အပိုင်း ၅၄၉
Viewers 62k

အခန်း ၅၄၉...


ဝီ...


သူ့ဘေးနားတွင်ရပ်နေသော ရှုရမိန်းမပျို ရုတ်ချည်းပျောက်ကွယ်သွားသည်ကို ပုဖန်တွေ့လိုက်ရသည်။သူ ခဏမျှပင် ကြောင်အရပ်နေမိသည်။သူသည်က တလိမ့်လိမ့် ဆက်တိုက်လိမ့်နေသော အနီရောင်ချည်မျှင်လုံးကြီးထဲ၌ တစ်ယောက်တည်းကျန်ခဲ့လေသည်။


ဘယ်သူမှမရှိတော့သောကြောင့် အလွန်အမင်း တိတ်ဆိတ် ငြိမ်သက်နေလေသည်။သို့သော်လည်း ပုဖန်ကထ်ိုအကြောင်းအရာကို အများကြီး ဂရုစိုက်မနေပေ။သူ ထူးဆန်းသည့် စွမ်းအင်လှိုင်းများ ထုတ်လွင့်နေသည့် အနီရောင်ချည်မျှင်များကိုသာ သေချာကြည့်လိုက်၏။


ချည်မျှင်များ၏ အောက်ခြေမှ ဆန်းကြယ်သော အလင်းလှိုင်းများထွက်ပေါ်နေပြီး တစ်ခုနှင့်တစ်ခု ရောစပ်နေပုံရလေသည်။ထိုနေရာ၌ တစ်ခုခုထူးဆန်းနေပေသည်။သို့သော်လည်း မည်သည့်အရာထူးဆန်းနေသည်ကို သူမပြောတတ်ပေ။ထ်ိုချည်ခင်များ၌ အစီအရင်တစ်ခုခုကို သုံးစွဲထားပုံရ၏။


လျှင်မြန်စွာပင် အစီအရင်မှ မျက်စိကန်းလောက်စရာ အလင်းတန်းများကို ထုတ်လွင့်လာသောကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် ကြီးမားလှသော အင်အားတစ်ခုက သူ့ကို စုပ်ယူလိုက်လေ၏။ပုဖန်နေရာမှ ပျောက်ကွယ်သွားလေသည်။


......


ရှုရ မိန်းမပျို၏ မျက်နာ၌ ဒေါသနှင့် ရှက်ရွံ့မှုများပြည့်နှက်နေသည်။သူမ၏ ရင်ဘတ်ကို မယုံနိုင်သည့်ပုံဖြင့် ငုံ့ကြည့်လိုက်သည်။မည်သူမဆို သူမ၏ ရင်ဘတ်တွင် ချည်မျှင်များ အလုံးအထွေးရစ်ပတ်နေကြောင်းပြောနိုင်ပေသည်။


အားလုံး၏ အကြည့်များအောက်မှာပင် မို့မောက်နေသော ရင်ဘတ်နေရာမှ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ထ်ို့နောက် ချည်မျှင်များကြားထဲမှ ခေါင်းလေးတစ်ခု ထိုးထွက်လာလေသည်။


အားလုံး ဇဝေဇဝါဖြစ်စွာဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။


"ဒါက ရတနာရှစ်သွယ်ကြက်မဟုတ်ဘူးလား..."


ထိုကြက်က ပုဖန်ကိုင်ထားသည့် ကြက်ဖြစ်မှန်း သတိပြုမိလိုက်ကြသည်။ထ်ိုကြက်က ရှုရအမျိုးသမီး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော ချည်မျှင်များကြားထဲမှ ကြိုးစား၍ ထိုးဖောက်ထွက်နေပေသည်။သူ ပတ်ဝန်းကျင်ကို သင်္ကာမကင်းဝေ့ဝဲကြည့်ပြီးနောက် အသံကျယ်ကျယ်ကို ထုတ်လွင့်နေ၏။


