အခန်း ၅၅၆
မသိဘူး...ဖားမယ်...
"ဘာ...ရှူးရှဲ အစပ်ချောင်း..."
ထိုနာမည်ကို ကြားလိုက်သည်နှင့် သူရင်းနီးနေသလို ခံစားလိုက်ရသည်။သူ အရင်ကမ္ဘာတွင် အစပ်ချောင်းက အလွန်ပင်နာမည်ကြီးသည့် သရေစာတစ်မျိုးဖြစ်သည်။သူကိုယ်တိုင်က စားခဲလှသော်လည်း နာမည်ကြီးမှုအကြောင်းကိုတော့ သိပေသည်။
စားဖိုမှူးဝတ်ရုံကို ဝတ်ဆင်ထားပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ တိုးပွားလာသလို ခံစားလိုက်ရသည်။ပုဖန် သူ့၏ လက်သီးကို အသာအယာလွှဲယမ်းကြည့်လိုက်ရာ လေထဲတွင် က်ျိုးပဲ့သံ ဖျော့ဖျော့ထွက်လာသည်ကို ကြားလိုက်ရသည်။
ကြည့်ရသည်မှာ သူ့၏ ခွန်အားသက်သက်နှင့်ပင် လေဟာနယ်ကို ချိုးဖျက်နိုင်စွမ်းရှိနေပုံရသည်။သူ့၏ ခွန်အားများက ပို၍ သန်မာလာပေပြီ။ပုဖန်စိတ်ထဲမှ သက်ပြင်းအသာချလိုက်မိသည်။
မသေမျိုးနယ်ပယ်အဆင့်သို့ လှမ်းတက်လိုက်သည်နှင့် သူ့၏ ခွန်အားများက ဆတိုးတိုးပွားလာလေသည်။ယခင်ကသူ့၏ ဒန်တျန်ထဲတွင်ရေဝဲတစ်ခုသာ ရှိနေသည်။သူမသေမျိုးနယ်ပယ်သို့ ချိုးဖောက်တက်ရောက်ပြီးနောက် ဒန်တျန်ထဲတွင် အဖြူရောင်အမြူတေတစ်ခုအဖြစ် ဖြစ်တည်လာလေသည်။
သူ့၏ ဒန်တျန်ထဲမှ အစစ်အမှန်စွမ်းအင်များအားလုံး စုပေါင်းသွားပြီးနောက် အမြူတေတစ်လုံးဖြစ်ပေါ်လာခြင်းဖြစ်၏။ထို့နောက် ထိုအမြူတေမှ အစစ်အမှန်စွမ်းအင်များ ပြန်လည် ထုတ်ပေးပြီး ပုဖန်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းပါ တိုးတက်လာစေသည်။
ပုဖန် နီရောင် စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားရင်းဖြင့်ပင် အခန်းထဲမှ ထွက်လာခဲ့သည်။သူမီးဖိုချောင်ဆီသို့ ဦးတည်လိုက်ပြီး ပုံမှန်အတိုင်း တစ်နေ့တာကို စတင်ရန်ုပင်လိုက်သည်။
မီးဖိုခန်းတံခါး၏ ဘေးဘက်တွင် ဝှိုက်တီက ငြိမ်သက်စွာရပ်နေလေသည်။ယနေ့၌ ဝှိုက်တီ၌လည်း တစ်စုံတစ်ရာ ပြောင်းလဲနေပုံရသည်။ဝှ်ိုက်တီ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်လှသော အလင်းရောင်ဖျော့ဖျော့ထုတ်လွင့်နေသည်။ထိုအရာကို မြင်လိုက်သည့် ခဏ၌ ပုဖန်ပင် ကြောင်အငေးမောသွားမိသည်။
