အပိုင်း ၅၄၈
Viewers 62k

အခန်း ၅၄၈...


ကြီးမားလှသည့် တွင်းပေါက်ကြီးရှိနေသော ပွဲကြည့်စင်နေရာက စတင်တုန်ခါလာသည်။ထိုတွင်းထဲမှ လေတိုးသံများ ထွက်ပေါ်လာ၏။တွင်းထဲမှ ပုံရိပ်တစ်ရိပ် ကောင်းကင်ထက်ဆီသို့ ထိုးတက်သွားသည်။နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာလှည့်ပတ်နေသော စွမ်းအားများက ကောင်းကင်တစ်ခုလုံးကို ဖုံးကာသွားသည်။


အပေါ်ပိုင်း အဝတ်ဗလာဖြစ်နေသော ရှုရအိုကြီး ပေါ်ထွက်လာသည်။သူ့၏ ကြွက်သားရှစ်မြောင်းကလည်း ကျောက်တုံးများကဲ့သို့ ထင်ရှားစွာ ပေါ်လွင်နေသည်။သူ့၏ မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်မှုများပြည့်နှက်နေသည်။


ကြည့်ရသည်မှာ သားရဲတစ်ကောင်နှင့်တူလှသည်။သူ့၏ အရိုးအဆစ်များကို ဖွင့်လှစ်လိုက်သလိုမျိုး စွမ်းအင်များက သူ့ပတ်ဝန်းကျင်တွင် အရူးအမူးလှည့်ပတ်နေလေပြီ။


"ငရဲကမ္ဘာအမျိုးသမီးကတော့ ထင်ထားတဲ့အတိုင်းပဲ တကယ့်ကို စွမ်းအားပြည့်လှပါတယ်..."


ရှုရအိုကြီး၏ အကြည့်များက နက်ရှိုင်းနေသည်။သက်သေပြမှု ကြုံပြီးသည့်နောက်၌ ထိုငရဲကမ္ဘာအမျိုးသမီး မည်မျှ ကြောက်စရာကောင်းကြောင်း နားလည်သွားပေပြီ။သူမ၏ ဖိအားများကိုပင် သူ တောင့်မခံနိုင်ပဲ မြေကြီးထဲနစ်ကျွံသွားခဲ့ရသည်။


သူ လည်ပင်းကိုလှည့်လိုက်ရာ ပဲလှော်ဝါးသကဲ့သို့ တကျွတ်ကျွတ် အသံများထွက်ပေါ်လာလေသည်။


နယ်သာရီ မျက်မှောင်ကြုတ်လိုက်ပြီး လေထဲလွင့်မျောနေသည့် ရှုရအိုကြီးကို ကြည့်လိုက်သည်။


အဲ့ဒီလူက တကယ်ကြီး အသက်ရှင်နေသေးတယ်လား...


ရှုရအိုကြီး၏ လက်ဖဝါးပေါ်တွင် သွေးနီရောင် ကြွေပုလင်းတစ်လုံးပေါ်လာသည်။သူ ထိုအဖုံးကို ဖွင့်လိုက်ပြီး နယ်သာရီကို စူးစူးစ်ိုက်စိုက်ကြည့်နေလိုက်သည်။ထို့နောက် ထိုပုလင်းထဲမှပါသည့်အရာများကို ပါးစပ်ထဲလောင်းထည့်လိုက်လေသည်။၎င်းက တောက်ပလှသော အနီရောင်အဆင်းရှိသည့် သွေးနီရောင် သက်စောင့်ဆေးဖြစ်သည်။


ကျွတ်...


