အပိုင်း ၅၅၁
Viewers 53k

အခန်း ၅၅၁...


ညှင်သာပြီး တည်ကြည်လှသော အသံကို လူတိုင်းကြားလိုက်ရသည်။ရှုရအရှင်သခင်၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များက ယာယီရပ်တန့်သွားလေသည်။သူ့ရဲ့လက်ဖဝါးက ရှေ့ဆက်တိုး၍ မရတော့ပေ။


ရုတ်တရက် ရပ်တန့်သွားမှုကြောင့် ထ်ိုလက်ဖဝါးကြီးသယ်ဆောင်လာသည့် ပြင်းထန်လှသောအားအင်များက လေပြေတစ်ခုလို လှုပ်ရမ်းသွားလေသည်။


ထိုလေပြေများက ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေသော ပုဖန်၏ မျက်နာဆီသို့ တ်ိုးဝင်သွားပြီး သူ့၏ ဆံပင်များပင် လွင့်ခါသွားလေသည်။လေဟာနယ် အက်ကွဲကြောင်းထဲမှ ပုံရိပ်တစ်ခု ဖြေးဖြေးချင်းလျှောက်ထွက်လာသည်။


"ဒီစားဖိုမှူးမှာတစ်ခြားစစ်ကူတွေရှိနေသေးတာလား..."


ပရိတ်သတ်များပုံရိပ်ကိုကြည့်၍ အံ့သြသွားကြသည်။မိန်းမပျိုလည်း သက်ပြင်းတစ် ချက်ရှိုက်လိုက်မိသည်။


"ဒီတော့ ဒီစားဖိုမှူးစုတ်ဆီမှာ ငရဲကမ္ဘာအမျိုးသမီးအပြင် တခြားကူညီမယ့်သူ ထပ်ရှိနေသးတယ်ပေါ့..."


ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ကြွကြွရွရွ လှမ်းလျှောက်လိုက်တိုင်းသူ့ခန္ဓာကိုယ်မှ အဆီများက တစ်စက်စက်တုန်ခါနေလေသည်။မြင်ကွင်းက ရယ်စရာကောင်းလှ၏။


လူတိုင်းက အသက်ရှူအောင့်ထားပြီး ထွက်ပေါ်လာမည့် အထွဋ်အထိပ်ပညာရှင်ကိုကြည့်ရှူရန် စောင့်နေကြလေသည်။ညှင်သာပြီး သြဇာရှိလှသော အသံအရ ချောမောခန့်ညားသော သူဖြစ်မည်ဟု မျှောင်လင့်ထားကြသည်။


ရှုရအရှင်သခင်ကိုပင် စိန်ခေါ် ရဲသည်ဆိုတည်းက အင်အားကလည်း အနည်းငယ်မှပင် အားနည်းလိမ့်မည်မဟုတ်ပေ။အားလုံး၏ မျှော်လင့်တကြီး အကြည့်များအောက်မှာပင် ဝက်တစ်ကောင်ကဲ့သို့ ဝတုတ်နေသော ဘလက်ကီ ထွက်ပေါ်လာသည်။ထို့နောက် သူ့နောက်မှ လေဟာနယ်အက်ကွဲကြောင်းက ပြန်လည်ပိတ်ဆို့သွားသည်။


"အာ...အားလုံးမျှော်လင့်နေတဲ့ ပညာရှင်က ဘယ်မှာလဲ..."