နောက်မှ သူ တစ်စုံတစ်ရာကို ပြန်လည်သတိရသွားသည်။ဝှိုက်ဆီ၏ တိုက်ခိုက်ရေးစွမ်းရည်များက တိုးပွားလာပြီး သူ့၏ အဆင့်က မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်နှင့် တူညီနေပြီဟု စနစ်က သတ်ိပေးသွားခဲ့ပေသည်။
၎င်းက ဝှိုက်တီ၏ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာရုံမျှမက သူ့ဆီမှ ထုတ်လွင့်နေသော အော်ရာများကပင် အရင်နှင့် ကွာခြားနေပေပြီ။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားပြီး ဝှိုက်တီ၏ လုံးဝန်းနေသော ဗိုက်ကို အသာအယာပုတ်လိုက်သည်။ထ်ို့နောက် ဝှိုက်တီခေါင်းပေါ်တွင် အိပ်ပျော်နေသော ပုစွန်ပိစိကို လှမ်းကိုင်လိုက်သည်။
ပုစွန်ပိစိကောင်က အိပ်စက်ခြင်းကို အလွန်အမင်း နှစ်သက်ပုံရလေသည်။ သူ့၏ ပါးစပ်မှ အမြှုပ်များတစ်စီစီမှုတ်နေပြီး မျက်နာပေါ်တွင် အိပ်မက်မက်နေသည့် အမူအရာမျိုးရှိနေသည်။
သူ စိတ်ဆိုးနေပုံရသော ပုစွန်ပိစိကို သူ့ပုခုံးပေါ်သို့ ပြောင်းတင်လိုက်သည်။ထိုအချိန်၌ ပိစိကောင်၏ မျက်ဝန်းများက ပွင့်လာလေသည်။ထို့နောက် သူ့၏ မြောက်များလှစွာသော ခြေထောက်လေးများကို လှုပ်ရှား၍ ပုဖန်၏ ပခုံးပေါ်တွင် ရွေ့လျားနေလေသည်။
ပုစွန်ပိစိ စိတ်ရှုပ်ထွေးသွားမိသည်။ဒီနေ့၌ ပုဖန်က ယခင်ကနှင့် ကွဲပြားခြားနားနေလေသည်။ပုဖန်ဆီမှ နွေးထွေးသော အငွေ့အသက်များကို ခံစားနေရင်းမှ အကြောင်းအရာကို ရှာတွေ့လိုက်သလို သူ့၏ မျက်ဝန်းများ မှေးစင်းသွားသည်။
ရယ်ချင်စရာကောင်းလှသော ပုစွန်ပိစိ၏ အမူအရာကိုကြည့်ရင်း ပုဖန် စိတ်ထဲမှ ကြိတ်ရယ်လိုက်မိသည်။ထိုပိစိကောင်က နီရောင်စားဖိုမှူးဝတ်စုံမှလာသောအငွေ့အသက်များကို ခံစားမိခြင်းဖြစ်ပေလိမ့်မည်။
ပြောရမည်ဆိုလျှင် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများထဲမှ တစ်ခုဖြစ်သော ဝတ်စုံ၏ အငွေ့အသက်က သာမန်နှင့်မတူ တမူထူးခြားနေပေလိမ့်မည်။
သူ ပုစွန်ပိစိ၏ ခေါင်းကို အသာပုတ်လိုက်ပြီး မီးဖိုခန်းထဲသို့ လှမ်းဝင်လိုက်သည်။သူ့လက်မှ အစိမ်းရောင်အခိုးအငွေ့များထွက်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ ပေါ်လာသည်။ပုဖန်၏ တစ်နေ့တာ အလုပ်များ စတင်လေပြီ။
