အပိုင်း ၅၅၄
Viewers 61k

အခန်း ၅၅၄

စားဖိုမှူး၏ တိုက်ခွေး...


ရင်းနီးနေသော တည်ကြည်လှသည့် အသံတစ်သံက ရင်ပြင်ကျယ်တစ်ခုလုံးကို ထွင်းဖောက်ဖြတ်သန်းသွားသည်။


ပြန်လည် ပြုပြင်ရေးအစီအရင်က ရင်ပြင်ကျယ်ရှိ အပျက်အစီးများကို သူ့ဘာသာသူ တဖြေးဖြေးချင်း ပြန်လည် ပြုပြင်နေသည်။မြေပြင်ပေါ်ရှ်ိ အက်ကွဲကြောင်းကြီးများက ပြန်လည် ကောင်းမွန်လာပြီး မြေပြင်က အသစ်တစ်ဖန် ဖြစ်တည်လာသည်။


ထိုဆူညံသံများကို ဖုံးလွှမ်း၍ ထွက်ပေါ်လာသည့် ယောက်ကျားပီသလှသော အသံကြောင့် လူအားလုံး ငရဲကမ္ဘာသင်္ဘောဆီသို့ ကြည့်လိုက်ကြသည်။ငရဲကမ္ဘာသင်္ဘောပေါ်မှ ခွေးဝတုတ်တစ်ကောင်က သူ့ရှေ့မှ ဟန်လီကို ယင်ကောင်တစ်ကောင်အဖြစ် လှောင်ပြောင်သရော်လိုက်သည်။


သူ့က်ိုယ်သူ ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးသည့်ဟန်လီ၏ စိတ်ထဲတွင် အံ့သြထိတ်လန့်မှုများ ဖုံးလွှမ်းသွားသည်။ဒီခွေးက သာမန်မဟုတ်နိုင်ပေ။သာမန် နှာတစ်ချက်ချေလိုက်ရုံကပင် သူ့ကို လွင့်ထွက်သွားစေသည်။


ဒီမှာ ဘာတွေ ဖြစ်နေတာလဲ...သူအရေးကြီးတဲ့ တစ်ခုခုကိုများ လက်လွတ်သွားတာလား...


သင်္ဘောပေါ်မှ နယ်သာရီက ထိုမြင်ကွင်းကို မျက်နာသေဖြင့်ပင် ကြည့်နေလေသည်။ခရမ်းအနှစ်သာရများကို စားပြီးနောက် သူမ၏ အခြေအနေက တော်တော်လေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ခွေးဘုရင် တစ်ချက် သန်းဝေလိုက်ရင်း နယ်သာရီကို ကြည့်လိုက်သည်။ထိုအမျိုးသမီး၏ တိုက်ခိုက်ရေးစွမ်းရည်က လျှို့ဝှက်နယ်ပယ်ထဲမှာဆိုလျှင် ထိပ်တန်းအဆင့်ပင်ဖြစ်သည်။


သို့သော်လည်း လျှို့ဝှက်နယ်ပယ်၏ အပြင်ဘက်၌မူ ကျိန်စာ၏ ထိန်းချုပ်ခြင်းကိုခံထားရပေသည်။ထိုကဲ့သို့သော အရာမျိုးကို သူကိုယ်တိုင်ပင် မည်ကဲ့သို့ ကူညီရမှန်းမသိပေ။


မူလက နယ်သာရီကိုသာ လွှတ်လိုက်လျှင် ပြဿနာများကို ဖြေရှင်းနိုင်လိုက်မည်ဟု သူထင်ခဲ့မိသည်။သို့သော်လည်း စွမ်းအားပြင်းလှသော ရှုရအရှင်သခင် ရုတ်တရက် ပေါ်ထွက်လာမည်ဟု မည်သူ သိပါမည်နည်း။ထိုသူက သူထွက်ပြေးသွားမည့်အခ်ျိန်၌ပင် ခွေးဘုရင်ကို ခြိမ်းခြောက်ခဲ့သေးသည်။


ငါက သူ့ကို ကြောက်မယ်များထင်နေတာလား..


