အခန်း ၅၅၃
ဒီသင်္ဘောက မင်းလာချင်တိုင်းလာလို့ရတဲ့နေရာမဟုတ်ဘူး...
"ခင်ဗျားက ဒီခွေးကိုတောင် နိုင်နိုင်ရဲ့လား..."
ပုဖန်၏ အသံက အလွန်ပေါ့ပါးနေသည်။အရေးမပါသည့် ကိစ္စတစ်ခုကို မေးလိုက်သကဲ့သို့ သူ့အသံတွင် မည်သည့်စွမ်းအင်လှ်ိုင်းများပင် ပါဝင်နေခြင်းမရှိပေ။
သို့သော်လည်း သူ့မေးခွန်းကို ကြားလိုက်ရသောသူများအားလုံး လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။ငွေဖြူရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသောသူလည်း ကြောင်အသွားပြီး ငရဲကမ္ဘာသင်္ဘောပေါ်တွင် အိပ်ပျော်နေသော ခွေးဝတုတ်ကိုကြည့်လိုက်သည်။
သူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့နဖူးပေါ်တွင် အနက်ရောင်လှိုင်းများပေါ်လာလေသည်။သူမျက်ဝန်းများကျဉ်းမြောင်း၍ ပုဖန်ကို အေးစက်စွာကြည့်လိုက်သည်။
"မင်းက ငါ့ကို စော်ကားနေတာလား...အကြီးအကဲ တစ်ယောက်ကို စော်ကားဖို့အတွက် ခွေးကို အသုံးပြုလိုက်တယ်ပေါ့...မင်းဘာပြောဖို့ ကြိုးစားနေတာလဲ..."
ဟန်လီက ဆေးနန်းတော်မှ အုပ်ချုပ်သူ အကြီးအကဲတစ်ယောက်ဖြစ်သည်။သူသည်လည်း အဆင့် ၅ဆင့်ကို ချိုးဖောက်ပြီးသော မသေမျိုးခန္ဓာ အထွဋ်အထ်ိပ်အဆင့်တစ်ယောက်ဖြစ်၏။
ပုဖန်က သူ့ကို အဆင့်မြင့်သားရဲအော်ရာများတောင်မပိုင်ဆိုင်ထားသည့် ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်ရဲပေသည်။ထိုခွေးကို သူ လက်ချောင်းလေးတစ်ချောင်းဖြင့်ပင် ဖိသတ်နိုင်လေသည်။
သူ့ရှေ့မှလူငယ်ကို သူပြန်ကြည့်လိုက်သည်။ပုဖန်က သူ့ကို အထင်အမြင်သေးလ်ိုက်ခြင်းသာမဟုတ်ပဲ အတိအကျ တိုက်ခိုက်စော်ကားလိုက်ခြင်းဖြစ်သည်။
ရှုရမျှော်စင်ကြောင့်သာမဟုတ်လျှင် သူဒီနေရာ၌ ရပ်နေလိမ့်မည်မဟုတ်ပေ။ထိုကောင်လေးကို ရိုက်ချက်တစ်ချက်တည်းဖြင့် သေအောင်သတ်ပစ်လိုက်ပေမည်။ဆေးနန်းတော်၏ အုပ်ချုပ်သူတစ်ယောက်ကို အထင်အမြင်သေးစော်ကားခြင်းက သေခြင်းတရားကို ဖ်ိတ်ခေါ်ခြင်းသာဖြစ်သည်။