နီရောင်စားဖိုမှူးဝတ်စုံ၏ ထောက်ပံ့မှုကြောင့် သူ့၏ စွမ်းရည်များက ပိုမိုတိုးတက်လာခဲ့သည်။ပါဝင်ပစ္စည်းများကို ကိုင်တွယ်သည့်နေရာတွင် သူ့တွက် ပိုမိုလွယ်ကူနေပေပြီ။ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ စွမ်းအင်များကို ထိန်းချုပ်ရာတွင်လည်း အလွန်ပင် လွယ်ကူနေပေပြီ။
အဆင့်ချိုးဖောက် မတက်ရောက်ခင်ကပင် သူ့၏ စိတ်စွမ်းအင်က အဆင့် ၃ မသေမျိုးခန္ဓာပညာရှင်နှင့် တန်းတူနီးပါးလောက်ရှိသည်။ယခုသူ့၏ ခန့်မှန်းချက်အရ သူ့စိတ်စွမ်းအင်များက အဆင့် ၅ မသေမျိုးခန္ဓာပညာရှင်နှင့်ပင် ယှဉ်နိုင်နေပေပြီ။
စိတ်စွမ်းအင်များ ဆတိုးတိုးတက်လာခြင်းက ချက်ပြုတ်သည့်နေရာ၌ များစွာ အထောက်အကူပြုလေသည်။
သူ့၏ ပါရမီစွမ်းအင်များ တိုးတက်လာသည်ကို ထည့်ပြောစရာပင်မလိုတော့ပေ။စကားတစ်ခွန်းတည်းဖြင့် ဖေါ်ပြရလျှင် ယခု ပုဖန်ကပဉ္စလက်စုဝေးပွဲကြီးတွင် ပါဝင်ခဲ့သော ပုဖန်ထက် များစွာ သာလွန်နေပေပြီ။
မွှေးရနံ့များ ထွက်ပေါ်လာပြီးနောက် မီးဖိုခန်းထဲ၌ မွှေးရနံ့များဖုံးလွှမ်း သွားလေသည်။ပုဖန် ဟင်းပွဲများသယ်၍ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။
အစားသရဲ နှစ်ယောက်က စားပွဲတွင် ထ်ိုင်စောင့်နေပေပြီ။
"ဟမ်..."
ရုတ်တရက် နယ်သာရီနှင့် ဘလက်ကီ၏ မျက်ဝန်းများ စူးရှသွားသည်။မီးဖ်ိုခန်းထဲမှ လျှောက်ထွက်လာသော ပုံရိပ်ကိုကြည့်၍ သူတို့ အံ့အားသင့်သွားကြသည်။
နွေးထွေးသည့် အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွင့်နေသည့် ပုံရိပ်က မျက်စိမလွှဲချင်အောင် ဆွဲဆောင်ထားပေသည်။
"ဒီကောင်စုတ်လေးက ဘယ်အချိန်တုန်းကများ အဲ့ဒီလောက်ထိ အရှိန်အဝါတွေ တိုးတက်လာရတာလဲ..."
ဘလက်ကီ လျှာတန်းလန်းထုတ်လိုက်ပြီး ငြီးတွားလိုက်မိသည်။သူဝတ်ထားသည့် စားဖိုမှူးဝတ်ရုံကိုလည်း ဂရုမထားမိဖို့ မဖြစ်နိုင်ပေ။ထိုအရာကပင် တကယ့်ကို မျက်စိပဓာသ ရှိလွန်းလှသည်။
ဘလက်ကီ မျက်မှောင်ကြုတ်လိုက်မိသည်။ပုဖန်၏ ဝတ်ရုံမှ ရင်းနီးကျွမ်းဝင်လှသော အော်ရာများကို ခံစားမိလေသည်။သို့သော်လည်းမည်ကဲ့သို့ ရင်းနီးကျွမ်းဝင်သည်ကိုမူ စဉ်းစားမရပေ။
"ထားလိုက်ပါတော့..."