."ကောင်မလေး နင်ကောင်းကောင်းအနားယူသင့်တယ်...ငါတ်ို့ ဆိုင်ပြန်ရောက်တဲ့အခါကျရင် ကောင်စုတ်လေးပုဖန်က ဒီကြက်ကို နင့်အတွက် ပေါင်းပေးပြီးတော့ ပြန်လည် ကုစားပေးဖို့ ကူညီလိမ့်မယ်..."


ခွေးဘုရင်က ပုဖန်၏ လက်မောင်းကြားထဲမှ ရှစ်လေးကို တစ်ချက်ကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် တီးတိုးပြောလိုက်သည်။


ရှစ်လေး၏ မျက်ဝန်းများပြူးကျယ်သွားပြီး အမွှေးများထောင်ထသွားလေသည်။


အဲ့ဒီလိုမျိုးမလုပ်ပါနဲ့ ဒီကြက်သားက စားလို့မကောင်းပါဘူး...

.

..


ဟန်လီ၏ အကြည့်များက ငရဲကမ္ဘာသင်္ဘောဆီသို့ ပြန်လည်ရောက်ရှိလာသည်။ပုဖန်နှင့် သူ့လူများက ရယ်မောပြောဆိုနေကြသည်ကို တွေ့လိုက်သောအခါ၌ သူ့မျက်နာ မဲမှောင်သွားလေသည်။


သူအရှက်ခွဲခံလိုက်ရသလို ခံစားရပြီး အနည်းငယ် ဒေါသထွက်လာလေသည်။သို့သော်လည်း သူက အရူး မဟုတ်ပေ။ထိုခွေးပြသလိုက်သော ခွန်အားက သူ့ကိုယ်ပင် ကြောက်ရွံ့ထိတ်လန့်သွားစေသည်။


ဒီနေရာ၌ သူလွဲချော်သွားသည့် အကြောင်းအရာတစ်ချို့ ရှိနေပေလိမ့်မည်။သူ အနောက်သို့ လှည့်၍ မဟာသခင်ရွှမ်မင်တို့ကို ကြည့်လိုက်သည်။ထိုသူများဆီမှ တစ်စုံတစ်ခုကြားရန်လိုအပ်နေပေသည်။


မဟာသခင်ရွှမ်မင်တို့၏ စိတ်ထဲ၌ မကျေမနပ်ဖြစ်နေပြီး သူ့ကို အာရုံမစိုက်ချင်ကြပေ။


အရင်တုန်းကအရမ်းပဲ စွမ်းအားကြီးနေတယ် မဟုတ်ဘူးလား...မင်းတစ်စုံတစ်ယောက်ရဲ့ ဆိုင်ကိုပဲ ပိတ်ပစ်မလို့ဆို ဘာလို့ ဆက်မလုပ်တော့တာလဲ ...


မဟာသခင်များက ကသိကအောင့်ဖြင့် ကြိတ်ရယ်လိုက်ကြပြီး ဘာမှမပြောကြပေ။


နန်ကုန်းဝူချယ်နှင့် အခြားသူများကမူ ဟန်လီ၏ ကံမကောင်းမှုကို ကြည့်ရှုရန် စိတ်အားထက်သန်နေကြလေသည်။


သူက ခွေးဘုရင်ကို ရန်စရဲသည်ဆိုမှတော့ ကောင်းကောင်းပြန်လည် ပေးဆပ်ရပေမည်။ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် စတင်လမ်းလျှောက်လာခဲ့သည်။လေထဲတွင်ရှိနေသော ဟန်လီ မျက်မှောင်ကြုတ်လိုက်မိ၏။


အကြည့်ချင်း ထိပ်တိုက် ဆုံလိုက်ချိန်၌ ဟန်လီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူ့၏ မျက်နာက နီရဲလာပြီး ကြောက်မက်ဖွယ်အရာတစ်ခုကို မြင်လိုက်ရသလ်ို မျက်လုံးများပြူးကျယ်လာလေသည်။


"ဒီအကြည့်တစ်ချက်ကတောင် ဘာလို့ အရမ်းကြောက်ဖို့ကောင်းနေရတာလဲ..."


