အပိုင်း ၂၁
Viewers 12k

ထရပ်ကားထဲတွင် လဲလျောင်းနေရင်း ဝမ်မင်ယီ၏ခေါင်းထဲတွင် စကားလုံးကြီးတစ်ခုသာရှိသည်။
'သောက်ရှက်ပဲ!'
ဒါဟာ ဘဝမှာအင်မတန်ရှက်စရာအကောင်းဆုံးအခိုက်အတန့်ပဲ!သူကလူတစ်ယောက်ဖြစ်ပြီးခွေးတစ်ကောင်လိုထောင်ဖမ်းခံလိုက်ရတယ်လို့...
ဒါသူ့အိုင်ကျူကိုလုံးဝစော်ကားလိုက်တာ!
ဝမ်မင်ယီတွေးလိုက်သည် ။သူသေပြီးအခေါင်းထဲလှဲရတဲ့အထိကို ဒီကိစ္စကိုဘယ်သူ့ကိုမှအစမဖော်သင့်ဘူးလို့။ ဒါမှမဟုတ်သူသေတဲ့အထိ သူ့အကိုဆီကနေဟားတိုက်ရယ်မောခြင်းကိုခံရလိမ့်မည်။
ဘာပဲဖြစ်ဖြစ်
သူ စစ်ကျွင်းတောက်ကို အိမ်စောစောပြန်ခဲ့မယ်လို့ wechatကနေစာပို့ပြီးသားထင်တာပဲ။ ဒီတော့သူ့အစ်ကိုလည်းအိမ်ကိုစောစောပြန်လာလိမ့်မည်။စစ်ကျွင်းတောက်ပြန်လာရင် ကျောက်စိမ်းနန်းဆောင်နဲ့သလွန်အလွတ်ကြီးကိုသာ မြင်ရပြီး ခွေးကိုတော့ မြင်ရလိမ့်မည်မဟုတ်။
သူ့အကိုတစ်ယောက်ဘာတွေတွေးနေမလဲမသိတော့ပေ။ သူကိုယ်တိုင်လည်းသူ့အကိုအရမ်းကြီးစိတ်ပူမနေဖို့မျှော်လင့်ပါသည်။
ဝမ်မင်ယီသက်ပြင်းချလိုက်သည်။ သူ့နားထဲတွင် အသက်ချမ်းသာရာရဖို့ငိုယိုညည်းညူသံများအဆက်မပြတ်ကြားနေရကာ သူ့စိတ်ကိုရှုပ်ထွေးစေသည်။
ဤကားပေါ်တွင် ပါလာသမျှမှာ ခွေးများသာ။
ထို့အပြင်ခွေးဖမ်းသမားများမှာ သူတို့အား ခွေးသားဟော့ပေါ့အဖြစ်ပြောင်းပြီး ပိုက်ဆံရဖို့ကြံပြီး ဝမ်းသာနေရမှာမဟုတ်ဘူးလား...
တဆိတ်လောက်နော်..
အခုဘယ်သူကငိုနေတာလဲဟ...
သို့သော်သိပ်မကြာပါ။ ဝမ်မင်ယီသည် သူကြားနေရသောငိုသံများမှာ လူများထံမှမဟုတ်ပဲ ခွေးများထံမှဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ကမ္ဘာကြီးကဘာတွေဖြစ်နေတာလဲ...
သူကြောင်ကနေခွေးအဖြစ်ပြောင်းလို့ရတာကပဲ များလွန်းနေပြီ။ အခုသူခွေးစကားပါပြောနိုင်ပြီတဲ့လား...
ဟေ့...အင်္ဂလိပ်လို ကိုးရီးယားလို ဂျပန်လို ဂျာမန်လို နားလည်တာဘာများအထင်ကြီးစရာရှိလဲ...
မင်းတို့ခွေးစကားနားလည်လား...
