အပိုင်း ၅၅၇
Viewers 61k

အခန်း ၅၅၇

ဝှိုက်တီရေ... တစ်ယောက်ယောက်တော့ ပြသနာလာရှာနေပြီ...


ဟန်လီက သူ့ငွေရောင်ခေါင်းဆောင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး လက်တစ်ဖက်ဖြင့် အနောက်သို့ ဝှေ့ယမ်းအချက်ပြလိုက်သည်။


သူ့၏ လက်အောက်ခံများက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး လျှင်မြန်စွာ ရှေ့ကို တိုးလိုက်သည်။


သူတို့ထဲမှ တစ်ယောက်က သူ့၏ သိုလှောင်ကိရိယာထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို အသာအထုတ်ယူလိုက်သည်။ထိုပုလင်းထဲတွင် အလင်းဖျော့ဖျော့လေး စီးဆင်းနေပုံပေါ်သည်။


"ခွေးဘုရင် ဒါက အမှတ် ၄ စိတ်ဝိညာဉ် ဆေးလုံးပါ...လေထဲကို အနံ့ခံကြည့်ပါဦး မွှေးရနံ့တွေ သိပ်သည်းနေတာပဲ သူ့ရဲ့ အရသာကလည်း အရမ်းကောင်းတယ်..."


ဟန်လီက နောက်ထပ်သက်စောင့်ဆေးပုလင်းတစ်လုံးကိုထပ်မံထုတ်ယူလိုက်ပြီး ဘလက်ကီ၏ ရှေ့၌ ထားလိုက်သည်။သူ့၏ မျက်နာ၌လည်း အပြုံးပန်းများ ပွင့်လန်းဝေဆာနေလေသည်။


မှန်ပေသည်။သူက ထိုသက်စောင့်ဆေးများကို အသုံးပြုပြီး ခွေးဘုရင်ကို လာဘ်ထိုးရန် ကြံလိုက်ခြင်းဖြစ်သည်။အရင်နေ့က သူအကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုစားဖိုမှူးအပေါ် ကြမ်းကြမ်းတမ်းတမ်းမလုပ်ဆောင်နိုင်တော့ပေ။တကယ်တမ်းပြောရမည်ဆိုလျှင် ထိုစားဖိုမှူး၌ ထူးခြားသည့်အရာ ဘာမှမရှိပေ။သူက အစားအသောက်ကောင်းများချက်တက်ရုံသာဖြစ်သည်။တကယ့်ကို ဘာမှထူးခြားမှုမရှိပေ။


ထိုစားဖိုမှူး၏ စွမ်းအင်အဆင့်ကလည်း သူ့နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် အမှိုက်တစ်စမျှအဆင့်သာရှိလေသည်။သို့သော် ထိုသူက ကြောက်စရာမကောင်းသော်လည်း သူ့၏ အစောင့်အရှောက်များက တကယ့် မကောင်းဆိုးဝါးစစ်စစ်များပင် ဖြစ်ကြသည်။


ထိုနှစ်ယောက်က တကယ့်ကို ကြောက်စရာကောင်းလှသည်။အနက်ရောင်ဆံပင်ဆံနွယ်ရှည်များနှင့် အမျိုးသမီးအကြောင်းကို ထည့်မပြောလျှင်ပင် ဒီခွေးနက်ကြီးတစ်ကောင်ကပင် လုံလောက်နေပေပြီ။ထိုခွေးနက်ကြီးက မသေမျိုး ဝိညာဉ်အဆင့် ဖြစ်နေလေရာ ဟန်လီပင် ရုတ်ရုတ်သဲသဲ မလုပ်ရဲပေ။


မသေမျိူး ဝိညာဉ်အဆင့်ရှိတဲ့ ခွေးက ဘာကြောင့် ဒီဆိုင်ထဲမှာ နေနေရတာလဲ...စားဖိုမှူး ချက်တဲ့ ဟင်းပွဲတွေက အရမ်းအရသာရှိလို့များ ဖြစ်နိုင်မလား...


ရှေးအဆိုအမိန့်တွေအရ ခွေးတစ်ကောင်ကို ထိန်းသိမ်းထားချင်လျှင် သူ့၏ဗိုက်ကို ကျေနပ်စေမှရမယ်...အဲ့ဒီတော့ ဒီစားဖိုမှူး ပြင်ပေးတဲ့ ကောင်းမွန်လှတဲ့ ဟင်းပွဲတွေကြောင့် ဒီခွေးက သူ့ကို စောင့်ရှောက်နေတာလား...