ပုဖန် တစ်စုံတစ်ရာကို သတိပြုမိလိုက်ပြီး မျက်ဝန်းများမှေးကျင်းလိုက်မိသည်။ထိုသူက ယခုမှရောက်လာသည့်သူဖြစ်ပြီး အစောပိုင်းက ဖြစ်ပျက်သွားသမျှကို မသိလိုက်ပေ။ထိုသူက ကောင်းကင်နှင့်ကမ္ဘာမြေကိုပင် ချေမှုန်းဖျက်စီးမည့် ရှုရအရှင်သခင် ရောက်လာသည်ကိုလည်း မသိလိုက်ပေ။
ရှုရအရှင်သခင်၏ ကိုယ်ပွားကို ခွေးဘုရင်က ဟောင်သံ တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကိုလည်း မသိပေ။ထို့ကြောင့်ပင် ဒီလူက ခွေးဘုရင်ကို အထင်သေးနေခြင်းဖြစ်ပေလိမ့်မည်။
အမှန်တရားကို သိရှ်ိပြီးနောက် ပုဖန်တိတ်ဆိတ်သွားသည်။ရုတ်တရက်ကြီးငြိမ်သက်သွားသော ပုဖန်ကိုကြည့်၍ ဟန်လီ၏ မျက်ဝန်းများက နက်ရှိုင်းသွားသည်။သူ ဘေးတွင်ရပ်နေသော နယ်သာရီကို တစ်ချက်ကြည့်လိုက်၏။
ထိုအမျိုးသမီးကို သူသိပေသည်။သူမက ရှုရမိန်းမပ်ျိုနှင့် အကြီးအကျယ်တိုက်ခိုက်ခဲ့သည့် သူဖြစ်သည်။သူမက အားနည်းမှုမရှိမည်မှာ သေချာပေသည်။သူမကလည်း မသေမျိုးခန္ဓာအထွဋ်အထ်ိပ်အဆင့် ဖြစ်နိုင်ပေသည်။
အဆင့်ချင်းတူသည့် သူကိုယ်တိုင်ပင်လျှင် သူမနှင့် ရင်ဆိုင်လျှင် သတိမဲ့ ပြုရဲလိမ့်မည်မဟုတ်ပေ။
"မင်းမြန်မြန်လေး ဆုံးဖြတ်သင့်တယ် ငါ့က်ို ရှုရမျှော်စင်ကိုပေးလိုက် ငါမင်းကို ကာကွယ်ပေးမယ်...ဆေးန်းတော်ထဲမှာဆိုရင် ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး..."
ဟန်လီက ယုံကြည်မှုအပြည့်ရှိနေသည်။ဆေးနန်းတော်မှ မဟာသခင်များပင် သူနှင့် မျက်နာချင်းဆိုင်ပါက မျက်နာသာ ပေးရပေလိမ့်မည်။
"ဒီတစ်ကြိမ်တော့ မင်းကံကောင်းထောက်မပြီး သေခြင်းတရားက လွတ်မြောက်သွားတာ တကယ်လို့ ရှေးဟောင်းရှုရမြို့တော်ကလူတွေ နောက်တစ်ကြိမ်ထပ်လာတဲ့အခါ မင်းကို ကာကွယ်မယ့်သူမရှိရင် ဘယ်လ်ိုလုပ်မလဲ...မင်းသေသွားရင်ကော ...မင်းက အပြစ်ကင်းတဲ့ သာမန်လူတစ်ယောက်ပဲလေ...ဒီလို တန်ဖိုးကြီးတဲ့ ရတနာတစ်ပါးက်ို ကိုင်ထားတာက အန္တရာယ်တွေကို ဖ်ိတ်ခေါ်နေသလိုပဲဆိုတာ မင်းသိသင့်တယ်..."