အနည်းငယ် ကိုက်ဝါးလိုက်ပြီးနောက် တစ်ချက်တည်းဖြင့် မျိုချလိုက်သည်။အချိန်ခဏအတွင်းမှာပင် သူ့၏စွမ်းအင်များက ပြောင်းလဲသွားပြီး ပို၍ ကြောက်စရာကောင်းလှသည်။သူ့၏ သွေးကြောများက ကြီးမားကျယ်ပြန့်လာပြီး သူ့၏ အသွင်အပြင်က ပို၍ ကြမ်းကြုတ်ရက်စက်လာသည်။


သူ့၏ အသားအရည်ကလည်း သွေးနီရောင်ပြောင်းလာလေသည်။၎င်းက နက်ရှိုင်းလှသည့် ငရဲမှ တွားသွားထွက်လာသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင်။


ရှုရအိုကြီးနောက်ကျောမှ စိတ်ဝိညာဉ် ကြိုးများကလည်း တစ်ချက်တည်းဖြင့် အရားလုံးကို ဖျက်စီးပစ်တော့မလို ကြမ်းတမ်းစွာ လှုပ်ခါလာသည်။လေထဲ၌ အသံဗုံးပေါက်ကွဲသွားသကဲ့သို့ ပဲ့တင်သံ ထွက်ပေါ်လာပြီးနောက် ရှုရအိုကြီးက နယ်သာရီရှေ့သို့ ရောက်လာလေသည်။


သူကလေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်တော့မလို အားကြီးလှသော အင်အားဖြင့် နယ်သာရီဆီသို့ လွှဲကန်လိုက်သည်။


"သေလိုက်တော့..."


နယ်သာရီ မျက်မှောင်ကြုတ်လိုက်သည်။သူမ၏ ပုံရိပ်က နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီးနောက် ရှုရအိုကြီး၏ နောက်ကျောဘက်၌ ပြန်လည်ထွက်ပေါ်လာသည်။


သူမ၏ လက်ကို အသာအယာမြှောက်လိုက်ပြီး အောက်သို့ လွှဲချလိုက်သည်။


ရှုရအိုကြီး၏ မျက်နာပေါ်၌ မဲ့ပြုံးတစ်ချက်ပေါ်လာသည်။သူ သားရဲတစ်ကောင်ကဲ့သို့ အော်သံကို ထုတ်လွင့်လိုက်ပြီးနောက် သူ့၏ ပုံရိပ်က ချက်ချင်းပျောက်ကွယ်သွားလေသည်။


နယ်သာရီ မျက်မှောင်ကြုတ်လိုက်သည်။သူ လေထဲသို့ ပျံဝဲတက်လိုက်ပြီးနောက် သူမ၏ ခြေထောက်ကိုဆန့်ထုတ်၍ လွှဲယမ်းလိုက်သည်။သူမ၏ ပတ်ပတ်လည်၌ အသံဗုံးပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။


ရှုရအိုကြီးက သူမ၏ ပတ်ဝန်းကျင်တွင် အလွန်လျှင်မြန်သော အရှိန်ဖြင့် လှည့်ပတ်နေကြောင်း အားလုံး ခန့်မှန်းမိလိုက်ကြသည်။သူက တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို စောင့်နေလေသည်။


သက်စောင့်ဆေးလုံးကို စားပြီးနောက် ရှုရအိုကြီး၏ တိုက်ခိုက်မှု အင်အားက မြင့်တက်လာခဲ့သည်။သူ နယ်သာရီ၏ ဖိနှိပ်မှုဒဏ်ကို ထပ်မံမခံစားရတော့ပေ။သူပို၍ သန်မာလာမှုက ပရိတ်သတ်များကို ထိတ်လန့်လာစေသည်။


ကနဦးက နယ်သာရီ၏ ခွန်အားကို အားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ယခု ရှုရအိုကြီး၏ တိုးတက်လာသည့် ခွန်အားကိုကြည့်၍လည်း သူတို့ နှလုံးသားများက ပို၍ တုန်လှုပ်လာလေသည်။


"နင်မြင်လား...ရှုရအိုကြီးက ဘယ်လောက်တောင်သန်မာလဲဆိုတာကို...တကယ်လို့ နင်သူကို မသတ်နိုင်ဘူးဆိုရင် သူက ပိုပိုပြီး သန်မာလာလိမ့်မယ်...သူ့ရဲ့ ပြိုင်ဘက်ကိ သတ်နိုင်တဲ့အထိ သူ့စွမ်းအားတွေ သန်မာလာပြီဆိုတာနဲ့ ..."