ဘလက်ကီက ဆက်မတွေးတော့ပဲ ပုဖန်လက်ထဲမှ အငွေ့တထောင်းထောင်းထနေသည့် နံရိုးခ်ျိုချဉ်ကြော်ကိုသာ ကြည့်နေလိုက်သည်။
နယ်သာရီကလည်း သူ့ကို မြင်စဉ်၌ ခဏကြောင်အသွားမိသော်လည်း ချက်ချင်းပင် ပုဖန်လက်ထဲမှ ဟင်းပွဲဆီသို့သာ အာရုံရောက်သွားလေသည်။
ဟင်းပွဲများစားပွဲပေါ် ချပေးလိုက်သည်နှင့် ထိုနှစ်ယောက်ကပန်းကန်ထဲ ခေါင်းစိုက်မတက် အလောတကြီးစားလေတော့သည်။
သနားစရာကောင်းလှသော ရှစ်လေးက စိတ်ဓာတ်ကျနေသော မျက်နာဖြင့် ဘေး၌ရပ်နေလေသည်။ပုဖန်လည်း တစ်စုံတစ်ခုမှားနေသလို ခံစားလိုက်မိပြီး ရှစ်လေးအနားသို့ လျှောက်သွားလိုက်သည်။ထို့နောက် ကြက်ခေါင်းလေးကို အသာအယာပုတ်လိုက်၏။
နွေးထွေးလှသော အော်ရာများကို ခံစားမိလိုက်ပြီး ရှစ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်သွားသည်။သူ့၏ မျက်ဝန်းလေးများ ဝိုင်းစက်သွားပြီး ပုဖန်၏ ခန္ဓာကိုယ်နှင့် ခေါင်းကိုပွတ်သပ်လိုက်လေသည်။ပုဖန် ရှစ်လေးအတွက် ထမင်းကြော် တစ်ပန်းကန် ချပေးလိုက်လေသည်။
အားလုံး ပြီးစီးသွားပြီးနောက် တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်းကို စတင်ရန် ဆိုင်တံခါးဖွင့်လိုက်လေသည်။အပြင်ဘက်တံခါးဝ၌ တန်းဆီနေသော လူလိုင်းကြီးကတဖြေးဖြေးချင်း ဆိုင်ထဲဝင်ရောက်လာလေသည်။
ယနေ့၌ ဆိုင်ထဲတွင် ယခင်အချိန်များနှင့် မယှဉ်နိုင်လောက်အောင်ပင် လူစည်းကားနေလေသည်။
ဆေးနန်းတော်ထဲမှ လူများအားလုံးနီးပါးက တိမ်ခိုးစားသောက်ဆိုင်၏ သတင်းကို ကြားပြီးခဲ့ပြီးပြီ။ထို့ကြောင့်ပင် ထိုဖျက်မြင်းစားဖိုမှူးဥိးစီးဖွင့်ထားသော ဆိုင်ဆီသို့ အရသာကောင်းများ မြည်းစမ်းရန် ရောက်လာကြခြင်းဖြစ်သည်။
ပိုပြီး အရေးကြီးသည့်အချက်မှာ ကြောက်စရာကောင်းလှသော တည်ရှ်ိမှုနှစ်ခုက ဒီဆိုင်အတွင်းထဲတွင် ရှိနေလေသည်။ကြောက်စရာကောင်းလှသော အနက်ရောင်ခွေးတစ်ကောင်နှင့် ရက်စက်လှသော အမျိူးသမီးတို့က မြို့ထဲတွင် လူအပြောများဆုံးသော အကြောင်းအရာဖြစ်နေလေသည်။
သူတို့က နေ့အသစ်မစတင်ခင်ကတည်းကပင် ဆိုင်တံခါးဝ၌ တန်းစီးနေကြပေပြီ။တစ်ယောက်နှင့်တစ်ယောက်အချင်းချင်းစနောက် ရယ်မောပြောဆိုနေကြရင်း ဆိုင်တံခါးဖွင့်မည့်အချိန်ကို စိတ်ရှည်လက်ရှည်စောင့်နေကြလေသည်။
ဆိုင်တံခါးဖွင့်လိုက်သည့်အခ်ျိန်၌ သူတို့၏ စိတ်ဝိညာဉ်များက လန်းဆန်းတက်ကြွလာပြီး စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြလေသည်။ဆိုင်တံခါးဝ၌ ရပ်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်နှင့် သူတို့ လေအေးတစ်ချက်ရှူရှိုက်လိုက်မိကြသည်။
"အဲ့ဒါ ပိုင်ရှင်ပုမဟုတ်လား..."
"ဘယ်လိုလုပ်ပြီး သူက နည်းနည်းလေးကွာခြားနေတယ်လို့ ငါခံစားမိနေတာလဲ..."
"အဲ့ဒီ ဖျက်မြင်းစားဖ်ိုမှူးရဲ့ ဘေးပတ်လည်က အော်ရာတွေက တမူထူးဆန်းနေတယ်...တကယ်ကို သာမန်မဟုတ်ဘူး..."
"သူ့ရဲ့ အဝတ်အစားက ကြည့်ကောင်းလိုက်တာသူဘယ်ကများ ဝယ်တာလဲမသိဘူး...ငါလည်း တစ်စုံလောက်လိုချင်တယ်..."
