အခန်း ၅၅၀
ဒီခွေးဘုရင်ကို ကောင်းကောင်းအိပ်ခွင့် မပေးနိုင်ကြဘူးလား...
သွေးနီရောင်အဆောင်ပြားက ပေါက်ကွဲ သွားပြီး စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ကြောက်မက်ဖွယ်ကောင်းအောင် အားပြင်းလှသော လေပြင်းများထွက်ပေါ်လာပြီး အရာရာအားလုံးကို သိမ်းဆည်းယူငင်သွားလေသည်။
သွေးနီရောင်တ်ိမ်တိုက်များ တလိမ်လိမ့်တက်လာပြီး မကြာခင်မှာပင် ကောင်းကင်တစ်ခုလုံး သွေးနီရောင်အဖြစ်ပြောင်းလဲသွားလေသည်။ရှုရမိန်းမပျိုက လေထဲတွင် လွင့်မျောနေသည်။သူမ၏ မျက်ဝန်းများကို တင်းတင်းကျပ်ကျပ် မှိတ်ထားပြီး လက်နှစ်ဖက်ကို အသာယှက်ထားသည်။လေအရှိန်ကြောင့် သူမ၏ အဝတ်အစားနှင့် တောက်ပလှသော အနီရောင်ဆံနွယ်များက တဖျက်ဖျက်လွင့်ခါနေသည်။သူမက အံ့အားသင့်စရာကောင်းလောက်အောင်လှပပေသည်။
ရှည်လျားလှသော မျက်တောင်လေးများ အသာအယာလှုပ်ခတ်နေပုံက သူမကို ပို၍ ချစ်စရာကောင်းစေသည်။သူမ၏ နောက်ဘက်ရှိ လှုပ်ယမ်းနေသော စိတ်ဝိညာဉ်ကြိုးငါးချောင်းမှာလည်း ဆူညံလှသည့် အသံများကို ထုတ်လွင့်နေလေ၏။
သွေးနီရောင်တိမ်တိုက်များဖြင့် ပြည့်နေသော ကောင်းကင်က ဖိနှိပ်ခံရသော ခံစားချက်များကို ပေးစွမ်းနေလေသည်။လူတိုင်း လေအေးတစ်ချက် ရှုရှိုက်လိုက်မိကြသည်။သူတို့၏ ခန္ဓာကိုယ်က ထိုပြင်းထန်လှသော အား၏ ဖိနှိပ်မှုကြောင့် အနည်းငယ်မျှပင် ရွေ့လျားန်ိုင်ခြင်းမရှိကြတော့ပေ။
နယ်သာရီ၏ မျက်ဝန်းနက်လေးများက ကျဉ်းမြောင်း စူးရှသွားသည်။ပထမဦးဆုံးအကြိမ်ဖြင့် သူမ၏ အမူအရာက တင်းမာခတ်ထန်သွားလေသည်။ညှင်သာသည့် အသံတစ်သံနှင့်အတူ သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ စတင်ထွက်ပေါ်လာသည်။
ပုဖန်လည်း လေအေးတစ်ချက်ရှိုက်လိုက်မိသည်။စွမ်းအင်လှိုင်းများက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော်လည်း ထိုဖိအားများက သူ့အပေါ်သို့ သက်ရောက်ခြင်းမရှိပေ။ထို့ကြောင့် သူဘေးနားမှ လူများကဲ့သို့ ဖြစ်မနေသော်လည်း သူမျက်မှောင်ကြုတ်ထားမိဆဲပင်ဖြစ်သည်။
ပြင်းထန်လှသော လေတိုက်ခိုက်မှုကြောင့် အမှိုက်များ လွင့်ပျံနေရုံသာမက သူ့၏ ဆံပင်များပါ ပြေလျော့သွားပြီး လွင့်ခါနေလေသည်။ရုတ်တရက် သူ့၏။ ရင်ဘတ်မှ ပူလောင်မှုတစ်ခုကို ခံစားလိုက်ရသောကြောင့် သူငုံ့ကြည့်လိုက်သည်။
သူ့၏။ ရင်ဘတ်မှ ဆွဲထားသော စေတီပုံစံငယ်လေးက တောက်လောင်တော့မကဲ့သို့ အလင်းရောင်များထုတ်လွင့်နေသည်။၎င်းဆီမှ ထူးခြားဆန်းကြယ်လှသော စွမ်းအင်လှိုင်းများလည်း ထုတ်လွင့်လာလေသည်။
"ဒီမျှော်စင်လေးက ရုတ်တရက်ကြီးဘာထဖြစ်တာလဲ...အဲ့ဒါက သွေးနီရောင်အဆောင်ကြောင့်များလား ..."