အားလုံးက ထ်ိုမြင်ကွင်းကို အထူးအဆန်းကြည့်နေကြပေသည်။လေထုက တင်းကျပ်နေပြီး အလေးအနက် ဖြစ်နေသင့်သော်လည်း သူတို့အားလုံး ရယ်ချင်မှု ခံစားနေရသည်။လူများစွာက ထိုရတနာရှစ်သွယ်ကြက်ကို ကြည့်၍ တံတွေးတစ်လုတ်မျိုချလိုက်ရသည်။သူတို့၏ စိတ်ထဲ၌ မနာလိုမှုကို ခံစားနေရသည်။


ထိုရတနာရှစ်သွယ်ကြက် ခေါင်းထွက်လာသည့်နေရာက ၎င်းက ရှုရမိန်းမပျို၏ ရတနာထုပ်လေး နှစ်ထုပ်ကြားမှာ ဖြစ်သည်။ထိုနေရာက လှပသည့် နေရာလေးပင်ဖြစ်သည်။လူအားလုံးက သူတို့၏ ဘဝသည် ရတနာရှစ်သွယ်ကြက်လောက်ပင် ကံကောင်းမှု မရှိဟု ခံစားလိုက်ရသည်။


နယ်သာရီလည်း ခဏမျှကြောင်အနေမိသည်။သူမကြက်ခေါင်းကိုကြည့်၍ မည်သို့ ဆက်လုပ်ရမည်မသိ ဖြစ်သွားလေသည်။ရှုရမိန်းမပျိုက ရှက်ရွံ့မှုကြောင့် ခေါင်းပင်ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။


"ဒီကြက်က ဘယ်လိုလုပ် ထွက်ပေါ်လာတာလဲ...သူ့ရဲ့ အစီအရင်မှာ ချို့ယွင်းချက်တွေ ရှိနေတာလား..."


ရှုရမိန်းမပျို၏ မျက်နာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နေသော်လည်း သူမအလျှင်အမြန်ပင် ပြန်လည် သတိဝင်လာသည်။သူမ၏ စိတ်ခံစားချက်များကို ထပ်မံ၍ ဂရုမစိုက်နိုင်တော့ပဲ အသားကုန်အော်ဟစ်လိုက်လေသည်။ရတနာရှစ်သွယ်ကြက်ကလည်း သူ့၏ ခေါင်းကို ဘယ်ညာယမ်းခါရင်း ခန္ဓာကိုယ်တစ်ခုလုံး ချည်မျှင်များကြားထဲမှ လွတ်ထွက်အောင် ကြိုးစားနေလေသည်။


သူ့၏ တောင်ပံတစ်ဖက်ကို ကြိုးစား၍ ခတ်လိုက်သည်။ထို့နောက် သူ့၏ ခြေထောက်များဖြင့် ရှုရမိန်းမပျို၏ ရင်နှစ်မွှာက်ို အခြေပြုပြီး လေထဲသို့ ထိုးထွက်၍ ပျံသန်းလိုက်လေသည်။


မူလက ရှုရအမျိုးသမီး လေထဲတွင် ရပ်တည်နေခြင်းဖြစ်သည်။သ်ို့သော်လည်း သူ့၏ ရင်ဘတ်ကိုထောက်ကန်၍ ရတနာရှစ်သွယ်ကြက်ထွက်သွားသည်နှင့် ထိတ်လန့်ရှက်ရွံမှုကြောင့် သူမခန္ဓာကိုယ်က မြေပေါ်သို့ ပြုတ်ကျသွားလေသည်။


သူမ၏ မြင်ကွင်းက ကြက်မွှေးများဖြင့် ပြည့်နှက်သွားလေသည်။


လူအားလုံးလည်း တောင်ပံ တစ်ဖျက်ဖျက်ဖြင့် လွင့်ခါနေသောကြက်ကို စွံ့အစွာကြည့်နေကြလေသည်။ဒါကတကယ့်ကို ကံထူးလှသည့် ကြက်ပင် 


"နေဦး..."


