အပိုင်း ၅၅၅
Viewers 52k

အခန်း ၅၅၅

တတိယမြောက် နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်း...


ရုတ်တရက် အစစ်အမှန် စွမ်းအင်များ တိုးမြင့်လာသောကြောင့် ပုဖန် ထိတ်လန့်သွားမိပြီး သင်္ကာမကင်းဖြစ်သွားမိသည်။သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များက ပွက်ပွက်ဆူနေသော ရေကဲ့သို့ လှုပ်ရှားလာသည်။ဒီရေတိုးတက်လာသလိုမျိုး စွမ်းအင်ရေဝဲထဲ၌ စွမ်းအင်များ အရူးအမူး လှည့်ပတ်စီးဆင်းလာလေသည်။


လှည့်ပတ်သည့်အရှိန်က ပိုပိုပြီး မြန်လာ၏။မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ထိုစွမ်းအင်ရေဝဲထဲ၌ အဖြူရောင်အလင်းလုံး တစ်လုံးဖြစ်တည်လာသည်။


ဝီ...


ထူးခြား ဆန်းကြယ်လှသော စွမ်းအင်လှိုင်းတစ်လှိုင်း သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။သူ့၏ အရိုးအဆစ်များ အားလုံး တမဟုတ်ချင်း ပွင့်ထွက်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးဆီမှ စွမ်းအားများကို အရူးအမူး စုပ်ယူတော့သည်။


"ဂုဏ်ယူပါတယ် ပိုင်ရှင်...သတ်မှတ်ထားတဲ့ အမြတ်စွန်း ပမာဏ ပြည့်မီ ပြီဖြစ်သောကြောင့် ယခု အဆင့်မြင့်တင်နေပါပြီ..."


အသိပေးခြင်းမရှိပါပဲ ပုဖန်၏ ခေါင်းထဲတွင် စနစ်၏ တည်ကြည်လေးနက်လှသော အသံ ထွက်ပေါ်လာသောကြောင့် သူအနည်းငယ် မူးဝေသွားမိသည်။


သူတကယ့်ကို နောက်ထပ်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပေပြီ။ပုဖန်၏ စိတ်ထဲ၌ အနည်းငယ်နာကျင်ဝမ်းနည်းနေသည်။လေအလင်း အင်ပါယာမှ ဖန်ဖန်ဆိုင်ငယ်လေးနှင့် မြူကောင်းကင်မြို့မှ တိမ်ခိုးစားသောက်ဆိုင် နှစ်ဆိုင်၏ စီးပွားရေး လုပ်ငန်း ပေါင်းသည်တောင်မှသူ နောက်တစ်ဆင့်တက်နိုင်ရန် ၂လ အချိန် ကြာခဲ့သည်။


တကယ်တမ်းတွင် ထိုအချိန်ကကြာမြင့်လှသည် မဟုတ်သော်လည်း သူ့အတွက်တော့ အလွန်အမင်း ကြာညောင်းသွားသလို ခံစားရသည်။


"တန်ခိုးရှင် အဆင့်ရဲ့ အထပ်က မသေမျိုးနယ်ပယ်ပဲ ဒီတစ်ကြိမ် အဆင့် ချိုးဖောက်ပြီးသွားရင် နောက်တစ်ကြိမ်ဆိုရင်တော့ ငါ မသေမျိုး ဝိညာဉ်အဆင့်ကို ချိုးဖောက်န်ိုင်တော့မယ်..."


ပုဖန် မေးစေ့ကိုပွတ်ရင်း အတွေးနက်နေမိသည်။နံရိုးချိုချဉ်ကြော်ကို ပျော်ပျော်ကြီးစားသောက်နေသော ခွေးဘုရင်က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် သူခေါင်းမော့ကြည့်လိုက်သည်။


သူအဓိပ္ပါယ်ပါသည့် အကြည့်တစ်ချက်ဖြင့် ပုဖန်ကိုကြည့်လိုက်သည်။ထို့နောက် သူ့၏ အစားကိုသာ လောဘတကြီး ပြန်လည် လုစားနေသည်။သူ့ခန္ဓာကိုယ်ရှိ အဆီပြင်များက ကြမ်းကြမ်းတမ်းတမ်းပင် လှုပ်ခါနေလေသည်။


ကတော်...ကတော်...