ရုတ်တရက် သူ့အပေါ်သို့ ကမ္ဘာမြေကြီး၏ စွမ်းအားများ စုပြုံ ကျရောက်လာသလိုခံစားလိုက်ရပြီး ပြုတ်ကျသွားလေသည်။


"မင်း...မင်း..."


သူ မြေကြီးပေါ် ကျရောက်သွားသည်နှင့် အဆက်မပြတ် တုန်ယင်လာတော့သည်။ထိုဖိအားက ဒီခွေးက မသေမျိုးဝိညာဉ် အဆင့် ဖြစ်ပေမည်


ဘုရားရေ မသေမျိုး ဝိညာဉ် အဆင့် ခွေးတစ်ကောင်...


 သူ့၏ အမြင်များအားလုံးဇောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပင် ခံစားလိုက်ရသည်။


ဟန်လီ၏ မျက်နာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး သူအလောတကြီး ပြောလိုက်သည်။


"ဒါက နားလည်မှု လွဲသွားတာပါ ...ဒါတွေအားလုံးက နားလည်မှု လွဲသွားတာပါ..."


ဟန်လီ တံတွေးတစ်လုတ်မျိုချလိုက်ပြီး ကမန်းကတန်းပြောလိုက်သည်။အရေးကြောင်းအပြည့်ဖြင့် ဟန်လီ၏ မျက်နာပေါ်တွင် ခါးသီးသည့် အပြုံးတစ်ခုရှိနေလေသည်။


"ခင်ဗျားက ကျုပ်ရဲ့ ဆိုင်ငယ်လေးကို ပိတ်သိမ်းချင်တယ်လို့ ကျုပ်ကြားလိုက်တယ်လေ..."


ပုဖန်က ဟန်လီကို မျက်နာသေဖြင့်ပင် ကြည့်၍ ပြောလိုက်သည်။ဟန်လီ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားသည်။ခွေးဘုရင်၏ အေးစက်သော အကြည့်များက သူ့၏ခန္ဓာကိုယ်ပေါ် ထပ်မံကျရောက်လာသည်ကို ခံစားလိုက်ရပြီး ချွေးနစ်သွားလေသည်။


"ငါက နောက်လိုက်တာပါ...မင်းက ပဉ္စလက်စုဝေးပွဲကြီးရဲ့ အကြီးမားဆုံး ဖျက်မြင်းတစ်ကောင်ပဲလေ...ချန်ပီယံဆုအတွက် အသန်မာဆုံး ပြိုင်ပွဲဝင်တစ်ယောက် ငါဘယ်လိုလုပ်ပြီး မင်းရဲ့ဆိုင်ကို ပိတ်ပစ်မှာလဲ...ငါရဲ့ အားပေးထောက်ခံမှုကို ပြသဖို့တောင် နောက်ကျနေပြီ မနက်ဖြန်ကျရင် ငါကိုယ်တ်ိုင် မင်းရဲ့ ဆိုင်လေးကို လာလည်ပါဦးမယ်...ပြီးရင် ဆေးန်းတော် အုပ်ချုပ်သူကိုယ်တိုင်က ဂုဏ်ပြုလက်ဆောင်ရေးပြီး ပေးပါဦးမယ်..."


ဟန်လီ၏ မျက်နာအမူအရာက ချက်ချင်းပင်ပြောင်းလဲသွားပြီး သူ အလောတကြီးပြောလိုက်သည်။သူ့၏ အပြောင်းအလဲနိုင်မှုက လူများကိုပင် မျက်စိပွင့်သွားစေသည်။သူ့၏ လက်အောက်ငယ်သားကလည်း ဇဝေဇဝါဖြစ်သွားကြသည်။


"ဘာတွေဖြစ်နေတာလဲ...ငါတို့က သူအမ်ိန့်ပေးလို့ စွမ်းအားအကုန် ထုတ်သုံးပြီး ငရဲကမ္ဘာသင်္ဘောကို ဆွဲထားတာလေ...အခုဘာလုပ်ရမှာလဲ လွှတ်ရမှာလား မလွှတ်ရဘူးလား..."