သူတို့၏ စိတ်ထဲ၌ အံ့အားသင့်သည့် ခံစားချက်များ မြင့်တက်လာသည်။


"ဒီကြက်က ပုဖန်နှင့်အတူတူ ရှိနေသင့်တာမဟုတ်ဘူးလား...အခု ဒီကြက်က ရှုရမိန်းမပျိုရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတယ်ဆိုတော့ ပုဖန်က ဘယ်မှာလဲ...သူကရော ခန္ဓာကိုယ်တစ်နေရာရာကနေ ထွက်ပေါ်လာမှာလား..."


ထိုသို့သာဖြစ်လာမည်ဆိုလျှင် သူတို့အနေဖြင့် ထ်ိုမြင်ကွင်းကို ကြည့်ရဲတော့မည်မဟုတ်ပေ။


"အယုတ်တမာစားဖိုမှူး..."


လူအားလုံး ထိုကဲ့သို့ တွေးနေလေရာ ရှုရမိန်းမပျိုသည်လည်း ကျိန်းသေပေါက် ထိုသို့ တွေးမိလေသည်။ထိုကြက်စုတ် ထိုးထွက်လာသည်ကပင် အရှက်ရဖို့ လုံလောက်နေပေပြီ။


အကယ်၍ ထိုကောင်စုတ်လေးသာ သူမ၏ ခန္ဓာကိုယ်မှ ထပ်မံ ထွက်ပေါ်လာမည်ဆိုလျှင် သူမတစ်ဘဝလုံးတည်ဆောက်ထားခဲ့ရသော ဂုဏ်သိက္ခာများ ပျက်စီးသွားပေလိမ့်မည်။


ထိုခဏမှာပင် သူမ၏ ရင်ဘတ်၌ ပတ်ကာနေသော ချည်မျှင်များထဲမှ နေ၍ တစ်စုံ တစ်ရာ လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။


"အဲ့ဒီလိုမလုပ်ပါနဲ့..."


 ရှုရမိန်းမပျို၏ မျက်နာက ဖြူဖွေးသွားသည်။ပရိတ်သတ်များ၏ မျက်ဝန်းထဲတွင် အမြဲတမ်းတည်ငြိမ်နေသော သူမ၏ မျက်နာက ကြောက်ရွံ့သွားမှုများကြောင့် ပြိုကွဲသွားပေသည်။


ရွှစ်...


သူမ၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေသော ချည်မျှင်များကို ဆွဲလိုက်သည်။တောက်ပလှသော အလင်းတန်းများနှင့် စွမ်းအင်လှိုင်းများ ပြန့်နှံ့ထွက်ပေါ်လာလေသည်။


အနီရောင်ချည်မျှင်များကြားထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ပုဖန် ရွှေရောင်အလင်းတန်းများထုတ်လွင့်နေသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ကိုင်ထားလေသည်။သူ့၏ မျက်နာထက်တွင်လည်း ဇဝေဇဝါဟန်အထင်းသားပေါ်လွင်နေလေသည်။


သူ့ခန္ဓာကိုယ်က တလိမ့်လိမ့် လိမ့်သွားပြီးသွားပြီးနောက် မြေပြင်ပေါ်၌ ရပ်တန့်သွားသည်။


ရှုရမိန်းမပျိုက ဒေါသထွက်စွာဖြင့် ပုဖန်ကို စူးစူးရဲရဲကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။


"အကြည့်မကောင်းတဲ့ စားဖိုမှူး ငါ မြင့်မြတ်သော အပျိုစင်ကို ဘယ်လိုလုပ်ပြီး အသားယူရဲတာလဲ..."


"မင်းကို အသားယူတယ် ကြံကြီးစည်ရာတွေ မစွပ်စွဲပါနဲ့...ဘယ်သူက မင်းက်ို အသားယူလို့လဲ..."