ထိုအချက်ကို တွေးလိုက်မိသည့်ခဏ သူ့နှလုံးသားထဲမှ ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်သွားလေသည်။ခွေးဘုရင်ကို အစားအသောက်ဖြင့် ခိုင်းစေနိုင်သည်ဆိုလျှင် အရသာရှိလှသောသက်စောင့်ဆေးများနဲ့ သူဆွဲဆောင်နိုင်မလား...


မှန်ပေသည်။ပုဖန်၏ ဟင်းပွဲများက အရသာရှိရုံသာမက အက်ျိုးသက်ရောက်မှုကလည်း ကောင်းလှပေသည်။ထို့ကြောင့် သူ ခွေးဘုရင်ကို ဆွဲဆောင်လိုလျှင် သာမန် ဆေးလုံးများဖြင့် သုံးလို့မရပေ။သူ့ထက်ပို၍ အဆင့်မြင့်မားသော ဆေးလုံးများကို ပေးမှ ရပေမည်။


အဆင့် ၅ဆင့်ကို ချိုးဖျက်ပြီးသော မသေမျိုးခန္ဓာအဆင့် ပညာရှင်တစ်ယောက်အနေဖြင့် အဆင့်မြင့်မားလွန်းသော စိတ်ဝိညာဉ် ဆေးလုံး အနည်းငယ်ကိုတော့ ထုတ်နိုင်စွမ်းရှိပေသည်။


ဟန်လီက ပုလင်းထဲမှ ကျောက်စိမ်းရောင် စိတ်ဝိညာဉ် ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။ဆေးစွမ်းအင်များ ဆိုင်အတွင်း ပြည့်နှက်သွားလေသည်။


လေထဲတွင် ပြန့်ဝဲလာသော သိပ်သည်းလှသည့် ဆေးရနံ့များကြောင့် အားလုံး အာရုံ စိုက်လိုက်ကြသည်။သူတို့ လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။ဒီအုပ်ချုပ်သူက ခွေးဘုရင်နဲ့ သဘောတူညီမှု ရယူနိုင်ရန်အတွက် ပမာဏကြီးကြီး ရင်းထားပေသည်။


"ဒါက အမှတ် ၄ စိတ်ဝိညာဉ် ဆေးလုံးပဲ သူ့ရဲ့ တန်ဖိုးက အောချလောက်စရာပဲ...အုပ်ချုပ်သူက အဲ့ဒီဆေးလုံးကို ဒီခွေးဘုရင်ကို ကျွေးမယ်ပေါ့..."


နန်ကုန်းဝူချယ် သူ့ပါးစပ်ထဲမှ ဝက်ခြေထောက်ကိုပင် ထွေးထုတ်လိုက်မိသည်။ထိုနေရာ၌ အမှတ် ၄ စိတ်ဝိညာဉ် ဆေးလုံးတစ်ခုတည်းသာ မဟုတ်ပေ။ဟန်လီက အဆင့် မတူသည့် သက်စောင့်ဆေးများစွာကို ပြင်ဆင်လာခဲ့ပေသည်။သူ့၌ အမှတ် ၅ စိတ်ဝိညာဉ်ဆေးလုံးပင် ပါနေလေသည်။


ထိုဆေးလုံးက မည်မျှ တန်ဖိုးရှိသည်ဆိုလျှင် ဟန်လီကိုယ်တိုင်ပင် ဆေးလုံးထုတ်ယူလိုက်စဉ်က အနည်းငယ် နာကျင်သွားလေသည်။သို့သော်လည်း ထိုဆေးလုံးဖြင့် ခွေးဘုရင် သူ့ဘက်ပါလာမည်ဆိုပါက ရင်းရန် ထိုက်တန်ပေသည်။


ဟန်လီ ခွေးဘုရင်ကို ဖားယားနေပုံအားကြည့်၍ ဘေးပတ်လည်မှ လူများက တံတွေးဖြင့် ထွေးချင်လာမိသည်။ဒီလူက တကယ့်ကို အရှက်မဲ့လွန်းလှသည်။