အားလုံးက သံသယမကင်းစွာဖြင့် ကောင်းကင်ပတ်ပတ်လည်ကို မော့ငေးကြည့်ကြသည်။သို့သော်လည်း ထ်ိုနေရာ၌ ခွေးဝတုတ်တစ်ကောင်ကိုသာ မြင်ရလေသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။နောက်ဆုံးတော့ ထိုခွေးငပျင်း ပေါ်လာပေပြီ။


နေသေးသေးလေးတစ်စင်းကဲ့သို့ တောက်ပနေသော ရှုရအရှင်သခင်၏ ကြီးမားလှသော မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လက်သွားသည်။ထို့နောက် စွမ်းရည်များပြန်လည်ထွက်ပေါ်လာပြီး လက်ဖဝါးကြီးက အောက်သ်ို့ ဆက်လက်ကျဆင်းလာလေသည်။


ပေါက်ကွဲသံများ အဆက်မပြတ် ဆူညံစွာ ထွက်ပေါ်လာ၏။ပရိတ်သတ်များအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။


"အဲ့ဒီခွေးသေတော့မှာလား...စားဖိုမှူးကော သေတော့မှုလား..."


ရှုရအရှင်သခင်၏ ကိုယ်ပွားကိုယ်တိုင် အသုံးပြုလိုက်သော ထိုလက်ဖဝါးက အားနည်းလိမ့်မည်မဟုတ်ပေ။ထိုသူက ကိုယ်ပွားမျှသာ ဆိုသော်လည်း မသေမျိုးဝိညာဉ်အဆင့် တစ်ယောက်ဖြစ်နေပေသည်။


"ဘယ်သူများ တားဆီးပိတ်ဆို့နိုင်မလဲ..."


မည်သူမှမရှိပေ။


ဆေးနန်းတော်မှ မဟာသခင်များကို မျှော်လင့်နေပါသလား...


ထိုကိစ္စရပ်ကို မည်သူမှ လက်လွဲယူချင်မည်မဟုတ်ပေ။


လက်ဖဝါးကြီးမှထွက်ပေါ်လာသော ဖိနှိပ် နိုင်စွမ်းသော အားအင်များကြောင့် ခွေးဘုရင်၏ အဆီပြင်များ တုန်ခါသွားသည်။ထို့ကြောင့် သူမကျေမနပ်ဖြစ်သွားလေသည်။


ခွေးဘုရင်၏ လက်ဖဝါးသေးသေးလေးမြှောက်လိုက်သည်ကို အားလုံး မြင်လ်ိုက်ကြရသည်။ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းနေသော လက်ဖဝါးကြီး၏ အောက်၌ ခွေးလက်ဖဝါးသေးသေးလေး မြှောက်လိုက်ပုံက တကယ့်ကို ရယ်စရာကောင်းလှသည်။ပရိတ်သတ်များ ရယ်ရမလို ငိုရမလို ဖြစ်နေလေသည်။


"ဒီခွေး...လူရွှင်တော်ကို ဘယ်သူများဖိတ်လိုက်တာလဲ...ဒီခွေးလက်ဖဝါးလေးက ရှုရအရှင်သခင်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုများပိတ်ဆို့နိုင်မှာလဲကမ္ဘာပေါ်မှာ ရယ်ရဆုံး ဟာသတစ်ခုပဲ..."


နောက်ဆုံး၌ လက်ဖဝါးကြီးနှင့် ခွေးဘုရင်တို့ လက်ဖဝါးလေးတို့ တွေ့ဆုံသွားလေသည်။ကြီးမားလှသော လက်ဖဝါးကြီးပေါ်တွင် ယင်ကောင်လေးတစ်ကောင်ကပ်နေသလ်ိုပင် အစက်အပြောက်လေးတစ်ခုသာရှိနေလေသည်။


သို့သော်လည်း ဖြစ်ပွားလာသော အရာများက အားလုံးမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေလေသည်။ရှုရအရှင်သခင်၏ ကြောက်မက်ဖွယ်ကောင်းလှသော လက်ဖဝါးက အရှေ့သို့ အနည်းငယ်မျှပင် ဆက်လက်မရွှေ့လျားနိုင်တော့ပေ။ပရိတ်သတ်များအားလုံး လေအေးတစ်ရှိုက်ရှိုက်သွင်းလိုက်သည်။


သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကို မယုံနိုင်ဖြစ်နေမိသည်။ပုဖန်ကိုယ်တိုင်ပင် အံ့အားသင့်သွားမိသည်။


"ဒီတော့ ခွေးဘုရင်ရဲ့ စွမ်းအားက အရင်ကအတိုင်းပဲပေါ့..."