ပုဖန် သိချင်စိတ်ပြင်းပြစွာဖြင့်ပင် မေးလိုက်သည်။ယခုလတ်တလော မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို တကယ်ကိုမသိပေ။အစက သူနှင့် ရှစ်လေး အဖြူရောင်အလုံးလေးတစ်ခုထဲတွင် ပိတ်မိနေခြင်းဖြစ်သည်။


သူထ်ိုအဖြူရောင်အလင်းလုံးကို အပေါက်ဖြစ်အောင် ဖြတ်လိုက်ပြီးနောက် ရှစ်လေးကိုအရင် ထိုးထွက်ခိုင်းလိုက်သည်။ထို့နောက် သူပါလိုက်ပါထွက်ရန် ပြင်လိုက်စဉ်မှာပင် ထိုထဲမှ ပစ်ထုတ်ခြင်းခံလိုက်ရသည်။


စဉ်းစားကြည့်လျှင် ထိုအဖြူရောင်အလုံးလေးက ထ်ိုအမျိုးသမီးက သူ့ကို ထိန်းချုပ်ထားရန်အတွက် အသုံးပြုထားသည့် အရာပင်ဖြစ်လိမ့်မည်။သူမက သူ့ကို အနီရောင်ချည်မျှင်လုံးထဲ၌လည်း ပိတ်ထားဖူးပေသည်။


ပုဖန်၏ အမူအရာကို မြင်လိုက်သောအခါ ရှုရမိန်းမပျို ပို၍ပင် ဒေါသထွက်လာလေသည်။


ပုဖန်၏ မျက်နာကသူ ဘာမှမလုပ်ထားသကဲ့သို့ လုံးဝ အပြစ်ကင်းစင်သည့် မျက်နာဖြစ်လေသည်။


ပြောရမည်ဆိုလျှင်လည်း သူမ အလွန်အံ့အားသင့်နေပေသည်။သူမ၏ အနီရောင်ချည်မျှင်များက ရှေးဟောင်းရှုရမြို့တော်ရဲ့ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သည်။


ထိုအနီရောင်ချည်မျှင်များအောက်၌ အိတ်ဆောင် နေရာလွတ်တစ်ခုပါနေခြင်းဖြစ်သည်။သူမက ပုဖန်ကို ထိုအိတ်ဆောင်နေရာလွတ်ထဲ ထည့်လိုက်သည်နှင့် သူမလွှတ်ပေးခြင်းမရှိပဲ မည်သို့မှ ပြန်လည်ထွက်ပေါ်နိုင်မည်မဟုတ်ပေ။


သို့သော်လည်း ထ်ိုတန်ခိုးရှင်အဆင့်မျှသာရှိသေးသော သူတစ်ယောက်က အိတ်ဆောင်နေရာလွတ်ကို ဖျက်စီးပြီး အနီရောင်ချည်မျှင်များအောက်မှ ထွက်လာနိုင်မည်ဟု သူမလုံးဝ မထင်ထား ခဲ့ဖူးပေ။


အဲ့ဒီ အိတ်ဆောင်နေရာလွတ်ကနေပြီး ထွက်လာနိုင်တာက ကိစ္စမဟုတ်သေးဘူး...သူက ဘာဖြစ်လို့ ဒီအရှက်ရစရာ နေရာကနေ ထွက်လာရတာလဲ..."


သူက တကယ့်ကို အကျင့်မကောင်းသည့် လူယုတ်မာတစ်ယောက်ဖြစ်ပေလိမ့်မည်။


ရှစ်လေးက အတောင်ပံကို တဖျက်ဖျက်ခတ်ရင်း မြေပြင်ပေါ်သို့ အသာအယာ ကျဆင်းလာသည်။


ပုဖန် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ရှစ်လေးကို ကမန်းကတမ်းကောက်ယူလိုက်သည်။ထို့နောက် ရှုရမိန်းမပျိုဆီသို့ မျက်နာသေဖြင့် ကြည့်လိုက်သည်။


"ငါ မင်းနောက်ကို မလိုက်ချင်ဘူး...မင်းငါ့ကို ဘယ်ကိုမှ ခေါ်သွားလို့်မရဘူး...လက်လျှော့လိုက်တော့..."