ခွေးဘုရင် မလှုပ်ရှားခင်မှာပင် နယ်သာရီ၏ အေးစက်လှသော အကြည့်များက ထိုလက်အောက်ငယ်သားများအပေါ်သို့ ဝေ့ဝဲသွားလေသည်။ဟန်လီ၏ လက်အောက်ငယ်သားများ၏ ကျင့်ကြံမှုကလည်း အလွန်သန်မာလှပေသည်။သူတို့က အနည်းဆုံး မသေမျိုးခန္ဓာအဆင့် ၃ဆင့် ချိုးဖောက်ပြီးသည့် သူများဖြစ်ကြသည်။


သို့သော်လည်း နယ်သာရီ၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသည့်အခ်ျိန်၌ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။လှပလှသော နတ်ဘုရားမလေးဆီမှ သတ်ဖြတ်ခြင်း အငွေ့အသက်လှိုင်းများ ဖြာထွက်လာသည်ကို တွေ့လိုက်ရ၏။


"သတ်ချင်နေတာလား...ချီးပဲ..."


အလှလေးက သူတ်ို့ဆီ လက်ညှ်ိုးညွှန်လိုက်သည်ကို တွေ့လိုက်သောအခါ၌ သူတို့၏ နှလုံးသားများတင်းကျပ်သွားလေသည်။


ဖန်း...ဖန်း....ဖန်း...


သွေးများပြန်ကြဲသွားသည်။လက်အောက်ငယ်သားများ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သွေးတစ်လုတ်စီ အန်လိုက်ရသည်။ထို့နောက် သူတို့၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။


သူတ်ို့၏ ရင်ဘတ်၌ ထိုးဖောက်ခံလိုက်ရပြီး သူတ်ို့၏ နှလုံးသားများပင် ဆံချည်မျှင်ကြောင့် ဖြတ်တောက်ခံလိုက်ရနီးပါးဖြစ်သွားလေသည်။သို့သော် ကံကောင်းထောက်မစွာဖြင့်ပင် သူတို့ဝတ်ဆင်ထားသော အကာအကွယ်ဝတ်စုံမှ အလင်းရောင်များ တောက်ပလာပြီး ထိုဆံပင်များကို ကာကွယ်ပိတ်ဆို့ပေးလိုက်သည်။


ထိုလှုပ်ရှားမှုလေး အနည်းငယ်က နယ်သာရီ၏ ခွန်အားများကို စုပ်ယူလိုက်ပုံပေါ်လေသည်။သူမ၏ သွေးနီရောင် သန်းလာပြီဖြစ်သောမျက်နာက ပြန်လည်၍ ဖြူဖျော့သွားပြီး တုန်ယင်သွားသည်။


ပုဖန် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။


ဒီအမျိုးသမီးကတော့ သူ့မှာ ခွန်အားအလုံအလောက်မရှိဘူးဆိုတာ သူသိတယ်မဟုတ်ဘူးလား...ဘာလို့ တ်ိုက်ခိုက်လိုက်ရတာလဲ...ဒါကဘာလဲ...အရမ်းကို ပမွှားထောင်လွှားတဲ့ ငရဲကမ္ဘာအမ်ျိုးသမီးရဲ့ အကျင့်လား...


သက်ပြင်းအသာချလိုက်ပြီးခရမ်းအနှစ်သာရ အနည်းငယ်ကို ထုတ်ယူ၍ ထပ်မံပေးလိုက်ရလေသည်။


ဟန်လီ သွေးချောင်းအဆက်မပြတ်ဆိုးနေသော သူ့၏ လက်အောက်ငယ်သားများနှင့် သေဆုံးသွားပြီဖြစ်သူတစ်ချို့ကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲ၌ အေးစိမ့်မှုများ ပြည့်လာလေသည်။နောက်ဆုံးတော့ ထိုငရဲကမ္ဘာသင်္ဘောပေါ်တွင် မကောင်းဆိုးဝါးနှစ်ကောင်ရှိကြောင်း သတိပြုမိလိုက်လေသည်။


ခွေးဝတုတ်နှင့် ထ်ိုအနက်ရောင်ဆံပင်နှင့် အမျိုးသမီးက သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေပေသည်။သူတို့က ထိုစားဖိုမှူး၏ အင်အားစုဖြစ်နေကြသည်။ထို့ကြောင့်သာလျှင် ရှေးဟောင်းရှုရမြို့တော်မှ လူများကို ပြန် ည်ဆုတ်ခွာသွားရန် ဖိအားပေးနိုင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။