သို့သော်လည်း မည်သူမှ သူတို့၏ အစစ်အမှန် ခံစားချက်ကို ထုတ်ဖော်မပြရဲပေ။


ပုဖန်က ဟန်လီကို မကြောက်သော်လည်း သူတို့ကတော့ ကြောက်ကြပေသည်။မည်သို့ပင်ဆိုစေ ဟန်လီက ဆေးနန်းတော်၏ အုပ်ချုပ်သူ တစ်ယောက်ပင်ဖြစ်သည်။ဆေးနန်းတော်ထဲရှိ မြောက်များလှစွာသော သန်မာအားကောင်းသည့် သူများကို အုပ်ချုပ်ရသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်နေပေသည်။


ဟန်လီ၏ အသံကြောင့် ခွေးဘုရင် ရုတ်တရက် နိုးလာလေသည်။သူ့၏ ငိုက်မြည်းနေသော မျက်ခွံများကို တဖြေးဖြေးချင်း ဖွင့်လိုက်သည်။သူမကျေမချမ်းအမူအရာဖြင့် ဟန်လီကို ကြည့်လိုက်၏။


ဒီလူပဲလား ...သူထွက်ပေါ်လာတဲ့ အခ်ျိန်တိုင်း ဘာလို့ ခွေးဘုရင်ကို လာနှိုးနေရတာလဲ...သူက ဒီခွေးဘုရင်နဲ့ တိုက်ခိုက်ချင်နေတာလား...


သို့သော်လည်း ဟန်လီ၏ မျက်နာပေါ်မှ မျက်နာချိုသွေးနေသည့် အပြုံးက ဘလက်ကီကို မှင်သက်သွားစေသည်။


"ခွေးဘုရင် ဒါက ငါ့ရဲ့ ရိုသေလေးစားမှုကို ပြတဲ့ လက်ဆောင်လေးတွေပါ တစ်ချက်လောက်ကြည့်ကြည့်ပါဦး..."


ဟန်လီက အစွမ်းကုန်ပြုံးထားပြီး သက်စောင့်ဆေးလုံးများကို ခွေးဘုရင်ရှိရာဆီသို့ ထပ်မံတိုးပေးလိုက်သည်။နောက်ဆုံး၌ ဘာတွေ ဖြစ်ပျက်နေသည်ကို ခွေးဘုရင် သတိပြုမိသွားလေသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ဟန်လီကို ကြည့်လိုက်သည်။


ဒီလူက သက်စောင့်ဆေးလုံးတွေ သုံးပြီး ငါခွေးဘုရင်ကို လာဘ်ထိုးချင်နေတာပေါ့...ဒီခွေးဘုရင်က သက်စောင့်ဆေးလုံးတွေနဲ့ ဆွဲဆောင်ခံရမယ့် ခွေးလို့ ထင်နေတာလား...


ဂလု..


ဘလက်ကီက လျှာထုတ်လိုက်ပြီး အမှတ် ၄ စိတ်ဝိညာဉ်ဆေးလုံးကို ပားစပ်ထဲဆွဲသွင်းလိုက်လေသည်။သူက အနည်းငယ်မျှပင် အမူအရာပြောင်းလဲခြင်းမရှ်ိပဲ ထိုဆေးလုံးကို ဝါးနေလိုက်သည်။ဟန်ဟီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူမသိမသာ သက်ပြင်းချလိုက်လေသည်။


ဒီတော့ ခွေးဘုရင်ကို လာဘ်ထိုးတာ အောင်မြင်သွားပြီလား...


သို့သော်လည်း ခွေးဘုရင်၏ လှုပ်ရှားမှုများက ရပ်တန့်မသွားပေ။နောက်ခဏအတွင်းမှာပင် သူက တခြားသက်စောင့်ဆေးများအားလုံးကိုပင် ပါးစပ်ထဲ သိမ်းယူလိုက်ပြီး အဆက်မပြတ် ဝါးနေလေသည်။


ဂျွမ်း .. ဂျွမ်း...


စားသုံးသူများက သက်စောင့်ဆေးအများအပြားကို စားပစ်နေသော ခွေးဘုရင်ကိုကြည့်၍ သူတို့ နှလုံးသားထိုးဖောက်ခံလိုက်ရသလိုပင် ခံစားလိုက်မိသည်။


"အဲ့ဒါက အရမ်းတန်ဖိုးရှိတဲ့ ဆေးတွေလေ...ဒီခွေးက ဒီတိုင်းပဲ မျိုချပစ်လိုက်တယ်လား...အဲ့ဒီဆေးတွေက ဘယ်လာက်တန်ဖိုးရှိလဲဆိုတာကို သိရဲ့လား...ဒီဟန်လီကတော့ ကောင်းကင်ဘုံရဲ့ ရတနာတွေကို ဖြုန်းတီးပစ်နေတာပဲ..."