ရှစ်လေးက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် စားသောက်နေလေသည်။မူလပထမက သူ မွှေးရနံ့များ ကြိုင်လှိုင်စွာ ထွက်နေသည့် နဂါးသွေးထမင်းကြော်ကို မစားရဲပေ။သို့သော်လည်း သူ မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။


သူ နဂါးသွေးထမင်းကြော်ကို မြည်းကြည့်ပြီးနောက် လုံးဝ အထိန်းချုပ်နိုင်တော့ပဲ အဆက်မပြတ် စားသုံးတော့သည်။ကြက်တစ်ကောင်အနေဖြင့် ထိုကောင်းမွန်လှသောအရသာက သူ နတ်ပြည်ကို ရောက်သွားသလို ခံစားလိုက်မိသည်။ကြမ်းတမ်းခြောက်သွေ့လှသော ဆေးပင်များနှင့် နှိုင်းယှဉ်လိုက်လျှင် ဒီဆန်က အပုံကြီးသာပေသည်။


နဂါးသွေးထမင်းကြော်ကို စားပြီးနောက် နယ်သာရီ၏ မျက်နာအမူရာက ပို၍ အခြေအနေကောင်းမွန်လာသည်။စိတ်ဝိညာဉ် အနှစ်သာရများကို လုံလောက်စွာ ဖြည့်တင်းပြီးနောက် သူမ၏ အခြေအနေက ကြီးကြီးမားမားတိုးတက်လာလေသည်။


သူမပန်းကန်ကို ကိုင်လိုက်ပြီး ထမင်းတစ်လုံးမှမကျန်အောင် ပြောင်စင်အောင်လျက်လိုက်သည်။ထမင်းကြော်၏ အရသာက ပိုကောင်းလာသလိုပင် ခံစားမိလ်ိုက်သည်။သူမ ပန်းကန်လုံးကို ပြန်ချထားလ်ိုက်ပြီး နှုတ်ခမ်းဆူထားလိုက်သည်။


ထိုအမူအရာအရ စိတ်မကျေမနပ်ဖြစ်နေပြီး နောက်ထပ် ထမင်းကြော်တစ်ပွဲ ရနိုင်ရန် တောင်းတနေကြောင်းသိလ်ိုက်ပေသည်။ရုတ်တရက် နယ်သာရီ၏ မျက်လုံးများက သူမနှင့် မလှမ်းမကမ်းရှ်ိ ရှစ်လေးဆီသို့ ရောက်ရှ်ိသွားပြီး မျက်ဝန်းများတောက်ပသွားလေသည်။အဘယ့်ကြောင့်ဆိုသော် ရှစ်လေး အစာစားနေသည့် ပန်းကန်ကို သတ်ိပြုမိလိုက်သောကြောင့်ဖြစ်သည်။


"နဂါးသွေးထမင်းကြော် သွေး...ထမင်း...ထမင်း..."


ရှစ်လေး၏ မျက်လုံးသေးသေးလေးများက ထမင်းပန်းကန်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေသည်။တစ်စေ့ပြီးတစ်စေ့ ကြက်တစ်ကောင်၏ ဘဝက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေသည်။


ဟမ်..."


သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ရုတ်တရက် လေပေါ်မြောက်သွားသလို ခံစားလိုက်ရသည်။အကြောင်းတစ်ချို့ကြောင့် သူ ထမင်းပန်းကန်နဲ့ ပိုပိုဝေးသွားပြီး လှမ်း၍ပင် မမှီနိုင်တော့ပေ။


"ဘာလို့ ခန္ဓာကိုယ်က ရွှေ့ရအရမ်းခက်နရတာလဲ..."


နဟ်သာရီက ဆူပုပ်ပုပ်ဖြင့် ရှစ်လေးက်ို ကိုင်မြောက်ထားသည် ထို့နောက် ပုဖန်ဆီက သင်ထားသည့် နည်းအတိုင်း ရှစ်လေး၏ ခေါင်းကို ခပ်သာသာပွတ်ပေးလိုက်သည်။


ထို့နောက် သူမ၏ လက်ညှိုးပေါ် ထမင်းစေ့တစ်စေ့ကို သေချာစွာတင်လိုက်ပြီး ရှစ်လေးကို ကျွေးလိုက်သည်။ရှစ်လေး ခဏမျှ တောင့်တင်းသွားပြီးနောက် သူပျော်ရွှင်စွာပင် ကောက်စားလိုက်သည်။