ဟန်လီ၏ စကားအဆုံး၌ အားလုံး၏ အကြည့်များ ထူးဆန်းသွားသည်ကို သူမသိလိုက်ပေ။
သူတို့က သူ့ကို တစ်စုံတစ်ရာပြောချင်ပုံရသည်။သို့သော်လည်းသူတို့ကိုယ်သူတို့ ချုပ်တည်းထားကြာလေသည်။မဟာသခင် ငါးယောက်ကလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။
အမှန်တိုင်းဆိုရလျှင်...ပုဖန် ဟန်လီကို ခွေးဘုရင်နှင့် ရင်ဆိုင်ရန် မေးလိုက်သည့်အချိန်က သူတို့၏ နှလုံးသားများ ပေါက်ထွက်မတက် ခုန်လှုပ်သွားကြသည်။
သူတို့က ဟန်လီနှင့် ခြားနားစွာဖြင့် ခွေးဘုရင်၏ ကြောမက်ဖွယ်ကောင်းလှသော အစွမ်းကို မျက်မြင်တွေ့ခဲ့ရသည်။ထိုအဖြစ်အပျက်က သူတို့၏ နှလုံးသားထဲတွင် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောနိုင်ပေသည်။
ဟန်လီက ခွေးဘုရင်ကို အထင်အမြင်သေးသည်ကို မြင်လိုက်ရသောအခ်ျိန်၌ သူတို့၏ နှလုံးသားက လည်ချောင်းထဲမှပင် ထွက်ကျလာသလို ထင်ရလေသည်။
ခွေးဘုရင်က ရုတ်တရက် လက်ဖဝါးလေးကို ဆန့်ထုတ်ပြီး ဟန်လီကို ရိုက်လိုက်မည်ကိုပင် သူတို့ကြောက်ရွံ့နေကြသည်။ထိုသို့သာဖြစ်လာလျှင် သူတို့၏ အုပ်ချုပ်သူက ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားပေလိမ့်မည်။
"အကြီးအကဲဟန်..."
မဟာသခင်ရွှမ်မင်က နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး အလျှင်အမြန် ခေါ်လိုက်သည်။သို့သော်လည်း သူ မည်သည့်စကားမှ မဆိုရင်ခင်မှာပင် ဟန်လီက လက်မြှောက်ပြ၍ တားလိုက်သည်။
"မဟာသခင် ရွှမ်မင် ခင်ဗျား ဆက်ပြောဖို့မလိုပါဘူး...သူက ပဉ္စလက်စုဝေးပွဲကြီးရဲ့ အကြီးမားဆုံး ဖျက်မြင်းဆိုတာကို ကျုပ်သိပါတယ်...ဒါပေမယ့်လည်း သူ့ခန္ဓာကိုယ်ပေါ်က ပစ္စည်းက အရမ်းကို အရေးကြီးနေတယ်...ဒါ့ကြောင့် ကျုပ်သူ့ကို ဂရုစိူက်ဖ်ို့လိုတယ်...ဒီလိုမှမဟုတ်ဘူးဆိုရင် ရှေးဟောင်းရှုရမြို့တော်ကလူတွေက သူ့ကို အဆက်မပြတ် နှောင့်ယှက်နေလိမ့်မယ်..."
မဟာသခင်ရွှမ်မင်၏ မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားပြီး သူ့နှလုံးသားထဲ၌ တင်းကျပ်မှုကို ခံစားလိုက်ရသည်။
ကောင်းပြီလေ ...ခင်ဗျားက ငရဲကိုသွားဖို့ လမ်းဖောက်ပြီးပြီဆိုမှတော့ ဒီအဘိုးကြီး သတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့နော်...
..
ဟန်လီ၏ အကြည့်များက ပုဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်မံကျရောက်သွားသည်။
"မြန်မြန်လေးဆုံးဖြတ် ငါ့မှာ မင်းနဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး..."
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးတက်သွားသည်။သူ မျက်ခုံးပင့်၍ ထိုလူကိုကြည့်ကာ ပြောလိုက်သည်။
"တကယ်လို့ ကျုပ်က လွှဲမပေးဘူးဆိုရင်ကော ခင်ဗျားဘာလုပ်မှာလဲ...ကျုပ်ကို ဖမ်းပြီးတော့ အချုပ်ထဲ ထည့်လိုက်မှာလား..."
