလျက်လိုက်ရင်း ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။


"မင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်တယ်လား ဒါပေမယ့် ငါ့ရဲ့ နှလုံးသားကို ဘယ်တော့မှ ရမှာမဟုတ်ဘူး ..."


ပုဖန်သူမကိုစိုက်ကြည့်၍ လေးနက်စွာပြောလိုက်သည်။


ဟား...ဟား...ဟား...


ရှုရအပျိုစင်က ခဏမျှကြောင်အသွားပြီးနောက် ကျယ်လောင်စွာစတင်ရယ်မောလေတော့သည်။လေအရှိန်ကြောင့် တိမ်များလွင့်ပါသွားပြီး ကောင်းကင်တစ်ခုလုံးတွင် သွေးနီရောင်တုတ်ချောင်း၏ အရိပ်က ဖုံးလွှမ်းသွားပြီး နေ့အလင်းရောင်ကိုပင် ကွယ်သွားလေသည်။


လေပြင်းများတိုက်ခတ်လာပြီး မိုးကောင်းကင်ပင်တုန်ခါလာသည်။နယ်သာရီက ခံစားချက်မဲ့စွာဖြင့်ပင် သူ့ဆီသို့ ရည်ရွယ်လာသော အနီရောင်အရိပ်ကို မော့ကြည့်လိုက်သည်။ကောင်းကင်တစ်ခုလုံးပြိုကျလာသလို ဖိအားကို ခံစားလိုက်ရ၏။


"အခုသေလိုက်တော့..."


ထိုရှုရအိုကြီးက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော အော်ရာများကို ထုတ်လွင့်လိုက်သောအခါ ကြည့်ရှုနေသည့် ပရိတ်သတ်များပင် နယ်သာရီအတွက် စိုးရိမ်သွားကြသည်။


သို့သော်လည်း နောက်ခဏအတွင်းမှာပင် အားလုံး၏ မျက်နာက တောင့်တင်းသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။သူတို့ရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာပင်ကြည့်နေကြ၏


ပရိတ်သတ်များတွင်သာမက ရှုရအိုကြီး၏ မျက်နာတွင်ပင် ထိတ်လန့်အံ့အားသင့်သည့် အမူအရာရှိနေသည်။ဧရိယာတစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ပတ်ပတ်လည်ရစ်ပတ်နေသည့် ချည်အနီရောင် ချည်ခင်လုံး၏ အသံသာ ထွက်ပေါ်နေလေသည်။


နယ်သာရီက နူးညံ့ဖြူဖွေးလှသော လက်သွယ်သွယ်လေးကို မြှောက်၍ အနီရောင်တုတ်ရှည်ကို ဖမ်းထားလိုက်သည်။ထို ရှုရအိုကြီး အသုံးပြုလိုက်သော ကြောက်စရာကောင်းလှသည့် စွမ်းအားကိုနယ်သာရီက အသာအယာပင်ချေဖျက်လိုက်သည်။


မူလက တုတ်ရှည်၏ ရိုက်ချက်အောက်တွင် နယ်သာရီ အသားပြားဖြစ်သွားလိမ့်မည်ဟု အားလုံး ထင်ထားခဲ့ကြသည်။သို့သော် အမှန်တရားကတော့ သူတို့ မျက်စိရှေ့တွင် အထင်းသားရှိနေလေသည်။


ရှုရအိုကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များက နယ်သာရီရှေ့တွင် စက္ကူကြားတစ်ကောင်ကဲ့သို့ အသုံးမဝင်ဖြစ်နေလေသည်။


"သူက အဲ့ဒီလိုပဲ အလွယ်တကူ ဖျက်စီးခံလိုက်ရတယ်လား...ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ်..."


အားလုံး လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။သူတို့၏ အရိုးများပင် တုန်ခါနေသလို ခံစားနေရ၏။


"မင်း..."


ရှုရအိုကြီးက မယုံကြည်နိုင်မှုနှင့် ထိတ်လန့်အံ့အားသင့်မှုတို့ကြောင့် စကားမဆိုန်ိုင်ဖြစ်နေမိသည်။သို့သော် ခဏအကြာ၌ သူ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။


"တကယ့်က်ို ငရဲ ကမ္ဘာအမျိုးသမီး ပီသပါပေတယ်...နင်က အရမ်းကို သန်မာတာပဲ...ဟား ...ဟား...ဟား...ကောင်းပြီ တိုက်ခိုက်ကြစို့..."


သူ့လက်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အနီရောင်တုတ်ရှည်က နယ်သာရီ၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်သွားပြီး သူ့လက်ထဲပြန်ရောက်လာသည်။ထို့နောက် စစ်သည်တော်များစွာ၏ အင်အားကို စုပေါင်းထားသောစွမ်းအင်မျိုးဖြင့် လွှဲယမ်းလိုက်သည်။သူ့၏ ရိုက်ချက်က နယ်သာရီ၏ ခေါင်းဆီသို့ ဦးတည်နေလေသည်။


ခရက်ရှ်...


နယ်သာရီက သူမ၏ လက်ကို အသာအယာမြှောက်လိုက်ပြီး တိတ်တဆိတ်ပင် ဖမ်းယူလိုက်ပြန်သည်။ရှုရအိုကြီးဆီမှ ထွက်ပေါ်နေသော ကြောက်စရာစွမ်းအင်များက တမဟုတ်ချင်း ပျောက်ကွယ်သွားလေ၏


ပရိတ်သတ်များက ဆူညံစွာ အော်ဟစ်အားပေးလိုက်ကြသည်။ဒါက တ်ိုက်ဆိုင်မှုမဟုတ်တော့ပေ။ထိုအမျိုးသမီး၏ တည်ရှိမှုက တကယ့်က်ို ကြောက်စရာကောင်းနေပေပြီ။သူမကသာထိုရှုရအိုကြီးကို ဖိနှိပ်နိုင်သည့်သူဖြစ်ပေလိမ့်မည်။


"နင်က ငါနဲ့ တိုက်ခိုက်ချင်တယ်လား..."