ဟန်လီက ပါးစပ်နားရွက်တက် ချိတ်တော့မကဲ့သို့ ပြုံးဖြီးဖြီးဖြစ်နေလေသည်။ဒီခွေးက သမာဓိလုံးဝမရှိဟု သူမထင်ထားခဲ့ဖူးပေ။သူက ဒီခွေးကို ဆွဲဆောင်သိမ်းသွင်းရန်အတွက် နည်းလမ်းပေါင်းများစွာကိုပင် ပြင်ဆင်ထားခဲ့သည်။သို့သော် ယခုတော့ သုံးစရာမလိုတော့ပေ။


သေချာပေသည်။ဒီခွေးငပျင်းက ဘယ်လိုစားရမည်ကိုသာ သိလေသည်။အလွန် စွမ်းအားကြီးသော်လည်း ခွေးသဘာဝကို မဖျောက်ဖျက်နိုင်ပေ။


"ခွေးဘုရင် သင်က လေးစားထိုက်သူပါ ဘယ်လိုလုပ် ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ဒီလိုစားသောက်ဆိုင် သေးသေးလေးမှာ နေနိုင်ရတာလဲ...ဒါက သင့်ရဲ့ ဂုဏ်ပုဒ်နဲ့ မထ်ိုက်တန်ပါဘူး...ငါ့အိမ်ကို လိုက်ခဲ့မယ်ဆိုရင်ကော... ဘယ်လိုသဘောရလဲ...ငါက အရသာရှိတဲ့ သက်စောင့်ဆေးလုံးတွေ နေ့တိုင်းကျွေးမယ်လေ..."


ဂေ့...


ဘလက်ကီက ဆေးလုံးများကို ခဏမျှ ဝါးပြီးနောက် မျိုချလိုက်သည်။ထို့နောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် လေတက်လိုက်လေသည်။သူ့နှုတ်ခမ်းပါးများကို လျှာဖြင့်သပ်လိုက်ရင်း ဟန်လီကို တစ်ချက်ကြည့်လိုက်သည်။


သို့သော်လည်း ခွေးဘုရင်က ဟန်လီကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားသကဲ့သို့ ကြမ်းပြင်ပေါ်ပြန် လှဲချလိုက်သည်။


ဟန်လီ ကြောင်အသွားလေသည်။သူတစ်ယောက်တည်းသာလျှင် မဟုတ်စားသောက်ဆိုင်ထဲတွင်ရှိနေကြသော သူများအားလုံး ထိတ်လန့်စွံ့အသွားကြလေသည်။


ဒါ ဘာအဓိပ္ပါယ်လဲ သက်စောင့်ဆေးတွေ အများကြီးစားပစ်လိုက်ပြီးတော့ လေတက်လိုက်တယ် ဒါပဲလား...တခြားအမူအရာလေးလည်း ပြဦးလေ..."


သို့သော်လည်း သူတို့ အချိန်ခဏကြာအောင် စောင့်ပြီးနောက် ဆိုင်အတွင်းရှိလေထုက အနည်းငယ် ကသိကအောင့်ဖြစ်လာပေသည်။အရာရာအားလုံးက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပေသည်။


ဒီခွေးက သေချာပေါက် စားပြီးနားမလည် လုပ်သွားတာပဲ...


ဟန်လီ၏ နဖူးပေါ်၌ အနက်ရောင်အရေးကြောင်းများ ပြည့်နှက်သွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ရသည်။သူ အခြေအနေကို နားလည်သဘောပေါက်သွားပေသည်။ဒီခွေးက မသေမျိုးဝိညာဉ်အဆင့် တစ်ကောင်ဖြစ်သည်။သာမန်ဆေးလုံးများဖြင့် မည်ကဲ့သို့ ဆွဲဆောင်နိုင်ပါမည်နည်း။ကိစ္စများက ထိုသို့ ဖြစ်လာပြီဆိုလျှင် သူ့၏ စွမ်းရည်များကို ထုတ်ပြရပေတော့မည်။


ဖြောင်း...ဖြောင်း...ဖြောင်း...