ထိုခွေးဝတုတ်တစ်ကောင်တည်းဖြင့်ပင် သေမတက် ကြောက်စရာကောင်းနေပေပြီ။အနည်းဆုံးတော့ မသေမျိုး စိတ်ဝိညာဉ်အဆင့် ပညာရှင်ကို မည်သူမှ တိုက်ခိုက်ရဲကြမည်မဟုတ်ပေ။


သို့သော်လည်း မသေမျိုး ဝိညာဉ်အဆင့်က ဘယ်လောက်များများရှိနိုင်ပါသလဲ...သူတို့၏ ဆေးနန်းတော် တစ်ခုလုံးတွင်မှ လေးယောက်သာလျှင်ရှိလေသည်။


သူတို့က ဒီနေရာသို့ ထိုခွေးနှင့် ရင်ဆိုင်ရန်အတွက် အပြေးလာခဲ့မိခြင်းလား...


"ဒီနေ့ ဖြစ်သွားတာတွေက နားလည်မှု လွဲသွားတာပါ...ငါဟန်လီက နောက်တစ်နေ့ကျရင် ကိုယ်တိုင်ကိုယ်ကျ လာပြီး တောင်းပန်ပါဦးမယ်...မင်းတို့အားလုံး ပင်ပန်းနေကြပြီ ဟုတ်တယ်မဟုတ်လား...အမျိုးသမီးရဲ့ အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို ကြည့်လိုက်ကြပါဦး...မြန်မြန်ပြန်ပြီး အနားယူကြတော့ တစ်ခြားကိစ္စရှိသေးတယ်ဆ်ိုလည်း နောက်တစ်ခါကျမှပြောကြတာပေါ့..."


ဟန်လီက ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။ထိုမြင်ကွင်းကို မြင်လိုက်ကြသူများက တံတွေးပင် သီးနင်သွားကြသည်။


"တကယ်တမ်းတော့ ဆေးနန်းတော်ရဲ့ အုပ်ချုပ်သူ ဆိုတာ...ဥပျော့ကြီးလား...သူ့ရဲ့ ဒေါသတွေက ဘယ်ရောက်သွားလဲ...ဘာ ငါက မလုပ်နိုင်ရင် ဘယ်သူများလုပ်နိုင်ဦးမလဲဆို အခုတော့ အဲ့ဒီဒေါသက ဘယ်ရောက်သွားတာလဲ ခွေးစားသွားပြီလား..."


သူက အားနည်းသည့်သူကို မည်သို့ အန်ိုင်ကျင့်ရမည်ကို သိသည့်သူသာဖြစ်သည်။အဂ္ဂိရတ်ပညာရှင်များ၏ မျက်နာပေါ်တွင် အထင်သေးသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။


ဆေးနန်းတော်၏ အုပ်ချုပ်သူ ဆိုသည့်အတိုင်း အခြေအနေနဲ့ လိုက်၍ ပြောင်းလွယ်လှပေသည်။


ခွေးဘုရင် မျက်လုံးလှန်လိုက်မိသည်။ထိုကဲ့သို့ အရှက်မရှ်ိသည့်သူမျိုးကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။


ထိုကဲ့သို့သော သူများကို သူ့လက်များကို သန့်ရှင်းရသည်လောက် စိတ်မဝင်စားပေ။ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့်ပင် သက်တောင့်သက်သာ ရှိမည့်နေရာကို လိုက်ရှာလိုက်ပြီး ပြန်လည် လှဲအိပ်ချလိုက်သည်။


"ဒီတစ်ကြိမ်တော့ ငါခွေးဘုရင်ကို ဘယ်သူမှ လာမနှောက်ယှက်နဲ့တော့..."


.....