ပုဖန် သိချင်စိတ်ပြင်းပြသွားသည်။သူခေါင်းမြန်မြန်မော့၍ ဝဲကတော့ သဏ္ဍာန် ဖြစ်နေသော အနီရောင်တိမ်တိုက်များကို ကြည့်လိုက်သည်။
ကောင်းကင်ပေါ်၌ မှုန်ဝါးဝါးပုံသဏ္ဍာန်တစ်ခုပေါ်လာသည်။ဝဲကတော့ လှည့်လည်နေသော အနီရောင်တိမ်တိုက်များကြားထဲ၌ မျက်နာတစ်ခုပုံစံ ဖြစ်ပေါ်လာ၏ ထိုပုံရိပ်က အလွန်ပင် ဝေဝါးနေသေးသည်။ထိုပုံရိပ်က အလွန်ပင်ကြီးမားလှသောကြောင့် သူ့ဘေးနားတွင်ရပ်နေသော ရှုရမိန်းမပျိုပင် သေးငယ်နေလေသည်။
"ဟူး...လား...လား...လား..."
လေတိုက်ခိုက်မှုက ပို၍ ပြင်းထန်လာသည်။ရင်ပြင်ကျယ်ထဲ၌ရှိနေကြသော လူများအားလုံး ကြောက်ရွံ့မှုဖြင့် ဖြူဖျော့လာပြီးတုန်ယင်နေကြလေသည်။
"အဲ့ဒါ ဘာများထွက်ပေါ်လာမှာပါလိမ့်..."
ဖိအားတစ်ခုထဲနှင့်ပင် သူတို့အားလုံးကို ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်နေစေသည်။
"ရှုရအရှင်သခင်ကို ကြိုဆိုပါတယ်..."
မြင့်မြတ်သောမိန်းမပျို၏ မျက်တောင်လေးများ အသာအယာလှုပ်ခတ်သွားပြီးနောက် သူမ မျက်လုံးပွင့်လာလေသည်။
"ရှုရအရှင်သခင် ..."
သူမ၏ နှုတ်ဆတ်စကားကြောင့် လူတိုင်းအားလုံးမိုးကြိုးပစ်ခံရသလို ကြက်သီးမွှေးညှင်းများ ထောင်ထသွားလေသည်။မီရှနှင့် ထုံဟယ်က မြေပြင်ပေါ်တွင် ပြားပြားဝပ်နေပြီးကြွက်သားအမျှင်တစ်ခုမှပင် မလုပ်ရဲတော့ပေ။
သူတို့ နယ်သာရီကို ကြောက်ရွံ့ကြသည်ဟုဆိုလျှင် ရှုရသခင်ကိုက လွှမ်းမိုးမှုနှင့် လေးစားမှုက ပါလေသည်။ရှုရသခင်၏ ပုံရိပ်ကို တွေ့လိုက်သည်နှင့် သူ့၏ နောက်လိုက်များက နှလုံးသားထဲ၌ အရိုအသေပေးကြလေသည်။
ထိုသူက သူတို့ နှလုံးသားထဲတွင် နှိုင်းယှဉ်၍ မရလောက်အောင် မြင့်မားလှသော တည်ရှိမှုမျိုးဖြစ်သည်။
မြင့်မြတ်သော မိန်းမပျို အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။အကယ်၍ သူမမှာသာ ရွေးချယ်စရာရှိခဲ့မည်ဆိုလျှင် ထိုသွေးနီရောင်အဆောင်ပြားကို ချိုးပစ်လိမ့်မည်မဟုတ်ပေ။
မြင့်မြတ်သော အပျိုစင် မျိုးဆက်တိုင်းက ရှုရ အရှင်သခင်၏ကိုယ်ပွားပါဝင်နေသော ကျောက်စိမ်းအဆောင်ပြားတစ်ခုစီ လက်ခံရရှိလေသည်။
၎င်းက သူတ်ို့၏ အသက်ကို ကယ်တင်ပေးပေလိမ့်မည်။၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်ပေ၏။ထိုအဓိပ္ပါယ်က ယခု သူမ၏ အသက်အာမခံ အကာအကွယ်ကိုအသုံးပြုလိုက်ပြီးဖြစ်သွားလေသည်။