မြင့်မြတ်သော မိန်းမပျိုက သူမ၏ နှုတ်ခမ်းပါးလေးများကို လက်ချောင်းလေးများဖြင့် ထိတို့ကစားရင်း ပုဖန်ကိုပြောလိုက်သည်။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ စကားတစ်ခွန်းမှမဆိုပဲ သူ့လက်ထဲမှ ရတနာရှစ်သွယ်ကြက်၏ ခေါင်းကိုသာ စိတ်ဆိုးစွာဖြင့် ဖ်ိပွတ်နေလေသည်။


နယ်သာရီက သန်မာလား...ဒါပေါ့ ...

ပုဖန်က နယ်သာရီ၏ သန်မာမှုကို ယုံကြည်မှုရှိပေသည်။


နယ်သာရီက သူမ၏ မျက်ဝန်းနက်လေးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်စစ်ဆေးလိုက်သည်။သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော လေပြင်းများကို ထုတ်လွင့်နေသကဲ့သို့ ထင်ရသည်။နယ်သာရီစကားတစ်ခွန်းဆိုလိုက်သည်။


"နင်က တကယ်ကို စိတ်ပျက်စရာကောင်းတယ်..."


"ဟမ်...သူမ ဘာပြောနေတာလဲ..."


အားလုံး ကြောင်အသွားကြသည်။


ဘုန်း...


ထိုခဏမှာပင် လေထဲ၌ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး လေတိုးသံများ ရပ်တန့်သွားသည်။ထို့နောက် နယ်သာရီ၏ လက်က ရှုရအိုကြီး၏လည်ပင်းကို ဆုပ်ကိုင်ထားသည်ကို ပရိတ်သတ်များ မြင်လိုက်ကြရသည်။


 "မင်း...မင်း..."


ရှုရအိုကြီး၏ ရင်ဘတ်က ပြင်းထန်စွာ လှုပ်ခါနေသည်။သူ ထိုမျှ အရှိန်မြန်နေသည်ကို ဘယ်လိုလုပ် ဖမ်းခံလိုက်ရသလဲ။


"နင်က ရူးနေတာလား...ငတုံးလား...ဘယ်လ်ိုဖြစ်လို့ ပတ်ပတ်လည်ကို အဲ့ဒီလောက်လှည့်ပြေးနေတာလဲ..."


နယ်သာရီ ခံစားချက်မဲ့စွာ ပြောလိုက်ပြီးနောက် ရှုရအိုကြီး၏ ခန္ဓာကိုယ်ကို လွှဲ၍ လွှတ်ပစ်လိုက်လေသည်။သူမြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး အမှိုက်သရိုက်များနှင့် ကျောက်တုံးကျောက်စများ လေထဲ လွင့်ပျံသွားလေသည်။


ရှုရအိုကြီးက မြေပြင်ပေါ်မှ ကုန်းထလာပြီး သွေးတစ်လုတ်အန်လိုက်လေသည်။သူ့၏ အမူအရာက အလွန်ရုပ်ဆိုးနေပေသည်။သို့သော်လည်း ထိုအရာက အဆုံးသတ်မဟုတ်သေးပေ။


နောက်ခဏမှာပင် သူ့၏ မျက်ဝန်းများ စူးရှသွားသည်။ကောင်းကင်ယံမှနေ၍ အနက်ရောင်အရာတစ်ခု သူ့ဆီသို့ တရှိန်ထိုးတိုးဝင်လာလေသည်။ရှုရအိုကြီး ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။သူ့၏ ခြေလက်အရိုးအဆစ်များအားလုံး အနက်ရောင်ဆံပင်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။


ထိုဆံနွယ်များက လှံရှည်ကဲ့သို့ ထက်မြေ့ချွှန်မြလှပြီးသူ့၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ် ထိုးစိုက်ထားလေသည်။