နယ်သာရီ၏ မျက်ဝန်းထောင့်စွန်းလေးများ ကွေးညွှတ်သွားပြီး သူရှစ်လေး၏ ခေါင်းကို နောက်တစ်ကြိမ် ပွတ်ပေးလိုက်ပြန်သည်။ထ်ို့နောက် နောက်ထပ်ထမင်းတစ်စေ့ကိုယူ၍ ယခင်တိုင်း ထပ်မံ ကျွေးလိုက်ပြန်သည်။ရှစ်လေးကလည်း ပျော်ရွှင်စွာဖြင်က ထပ်မံ စားလိုက်ပြန်သည်။


ဟမ်း...ဒီအမျိုးသမီးက ကြက်ကိုတောင် အစာခွံ့ကျွေးနေပါလား...ဘယ်လောက်တောင်ကြင်နာတတ်လိုက်သလဲ လှပပြီး ကြင်နာတက်တဲ့ အမျိုးသမီး ...


သူ့၏ ခေါင်းကို ကြမ်းကြမ်းတမ်းတမ်း အားကြီးဖြင့်ပွတ်သော စားဖ်ိုမှူးထက်စာလျှင် သူမကပို၍ ကောင်းမွန်ပေသည်။နောက်ထပ်ထမင်းတစ်စေ့စားပြီးနောက် ရှစ်လေး စိတ်လှုပ်ရှားစွာဖြင့် ခေါင်းတည်ိတ်ညိတ်လှုပ်လိုက်မိသည်။


သို့သော်လည်း စိတ်လှုပ်ရှားမှုများက ကြာရှည်ပင် မခံလိုက်ပဲ နယ်သာရီကို မျက်လုံးပြူးများဖြင့် ကြည့်နေလိုက်မိသည်။သူမက ထမင်းကြော် လက်တစ်ဆုတ်ယူလိုက်ပြီး သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။သူ့ပန်းကန်ထဲမှ ထမင်းများ လျှင်မြန်စွာ ပျောက်ဆုံးသွားသည်ကိုသာ ကြောင်အစွာ ကြည့်နေမိကြလေသည်။


"နင့်အတွက် တစ်စေ့ ငါ့အတွက် တစ်လုတ်..."


နယ်သာရီက သူမ ပါးစပ်ထဲမှ ထမင်းကို ဝါးလိုက်ပြီးနောက် နောက်ထပ်ဆန်စေ့တစ်စေ့ကိုယူပြီး ရှစ်လေး၏ နှုတ်ခမ်းနားတေ့ပေးလိုက်ကာ ပါးစပ်မှလည်းထိုသို့ တတွတ်တွတ် ရွတ်ပေးလိုက်သည်။


ဒီကမ္ဘာကြီးပေါ်၌ ချစ်ကြင်နာမှုများကို ရှာမတွေ့နိုင်သကဲ့သို့ပင် ရှစ်လေး၏ မျက်နာအမူအရာက ရုပ်ဆိုးသွားပေသည်။


ဒါက ကြက်ကို လိမ်လည်လှည့်ဖြားနေတာပဲဆိုတာ သိရဲ့လား...


ပုဖန်လည်း ထိုမြင်ကွင်းကိုကြည့်၍ သက်ပြင်းရှည်တစ်ချက်ချလိုက်မိသည်။ရှူထုတ်လိုက်သော လေထဲ၌ပင် သိပ်သည်းလှသည့် အစစ်အမှန်စွမ်းအင်များပါဝင်နေပေသည်။


ထို့နောက် သူ့အခန်းဆီသို့သာ ပြန်သွားလိုက်သည်။အခန်းတံခါးကို သေချာစွာပ်ိတ်ပြီးနောက် တမလင်ခွေ၍ ထိုင်ချလိုက်သည်။သူ့၏ ခန္ဓာကိုယ်က စတင်တုန်ခါလာသည်။ခဏအတွင်းမှာပင် အရေပြားမှနေ၍ အစစ်အမှန်စွမ်းအင်များ စိမ့်ထွက်လာသလိုပင် ခံစားလိုက်ရသည်။


ပုဖန်၏ နှလုံးသားထဲ၌ သံသယများ ပြည့်နှက်သွားသည် ဒီတစ်ကြိမ် အဆင့်တက်မှုက တခြားအချိန်များနှင့် ကွာခြားနေသည်ကို သတိပြုမိလိုက်၏။


"ဘာတွေဖြစ်နေတာလဲ ..."