၎င်းက အလွန်ကြီးမားသည့် တန်ဖိုးပေးလိုက်ရခြင်းပင်ဖြစ်ည်။ထိုအရှုံးကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် သူမပုဖန်ကို တကယ့်က်ို ဖမ်းမိဖို့ လိုအပ်ပေသည်။ရှုရမျှော်စင်ကို ပြန်လည်သိမ်းယူရန် လိုအပ်ပြီးပုဖန်၏ ခန္ဓာကိုယ်ရှိ လျှို့ဝှက်ချက်ကိုလည်း ထုတ်ဖော်ရန် လိုအပ်ပေသည်။
ရှုရအရှင်သခင်၏ ကိုယ်ပွားက မြင့်မြတ်သော မိန်းမပျို၏ လိုချင်မှုကို နားလည်ပုံရလေသည်။သူ့၏ ခန္ဓာကိုယ်က ရုတ်တရက် ရွေ့လျားသွားလေသည်။ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံများက ပတ်ဝန်းကျင်ကို လှုပ်ခတ်နေစေသည်။ဆေးနန်းတော်မှ မဟာသခင်များက လုံးဝ ဖြူဖျော့နေပေသည်။
ရှုရအရှင်သခင်က ပုံရိပ်ယောင် တစ်ခုမျှသာဖြစ်သည်ဆိုလျှင်ပင် သူက အစစ်အမှန် မသေမျိုး ဝိညာဉ် တည်ရှိမှုပင်ဖြစ်သည်။၎င်းက ပညာရှင်တွေကြားမှာပင် အစွမ်းထက်သည့် တည်ရှိမှု တစ်ခုဖြစ်၏။ထို မသေမျိုးစိတ်ဝိညာဉ်အဆင့်ဆိုသည်မှာ မသေမျိုးခန္ဓာ ပညာရှင်များ ဖြေရှင်းနိုင်သည့် အရာမဟုတ်တော့ပေ။
ထိုကိုယ်ပွားနှင့် မျက်နာချင်းဆိုင်လိုက်ရသောအခါတွင် အဂ္ဂိရတ်ပညာရှင်များအနေဖြင့် တုန်ရီနေရုံသာ တက်နိုင်ပေသည်။
ခရက်ရှ်...ခရက်ရှ်...
ရင်ပြင်ကျယ်အလယ်ဗဟ်ိုရှ်ိ အစီအရင်က ပေါက်ကွဲသွားပြီး ထိုပုံရိပ်လွှဲပြောင်းအစီအရင်မှ ကြည့်ရှုနေကြသူများအားလုံး မှင်သက်သွားကြလေသည်။ခဏအကြာ၌ အားလုံး ရူးသွပ်လုနီးပါးဖြစ်သွားကြလေသည်။
"ဘာလို့ ဘာမှမရှိတော့တာလဲ...ဒီပုံရိပ်လွှဲပြောင်းအစီအရင်က ဘယ်ရောက်သွားတာလဲ..."
"ရှုရအရှင်သခင်တောင်မှပဲ ထွက်ပေါ်လာတယ် ဘယ်လ်ိုလုပ်ပြီးတော့ ဒီပဉ္စလက်စုဝေးပွဲက အရမ်းစိတ်လှုပ်ရှားစရာကောင်းနေရတာလဲ..."
ဆေးနန်းတော်ရှိ အဆင့်မြင့်ပညာရှင်များက စတင်၍ လှုပ်ရှားလာကြသည်။သူတို့က တိမ်တစ်စကဲ့သို့ အမြန်နှုန်းဖြင့် မြူကောင်းကင်မြို့ဆီသို့ ဦးတည်လိုက်ကြသည်။သူတို့ အခ်ျိန်မီမမီကိုတော့ မသိပေ။
နယ်သာရီက မှုန်ဝါးဝါးပုံရိပ်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။သူမ၏ နဖူး၌ အနက်ရောင်မျဉ်းကြောင်းလေးတစ်ကြောင်းစတင်ပွင့်ဟလာသည်။အေးစက်နေပြီသော သူမ၏ စိတ်ထားက ပို၍ အေးစက်လာသည်မှာ နှစ်သောင်းကြာတောင် အရည်မပျော်သည့် ရေခဲတုံးကြီးအလားပင် ထင်ရလေသည်။
"ငရဲကမ္ဘာအမျိုးသမီးလား..."