ဟန်လီ အံ့အားတသင့်ဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ထိုစားဖိုမှုးက အလွန်ခေါင်းမာလိမ့်မည်ဟု သူမထင်ထားမိပေ။
"ကြည့်ရတာတော့ ဒါက မင်းရဲ့ ရွေးချယ်မှုပေါ့လေ...ငါမင်းကို ဖမ်းပြီးအချုပ်ထဲ မထည့်ပါဘူး...မင်းရဲ့ အကျင့်အရဆိုရင်တော့ ဒါက အလဟဿ ဖြစ်သွားမှာပဲလေ...မင်းက စားဖိုမှူးတစ်ယောက် မဟုတ်လား...မြူကောင်းကင်မြို့ထဲမှာ မင်းရဲ့ စားသောက်ဆိုင်ရှိတယ်လို့လည်း ငါကြားထားတယ်...ဆေးနန်းတော်ကို အုပ်ချုပ်နေတဲ့ သူတစ်ယောက်အနေနဲ့ မြို့ရဲ့ လည်ပတ်ပုံကိုလည်း ငါစီမံညွှန်ကြားနိုင်တယ်...မင်းသာ ငါ့ကို ရှုရမျှော်စင်မပေးဘူးဆိုရင် မင်းရဲ့ စားသောက်ဆိုင် သေချာပေါက် ပိတ်ပစ်လိုက်ရမယ်လို့ ငါပြောလိုက်မယ်..."
ဟန်လီက လက်ပိုက်လိုက်ပြီး ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။
ပုဖန်၏ အကြည့်များက စူးရှ သွားသည်။ထိုအကြည့်များက သူ့မျက်ဝန်းထဲကို ဓားများ ပစ်လွှတ်လိုက်သကဲ့သို့ပင် ဟန်လီခံစားလိုက်မိသည်။
"ခင်ဗျား အခု ဘာပြောလိုက်တာလဲ..."
ပုဖန် အမူအရာမဲ့စွာဖြင့် မေးလိုက်သည်။
ဟန်လီက ခပ်ဖျော့ဖျော့ရယ်လိုက်ပြီးနောက် ထပ်မံပြောလိုက်၏။
"ငါပြောလိုက်တာက မင်းရဲ့ စားသောက်ဆိုင်ကို ပိတ်ပစ်ရအောင် လုပ်လိုက်မယ်..."
အိုး...မဟုတ်ဘူးလေ အုပ်ချုပ်သူဟန် ဘာလို့ အဲ့ဒီလို ပြောလိုက်ရတာလဲ...
မဟာသခင်ငါးယောက်လုံးဟထိတ်လန့် ကြောင်အသွားကြသည်။မဟာသခင်ရွှမ်မင် သူ့နဖူးသူပင် ပိတ်ရိုက်လိုက်မိ၏။
ခင်ဗျား ဘယ်သူကို စကားပြောနေလဲဆိုတာ ခင်ဗျားသိရဲ့လား...အဲ့ဒီ စားဖိုမှူးမှာ အလွန်ထူးခြားဆန်းကြယ်တဲ့ ခွေးတစ်ကောင်နဲ့ သူ့ကို ကာကွယ်ပေးမယ့် အမျိုးသမီးတစ်ယောက်ရှိနေတယ်...
ဟန် ဘလာဘလာရေ... ခင်ဗျား သူ့ဆိုင်ကို ပိတ်ပစ်ချင်တယ်ဆိုရင်တော့ အဲ့ဒီစားပွဲထိုး အစောင့်အရှောက်တွေကို အောင်နိုင်မှပဲ ရလိမ့်မယ်...
....
နန်ကုန်းဝူချယ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ့မျက်နာပေါ်သို့ မျက်ရည်များပင် စီးကျလာလေသည်။နောက်ဆုံးတော့ ကမ္ဘာပေါ်၌ ရယ်စရာအကောင်းဆုံးသော လူပြက်ကောင်ကို တွေ့ရှိလိုက်ပေပြီ။
ပိုင်ရှင်ပုရဲ့ ဆိုင်ကို ပိတ်ပစ်မယ်ပေါ့လေ...အကိုကြီး ဘလက်ကီက သူ့ကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိုက်မှာကို မကြောက်ဘူးလားမသိဘူး...အဲ့ဒါမှ မလုံလောက်သေးဘူးဆိုရင်လည်း အမကြီးနယ်သာရီက ဆံပင်နဲ့ သူ့ခန္ဓာကိုယ်ကို ဖောက်ခနဲမြည်အောင် ထိုးဖောက်ပစ်လိမ့်မယ်...