အရင်အချိန်များ၌ သူ့၏ အဆင့်တက်မှုက လှုပ်လှုပ်ရှားရှားမဖြစ်ပဲ သိုသိုသိပ်သိပ်ဖြင့်သာ ပြီးဆုံးသွားသည်။သူ့၏ စွမ်းအင်များကလည်း စမ်းချောင်းထဲမှ ရေများစီးဆင်းသကဲ့သို့ပင် ညှင်သာစွာ စီးဆင်းနေလေသည်။ယခုအချိန်၌မူ သူ့၏ စွမ်းအင်များက မုန်တိုင်းတစ်ခုကဲ့သို့ပင် ပြင်းထန်နေလေသည်။


"ဒါက မသေမျိုး နယ်ပယ်ကို လှမ်းတက်တာကြောင့်များဖြစ်နိုင်လား..."


သူ့ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေသလို ခံစားချက်က အနည်းငယ်မသက်မသာဖြစ်စေလေသည်။သူရေချိုးသန့်စင်လိုက်ပြီးနောက် ခန္ဓာကိုယ်၏ အပူခ်ျိန်က အနည်းငယ်လျော့ကျသွားသည်။သူ့ခေါင်းကလည်း မူးဝေနေပေပြီ။


ခြေလှမ်းအနည်းငယ် ကြိုးစားလှမ်းလိုက်ပြီး အိပ်ယာပေါ် မှောက်ချလိုက်ကာခေါင်းအစိုအတိုင်း အိပ်ပျော်သွားလေသည်။


.....


ပြတင်းပေါက်မှ တစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသော မနက်ခင်းနေရောင်ခြည် နုနုက ပုဖန် မျက်နာပေါ် ကျရောက်လာသည့်အချိန်တွင် သူနိုးထလာခဲ့သည်။


သူ့၏ မျက်ဝန်းများက ယခုအထိ ငိုက်မြည်းနေတုန်းဖြစ်သည်။မနေ့ညက ပူလောင်သော ခံစားချက်များ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ပုဖန် မျက်တောင်ပုပ်ခတ်ပုပ်ခတ် လုပ်လိုက်မိသည်။မှန်ပေသည်။ယခုသူ အလွန်ပင် သက်တောင့်သက်သာရှိနေသည်။


သူ့၏ စိတ်ကလည်း အလွန်ကြည်လင်နေသည်။ထို့အပြင် သူ့၏ စိတ်စွမ်းအားကလည်း အဆပေါင်းများစွာပို၍ သန်မာလာပုံရလေသည်။ပုဖန် မျက်ဝန်းများ မှေးကျင်းလိုက်သည်။သူ့ရှေ့မှ အရာရာတိုင်းက အလွန်ပင် ကြည်လင်နေလေသည်။သစ်သားစားပွဲပေါ်၌ ရေးထိုးထားသော လိုင်းကလေးကိုပင် မြင်နေရသည်။


"အဆင့် ချိုးဖောက်တက်ရောက်မှုအောင်မြင်သွားတာလား ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူ့၏ နှလုံးသားထဲ၌လည်း သူ့ခန္ဓာကိုယ်၏ အခြေအနေကို သိချင်စိတ်များ ပြည့်နှက်နေပေပြီ။သူ အိပ်ယာပေါ်မှ ထထိုင်လိုက်ပြီး စိတ်အခြေအနေကို ပြင်ဆင်လိုက်ကာ စနစ်၏ ဇယားကွက်ကို ဝင်ရောက်စစ်ဆေးလိုက်သည်။


ပိုင်ရှင် ပုဖန် ...