ရှုရအရှင်သခင်က အံ့အားသင့်သွားသည့်ဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။သူ့၏ အသံကပင် ကောင်းကင်ကမ္ဘာမြေ၏ ဖိအားကို သယ်ဆောင်လာပေသည်။
နယ်သာရီက ပြန်လည်တုံ့ပြန်ပြောဆိုခြင်းမရှိပေ။သူမ ထုတ်လွင့်လိုက်သောအနက်ရောင်စွမ်းအင်များက သူမ၏ မြင်ကွင်း၌ လုံးဝ ကာကွယ်သွားပေပြီ။
ဝမ်...
သူမရှေ့မှ လေဟာနယ်က ဆုတ်ဖြဲသွားပြီး ထိုအက်ကွဲကြောင်းထဲမှတစ်ဆင့် အနက်ရောင်ရှေးဟောင်း သင်္ဘောကြီးတစ်စင်းပေါ်လာလေသည်။ငရဲကမ္ဘာသင်္ဘောအထက်မှ ငရဲကမ္ဘာအမျိုးသမီး ဒီထက်ကောင်းသည့် ပေါင်းစပ်မှုမျိုးမရှိတော့ပေ။
နယ်သာရီ သင်္ဘောပေါ်သို့ တက်လိုက်ပြီးနောက် သင်္ဘောတစ်ဖက်သို့ လျှောက်သွားလိုက်သည်။ရှုရအရှင်သခင်၏ မျက်ဝန်းများက နယ်သာရီပေါ်တွင် ကြာကြာရှိမနေပေ။သူ့၏ အကြည့်များက နယ်သာရီ ကုန်းပတ်ပေါ်သ်ို့ ကူညီတင်ပေးလိုက်သော ပုဖန်ဆီသို့ ရောက်ရှိသွားသည်။
ပုဖန် ရှစ်လေးကို ဆုပ်ကိုင်ထားရင် ထိုထူးခြားဆန်းကြယ်လှသော ပုံရိပ်ကို ကြည့်နေသည်။သူ့လက်ထဲမှ ရှစ်လေးကလည်းမျက်လုံးပြူးပြူးလေးများဖြင့် ကြည့်နေလေသည်။
ရှစ်...
သူ့၏ မျှော်စင်သေးသေးလေးက ပို၍ပင် ပူလောင်လာသောကြောင့် ပုဖန် မျက်မှောင်ကြုတ်လ်ိုက်မိသည်။
"ရှုရမျှော်စင်..."
ရှုရအရှင်သခင်၏ အကြည့်များက သွေးနီရောင် စေတီလေးဆီသို့ ရောက်ရှိသွားပြီးသူ့၏ မျက်ဝန်းများက အလင်းရောင်တစ်ချက်လက်သွားသည်။ထို့နောက် သူ့ဆီမှ စွမ်းအင်များထွက်ပေါ်လာလေသည်။
သူလက်ကိုမြှောက်လိုက်သည်နှင့် စွမ်းအင်များက ကြီးမားလှသည့် လက်ဝါးပုံစံ ဖွဲ့တည်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။၎င်းက နယ်သာရီ၏ ငရဲကမ္ဘာသင်္ဘောကိုရည်ရွယ်၍ ရိုက်ချလာလေသည်။
ထိုရိုက်ချက်က ကမ္ဘာပင် ပြားသွားမလိုပင် ထင်ရ၏။
ပုဖန် ငရဲကမ္ဘာသင်္ဘော လှုပ်ခါသွားသည်ကို ခံစားလိုက်မိသည်။
နယ်သာရီ၏ အကြည့်များက အလွန်ပင် အေးစက်တည်ငြိမိနေလေသည်။သူမ၏ လက်ဖဝါးလေးကို အသာအယာမြှောက်လိုက်သည်။ငရဲကမ္ဘာသင်္ဘောမှ ထွက်ပေါ်လာသော စွမ်းအင်များနှင့် ကြီးမားသည့် လက်ဖဝါးကြီး ထိပ်တိုက်တိုက်မိသွားလေသည်။
ထိုထိပ်တိုက်တွေ့ဆုံမှုက ငရဲကမ္ဘာသင်္ဘောကိုလွင့်ထွက်သွားစေပြီး ပြင်းထန်စွာပြုတ်ကျသွားစေလေသည်။ဘေးပတ်မှ ဖုန်လုံးများနှင့် အပျက်အစီးများ ကောင်းကင်ပေါ် မြှောက်တက်သွားလေ၏။
"ငရဲကမ္ဘာအမျိုးသမီး မင်းလျှို့ဝှက်နယ်မြေထဲက ထွက်လာပြီဆိုထဲက မင်းရဲ့ လက်ရှိ ခွန်အားက မူလခွန်အားရဲ့ ဆယ်ပုံတစ်ပုံတောင်ရှိတော့မှာမဟုတ်ဘူး...မင်း ငါကို တားဆီးလို့မရဘူး..."