ဟန်လီက အလွန်တည်ငြိမ်လေးနက်သောမျက်နာဖြင့် လက်ခုပ်တီးလိုက်သည်။သူ့၏ နောက်မှ အစောင့်က အလေးအနက်အမူအရာဖြင့်ပင် အရှေ့သို့ တိုးလာသည်။


ဝီ...


မျက်စိကန်းမတက် အလင်းရောင်တစ်ချက်လက်သွားပြီးနောက် ထိုအစောင့်၏ လက်ပေါ်တွင် သစ်သားသေတ္တာလေးတစ်ခုပေါ်လာ၏။ထိုသေတ္တာငယ်လေးပေါ်တွင် လှပဆန်းကြယ်လှသော အစီအရင်တစ်ခုကိုရေးထ်ိုးထားပေသည်။


သေတ္တာလေးကို ဖွင့်လိုက်သည်နှင့် သိပ်သည်းလှသော အော်ရာများ ထိုးထွက်လာသည်။ခပ်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာပြီး လေထဲ၌ ခေတ္တမျှ ရစ်ဝဲနေသည်။


လူတိုင်း ထိုသေတ္တာငယ်လေးဆီသို့ အလုအယက် ကြည့်လိုက်ကြသည်။သူတို့၏ နှလုံးသားများပင် အဆက်မပြတ် ခုန်လှုပ်နေပြီး အလွန်အံ့အားသင့်သည့် အမူအရာမျိုးဖြစ်နေကြသည်။


"အမှတ် ၆ စိတ်ဝိညာဉ်ဆေးလုံးလား...ဒီဟန်လီက ရူးသွားပြီလား...သူက ဒီစိတ်ဝိညာဉ် ဆေးလုံးတွေကို အမှိုက်လိုမျိုးများ ထင်နေတာလား..."


"ဒီ အမှတ် ၆ စိတ်ဝိညာဉ်ဆေးလုံးကို ဒီခွေးကို ကျွေးမလို့လား...အုပ်ချုပ်သူဟန်ရေ ဒါကြီးကတော့ အရမ်းများသွားပြီ..."


စားသုံးသူများ၏ မျက်နာပေါ်တွင် နာကျင်သွားသည့် အမူအရာမျိုးပေါ်လာသည်။ခွေးဘုရင်၏ ရှေ့မှ ဆေးလုံးကိုကြည့်၍ သူတို့၏ နှလုံးသားများပင် တုန်ရီနေလေသည်။


ဘလက်ကီက ထိုဆေးလုံးကို လျှာဖြင့် ဆွဲယူလိုက်ပြီးနောက် ဝါးလိုက်သည်ကို မြင်လိုက်ရသောအခါ၌ နှလုံးသားများပင် ကိုက်ဝါးခံလိုက်ရသလို ကျိုးကြေသွားလေသည်။


ဟန်လီ၏ နှလုံးသားထဲတွင်လည်း သွေးစိမ်းရှင်ရှင်ထွက်နေပေပြီ။ဒါက အမှတ် ၆ စ်ိတ်ဝိညာဉ် ဆေးလုံးဖြစ်သည်။သာမန် ကြုံရာဆေးလုံးများနှင့် မတူညီပေ။အလွန်အမင်း အဖိုးတန်လှပေ၏။


ခွေးဘုရင် စားလိုက်သော ဆေးလုံးများအားလုံးပေါင်း၏ တန်ဖိုးထက်ပင် အဖိုး ထိုက်တန်နေပေသည်။သူကိုယ်တိုင်ပင် ခွေးဘုရင်ကို ဆေးလုံးကို မျိုချလိုက်သည့်အခ်ျိန်၌ သူ့နှလုံးသား ကိုက်ခဲနာကျင်လာလေသည်။


ဆေးလုံး ခွေးဘုရင်၏ ဗိုက်ထဲ ရောက်သွားသည်အထိ နာနာကျင်ကျင်ဖြင့် ကြည့်နေမိလေသည်။ရင်ဘတ်အဆုတ်အဖြဲ ခံရပြီး နှလုံးသားထုတ်ယူခံလိုက်ရသလိုပင် ခံစားနေရသည်။