စွမ်းအင်ကျင့်ကြံခြင်းအဆင့် ။ ။ မသေမ်ျိုးနယ်ပယ်(အဆင့် ၁ မသေမျိုး ခန္ဓာအဆင့်)


အချက်အပြုတ်ကျွမ်းကျင်မှု ။ ။ ကြယ်လေးပွင့်နှင့် တစ်ဝက်


ကျွမ်းကျင်မှုများ ။ ။ ဒုတိယအဆင့် ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းပညာ (၁၀၀/၁၀၀) ၊ ဒုတိယအဆင့် အသားလွှာထွင်းထုခြင်စနည်းစနစ် (၁၀၀/၁၀၀) ၊ ဓားနည်းစနစ် ဓားဆယ့်သုံးကွက် အရှင်သခင် (၆/၁၃) ၊ လျှာကဝေအခင်းအကျင်း (၁/၆)


ပစ္စည်းများ ။ ။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား မဟူရာလိပ်ခုံးဒယ်အိုး(နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစများမှ)


အချက်အပြုတ်အဆင့် နတ်ဘုရားအဆင့် သတ်မှတ်ချက် ။ ။ အလယ်အလတ် စားဖိုမှူး (ချက်ပြုတ်ရေးစွမ်းရည်များက နောက်တစ်ဆင့်သို့ တက်ရောက်သွားပါပြီအချက်အပြုတ် နည်းလမ်းများနှင့်လည်း ပိုပြီး ရင်းနီးကျွမ်းဝင်လာပါပြီ...ယခု ချက်ပြုတ်ခြင်းခေါင်းစဉ်များကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်လိုက်ပါပြီ ယခုမှစတင်ပြီး စွယ်စုံရ ဟင်းပွဲများကို စတင်ချက်ပြုတ်နိုင်ပါပြီ...)


စနစ်၏အဆင့်။ ။ဒုတိယအဆင့် ကြယ် ၁၀ ပွင့် (စွမ်းရည်ပြောင်းလဲမှုအချိုး၁၀၀ %)


စနစ်မှ ဆု။ ။ စွယ်စုံရ ဟင်းပွဲ( ရှူးရှဲ အစပ်ချောင်း)၊နတ်ဘုရားအဆင့် ချက်ပြုတ်ရေးအပိုင်းအစများ (၃/၃)


[နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများကို စုဆောင်းနိုင်သွားပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်...ပစ္စည်းလဲချင်ပါသလား...]


"လဲမယ်...လဲမယ်..."


ပုဖန်လျှင်မြန်စွာပင် သဘောတူလိုက်သည်။နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းရမယ့် ကိစ္စကို သူငြင်းပယ်လိမ့်မည်မဟုတ်ပေ။ရွှေနါးအရိုး မီးဖိုချောင်သုံးဓားပဲ ဖြစ်ဖြစ် မဟူရာလိပ်ခုံး ဒယ်အိုးပဲဖြစ်ဖြစ် ချက်ပြုတ်သည့်နေရာတွင် အလွန်အထောက်အကူပြုပေသည်။


[လဲလှယ်မှု လုပ်ဆောင်နေပါသည်...လဲလှယ်မှု ပြီးဆုံးသွားပါပြီ...နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း နီရောင် စားဖိုမှူးဝတ်စုံကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်ပိုင်ရှင်...]


စနစ်၏ ကြေငြာသံ ပြီးဆုံးသွားပြီးနောက် သူ့၏ ရှေ့မှောက်၌ အစီအရင်လှိုင်းတစ်ခု ပေါ်လာသည်ကို သတိပြုမိလိုက်သည်။အစီအရင်အတွင်းမှ စွမ်းအင်လှိုင်းများ ပြန့်နှံ့ထွက်ပေါ်လာပြီးနောက် အဖြူနှင့် အနီရောစပ်ထားသော စားဖိုမှူးဝတ်စုံတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။


ပုဖန် အနည်းငယ် တွေဝေငေးမောမိသွားလေသည်။ထိုစားဖိုမှူး ဝတ်စုံက ရိုးရှင်းပြီး အလွန်လှပလွန်းလှသည်။သူ့ စိတ်ခန္ဓာနှစ်ခုလုံး ထိုဝတ်စုံ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။


ဝတ်စုံပေါ်တွင် လှပလှသော လိုင်းများကို ရေးဆွဲထားသည် ။ထိုလိုင်းများက ပျံသန်းနေသော ဖီးနစ်ငှက်တစ်ကောင်နှင့် တူလေသည်။သူ့၏ ပတ်ပတ်လည်တွင် နီရဲတောက်ပနေသော အမွှေးတောင်လေးများ ကျနေသည်။


ပုဖန် လေအေးတစ်ချက်ရှိုက်လိုက်မိသည်။လေထဲတွင် ဝဲလည်နေသော စားဖိုမှူးဝတ်စုံကိုကြည့်၍ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပဲ လက်လှမ်းလိုက်သည်။