ပုဖန်ပြောလိုက်စဉ်မှာပင် နယ်သာရီ၏ ပုံရိပ်က လွင့်မျောလာပြီး သူ့၏ ဘေးသို့ အလျှင်အမြန် ရောက်ရှိလာလေသည်။ရှုရမိန်းမပျိုက လေထဲတွင် လွင့်မျောနေဆဲဖြစ်သည်။သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း အနီရောင်ချည်မျှင်များက ရစ်ကာနေသည်။သူမက တစ်စုံတစ်ရာကို မကျေမနပ်ဖြစ်နေပုံပေါ်လေသည်။


သူမ ဘယ်လိုလုပ်အရှုံးပေးနိုင်မှာလဲ ...


သူမ၏ အစေခံအိုကြီးက ဒီနေရာမှာပင် သေဆုံးသွားခဲ့ပေပြီ အကယ်၍ သူမသာ ရှုရမျှော်စင်ကို ပြန်လည် သယ်ဆောင်မသွားနိုင်လျှင် ဒီလုပ်ဆောင်မှုက လုံးဝ ကျရှုံးသွားပေလိမ့်မည်။


သူမ ပြန်သွားသည့်အခါ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သူမ လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။ထို့အပြင် ဒီအတိုင်းသာပြန်သွားလျှင်လည်း မြေခွေးအိုကြီးများက သူမကို ခက်ခဲအောင်လုပ်ပေလိမ့်မည်။


နယ်သာရီက ရှုရမိန်းမပျိုကို ခံစားချက်မဲ့စွာဖြင့် စိုက်ကြည့်နေလေသည်။ထိုရှုရမိန်းမပျိုက တကယ့်ကို သန်မာလှသည်။သူမ၏ စွမ်းအားက မြေခွေးအိုကြီးထက်ပင် ပို၍ သန်မာလေသည်။သို့သော်လည်း သူမ၏ ကာကွယ်မှုအောက်တွင်ရှိနေသော ပုဖန်ကို လုယူနိုင်လောက်အောင်ထိတော့ မသန်မာပေ။


ရှုရမိန်းမပျိုက လေအေးများရှိုက်သွင်းလိုက်ပြီးနောက် သူမကိုယ်သူမ စိတ်ငြိမ်သက်အောင်ပြုလုပ်လိုက်သည်။နောက်ခဏအတွင်းမှာပင် သူမ၏ မျက်ဝန်းအကြည့်များက ပြောင်းလဲသွားလေသည်။


အေးစက်ကြမ်းကြုတ်လှသော အကြည့်များက ပုဖန်အပေါ် စူးစိုက်ကျရောက်နေလေသည်။ခပ်ဖျော့ဖျော့ ဖောက်ထွင်းမြင်နေရသော ချည်မျှင်နီများအောက်၏ ရှည်သွယ်လှသော ခြေထောက်လေး လှုပ်ရှားလိုက်သည်ကို တွေ့လိုက်ရသည်။


"သူက အခုထိတောင် လက်မလျှော့သေးဘူးလား..."


သူမ၏ မြင်ကွင်းထဲမှ ရှုရမိန်းမပျို၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည့်အခါ၌ နယ်သာရီမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


ပုဖန်လည်း သူ့အပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာသလို ဖိအားများစွာ ကျရောက်လာသည်ကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။


ရှုရမိန်းမပျိုက တကယ့်ကို သန်မာလှပေသည်။အားပြင်းလှသောအော်ရာများက ကောင်းကင်တစ်ခွင်ပြည့်နှက်သွားလေ၏။


ရှုရစည်းတံဆိပ်...


ဝီ...