ပုဖန် ရှစ်လေး၏ ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး သတင်းကြော်ငြာတင်ဆက်သူကဲ့သို့ ပြုံးပြုံးကြီး ဖြစ်နေသည့် အုပ်ချုပ်သူ၏ မျက်နာကို ကြည့်လိုက်သည်။


နယ်သာရီက ငရဲကမ္ဘာသင်္ဘောကို စတင်ထိန်းချုပ်လိုက်ပြီး စတင်အရှိန်တင်၍ ရွက်လွှင့်လိုက်သည်။ထို့နောက် မြူကောင်းကင်မြို့၏ ရင်ပြင်ကျယ်က အနောက်တွင်ကျန်ခဲ့လေသည်။


တဖြေဖြေးပျောက်ကွယ်သွားသော ငရဲကမ္ဘာသင်္ဘောပုံရိပ်ကိုကြည့်ပြီး ဟန်လီ၏ မျက်နာပေါ်ရှိ အပြုံးက ပြန်လည်ပျောက်ကွယ်သွားသည်။ထို့နောက် သူ လတ်ဆတ်လှသောသွေးတစ်လုတ်အန်ထုတ် လိုက်လေသည်။


သူ့၏ ကောင်းကင်နှင့် ကမ္ဘာမြေဖိအားများက ထိုခွေးကြောင့် ပျက်ပြယ်သွားခဲ့ရသည်။ထိုအချိန်ကပင် သူ ဒဏ်ရာရခဲ့ရပြီဖြစ်သည်။


"ဒီမှာ ဘာများကြည့်စရာရှိနေသေးလို့လဲ...အားလုံးသွားကြတော့..."


ဟန်လီ မျက်နာအမူအရာမဲမှောင်စွာဖြင့် အေးစက်စွာအော်ဟစ်လိုက်သည်။


"ငါတို့ ဆေးနန်းတော်ရဲ့ အချုပ်ထောင်ကို သွားပြီးတော့ ရှေးဟောင်းရှုရမြို့တော်က အပြစ်သွားတွေကို သွားစစ်ဆေးရမယ်...ဒီနေ့ဖြစ်ခဲ့တဲ့အကြောင်းကို ဘယ်သူမှ စကားလုံး တစ်လုံးထွက်မလာနဲ့ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့..."


 ဟန်လီက ခွေးဘုရင်နှင့်ရင်ဆိုင်ခဲ့ရချိန်တွင် ခေါင်းငုံ့ခံရသော်လည်း ဆေးနန်းတော်၏ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး လူများကို အမိန့်ပေးနိုင်စွမ်းရှိသည့် အာဏာကိုကိုင်ထားဆဲဖြစ်သည်။


မည်သူမှ သူ့ကိုမဆန့်ချင်ရဲသောကြောင့် လျှင်မြန်စွာပင် ခေါင်းညိတ်ကြလိုက်သည်။


ရင်ပြင်ကျယ်ထဲမှ သူများကလည်း တဖြေးဖြေးချင်း ထွက်ခွာသွားကြလေသည်။


သတ်ိပေးစကားပြောကြားခံလိုက်ရသော်လည်း ပြိုင်ပွဲ၏ နောက်ဆက်တွဲကိစ္စများက တောမီးပမာ လျှင်မြန်စွာပြန့်နှံ့သွားလေသည်။


ထိုဖျက်မြင်းစားဖိုမှူး၏ နောက်ခံက ကြောက်စရာကောင်းလှသည်။သူ့၏ ခွေးက ရှုရအရှင်သခင်၏ ကိုယ်ပွားကို မောင်းထုတ်နိုင်ခဲ့သည့်အပြင်ဆေးနန်းတော်၏ အုပ်ချုပ်သူကိုပင် နှိမ့်ချတောင်းပန်နိုင်အောင် လုပ်နိုင်ခဲ့လေသည်။


၎င်းက ကြောက်စရာကောင်းလွန်းလှသည်။ပုဖန်သည် ဖျက်မြင်းတစ်ကောင်အဖြစ်မှနေ၍ ခွေးအသုံးပြု၍ တိုက်ခိုက်သူအဖြစ် နာမည်ကျော်ကြားလာပြန်သည်။


ယခုအခါ၌ သူက လူအများ၏ အာရုံစိုက်စရာဖြစ်နေပေပြီ။ပွဲကြည့်ပရိတ်သတ်များက နောက်တစ်ပတ်တွင် လာမည့် ပြိုင်ပွဲကို ပို၍ပင် စိတ်ဝင်တစားစောင့်မျှော်နေကြပေသည်။


....