မင်းတို့ကက 'ဝုတ် ဝုတ်'ဆိုတိုင်း ဒီတိုင်း'ဝုတ် ဝုတ်'ပဲ ထင်နေကြတယ်မလား.... မင်းအမေကိုဆဲနေတာလဲဖြစ်နိုင်တယ်ကွ။
ကမ္ဘာကြီးကဆန်းကျယ်လိုက်တာဟု ဝမ်မင်ယီတွေးနေမိသည်။ ခုတော့သူခွေးစကား ဘာသာပြန်တောင်ဖြစ်နေပြီ။
ဝမ်မင်ယီမှာ ဂုန်နီအိတ်ကိုကိုက်ဖောက်ရန်ကြိုးစားလိုက်သည်။ ကံကောင်းချင်တော့ သူက ဟက်စကီးတစ်ကောင်ဖြစ်တာမို့ သူ့တွင်သွားချွန်ချွန်နှင့် လက်သည်းထက်ထက်များရှိသည်။ သို့နှင်အိတ်မှာ သိပ်ကြာကြာအားစိုက်စရာမလိုပဲ ပြဲသွားခဲ့ပြီး ဝမ်မင်ယီလည်းအတွင်းမှတိုးထွက်လာခဲ့သည်။
ကားပေါ်တွင် မီးခိုးရောင်ဂုန်နီအိတ်အများအပြားရှိသည်။ ထို့နောက် သူ့ကိုထည့်ထားသော သံချေးကိုက်နေသည့် လှောင်အိမ်များလည်းရှိ၏။
ထိုလှောင်အိမ်အတွင်းတွင်မှ လှုပ်စိလှုပ်စိဖြစ်နေသော ဂုန်နီအိတ်များရှိသည်။ တခြားခွေးကြီးများဖြစ်လိမ့်မည်။
ဝမ်မင်ယီလည်း သူ့ကိုထည့်ထားသော လှောင်ချိုင့်ကိုသေချာစူးစမ်းကြည့်လိုက်တော့ လှောင်ချိုင့်များမှာ ဘတ်ဂျက်ချွေတာသည့်အနေဖြင့် သော့ခလောက်များမပါရှိသည်ကိုတွေ့လိုက်ရ၏။ အထဲမှခွေးများ မလွတ်မြောက်စေရန် အပြင်မှာ သံချောင်းလေးတစ်ချောင်းကိုသာ ကန့်လန့်ထိုးထားသည်။
လွယ်လွန်းတယ်။
ဝမ်မင်ယီလည်း သူ့ရဲ့နှင်းလိုဖြူဖွေးတဲ့လက်လေးနဲ့ သံချောင်းကိုဘေးသို့ တွန်းထုတ်လိုက်သည်။
ခပ်ဝေးဝေးတွန်းပြီးသည်နှင့် သူ၏နောက်လက်တစ်ချောင်းကိုဆန့်လျက် အစွန်းတစ်ဖက်ကိုသာ ကိုင်လိုက်ကာ အသံမထွက်အောင် ကြမ်းပြင်ပေါ် သာသာလေးချလိုက်သည်။ အလွန်ညင်သာပြီး သံချောင်းမှာ ဖြဲထားသော်ဂုန်နီအိတ်ပေါ်သို့အယာအယာပဲအတင်ခံလိုက်ရသည်။
သံချောင်းအားဖယ်ပြီးသည်နှင့် အခြားအဆင့်များမှာ သာ၍တောင်လွယ်ကူသေးသည်။
ခဏသာကြာပြီး ဝမ်မင်ယီလည်း လှောင်ချိုင့်မှ ထွက်လာတော့သည်။ သူကသူ့အမွှေးဖြူဖြူတွေကို ခါလိုက်ပြီး အားမာန်ပြည့်သောခွေးတစ်ကောင်လို့ ပြုမူလိုက်သည်။
ဝမ်မင်ယီလည်း အနီးဆုံးရှိ တဝုဝုနှင့် ငိုနေသော ဂုန်နီအိတ်ဆီကိုလျှောက်သွားလိုက်သည်။
ဟ ဒီခွေးကတကယ်ငိုနိုင်တာပဲ...