လေထဲ၌ လွင့်မျောနေသောနယ်သာရီက အေးစက်လှသောအမူအရာဖြင့် သူ့ကိုကြည့်နေလေသည်။နယ်သာရီ သူမ၏ လက်ဖဝါးကို ခပ်ဖြေးဖြေး မြှောက်လိုက်သည်။သူမ၏ နောက်ကျောဘက်၌ လွင့်မျောနေသည့် မှင်အနက်ရောင်ဆံနွယ်များက သွေးတစ်စပင် စွန်းထင်နေခြင်းမရှိပေ။


ရှုရအိုကြီးက မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ပြီး ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်သည်။ပထမဦးဆုံးအနေဖြင့် သူ့မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများပြည့်နေလေသည်။


ရုတ်တရက် ရှုရအိုကြီး၏ မျက်ဝန်းများ စူးရှကျဉ်းမြောင်းသွားသည်။နယ်သာရီက သူ့၏ဆံပင်ကို ဆွဲနှုတ်လိုက်သည်ကို သူသတိပြုမိလိုက်သည်။


"သူဘာလုပ်ဖို့ကြိုးစားနေတာလဲ..."


အနီရောင်ချည်မျှင်လုံးကလည်း ပတ်ပတ်လည်တွင် လိမ့်နေတုန်းဖြစ်သည်။ထိုအတွင်းထဲမှ မြင့်မြတ်သောမိန်းမပျို၏ မျက်နာအမူအရာက ပို၍ လေးနက်တည်ကြည်လာသည်။


သူမက နယ်သာရီ၏ အမူအရာကို သေချာစွာကြည့်ရှုနေလေသည်။ရုတ်တရက် သူမ၏ပုံရိပ်က ဆတ်ခနဲ လှုပ်ရှားသွားသည်။သူမရပ်နေရာနေရာမှ ပျောက်ကွယ်သွားလေသည်။


"ရပ်လိုက်..."


ကျယ်လောင်သည့် အော်သံနှင့်အတူမြင့်မြတ်သော မိန်းမပျို၏ ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်လာလေသည်။သို့သော်လည်းနယ်သာရီ၏ပြင်ဆင်မှုက ပြီးစီးသွားလေပြီ။သူမ၏ လက်ကိုမြှောက်၍ ရှုရအိုကြီးဆီသို့ ညွှန်လိုက်သည်နှင့် လေတိုးသံများ ထွက်ပေါ်လာသည်။


သူမ၏ သေးသွယ်လှသောဆံနွယ်မျှင်လေးမက အနောက်တွင် အရိပ်ပင်မချန်ခဲ့ပဲ လျှင်မြန်သောအရှိန်ဖြင့် ပျံသန်းသွားလေသည်။


 ရွှစ်...


ပရ်ိတ်သတ်များအားလုံး ခေါင်းလောင်းသံကဲ့သို့ အသံသဲ့သဲ့ကိုသာ ကြားလိုက်ရသည်။


ရှုရအိုကြီး၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး သူ့၏ နှလုံးသားက အေးစက်သွားလေသည်။


ထို့နောက် သူ့၏ ခန္ဓာကိုယ်မှ အင်အားများ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။သူ့၏ ငယ်ရွယ်နုပ်ျိုသော အသွင်အပြင်က စက္ကန့်ပိုင်းအတွင်း အဘိုးအိုကြီးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။


သူ့၏ ခြေထောက်များက ပျော့ခွေလာပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားလေ၏။ရှုရအိုကြီး၏ မျက်ဆံအိမ်ကလည်း လှုပ်ခါလာသည်။သူတစ်စုံတစ်ခုပြောချင်ဟန်ဖြင့် ပါးစပ်ဖွင့်ဟလိုက်သည်။သို့သော်လည်းစကားလုံးတစ်လုံးမျှပင် ထွက်ပေါ်မလာပေ။


သူ့၏စိတ်အခြေအနေက တစ်စစကွဲအက်လာသည်။သူ့၏ နှလုံးသားက နယ်သာရီ၏ ဆံနွယ်များ၏ ရစ်ပတ်ခြင်းကို ခံထားရလေသည်။တိုးဖျော့သည့်အသံတစ်ခုကို ကြားလိုက်ရပြီး ဆံနွယ်များ၏ အားကြောင့် နှလုံးသားက ကွဲကြေသွားလေသည်။


အဟွတ်...အဟွတ်...