အားလုံး၏ နားထဲသို့ ချိုမြလှသော အသံတစ်သံ ဖြတ်သန်း စီးဆင်းသွားလေသည်။ထို့နောက် ကောင်းကင်ထက်တွင် သွေးနီရောင် စည်းတံဆိပ်တစ်ခု ရုတ်တရက်ကြီးပေါ်ပေါက်လာပြီး နယ်သာရီဆီသို့ အရှိန်ပြင်းစွာ ရိုက်ချလာလေသည်။


နယ်သာရီက အနည်းငယ်မျှပင် အမူအရာပြောင်းလဲမှုမရှ်ိပဲ ခြေဖျားလေးဖြင့် မြေပြင်ကို ထောက်ကန်လိုက်သည်။ခန္ဓာကိုယ်က ထက်မြက်လှသော ဓားတစ်စင်းကဲ့သို့ ကောင်းကင်ယံ ထိုးတက်သွားလေသည်။ထို့နောက်သူမက ထ်ို သွေးနီရောင် စည်းတံဆိပ်ကို တိုက်ရိုက်ပင်ထိုးဖောက်လိုက်သည်။


ကျိုးပဲ့သွားသော စည်းတံဆိပ်အပိုင်းအစလေးများက မြေပြင်ပေါ်၌ ပြည့်နှက်သွားလေသည်။ရှုရမိန်းမပျိုက သွေးနီရောင်စည်းတံဆိပ်များကို အဆက်မပြတ်ပြုလုပ်၍ နယ်သာရီထံ ပစ်လွှတ်နေလေသည်။ရှည်လျားသွယ်လျလှသည့် လက်ချောင်းလေးများက လျှင်မြန်လှသော အရှိန်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနေသည်။သို့သော်လည်း နယ်သာရီရှေ့သို့ ရောက်သွားသည့် စည်းတံဆိပ်များက အားလုံး ကျိုးပဲ့သွားလေသည်။


ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ရိုက်ခတ်နေသည်။သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုက လူများစွာ ကြောက်ရွံ့မှုနှင့် တုန်လှုပ်နေကြလေသည်။မသေမျိုးခန္ဓာအဆင့် ၅ ပညာရှင်များ၏ ကြားထဲမှ တိုက်ပွဲက တကယ့်က်ိုဖိအားများလှသည်။မဟာသခင် ငါးယောက်၏ မျက်နာအမူအရာမှာလည်း အလွန်တည်ငြိမ်လေးနက်နေလေသည်။


ထိုမိန်းမပျိုနှစ်ယောက်၏ ခွန်အားက သူတို့၏ စိတ်ကို တုန်ယင်စေလေသည်။ထိုနှစ်ယောက်၏ တိုက်ခိုက်မှုကိုကြည့်၍ မဟာသခင်ရွှမ်မင် ဖျစ်ညှစ်၍ ပြောလိုက်မိသည်


"သူတို့က မသေမျိုး စိတ်ဝိညာဉ် အဆင့်တွေလား..."


ထိုစကားကြောင့် တခြားမဟာသခင်များအားလုံး ထိတ်လန့်ကြောင်အသွားကြသည်။မဟာသခင်ရွှမ်မင်၏ စကားကို သူတို့ကိုယ်တိုင်ပင် မယုံကြည်ရဲပေ။


မသေမျိုး ဝိညာဉ်အဆင့်ဆိုသည်မှာ မသေမျိုးနယ်ပယ်၏ ဒုတိယမြောက် အဆင့်ဖြစ်သည်။အလွန်ပင် စွမ်းအားကြီးလှသည်။မသေမျိုးခန္ဓာပညာရှင်နှင့် သာမန်လူများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်လူသားခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ချိုးဖောက် ပြောင်းလဲထားခြင်းဖြစ်သည်။


သို့သော် မသေမျိုး ဝိညာဉ် အဆင့်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ ထိုအဆင့်များက အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်၏ အရောင်ကိုတောင် ပြောင်းလဲနိုင်စွမ်းရှိသူဖြစ်သည်။


"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ရှေးဟောင်းရှုရ မြို့တော်က မြင့်မြတ်သော မိန်းမပျိုက မသေမျိုးဝိညာဉ်အဆင့်က်ို ချိုးဖောက်သွားနိုင်ပြီလ်ို့ ငါတစ်ခါမှ မကြားဖူးဘူး..."