သူကုန်ကားပေါ်ရောက်ကတည်းက အခုထိတစ်ချက်မှကိုမနားဘူး။
ဒီကောင်ခွေးသားတုတ်ထိုးမဖြစ်ခင် ရေဓါတ်ခမ်းပြီးအရင်သေသွားမလား ဝမ်မင်ယီသံသယဖြစ်မိသည်။
သူကလက်တစ်ဖက်ကို ဆန့်ထုတ်လျက် အိတ်၏အစွန်းတစ်ဖက်ကိုကိုင်လိုက်သည်။
ပြီးတော့နောက်တစ်ဖက်ကို လက်သည်းတွေဆန့်ထုတ်ပြီး ဂုန်နီအိတ်အား အကြိမ်အနည်းငယ်ခန့်ကုတ်လိုက်သည်။ထို့နောက် အကွဲကြောင်းတစ်ခုပေါ်လာပြီး ဝမ်မင်ယီက၎င်းကို အားစိုက်၍ဖြဲလိုက်လျှင် အထဲတွင်လှဲလျောင်းနေသော ချီဟွားဟွားတစ်ကောင်ကို တွေ့လိုက်ရသည်။
ဝမ်မင်ယီ"..."
ဟ အကောင်သေးသလောက်အတော်ငိုနိုင်တာပဲနော်
အကောင်သေးတွေက အားပိုရှိတယ်ဆိုတာ အမှန်ပဲလားမသိဘူး။ အသေးလေး မင်းရေဓါတ်ခမ်းခြောက်မှာမကြောက်ဖူးလား...
သေးငယ်တဲ့ချီဟွားဟွားလေးရဲ့ရှေ့ခြေနှစ်ချောင်းကပူးနေပြီး ၎င်းရဲ့မျက်လုံးထဲတွင်မူ ခွေးခန့်ချောကြီးရဲ့ပုံရိပ်ကထင်ဟပ်နေခဲ့သည်။
ချီဟွားဟွားလေးမှာ သူခွေးနတ်ဘုရားကို ဖူးမျှော်လိုက်ရသလိုခံစားလိုက်ရသည်။
သူက ဝုတ်ခနဲဟောင်လိုက်ပြီး တစ်ပါတ်ခန့်လိမ့်လိုက်ကာ ခွေးနတ်ဘုရား၏ပေါင်ကိုဖက်ရန် ကြိုးစားလိုက်သည်။ သို့သော်ဖမ်းမမိတာကြောင့် ရှေ့ခြေတစ်ချောင်းကိုသာဖက်မိလေသည်။
ထို့နောက် မျက်နှာငယ်လေးဖြင့်ပင် သနားစဖွယ်ဆိုလာသည်။
(ငါ့ကိုလာကယ်တာလားဟင်...အဲလိုဆို ဒီနေ့ကစပြီး ငါမင်းရဲ့ သစ္စာရှိနောက်လိုက်ဖြစ်ပေးပါ့မယ်)
ဝမ်မင်ယီ ('ကျေးဇူးတင်ပေမယ့် ငါလောလောဆည် ခွေးတစ်ကောင်မွေးဖို့စိတ်ကူးမရှိသေးဘူး')
ဝမ်မင်ယီကကျန်လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ချီဟွားဟွားရဲ့ခေါင်းကိုထိလိုက်သည်။
သြော် တကယ်ခွေးခေါင်းပဲဟ!
သူကဤခေါင်းလေးမှာအလွန်သေးငယ်တာကို တွေ့လိုက်တော့ သူ့အားကိုအနည်းငယ်လျော့လိုက်သည်။
ဝု ဝု..(ငါ့ကိုလွှတ်ဦး ငါတခြားကောင်တွေကိုသွားကယ်လိုက်ဦးမယ်)
ချီဟွားဟွားလေးလည်း သူ့ကိုအလျင်စလိုလွှတ်လိုက်ပြီး အလွန်ကြည်ညိုလေးစားစွာကြည့်လာခဲ့သည်။
ဝမ်မင်ယီ"..."