နယ်သာရီ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ရီနေပြီး သူမအနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ပုဖန် လက်မြှောက်လိုက်ပြီးနယ်သာရီကို ထောက်ကူပေးလိုက်သည်။သူမ၏ မျက်နာလူသေကောင်ကဲ့သို့ ဖြူဖျော့နေသည်ကို သူမပထမဦးဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ကြည့်ရသည်မှာ လုံးဝ သွေးမရှိတော့သည်နှင့်တောင် တူနေသည်။သူမ၏ မျက်နာပေါ်ရှိ အနက်ရောင်လိုင်းလေးကလည်း အသက်ရှင်နေသလို လှုပ်ရှားနေလေသည်။
"ဘာတွေဖြစ်နေတာလဲ..."
ပုဖန် စိုးရိမ်စွာမေးလိုက်သည်။နယ်သာရီ၏ အခြေအနေကြောင့် သူ့နှလုံးသားထဲ၌ မကောင်းသည့် စိတ်ခံစားချက်များ ပြည့်နှက်လာလေသည်။
"ကျိန်စာမိထားတဲ့ ငရဲကမ္ဘာအမျိုးသမီး...သူ့ရဲ့ စွမ်းအင်တွေကို လျှို့ဝှက်နယ်ပယ်ထဲမှာပဲ ပြသနိုင်တာလေ...သူ လျှို့ဝှက်နယ်ပယ်အပြင်ကို ထွက်လာတာနဲ့...သူ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုပဲ အသုံးပြုနိုင်လိမ့်မယ်...သူ စွမ်းအားတစ်ခါသုံးပြီတာနဲ့ ကျိန်စာတွေ ပေါက်ကွဲထွက်လာလိမ့်မယ်..."
ရှုရသခင်၏ တောက်လောင်နေသည့် အကြည့်က နေနှစ်စင်းကဲ့သို့ တောက်ပနေလေသည်။
"ကျိန်စာ..."