မဟာသခင် ကုဟယ်က ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ရင်း သူ့ရဲ့ အဆိုကို ငြင်းလိုက်သည်။


"သူတို့က မသေမျိုး ဝိညာဉ် အဆင့် မဟုတ်သေးဘူးဆိုရင်တောင်မှပဲ ရောက်ဖို့ အရမ်းနီးကပ်နေပြီ...သူတို့ရဲ့ စိတ်ဝိညာဉ် ကြိုးတွေတောင် တစ်ခုနှင့်တစ်ခု ပေါင်းစည်းတော့မယ့်အခြေအနေဖြစ်နေပြီ...သူတို့ မသေမျိုး ဝိညာဉ်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့မယ်..."


မဟာသခင်ရွှမ်မင်က အလေးအနက်ထပ်ပြောလိုက်သည်။အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြပြီး လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြလေသည်။


"မသေမျိုး ဝိညာဉ်အဆင့် ..."


ဆေးနန်းတော်တွင်တော့ သူတို့သည်သာ ထိပ်သီး ပညာရှင်များဖြစ်သည်။သူတို့ကသာ ပထမအဆင့် အင်အားစုဟု ပြောနိုင်ပေသည်။


ဘုန်း...


ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ချည်မျှင်များက ဆုတ်ပြဲသွားလေသည်။၎င်းက နယ်သာရီ၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။


ရှုရမိန်းမပျို၏ အမူအရာက နှိုင်းယှဉ်၍ မရလောက်အောင် ဆိုးသွားလေသည်။သူမအလျှင်အမြန် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။ခြေတစ်လှမ်း ဆုတ်လိုက်တိုင်း လေဟာနယ်ပင် တုန်ခါသွားလေသည်။


သေစမ်း...ငရဲ ကမ္ဘာအမျိုးသမီးက ဘာလို့ အဲ့ဒီလောက်တောင်သန်မာနေရတာလဲ...ဘယ်လ်ိုဖြစ်ပြီး သူမရဲ့ စွမ်းအင်တွေကို အကုန်ထုတ်သုံးနေရတာလဲ...


ရှုရမိန်းမပျိုက စိတ်ဆိုးဒေါသထွက်စွာဖြင့် သူ့၏ နှုတ်ခမ်းပါးကို ဖိကိုက်လိုက်မိသည်။ခပ်လှမ်းလှမ်းနေရာတွင် ရတနာရှစ်သွယ်ကြက်၏ ခေါင်းကို ပွတ်သပ်ရင်း အေးဆေးစွာ ရပ်နေသော ပုဖန်ကို ကြည့်လိုက်ပြီး မြင်လိုက်ရသောကြောင့် သူမနှလုံးသားထဲ ဒေါသများအုံကြွလာလေသည်။


သူမ ထိုကောင်စုတ်လေးကို ဒီနေ့ရအောင် ခေါ်ဆောင်သွားရပေမည်။ရှုရမျှော်စင်က သူ့၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေလေသည်။ထိုအကြောင်းကို ထည့်မပြောလျှင်ပင် ရှုရမျှော်စင်ကို ရှုရသွေးမျိုးစက်များသာ အသုံးပြုနိုင်ခြင်းဖြစ်သည်။


ထို့ကြောင့် ထိုကောင်လေး၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ကိုပင် တုန်လှုပ်နိုင်သော လျှို့ဝှက်ချက်များ ဖုံးကွယ်ထားခြင်းဖြစ်ရပေမည်။


သူမလက်အသာ လှုပ်လိုက်သည်နှင့် သူမရှေ့လေဟာနယ်ထဲ၌ သွေးနီရောင်အဆောင်ပြားတစ်ခုပေါ်လာလေသည်။


ထိုအဆောင်ပြားမှ တောက်ပလှသော အနီရောင်အလင်းများ စတင်ထုတ်လွင့်လာသည်။ရှုရမိန်းမပျို၏ ဆံပင်များပင်လျှင် လေအရှိန်ဖြင့် တဖျက်ဖျက်လွင့်ခါလာသည်။သူမ၏ မျက်ဝန်းထဲ၌ လေးနက်မှုများ ပြည့်နှက်လာပြီး ပြောလိုက်သည်။


"ပုဖန် နင်ဘာလှည့်ကွက်မှ ထပ်မသုံးပဲ ငါနဲ့အတူ လိုက်ခဲ့ရင်ကောင်းမယ်...ဒီလိုမှမဟုတ်ရင် ငါ ဒီအဆောင်ပြားကို အသက်သွင်းလိုက်တာနဲ့ နင့်ရဲ့ စားပွဲထိုး ငရဲ ကမ္ဘာအမျိုးသမီးမုချသေရမယ်..."