ခံစားချက်ကြီးကထူးဆန်းလိုက်တာနော်
သူလည်းဘေးမှတခြားဂုန်နီအိတ်များကို ဖြဲပြီး တစ်ကောင်ပြီးတစ်ကောင် ကယ်ထုတ်လိုက်သည်။
သူလည်း အညိုရောင် တက်ဒီခွေးလေးကိုကယ်လိုက်ပြီးတော့ ထိုခွေးညိုလေးရဲ့ သူ့အပေါ်အကြည့်တွေက အလွန်တောက်ပသွားသည်ကိုမြင်လိုက်ရသည်။
၎င်းတို့၏ ဆိုဒ်ကွာခြားမှုနှင့် လိင်အမျိုးအစားတူညီမှုကိုပင်ဂရုမစိုက်တော့ပဲ ဝမ်မင်ယီခြေထောက်ကိုဖက်တွယ်ထားသည်မှာ အလင်းရောင်တွေဖြာထွက်နေတဲ့အတိုင်းပင်။
ဝမ်မင်ယီက၎င်းကိုတွန်းထုတ်လိုက်သော်လည်း ခွေးညိုလေးမှာ လက်မလျှော့ပဲ နောက်တစ်ကြိမ်ကပ်တွယ်လာပြန်သည်။ ဝမ်မင်ယီမှာ သူလက်ချောင်းများနှင့် သူ့နားတွန်းထုတ်ရပြန်သည်။
ခွေးညိုလေးမှာ သူ့ကိုအတင်းဖက်တွယ်ပြီး သူ့အမွှေးတွေကိုယက်ပေးရန်ပြင်လာတော့ ဝမ်မင်ယီမှာ ရုန်းပြီး ကျက်သီးတွေလာလာမိသည်။
ဝု..(ဟေ့ နိုးထစမ်း! ဒါမျိုးတွေလုပ်နေရမယ့်အချိန်လား...)
ဤတွင်ခွေးညိုလေးကရှက်ပြုံးဖြင့်ဆိုလာသည်။
(ဒါဆို အပြင်ရောက်တဲ့ထိစောင့်ကြမလား...)
ဝမ်မင်ယီ... (လက်လျှော့လိုက်ပါတော့)
ဝုတ် ...(ဟုတ်တယ်) ချီဟွားဟွားဦးဆောင်သောခွေးအုပ်ကြီးက ရောက်လာပြီးခွေးညိုလေးအားဝိုင်းဆဲကြတော့သည်။
ဝုတ်...(မင်းနဲ့တူလား တန်လား)
(မင်းကအထီးကြီးပဲ )
(ခွေးနတ်ဘုရားက မင်းကိုမကြိုက်ဘူးကွ)
(ဖီ ဖီ ဖီ)
ခွေးညိုလေးမှာ စိတ်ဓါတ်ကျစွာခေါင်းလေးငုံ့သွားခဲ့သည်။ခွေးနတ်ဘုရားမှာ တခြားခွေးချောချောလေးတွေကိုကြိုက်ခွင့်ရှိတာပဲလေ။
ဝမ်မင်ယီလည်း သူ့ကိုကာကွယ်ပေးနေတဲ့ ခွေးအုပ်ကြီးကို ကြည့်လိုက်ကာ တိတ်တိတ်နေဖို့သတိပေးလိုက်သည်။ သူနောက်ထပ်အိတ်တစ်အိတ်ကိုဖွင့်လိုက်တော့ အထဲမှ ခွေးပေါက်လေးများအသီးသီးထွက်လာခဲ့ပြန်သည်။ သူအိတ်အနည်းငယ်ထပ်ဖွင့်ပြီးနောက် သူ့အားကူညီပေးမည့်သူလိုကြောင်းတွေးကာ လှောင်ချိုင့်တစ်ခုထံလျှောက်သွားလိုက်သည်။
ခွေးအုပ်ကြီးကလည်း သူ့နောက်မှ အမြီးတန်းသလို လိုက်လာလျှင် ဝမ်မင်ယီကအလျင်စလိုဆိုလိုက်သည်။
"ငါ့နောက်ကလိုက်မနေနဲ့ တခြားအိတ်တွေ ဖွင့်လို့ရမရသွားစစ်ကြည့်!"