ရုတ်တရက် ပုဖန် တစ်စုံတစ်ခုကို သတိရလိုက်သည်။ဘလက်ကီကလည်း ကျိန်စာနှင့် နပန်းလုံးနေရသော ငရဲကမ္ဘာအမျိုးသမီးအကြောင်းကို ပြောပြဖူးပုံရလေသည်။
သူမက ထိုကျိန်စာကို ယာယီဖိနှ်ိပ်နိုင်ရန် လုံလောက်သော ဝိညာဉ် စွမ်းအားများ ရှိဖို့လိုအပ်ပေသည်။ထိုအကြောင်းကြောင့်ပင် နယ်သာရီက နဂါးသွေးထမင်းကြော်များစားရသည်ကို ကြိုက်နှစ်သက်နေခြင်းဖြစ်ပေသည်။
ပုဖန် နယ်သာရီကို လက်တစ်ဖက်ဖြင့် ကူထိန်းပေးထားလိုက်ပြီး တစ်ဖက်မှ ခရမ်းရောင်ကျောက်စိမ်းပုလင်းလေးကို ထုတ်လိုက်သည်။သူ ပုလင်းဖုံးကို လက်ဖြင့်တောက်၍ ဖွင့်လိုက်ပြီး သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရအနည်းငယ်ကို နယ်သာရီပါးစပ်ထဲ လောင်းထည့်ပေးလိုက်သည်။
ခရမ်းအနှစ်သာရများ လည်ချောင်းထဲ စီးဝင်သွားသည်နှင့် မကြာခင်မှာပင် နယ်သာရီ၏ မျက်နာက သွေးရောင်အနည်းငယ် ပြာနှမ်းလာသည်။သူမ တုန်ခါနေမှုလည်း ရပ်တန့်သွားလေ၏။ပုဖန် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ပုဖန် သူမ သက်တောင့်သက်သာဖြစ်စေရန်အတွက် နောက်ကျောဘက်ကို လက်ဖြင့်အသာအယာပွတ်ပေးလိုက်သည်။
နယ်သာရီ တည့်တည့်မတ်မတ်ရပ်လိုက်ပြီးနောက် မျက်ဝန်းနက်နက်လေးဖြင့် ပုဖန်ကိုလှည့်ကြည့်လိုက်သည်။ထ်ို့နောက် ရှုရအရှင်သခင်ဆီသ်ို့ အေးစက်စွာဖြင့် ပြန်ကြည့်လိုက်လေသည်။
သူမ၏ ခန္ဓာက်ိုယ်မှ စွမ်းအင်များ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
သို့သော်လည်း ပုဖန်ကသူမ၏ ပခုံးပေါ် လက်ကလေးတင်လိုက်သည်နှင့် စွမ်းအင်များက ပြန်လည် ပျောက်ကွယ်သွားသည်။
ပုဖန် မည်သည့်စကားမှမဆိုပဲ ရှုရအရှင်သခင်ကို မျက်နာသေဖြင့်သာ ကြည့်လိုက်သည်
"မျှော်စင်ကို ဒီအရှင်သခင်ဆီ ပြန်ပေး...ပြီးတော့ မင်းလည်း ဒီအရှင်သခင်နောက်ကို လိုက်လာရမယ်..."
ကြီးမားလှသော ရှုရအရှင်သခင်၏ ပုံရိပ်က ပုဖန်ကို ဓားမြှောင်ကဲ့သို့ စူးရှလှသောအကြည့်လေးများဖြင့် စိုက်ကြည့်လိုက်သည်။ပုဖန်လက်ထဲမှ ဆွဲထားသော ရှုရမျှော်စင်လေးကလည်း သူ့၏ အရှင်သခင်ထံသို့ ဦးတည်၍ ပျံသန်းရန် ကြိုးစားနေပုံရလေသည်။
သို့သော်လည်း ပုဖန်က ထိုမျှော်စင်ကို ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။အပူငွေ့များကိုပို၍ ထုတ်လွင့်လာသောကြောင့် သူ့၏ လက်ပင် လောင်ကျွမ်းတော့မကဲ့သို့ ပူလောင်လာလေသည်။
"ငါက မလွှဲပေးဘူးဆိုရင်ကော..."
ပုဖန် အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။ပြောရမည်ဆ်ိုလျှင် ယခုအခ်ျိန်တွင် ပုဖန် အမှန်တကယ်ကို ဒေါသထွက်နေလေသည်။ရှုရအရှင်သခင်၏ ဖိနှပ်နိုင်စွမ်းသော အော်ရာများက သူ့ကို မကျေမနပ်ဖြစ်စေသည်။
ထို့ပြင် ထိုသူဆီက ညွှန်ကြားသည့်အသံက သူ့ကိုပို၍ ဒေါသထွက်စေလာသည်။သူက စားဖိုမှူးလေးတစ်ယောက်သာဖြစ်သော်လည်ူ အိပ်မက်ရည်ရွယ်ချက်များနှင့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။သူ့ကို အလွယ်တကူ အနိုင်ကျင့်၍ ရမည်ဟုမဆိုလိုပေ။
ပုဖန်၏ မျက်နာထားနှင့် တုံ့ပြန်မှုက လူများအားလုံးကို အံ့အားတသင့်ဖြစ်စေလေသည်။
"သူက ပြဿနာနဲ့ ဝေးဝေးနေချင်စိတ်မရှိဘူးလား ...ဒီလူရဲ့ ခေါင်းမှာ အပေါက်များရှိနေတာလား..."