ရှုရမိန်းမပျို၏ အသံက ပြိုင်ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ် ဖုံးလွှမ်းသွားလေသည်။ပုဖန် ရုတ်တရက်ထိတ်လန့်သွားပြီး သူ့၏ လက်က်ိုဆုပ်လိုက်မိသည်။ရှစ်လေး၏ ခေါင်းကို တင်းတင်းကျပ်ကျပ်ဆုပ်မိသွားသောကြောင့် ကျယ်လောင်စူးရှစွာ ထအော်လေ၏။


"ငါ့ကို သတ်ဖို့ ကြံနေပြန်ပြီလား..."


သူ့၏ စိတ်ထဲ၌ ထိတ်လန့်မှုများ ပြည့်သွားသည်။ရှုရမိန်းမပျိုက လိမ်နေသည့်ပုံမပေါက်ပေ။


ထိုအဆောင်ပြားက တကယ်ပဲနယ်သာရီရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တာလား...


"နင်က တအားစကားများတာပဲ..."


 နယ်သာရီက အဆောင်ပြားကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပင်ပြောလိုက်သည်။ထို့နောက် ရုတ်တရက် သူမ၏ နဖူးပေါ်မှ အနက်ရောင်အရာတစ်ခု ပေါ်လာသကဲ့သို့ သူမ၏ ဆံနွယ်များက ပတ်ပတ်လည် လွင့်မျောလာလေသည်။


လက်ဖဝါးကို အသာမြှောက်လိုက်သည်နှင့် ဆံနွယ်ရှည်များက လက်ညှ်ိုး၌ လာရောက်ရစ်ခွေလေ၏။ထို့နောက် သူမ၏လက်ကို အသာကလေးလှုပ်လိုက်သည်။


ကောင်းကင်ကိုပင် ထိုးဖောက်ပစ်တော့မလို ထင်ရသော မှင်နက်ရောင် အလင်းတန်းတစ်ခု ပြေးထွက်သွားလေသည်။ထိုအလင်းတန်းက ရှုရသွေးနီရောင်အဆောင်ပြားဆီသို့ တိုးဝင်သွားပြီးနောက် ထုတ်ချင်းပေါက် ဖောက်ဝင်သွားလေ၏။


ထိုအဆောင်ပြားဖြင့် ငရဲကမ္ဘာအမျိုးသမီး၏ ဘဝကို ခြိမ်းခြောက်မည်ဆိုလျှင်တောင် နယ်သာရီက အကြောက်တရားမရှိပေ။


ရှုရမိန်းမပျိုက မောက်မာဟန်အပြည့်ဖြင့် မျက်လုံးမှေးစင်း၍ ကြည့်နေသည်။သို့သော် ခဏချင်းမှာပင် သူမ၏ အဆောင်ပြားက ကျိုးကြေသွားပြီး သူမ၏ နှလုံးသားလေး တုန်ယင်သွားလေသည်။


ထို့နောက် ကောင်းကင်ထက်တွင် ထူးခြားဆန်းကြယ်လှသော အော်ရာများ ပြည့်နှက်လာလေသည်။ထိုစွမ်းအားက လူအားလုံးကို အညံခံလာအောင် ပြုလုပ်နိုင်စွမ်းရှ်ိနေလေသည်။


နယ်သာရီ၏ အနက်ရောင်မျက်ဝန်းလေးများက စူးရှ ကျဉ်းမြောင်းသွားသည်။