ရှုရအိုကြီး၏ ပုံရိပ်က ပြင်းထန်စွာတုန်ခါလာပြီးနောက် သူသွေးတစ်လုတ်အန်လိုက်ကာမြေပြင်ပေါ် လဲပြိုကျသွားလေသည်။


နယ်သာရီက လေထဲတွင် ခံစားချက်မဲ့စွာဖြင့် ရပ်နေလေသည်။ဖြစ်ပျက်သွားသမျှက သူမအတွက် ဘာအဓိပ္ပါယ်မှမရှိသကဲ့သို့ ဘာက်ိုမှ ဂရုစိုက်မနေပေ။


လူအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ရှုရမိန်းမပ်ျိုလည်း ထိတ်လန့်တုန်လှုပ်နေ၏။


"ရှုရအိုကြီး သေသွားပြီလား...သူက ဒီလ်ိုနဲ့ပဲ သေသွားလား...ဆံပင်လေးတစ်ချောင်းက ရှုရအိုကြီးကို သတ်နိုင်တယ်ပေါ့...သူမက မသေမျိုးခန္ဓာအထွဋ်အထိပ်ပညာရှင်ကို စက္ကန့်ပိုင်းအတွင်းမှာ သတ်ပစ်လိုက်တယ်ပေါ့..."


လေထဲမှ လွင့်မျောနေသောထ်ုအမ်ျိုးသမီးကို ကြည့်လိုက်သည်နှင့်သူတို့၏ ခန္ဓာကိုယ်ကိုအေးစိမ့်သည့်လှိုင်းတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။သူတို့ မျက်နာပေါ်တွင်လည်း မယုံကြည်နိုင်မှုက အထင်းသားပေါ်လွင်နေသည်။


"အရမ်းလှတဲ့ အမျိုးသမီးက ဘာလို့ အဲ့ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ..."


မဟာသခင်ငါးယောက်က တံတွေးတစ်လုတ်မျိုချလိုက်ပြီး သူတို့၏ မျက်နာပေါ်မှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်သည်။သူတို့ငါးယောက် ပူးပေါင်း ရင်ဆိုင်နိုင်တောင်မှ ထို ရှုရအိုကြီးက်ို မယှဉ်န်ိုင်ခဲ့ပေ။သို့သော် နယ်သာရီကပ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သတ်ပစ်လိုက်လေသည်။


ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့နှစ်ယောက် လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။သူတို့၏ နှလုံးသားပင် ကျုံ့သွားသလို ခံစားလိုက်ရ၏။ထိုစားပွဲထိုးအမျိုးသမီးက ကြောက်စရာကောင်းလှလေသည်။သူမက စားပွဲထိုးလုပ်မည့်အစား အမျိုးသမီး သတ်ဖြတ်သူတစ်ယောက်လုပ်သင့်ပေသည်။


သူတို့နှစ်ယောက်သာမက ပရိတ်သတ်များနှင့် အဖွဲ့ဝင်များလည်း အဆက်မပြတ် တုန်ရီနေကြလေသည်။ထ်ို အဖွဲ့ဝင် အနည်းငယ်က တိမ်ခိုးစားသောက်ဆိုင်၏ ဖောက်သည်များဖြစ်ကြသည်။သူတို့ထဲမှ လူတစ်ချို့က နယ်သာရီကိုပင် ဆွဲဆောင်ဖို့ ကြိုးစားခဲ့ကြသေးသည်။


ထိုအချိန်က သူတို့ အပြစ်ပေးခြင်းပင် ခံခဲ့ရသေးသည်။သို့သော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် သူတို့ အပြစ်ပေးခံရသည်ထက် ဆုတစ်ခုရလိုက်သည်နှင့်ပင် တူနေသေးလေသည်။


မှန်သည်။သူတို့က သူတို့ကိုယ်သူတို့ ထိုရှုရအိုကြီး အဖြစ်နှင့် နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။သူမက သူတို့အပေါ် ညှင်ညှင်သာသာပင် ဆက်ဆံလိုက်လေသည်။သူတို့ မျက်ရည်များပင် စီးကျလာမလို ဖြစ်သွားလေသည်။


"နင်တကယ်ပဲ ရှုရအိုကြီးကို သတ်ပစ်လိုက်တယ်..."