သို့သော်လည်း အနာကျင်ရဆုံးကိစ္စမှာ ထိုခွေးက ဆေးလုံး စားပြီးနောက် သူ့ကို မသိသလို ဟန်ဆောင်နေခြင်းပင်ဖြစ်သည်။သူက ပြန်လည် လှဲချလိုက်ပြီးတစ်ဖန် အိပ်စက် လိုက်လေသည်။


အားလုံး ကြောင်အ တိတ်ဆိတ်သွားလေသည်။ဟန်လီကိုယ်တိုင်လည်း အံ့သြသင့်မှုသာ လွှမ်းခြုံနေလေ၏။သူ ထိုခွေးကိုသာ မမှ်ိတ်မသုန်စိုက်ကြည့်နေသည်။နောက်ခဏ၌ သူ့၏ ဒေါသများပေါက်ကွဲထွက်ပေါ်လာလေသည်။


ဒီခွေးက သူ့ကို အရုးလုပ်နတာလား...ဘယ်လိုလုပ်ပြီး သူ့ကို ဒီလိုဆက်ဆံရဲတာလဲ...ကောင်းကောင်းစကားပြောကြရအောင် ဟုတ်ပြီလား...ငါ့ရဲ့ ဆေးလုံးတွေ အများကြီးစားပြီးတဲ့နောက်မှာတော့ အပြုအမူကောင်းလေးပြရမယ်လေ...မင်းရဲ့ စိတ်ထဲမှာ အပြစ်ရှိစိတ်လေးတောင် မဖြစ်ဘူးလား..."


....


ထိုကိစ္စနှင့်ပတ်သတ်၍ အမှန်တိူင်းပြောရမည်ဆိုလျှင် ခွေးဘုရင်၏ စိတ်ထဲ၌ ရှက်ရွံ့မှုပင်မရှိသလို အပြစ်ရှိစိတ်လည်း မခံစားရပေ။ခွေးဘုရင် ခေါင်းထောင်၍ ဟန်လီကို ကြည့်လိုက်သည်။ထို့နောက် လေတစ်ချက်တက် လိုက်ပြီး ပြန်လည်အိပ်လိုက်၏။


ဟန်လီ လုံးဝ ဒေါသပေါက်ကွဲသွားပေပြီ။ဒီခွေးက သူ့ကို လာကစားနေပေသည်။သူက အလွန်အံ့အားသင့်စရာကောင်းသည်ဆိုသော်လည်းအရှက်မရှိသည့် ခွေးတစ်ကောင်ဖြစ်နေတုန်းပင်ဖြစ်သည်။


ထိုအချိန်၌... မီးဖ်ိုခန်းထဲမှ ပုဖန် မျက်မှောင်ကြုတ်၍ ထွက်လာလေသည်။


"ဘာတွေဖြစ်နေကြတာလဲ ဘယ်သူမှ ဘာမှ အော်ဒါမမှာဘူးလား...ဘာလို့ အဲ့ဒီနားမှာ စုနေကြတာလဲ...ခင်ဗျားတို့ ပြဿနာရှာနေကြတာလား..."


ထိတ်လန့်သွားကြသော စားသုံးသူများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့ခုံများဆီသို့ မြန်မြန်ပြန်သွားထိုင်လိုက်ကြသည်။ထို့နောက် ပန်းကန်ထဲတွင်ကျန်နေသေးသည့် စားစရာများကိုလတ်စသတ်လိုက်ကြ၏။


ဟန်လီနှင့် အစောင့်များ၏ မျက်နာပေါ်တွင်လည်း ကို့ယို့ကားယားအမူအရာတစ်ခုရှိနေသည်။


သူတို့ ဘာလုပ်ရမှာလဲ ထွက်သွားရမှာလား ...နေရဦးမှာလား...


ထိုခွေးက မြို့တစ်မြို့စာမျှပင် တန်ဖိုးရှိသော ဆေးလုံးများကို အငမ်းမရ စားသုံးလိုက်ပေပြီ။ယခုအခ်ျိန်၌ သူတို့၏ အမြီးက်ိုရွေးရမလား ခြေထောက်ကို ရွေးရမလား ဗျာများနေပေသည်။


ဟန်လီက သူ့၏ လေးစားမှုကို ပြသရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး သူ့ ပိုက်ဆံများလွှတ်ပစ်လိုခြင်းမဟုတ်ပေ။


"ဟား ဟား ...ပိုင်ရှင်ပု ငါ ခုဏ တုန်းက ခွေးဘုရင်အတွက် ကောင်းတာလေးတစ်ချို့ယူလာခဲ့တာ သူတော်တော်လေးစိတ်ကျေနပ်ပုံရတယ်...မင်းငါ့ကို ကူညီပြီး ခွေးဘုရင်ကို စကားကောင်းလေးများ ပြောပေးလို့ရမလား..."