ပုဖန်က စားသုံးသူများ၏ စိတ်လှုပ်ရှားတက်ကြွနေမှုကို ဂရုမစိုက်စွာဖြင့်ပင် ပုံမှန်အတိုင်း မျက်နာသေဖြင့်သာရှိနေသည်။
"အားလုံးပဲ တစ်ယောက်ပြီးတစ်ယောက် ဆိုင်ထဲဝင်ပြီးမှ ကိုယ်ကြိုက်ရာ ရွေးချယ် မှာကြပါ..."
ပုဖန်က ပြောပြီးသည်နှင့် မီးဖိုချောင်ဘက်သို့လှည့်ဝင်သွားလိုက်သည်။
...
ဆိုင်ထဲတွင် နယ်သာရီက ရှစ်လေးကို ဆုပ်ကိုင်ထားပြီး မျက်ဝန်းများကျဉ်းမြောင်း၍ ကြည့်နေသည်။ရတနာရှစ်သွယ်ကြက်က တောင်ပံတစ်ဖက်ဖြင့် ခတ်နေသောကြောင့် သူမ၏ ဘေးပတ်လည်တွင်လည်း အမွှေးများပြန့်ကျဲနေလေသည်။ကြက်၏ မျက်ဝန်းထဲတွင်လည်း မျက်ရည်စများပင် ခိုတွဲနေ၏။
"ရည်မှန်းချက်ရှိတဲ့ ကြက်တစ်ကောင်အနေနဲ့ ဘယ်လို ပုန်ကန်ရမယ်ဆိုတာကို သင်ယူထားပြီးသား ငါ့ကို လာရှုပ်ရင်တော့ မင်းက ကောင်းကောင်းကြီး သင်ခန်းစာပေးလိမ့်မယ်...ဟား ဟား ဟား..."
သို့သော်....
သူမည်မျှပင် ပုန်ကန်စေကာမူ သူ့၏ ပုန်ကန်မှုက မည်သည့်အရာကိုမှ ပြောင်းမလဲနိုင်ပေ။
နယ်သာရီက နဂါးသွေးထမင်းကြော် တစ်စေ့ကို ကောက်ယူပြီး ရှစ်လေးကို ခွံ့ကျွေးလေသည်။ထို့နောက် ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် ထမင်းအလုတ်ကြီး တစ်လုတ်ယူလိုက်ပြီး သူမပါးစပ်ထဲ ထည့်လိုက်သည်။
ပုဖန်၏ အချက်အပြုတ်စွမ်းရည်က အဆင့်တစ်ဆင့် ထက်တိုးသွားပုံရလေသည်။ယခု နဂါးသွေးထမင်းကြော်ကပို၍ပင် အရသာရှိလေသည်။
"ပေါက်ကရတွေ လုပ်နေတာတော်တော့ ငါတို့ ဆိုင်ဖွင့်နေပြီ...အဆင်သင့်ပြင်လိုက်တော့..."