"အဲ့ အဲ့ဒါက ပိတ်ဆို့ခံလိုက်ရတယ်...ဘုရားရေ ငါဘာတွေမြင်လိုက်တာလဲ...အဲ့ဒီခွေးက ဘာလဲ...ဒီလိုတည်ရှိမှုမျိုးက ဘယ်နေရာက ထွက်လာတာလဲ..."


"ခွေးလက်ဖဝါးလေးက ရှုရဘုရင်ကို တားဆီးပိတ်ဆို့လိုက်တယ်လား...ငါ့ကိုပြောကြပါဦး ငါအိပ်မက်များမက်နေတာလား..."


ပရိတ်သတ်များအားလုံး တွေဝေငေးမောနေကြလေသည်။ကမ္ဘာကြီးပေါ် သူတို့၏ အမြင်များပင် ဇောက်ထိုးမိုးမျှော်ဖြစ်သွားလေသည်။


"အဲ့ဒီ ခွေးက အရမ်းဝဖြိုးနေတဲ့ ခွေးဝတုတ်တစ်ကောင်ပဲ မဟုတ်ဘူးလား..."


 ရှုရမိန်းမပျိုလည်း အလွန်အံ့အားသင့်သွားပြီး မျက်လုံးများဝိုင်းစက်နေလေသည်။


"အဲ့ဒါက သူရဲ့ နောက်ဆုံးစစ်ကူလား...အဲ့ဒါက ခွေးဝတုတ်တစ်ကောင်လား..."


သူမက နယ်သာရီကသာလျှင် ပုဖန်၏ တစ်ယောက်တည်းသော နောက်ခံဟူ၍ ထင်ထားခဲ့သည်။သို့သော်လည်းခွေးတစ်ကောင်က ရုတ်တရက်ပေါ်လာလေ၏။


"အဲ့ဒီခွေးက ဘာလို့ ထူးဆန်းနေရတာလဲ ..."


ဝမ်...ဟုန်...ဟုန်...ဟုန်...


ဘလက်ကီ ရှူရအရှင်သခင်၏ လက်ဖဝါးကြီးကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး လက်ဖဝါးထဲသို့ စွမ်းအင်များ အမြောက်အများ တွန်းပို့လိုက်သည်။ကြီးမားလှသော ရှုရအရှင်သခင်၏ လက်ဖဝါးကြီးက တမဟုတ်ချင်း ပြိုကွဲသွားလေသည်။


ပထမဦးဆုံးအကြိမ်အဖြစ် ရှုရအရှင်သခင်၏ ကြီးမားလှသော ပုံရိပ်ကလည်း လွင့်ထွက်သွားလေသည်။လက်ဖဝါးကြီး ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် ကြောက်စရာကောင်းလှသော ဖိနှိပ်စွမ်းအားများလည်း ပျောက်ပြယ်သွားလေသည်။


သွေးနီရောင်တိမ်တိုက်များက ကြီးမားလှသည့် မျက်နာပုံစံ ပြန်လည်ဖွဲ့တည်လာသည်။ထို့နောက် ပါးစပ်ဖွင့်ဟ၍ မိုးကြိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများ ထုတ်လွင့်လာလေသည်။


ခွေးဘုရင်က နယ်သာရီ၏ ငရဲ ကမ္ဘာသင်္ဘောပေါ်သို့ ဆင်းသက်လိုက်သည်။


"ပုဖန်ကောင်လေး မင်း ခွေးဘုရင်ပေါ်မှာ နောက်ထပ် နံရိုးချိုချဉ်ကြော် တစ်ပွဲ အကြွေးတင်သွားပြီနော်..."


ပုဖန်နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးအောင် ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


"ဒါက နံရိုးခ်ျိုချဉ်ကြော်တစ်ပွဲပဲ မဟုတ်လား ပြဿနာမရှိပါဘူး..."