ထိုစကားကြားလိုက်ချိန်၌ စားသုံးသူများအားလုံး သူတို့၏ နှလုံးသားကိုပင် အန်ထုတ်မိတော့မလိုပင် ဖြစ်သွားသည်။ထိုဟန်လီက အရှက်မဲ့လှပေသည်။


သူ ဆေးနန်းတော်ထဲ၌ အုပ်ချုပ်သူနေရာထိ တွယ်တက်နိုင်ခဲ့ခြင်းမှာအံ့သြသင့်စရာမရှိတော့ပေ။


နီရောင် စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားသော ပုဖန်ကို ကြည့်ရသည်မှာ အလွန်ပင် သိက္ခာရှိ ခမ်းနားနေသည်။သူ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာဖြင့် ဟန်လီကို တစ်ချက်ကြည့်လိုက်သည်။


"ခင်ဗျား ဘာတွေ ပြောနေတာလဲ...ကျုပ်က ဘာလို့ ခင်ဗျားအကြောင်း အကောင်းပြောပေးရမှာလဲ...ကျုပ်သုံးအထိ ရေမယ် ခင်ဗျား ဘာစားစရာမှ မမှာတော့ဘူးဆိုရင် ဆိုင်ထဲမှ ထွက်သွားတော့..."


ပုဖန်က အသာအယာပင် ပြောလိုက်သည်။


"လခွမ်း...သောက်ကျိုးနဲ"


 ဒီခွေးက ပြင်ပ ဗဟုသုတမရှိဘူးဆိုရင်လည်း ထားလိုက်ပါတော့ ဒီလူကပါ ဘာမှမဖြစ်ခဲ့သလိုမျိုး လာဟန်ဆောင်နေတယ်...ဒီလူအိုကြီးက သူတစ်ဘဝလုံး စုဆောင်းထားသမျှကို ခွေးကို ကျွေးပစ်လိုက်တာကွ သိပြီလား...


ဟန်လီ၏ မျက်နာက ရှုံ့မဲ့သွားသည်။နှလုံးသားထဲသို့ မြှားထုတ်ချင်းပေါက်သွားသလိုပင် ခံစားလိုက်ရသည်။


"သုံး..."


"ပိုင်ရှင်ပု အနည်းဆုံးတော့ မင်း ခွေးဘုရင်ကို စကားပြောပေးသင့်ပါတယ်..."


"နှစ်..."


"ဟမ် ငါတို့ ဒီကိစ္စအကျိုးအကြောင်းလေးကို ကောင်းကောင်းပြောကြရအောင်...ဟုတ်ပြီလား..."


"တစ်..."


ဟန်လီ နောက်ထပ် ဘာဆက်ပြောရမည်မသိတော့ပဲ မျက်မှောင်ကြုတ်လိုက်မိသည်။


ပုဖန်က မီးဖိုခန်းတံခါးကို မှီပြီး သူတို့အုပ်စုကို ကြည့်နေလေသည်။သူ့၏ ရေတွက်မှုက ပြီးဆုံးသွားလေပြီ 


"ကြည့်ရတာတော့ ခင်ဗျားတို့အားလုံးက ဒီနေရာမှာ ပြဿနာလာရှာတာပဲ..."


ပုဖန် ညှင်သာစွာပင် ပြောလိုက်သည်။


ဟန်လီက ပုဖန်ကို လုံးဝ မျက်လုံးထဲ ထည့်မထားပေ။ ထိုစားဖိုမှူးလေးက ပုရွတ်ဆိတ်တစ်ကောင်သာသာမျှသာ ဖြစ်သည်။


သူက ရေတွက်ပြီး ဘာလုပ်ချင်နေရတာလဲ...