နယ်သာရီ အေးစက်စွာ ပြောလိုက်သည်။လေအရှိန်ကြောင့် သူမ၏ ဆံနွယ်ရှည်များက တဖျက်ဖျက်လွင့်ခါနေပြီး လှပသည့် မျက်နာလေးကိုပင် တစ်ချက်တစ်ချက်ဖုံးကွယ်နေလေသည်။


ခရက်ရှ်...


ရှုရအိုကြီးက အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်သည်။ထ်ိုခဏ၌ သူတစ်စုံတစ်ရာကွဲကြေသွားသော အသံကိုကြားလိုက်ရသည်။နယ်သာရီ၏ လက်ထဲမှ သူ့၏တုတ်ရှည်က ကျိုးကြေသည်အထိ ဖိနှိပ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။


"ဟင်း...နင်က အရမ်းအားနည်းလွန်းတယ်..."


နယ်သာရီ၏ မျက်ဝန်းနက်လေးများဖြင့် တစ်ချက်အကြည့်ခံလိုက်ရစဉ်မှာပင် ပြင်းထန်လှသော ဖိအားများ သူ့အပေါ်သို့ သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။


ရှုရအိုကြီး၏ မျက်ဝန်းများက လင်ကွင်းလောက် ပြူးကျယ်လာသည်။သူ ပြင်းထန်သိပ်သည်းလှသော ဖိအားအရှိန်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။


ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ပွဲကြည့်စင်က ပြိုလဲသွားသည်။ပရိတ်သတ်များ၏ မျက်နာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာဖြင့် သူတို့ စူးစူးဝါးဝါး အော်ဟစ်ကာထွက်ပြေးကြလေသည်။


နယ်သာရီက တုတ်ရှည်ကို လက်တစ်ဖက်တည်းဖြင့်ပင် ဆုပ်ကိုင်ထားခဲ့သည်။ထို့နောက် ကျယ်လောင်သောအသံနှင့်အတူတုတ်ရှည်က အပိုင်းပိုင်းခုတ်ပြတ်သွားသည်။သူမ၏ လက်ကို လွှဲယမ်းလိုက်သည်နှင့် ထ်ိုအမှုန်အမွှားများက မြေပေါ်သို့ ကျသွားပြီး ဖုန်မှုန့်များအဖြစ် လွင့်ပါသွားလေသည်။


ပရိတ်သတ်များ တိတ်ဆ်ိတ်ငြိမ်သက်သွားသည်။လေထုအခြေအနေကပင် ဝရုန်းသုန်းကားဖြစ်လာလေသည်။ချည်မျှင်များဖြင့် ဖတ်ထုပ်တစ်ခုကဲ့သို့ လုံးထွေးခြင်းခံလိုက်ရသည့် နန်ကုန်းဝူချယ်၏ မျက်ဝန်းများကလည်း ပြူးကျယ်နေသည်။သူပျော်ရွှင်မှုကြောင့် မျက်ရည်များပင် စီးကျလာလေသည်။ထိုအမကြီးနယ်သာရီ မည်မျှ ကြောက်စရာကောင်းကြောင်းသူသေချာသိပေသည်။အရင်အချိန်များကို ပြန်တွေးကြည့်လျှင် ယခုအချိန်ထိ သူအသက်ရှင်နေခြင်းမှာကံကောင်းလွန်းသောကြောင့်ဖြစ်သည်။


နယ်သာရီက တခြားအရာများက အဖိုးမတန်သကဲ့သို့ လျစ်လျူရှုလိုက်ပြီး သူမ၏ အောက်ခြေ၌ တလိမ့်လိမ့် လိမ့်နေဆဲဖြစ်သည့် အနီရောင်ချည်ခင်လုံးကိုသာကြည့်လိုက်သည်။ထို့နောက် သူအသာအယာခြေတစ်လှမ်းလှမ်းလိုက်ပြီးပုဖန်ဆီသို့ ဦးတည်လိုက်သည်။


"သူ့ကို ငါလက်ထဲ လွှဲပေးလိုက် ငါတိုက်ခိုက်ရအောင်လို့ ဖ်ိအားမပေးနဲ့..."


ချည်ခင်လုံးထဲမှမြင့်မြတ်သော မိန်းမပျို၏ အမူအရာကလင်းလက်သွားသည်။သို့သော်လည်း သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်သည်။


"အဲ့ဒီ ရှုရအိုကြီးက အရမ်းပဲ အားနည်းတယ်လို့ နင်တကယ်ပဲ ထင်နေတာလား...အခုတော့ နင်သိသင့်ပြီ သူ့ကို အထင်သေးတဲ့ မည်သူမဆို သေရတယ်..."


ဘုန်း...


ထိုအခ်ျိန်မှာပင် မြေပြင်ပေါ်ရှိ ချိုင့်ကြီးအတွင်းမှ အစစ်အမှန်စွမ်းအင်များ ပြန်လည်ထွက်ပေါ်လာသည်။ကျယ်လောင်စူးရှသောအော်သံနှင့်အတူ ပြင်းထန်လှသော အော်ရာများက ကောင်းကင်ယံဆီသို့ ထိုးတက်လာလေသည်။