ခွေးတွေလည်းချက်ချင်းခေါင်းငြိမ့်ကာ အိတ်တစ်အိတ်ကိုစဖောက်တော့သည်။ ထို့နောက် ဝမ်မင်ယီသည် အော်သံတစ်ခုအားကြားလိုက်ရသည်။
(ငါ့ကိုမကိုက်ပါနဲ့! ငါကအရသာမရှိပါဘူး)
ဝမ်မင်ယီလှည့်ကြည့်လိုက်တော့ ခွေးပေါက်လေးတွေစုပြီး သူပြောသလို အိတ်တစ်အိတ်ကို ဝိုင်းကိုက်နေတာကိုတွေ့လိုက်ရသည်။ သို့သော်သူတို့ပုံစံမှာ ခွေးကိုလွှတ်ပေးဖို့လုပ်နေသည်နှင့်မတူပဲ စားတော့ဝါးတော့မည့်ပုံစံဖြစ်နေခြင်းသာ။
ဝမ်မင်ယီ"..."
ဝမ်မင်ယီလည်း ဖြစ်ညစ်၍ဆိုလိုက်ရသည်။
(မေ့လိုက်တော့၊ ဒီတိုင်းငြိမ်ငြိမ်လေးသာရပ်စောင့်နေကြ)
ခွေးပေါက်လေးများမှာ အလွန်နာခံမှုရှိ၏။ သူရပ်ဆိုသည်နှင် အလွန်ငြိမ်သက်စွာရပ်နေတာ အိတ်ကိုဆက်မကိုက်တော့ပေ။
ဝမ်မင်ယီလည်းလှောင်ချိုင့်တစ်ခုဆီလျှောက်သွားပြီး သံချောင်းကိုဂရုတစိုက်နှင့်ဖယ်လိုက်သည်။
တံခါးပွင့်သွားသော်လည်း အတွင်းမှအိတ်မှာ လှုပ်ရှားမှုမရှိသေးပေ။
ဝမ်မင်ယီလည်း အိတ်အစွန်းတဖက်မှ ဖြဲရန်ပြင်လိုက်စဉ် အိတ်တွင်းမှ အလွန်ရန်လိုနေသောအသံတစ်ခုထွက်လာခဲ့သည်။
(ထွက်သွားစမ်း! ဒီလောင်ဇီကိုလာမထိနဲ့)
ဝမ်မင်ယီလည်း အိတ်ကိုဆက်ဖြဲလိုက်ပြီး တည်ငြိမ်စွာဆိုလိုက်သည်။
(ငါမင်းကို ကယ်နေတာပါ။ မလန့်ပါနဲ့)
အိတ်ထဲမှခွေးလည်း အနည်းငယ်တွန့်ဆုတ်သွားကာ
(မင်းကခွေးလား)
ဝမ်မင်ယီ '(ဘာလို့ ဆဲနေသလိုကြီးခံစားရပါလိမ့်)
ဝမ်မင်ယီလည်း ချောင်းအသာဆိုးလိုက်ပြီး ပြန်မဖြေလိုကိပေ။
(ငါမင်းအတွက် အပေါက်ဖောက်ထားပြီးပြီး မင်းဘာသာမင်းဖြဲပြီးထွက်လာခဲ့)
ထို့နောက်သူ့လက်အားဖယ်ရန်ပြင်လိုက်သည်။
သို့သော် အတွင်းမှခွေးက"(ငါမဖြဲနိုင်ဘူး ငါအားကုန်နေတယ်၊ သူတို့ငါ့ကိုဆေးထိုးထားတာ)
ဝမ်မင်ယီလည်း သူအဖမ်းမခံရစဉ်က ခွေးဖမ်းသမားပြောနေခဲ့သော' ဒီကောင့်ကိုဆေးပဲထိုးလိုက်ရအောင်'လို့ပြောနေခြင်းကို သတိရသွားသည်။
ဒီတော့ ဒီခွေးဖြစ်နေတာကိုး...