လက်နှင့် ထိမိလိုက်သည်နှင့် ပိုးသားကဲ့သို့ နူးညံ့ချောမွေ့လှသည်ကို ခံစားမိလိုက်သည်။အတွေးတစ်ချက်နှင့်ပင် ဝတ်စုံက သူ့ခန္ဓာကိုယ်ပေါ်ရောက်လာလေသည်။နီရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်က ပို၍ သွယ်လျသွားသည်ဟု ထင်ရသည်။


သူ့၏ ရင်ဘတ်၌လည်း အင်္ကျီကြယ်သီးကဲ့သို့ အမွှေးလေးများရှိနေသည်။ဝတ်စုံ၏ နောက်ကျောဘက်က အလွန်ပင်ရှည်လျားလှပြီး အမွှေးတောင်များစွာ ကျဆင်းနေသည်။ပုဖန် လှုပ်ရှားလိုက်တိုင်း အနီရောင် ငှက်တစ်ကောင် ပျံတက်တော့မကဲ့သို့ပင် ထင်ရလေသည်။


ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။သူမှန်ရှေ့သွားရပ်လိုက်ပြီး ပို၍ ချောမောခန့်ညားလာသော သူ့ကိုယ်သူ ကြည့်လိုက်သည်။သူက အနည်းငယ် အံ့အားသင့်စရာပိုကောင်းလာသည်။ထိုနီရောင်စားဖိုမှူး ဝတ်စုံက သူ့၏ စိတ်ကိုပို၍ တက်ကြွစေလေသည်။


[နီရောင်စားဖ်ိုမှူးဝတ်စုံက နတ်ဘုရားအဆင့် ပစ္စည်းအစုံထဲမှ တစ်ခုဖြစ်ပါတယ်...အားကောင်းလှတဲ့ ခံစစ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး တစ်စုံတစ်ယောက်၏ လွှမ်းမိုးမှုမှ ငါးမိနစ်ခန့်လွတ်မြောက်အောင် ပြုလုပ်နိုင်ပါတယ်...တစ်ခါအသုံးပြုပြီးရင်တော့ သုံးရက်ခန့် အနားပေးရပါမယ်...နီရောင် စားဖိုမှူး ဝတ်စုံက ပိုင်ရှင်နှင့် ပါဝင်ပစ္စည်းများကြားထဲမှ စွမ်းအင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်ပေးနိုင်ပါတယ်...၎င်းက ပိုင်ရှင်ရဲ့ တုံ့ပြန်မှု မြန်နှုန်းကိုလည်း တိုးတက်လာစေပြီး စိတ်စွမ်းအားကိုလည်း တိုးမြင့်လာနိုင်စေန်ိုင်ပါတယ်...ပြီးတော့ ပိုင်ရှင်ရဲ့ ဆွဲဆောင်မှု ကျက်သရေကိုလည်း တိုးပွားလာနိုင်စေပါတယ်..."


စနစ်က စားဖိုမှူးဝတ်စုံ၏ အသုံးဝင်ပုံများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ထိုအကြောင်းအရာများကို ကြားပြီးနောက် ပုဖန်၏ အမူအရာက ထူးဆန်းလာလေသည်


"တခြားအသုံးဝင်ပုံတွေကလည်း မဆိုးပါဘူး...ငါးမိနစ်ခန့် မလွှမ်းမိုးနိုင်ဘူးဆိုတဲ့အချက်က တော်တော်အံ့အားသင့်စရာကောင်းနေပြီ...ဒါပေမယ့် ဆွဲဆောင်မှု ကျက်သရေ တိုးပွားလာစေမယ်ဆိုတာကတော့ ဘာကြီးတုန်း..."


...