ပုဖန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုသူကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားမှာ စွမ်းရည်ရှိတယ်ဆိုရင်လည်း ကျုပ်ဆိုင်ကို လာပြီးပိတ်လှည့် ...နယ်သာရီ သွားကြစို့..."
ပုဖန်က ထိုကဲ့သို့ လောဘဇော တိုက်နေသောသူမျိုးနှင့် စကားပြောရန် ပျင်းလှသည်။
နယ်သာရီကလည်း ဟန်လီကို တစ်ချက်သာကြည့်၍ မည်သည့်စကားမှမဆိုပေ။သူမ ငရဲ ကမ္ဘာသင်္ဘောကို ထွက်ခွာရန်သာ ပြင်ဆင်လိုက်သည်။
ဟန်လီ မျက်မှောင်ကြုတ်၍ ချောင်းခြောက်တစ်ချက် ဆိုးလိုက်သည်။
"ငါက မင်းတို့ကို သွားခွင့်ပြုလိုက်ပြီလား...ငါ့ကို ရှုရမျှော်စင်ပေးလို့ ငါပြောပြီးပြီ..."
ဘုန်း...ဘုန်း...ဘုန်း...
ဟန်လီနောက်၌ ရှိနေသော အစောင့်များက အရှေ့သို့ တက်လာကြသည်။သူတို့၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်လှိုင်းများ ဖြာထွက်နေပြီး စိတ်ဝိညာဉ် ကြိုးများကလည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။
သူတို့အားလုံးက ငရဲကမ္ဘာသင်္ဘောကို ဝိုင်းရံလိုက်လေသည်။လေထုက တင်းမာခတ်ထန်သွားပေပြီ ဟန်လီက လက်နှစ်ဖက်ကို နောက်ပစ်၍ ငရဲကမ္ဘာသင်္ဘောကို အထင်အမြင်သေးစွာ ကြည့်နေလိုက်သည်။
"နာနာခံခံ နဲ့ ရှုရမျှော်စင်ကို လွှဲပေးလိုက်...အဲ့ဒါ မင်းမှာရှိနေတော့ကော မင်းကဘာသုံးမှာ မလို့လဲ... ဘာလို့ ငါ့ကို မပေးလိုက်တာလဲ..."
"ခင်ဗျားက ကျုပ်ကို တားချင်တယ်လား..."
ပုဖန် မျက်မှောင်ကြုတ်၍ ထိုလူ၏ စကားကို ဖြတ်ပြောလိုက်သည်။ထို့နောက် ခေါင်းမော့လိုက်ပြီး ပရိတ်သတ်များနှင့် မဟာသခင်ငါးယောက်ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
မဟာသခင်များနှင့် အကြည့်ချင်းဆုံလိုက်ချိန်၌ သူတို့၏ မျက်နာပေါ်တွင် ခါးသက်သော အပြုံးများ ပေါ်လာသည်။မဟာသခင်ရွှမ်မင်က ပုဖန်က်ို တောင်းပန်ဟန်ဖြင့် ကြည့်လိုက်သည်။
"မဟာသခင်ရွှမ်မင်ကို ကြည့်မနေနဲ့ သူမင်းကို မကူညီနိုင်ဘူး...ဒီနေ့ မင်းဘယ်သူကိုပဲခေါ်ခေါ် ကိစ္စမရှိဘူး မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး ...မင်းက ရှုရမျှော်စင်ကို မပေးချင်ဘူးဆိုရင်တောင်မှပဲ မင်းပေးကို ပေးရမယ်..."