ရှုအပ်ျိုစင်၏ မျက်နာက ရေခဲတမျှ အေးစက်နေပေပြီ။သူမ နယ်သာရီဘက်သို့လှည့်ကြည့်၍ အော်လိုက်သည်။သူမ ဒေါသများတလိပ်လိပ့် လိမ့်တက်လာသည်။


"ပုဖန်ကိုပြန်ပေး ...မဟုတ်ရင် နင်လည်းသေရမယ်..."


နယ်သာရီက အသာအယာပင် ပြောလိုက်သည်။ရှုရမိန်းမပျို၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး နယ်သာရီကိုနက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။နယ်သာရီက ခံစားချက်မဲ့စွာဖြင့်ပင် ပြန်လည်တုံ့ပြန်ပြောဆိုလေသည်။


ခဏအကြာ၌ ရှုရအပျိုစင်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားသည်။သူမ၏ ကြာပန်းကဲ့သို့ ဖြူသွယ်လှသောလက်ကလေးကို ဝှေ့ယမ်းလိုက်သည်နှင့် သူမ၏ အောက်ခြေမှ အနီရောင်ချည်မျှင်များက စတင်၍ လိမ့်လာသည်။


ထို့နောက် ထ်ိုချည်မျှင်များက ရှုရအပျိုစင်ကို ပိုးအိမ်တစ်ခုသဖွယ် လုံးဝ ရစ်ပတ်လိုက်လေသည်။အောက်ခြေ၌ ရှိနေသော ချည်ခင်များအားလုံး ပျောက်ကွယ်သွားလေသည်။နန်ကုန်းဝူချယ်ကို ရစ်ပတ်ထားသောချည်မျှင်လုံးကြီးလည်း ပျောက်ကွယ်သွား၏။သူနန်ကုန်းဝူချယ်ခပ်လှမ်းလှမ်းနေရာကို ကြည့်လိုက်ပြီး ထခုန်မိမတက်လန့်ဖြန့်သွားလေသည်။ထိုနေရာတွင် မည်သူမှ ရှိမနေပေ။


"ဘော်ဒါပု ဘယ်မှာလဲ..."


ပုဖန် ပျောက်ကွယ်သွားလေပြီ။


ပထမဦးဆုံးအကြိမ်ဖြင့် နယ်သာရီ၏ အမူအရာပြောင်းလဲသွားသည်။သူမ ပုဖန်၏ စွမ်းအင်များကို မခံစားမိတော့ကြောင်း သတိပြုမိလိုက်၏။


"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...အစောပိုင်းက ပုဖန် အနီရောင်ချည်မျှင်လုံးထဲမှာရှိနေတယ်လေ...အခု ဘယ်ပျောက်သွားတာလဲ..."


ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုဖြစ်လာသလို အားလုံးခံစားလိုက်ရသည်။အေးစိမ့်မှုက သူတို့၏ခန္ဓာကိုယ်ကို တစ်ဖန် ဖျက်ပြေးသွားပြန်သည်။


သူတို့အားလုံး ရှုရမိန်းမပျိုကိုတစ္ဆေတစ်ကောင် မြင်သလိုကြည့်လိုက်ကြသည်။


"ပုဖန် ဘယ်မှာလဲ..."


နယ်သာရီ ရှုရမိန်းမပျိုကို အေးစက်စွာမေးလိုက်သည်။ရှုရမိန်းမပျိုက စုန်းမတစ်ယောက်သဖွယ်ကောက်ကျစ်စွာပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။


"ငါမသိဘူး..."