ပုဖန် သူ့ကိုယ်ပေါ်မှ ဝတ်ရုံ၏ အသားကို ထိတွေ့လိုက်ပြီးနောက် အလွန်ပင် စိတ်ကျေနပ်နေမိသည်။ထိုဝတ်ရုံကို ဝတ်ဆင်ထားခြင်းက အလွန်အမင်းသက်တောင့်သက်သာဖြစ်စေလေသည်။


သို့သော်လည်း သူ့စ်ိတ်ထဲတွင် သံသယများရှိနေဆဲပင်ဖြစ်သည်။မနေ့က သူအဆင့် ချိုးဖောက်တက်ရောက်စဉ် ထူးဆန်းသည့် လက္ခဏာများပြသခဲ့သည်။


သို့သော်လည်း ပြီးနောက် အရင်အဆင့် ချိုးဖောက်တက်ရောက်မှုများနှင့် ကွဲပြားခြားနားမှုမရှိပေ။သူ့စိတ်ထဲမှ အကြောင်းအရာကို စနစ်အားထုတ်မေးလိုက်သည်။


[ပိုင်ရှင်က တကယ်ပဲ ပထမအဆင့်ကို ချိုးဖောက်တက်ရောက်နိုင်သွားပါပြီ...ဒါပေမယ့် ပထမအဆင့် စနစ်ဘားက ပြည့်သွားပြီ ဖြစ်တဲ့အတွက် ဒုတိယအဆင့် စနစ်ဘား ပြည့်သွားပါပြီ...တစ်ချို့အချက်အလက်လေးတွေ ပြောင်းလဲမှုရှိပါတယ်...]


"ဘာတွေ ပြောင်းလဲသွားတာလဲ..."


ပုဖန်၏ စိတ်ထဲ ထိတ်ခနဲ လန့်ခုန်သွားလေသည်။


[အခုလက်ရှ်ိ စနစ်က ဒုတိယအဆင့် စနစ်ဖြစ်ပါတယ်...ဒုတ်ယအဆင့် စနစ်မှာ ပြဌာန်းချက် နည်းလမ်းအနည်းငယ်ရှိနေပါတယ်...အဲ့ဒါတွေကတော့ ပိုင်ရှင် အဆင့်တက်ရောက်တဲ့အချိန်တိုင်း ဟင်းပွဲချက်ဖို့ လိုအပ်ပါတယ်...စနစ်ရဲ့ အကဲဖြတ် ခြင်းကို ပထမဦးဆုံး ပြသရပါမယ်...ပြီးတော့ ဖွင့်ချိန် ပိတ်ချိန်ကလည်း အကန့်အသတ်နဲ့ ရှိနေပါတယ်...]


စနစ်က တည်ကြည်လေးနက်သော အသုံဖြင့် စတင်ပြောဆိုလိုက်သည်။


[ဝှိုက်တီရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆေင့်ကို ရောက်ရှိသွားပါပြီ...ပိုင်ရှင်အနေနဲ့ အဆင့်မြှင့်တင်ထားသော လျှာကဝေအစီအရင်ကို ပြုလုပ်နိုင်ပါပြီ...]


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။အားလုံးက စနစ်၏ အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သတ်နေပုံပေါ်သည်။သို့သော်လည်း အဆင့်မြှင့်လာသော စနစ်က ခက်ခဲမှုများကိုလည်း ပို၍ အဆင့်မြှင့်ထားပေသည်။


ပုဖန် လေးလေးနက်နက် စဉ်းစားခန်းဝင်နေမိသည်။စနစ်၏ အဆင့် မြှင့်တင်လာခြင်းက သူ့အတွက် အက်ျိုးရှိသည်။သို့သော်လည်း သူ့အတွက် စစ်ဆေးမှုများကလည်း ပို၍ တင်းကျပ်လာခဲ့သည်။စစ်ဆေးမှု၌ လိုအပ်ချက်တစ်ခုရှိသည်နှင့် သူ့၏ အဆင့်တက်ရောက်မှုက ကျဆုံးသွားပေလိမ့်မည်။


စိုးရိမ်မှုနှင့် ပျော်ရွှင်မှုများ နှစ်ခုလုံးရှိနေပေသည်။သို့သော်လည်း ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအစာ ကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်တည်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာချင်သော ပုဖန်အတွက်မူ ကြောက်ရွံ့ထိတ်လန့်မှုမရှိပေ။


သူ့၏ နှုတ်ခမ်းပါးများက တဖြေးဖြေးပြန့်ကားလာပြီး အပြုံးတစ်ခု ပေါ်လာသည်။


သူ စနစ်၏ ဇယားကွက်ကို ဆက်ဖတ်လိုက်သည်။


"ဟမ်...စွယ်စုံရ ဟင်းပွဲ ၊ ရှူးရှဲ အစပ်ချောင်း...ဘာ... အစပ်ချောင်းလား..."