"ဒီကြက်က ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ...အော် မင်းက ဒီခွေးဘုရင်အတွက် အထူးတလည် သိမ်းဆည်းပေးထားလား ဒီလိုဆိုရင်လည်း ဒီည နံရိုးချိုချဉ်ကြော်ကို အဲ့ဒီကြက်ကို အသုံးပြုလိုက်..."


ပုဖန် ပိုက်ထားသော ရှစ်လေးကို မြင်သည်နှင့် ခွေးဘုရင်၏ မျက်ဝန်းများ တောက်ပလာပြီး လျှာတစ်လစ်ထုတ်၍ ပြောလိုက်သည်။


ရှစ်လေးက ကြောက်ရွံ့တုန်လှုပ်သွားလေသည်။သူ့၏ တောင်ပံများကိုခတ်၍ လွတ်မြောက်အောင် ကြိုးစားလိုက်သည်။သူ့ရှေ့က ခွေးက သူ့ကိုစားချင်ရုံသာမက သူ့၏ အိပ်မက်များကိုပါ စားပစ်ချင်နေလေသည်။


ပုဖန်မျက်နာမဲမှောင်သွားပြီး ရှစ်လေး၏ ခေါင်းကို အသာပုတ်လိုက်သည်။ခဏအကြာ၌ ရတနာရှစ်သွယ်ကြက်က ပြန်လည်ငြိမ်သက်သွားလေသည်။


ဘလက်ကီမျက်လုံးလှည့်လိုက်မိသည်။


"ဒီအရူးကြက်က စနောက်တာလေးတောင် ခံနိုင်ရည်မရှိဘူး..."


......


ရှုရအရှင်သခင်၏ ပုံရိပ်က ပြန်လည်တည်ငြိမ်သွားပြီး ပြိုကွဲသွားသော လက်ဖဝါးကလည်း ပြန်လည် ဖွဲ့တည်လာလေသည်။


"ဒီရှုရသခင်ရဲ့ အလုပ်ကို ဝင်ရှုပ်ရဲတာဘယ်သူလဲ..."


နားကွဲလောက်ဖွယ်အသံက ကြားလိုက်ရသူအားလုံး၏ နှလုံးသားကို တုန်ယင်လှုပ်ခါသွားစေသည်။ရှုရသခင်က နယ်သာရီ၏ သင်္ဘောပေါ်ကို ကြည့်လိုက်သည်။


"လူနှစ်ယောက် ခွေးတစ်ကောင်နှင့် ကြက်တစ်ကောင်..."


ထူးဆန်းလှသော ပေါင်းစပ်မှုက ရှုရအရှင်သခင်ကိုပင် ခဏမျှ တုံ့ဆိုင်းသွားစေသည်။


"ရှုရအရှင်သခင်ရဲ့ အပြုအမူတွေက ရိုင်းစိုင်းလိုက်တာ...ဒီခွေးဘုရင်ရဲ့ လူကိုတောင်မှ ထိရဲတယ်ပေါ့..."


ဘလက်ကီ အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။သူ့၏ သေးသယ်လှသော ခြေဖဝါးလေးဖြင့် သင်္ဘောကြမ်းပြင်ကို ပုတ်လိုက်သည်နှင့် နေရာမှ ပျောက်ကွယ်သွားကာ ရှုရအရှင်သခင်၏ ရှေ့၌ ပြန်လည်ထွက်ပေါ်လာလေသည်။


ကြီးမားလှသော ရှုရအရှင်သခင်၏ ရှေ့မှောက်တွင် ဘလက်ကီက အနက်ရောင် အစက်အပြောက်လေးတစ်ခုအဖြစ် သေးငယ်နေလေသည်။သို့သော်လည်း မည်သူမှ ဒီခွေးဝတုတ်ကို အထင်အမြင်မသေးရဲတော့ချေ။လက်ဖဝါးလေးတစ်ချက်ဖြင့်ပင် ရှုရအရှင်သခင်က်ို တားဆီးပိတ်ပင်နိုင်သည်ဆိုထဲက ထိုခွေးက သာမန်မဟုတ်ပေ။


ဝေါ...