နယ်သာရီအမူအရာက ရေခဲတမျှ အေးစက်လာလေသည်။ထို့နောက် သူမ၏ နေရာမှ ပျောက်ကွယ်သွားလေသည်။ရှုရမိန်းမပျို မျက်ဝန်းများမှေးကျင်းလိုက်သည်။သူမ၏ ပုံရိပ်ကလည်းပျောက်ကွယ်သွားလေသည်။


ဘုန်း ...ဘုန်း...ဘုန်း...


လေထုထဲ၌ တိုက်ခိုက်သံများ ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ စတင်ပြန့်နှံ့လာသည်။ထ်ို့နောက် နယ်သာရီနှင့် ရှုရမိန်းမပျိုတို့နှစ်ယောက်လုံး ခပ်လှမ်းလှမ်း၌ ပြန်လည်ထွက်ပေါ်လာသည်။


နောက်ထပ် ထိပ်တန်းအလှအပနှင့် မယှဉ်နိုင်အောင် စွမ်းအားကြီးမားသူတစ်ယောက်ထွက်ပေါ်လာပြန်သည်။မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော ရှုရမိန်းမပျိုကလည်း အလွန်ပင် စွမ်းအားကြီးလှသည်။သူမက နယ်သာရီကိုပင် ယှဉ်၍ တိုက်ခိုက်နိုင်ပေသည်။


"ငရဲကမ္ဘာအမျိုးသမီး နင်က အရမ်းသန်မာပါတယ်...ဒါပေမယ့် ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ ...ငါ့က်ိုလည်းမသတ်နိုင်သလို ပုဖန်က်ိုလည်းမရှာနိုင်ဘူး...ခစ် ခစ် ခစ်..."


ရှုရမိန်းမပျိုက ညှင်သာစွာရယ်လိုက်သည်။သူမ၏ မျက်ဝန်းလှလှလေးထဲတွင် လှောင်ရယ်သံများစွက်နေလေသည်။


"ငါ့ကို ဖ်ိအားမပေးနဲ့ ပုဖန်ကိုပြန်ပေး..."


နယ်သာရီ အသက်တစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူမ၏ ဆံပင်တစ်ချောင်းကို ဆွဲနှုတ်လိုက်ပြီး ရှုရမိန်းမပ်ျိုဆီသို့ ညွှန်၍ ပြောလိုက်သည်။ရှုရမိန်းမပျို၏ မျက်နာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး သူမ၏ အမူအရာက အေးစက်လာသည်။


ထို့နောက် သူမပတ်ပတ်လည်မှ ချည်မျှင်များက လှိုင်းများသဏ္ဍာန် လှုပ်ရှားလာ၏။


နယ်သာရီ မျက်ဝန်းများမှေးကျင်းလိုက်ပြီးနောက် သူမ ရှုရမိန်းမပျိုထံသို့ လက်ညှိုးညွှန်လိုက်သည်။


ရွှစ်...


လျှပ်စီးလက်သကဲ့သို့ အလင်းရောင်တစ်ချက်နှင့်အတူ ဗလာလေထုပင် ပြိုကွဲသွားပုံပေါ်လေသည်။ထူးဆန်းသော အင်အားတစ်ခုက ထိုဆံပင်များနှင့် ထိပ်တိုက်တိုက်မိသွားလေသည်။


လေဟာနယ်ပင် ဆုတ်ပြဲသွားသလို ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြောင့် လူအားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။


"နင်ငါ့ကိုသတ်လို့မရဘူး..."


ရုတ်တရက် ရှုရမိန်းမပျို၏ မျက်နာက တောင့်ခဲသွားပြီး သူမခန္ဓာကိုယ်လည်း အေးစက်သွားလေသည်။လူတိုင်းက စိတ်ရှုပ်ထွေးမှုဖြင့် ရှုရမိန်းမပျိုထံသို့ လှည့်ကြည့်လိုက်ကြသည်။


သူမ၏ မျက်နာထက်တွင် ရှက်ရွံ့မှုနှင့် ဒေါသဖြစ်မှု ပေါ်လွင်နေသည်။သူမ ခေါင်းငုံ့၍ ခန္ဓာကိုယ်ပေါ်မှ ချည်မျှင်နီများကို ကြည့်လိုက်သည်။