ဘုန်း...
ဟန်လီ၏ စကားဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ ခြိမ်းခြောက်နိုင်စွမ်းသော အော်ရာများပေါ်လာသည်။ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် ထက်ခြမ်းခွဲနိုင်သော အင်အားက ပုဖန်ဆီသို့ တိုက်ရိုက်ကျဆင်းလာသည်။
သူက ပုဖန်ကို သူ့အော်ရာများဖြင့် ဖိနှိပ်ထားချင်လေသည်။တန်ခိုးရှင်အဆင့်လေးတစ်ယောက်က မသေမျိုးခန္ဓာ အထွဋ်အထိပ်ဆင့်တစ်ယောက်၏ ခွန်အားကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ဒီနေ့ သူထိုရှုရမျှော်စင်ကို ကျိန်းသေပေါက် ရကိုရရပေမည်။ရှေးဟောင်းရှုရမြို့တော်မှ လူများ ဘာကြောင့် ရှုံးနိမ့်သွားသည်ကို သူအတိအကျမသိသော်လည်း ထိုကောင်စုတ်လေးနောက်မှ အမျိုးသမီးကြောင့်သာဖြစ်မည်ဟု တွေးမိသည်။
ရှေးဟောင်းရှုရမြို့တော်မှ လူများနှင့် ရင်ဆိုင်ပြီးနောက် ထိုအမျိုးသမီးတွင် သူ့ကို ကယ်နိုင်မည့် စွမ်းအင်များရှိပါဦးမည်လား...
ဒီနေ့၌ ထိုကောင်စုတ်လေးက ရွှံ့နွံထဲက ငါးဖြစ်ပြီး သူကတော့ ဓားဖြစ်ပေသည်။
ရင်ပြင်ကျယ်အတွင်း၌ ရှိနေကြသော သူများ၏ မျက်နာအမူအရာများက ပြောင်းလဲသွားသည်။
"သူ ဘယ်လိုဖြစ်လို့ အဲ့ဒီလောက် အားအင်တွေ ထုတ်သုံးနေတာလဲ...သူက ပိုင်ရှင်ပုကို ရန်သူတစ်ယောက်လိုမျိုး ခြိမ်းခြောက်နေတာလား...ပိုင်ရှင်ပုကို သွားရှုပ်ဖို့အတွက် သူ ဘယ်ကနေ သတ္တိတွေရလာတာလဲ..."
ယခုအခ်ျိန်၌ အားလုံး၏ မျက်လုံးထဲတွင် ထိုအုပ်ချုပ်သူကို အရူးအဖြစ်သာ မြင်နေကြလေသည်။
"သူက အဲ့ဒီခွေးနက်ကြီး ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို မသိဘူးလား..."
ဒီနေရာ၌ ရှိနေကြသော သူများက ဘလက်ကီ၏ စွမ်းရည်များကို ရှင်းရှင်းလင်းလင်းသိနေပေသည်။
"အဲ့ဒီသင်္ဘောကို တားထား..."
ဟန်လီ အော်လိုက်သည်။
ထိုကောင်စုတ်လေးက ပဉ္စလက်စုဝေးပွဲကြီးရဲ့ ဖျက်မြင်းတစ်ကောင်ဖြစ်နေတော့ကော ဘာဖြစ်လဲ သူက ရှုရမျှော်စင်ထက်ပဲ ပိုပြီးတန်ဖိုးရှိလို့လား...