တိမ်များဖြင့် ဖွဲ့စည်းထားသော ရှုရအရှင်သခင်၏ ပါးစပ်က အရာအားလုံးကို ဝါးမြိုပစ်တော့မလို ကျယ်ပြန့်စွာ ပွင့်ဟသွားလေသည်။


ခွေးဘုရင် မျက်လုံးများ မှေးစင်းလိုက်ပြီး သူ့၏ ချစ်စဖွယ်လက်ဖဝါးလေးကို အသာအယာပင့်မြှောက်လိုက်သည်။လေထဲမှ လေပြင်းများ စတင်တိုက်ခိုက်လာပြီး လက်ဖဝါးက ရုတ်တရက်ကြီးမားကျယ်ပြန့်လာလေသည်။


ဝဝတုတ်တုတ်ထိုခွေး၏ လက်က နေကိုပင် ဖုံးကွယ်ထားပြီး ကမ္ဘာကြီးတစ်ခုလုံးကို အုပ်ကာထားလေသည်။ရှုရအရှင်သခင်၏ မျက်ဝန်းထဲ၌ ဒေါသရောင်တစ်ချက်လက်သွားသည်။ထ်ို့နောက် သူ့၏ ကြီးမားသော လက်ဖဝါးကို တစ်ဖန်မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်လေသည်။


ကြီးမားလှသော ခွေးလက်ဖဝါးနှင့် ရှုရသခင်၏ လက်ဖဝါးတို့ လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်မိသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးပေါ်တွင် ကြီးမားသည့် သက်ရောက်မှုများ ကျရောက်လာလေသည်။ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး တိမ်များပင် လွင့်စင်သွားလေ၏။


ဟုန်...ဟုန်...


မြူကောင်းကင်မြို့ အလယ်ဗဟိုမှနေ၍ ကြီးမားလှသော ငလျင်လှိုင်းများ ပြန့်ကားထွက်သွားသည် မြို့တစ်မြို့လုံးအတွင်းရှိ အဆောက်အဦးများအားလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားလေသည်။


ကြီးမားလှသောတစ်ချို့ အဆောက်အဦးများက ပြိုကျတော့မလ်ို ဖြစ်သွားသောကြောင့် မြူကောင်းကင်မြို့မှ လူများအားလုံး ထိတ်လန့်ကြောက်ရွံ့စွာ ကောင်းကင်ပေါ်မော့ကြည့်လိုက်ကြသည်။


ကံကောင်းထောက်မစွာပင် စွမ်းအင်လှိုင်းများ ပေါက်ကွဲသွားပြီးသည်အထိ အဆောက်အဦးများ အကောင်းတိုင်းကျန်နေသေးလေသည်။ပရိတ်သတ်များက တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်ရှုနေကြလေသည်။ရှုရအရှင်သခင်၏လက်မှ တဖြေးဖြေးချင်းစီ ပြိုကွဲပျက်စီးနေသည်ကို တွေ့လိုက်ရ၏။


မဟာသခင်ငါးယောက်လည်းတစ္ဆေအစစ်အမှန်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်နေမ်ိကြလေသည်။


"ရှုရအရှင်သခင်ရဲ့ ပုံရိပ်က မသေမျိုး ဝိညာဉ် တည်ရှိမှု မဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီး ခွေးတစ်ကောင်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာလဲ စွမ်းအားမြင့်တဲ့ ရှုရသခင်တောင်မှ ထိုခွေးနဲ့ အဆင့်မတူ သေးဘူးလား...မြူကောင်းကင်မြို့ထဲမှာအဲ့ဒီလို မကောင်းဆိုးဝါးခွေးတစ်ကောင် ဘယ်ချိန်ထဲက ထွက်ပေါ်လာတာလဲ..."