ရှစ်လေးဆီမှ ထမင်းကြော်ကို လုစားနေသော နယ်သာရီကိုကြည့်၍ ပုဖန် စွံ့အသွားမိသည်။သူခပ်မြန်မြန်ပြောလိုက်ပြီး မီးဖိုချောင်ထဲသို့သာဆက်လျှောက်ဝင်သွားလိုက်သည်။
နယ်သာရီက မကျေမနပ်ဖြင့်ပင် နဂါးသွေးထမင်းကြော်ကို ပြန်လည် ချပေးလိုက်သည်။သူ့၏ ထမင်းကြော်ပန်းကန်ကိုကြည့်၍ ရှစ်လေး ပျော်လွန်း၍ ငိုချင်သွားပေသည်။အဘယ့်ကြောင့်ဆိုသော် ပန်းကန်ထဲတွင် နဂါးသွေးထမင်းကြော် အနည်းငယ်ရှိနေပေသေးသည်။
စားသုံးသူများက ဆိုင်ထဲသို့ ရောက်သည်နှင့်ပင် စိတ်လှုပ်ရှားစွာဖြင့် ဆိုင်ပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်နေကြသည်။
သူတို့က တိမ်ခိုးစားသောက်ဆိုင်၏ အကြောင်းကို ပို၍ပင် သိချင်ကြလေသည်။မီနူးပေါ်မှ စျေးကြီးလှသော ဟင်းပွဲများကို မြင်သည့်အချိန်၌ပင် သူတို့ စိတ်လှုပ်ရှားနေတုန်းဖြစ်သည်။ထိုစျေးနှုန်းများက သင့်တော်သည်ဟုပင် ခံစားနေရလေသည်။
မည်သိုပင်ဆိုစေ ထိုဟင်းပွဲများကို ပဉ္စလက်စုဝေးပွဲကြီး၏ ဖျက်မြင်းစားဖိုမှူးကိုယ်တိုင် ပြင်ဆင်ပေးခြင်းဖြစ်သည်။သူက မြို့တစ်ခွင်လုံး ကျော်ကြားနေသည့် သူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် ထိုစျေးနှုန်းများက တကယ့်ကို သင့်တော်ပေသည်။
မီးဖိုခန်းထဲမှ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲထွက်ပေါ်လာသည်နှင့် စားသောက်ဆိုင်ငယ်လေးထဲတွင် ဆွဲဆောင်မှုရှိသော မွှေးရနံ့များ ပြည့်နှက်သွားလေသည်။စားသုံးသူများက သူတို့ရှေ့ စားပွဲပေါ်ရှ်ိ ဟင်းပွဲများကို မျက်လုံးပြူးပြူးများဖြင့် စိုက်ကြည့်နေကြသည်။
သူတို့က အလွန်လှပပြီး တစ်ချိန်တည်းမှာပင် အံ့သြစရာလည်းကောင်းလှသည်။သူတို့ တစ်လုတ်စားလိုက်သည်နှင့် ကျေနပ်စရာကောင်းလှသော မွှေးရနံ့များက ပို၍ ပြန့်နှံ့ထွက်ပေါ်လာပြီး မရပ်မနားစားသောက်မိတော့သည်။
"ဒါက အရမ်းအရသာရှိလွန်းတယ် ဒီဟင်းပွဲက ပိုင်ရှင်ပု ကိုယ်တိုင် ချက်တာပေါ့..."
" အရသာကတော့ နတ်သုဒ္ဓါအတိုင်းပဲဟေ့..ဒါကလေ ခြောက်ကပ်ပြီး အရသာမရှိတဲ့ ရသာမျိုးစုံ အဆာခံဆေးလုံးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အပုံကြီးသာတယ်..."
"ဒါက တကယ်ကို အရသာရှိလွန်းတယ် ငါမရပ်တန့်နိုင်တော့ဘူး..."
သူတို့၏ မျက်နာအမူအရာများက ယစ်မူးပျော်ဝင်နေပြီး ချီးကျူးစကားများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
စားသုံးသူများတစ်သုတ်ပြီး တစ်သုတ်ရောက်ရှိလာကြပြီး ကျေနပ်အားရစွာဖြင့်ပင် ပြန်လည် ထွက်ခွာသွားကြသည်။ဆိုင်အတွင်းရှိ စားသုံးသူများက အဆက်မပြတ် ပြောင်းလဲနေလေသည်။
"အိုး...ဘုရားရေ နောက်ဆုံးတော့ ငါ့အလှည့်ရောက်လာပြီ...ဘော်ဒါပု မင်းနာမည်ကျော်ကြားလာပြီးတည်းက မင်းကို တွေ့ဖို့ အရမ်းခက်ခဲလိုက်တာ..."
မကျေမနပ်ဖြစ်နေသော အသံတစ်သံ ဆိုင်အတွင်း လွင့်ပျံလာလေသည်။နန်ကုန်းဝူချယ်၏နဖူးမှ ချွေးများစီးကျနေသည်။သူဆိုင်ထဲ၌ နေရာရှာ၍ ထိုင်လိုက်ပြီးသည်နှင့် မီးဖိုခန်းဘက်ဆီသို့ လှမ်းအော်လိုက်သည်။
"နင် ဘာစားမှာလဲ ..."