လက်နှစ်ဖက်ကိုသုံး၍ အားကုန်ဖြဲလိုက်လျင် အတွင်းမှ အနက်ရောင် ဂျာမန်ခွေးမျိုးကိုတွေ့လိုက်ရသည်။
ဤခွေးမှာ ခွေးဖမ်းသမားများနှင့်အတော်လေးပြင်းထန်သောတိုက်ပွဲကိုဆင်နွဲလာရပုံရသည်။ သူ့ကိုယ်တွင် သွေးများရွှဲလျက်ပင် ။ ၎င်းမှာ ဝမ်မင်ယီအား အားပြည့်အင်ပြည့်ရပ်နေသည်ကိုတွေ့ရလျှင် မျက်မှောင်ကျုံ့လျက်မေးလာခဲ့သည်။
(မင်းအရိုက်မခံရဘူးလား)
ဝမ်မင်ယီ...
(ဆေးရောအထိုးမခံရဘူးလား)
(မဖြစ်နိုင်ဘူး) ဂျာမန်ခွေးကဆိုသည်။
(မင်းကဒီလောက်ကြီးတာ။ သူတို့ကိုမင်းကို ရိုက်လည်းမရိုက် ဆေူလည်းမထိုးပဲ ဘယ်လိုဖမ်းမိတာလဲ)
ဝမ်မင်ယီ"..."
ဝမ်မင်ယီ တိတ်ဆိတ်နေသည်။ ဘယ်လိုပြန်ဖြေရမလဲ... လူတွေဆီကမဟုတ်ပဲ ခွေးတွေဆီက ငိုသံကိုကြားလိုက်ရလို့ လန့်ဖြတ်ပြီး သတိလွတ်သွားတယ်လို့ဖြေရမှာလား... အဲဒါကြောင့် သူ့နောက်ကိုတစ်ယောက်ကပ်လာတာကိုမသိလိုက်ပဲ အိတ်နဲ့အစွပ်ခံလိုက်ရတယ်လို့ဖြေရမှာလား...
နိုး! ဝမ်မင်ယီလုံးဝမပြောနိုင်ပါ။
သူဒီကုန်ကားပေါ်ကခုန်ချပြီးသေချင်သေရပါစေ။
သူဒီလိုနည်းနဲ့အဖမ်းခံလိုက်ရတာကို လုံးဝမပြောပြနိုင်ဘူး!
'သောက်ရမ်းရှက်ဖို့ကောင်းတယ်' သူလောလောဆည် ခွေးတစ်ကောင်ဖြစ်နေတယ်ဆိုပေမယ့် သူ့မျက်နှာသူအဖတ်ဆယ်ဖို့လိုနေတုန်းပဲ၊ ပြီးတော့ နောက်မှာလည်း သူ့ပရိတ်သတ်ခွေးတစ်အုပ်က ရပ်ကြည့်နေတာလေ! အသေသာသတ်လိုက်မပြောနိုင်ဘူး!
ဒါကြောင့် ဝမ်မင်ယီတစ်ယောက် ခပ်မိုက်မိုက်ပြုံးပြီး မေးလိုက်သည်။
(ကိုယ့်လူ၊ မင်းက ရန်သူကိုဟန်ဆောင်အညံ့ခံတဲ့နည်းဗျူဟာကိုမကြားဖူးဘူးလား)
.....
စာရေးသူမှာပြောစရာရှိတယ်။
ဝမ်မင်ယီ- ငါကအင်မတန်ဖြတ်ထိုးဉာဏ်ကြွယ်ဝတဲ့ကောင်မို့လို့ပေါ့ကွာ။