သူ့၏ တိုက်ခိုက်မှု ကျရှုံးသွားသောကြောင့် ရှုရအရှင်သခင်၏ မျက်ဝန်းများက ရဲရဲတောက်နေပေသည်။သူ ကမ္ဘာမြေကြီးပင် တုန်ခါသွားလောက်မည့် ကျုံးဝါးသံမျိုးထုတ်ဖော်လာလေသည်။ရုတ်တရက် လှည့်လည်နေသော သွေးနီရောင်တိမ်တိုက်များအတွင်းမှ ဓားတစ်ချောင်းကျဆင်းလာလေသည်။


ထ်ိုမြင်ကွင်းကိုကြည့်၍ ပုဖန်နှင့် ခွေးဘုရင်နှစ်ယောက်လုံး တောင့်တင်းသွားကြလေသည်။


"ဘယ်လိုဖြစ်ပြီး ဒီပြကွက်က အရမ်းရင်းနီးနေရတာလဲ...ရှုရဓား... ခွေးဘုရင်က အဲ့ဒါကို အရင်ကလည်း ဖျက်စီးဖူးတယ်မဟုတ်ဘူးလား...ပုဖန်ကောင်လေး မင်း တူညီတဲ့သူကိုပဲ သွားပြီးတော့ ရန်စခဲ့တာလား...အရင်တုန်းကလည်း ဒီလိုအကွက်မ်ျိုးမြင်ဖူးလားလို့..."


ပုဖန်ပြောစရာစကားလုံးပင် ပျောက်နေမိသည်။


အရင်က ရှုရဓား အခု ရှုရသခင်...


တကယ့်ကို ရေစက်ဆုံလွန်းလှပေသည်။


"သေပေတော့..."


ရှုရအရှင်သခင်က ကျဆင်းလာသော ရှုရဓားကို ဖမ်းဆုပ်လိုက်သည်။သူ့၏ ပြိုကွဲသွားသော လက်မောင်းကလည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။လေဟာနယ်ကိုပင် တွန့်ရှုံ့သွားစေနိုင်သည့် စွမ်းအင်လှိုင်းများထွက်ပေါ်လာသည်။ရှုရဓားက ဝေဝါးနေသော်လည်း အဆုံးအစမဲ့ စွမ်းအင်များကို ပိုင်ဆိုင်ထားပုံပေါ်လေသည်။


ရှုရမိန်းမပျိုပင်လျှင် ဖိအားများ၏ ဒဏ်ကြောင့် မြေပြင်ပေါ်သို့ ဆင်းသက်လာလေသည်။သို့သော်လည်း သူမထိုပွဲကိုတော့ မမှတ်မသုန်စိုက်ကြည့်နေတုန်းဖြစ်၏ရှုရအရှင်သခင်က ဓားကိုပင် ထုတ်ရလောက်အောင်ထိ ဖိအားပေးခံရမည်ဟု သူမမထင်ထားခဲ့မိပေ။


"ဒီခွေးနက်ကြီးက ဘယ်လိုတည်ရှိမှုမျိုးများလဲ..."


နဂါးမြို့ဟောင်းတိုက်ကြီးတွင် ပညာရှင်အဆင့် ခွေးနက်တစ်ကောင်ရှိသည်ဟု သူမဘယ်သောအခါမှ မကြားခဲ့ဖူးပေ။လျှို့ဝှက်နဂါးတော်ဝင်ခွန်ရုံး၌ပင် ထိုကဲ့သို့သော အရာမရှိပေ။


.....