ထို့အပြင် သူ့စိတ်ထဲ၌ ပုဖန်၏ စွမ်းဆောင်ရည်များကိုလည်း အသိအမှတ်မပြုပေ။ဒီနေ့၌ ထိုခွေးဘုရင်က ပုဖန် သူ့ကို အပြင်သို့ နှင်ထုတ်မည်ကို ခွင့်ပြုလိုက်မည်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် ထိုခွေးဘုရင်က သူပိုင်ဆိုင်သည့် ဆေးလုံးမြောက်များစွာကို စားသောက်ခဲ့လေသည်။


ဒီခွးက အရမ်းတော့ အရှက်မမဲ့လောက်ဘူး ဟုတ်တယ်မဟုတ်လား ...


ဒီခွေးမရှိလျှင် ပုဖန်က မည်သည့်အရာကို အားကိုးမည်နည်း။ငရဲကမ္ဘာအမျိုးသမီးပင်ဖြစ် လိမ့်မည်။


ထိုငရဲကမ္ဘာအမျိုးသမီး၏ ကျင့်ကြံဆင့်ကလည်း သူနှင့် လည်ပယ်သာရှိလေသည်။ထို့ကြောင့် သူ...သူမကို မကြောက်ပေ။အများဆုံးမှ.. သူတို့ နှစ်ယောက် အကြိတ်အနယ် ရင်ဆိုင်ရရုံသာရှိသည်။ထိုသို့တွေးပြီးနောက် သူစိတ်ပြေလျော့သွားပြီး ပုဖန်ကို ခပ်ပြုံးပြုံးဖြင့် ကြည့်နေလိုက်သည်။


"ပိုင်ရှင်ပု ဒီဆေးလုံးတွေက ဘယ်လောက်တောင်တန်လဲဆိုတာကို မင်းသိလား..."


"ခင်ဗျားဘာသာ ခင်ဗျား သူ့ကို ကျွေးတာလေ...အခုကျုပ်ကို ဘာတွေလာပြောနေတာလဲ ..."


ဟန်လီ ဆွံ့အသွားပြီးနောက် သူ့မျက်ဝန်းထဲ၌ မကျေမနပ်ဖြစ်မှုများ ထင်ဟပ်သွားလေသည်။


"မင်း..."


"ဘာလဲ..."


" ဝှိုက်တီရေ တစ်ယောက်ယောက်က ပြဿနာလာရှာနေတယ်ဆိုရင် ငါတို့ ဘာလုပ်သင့်လဲ..."


ပုဖန်က သူရပ်နေရာနေရာမှ နည်းနည်းမှပင် မရွှေ့ပဲ မီးဖိုခန်းဘက်သို့ အသာလှည့်၍ ပြောလိုက်သည်။ဟန်လီ ကြောင်အသွားလေသည်။စားသောက်ဆိုင်ထဲတွင်ရှိနေသောစားသုံးသူများအားလုံးလည်း ကြောင်အသွားမိသည်။


"ဝှိုက်တီ ... ဝှိုက်တီက အဆင့် ၂ဆင့် ချိုးဖောက်ပြီးတဲ့ မသေမျိုးခန္ဓာပညာရှင်ကိုတောင် ယှဉ်မတိုက်နိုင်ဘူးမဟုတ်ဘူးလား...သူဘာလို့ ဝှိုက်တီကို ခေါ်ထုတ်နေတာလဲ အမှန်ဆိုရင် ခွေးဘုရင်ကိုပဲ ခိုင်းသင့်တာ မဟုတ်ဘူးလား..."


စားသုံးသူများ ပုဖန်၏ ရွေးချယ်မှုကို မယုံန်ိုင်ပင်ဖြစ်နေမိသည်။


သို့သော်လည်းထိုခဏမှာပင် တစ်စုံတစ်ရာ ဖြစ်ပွားလာလေသည်။မီးဖိုခန်းဘက်ဆီမှစွမ်းအင်လှိုင်းများပြန့်နှံ့ထွက်ပေါ်လာသည်။


ဝီ...


ထို့နောက် ခေါင်းပြောင်ပြောင်နှင့်ပုံရိပ်တစ်ခု မီးဖိုခန်းထဲမှ ဖြေးညှင်းစွာ ထွက်ပေါ်လာ၏။


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက ကြောက်ရွံ့မှုကင်းမဲ့နေသော ဟန်လီ၏မျက်နာပေါ် ကျရောက်သွားသည်။


"ပြဿနာကောင် တစ်ခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်..."