ရှုရအရှင်သခင်၏ စွမ်းအားက ကြောက်စရာကောင်းလှသည်။သူ့၏ ရိုက်ချက်တစ်ခိက်ဖြင့်ပင် ပုဖန်ကို သတ်ရန် လုံလောက်နေပေပြီ။မြင့်မြတ်သော အပ်ျိုစင်ကလည်းပုဖန်ကို ငတုံးတစ်ယောက်သဖွယ်ကြည့်နေလေသည်။သူ့၏ အစစ်အမှန်နောက်ခံကို သူမမသိပေ။ယခုသူ မှီခိုနေသောငရဲကမ္ဘာအမျိုးသမီးကလည်း ရှုံးနိမ့်သွားပြီဖြစ်လေရာ ဘာကြောင့်မောက်မာနေသေးသနည်း။
ရှုရအရှင်သခင်၏ အကြည့်များကလည်း အံ့သြမှုများပြည့်နှက်သွားသည်။သို့သော်လည်း ခဏအကြာ၌ သူအေးစက်စွာနှာခေါင်းရှုံ့လိုက်၏။သူ့၏ စွမ်းအင်များကို စုစည်းလိုက်သည်။နောက်ထပ်ကောင်းကင်ကိုပင် ဖုံးအုပ်ထားသည့် လက်ဖဝါး၏၊ ရိုက်ချက်က ပုဖန်ဆီသ်ို့ လွှဲချလာလေသည်။
"ဒီရှုရအရှင်သခင်က မင်းနဲ့ ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ဘူး...ဒါက ခေါင်းမာတဲ့ လူတွေ ဘယ်လိုအဆုံးသတ်ရလဲဆိုတာပဲ...မကြင်နာတဲ့အတွက်တွက်တော့ ဒီရှုရသခင်ကို အပြစ်မတင်နဲ့..."
မိုးခြုန်းသံကဲ့သို့ ကျယ်လောင်လှသော အသံများအဆက်မပြတ်ထွက်ပေါ်လာသည်။
ငရဲကမ္ဘာသင်္ဘောထဲတွင် ရပ်နေသောပုဖန်က သူ့ဆီသို့ တဖြေးဖြေးချင်းကျဆင်းလာသော ကြီးမားသည့် လက်ဖဝါးကြီးကို ကြည့်နေလေ၏။
သူ့၏ မြင်ကွင်းတစ်ခုလုံး ထ်ိုလက်ဖဝါးနှင့်သာ ပြည့်နှက်သွားလေသည်။ထိုလက်ဖဝါးရိုက်ချက် ပုဖန်ဆီသို့ ရောက်တော့မယ့်အခ်ျိန်၌ ရုတ်တရက်အေးခဲသွားလေသည်။ရှုရအရှင်သခင်လည်း တောင့်တင်းသွားပြီးသိချင်စိတ်ပြင်းပြစွာဖြင့်လှည့်ကြည့်လိုက်သည်။
"မင်းက ပုဖန်ကို ခေါ်သွားချင်တယ်ပေါ့...အဲ့ဒီလိုလုပ်လို့ရလားလို့ ဒီခွေးဘုရင်ကို မေးပြီးပြီလား...တကယ်ပါပဲ မင်းတို့က ဒီခွေးဘုရင်က်ို ကောင်းကောင်းအိပ်ခွင့်မပေးနိုင်ကြဘူး..."
ညှင်သာသော်လည်းသြဇာပြည့်လှသည့် အသံတစ်သံထွက်ပေါ်လာလေသည်။ထို့နောက် လေထဲတွင် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
လက်ဖဝါးကြီးအောက်မှ လေဟာနယ်က ဆုတ်ဖြဲ ခံလိုက်ရလေသည်။ထိုအက်ကွဲကြောင်းထဲမှ ခွေးဝတုတ်တစ်ကောင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ပျင်းရိစွာ လျှောက်ထွက်လာလေသည်။၎င်း၏ မျက်ဝန်းများက ငိုက်မြည်းနေပြီး တဝါးဝါးသန်းဝေနေလေ၏။