သူ့၏ အမိန့်ကို ရလိုက်သည်နှင့် အစောင့်များက ပြင်းထန်သည့် အော်ရာများကို ထုတ်ဖော်လိုက်ကြသည်။ကျောက်ရုပ်ထုကဲ့သို့ ပြောင်းလဲသွားပြီဟုပင်ထင်ရသော ငရဲကမ္ဘာ သင်္ဘောဆီသို့ သူတို့အားလုံး ဦးတည်လိုက်သည်။
သူတို့ စွမ်းအားရှ်ိသမျှအင်အားအကုန်ဖြင့် ငရဲကမ္ဘာသင်္ဘောကို စည်းခတ်လိုက်ပြီးနောက် ကောင်းကင်ပေါ်မှနေ၍ ဆွဲချကြလေသည်။
အသံကျယ်တချက်နှင့်အတူ ဖုန်များပလူပျံသွားပြီး သဘောင်္မြေပေါ်ရောက်လာလေသည်။
ပုဖန်နှင့် နယ်သာရီက ပုံမှန်အတိုင်း ခံစားချက်မဲ့လှသော မျက်နာသေဖြင့်သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေကြသည်။
ဟန်လီ၏ မျက်နာပေါ်တွင် အပြုံးဖျော့ဖျော့ပော်လာသည်။သူငရဲကမ္ဘာသင်္ဘောပေါ်ဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင်းလျှောက်လာခဲ့လေသည်။ထိုကောင်လေးပုဖန်က မြေပေါ်တွင် ခခယယဖြင့် တောင်းပန်ရတော့မည်ဟု သူယုံကြည်ပေသည်။
ထိုကောင်စုတ်လေး ခေါင်းမာနိုင်ဦးမလားဟု သူသိချင်သေးသည်။
တစ်လှမ်းချင်း...တစ်လှမ်းချင်း...
နောက်ဆုံး၌ ဟန်လီ ငရဲ ကမ္ဘာသဘောင်္ပေါ်သို့ ခြေချလိုက်သည်။
နယ်သာရီ၏ မျက်ဝန်းများက နက်မှောင်သွားပြီး သူမဆီမှ ရက်စက်ကြမ်းကြုတ်လှသော အော်ရာများထွက်ပေါ်လာလေသည်။သို့သော်လည်း နယ်သာရီ လှုပ်ရှားမှု မပြုရသေးခင်မှာပင် ခွေးဘုရင်၏ နှာခေါင်းများ တွန့်ရှုံ့သွားသည်။
သူ့၏ မျက်လုံးက အနည်းငယ်ပွင့်ဟလာ၏ ပါးစပ်အသားကုန်ဖွင့်ဟလိုက်သည်
။နှာချေသံကို လူတိုင်းကြားလ်ိုက်ရလေသည်။
ခွေးနှိုးလာလေပြီ...
"ဘုရားရေ..."
ပရိတ်သတ်များအားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။အစောပိုင်းမှ မြင်ကွင်းများကို ပြန်လည်မြင်ယောင်မိပြီး ထိုနေရာမှ အလျှင်အမြန် ဆုတ်ခွာလိုက်ကြသည်။နှာချေသံ တစ်ချက်ကပင် လေထဲတွင် ပဲ့တင်ထပ် မြည်ဟီးနေ၏။
ဟန်လီ ခဏမျှ မှင်သက်သွားသည်။ဘလက်ကီ နှာချေလိုက်သောအရှိန်က သူ့၏ ခန္ဓာကိုယ်ကိုပင် ယိမ်းထိုးသွားစေသောကြောင့် ခြေလှမ်းအနည်းငယ်လှမ်း၍ ငြိမ်အောင်ထိန်းလိုက်ရသည်။သူ ချက်ချင်းပင် လေထဲ၌ တည့်မတ်စွာ ရပ်လိုက်သည်။
ဘလက်ကီက နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ရင်း ငိုက်မြည်းနေသော မျက်ဝန်းများဖြင့် ဟန်လီကို ကြည့်လိုက်သည်။
"ဒီယင်ကောင်က ဘယ်ကရောက်လာတာလဲ ငါခွေးဘုရင်အိပ်ပျော်နေတာကို လာနှောင့်ယှက်ရဲတယ်ပေါ့...ပြီးတော့... ကောင်မလေးရဲ့ သင်္ဘောက မင်းတက်ချင်တိုင်း တက်လာလို့ရမယ့် နေရာများထင်နေတာလား..."