ရှီးမန်ရွှမ်နှင့် ရှောင်ဟယ်တို့၏ မျက်ဝန်းများက တောက်ပလင်းလက်နေလေသည်။


"ဒါအမှန်ပဲ...ပိုင်ရှင်ပုက သေချာပေါက် အစားကြူးတောင်ကြားကသူပဲ ဖြစ်ရမယ်...အစားကြူးတောင်ကြားက ပညာရှင်တွေအားလုံးက ချက်ပြုတ်တဲ့နေရာမှာကျွမ်းကျင်ရုံတင်မကဘူး သားရဲတွေက်ိုလည်းလေ့ကျင့်သင်ကြားပေးနိုင်တယ်...ပိုင်ရှင်ပုမှာ ထိတ်လန့်စရာ အချက်အပြုတ်စွမ်းရည်ရှိနေရုံသာမကဘူး ဒီလ်ိုနတ်ဘုရားသားရဲရဲ့ အကာအကွယ်လည်းရှိနေသေးတယ်...သူက သေချာပေါက်ကို အစားကြူးတောင်ကြားထဲကလူပဲဖြစ်မယ်..."


ရှောင်ဟယ်၏ စိတ်ထဲ၌ တိုင်းတာ၍ မရလောက်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။ဖြစ်ရပ်များ၏ နောက်ကွယ်က အမှန်တရားကို သူဆုပ်ကိုင်န်ိုင်မိပြီဟု ယုံကြည်လေသည်။


အကယ်၍ ပိုင်ရှင်ပုသာ အစားကြူးတောင်ကြားကသူ ဖြစ်မည်ဆိုလျှင် သူ့၏ အချက်အလက်များက အရင်ကနှင့်မတူတော့ပေ။ထိုအကြောင်းကို သူ့ဂိုဏ်းက အကြီးအကဲများထံ ပြန်လည်သတင်းပို့ရပေမည်။

.....


ရှုရအရှင်သခင်၏ပုံရိပ်က စတင်တုန်ခါလာပြီး မှုန်ဝါးလာ၏ သို့သော် ရှုရဓားက မျက်စိကျိန်းလောက်အောင်ပင် တောက်ပလာလေသည်။ကြီးမားလှသော ရှုရဓားက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး သွေးနီရောင်ဓားစွမ်းအင်များကို ထုတ်လွင့်လာလေသည်။


ထိုစွမ်းအင်များက အဘက်ဘက်သို့ ပြန့်နှံ့သွားပြီး ကမ္ဘာမြေပြင်ပေါ်တွင် လျှိုမြောင်များ ချိုင့်ဝှမ်းများဖြင့် ဖြစ်တည်လာလေသည်။ရုတ်တရက် ထိုထက်မြေ့လှသော ဓားသွားက ခွေးဘုရငါပေါ်သို့ တိုက်ရိုက်ကျဆင်းလာလေသည်။


လူတိုင်း၏ နှလုံးသားများက တင်းကျပ်သွားလေသည်။


လေးနက်သော အမူအရာဖြင့်ကြည့်နေသော ရှုရမိန်းမပျိုပင်လျှင် တုန်လှုပ်သွား၏။ရှုရဓား၏ အသုံးပြုမှုက ကောင်းကင်ကိုပင် ထက်ခြမ်းကွဲသွားပြီး ကမ္ဘာမြေကြီး ပျက်သုဉ်းသွားပေလိမ့်မည်။


"ဒီခွေး သေရမယ်..."


ခွေးဘုရင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ရုတ်တရက် သူ့၏ နဖူးအလယ်မှ စူးရှလှသောအလင်းတန်းများထွက်ပေါ်လာလေသည်။၎င်းက နောက်ထပ် မျက်လုံးတစ်ခုနှင့်တူနေလေသည်။ခွေးဘုရင်က ကျယ်လောင်စွာဟောင်သံတစ်ချက်ပြုလိုက်လေရာ သူ့၏ ခန္ဓာကိုယ်က တလှုပ်လှုပ်လှုပ်ခါသွား၏။


ဝုတ်...ဝုတ် ...


ရုတ်တရက် ကောင်းကင်ထက်တွင် ကြီးမားလှသော ခွေးဘုရင်၏ ပုံရိပ် ပေါ်လာလေသည်။