ပါရမီရှင် အဂ္ဂိရတ်ပညာရှင်နှစ်ယောက်နှင့် စားဖိုမှူးတစ်ယောက်၏ ပြိုင်ပွဲ...


အဂ္ဂိရတ်ပညာရှင်နှစ်ယောက်ထဲမှ တစ်ယောက်က မုပိုင်ဖြစ်သည်။ပြိုင်ပွဲက မစတင်သေးသော်လည်း ဆေးနန်းတော်တွင်နေထိုင်ကြသူများက နေ့တိုင်း ပြောဆိုနေကြသည့် ခေါင်းစဉ်ဖြစ်နေရပေတော့သည်။


ထိုကိစ္စရပ်များနှင့် နှိုင်းယှဉ်လိုက်လျှင် ရှေးဟောင်းရှုရမြို့တော်က အာရုံစိုက်ခြင်းမခံရတော့ပေ။သို့သော်လည်း ဖြစ်ပွားထားသော ကိစ္စရပ်များက အလွယ်တကူ ပြီးစီးသွားလိမ့်မည်မဟုတ်ပေ။


ဆေးနန်းတော်နှင့် ရှေးဟောင်းရှုရမြို့တော်တို့က နဂါးမြို့ဟောင်းတိုက်ကြီးတွင် အခွင့်အာဏာ ရှိကြသူများဖြစ်ကြသည်။သူတို့ စော်ကားခံရမှုကို ဒီတိုင်းကျော်ခွမသွားပေးနိုင်ပေ။ဒီကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ခု ပြုလုပ်ရပေမည်။


သို့သော်ထိုအချက်အလက်များကို ဆေးနန်းတော်တွင် နေထိုင်သည့် သူများအား အသိမပေးထားခဲ့ပေ။


ဟန်လီက အရှက်ခွဲမှု များစွာကို ကြုံလိုက်ရသောကြောင့် သူ့၏ မျက်နာက ရုပ်ဆိုးနေပေပြီ။


သို့သော်လည်း သူ့နှလုံးသားထဲတွင်တော့ လက်မလျှော့နိုင်သေးပေ။ရှုရမျှော်စင်၏ ဆွဲဆောင်မှုက ကြီးမားလှသောကြောင့် သူဒီတိုင်း အရှုံးမပေးလိုက်နိုင်ပေ။


သံမဏိ အဆောက်အအုံအတွင်း၌ ဟန်လီက ပြတင်းပေါက်ဘောင်ကိုကိုင်၍ မတ်တပ်ရပ်နေခဲ့သည်။ ထိုကောင်လေးကို အမျိုးသမီးနှင့် ခွေးတစ်ကောင်က အမြဲတမ်းလိုလို ကာကွယ်ထားသောကြောင့် သူတစ်ယောက်တည်းတွေ့နိုင်မည့် အခွင့်အရေးကို ရှာရပေမည်။


ပဉ္စလက်စုဝေးပွဲကြီးတွင် ထိပ်သီး ၃ယောက် အတွင်းပါဝင်ခဲ့သော သူက ကောင်းကင်ဘုံ လျှို့ဝှက်နယ်ပယ် အတွင်းသို့ ဝင်နိုင်မည့်အခွင့်အရေးရရှိပေလိမ့်မည်။


ထိုကောင်းကင်ဘုံ လျှို့ဝှက် နယ်ပယ်က ဆေးနန်းတော်၏ အကြီးမားဆုံး လျှို့ဝှက်နယ်ပယ်ဖြစ်သည်။ထိုနေရာတွင် မြောက်များလှစွာသော သဘာဝရတနာများစွာ ရှိနေသည်။ထိုအခွင့်အရေးကို စားဖ်ိုမှူးက လုံးဝ လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။


ထိုအခ်ျိန်ရောက်လျှင် သူရှုရမျှော်စင်ကို လုယူဖို့ အခွင့်အရေးရပေလိမ့်မည်။


ဟန်လီ၏ မျက်ဝန်းများက နက်ရှ်ိုင်းသွားပြီး သူ့၏နှုတ်ခမ်းပေါ်၌ အေးစက်လှသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။