နယ်သာရီက သူ့ရှေ့သို့ ရောက်လာပြီး ညှင်သာစွာ မေးလိုက်သည်။နန်ကုန်းဝူချယ်၏ မျက်နာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"အမကြီး နယ်သာရီ နင်က အရင်ကထက် အများကြီး ပိုကောင်းလာတယ်..."
နယ်သာရီက မည်သည့်စကားမှ ပြန်မပြောပဲ မျက်နာသေဖြင့် စိုက်ကြည့်လိုက်သည်။နန်ကုန်းဝူချယ် ထပ်မပြောရဲတော့ပဲ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ထို့နောက် သူ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်တစ်ပွဲသာမှာလိုက်လေသည်။
ထိုအချိန်၌
ပုံရိပ်တစ်ချို့ ဆိုင်ထဲသို့ လျှောက်ဝင်လာလေသည်။တောက်ပလှသော အလင်းတန်းများ ထုတ်လွင့်နေသည့် ငွေရောင်ကာကွယ်ရေးဝတ်စုံက အားလုံး၏ အာရုံကို ဆွဲဆောင်သွားလေသည်။ထိုသူက အုပ်ချုပ်သူဟန်ပင် ဖြစ်သည်။
"ဟား...ဟား ...ဟား...ပိုင်ရှင်ပုရေ ငါက မနေ့ကတုန်းက မင်းဆိုင်ကို လာလည်မယ်လို့ ကတိပေးခဲ့တယ်လေ အဲ့ဒါကြောင့်မလို့ ဒီနေ့ ငါကိုယ်တိုင် လာပြီးတော့ ထောက်ပံ့အားပေးတာပါ..."
သူက ရယ်မောပြောဆိုရင်း ဆိုင်ထဲသို့ လျှောက်ဝင်လာလေသည်။သူမျက်လုံးထောင့်မှနေ၍ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ဘေးနားတွင် အိပ်ပျော်နေသော ဘလက်ကီကို တွေ့လိုက်သည်။
"အိုး...ခွေးဘုရင်က အိပ်ပျော်နေတာပဲ..."
ပုဖန် သူ့လက်မှ ရေများကို သုတ်ရင်း မီးဖိုခန်းထဲမှ ထွက်လာလိုက်သည်။
"အိုး ...ခင်ဗျားရောက်လာတာပဲ...ဒီလိုဆိုမှတော့ တစ်နေရာရာရှာထိုင်ပြီးတော့ မီနူးပေါ်မှ ကြိုက်တာ မှာလိုက်..."
ပုဖန်က ပြောပြီးသည်နှင့် အသက်တစ်ချက်ရှိုက်ထုတ်လိုက်ပြီး မီးဖိုခန်းဘက်သို့ ပြန်လည်လှည့်ဝင်သွားလိုက်သည်။
အုပ်ချုပ်သူဟန်က ပုဖန်၏ နောက်ကျောကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူ့၏ ခေါင်းဆောင်းကို ချွတ်လိုက်ပြီး အနောက်ဘက်သို့ လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
"မင်းတို့ကို ငါပြင်ဆင်ခိုင်းထားတဲ့ သက်စောင့်ဆေးတွေယူလာခဲ့...ဒါက ခွေးဘုရင်ကို လေးစားသမှု ပြရမယ်..."
သူအမိန့်ပေးပြီးသည်နှင့် တောက်ပလှသော အပြုံးတစ်ခုကို ခ်ျိတ်ဆွဲပြီး ခွေးဘုရင်ဆီသို့ လျှောက်လာခဲ့လေသည်။ဆိုင်အတွင်းရှိနေကြသော စားသုံးသူများအားလုံး မှင်သက်ကြောင်အသွားကြသည်။ဝက်ခြေထောက်ကို အားရပါးရ ကိုက်နေသော နန်ကုန်းဝူချယ်လည်း ပလုတ်ပလောင်းဖြင့် ရပ်တန့်လိုက်မိသည်။သူ ထိတ်လန့်အံ့အားသင့်သွားပေ၏။
"ဒီလူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ .. ဘာလဲ သူက ခွေးဘုရင်ကို ဖားချင်နေတာလား..."